YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Five Kings of Thieves E06 1080p WEB-DL CM.mp4

566.97 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
4 Horror Tales: Hidden Floor
5.6

ဒီတစ်ခေါက်တော့ Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။ သားအမိနှစ်ယောက်ပဲရှိတဲ့ မင်ယောင်ဟာ နေ့ခင်းတွေအလုပ်သွားပြီဆိုရင် သမီးလေးကို အိမ်မှာပဲ တစ်ယောက်တည်းထားခဲ့ရပါတယ်။ဒီလိုထားခဲ့ပြီး ရက်နည်းနည်းကြာတဲ့အခါ ဂျူဟီးလေးဟာ အောက်ထပ်တမံသလင်းကို နားကပ်ပြီး အကြာကြီးနားထောင်နေတာ၊နံရံမှာ နားမလည်နိုင်တဲ့ ပုံတွေလျှောက်ဆွဲတာ စတဲ့ အရင်ကသူမလုပ်ဘူးတဲ့ ထူးထူးဆန်းဆန်းတွေ လုပ်လာပါတယ်။ ဂျူဟီးလေး အဲ့လိုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တိုက်ခန်းအိမ်ယာမှာ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်။ ဂျူဟီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူသေမှုတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊သူတို့ အောက်တည့်တည့်က ကြားရတဲ့ အသံတွေဟာ ဘာတွေလဲ၊မေမေ မင်ယောင်ကရော ဒီအဖြစ်အပျက်တွေကြားထဲမှာ ဂျူဟီးလေးကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာ ရင်တုန်အသည်းတုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB 5.3/10 ရရှိထားပြီး Horror ကားကြိုက်နှစ်သက်သူတွေ ကျောတချမ်းချမ်းနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှူကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.61GB / 526.3MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 40m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Documentary • Music
5.6 2006 100 mins
4 Horror Tales: Hidden Floor
David

David (2012) ============= လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး ‌David ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်း‌တော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။ တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Drama
0 2012
David
Past Lives
8.4

Past Lives (2023) ~ IMDb – 8.4/10, Rotten Tomatoes – 97% ~ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။ Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက ၃၈ကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့ “သတိရရင် ပြန်လာပါ” ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။ အချိုးအကွေ့တို့က ရိုးရိုးလေးပဲ အစိမ်းသက်သက်မျက်နှာကလေးကို ဘဝပျက်သွားအောင် ငေးမောရင်း အစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.7GB, 2.35GB, 995MB Quality – 4K HEVC, 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 1H 45Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 2023 106 mins
Past Lives
Khun Pun
5

Khun Pan 1 (2016) ၁၉၃၉ ခုနှစ် မှာ ထိုင်းနိုင်ငံ ချွန်ဖွန်ဆိုတဲ့နယ်က ဓါးပြတွေ ကြီးဆိုးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ် ဓါးပြတွေကို နှိမ်နင်းဖို ခွန်ဖန်ဆိုတဲ့ ရဲမှူးချုပ် တာဝန်ပေးအပ်ခံရပါတယ် ဓါးပြနယ်မြေဖြစ်တဲ့အတွက် ရဲအဖြစ် ထင်ထင်ပေါ်ပေါ်သွားလိုမရတဲ့အတွက် အဲ့ဒီနယ်မြေမှာ သာမန်လူလို လတော်တော်ကြာကြာ သူလျိုအဖြစ်နဲ့နေထိုင်ရပါတယ် ဒါပေမဲ့ ခွန်ဖန် ရင်ဆိုင်ရမယ့်လူက မှော်အစွမ်းတတ်တဲ့ ဓါးပြခေါင်းဆောင် အာဟာဝီယူရူပါ အာဟာဝီယရူဆိုတဲ့သူက ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်လာတဲ့ဓါးပြဖြစ်တဲ့အတွက် အငြိုးကြီးသလို ရက်လည်း ရက်စက်ပါတယ် အထူးသဖြင့်ရဲတွေကိုပေါ့ အမေဖြစ်သူကလည်း သူ့ရှေ့မှာ သေနတ်ပစ်ခံရပြီး ဆုံးခဲ့တာကြောင့် သူ့ရင်ထဲက အငြိုးမီးတွေကို ပိုပြီးတော့ လောင်မြိုက်နေစေပါတယ် ဆိုတော့ ခွန်ဖန်တစ်ယောက် အာဟာဝီယရူကို ဘယ်လို နည်းလမ်းနဲ့ နှိမ်နင်းသွားမှာလဲ မှော်အစွမ်းတွေနဲ့ဖိုက်တင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် တဝကြီး ကြည့်ရမှာမို စောင့်ကြည့်လိုက်တော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။ Genre…..Action, History, Thriller Quality…. 1080p | 720p File size…1.8GB | 991MB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator …..Fake Love Encoder …..Aaron

