YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Fire.Country.S01E15.1080p.CM.mp4

692.57 MB N/A video/mp4 64 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jane Got a Gun
5.8

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan McGregor တို့ပါပဲ။ အီဝန်ဟာ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်သလို ကျွန်တော်သိသလောက် သူပါဝင်သမျှအားလုံး အတော်လေး နွေးထွေးတဲ့ရုပ်ရှင်တွေပါပဲ။ ဒီကားထဲမှာ ထူးတာကတော့ ဘူချာနန်အနေနဲ့ အတော်စမြင်ကတ်ဖို့ ကောင်းခဲ့တဲ့ Joel က လူကောင်းအဖြစ်သရုပ်ဆောင်ထားပြီး Ewan ကတော့ လူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ထဲ Joel လည်းပါပါတယ်။ တော်တော်တော့စားပါတယ်။ Ewan ကိုဆို မမှတ်မိနိုင်လောက်အောင်ပါပဲ။၊ သို့ပေမဲ့ သရုပ်ဆောင်ကောင်းပြီးသား ဆရာတွေဆိုတော့ ပြဿနာတော့မရှိခဲ့ပါဘူး။ ဇာတ်ကတော့ အနောက်ပိုင်းမှာအခြေတည်ထားတဲ့ ကောင်းဘွိုင်ဇာတ်ပါ။ ဆာဂျီယိုလီယွန်နီရဲ့ ရုပ်ရှင်တောင်ဆန်ပါတယ်။ ဆန်ဆို သူကလည်း ကောင်းဘွိုင် ဘိုးအေကြီးကိုး။ အနောက်ပိုင်း ရုပ်ရှင်ကြိုက်တဲ့လူတွေအတွက် မတရားမှုတွေ လက်စားချေမှုတွေ သေနတ်ပစ်ခန်းတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမယ့် ခပ်ကြမ်းကြမ်း ကောင်းဘွိုင်ရုပ်ရှင်ပါပဲ။ နာတာလီပေါ့တ်မန်းရဲ့ ဇာတ်ကောင် ဂျိန်းဆိုတဲ့ ကောင်မလေးရဲ့ ယောက်ျားနောက်ကို ဘစ်ရှော့လို့ခေါ်တဲ့လူက လိုက်နေတယ်။ အဲဒီလူကပြောရရင်‌ ကောင်းဘွိုင်လူမိုက် ဖာခန်းထောင်ပြီး ကြီးပွားချင်တဲ့သူ။ ဂျိန်းယောက်ျားကလည်း သူ့လူဟောင်း။ ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းဖို့လုပ်နေတုန်း ဂျိန်းယောက်ျားက ကယ်ပြီး ထွက်ပြေးခဲ့ကြတာ။ သူတို့နောက်ကို ဘစ်ရှော့က လိုက်ရှာနေတယ်။ ဘစ်ရှော့က ဂျိန်းရဲ့ သမီးလေးကိုလည်း ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းတဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်။ နောက်ကျ ဂျိန်းယောက်ျားကို သူတို့သေနတ်နဲ့ပစ်တာ ထိသွားတယ်။ ဂျိန်းက သူ့ယောက်ျားကို အားကိုးလို့မရတော့ သူ့ရည်းစားဟောင်းဆီက အကူအညီသွားတောင်းတယ်။ သူ့ရည်းစားဟောင်းကလည်း စစ်ပြန် သူရသတ္တိဆုတွေမနည်းရခဲ့တဲ့သူ။ ဒီလိုနဲ့ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ သေနတ်မှန်ထားတဲ့လူတစ်ယောက်က ဒီကောင်းဘွိုင်လူမိုက်ဂိုဏ်းကြီးကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB, 630MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.9/10 Format - mp4 Duration - 1H 38Min Genre - Action, Drama, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5.8 2015 98 mins
Jane Got a Gun
Jealousy
6.1

