~ IMDb - 7/10, RT - 91%, Meta - 73% ~
၂၀၂၂ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ် စကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ သေရမယ်ဆိုပေဲ့ မသေခင် ရှင်သန်ရမယ့်ဘဝအကြောင်း၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါပဲ။ သေရမယ်ဆိုတဲ့အသိဝင်သွားတာနဲ့ တပြိုင်နက် ဘဝတစ်ခုကို ဘယ်လို ခြောက်ခြားစေပြီးတော့ ဘယ်လို ပြန်လည်အားရှိစေလဲဆိုတာကို ရိုက်ပြသွားတာပါ။ ဘဝတစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားမှာ ပုံမှန်အားဖြင့် ကိုယ်ချစ်ရသူတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိချင်ပေမယ့် တကယ်တမ်းကျတော့ လိုအပ်ရင် တကိုယ်ကောင်းဆန်စွာနဲ့ပဲ တစ်ယောက်ထဲ သေဖို့ ရွေးချယ်မိတယ်။
ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ဟယ်လင်ဟာ နော်ဝေမှာရှိတဲ့ တောင်ကမ်းပါးကြားက နေရာလေးမှာ တစ်ယောက်ထဲ ငြိမ်းငြိမ်းချမ်းချမ်း သွားနေဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါရိုက်တာဟာ ဟယ်လင်ရဲ့ သေရေးရှင်ရေး လွန်ဆွဲနေတဲ့ အခြေအနေကို စကင်ဒီနေဗီးယန်းရဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ နော်ဝေမှာ ဟယ်လင်နေတဲ့ သေးငယ်မှောင်မှိက်နေတဲ့ တံငါသည်တစ်ယောက်ရဲ့ အိမ်ငယ်လေးကို နှိုင်းယှဉ်ပြထားတယ်။
ဟယ်လင်က ယောင်္ကျားဖြစ်သူအတွက် ခံစားချက် ရှိနေသေးပေမယ့် သူမရဲ့ ရောဂါကြောင့် လိင်စိတ်ဆန္ဒကို ဖြေဖျောက်ဖို့တောင် ခန္ဓာကိုယ်က မလိုက်လျောနိုင်တဲ့ အခြေအနေကို ရောက်နေတာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ သေခြင်းမှာ နောက်ဆုံးအနေနဲ့ အဓိကကျတာကတော့ ရှင်သန်နေတုန်းမှာ လိုအပ်တဲ့အရာနဲ့ အတူတူပါပဲ... ကိုယ့်ကိုယ်ကိုယ် ရိုးသားပြီး နှလုံးသားရဲ့ အသံကို နားထောင်ပါ… ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း တကိုယ်ကောင်းဆန်သင့်ရင်ဆန်ပြီး လုပ်ချင်တာတွေ လုပ်ပစ်ဖို့လိုက်ဖို့ပါပဲ...
(ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်)
Size - 2GB, 880MB
Quality - 1080p, 720p
IMDb Rating - 7/10
Format - mp4
Duration - 2H 3Min
Genre - Drama, Romance
Subtitle - Myanmar Subtitle (Hardsub)
Translated by Hnyun Yadanar Myintmo Htun
Encoded by Y
Science Fiction
6.9
2022
123 mins