Crime • Comedy • Drama
5 2016
Khun Pun
Asih
5.1

Asih (2018) သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | 419MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

5.1 2018 76 mins
Asih
Society of the Snow
8

Society of the Snow (2023) ~ IMDb – 8/10, Rotten Tomatoes – 90% ~ Society of the Snow ဟာ လာမယ့်အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့‌ ကောင်းတယ်လို့ပြောရမယ့် ဒါရိုက်တာပဲ။ Society of the Snow ကိုတော့ သူ့ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။ Society of the Snow ရဲ့ ဇာတ်က အမှန်ဆိုမဆန်းတော့ဘူး။ ဥရုဂွေးကနေ ချီလီကိုသွားတဲ့ လေယာဉ် အန်းဒိဇ်တောင်ကြားမှာပျက်ကျပြီး နှင်းတွေကြား အစာရေစာမရှိဘဲ ရှင်ကျန်ဖို့ကြိုးစားခဲ့တဲ့သူတွေအကြောင်းပေါ့။ မဆန်းဆို ဒီဖြစ်ရပ်က တော်တော်ဟိုးလေးတကြော်ဖြစ်ခဲ့သလို စာအုပ်တွေထွက်တာလည်း ၁၆အုပ်လောက်ရှိသလို ရုပ်ရှင်တွေလည်း တော်တော်ထွက်ခဲ့ဖူးတယ်။ စတီဖင်ကင်းရဲ့ The Shining အပြင် Rick and Morty မှာတောင် ထည့်ပြောသွားဖူးတယ်။ နောက် Yellowjackets ဆိုတဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ မူလဘူတကလည်း ဒီဖြစ်ရပ်ပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကိုယ်တိုင်လည်း ၂၀၁၂တုန်းက The Impossible ရိုက်ဖို့ လေ့လာကတည်းက ဒီရုပ်ရှင်ဖြစ်လာမယ့်စာအုပ်ကို ဖတ်ပြီး မူပိုင်ခွင့်ဝယ်ထားခဲ့တာ။ သေချာအချိန်ယူခဲ့သလို သေချာလည်းလေ့လာခဲ့တယ်။ ဒီဖြစ်ရပ်ကို ရိုက်ခဲ့သမျှကားတွေထဲ ဒီကားက ဝေဖန်ရေးသမားတွေရဲ့ မျက်နှာသာအရဆုံးလို့ ဆိုရမယ်။ ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ၁၆ယောက်ရှိတယ်။ ဒီထဲက ၁၅ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။ ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည်၄၀မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။ Society of the Snow ဟာ အကျည်းတန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို လှပတဲ့အဖြေပေးသွားတဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဒီလိုအချင်းအရာမျိုးကို ကျွန်တော်တို့ ဒါဦးဆုံးတွေ့ဖူးတာလည်း မဟုတ်တော့ပါဘူး။ My Neighbor Totoro တို့လို အရှိတရားရဲ့ရက်စက်ခြင်းတွေကို အနုပညာက ထွက်ပေါက်တစ်ခုပေးသွားတဲ့ ရုပ်ရှင်မျိုးတွေ မြင်ရပေါင်းမနည်းတော့ပါဘူး။ ကမ္ဘာကြီးမှာ အကျည်းတန်တဲ့နေရာတွေရှိသလို လူသားမှာလည်း ရက်စက်တဲ့အခါတွေ မကင်းနိုင်ဘူး။ တစ်ခါတလေ အနုပညာက အဲဒီအတွက် ထွက်ပေါက်တစ်ခုတော့ ပေးနိုင်တတ်တယ်။ မလှပတဲ့အရာတွေကို လှပစေလိုက်တာမျိုးပေါ့။ Society of the Snow ဟာ ဒီဖြစ်ရပ်အတွက်ပေးသွားတဲ့ ထွက်ပေါက်တစ်ခုလို့ ယူဆလို့ရနိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 990MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 24Min Genre – Adventure, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
Society of the Snow
Tejas
6.2

