YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Fighter (2023) Kannada WEB-DL - 1080p - AVC - YK(CM).mp4

2.24 GB 1080p video/mp4 556 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Price of Perfection
5.5

ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ အေဗာမှန်း တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ သူ့သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ တထစ်ချယုံကြည်နေတဲ့ မိခင်ဖြစ်သူကတော့ ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း သူ့သမီးကို လိုက်ရှာပါတော့တယ်။ တကယ်ပဲ အေဗာဟာ သူငယ်ချင်းကို ဆေးကြောင်ပြီး ကားနဲ့တိုက်ခဲ့တာလား…? မိခင်ဖြစ်သူထင်သလို နောက်ကွယ်မှာ ဘာတွေရှိဦးမလဲ…? စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ File size…(1.16GB)  / (688MB) /343MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Kham Mon

Comedy • Romance
5.5 2022 90 mins
The Price of Perfection
DC League of Super-Pets
7.4

ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။ လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ ) File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing Aung Latt

Action • Adventure • Science Fiction
7.4 2022 105 mins
DC League of Super-Pets
Spirited
7.1

ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။ Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Comedy, Family, Musical Quality…. 1080p | 720p | 480p File size… 2GB | 1.19GB | 500MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Roman NoX, Kevin Encoder ..... August

Crime • Drama • Thriller
7.1 2022 127 mins
Spirited

အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ ဇာတ်က အန်နမဲလောက်အရသာတော့ ကောင်းမှာမဟုတ်ပေမဲ့ အန်နမဲဖန်မဟုတ်ဘဲ ဒီတိုင်းကြည့်ချင်ရင်တော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ပါ။ ၂၀၁၇ကားကို သဘောကျတဲ့သူတွေလည်း ကြည့်သင့်ပါတယ်။ တိုက်ရိုက်ဆက်ထားပါတယ်။ သို့ပေမဲ့ ဒီဇာတ်လမ်းဟာ ကောင်းခန်းမှဖြတ်ပြီး to be continuedဆိုပြီးလုပ်ချသွားပါတယ်။ သိပ်မကြာခင်ထွက်လာမယ်လို့တော့ ယူဆရပါတယ်။ အန်နမဲမကြည့်ဖူးလည်း ဒီတိုင်းမှော်စွမ်းအားကား ခပ်လန်းလန်းလေးတွေ သဘောကျတဲ့သူတွေ ကြည့်လို့မမှားမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__02:02:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Crime • Thriller
null 2022
Fullmetal Alchemist_The Revenge of Scar
Men
6.2

