YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Fireworks Of My Heart E26 720p WEB-DL CM.mp4

344.19 MB 720p video/mp4 923 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pollen
3.7

Pollen (2023) ========== ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ မသိမသာရော သိသိသာသာပါ abuse လုပ်ခံရတဲ့ အချိန်တွေ ရှိနေတတ်ပါတယ်။ ကျူးလွန်တဲ့သူ ဘက်ကတော့ မဖြစ်စလောက်လေးဆိုပေမဲ့ ကျူးလွန်ခံလိုက်ရတဲ့သူ အတွက်ကတော့ တစ်ဘဝလုံးစာပါပဲ။ ဟုတ်ပါတယ်။ ဒီဇာတ်လမ်းက ရုံးတွင်းအနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ဟယ်ရာဆိုတဲ့ ကောင် မလေးတစ်ယောက်အကြောင်းပါ။ ဟယ်ရာက အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရည်မှန်းချက်အရောင် တလက်လက်တောက်နေတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။ သူ့ရဲ့အလုပ်မှာ အမြင့်ဆုံးရာထူးထိရောက်အောင် တက်လှမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားတဲ့သူလေးပါ။ ဒါပေမဲ့ သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်ကြတာ ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ အထက်လူကြီးတစ်ယောက်ရဲ့ rape လုပ်တာကို ခံခဲ့ရပြီး အဲဒီလူ လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေး ကနေ မကောင်းဆိုးဝါးတစ်ကောင် ကပ်ပါလာခဲ့တယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေအပြင် အဲဒီမကောင်းဆိုးဝါးကပါ သူ့ရဲ့အိပ်မက်တွေ ထိ လိုက်နှောင့်ယှက်လာတဲ့အခါ ဟယ်ရာတစ်ယောက် ဘယ်လိုရင်ဆိုင် သွားမလဲဆိုတာကို ကြည့်ရှု့ခံစားလိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.0 GB) / (360 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......May Thet Khine Soe Encoder..........SWM

Horror • Mystery
3.7 2023 86 mins
Pollen
6 Underground
6.3

deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကတော့... ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါ တာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲက မကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ် နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့ အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီး ဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ် သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ် ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါ နာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ…. actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo

Drama
6.3 2019 128 mins
6 Underground
Slayers
4.4

သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack Snyder ရဲ့ Watchmen ထဲမှာ အစွမ်းပြသွားတဲ့ Malin Åckerman နဲ့ Zombieland ထဲက Abigail Breslin တို့မို့ ကြည့်ရတန်မယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
4.4 2022 88 mins
Slayers
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
[18+] You’ve Got A Friend
5.8

(18+) You’ve got a friend (2022) နာကျင်မှုက စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ဖို့ဆိုတာ နားမလည်နိုင်တဲ့ စိတ်ပညာတစ်ခုပါပဲ။ အဲဒါကြောင့်လည်း တချို့သောသူတွေက လိင်ဆက်ဆံတဲ့အချိန်မှာ နာကျင်မှုကို သာယာတိမ်းညွတ်ကြတာပါ။ ဂျပန်ရုပ်ရှင်လောကက ခေတ်ဟောင်းကနေ ယခုချိန်ထိ သူတို့ဟာ ဒီလိင်စိတ်တိမ်းညွှတ်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာလဲ ဒီစိတ်နေသဘောထားကိုပဲ ဇာတ်လမ်းတစ်ခုနဲ့တင်ပြသွားတယ် BDSM ကိုနားလည်ချင်တဲ့သူတွေကြည့်ကြပါ မိသားစုတွေ အသက်မပြည့်သေးတဲ့သူတွေတော့ မကြည့်ကြပါနဲ့ ဇာတ်လမ်းအကျဉ်းကတော့ ….. သာမန်ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ Yoshio တစ်ယောက် BDSM ဆရာမကြီး ယူကီကို နဲ့ တွေ့ပြီး ခင်မင်သွားကြပါတော့တယ်။ မကြာခဏ ဆိုသလို တွေ့ဖြစ်ကြပြီးတော့ မတွေ့ရ မနေနိုင် ဖြစ်သွားပါတော့တယ် အမဲသား စားမိသွားတဲ့ အရူးတစ်ယောက်ဖြစ်တဲ့ Yoshio နဲ့ ဗေဒင်ဆရာမကြီး Yukiko တို့ရဲ့ ခင်မင်မှုအကြောင်းကို နှောင်ဖွဲ့ တည်ဆောက်ထားတဲ့ ဗေဒင်ဟောကြတဲ့ ဆက်ဆံရေးအကြောင်းကို မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 577MB | 312MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Blank