Tejas (2023) ထူးချွန်သူ IMDb – 6.2/10 ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။ တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။ သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

6.2 2023
Tejas
Doh

Doh (2023) “မုန့်ဆိုင်” မလေးစကားပြော မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဖာအစ်ဇ်က ကွာလမ်လမ်ပူမှာ အလုပ်သွားလုပ်ပေမဲ့ အဖေဖြစ်သူကွယ်လွန်တဲ့အတွက် ဇာတိမြို့လေးဆီပြန်လာရပါတယ်။ မောင်နှမသုံးယောက်တည်းမှာ အကြီးဆုံးဖြစ်နေတဲ့ ဖာအစ်ဇ်က အဖေဖြစ်သူကိုယ်တိုင် မုန့်လုပ်ပြီးရောင်းတဲ့ မုန့်ဆိုင်လေးကို လူငှားပြီးထားခဲ့ချင်ပေမဲ့ အမေဖြစ်သူကလက်မခံ။ ဒီတော့ အဆင်ပြေတဲ့အထိ သူပဲ ဦးစီးဦးဆောင်လုပ်နေရတာပေါ့။ အဖေဖြစ်သူလုပ်တုန်းကလောက် မုန့်တွေက မကောင်းတဲ့အတွက် အဝယ်ကျဲလာရတဲ့ကြားက အနီးမှာလည်း မုန့်ဆိုင်အသစ်ဖွင့်ထားတော့ ဖာအစ်ဇ်ရဲ့မုန့်ဆိုင်လေးက ဝယ်သူမရှိသလောက်ဖြစ်လာပါတော့တယ်။ ဒီမှာပဲ ဖာအစ်ဇ်တစ်ယောက် အဖေ့လက်ထက်တုန်းကလို ဆိုင်လေး ပြန်ပြီး ရောင်းကောင်းဖို့အရေးနဲ့အတူ ချစ်ရတဲ့ကောင်မလေးကိုပါ ဘယ်လိုပိုးပန်းမလဲဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2023
Doh
Aśoka Ashoka the Great
6.6

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်… တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့….ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်…. လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း…လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်… အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်…ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။

Horror
6.6 2001
Aśoka Ashoka the Great
The Lyricist Wannabe
5.8

လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော…… လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ…… အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