~ IMDb - 6.3/10, Rotten Tomatoes - 69% ~ A24 ဟာ တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးအောင်မြင်လာလိုက်တာ ဒီနှစ်ဆိုလည်း သူ့ပင်တိုင်လက်စွဲဒါရိုက်တာတွေဖြစ်တဲ့ Jordan Peele တို့ ရောဘတ်အက်ဂါတို့နဲ့ ကားမထုတ်ဖြစ်ပေမဲ့ တခြားနာမည်ကြီး ဒါရိုက်တာတွေ ဒါရိုက်တာအသစ်တွေနဲ့ ကားသစ်တွေထုတ်ခဲ့တာမှာ အကုန်လုံးနီးပါးလည်း အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ထွက်ပြီးသား A24ကားတွေကတော့ - " The Sky Is Everywhere, After Yang, X, Everything Everywhere All at Once နဲ့ Men " တို့တွေပါပဲ။ Everything Everywhere All at Once ဟာ A24 ရဲ့ ရုံဝင်ငွေအရရော အနုပညာအရရော စံချိန်တင်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်သလို After Yang တို့ X တို့ကလည်း တကယ့်ရုပ်ရှင်ကောင်းတွေပါပဲ။ သို့ပေမဲ့ ဒီသုံးကားလုံးက သူတို့အရင်ကလက်မတွဲဖူးတဲ့ ဒါရိုက်တာတွေနဲ့ လက်တွဲရိုက်ကူးခဲ့တာပါ။ ဒီနှစ်မှာတော့ Ex Machina ကားနဲ့ A24 အတူ Debut လုပ်ခဲ့တဲ့ ဒါရိုက်တာ Alex Garland ရဲ့ Men ကို A24ကပဲ ထပ်ပြီးထုတ်ဝေခဲ့ပါတယ်။ Alex Garland ဟာ ရုပ်ရှင်သုံးကားပဲ ရိုက်ကူးထားပေမဲ့ သုံးကားလုံးအောင်မြင်ခဲ့ပါတယ်။ ပထမကား Ex Machina ဟာ တော်တော်အောင်မြင်ခဲ့သလို ဒုတိယကား Annihilation ကလည်း မခေပါဘူး။ ခုတတိယကားကလည်း ပရိသတ်တစ်ချို့ကတော့ တော်တော်သဘောကျနေကြပြီး ဝေဖန်ရေးသမားတွေကလည်း သရုပ်ဆောင်ပိုင်းနဲ့ Sound Design ပိုင်းကို တော်တော်ချီးကျူးထားကြပါတယ်။ Horror ကားတစ်ကားမှာ အသံကလည်း အသက်ပဲမို့လား။ စီနီမာလည်း လှပါတယ်။ ဇာတ်အိမ်အရမ်းကျဉ်းတာကလွဲ အပြစ်ပြောစရာမရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ Folk horror Genre ကို ရိုက်ကူးထားတာပါ ။ ဒါရိုက်တာကောင်းရိုက်တာဆိုတော့ နည်းနည်းဇာတ်အိမ်ကျဉ်းသွားတာတောင် ကားကောင်းကားဆန်းကြီးဖြစ်နေတုန်းပါပဲ။ တော်တော်ထူးဆန်းတဲ့ ဇာတ်မို့ ဇာတ်လမ်းကိုတော့ မပြောပြချင်တော့ပါဘူး။ ဘာမှမသိဘဲကြည့်ရတာပိုအရသာရှိမှာပါ။ A24 ဖန်တွေ၊ Horror ဖန်တွေ၊ Alex Garland ဖန်တွေ၊ Ex Machina နဲ့ Annihilation ကို သဘောကျတဲ့လူတွေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစိမ့်စိမ့် သိချင်စိတ်ကိုဆွပြီး တသိမ့်သိမ့်ကြောက်ရွံ့ခြင်းရသ ပါးပါးကို ရချင်တဲ့သူတွေအပြင် Body Horror ဖန်တွေလည်း ကြည့်သင့်ပါတယ်။ A24 ရဲ့ ရုပ်ရှင်ကားကောင်းတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ်လို့ပြောနိုင်ပေမဲ့ A24 ကိုက လူတိုင်းကြိုက်တဲ့ ကားမျိုးတွေဖြန့်ဝေတာမဟုတ်တော့ ဒီကားဟာလည်း လူတိုင်းကြိုက်တဲ့ကားဖြစ်မယ်လို့ အာမ, မခံနိုင်ပေမဲ့ ကားကောင်းတစ်ကားဆိုတာတော့ အာမခံနိုင်ပါတယ်။ 2022 ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ Men ကိုလည်းထည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 575MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 40Min Genre - Drama, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Drama • Romance
6.2 2022 100 mins
Men
Terminator: Dark Fate
6.5

အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။ အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။

Comedy • Crime • Thriller
6.5 2019 128 mins
Terminator: Dark Fate
Alice Through the Looking Glass
6.6