Adventure • Animation • Comedy • Family
5.8 2022
[18+] You’ve Got A Friend
La Trampa
5.6

La Trampa (2022) ဒီတစ်ခေါက်မှာတော့ ဒိုမနစ်ကန် ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မြေအခိုးခံရတဲ့ တူဝရီးနှစ်ယောက် မြေပြန်ရဖို့ကြိုးစားတဲ့ပုံကို ဟာသအနှောလေးတွေနဲ့ရိုက်ထားတဲ့ကားပါ။ လောင်းကစားရုံပိုင်ရှင်တစ်ယောက်က ရုံသစ်ဖွင့်ဖို့နေရာရှာရင်း ဦးလေးယာမဲရဲ့မြေကိုမျက်စိကျသွားတယ်။ ဦးလေးယာမဲကဘိုးဘွားပိုင်မြေကိုမရောင်းနိုင်လို့ငြင်းလိုက်တဲ့အခါမှာတော့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ခိုးခိုင်းပြီး မြေကိုသိမ်းလိုက်တယ်။ လူမိုက်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ယာမဲတို့တူဝရီးနှစ်ယောက် စာရွက်စာတမ်းတွေကိုပြန်ခိုးဖို့ကြိုးစားရတော့တယ်။ တစ်ဖက်မှာလည်း လယ်သမားအယ်ဒိုတစ်ယောက် သားဖြစ်သူရဲ့လောင်းကစားအကြွေးကိုဆပ်ဖို့ စိတ်သောကရောက်ရင်း တူမ,မင်္ဂလာဆောင်ရောက်နေတာတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတယ်။ အကြွေးရှင်က ဦးလေးယာမဲတို့မြေကိုခိုးသွားတဲ့သူပါပဲ။ အယ်ဒိုတို့သားအဖရယ် စာရွက်စာတမ်းတွေပြန်ခိုးပြီး ပြန်လာတဲ့ယာမဲတို့တူဝရီးရယ် မင်္ဂလာပွဲကျင်းပနေတဲ့ La Trampa ဆိုတဲ့အပန်းဖြေအိမ်ကြီးမှာ သွားဆုံကြပါတော့တယ်။ La Trampa အိမ်ကြီးမှာ ဘာကိစ္စတွေထပ်ပေါ်လာမလဲ… ဘယ်လိုတွေပွက်လောရိုက်ကြဦးမလဲ… ဆိုတာ ယာမဲတို့တူဝရီးနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 720MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

5.6 2022
La Trampa
Joe Dirt 2: Beautiful Loser
5

ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာ Joe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာ ပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူ တစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက် နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်း မှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲ လက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကို မိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်း ကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေး တစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကို ပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါ တော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပို ခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်း အနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2015
Joe Dirt 2: Beautiful Loser
[18+] Haslers