Jealousy (2013) =============== IMDb Rating - 6.4/10 လူးဝစ်ဆိုတဲ့ ကောင်လေးက သူ့ဇနီးနဲ့ သူ့သမီးလေးကို ထားခဲ့ပြီး အပြင်မှာ ကလော်ဒီယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေခဲ့ ပါတယ်။လူးဝစ်က ပြဇာတ်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကလော်ဒီယာကလည်း အရင်က ပြဇာတ်သရုပ်တစ်ယောက်ဖြစ်ပြီး လက်ရှိအလုပ်လက်မဲ့တစ်ယောက်ပါ။ ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဖြစ်ကြလဲ......သူတို့ နှစ်ယောက်နဲ့ ဆက်ဆံရေးကရော ရေရှည်တည်မြဲမှာလားဆိုတာကို ကြည့်ရှုရမယ့်အပြင် .  လူးဝစ်နဲ့သမီးလေး ဆက်ဆံရေးကရော ရေရှည် ခိုင်မြဲမှာလား ဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ ဒီဇာတ်လမ်းက ပြင်သစ်အဖြူအမည်းရုပ်ရှင်ကားဟောင်းဖြစ်ပြီး ပြစ်သစ်လူနေမှုဘဝနဲ့ မိသားစုတစ်စုရဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်လို့  Drama ကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ကားလေးလို့ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.96 GB) / (675 MB) / (348 MB) Quality............Web-Rip 1080p / 720p / 360p Duration.........1Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Parris Encoder..........SWM

Action • Crime • Drama
6.1 2013 77 mins
Jealousy
Predestination
7.4

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။ အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။ အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။ ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ "ဇာတ်ဆရာစေစား ခိုင်းနွားလားသို့" ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ "ကြိုတင်စီမံ ကြမ္မာဖန်" လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။ Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် "ဂျွန်ဒိုး" က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။ အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 1.12GB, 505MB Quality - Bluray 1080p, 720p IMDb Rating - 7.5/10 Duration - 1hr 37mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Drama, SciFi Translated by Arr Khun Winchester Encoded by Y

Drama
7.4 2014 97 mins
Predestination
Falling for Christmas

လင်ဆေးလိုဟန်ရဲ့ ရုပ်ရှင်ကားသစ်ကို နက်ဖလစ်ကနေ ပြသသွားတာပါ။ ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ Sierraဟာ အစစအရာရာ လိုလေသေးမရှိ ကျော့ကျော့မော့မော့ နေခဲ့ရသူတစ်ယောက်ပေါ့။ ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတော့ Sierraခမျာ ရည်းစားဖြစ်သူ Tad Fairchildနဲ့အတူ တောင်ပေါ် ခရီးထွက်ခဲ့ရာက မတော်တဆမှု ဖြစ်ကာ တောင်အောက်ကိုလိမ့်ကျပြီး သတိလစ် အတိတ်မေ့သွားပါတော့တယ်။ သတိလစ်နေတဲ့ Sierraကို North star တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်တဲ့ Jake Russelတစ်ယောက် တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မေ့ပြီး ကူကယ်ရာမဲ့နေသူမို့ လောကွတ်ချော်ကာ အိမ်ပေါ်တင် စောင့်ရှောက်ထားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ငြိတွယ်လာရင်း..။ တစ်ဖက်မှာတော့ Tadကလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်လောက်သာရပြီး အသက်ရှင် ကျန်ခဲ့ပါတယ်။ သို့သော်ငြားလဲ လူသူဝေးရာ တောထဲတောင်ထဲမှာမို့ ဆောက်တည်ရာမရ ဖြစ်ရပြန်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လမ်းပျောက်နေတဲ့ Tadနဲ့ အတိတ်မေ့နေတဲ့ Sierraတို့ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲ။ Sierraတစ်ယောက် မှတ်ဉာဏ် ပြန်ရလာပြီးတဲ့နောက် သူ့ကိုကယ်တင်ခဲ့တဲ့ ကလေးအဖေ မုဆိုးဖို Jakeကိုပဲ ရွေးချယ်လေမလား။ သူဌေးသား ဆိုရှယ်ကြောင် Tadကိုပဲ သစ္စာရှိမှာလား။ လုပ်ငန်းပိတ်သိမ်းရလုနီးပါးဖြစ်နေတဲ့ Tadကရော ဘာတွေ လုပ်မလဲဆိုတာကို နှင်းတွေတဖွေးဖွေးအောက်မှာ ဟာသလေးတွေ နှောပြီး ရိုက်ကူးပြထားတာကို ခံစားကြည့်ရှုကြရမှာပါ။ File size…(2.2 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo

Horror • Thriller
0 2022
Falling for Christmas
Man on the Moon
7.4

Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ “အဆိုအကလူကြီး” လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Action • Comedy
7.4 1999 118 mins
Man on the Moon
72 Hours – Operation Gold
5.9