Alice Through Looking Glass ဟာ ၁၈၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charles Lutwidge Dodgson ရဲ့ နာမည်ကြီးဝတ္ထုအတွဲတွေကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခံရတဲ့ ဒုတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ ပထမ ဇာတ်ကား Alice In Wonderland ရဲ့ sequel ဖြစ်တာနဲ့ အညီ ပထမကားကို ကြည့်ထားမှ နားလည်နိုင်မှာကြောင့် Alice In Wonderland ကို ကြည့်ကြဖို့ တိုက်တွန်းပါရစေ ခု ဒုတိယဇာတ်ကားဖြစ်တဲ့ Alice Through Looking Glass ရဲ့ ဇာတ်လမ်း အကျဉ်းချုံးအနေအထားကို ပြောရရင်တော့... Alice တစ်ယောက် အပြင် ကမ္ဘာ့မှာ သဘောၤကပ္ဗတိန်တစ်ယောက်အဖြစ်နဲ့ စွန့်စားခန်းတွေ ဖွင့်နေရင်း သူ့တိုင်းပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ အမေ့က သူ့ကို သင်္ဘောကို ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရတဲ့ Aliceတစ်ယောက် သူ့ အမေနဲ့ စိတ်ဆိုးပြီး ထိုင်နေတုန်း အက်ပလွန်ရဲ့ ခေါ်ဆောင်မှူနဲ့ Underland လို့ ခေါ်တဲ့ မှော်ကမ္ဘာထဲကို ပြန်ရောက် လာပါတော့တဲ့။ အဲဒီအချိန်မှာ သူမတွေ့ရှိလိုက်ရတာကတော့ Hatter ရဲ့ စိတ္တဇရောဂါဖြစ်နေတဲ့ အခြေအနေပါပဲ။ အဲဒီ စိတ်ရောဂါကက ဘာကြောင့် ဖြစ်နေရတာလဲ ???? Alice တစ်ယောက် Mad Hatter နဲ့ Underland ရဲ့ ကံကြမ္မာ ကို ကယ်တင်ဖို့အတွက် သူမ သူငယ်ချင်းတွေရဲ့ အကူအညီတွေကို ယူပြီး အချိန်နောက်ပြန် ခရီးသွားရပါတော့မယ် မိစ္ဆာမကြီး Red Queen နဲ့ နာရီ တစ်ဖြစ်လဲ Timeတို့ကို ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။ ဟတ်တာကိုရော ပြန်ကယ်တယ်နိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ Hatter အဖြစ် ကျွန်တော်တို့ အချစ်တော် မင်းသားကြီး Johnny Deepကနေ သရုပ်ဆောင်ထားပါတယ်။ ထွက်သမျှတွေထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTCဗားရှင်းနဲ့ တင်ပေးထားပါတယ်။ ကာလာတွေလဲ တော်တော်စုံတာမို့ ကြည့်ရတာ အဆင်ပြေမယ် ထင်ပါတယ်။Blu Ray ထွက်ရင်လဲ ထပ်ပြီး updateလုပ် ထပ်တင်ပေးသွားမှာမို့ blu rayမှ ကြည့်မယ်ဆိုတဲ့လူတွေတော့ စောင့်ကြပါလို့...... File Size : 1.2 GB Quality : 1080 Webrip Running Time : 1hr 53 minute Format : Mp4 Genre : Adventure, Family, Fantasy Encoder : Joker.phs

Drama • Thriller
6.6 2016 113 mins
Alice Through the Looking Glass
Budak Flat
7.2

အင်္ဂလိပ်အက်ရှင်ကားတွေကြည့်ရတာ ရိုးလာပြီဆိုတဲ့လူတွေအတွက် Budak Flat ဆိုတဲ့ မလေးရှားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားကားဆိုပေမဲ့ IMDb မှာ Rating 7.3 အထိရရှိထားပြီး တကယ်လည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်အတိုင်း ဘူဒက်ဆိုတဲ့ တိုက်ခန်းမှာ အာမန်နဲ့ရစ်ဇ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်တို့ အဖွဲ့တွေကကြီးစိုးနေကြပါတယ်။ အာမန်ကတော့ လူမိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ပစ္စည်းတွေခိုးတယ်ရောင်းတယ် ဆိုပေမယ့် ဘယ်တော့မှသူတစ်ပါးအပေါ်မှာ မယုတ်မာတတ်ပါဘူး။သူ့အစ်ကို ရစ်ဇ်ကတော့ မူးယစ်ဆေးတွေကို ကိုယ်တိုင်ထုတ်ပြီးဖြန့်ဖြူးရောင်းချနေသူ တစ်ယောက် ဖြစ်ပါတယ်။အဲ့ဒီမူးယစ်ဆေးတွေက တိုက်ခန်းမှာနေထိုင်သူတွေအပြင် တခြားလူတွေ အများကြီးရဲ့ ဘဝတွေကိုပါပျက်စီးစေခဲ့တာမလို့ အာမန်က အဲ့ဒီလုပ်ငန်းကိုလုံးဝ သဘောမကျဘဲ ရပ်တန့်ပစ်ချင်နေပါတယ်။တစ်နေ့မှာတော့ အဲ့ဒီလုပ်ငန်းကို စထောင်ခဲ့တဲ့ လူဖြစ်တဲ့ သူတို့ရဲ့ဆရာဖြစ်တဲ့ ခေါင်းဆောင်က မူးယစ်ဆေးလုပ်ငန်းကို ရပ်တန့်ဖို့လုပ်ပြီး နောက်မှာ အသတ်ခံလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အသတ်ခံလိုက်ရတဲ့ ခေါင်းဆောင်ရဲ့ ဘေးမှာ အာမန်ရှိနေတာကို ရစ်ဇ်ကတွေ့ခဲ့တဲ့အတွက် ပြဿနာတွေပိုမိုရှုပ်ထွေးလာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…1.35GB / 617MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • History
7.2 2023 104 mins
Budak Flat
The Delinquents
6.8

