YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Follow You Heart E13 1080p WEB-DL CM.mp4

480.48 MB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Qorin
4.4

ဘာသာရေးကိုင်းရှိူင်းဖို့ ပညာတတ်စေဖို့ လေးစားသမှုရှိဖို့ စသည်ဖြင့်ဖွင့်ထားတဲ့ အစ္စလာမ်ဘာသာ အမျိုးသမီးအဆောင်လေးတစ်ခု.. ယောကျ်ားလေးဆိုလို့ ဆရာဖြစ်သူ အူစတက်ဂျယ်လနီတစ်ယောက်ပဲရှိပါတယ်။ တစ်နေ့မှာတော့ ထိုဆရာဖြစ်သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါး "ကွာရင်းဂျင်းန်" ဆင့်ခေါ်ခြင်းကို ကျောင်းသူတွေနဲ့တူတူ လုပ်ဖို့ကြိုးစားခဲ့တဲ့အခါ.. တားမြစ်ထားတဲ့ကျမ်းစာဖြစ်ပြီး မကောင်းဘူးဆိုတာသိပေမယ့် စာမေးပွဲမအောင်မှာကြောက်တဲ့ ကျောင်းသူလေးတွေအဖို့တော့ ဆရာခိုင်းတာလုပ်ရုံအပြင် မရှိပါဘူး.. ထိုဆင့်ခေါ်ခြင်းကြီးပြီးတဲ့အခါ ဘယ်လိုမူမမှန်တာတွေ ဖြစ်လာလဲဆိုတာကတော့... File Size :(1.4GB) and (594MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Action • Adventure • Science Fiction
4.4 2022 106 mins
Qorin
(18+) Rise of the Machine Girls
4.2

ဒီဇာတ်ကားကို အရိုးရှင်းဆုံးပြောရရင်တော့ Dark Comedy ပေါ့ ဇာတ်ကောင်တွေကလဲ သောက်တလွဲပဲ ဇာတ်လမ်းကလဲ ဂဂျိုးဂဂျောင်နဲ့ ဖြစ်နိုင်တာတော့ တစ်ခုမှမပါဘူး ဒါပေမဲ့ ဂျပန်တွေဆိုတာသိတဲ့အတိုင်းပဲလေ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းကတော့ အလွန်မြင့်မားကြတာကို Super Sentai (power ranger), ultraman, gundan စတဲ့ fictional characters ပေါင်းများစွာကိုမွေးဖွားပေးခဲ့တဲ့ ဂျပန်တွေဟာ ခုလိုမျိုးဇာတ်ကားတွေမှာ ထင်ရာတွေလုပ် ရိုက်ချင်သလိုတွေရိုက်ပြီး ဖျော်ဖြေရေးကိုပဲ အဓိကထားတင်ဆက်ကြတာ ထုံးစံနဲ့တူပါတယ် ဟ..ဒါဆို ဒီကောင်တွေ ရိုက်ချင်တာလျှောက်ရိုက်တာ ငါတို့က ဘာကြည့်ရမှာတုန်းဆိုရင် ကြည့်စရာစော်အလန်းလေးတွေပါပါတယ်....HOTD က အန်ကယ်ဒေမွန်ကြီး ခေါင်းထဖြတ်တဲ့အကွက်မျိုးက ဒီလိုကားထဲမှာ အားတိုင်းထည့် ပျင်းတိုင်းထည့်ပါတယ်...စောက်ရမ်းချပါတယ် သေနတ်တွေရော စက်ရုပ်တွေရော ဓားတွေရော စုံနေတာပါပဲ အဲ့တော့ ဘာကိုမှ ဂိမနေပဲ ဖျော်ဖြေရေးကို ဖျော်ဖြေရေးလိုပဲခံစားရင် ကွက်တိပါပဲ တစ်ခုတော့ရှိပါတယ် စောက်ရမ်းဖျော်ဖြေတယ်ဟဆိုပြီး မိဘတွေ ကလေးတွေနဲ့တော့အတူမကြည့်ပါနဲ့ ဆဲတာဆိုတာအသာထား လိင်ပြကွက်ဆိုတာတောင် အပျင်းပြေအလှူလိုထည့်ထားတဲ့ ဒီကားမျိုးက အန်ကယ်ဒေမွန်လို အန်ကယ်လေးရှိတဲ့ ဘာဘီလေးတွေလောက်ပဲ အဆင်ပြေမယ့် ကျန်တဲ့လူတွေ မိသားစုနဲ့မကြည့်သင့်တဲ့ ဆယ့်ရှစ်အပေါင်းကားလေးဖြစ်ကြောင်းတော့ လက်တို့လိုက်ပါရစေ File size…1.3GB / 697MB Quality…1080p BluRay / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Horror • Science Fiction
4.2 2019 75 mins
(18+) Rise of the Machine Girls
365 Days
7.1