Haslers (2023) သီယာ၊ ချက်စ်ကာ၊ ဟေဇယ် နဲ့ ဆိုဖီယာတို့ဟာ အခြေခံလူ့အလွှာ၊ ဆိုးဝါးတဲ့ငယ်ဘဝတို့ကပေါက်ဖွားလာခဲ့ပြီး အခုချိန်မှာ အလုပ်တစ်ဖက်နဲ့ကျောင်းတက်ရင်း ဆင်းရဲတွင်းကလွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့သူငယ်ချင်းလေးယောက်ပါ။ ဟေဇယ်တစ်ယောက်က ကျောင်းတက်ရင်း မူးယစ်ဆေးဖြန့်သလို အဆက်အသွယ်ကောင်း၊ပေါက်ရောက်တဲ့အတွက် ကျန်တဲ့သူငယ်ချင်းတွေ အကူအညီလိုတိုင်း ချိတ်ဆက်ပေးတာတွေလုပ်ပေးပါတယ်။ တစ်ကြိမ်မှာတော့ သူချိတ်ဆက်ပေးလိုက်တဲ့ အလုပ်တစ်ခုကြောင့် ချက်စ်ကာတစ်ယောက် ဒုက္ခရောက်တော့မယ့်အချိန်မှာ သူတို့သူငယ်ချင်းတွေအားလုံး လူကြီးသားတစ်ယောက်ရဲ့ပါတီမှာ အဲဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်း သီယာနဲ့ဆိုဖီယာတို့ဘဝအတွက် ဆိုးဝါးတဲ့အတွေ့အကြုံတွေနဲ့ သေရာပါစိတ်ဒဏ်ရာတွေရရှိသွားခဲ့တဲ့အဖြစ်ဆိုးကြီးတစ်ခုကြုံခဲ့ရပါတယ်။ အဲဒီညနောက်ပိုင်းမှာ အားလုံးခပ်တန်းတန်းဖြစ်သွားကြပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေ ကိုယ်စီမှာရှိနေကြပေမဲ့ သူတို့အားလုံးပြန်ဆုံဖို့အကြောင်းဖန်လာတာကတော့ ဟေဇယ်ရဲ့သေဆုံးမှုပါပဲ။ ဒီသေဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညတစ်ညနဲ့ပတ်သက်နေဆဲလား… သူတို့ရဲ့လက်ရှိဘဝတွေအပေါ် ဘယ်လိုများသက်ရောက်စေနိုင်မလဲ… သူတို့သူငယ်ချင်းတွေရော အရင်လို ပြန်လည်ပေါင်းစည်းနိုင်ဦးမလား… ဆိုတာတွေကို ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးလေးတွေ ဟဲဗီးဘာညာတွေတင်မက ဟဲဗီးဒရာမာတွေလည်းရတယ်ဆိုတာ ဒီကားမှာတွေ့မြင်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 855MB Quality – 1080p, 720p Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2023
[18+] Haslers
Inu-Oh
7.1

Inu-oh (2021) အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။ အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ရှိုးဂန်းတွေအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာတဲ့အခါ ….. (အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1.2 GB / 607 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

7.1 2021 99 mins
Inu-Oh
The Convert
7

မင်းသား နစ်ကလက်ကေ့ဂျ်ရဲ့ နာမည်ကျော် ရုပ်ရှင် Next ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lee Tamahori ရဲ့ လက်ရာ ရုပ်ရှင်ကောင်းအသစ်ဖြစ်ပါတယ်။ မင်းသားကတော့ Memento တို့ L.A. Confidential တို့ထဲက Guy Pearce ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ သမိုင်းနောက်ခံ အက်ရှင် ဒရာမာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** သွေးဆာတဲ့ စစ်သားဘဝကနေ တရားရပြီး တရားဟော ဆရာဖြစ်လာတဲ့ မွန်ရိုးဟာ ၁၈၃၀ ဗြိတိသျှ နယ်မြေသစ် တစ်ခုကို တရားဟောဆရာအဖြစ်ရောက်လာပါတယ်။ အဲဒီမြေမှာ နေကြတဲ့ မော်ရီမျိုးနွယ်စုတွေက အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြပြီး လူသားစားတဲ့အဆင့်အထိပါ ကြမ်းကြုတ်ကြပါတယ်။ အဲဒီမျိုးနွယ်စုတွေကြားထဲမှာ ငြိမ်းချမ်းရေးရအောင် ကြိုးစားရတဲ့ တရားဟောဆရာအဖြစ် ပါဝင်ထားတာပါပဲ။ တရားဘယ်လိုမှ ချမရတဲ့ကောင်တွေကို နားရင်းချမှရမယ်ဆိုတာ ပြသသွားတဲ့ကားလည်းဖြစ်ပါတယ်။ ကြည့်လိုက်ကြပါဦး။ File size…2.13GB / 964MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7 2023
The Convert
The Unwavering Brotherhood / Triad 3
6.1