The Delinquents (2023) ~ IMDb – 6.8/10, RT – 84%, Meta – 86% ~ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ “အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု” အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။ မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ “ဘာအလုပ်လုပ်လဲ” “အလုပ်အကိုင် ဘယ်လိုလဲ” တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က လုပ်ခဲ့တာတွေကိုပဲ အစက ပြန်လုပ်၊ အဲ့လိုနဲ့ ပိတ်ရက်နည်းနည်းလေးမှာ ကမ်းခြေသွားတယ်ဆိုပါစို့၊ ရထားပေါ်မှာ တွေ့နေကျ မျက်နှာတွေကိုပဲ ဒီကမ်းခြေမှာ ပြန်စုပြီးတွေ့နေရ။ နေ့စဉ်ဘဝကိုယ်၌ကိုက အဖန်တလဲလဲသံသရာ…။ ဇာတ်ကားအဖွင့်မှာ ကိန်းတွေဂဏန်းတွေနဲ့ အလုပ်များနေကြတဲ့ ဘဏ်ဝန်ထမ်းတွေကို တွေ့ရမှာပါ။ ဘဏ်ရဲ့နိစ္စဓူဝပြဿနာတွေ အရှုပ်အရှင်းတွေနဲ့ မဆိုစလောက်နားချိန်လေးကို လုပြီး ဆေးလိပ်ထွက်သောက်နေရတဲ့ ဝန်ထမ်းတွေ။ ဒီထဲကမှ မိုရန်ဆိုတဲ့ ငွေထိန်းဖြစ်သူကတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ထဲက တစ်ယောက်ပေါ့။ အဲဒီညနေမှာတော့ သူဟာ တစ်သက်စာ အလုပ်မလုပ်ဘဲ နေနိုင်မယ့် ငွေပမာဏကို ဘဏ်က အလစ်သုတ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ရိုမန်ဆီ အပေါင်းအပါညှိပါတော့တယ်။ မိုရန်ဟာ ကိုယ်တိုင်ဝန်ခံ၊ ထောင်ထဲမှာ သုံးနှစ်ခွဲသွားနေမှာဖြစ်ပြီး ရိုမန်ကတော့ ငွေကို ဝှက်ပေးထားရမှာပဲဖြစ်ပါတယ်။ မိုရန်ထောင်ကထွက်လာတဲ့နေ့မှာ ၂ယောက်သား တစ်ဝက်စီ ခွဲယူကြပြီး တစ်သက်လုံး အလုပ်လုပ်စရာမလိုတော့တဲ့ ဘဝကို နေထိုင်ဖို့က အိပ်မက်ပါ။ သူတို့အိပ်မက်လေး အမှန်တကယ်ဖြစ်မလား… အပြောလွယ်သလောက် ထောင်ကျရတာဟာရော ထင်သလောက်လွယ်ပါ့မလား… ငွေပမာဏကြီးကြီးကို ဝှက်ထားရသူအဖို့ကရော pressure ကို ခံနိုင်ပါ့မလား… သူတို့၂ဦးသား မတူညီတော့တဲ့ နေ့စဉ်ဘဝတွေထဲက မတူညီတော့တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်ရမှာပါ။ Comedy, Crime, Drama သုံးမျိုးပေါင်းကိုမှ တစ်ကားတည်းနဲ့ ၃နာရီကြာ အဝကြည့်ရမယ့် ရုပ်ရှင်စစ်စစ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်မှာ အပိုင်း ၂ပိုင်းပါ,ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘဏ်က ပိုက်ဆံအလစ်သုတ်တဲ့အပိုင်းဖြစ်ပေမဲ့ ဒုတိယအပိုင်းကတော့ သူတို့ ၂ယောက်လုံးရဲ့ အပြောင်းအလဲအပိုင်းပဲဖြစ်ပါတယ်။ ပြောရရင် ဒီအပိုင်းက တော်တော်လေး စိတ်ချမ်းသာရတယ် ဆိုရမယ်။ ဒီအပိုင်းကို ဇာတ်လမ်း Spoil သလိုဖြစ်မှာစိုးလို့ ပြောပြလို့ မရပေမဲ့ အာဂျင်တီးနားရဲ့ ကျေးလက်အလှတွေ ရှုခင်းတွေကို မဟူရာဆံပင်၊ မျက်လုံးရွှင်ရွှင်နဲ့ အတော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ တွေ့ရမယ်ဆိုတာလောက်တော့ ပြောပြထားချင်ပါတယ်။ ဒီရုပ်ရှင်မှာ ထူးခြားတဲ့ နောက်တစ်ခုကတော့ သရုပ်ဆောင်တစ်ယောက်ဟာ ဇာတ်ကောင် ၂ယောက်နေရာကနေ သရုပ်ဆောင်သွားပါတယ်။ သတိမထားမိလိုက်ရင်တော့ သိလိုက်မှာ မဟုတ်ပေမဲ့ အကယ်၍ သတိထားမိလိုက်မယ်ဆိုရင်တော့ သူ အဲဒီလို ဇာတ်ကောင် ၂ခု သရုပ်ဆောင်သွားတာကိုက ဇာတ်လမ်းအတွက် အဓိပ္ပာယ်တစ်ခုရှိနေတာမို့ ဒီအညွှန်းဖတ်ပြီးမှ ကြည့်တယ်ဆိုရင်တော့ သတိလေးထားပြီး ကြည့်ပေးစေချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ The Delinquents ဟာ တမူထူးခြားတဲ့ နည်းနဲ့ အတော်လေး ဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့သာပဲ ပြောလိုက်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.8GB, 1.35GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 3H 9Min Genre – Comedy, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023
The Delinquents
Marichi
8.8