365 Days (2020) အရင်ဆုံးပြောချင်တာက Rating ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ရင်တော့ နောင်တတွေ တစ်သီကြီးရသွားပါလိမ့်မယ်။ ဒီရုပ်ရှင်က Sex scenes ခပ်ကြမ်းကြမ်းတွေ တစ်ပြွတ်ကြီးကို Erotic ဆန်ဆန် ရိုက်ပြထားတဲ့ Italy/ Poland ရုပ်ရှင်ဖြစ်ပါတယ်။သုံးထားတဲ့ Soundtrack တွေလည်း အရမ်း မိုက်ပါတယ် ။ Fifty shades of grey လိုကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကလည်း သင့်အကြိုက်ဖြစ်စေမှာပါ။ 18+ အခန်းတွေပါတာကြောင့် 18 ယောက်စုပြီးမှ ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း --------------- မာစီမို က အီတလီ အင်အားကြီး  မာဖီးယားဂိုဏ်းမိသားစုတွေထဲက တစ်ခုရဲ့ သားဖြစ်ပါတယ် ။ ဖခင် သေနတ်ပစ်ခံရပြီး သေဆုံးမှုမှာ မာစီမိုဟာ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ် ။ မာစီမိုက မာဖီးယား ဂိုဏ်းရဲ့ ဆက်ခံသူဖြစ်လာခဲ့ပြီး သူတွေ့ခဲ့တဲ့ မိန်းကလေးကိုလည်း ၅ နှစ်တိတိလိုက်ရှာနေခဲ့ပါတယ် ။တစ်နေ့ သူရဲ့ မာဖီးယားဂိုဏ်းသားတွေ ဒုစရိုက်သမား တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပွဲတစ်ခုက အပြန် လေဆိပ်မှာ သူ ၅နှစ်လုံး ရှာဖွေနေတဲ့ မိန်းကလေးကိုတွေ့ရှိ သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါ ။ ။ ဒီဇာတ်ကားရဲ့အဆက် 365 Days Part 2 ကို ဒီမှာ https://channelmyanmar.org/?s=365+days ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ် ) File size…(1.9 GB)/(800 MB)/(400 MB) Quality….WEB-DL 1080p/ 720p /480p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Peter , Nyeinsaeya Aung Translated by Thiha Yan Naing

Horror • Science Fiction • Thriller
7.1 2020 116 mins
365 Days
The Company Men
6.5

ဘော်ဘီဝေါ့ကာဟာ GTXလို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ အရောင်းဌာနခွဲခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေတဲ့အချိန် ကော်ပိုရေးရှင်းအကြီးကြီးတွေကလည်း လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့ စတော့ရှယ်ယာဈေးတွေဆက်ထိန်းထားနိုင်ဖို့ ဝန်ထမ်းအင်အားတွေ ထောင်နဲ့သောင်းနဲ့ချီပြီး လျှော့ချမှုတွေပြုလုပ်လာကြတဲ့အချိန်မှာ ဘော်ဘီလည်း အလုပ်ထုတ်ခံရတဲ့စာရင်းထဲ ပါသွားခဲ့ပါတယ်။ ဘော်ဘီနဲ့အတူ ကော်ပိုရေးရှင်းတွေနဲ့ကုမ္ပဏီအသီးသီးက ဝန်ထမ်းလျှော့ချတဲ့အထဲပါဝင်တဲ့ လူတွေရဲ့ဘဝတွေ သူတို့မိသားစုတွေ သူတို့ပတ်ဝန်းကျင်တွေကို ဘယ်လိုသက်ရောက်မှုတွေရှိသလဲ ဘယ်လိုဖြတ်ကျော်ကြရလဲဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စိတ်သဘောထားတွေ၊ အမေရိကန်လူနေမှုစနစ်နဲ့နေထိုင်ပုံတွေကိုလဲ သေချာသိမြင်ကြရမှာဖြစ်ပါတယ်။ File Size : (3.18GB) (937 MB) and (403MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:44:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Min Wai

Comedy • Drama • Romance
6.5 2010 104 mins
The Company Men
No Regret
5.8

နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။ မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။ မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့် ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။ သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းက ပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ? သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့ အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။ Genre.....BL, Drama, Romance Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 820MB and 300MB Format…mp4 Duration….1h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... Go Dong Won Encoder ..... Blank

Action • Adventure • Horror • Thriller
5.8 2006 113 mins
No Regret
The Square
6.8

IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်… စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ် အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : SWEDISH.720p.WEB-DL.XviD.AC3-FGT Translated by Myo Myint Oo (Arakanese) Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2017 151 mins
The Square
Live Free or Die Hard
6.6

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1 GB) Quality…Blu-Ray 1080p 5.1 DTS Format…mkv and mp4 Duration…02:08:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Lotus Black

Action • Crime • Thriller
6.6 2007 128 mins
Live Free or Die Hard
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
Jane Eyre
7.3

၂၀၁၁ က ထွက်ရှိခဲ့တဲ့ ၂နာရီကြာ ရုပ်ရှင်ကို Cary Fukunaga ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Alice in Wonderland မင်းသမီးဖြစ်တဲ့ Mia Wasikowskaနဲ့ မင်းသား Michael Fassbenderတို့ သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်လူမျိုး စာရေးဆရာမ Charlotte Bronteရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို ပြန်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက စာအုပ်ရဲ့အလွမ်းအဆွေးmoodကို အမိအရပုံဖော်နိုင်လို့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစကို Jane Eyreဟာ မျက်ရည်တွေနဲ့ Thornfield Hallကနေ ထွက်ပြေးခဲ့ပြီး အိမ်တစ်အိမ်ရဲ့ တံခါးဝမှာ မေ့မြောလဲသွားခဲ့တာကနေ စထားပါတယ်။Janeရဲ့ ငယ်ဘဝမှာ သူမရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ဒဏ်ကို ခံခဲ့ရပါတယ်။ သူမရဲ့အဒေါ်က Lowood Schoolကို ပို့လိုက်စဥ်မှာလည်း စည်းကမ်းတင်းကြပ်လှတဲ့ကျောင်းမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားခဲ့ရပါတယ်။Janeက စိတ်ဓာတ်ပြင်းထန်ပြီး မတရားမှုအပေါ်လည်း စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ဆိုတတ်တာကြောင့် သူ့ဘဝက အရွယ်ရောက်တဲ့အထိအထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ကျောင်းကနေ ထွက်လာပြီး Thornfield Hallဆိုတဲ့ အိမ်ကြီးမှာ Mr. Rochester ဆိုသူရဲ့ အုပ်ထိန်းခံပြင်သစ်ကလေးမလေးကို စာသင်ကြားပေးရတဲ့ ဆရာမအနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Mr. Rochesterရဲ့ ပုံစံအရ မာနကြီးပြီး တော်ရုံလူကိုတန်းတူညီမျှ သဘောမထားတတ်တဲ့သူက Jane နဲ့ တွေ့ပြီးနောက်မှာ နူးညံ့ပျော့ပြောင်းတဲ့အသွင်ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မှာ လူသိမခံတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကို Jane သိသွားတဲ့ အခါမှာ ဘာဆက်ဖြစ်မလဲ Janeကရော ဘာဖြစ်လို့ထွက်ပြေးလာတာလဲ Jane ထွက်ပြေးလာတဲ့နေရာအသစ်ကရော ဘယ်လိုပုံစံမျိုးလဲ ရုပ်ရှင်ကားက ဆက်ပြောပြသွားမှာပါ။ Pride & Prejudice နဲ့ romanceက နည်းနည်းလေးဆင်သလိုလို ရှိပြီးတော့ သူ့ပုံစံနဲ့ သူ ခံစားကြည့်ရှုလို့ကောင်းတဲ့ကားပါ။ File size…(2.3 GB)/(1.08 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.3 2011
Jane Eyre
Tales from the Occult: Ultimate Malevolence
5.9

ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း‌ကောင်းတစ်ခုပဲဖြစ်ပါတယ် ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ………….. တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့… ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့

Comedy • Science Fiction • Drama
5.9 2023
Tales from the Occult: Ultimate Malevolence
The Terminator
8.1

ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ဒီလိုဇာတ်ကားမျိုးအတွက် မမျှော်မှန်းအပ်တဲ့အရာတွေပါပဲ။ ကျောက်ခဲရေပေါ်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ပြောကြပါစို့။ အမေရိကန် ရုပ်ရှင်သမိုင်းရဲ့ စံပြုထိုက်သော ထိန်းသိမ်းထိုက်သော ဇာတ်ကားအဖြစ် 2008 ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။ လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်က သတ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကို အတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ ဒီတော့ လူတွေဘက်ကလည်း တစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသတ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။ တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို CM ရဲ့တင်ဆက်မှုနဲ့ အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။ File size…(4.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

8.1 1984
The Terminator
Crew
6.4

Crew (2024) “မဒီသုံးဖော်” IMDb – 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။ အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။ လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို … ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2024 124 mins
Crew
Tell Momma Not to Worry
5.1