ဒီတစ်ခါမှာတော့ CM ကနေဟောင်ကောင် ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဟောင်ကောင်မှာ အကြီးမားဆုံးကုမ္ပဏီအုပ်စုထျယ်ဦးလေးအဖွဲ့မှာ အားချွမ်နဲ့ ဟွားကျင်လို့ခေါ်တဲ့သူငယ်ချင်းနှစ်ယောက် နှစ်ဆယ်နဲ့ချီညီအစ်ကိုတွေလိုနေလာခဲ့တာပေါ့။ ဒါပေမဲ့ နှစ်ဦးသားရဲ့စိတ်ဓါတ်ကတော့အလွန်အမင်းကိုကွာခြားလှတယ်။ အားချွမ်ကတော့ အာဏာကိုမက်မောပြီး ပိုက်ဆံကိုရူးသွပ်ပြီးတော့ ခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့နေရာမှာ သူ့ကိုရွေးဖို့သိမ်းသွင်းတာပေါ့။ ဒါပေမဲ့ အထက်ပိုင်းထျယ်ဦးလေးအဖွဲ့က ဟွားကျင်ကို ခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတယ်။ဟွာကျင်က အရမ်းကိုဖြောင့်မတ်ကြင်နာတတ်ပြီး ကုမ္ပဏီက ချမှတ်ထားတဲ့ မည်သို့ပင်ငွေမက်မောနေပါစေ မူးယစ်ဆေးနှင့်မပတ်သက်ရ။ မလုယက်ရစည်းကမ်းကို နာခံတယ်။ အားချွမ်းကတော့ဒါတွေကိုဆန့်ကျင်ပြီး ပတ်သက်နေတာကြောင့် ခေါင်းဆောင်ကိုမပေးချင်ကြဘူး ဟွာကျင်လက်အောက်ငယ် အားဖေး၊အားကျီနဲ့ အားဟွာတို့ညီအစ်ကို သုံးယောက်ရှိကြတယ်။ သူတို့ကိုဟွားကျင်ကသားအရင်းလိုဆက်ဆံပြီး လမ်းမှန်ရောက်အောင် သင်ပေးသလို သူတို့သုံးယောက်ကလည်း သစ္စာရှိရှိ အစ်ကိုကြီးလို့ခေါ်ကြတယ်။တနေ့မှာတော့ ကုမ္ပဏီပိုက်ဆံ ငွေသိန်းဆယ်ချီကိုသူတို့သုံးယောက်ဆီလွှဲပေးပြီး တဖက်ဝယ်သူထံပေးဖို့တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့လမ်းမှာတင်လုယက်ခံလိုက်ရလို့ ထျယ်ဦးလေးတစ်ဖွဲ့လုံးက ဟွားကျင်ရဲ့လက်အောက်ငယ်သား သုံးယောက်ကို အပြစ်တင်ကြတယ်။ဒီလိုနဲ့ ဟွားကျင်ကနောက်ကွယ်ပြုလုပ်သူကို ဖော်ထုတ်မယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာတော့ ဒီသိန်းဆယ်နဲ့ချီပိုက်ဆံယူထားတဲ့လူကတော့ အားဖေး အားကျီနဲ့အားဟွာတို့ဖြစ်ကြပြီး အားဖေးရဲ့ညီမလေးက သွေးကင်ဆာဖြစ်နေပြီး ဆေးရုံစရိတ်အကြွေးတင်နေကြတယ်။ အဲ့အချိန်မှာပဲ အားကျီရှယ်ယာဝယ်လို့အရူံးတွေပေါ်နေတယ် ဒါကြောင့်ဒီပြဿနာတွေကိုဖြေရှင်းဖို့ ပိုက်ဆံကို‌လုယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို အားဟွာကအစ်ကိုကြီး ဟွားကျင်ကို အလုံးစုံပြောပြတဲ့အချိန် အားချွမ်ပြဿနာရှာတော့မယ်ဆိုတာကို ဟွားကျင်ကကြိုသိနေလို့သူ့လက်အောက်ခံသုံးယောက်ကို ရှောင်ပုန်းခိုင်းတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်နေကြမလဲ။ အာဏာကိုမက်မောသူရဲ့အဆုံးသတ်က မလှပပေမဲ့ အသက်ရှင်နေချိန် လောင်မြိုက်နေတဲ့လောဘတရားကို မြင်သာအောင်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