Marichi 2023 မရဏပန်း IMDb – 8.9/10 ဆရာဝန်တွေကိုပဲ ရွေးချယ်ပြီး သတ်နေတဲ့ လူတစ်ယောက်၊ သူဟာ လူသတ်ပြီးသွားရင်လည်း ပန်းလေးတစ်ပွင့်ကို သူသတ်ပါတယ်ဆိုတဲ့အနေနဲ့ အမြဲချန်ထားခဲ့တဲ့ လူသတ်သမား၊ ဆရာဝန်တွေကို သတ်တဲ့အခါမှာလည်း သူ့ရဲ့ပုံစံထဲကနေ သတ်တယ်ဆိုပေမဲ့လို့ မတူညီတဲ့နည်းလမ်းတွေနဲ့သတ်တဲ့သူ။ ဒီ ဆိုက်ကိုပါ့သ်လူသတ်ကောင်ကို ဖမ်းဖို့ တာဝန်ပေးခဲ့ရတဲ့ ဘိုင်ရာ့ဗ်ဆိုတဲ့ အရာရှိနဲ့ ဆိုက်ကိုပါ့သ်လူသတ်ကောင်တို့ကြား ဉာဏ်ချင်းယှဉ်ပြိုင်ကြရင်း ကြားထဲကနေ ဆရာဝန်ဘယ်‌နှစ်ယောက်လောက် အသတ်ခံရပြီးမှ ဒီလူသတ်သမားကို ဖမ်းမိသွားမှာလဲ………. ဒီဆိုက်ကိုပါ့သ်လူသတ်ကောင်ကရော ဘာလို့ ဆရာဝန်တွေကိုမှ ရွေးသတ်နေရတာလဲ …… ဘိုင်ရာ့ဗ်ကရော ဒီအမှုကို ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာကို လျှို့ဝှက်ဆန်ဆန်နဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023
Marichi
The Water Flows to the Sea
6.3

၂၀၂၃ ဇွန်လ ၉ ရက်ကထွက်ရှိထားတဲ့ဂျပန် Romance ရုပ်ရှင်ဟာ မမနဲ့မောင်လေးကြားက အချစ်ဇာတ်လမ်းဖြစ်ပြီး Mizu wa Umi ni Mukatte Nagareru ဆိုတဲ့ Manga စီးရီးကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာ အိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေး အိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာ ဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကို အရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာ တကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့ အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေ မသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။ သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ် နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့ အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။ သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကို ချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်က အကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့ နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလား ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.53GB / 1.05GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.3 2023
The Water Flows to the Sea
Christmas Eve in Miller’s Point
5.4