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖူကွမ်းမြို့မှာ ဒုစရိုက်မှုပေါင်းစုံကို လုပ်နေကြတဲ့ ဒုစရိုက်အဖွဲ့ဟာ အမှုပေါင်းများစွာနဲ့ ပတ်သက်နေပါတယ်။ မူးယစ်မှောင်ခိုလုပ်ခြင်း၊ လက်နက်ကိုင်ဆောင်ပြီး လူသတ်ခြင်းဖြင့် နေရာတိုင်းမှာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။ အဖွဲ့တွင် အဖွဲ့ဝင်များပြားခြင်း၊ အင်တာနက်ကို အသုံးချပြီး ဒုစရိုက်ပြုလုပ်ခြင်း၊ အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခြင်းတို့ကြောင့် ထိုအဖွဲ့ဟာ ဉာဏ်ရည်မြင့်ဒုစရိုက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဖူကွမ်းမြို့မှ ရဲတပ်ဖွဲ့ကလည်း နှစ်ပေါင်းများစွာ ထိုဒုစရိုက်အဖွဲ့ရဲ့ ပြစ်မှုသက်သေတွေကို လိုက်လံစုံစမ်းနေခဲ့ပြီး ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးခဲ့ပါတယ်။ တစ်နေ့မှာ မိန်းကလေးတစ်ယောက်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူမိန်းကလေး ရုံလင်ဟာ ရဲတပ်ဖွဲ့ကို အမှုတိုင်ခဲ့ပါတယ်။ တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ဖူကွမ်းမြို့ ဒုစရိုက်တိုက်ဖျက်ရေးတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ထန်ဖေးဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီး စစ်ဆေးစုံစမ်းမှုများ သက်သေရှာဖွေမှုများကို ပြုလုပ်ခဲ့ပါတယ်။ ရုံလင် ထွက်သွားပြီးနောက် အချိန် ၇၂ နာရီကို အသုံးချကာ ဒုစရိုက်တပ်ဖွဲ့တွေကို တစ်ချက်တည်းအပြီးရှင်းဖို့ လုပ်ရှားရပါတော့တယ်။ ထန်ဖေးတို့အဖွဲ့က ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကို အမိအရဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ…… အမှုတိုင်တဲ့ မိန်းကလေးကရော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်လေးကို ကြည့်ရှုလိုက်ရအောင်နော်။

5.9 2023
72 Hours – Operation Gold
Tramps
6.5

ဒီကားထဲမှာ ပါဝင်သူတွေကတော့ Fantastic Beastsကားတွေနဲ့ လူသိများတဲ့ အင်္ဂလိပ်မင်းသားချော Callum Turnerနဲ့ Tell Me Liesထဲက မင်းသမီးချောလေး Grace Van Pattenပဲဖြစ်ပါတယ်။ Dannyဟာ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပေမဲ့ အစ်ကိုဖြစ်သူက အချုပ်တစ်ရက်ကျနေတာကြောင့် အစ်ကို့အစား တရားမဝင်အလုပ်တစ်ခုကို လုပ်ပေးဖို့ဖြစ်လာပါတယ်။ လုပ်ပေးရမယ့်ကိစ္စကတော့ အထဲမှာဘာပါမှန်းမသိတဲ့ လက်ဆွဲအိတ်ကို ပို့ဆောင်ပေးရမှာပါ။ ကြောက်တတ်တဲ့Dannyက မလုပ်ချင်ဘူးလို့ ငြင်းပေမဲ့ အမေကပါ ဇွတ်လုပ်ခိုင်းတာကြောင့် မတက်နိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ တစ်ခါမှမလုပ်ဖူးတဲ့Dannyဟာ အိမ်ကစထွက်တည်းက တုန်တုန်ချိချိနဲ့ သူတက်စီးရမယ့် ကားက မိန်းကလေးမောင်းတာဖြစ်နေပါတယ်။ နှစ်ယောက်သားကြောက်ကြောက် လန့်လန့်နဲ့ လက်ဆွဲအိမ်ယူလာရင်း တစ်ဖန်လက်ဆင့်ကမ်းပေးရမယ့်အဆင့်မှာ လူလွဲပြီးပေးလိုက်မိပါတယ်။ ဒီလိုကိစ္စတွေနဲ့ မပတ်သတ်ဖူးတဲ့ Dannyအဖို့ အိတ်ထဲ ကလည်း ဘာပါမှန်းမသိ ပေးလိုက်မိတဲ့လူကလည်းတလွဲဆိုတော့ ခေါင်းမီးတောက်ပါပြီ။ ခုနကသူ့ကို ကားမောင်းပို့ပေးတဲ့မိန်းကလေးနဲ့ အိတ်ကိုပြန်ရှာဖို့ လုပ်ရပြန်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ File size…1.72GB / 921MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Adventure , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.5 2016
Tramps
Kingdom 4: Return of the Great General
7.6