6.1 2024
The Unwavering Brotherhood / Triad 3
GTMAX
5.5

အက်ရှင်ကားကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားလေးကို ညွှန်းပေးပါရစေ .. ဇာတ်လမ်းအကျဉ်း +++++++++ ရတနာပစ္စည်းတွေ လုယက်တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ကျွမ်းကျင်တဲ့ ဆိုင်ကယ်သမား တစ်ယောက်ကို ငှားဖို့ လိုက်ရှာနေပါတယ်။ အဲဒီမှာ ဆိုင်ကယ်ပြိုင်သမား မောင်နှမ နှစ်ယောက်နဲ့ ချိတ်ဆက်မိပြီး မောင်ဖြစ်သူကို လူဆိုး ဂိုဏ်းခေါင်းဆောင်က လူသတ်မှုနဲ့ အကြပ်ကိုင်ပါတော့တယ်။ အဲဒီမှာ အစ်မဖြစ်သူက မောင်ဖြစ်သူနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် လုယက်မှုတစ်ခုမှာ မဖြစ်မနေ ပါဝင်ပေးရပါတော့တယ်။ ဒီလို လုယက်မှုတွေ စီစဉ်ကြရင်း ဘယ်လို စိတ်လှုပ်ရှားစရာ အက်ရှင်တွေကို ကြည့်ရမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါတော့။ ( ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ် ) File size… (1.43GB) / (823MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Thriller • Drama
5.5 2024 100 mins
GTMAX
Oki’s Movie
6.8

Oki’s Movie (2010) ****************** Sleep ဇာတ်ကားထဲမှာ အတွဲညီညီနဲ့ အတူသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Lee Sun Kyun နဲ့ Jung Yumi တိုရဲ့ IMDb 6.8 ရှိတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Lee Sun Kyun ကိုတော့ Parasite ကြည့်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပုံမှန် တင်ဆက်နေကျပုံစံမျိုးမဟုတ်ဘဲ​ ပုံစံအသစ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အိုကီဆိုတဲ့ ရုပ်ရှင်ကျောင်းတက်နေတဲ့ ကောင်မလေး …။ နမ်ဂျင်ဂူဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာ ကောင်လေး…။ ပြီးတော့ ရုပ်ရှင်အတတ်ပညာကို သင်ကြားပေးတဲ့ အမျိုးသား ပါမောက္ခကြီး…။​ သူတို သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ထူးဆန်းတာကတော့ Oki’s Movie ဆိုတဲ့ ရုပ်ရှင်ထဲမှာမှ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့အချိန်တွေ၊ မတူညီတဲ့ ရှုထောင့်တွေနဲ့ ပြသတဲ့ ဇာတ်လမ်းတို ၄ခု ခွဲထားတာကို မြင်ရမှာပါ။ ဒီထဲမှာ ပါတဲ့ ဇာတ်လမ်းတို ၄ခုပြီးသွားတဲ့အခါမှာတော့ ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေကို နားလည်ခံစားမိသွားမှာဖြစ်ပြီး ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဒါရိုက်တာကြီး Hong Sang Soo ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်ရိုက်ကူးထားပါတယ်။ Hong Sang Soo ရဲ့ ထုံးစံအတိုင်း ဇာတ်ကြောင်းကို ဖော်ပြတဲ့နေရာမှာ သူများနဲ့မတူဘဲ​ ပုံစံအသစ်နဲ့ ဖော်ပြထားတာဖြစ်လို အခုပဲ သူတိုရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကို ခဏလောက် ဝင်သွားကြည့်ရအောင်နော်…။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.19GB / 690MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 20 min. Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Romance
6.8 2010 81 mins
Oki’s Movie
Friendship
7.4