Christmas Eve in Miller’s Point (2024) IMDb Rating (5.4) / Rotten Tomatoes (78%) သိပ်မကြာခင်မှာ ခရစ္စမတ်ကို ရောက်တော့မှာဆိုတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ ခရစ္စမတ်အကြိုနေ့မှာ အီတလီအမေရိကန်မိသားစုတစ်စုက မိသားစုစုံညီစွာ ကျင်းပဖို့ ကျေးလက်ဒေသလေးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒီအိမ်လေးကို ရောင်းချတော့မှာဖြစ်လို့ ဒီနေရာမှာ မိသားစုစုံညီစွာ ခရစ္စမတ်အကြိုကို ကျင်းပတာနောက်ဆုံးမို့ ဝမ်းနည်းဝမ်းသာ ကြည်နူးစရာမိသားစုပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်လေးထဲမှာ မိသားစုတွေ အတူတူဆုံစည်းစားသောက်ကြတာတွေ၊ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံတွေ၊ ဆယ်ကျော်သက်တွေရဲ့ မိဘနဲ့ ကတောက်ကဆဖြစ်မှုလေးတွေ၊ ခရစ္စမတ်လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြပုံတွေကို ကြည်နူးစွာ မြင်တွေ့ရမှာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ညလေးမှာ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ကိုယ်တိုင် ဒီမိသားစုထဲကို ရောက်ရှိသွားသလို ခံစားရပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမှာဖြစ်လို့ ခရစ္စမတ်ကာလလေးမှာ ဒီကားလေးကို မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:47:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

5.4 2024 107 mins
Christmas Eve in Miller’s Point
Cold Road
5

ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီး မင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင် ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်း အကြောင်းကို ကြည့်ရှုရမှာပါ။ ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ ယောက်ျားဖြစ်သူက အလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူ လေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင် ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီး မွေးရပ်မြေကို ပြန်ရဖို့ဖြစ်လာပါတယ်။ ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော် အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးက ထူးဆန်းတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ ဒီလိုနဲ့ လမ်းမှာ‌နှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်က လိုက်သတ်တာကို ကြုံတွေ့ရပါတော့တယ်။ ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား… သူ့အမေရဲ့ အသက်ကိုရော မီနိုင်မှာလား…ဘယ်လိုနည်းတွေသုံးပြီး လူသတ်သမားကို ရင်ဆိုင်မှာလဲ…ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကို ထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။ File size… (1.38GB) / (800MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Drama
5 2023 100 mins
Cold Road
Algrafi

Algrafi (2024) လုပ်ငန်းရှင် အဘိုးကြီးတစ်ယောက်ရှိတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကို သိပ်ကြိုက်တဲ့အဘိုးကြီးပေါ့။ သူက အရာရာကိုဇာတာခွင်နဲ့ တွက်ချက်လုပ်တယ်။ သူ့လုပ်ငန်းအောင်မြင်အောင် သူ့မြေးကို ဇာတာခွင်အံကိုက်တဲ့ မိန်းကလေးနဲ့လက်ထပ်ပေးရမယ်လို့ သူကမြင်တယ်။ ဒီတော့ သူက သူ့မြေးကို အတင်းလက်ထပ်ခိုင်းတယ်။ ကောင်မလေး မိသားစုဘက်ကိုလည်းစည်းရုံးပြီးနားချတယ်။ မိဘတွေသဘောတူပေမဲ့ ကလေးတွေက မကြိုက်ကြတော့ ကလေး၂ယောက်ပေါင်းပြီး လက်ထပ်ပွဲကို ဖျက်ဖို့ အကွက်ပေါင်းစုံဆင်ကြတာပေါ့။ နောက်ပိုင်းမှာ သူတို့ရည်ရွယ်ချက်က အောင်မြင်လာကာမှ သူတို့တကယ်ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမယ့် အင်ဒိုးနီးရှား အချစ်ဟာသကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:52:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Adventure • Science Fiction
0 2024 111 mins
Algrafi