Romance • Drama
5.8 2024
The Lyricist Wannabe
11 A.M.
5.6

11 A.M (2013) ************** အချိန်ခရီးသွားစက်ကို တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတဲ့ ကိုရီးယားသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီကားလေးက သိပ္ပံကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် ကွက်တိဖြစ်မှာပါနော် .. ဇာတ်လိုက်တွေ အနေနဲ့ကတော့ Partners for Justice ထဲက မင်းသား Jung Jae Young, High Kick Season 2 ထဲက မင်းသား Choi Daniel နဲ့ Children of a Lesser God ထဲက မင်းသမီး Kim Ok Vin တို့ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအကျဉ်း ************ ဂျောင်ဝူဆော့ (Jung Jae Young) က ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ဇနီးဆီကိုပြန်သွားဖို့ အချိန်ခရီးသွားစက်ကို တီထွင်ချင်နေခဲ့ပါတယ် .. ဆာယောင်အွန်း (Kim Ok Vin) ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သူ့အဖေရဲ့အိပ်မက်ဖြစ်တဲ့ အချိန်ခရီးသွားစက်ကိုတီထွင်ဖို့ရာကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ .. ယောင်အွန်းရဲ့ ကောင်လေးဖြစ်သူ ဂျီဝမ် (Choi Daniel) က ဆေးကျောင်းကနေထွက်ပြီး သိပ္ပံပညာဘက်ကိုလေ့လာရင်း အချိန်ခရီးသွားစက်တီထွင်တဲ့ စီမံကိန်းမှာ ပါဝင်ဖို့ရာဖြစ်လာခဲ့တယ် .. ရုရှားကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး စီမံကိန်းကို ၃နှစ်တာကြိုးစားခဲ့ပေမဲ့ သိသာတဲ့ရလဒ် မရှိတဲ့အတွက် စာချုပ်သစ်ထပ်ချုပ်ဖို့ ခက်ခဲနေတဲ့ သူတို့အဖွဲ့ဟာ ဓာတ်ခွဲခန်းကနေ ပြန်လည်ထွက်ခွာပေးဖို့ရာဖြစ်လာခဲ့တယ် .. ဒါပေမဲ့ စီမံကိန်းကို လက်မလျှော့ချင်သေးတဲ့အတွက်ကြောင့် စာချုပ်အသစ်ချုပ်ဆိုဖို့အတွက် အချိန်ခရီးသွားစက်ကို စမ်းသပ်လည်ပတ်မှုပြုလုပ်ဖို့ ဖြစ်လာပြီး မနက်ဖြန်ကို အချိန်ခရီးသွားခဲ့ကြတယ် .. မနက်ဖြန်ကို ရောက်သွားတဲ့ အချိန်မှာ သူတို့ရဲ့ဓာတ်ခွဲခန်းကြီးက မီးလောင်ပြီး ပြိုကျနေတာကိုတွေ့ခဲ့ရတယ် ဘယ်လိုဖြစ်လို့ ဓာတ်ခွဲခန်းက အဲဒီလိုဖြစ်သွားရတာလဲဆိုတာကို စုံစမ်းရင်း မထင်မှတ်ထားတဲ့ အမှန်တရားတွေကိုတွေ့ပြီး ထိတ်လန့်သွားကြရတဲ့ သူတို့တွေ .. ဘယ်လိုဆက်လုပ်ကြမှာလဲဆိုတာကိုတော့ 11 A.M ဆိုတဲ့ Sci-fi / Thriller ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Vanessa မှရေးသားထားပါတယ်) File size…1.68GB / 643MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 39 min. Genre ….. Thriller, Mystery, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

5.6 2013
11 A.M.
Trapped

၂၀၀၀ ခုနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ Crime/Thriller ရုပ်ရှင်ကားကို Cherlize Theron, Kevin Bacon, Courtney Love နဲ့ Dakota Fanning တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Karen နဲ့ Will Jennings တို့ စုံတွဲမှာ Abby ဆိုတဲ့ ကလေး တစ်ယောက်ရှိပါတယ်။ Willကတော့ နာမည်ကြီး မေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်ပြီး အလုပ်အရမ်းများတတ်သူပါ။ Karen ကတော့ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ Will တစ်ယောက် ဆေးဘက်ဆိုင်ရာ ညီလာခံ သွားတက်နေတုန်း Karen နဲ့ Abby တို့ သားအမိ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ Abby လေးကို အိမ်ထဲထိဝင်ပြီး ပြန်ပေးသမားတွေက ပြန်ပေးဆွဲကာ Will နဲ့ Karenကိုလည်း ဖမ်းခေါ်ထားပါတယ်။ သူတို့ အစီအစဥ်အတိုင်း ၂၄နာရီ ပြည့်တဲ့အထိ မနေပေးရင် Abby လေးရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ သူတို့ သမီးလေးကို ကယ်တင်ဖို့ ပြန်ပေးသမားတွေရဲ့ အကြံအတိုင်း လိုက်လုပ်ကြရပါတော့တယ်။ File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2002
Trapped
An Almost Christmas Story
7