IMDb 7.4 , Rotten Tomatoes 88% ရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Tim Robinson အတူ နာမည်ကြီးမင်းသားကြီး Paul Rudd ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်.. ဇာတ်လမ်းအကျဉ်း ++++++++++ ခရစ်ချ်ဝါးတားမန်းဆိုသူက ကင်ဆာပျောက်ကင်းခါစ မိန်းမဖြစ်သူ၊ ဆယ်ကျော်သက်သားငယ်တို့နဲ့ အတူနေထိုင်တဲ့ မားကတ်တင်းပိုင်းလုပ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ဦးပေါ့ ။ နေတဲ့အိမ်ကိုရောင်းပြီး ပြောင်းရွှေ့ဖို့ပြင်ကာမှ သူတို့အိမ်နားကို လူသစ်တစ်ဦးပြောင်းလာတယ် ။ စာပို့သမားကောင်းမှုကြောင့် ခရစ်ခ်ျက အော်စတင်မည်တဲ့ အဲ့လူသစ်ကို မြန်မြန်ဆန်ပဲ ခင်မင်သွားခဲ့ပြီး လူမှူဆက်ဆံရေးမှာ သိပ်ညံ့တဲ့ ခရစ်ခ်ျနဲ့ပြောင်းပြန် လူချစ်လူခင်ပေါအောင်နေတတ်တဲ့လူသစ်ကြောင့် ခရစ်ခ်ျက သူ့ကို အတော်သဘောကျသွားတယ် ။ ပြိုပျက်မလိုဖြစ်နေတဲ့ သူ့အိမ်ထောင်ရေးအပြင် အလုပ်ဆက်ဆံရေးမှာပါ အော်စတင်ကို အတုယူပြီး ခရစ်ခ်ျအတွက် အဆင်ပြေစပြုလာတယ် ။ ဒါပေမဲ့ တစ်နေ့ကျ ကိစ္စတစ်ခုဖြစ်သွားပြီးနောက်မှာ ရှေ့တင်ရော နောက်ကွယ်မှာပါ အော်စတင်က သူ့ကိုရှောင်တော့တာပဲ ။ ဒါကိုလက်မခံနိုင်တဲ့ အစွဲအလမ်းသိပ်ကြီးတဲ့ ခရစ်ခ်ျကလည်းထူးထူးဆန်းဆန်းတွေစလုပ်လာချိန်မှာ ပြန်ကောင်းမလိုဖြစ်နေခဲ့တဲ့ သူ့မိန်းမနဲ့ကြား အိမ်ထောင်ရေးက ပိုပြီးတောင် ယိုယွင်းသွားခဲ့တာကပဲ ခရစ်ခ်ျကို အဆုံးစွန်ထိဖြစ်အောင် တွန်းပို့သလိုဖြစ်သွားတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။ ဒီကားလေးက cringe comedy ဖြစ်သလိုပဲ ပုံမှန်လူနေမှုဘ၀က မျက်မှောက်ခေတ်လူတစ်ဦးရဲ့ အထီးကျန်ဆန်မှုတွေကိုပါ ကွက်ကွက်ကင်းကင်းပြသ‌ပေးထားတယ် ။ အားကျမှုကနေတစ်ဆင့်ပြောင်းလာတဲ့ စွဲလမ်းမှုတွေက လူတစ်ဦးကို ဘယ်လောက်ထိအစွန်းရောက်‌စေလဲ‌ဆိုတာကို ဖော်ကျူးထားခြင်းပါပဲ ။ File Size… (2.19 GB) / ( 856 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet Khin

Comedy • Drama
7.4 2025 100 mins
Friendship