ကယ်လီဖိုးနီးယားက ဆိုနိုမာဆိုတဲ့ မွေးရပ်မြို့ကလေးမှာ နေရစ်ခဲ့တဲ့ အဲလိယတ်နှင့် လော့စ်အန်ဂျလိစ်မှာ နာမည်ကျော်ဖြစ်ဖို့ ကြိုးစားနေရင်း နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့ ဂျိုးနပ်စ်တို့ ညီအစ်ကိုဟာ အယ်လ်ဇိုင်းမားဖြစ်နေရှာတဲ့ သူတို့အမေဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ အမေ့ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့အရိုးပြာကို သူသဘောကျတဲ့ တောင်ပေါ်က ရေကန်လေးမှာ ပက်ကြဲပေးဖို့အတွက် အချိန်အကြာကြီးနေမှ နှစ်ယောက်သား ပြန်ဆုံတွေ့ဖြစ်ပါတော့တယ်။ သူတို့အမေသဘောကျတဲ့ ရေကန်လေးကို သွားတဲ့ နေ့ချင်းပြန်တောင်တက်ခရီးမှာ ညီအစ်ကိုနှစ်ယောက်ကြားက အချစ်မေတ္တာတွေ သံယောဇဉ်တွေ နာကြည်းချက်တွေ ကိုယ်စီဒဏ်ရာတွေကို ဖွင့်ဟဖော်ထုတ်ကြရင်း ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမယ့် ဇာ်တ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ အကြီးဖြစ်တဲ့သူကလည်း အကြီးဖြစ်တဲ့အလျောက် အငယ်ဖြစ်သူကလည်း အငယ်မို့ ခံစားရတာတွေ ပေးဆပ်ရတာတွေ မိသားစုတစ်စုဟာ ပျော်ရွှင်မှုရော နာကျင်မှုရော အမှတ်တရတွေနဲ့ ရောပြွန်းနေတာကို လှပစွာ ပုံဖော်ထားတာကြောင့် ဘယ်လို family issue ရှိတဲ့ သားသမီးမဆို relate လုပ်လို့ရတဲ့အတွက် တစ်ခါလောက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

TV Movie • Thriller • Crime
5.1 2023 83 mins
Tell Momma Not to Worry
Crazy Texas
5.5

ဒီတစ်ခါမှာတော့ ပိတ်ရက်မှာ အပျင်းပြေ ကြည့်ဖို့ cm ပရိသတ်ကြီးကို Horror ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဘုရားသခင်ရဲ့ ဆန့်ကျင်ဘက် အမှောင်ကမ္ဘာ နတ်ဆိုး လူစီဖာကို ကိုးကွယ်ပသ ပူဇော်ကြတဲ့လူတွေ အခုခေတ်ထိတိုင် ကမ္ဘာအနှံ့အပြားမှာ လူမသိ သူမသိ ရှိနေသေးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီဇာတ်ကားမှာတော့ တက္ကဆက်ပြည်နယ် မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ လီလီနဲ့ အေဗရီလို့ခေါ်တဲ့ ညီအစ်မ နှစ်ယောက် ရှိပါတယ်။ အဖိုးအဖွားတွေက သူတို့ကွယ်လွန်ပြီးနောက် အမွေတွေကို သူတို့ညီအစ်မကို ပေးဖို့ သေတမ်းစာ ရေးထားခဲ့တာပါ။ သေတမ်းစာမှာက သူတို့တွေ ညီအစ်မ နှစ်ဦးသဘောတူ ခွဲယူချင်ယူ မဟုတ်ရင် ဘုရားကျောင်းကို အားလုံးလှူဒါန်းပစ်ဖို့ပါပဲ။ ဘာသာရေးကို သက်ဝင်ယုံ ကြည်သူ တစ်ယောက်ဖြစ်တဲ့ အေဗရီက အားလုံးကို ဘုရားကျောင်း လှူပစ်ချင်ပေမယ့် လီလီက လက်မခံ ချင်ပါဘူး။ သူတို့ညီအစ်မနဲ့ ဆွေးနွေးကုသမှု ပေးနေတဲ့ စိတ်ကုထုံး ဆရာဝန်တစ်ယောက် ဖြစ်တဲ့ ထရဲဗားက သူတို့နှစ်ယောက်ကို မေ့ဆေးပေး ဖမ်းခေါ်သွားတဲ့ အခါမှာတော့..။ ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီး ယုံကြည်စိတ်ချ ကြသူတွေ ဖြစ်ပါစေ ငွေကြေးလောဘ ပါလာတဲ့အခါမှာ မထင်မှတ်ထား တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ File size… (937 MB) / (506 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5.5 2025 90 mins
Crazy Texas