Kingdom Daishogun no Kikan (2024) ~ IMDb – 7.6/10, MyDramaList – 8.0/10 ~ Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့ ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့ Kingdom 3: Flame of Destiny (2023) တို့ရဲ့ဇာတ်ကြောင်းကို ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့ ပြန်နွှေးလိုက်ရအောင်..။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့ လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်း ဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက် တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံး အကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင် ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။ တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက် ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo) ဆီသွားပါတော့တယ်။ အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူး ရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ် နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ် ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့ မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း (စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင် ဘက်ကစစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့အဆုံးသတ်သွားပါတယ်။ အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာ ဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့ “Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 74 volumes နဲ့ 823 chapters အထိ ထွက်ရှိ ထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-5 (142 episodes) အထိ ထွက်ရှိထားပါတယ် live-action အနေနဲ့ လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်ကူးလာခဲ့ရာ အခုဇာတ်ကားနဲ့ဆို လေးကား ရှိသွားပါပြီ။ နောက်ထပ် သုံးကား ဆက်လက်ရိုက်ကူးမယ်လို့ ကောလာဟလအဖြစ် ကြားထားပါတယ်။ Kingdom 4 ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Delusion All” ကို ONE OK ROCK က ဆိုပေးထားပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာသရုပ်ဆောင်တဲ့ Araki Yuko က ချစ်စရာကောင်းလှပါတယ်။ Kingdom manga မှာ လတ်တလော arc ပေါင်း ၂၇ ခုရှိပြီး anime အနေနဲ့ arc ၁၇ ခု နဲ့ chapter ၄၈၉ အထိ adapt လုပ်ခဲ့ပြီးပါပြီ။ Live-action လေးကားအနေနဲ့ adapt လုပ်ထားတာ အစပိုင်း arc ၆ ခုလောက်ပဲ ရှိပါသေးတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းကို AK မှ ရေးသားထားပါတယ်) File size… (2.19GB) / (1.22GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 25m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Drama • Mystery
7.6 2024 146 mins
Kingdom 4: Return of the Great General
Grafted
6

Body Horror ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်တွေအတွက် Hit ဖြစ်ခဲ့တဲ့ ဟောလီးဝုဒ်ဇာတ်ကားThe Substance နောက်ဆက်တွဲ ရိုက်တာလားလို့တောင် ထင်ရတဲ့ ဇာတ်ကားသစ်လေးနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်…။ အလှအပဆိုတာ အရေပြားတစ်ထောက်စာ ဆိုပေမယ့် အဲဒီ တစ်ထောက်စာ အလှအပအတွက်ကို ငွေကြေးများစွာ အကုန် အကျခံပြီးတော့ ပလပ်စတစ်ဆာဂျရီလုပ်သူတွေ ဒုနဲ့ဒေး များလာတဲ့ ခေတ်ကြီးမှာ အလှအပအတွက် ဘာမဆိုစတေးရဲတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကားမှာဆိုရင် ရှောင်ဝေဆိုတဲ့ တရုတ်မလေးဟာ နယူးဇီလန် နိုင်ငံကို စကောလားရှစ် ပညာသင်ဆုရပြီး ကျောင်းတက်ဖို့အတွက် ရောက်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ဆုံးပါးသွားပြီးဖြစ်တဲ့ အဖေက ဇီဝသိပ္ပံပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီးတော့ သူမရော သူမရဲ့အဖေမှာ တူညီတဲ့ အချက်က မျက်နှာဘေးခြမ်းနဲ့ လည်ပင်းနားမှာ အရုပ်ဆိုးတဲ့ မွေးရာပါအမှတ် ပါရှိနေတာပါ။ ဒီအမှတ်ကို ပြုပြင်ပြီး အရေပြားလှပဖို့ ကြိုးစားရင်း စမ်းသပ်မှုမတော်တဆဖြစ်ပြီး ရှောင်ဝေရဲ့ ဖခင်က ဆုံးပါးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ နယူးဇီလန်မှာ ကျောင်းတက်ဖို့ အတွက် လာခဲ့တဲ့ ရှောင်ဝေတစ်ယောက် အပေါင်းအသင်းဝင်ဆံ့ဖို့အတွက် လှပချင်စိတ်နဲ့အတူ သူမအဖေ စမ်းသပ်ခဲ့တဲ့ စမ်းသပ်မှုကို ဆက်လုပ်ဖို့ ဖြစ်လာတဲ့အခါမှတော့….။ File size… (1.24GB) / (645MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama , Horror , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Family • Animation • Comedy • Mystery
6 2024 93 mins
Grafted
Battle Dog Attack 2
5.5