An Almost Christmas Story (2024) ======== IMDb rating – 7/10 Rotten Tomatoes – 100% Animated Short Film လေးဖြစ်ပြီး rating ကလည်း ကောင်းတော့ ကြည့်သင့်တဲ့အထဲ ပါပြန်ရော။ ဒီကာတွန်းလေးထဲမှာ Russian Doll (2019-2022) စီးရီးမှာပါတဲ့ သရုပ်ဆောင် Natasha Lyonne က voice acting လုပ်ပေးထားတဲ့အပြင် Wreck-It Ralph ကာတွန်း(၂)ကားလုံးမှာ Ralph အဖြစ်ပါဝင်ထားတဲ့ အသံသရုပ်ဆောင် John C. Reilly ကလည်း အခုကာတွန်းလေးထဲ အဓိက နေရာကနေ ပါဝင်ထားတယ်ဆိုတော့ အတော့်ကို မိုက်ပါတယ်။ ဒီကာတွန်းတိုလေးရဲ့ ဒါရိုက်တာက David Lowery ဆိုတော့ ရှယ်ဖြစ်ပြန်ရော။ David Lowery ဆိုတာ Pete’s Dragon, A Ghost Story နဲ့ The Green Knight စတဲ့ နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဘဲပါ။ ဒီကာတွန်းတိုလေးရဲ့ ဇာတ်လမ်းသဘောကတော့ New York မြို့ကြီးရဲ့ တောအုပ်ကြီးထဲရှိတဲ့၊ Moon ဆိုတဲ့ ဇီးကွက်လေးအကြောင်းပါပဲ။ စပ်စုပ်တတ်တဲ့ ဇီးကွက်လေးဖြစ်တာကြောင့် မထင်မှတ်ထားပဲ မိသားစုနဲ့ ကွဲခဲ့ရပြီး New York မြို့ကြီးထဲ ရောက်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ အိမ်ဖြစ်တဲ့ သူ့ရဲ့ တောအုပ်ကြီးထဲပြန်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ရင်ထဲ နွေးထွေးစေတဲ့ ကာတွန်းလေးဖြစ်တာကြောင့် ကြည့်ပြီးတဲ့သူတိုင်းလည်း ရင်ထဲ တစ်ခုခုကျန်ခဲ့မှာ ကျိန်းသေပါပဲ။

7 2024 24 mins
An Almost Christmas Story
Miss Butcher
6.4

Miss Butcher (2017) ******************* IMDb… 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေး တစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီး အရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကို ယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှု နောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့.. မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် နေ့စဉ် အနီးကပ် စောင့်ကြည့်နေရင်းကနေ တဖြည်းဖြည်း ဆွန်းအယ်အပေါ်ကို ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တဲ့ စုံထောက် ဂင်ဂူဟို တစ်ယောက် နောက်ဆုံးမှာ ဒီလူသတ်မှုတွေရဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်သွားနိုင်မလား…. ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ….. ဆွန်းအယ်ကရော ဒီလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်မှုရှိနေတာလဲ…. စတဲ့မေးခွန်းထုတ်စရာတွေကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်းနဲ့ အဖြေရှာလိုက်ကြရအောင်ပါ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.19GB/ 570MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:35:35 Genre : Crime, Mystery, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

6.4 2017 94 mins
Miss Butcher