ဒီတစ်ခေါက်တော့ ရှောင်းဝမ်ဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဘတ်ဂျက်အွန်လိုင်းကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…ဇာတ်လမ်းလေးကတော့… ရှောင်းဝမ်တစ်ယောက်ဟာ လမ်းလျှောက်နေရင်း တစ်နေရာမှာ ရုတ်တရက်ကြီးဆိုသလို အိမ်တစ်အိမ်က ခွေးတစ်ကောင်ရန်မူတာကို ခံလိုက်ရတာနဲ့စတာပဲ… ဟုတ်ပါတယ်… ဒီခွေးက သူ့ကို ရန်မူဖို့ကြိုးစားတာနဲ့အတူ ဒီခွေးလေးက သခင်ကို အကာအကွယ်ကြီးတယ်ဆိုတာကိုပါ မြင်တွေ့ခဲ့ရတဲ့ ရှောင်းဝမ်အတွက် ဒီခွေးလေးကို သံယောဇဉ်ဖြစ်ခဲ့တယ်… ဒါကြောင့်လည်း သူ့သခင်ဆုံးပါးသွားတော့ သူယူပြီး မွေးဖို့ကြိုးစားခဲ့တယ်… ကိုယ်တိုင်က ဆင်ခြေဖုံးရပ်ကွက်လေးက တိုက်ခန်းလေးမှာ သူများတွေနဲ့ မျှပြီး ငှားနေတော့… တိုင်ကြားခံရတာတွေ ဆန့်ကျင်ကြတာတွေ ရင်ဆိုင်ခဲ့ရတာပေါ့… ဒီလိုနဲ့ တစ်ဆင့်ချင်း ခွေးတစ်ကောင်ကို တာဝန်ယူ မွေးဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရတယ်… ဘာတွေလိုအပ်တယ်ဆိုတာလေးတွေနဲ့အတူ… ဒီခွေးလေးကြောင့် တက္ကသိုလ်အပြီး ဘာအလုပ်လုပ်ရမယ်မသိဘဲ မနက် ၉ ည ၅ လုပ်ငန်းထဲ ပစ်ဝင်မိခဲ့တဲ့ ရှောင်းဝမ်တစ်ယောက်ရဲ့ ဘဝလေး အထီးမကျန်တော့ဘဲ လမ်းကြောင်းမှန်လေးတစ်ခု ပေါ်လာခဲ့တော့တယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာမို့… ခွေးချစ်သူလေးတို့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်

Animation • Action • Comedy
5.5 2025
Battle Dog Attack 2
Blockbuster: Dreams as Horses
5.5

အပျင်းပြေ အချစ်ရုပ်ရှင်ကြည့်ချင်တယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဟာသနှောအချစ်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ရပ်ကွက်လုံခြုံရေးအဖွဲ့ခေါင်းဆောင် မာယိမင်ဟာ လုံခြုံရေးတွေအတွက် သတင်းဆိုးတွေပဲ ကြေညာဖော်ထုတ်တတ်တဲ့ သတင်းထောက် ယိကျားရန်နဲ့ မတော်တဆ ဝိညာဉ်ချင်း လဲသွားခဲ့ပါတယ်။ ထို့နောက် ယိကျားရန်နဲ့အတူ အိမ်ရှင်နဲ့ ထိန်းသိမ်းရေးဝန်ထမ်းတို့ကြားက ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ပြီး ကိုယ်ချင်းစာတတ်လာပါတယ်။ တစ်ဖက်သားရဲ့ နေရာကနေ အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းတစ်ခုကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Action
5.5 2025
Blockbuster: Dreams as Horses
Seeran
5

Seeran 2025 (“တောက်ပမည့်လူ”) ၂၀၂၅ မှာ လူမျိုးဘာသာမတူလို့ ခွဲခြားခံထားရတဲ့မိသားစုအကြောင်းရိုက်ကူးထားတဲ့ တမီးလ်စကားပြော ကားလေးတစ်ကားနဲ့ မိတ်ဆက်ပါရစေ။ ဒီကားထဲက သရုပ်ဆောင်ကာရိုက်တာ ဂျိမ်းစ်ကာသစ်က ဇာတ်ညွှန်းဆရာရော ပရိုဂျူဆာအနေနဲ့ ကြိုးပမ်းထားတဲ့ ကားလေးဖြစ်ပါတယ်။ ရွာလေးတစ်ရွာမှာ လူတိုင်း ရွံ့မုန်းကြတဲ့ မိသားစုရဲ့သားက ရွာကနေ ထွက်သွားပြီးတော့ ချမ်းချမ်းသာသာ ပြန်လာပေမယ့် ရွာကလူတွေရဲ့ အကျင့်စရိုက်က ပြောင်းလဲသွားမလားဆိုတာ ကြည့်ရမှာဖြစ်ပြီး အတိတ်က သူတို့မိသားစုဘဝက ဘယ်လိုစိတ်ဆင်းရဲခဲ့ရပြီး နိမ်ချခံခဲ့ရလဲဆိုတာ ဂရုဏာသက်ဖွယ်မြင်တွေ့ရမှာပါ။ အဓိကက မျိုးရိုးနိမ့်လို့ ခွဲခြားခံရပေမယ့် တကယ်အောင်မြင်လာတဲ့ လူတစ်ယောက်ဖြစ်လာတဲ့အခါ အယူအဆတွေ ဝေဖန်သံတွေက စင်ပေါ်ကနေ ပုရွက်ဆိတ်တွေအော်နေသလို ထိုင်ကြည့်နေရသလိုပါပဲ။ သင်ခန်းစာယူဖွယ်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ စီအမ်မဆလာကနေ တင်ဆက်ဘာသာပြန်‌ထားပါသည်။

5 2025
Seeran
Kundannoorile Kulsitha Lahala
6.8

Kundannoorile Kulsitha Lahala (2024) “ကွန်ဒါနောရွာ အရှုပ်တော်ပုံ” ================================ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိ ဒါရိုက်တာ အက်ရှေးအာရှော့ခ်က ကိုင်တွယ်ထားတာဖြစ်ပြီး ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာထဲက ဗရုတ်သုတ်ခအဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။ မာလျာလမ်လူမျိုးတွေနေကြတဲ့ ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာမှာ အမျိုးသမီးအလုပ်ရအာမခံအဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ သူတို့ဟာ ဘာအဖွဲ့ညာအဖွဲ့ဆိုပြီး နာမည်တပ်ထားကြပေမဲ့ တကယ်တမ်းတော့ဘာအလုပ်မှမလုပ်ဘဲ ရွာထဲကကိစ္စတွေကို ကြမ်းပိုးကို လိပ်ဖြစ်တဲ့ထိ အတင်းအဖျင်းပတ်ပြောနေကြတာပါ။ သူတို့ရဲ့ မဟုတ်ကဟုတ်ကအတင်းတွေကြောင့် ပြဿနာတက်ကြတဲ့သူတွေလည်း မနည်းမနောပါပဲ။ အဲဒီလို မိန်းမကြီးတွေရဲ့ အတင်းအဖျင်းတွေကြောင့် ပြဿနာတွေကြုံနေရတဲ့ရွာထဲမှာ ထူးဆန်းစွာပဲ အတွင်းခံတွေ တစ်ထည်ပြီးတစ်ထည်ပျောက်လာကြတဲ့အခါမှာတော့…။ အတင်းပြောတဲ့ဘွားတော်တွေကြောင့် ဘယ်သူတွေ ဘယ်လိုတိုင်ပတ်မလဲ၊ အတွင်းခံတွေပျောက်တာ ဘယ်သူ့လက်ချက်လဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရ၊ ခွီကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Romance
6.8 2024 146 mins
Kundannoorile Kulsitha Lahala