YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Female.Inquisitor.1987.1080p.BluRay.x264.AAC(DS).mp4

1.45 GB N/A video/mp4 2133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Prophet
7.6

~ IMDb - 7.8/10, RT - 96%, Meta - 90% ~ A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ထောင်ထဲမှာ သူ့ဘ၀ ၆ နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ဂလယ်အူကြောင် မလိခ်တစ်ယောက် ထောင်တွင်းမှာ နှစ်ဂိုဏ်းကွဲနေတဲ့ ကော်စီကန်လူမျိုးအဖွဲ့နဲ့ မူစလင်လူမျိုးအဖွဲ့ နှစ်ဖွဲ့ကြားမှာ ပဲလှော်ကြားဆားညပ် ဖြစ်ရတဲ့အခြေအနေကို ရောက်ကိန်းဆိုက်နေပါပြီ။ ဒီလိုနဲ့ ကော်စီကန်အဖွဲ့ခေါင်းဆောင် လူရှန်နီဟာ မလိခ်ကို ထောင်တွင်းမှာ လူသတ်မှုတစ်ခုအတွက် စေခိုင်းရာကနေ မလိခ်ရဲ့ဘ၀က တဖြည်းဖြည်း ပြောင်းလဲလာပုံကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။ မလိခ်တစ်ယောက် ကော်စီကန်တွေ ဘက်ပဲ ပါသွားမလား၊ မူစလင်တွေဘက်ပဲ ပါသွားမလား... ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီနှစ်ဖွဲ့ကြားထဲမှာ မလိခ် အသက်ရှင်ကျန်ရစ်ရအောင် ဘယ်လိုတွေ ဉာဏ်နီဉာဏ်နက်သုံးပြီး ကစားသွားမလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထောင်တွင်းဇာတ်ကားဖြစ်တဲ့အတွက် အသုံးအနှုန်းကြမ်းကြမ်းတွေ သတ်ဖြတ်ခန်းတွေ ပါမှာတော့ ပြောဖို့လိုတော့မယ် မထင်ပါဘူး။ (ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ဒါရိုက်တာဟာ အပြစ်သားဟောင်းတချို့ကို အကြံပေးတွေ ဖြတ်လျှောက်တွေအနေနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒီဇာတ်ကားမရိုက်ကူးမီမှာ သူဟာ ပြင်သစ်မှာ အကျဥ်းသားတွေအတွက် ဇာတ်ကားပြသခဲ့ပြီး အကျဥ်းထောင်တွင်းအခြေအနေတွေကို မြင်တွေ့လိုက်ရတော့ အတော်လေးတုန်လှုပ်သွားခဲ့ပါတယ်။ အဲဒီမှာ သူဟာ ဒီဇာတ်ကားကို ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်) ( * ပြင်သစ်စကားပြောကနေမှ အင်္ဂလိပ်ဘာသာကို မြန်မာလို ပြန်ဆိုထားတာဖြစ်တဲ့အတွက် တချို့နေရာလေးတွေမှာ ဘာသာပြန် ချို့ယွင်းချက်လေးအနည်းငယ်ရှိနိုင်ပါတယ် * ) (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1.4GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.8/10 Format - mp4 Duration - 2H 35Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Drama
7.6 2009 155 mins
A Prophet
I Dream of a Psychopomp

I Dream of a Psychopomp (2021) ဆန်းဆန်းပြားပြား ထူးထူးခြားခြား သဘာဝလွန်ကားတွေကို ငံ့ငံ့လင့်လင့် ဖြစ်နေတဲ့လူတွေအတွက် ချာချာလည်အောင် မူးဝေဝေဖြစ်သွားမယ့် ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းကတော့ ရိုးရိုးကုတ်ကုတ်လင်မယားလေး တစ်တွဲရှိပါတယ်။ စစဖွင့်ချင်းမှာပဲ ဓာတ်တိုင်ကိုကားနဲ့တိုက်မိပြီး မိန်းမက လျောလျောရှုရှု ပွဲချင်းပြီး သေသွားပါတယ်။ သေပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ခနော်နီခနော်နဲ့ ဖြစ်သွားတဲ့ ယောက်ျားဟာ တမလွန်ဘက်ကို မြင်လာနိုင်သွားပါတယ်။ ဒီလိုနဲ့ နောက်ဘဝ နောက်တစ်ဘုံ မကူးနိုင်တဲ့ သူ့မိန်းမကို ကူညီဖို့ အကြောင်းဖန်လာတယ်။ ဒီတစ်ချိန်တည်းမှာပဲ ဒီလိုမြင်ရတာ သူတစ်ဦးတည်းထီးထီးမဟုတ်ဘဲ ကျန်တဲ့သူတွေလည်းရှိပါသေးတယ်။ အဲဒီလူတွေကိုပါ ဇာတ်လမ်းမှာထည့်ပြီး ပီပီသသပုံဖော်သွားပါတယ်။ ဒီဇာတ်လမ်းနဲ့အပြိုင်ပဲ မသေနိုင်တဲ့ လူတစ်ယောက်နဲ့ သေခါနီးကလေးမလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို လှလှပပသွတ်သွင်းထားပါတယ်။ သေချင်နေတဲ့မသေမျိုးရယ် မသေချင်နေတဲ့သေခါနီးကလေးမရယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ရလေအောင် ကြံကြံဖန်ဖန် အစီအစဉ်တစ်ခုကို လုပ်ကြပါတယ်။ ဒီရုပ်ရှင်ဟာ ဒီလိုထူးခြားဆန်းပြား ဇာတ်လမ်းတွေကို ယှက်ဖောက်သီကုံးထားတဲ့ သဘာဝလွန် ရုပ်ရှင်မျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 690MB Quality – 1080p, 720p Format – mp4 Duration – 1H 20Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Horror • Mystery • Thriller
0 2021
I Dream of a Psychopomp
Spirit Doll
5.7

Spirit Doll (2023) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် “မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ~ KKKZ တို့ဖြစ်ပါတယ်

5.7 2023
Spirit Doll
Boxing Champion Mother
5.8

ဒီဇာတ်လမ်းလေးကတော့ မိသားစုအတွက် နဲ့ မဆုတ်မနစ်ကြိုးစားတဲ့ မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်ကိုဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ… ရှောက်ရှောက်က နေ့တိုင်းပန်းပို့ရင်း အလုပ်ကြိုးစားနေပြီး မိ သားစုကိုထောက်ပံ့နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ…. အသက်ကြီးနေတဲ့ ယောက္ခမ အရက်သမားယောက်ျားနဲ့ စကားပြောမှုမဖွံ့ဖြိုးတဲ့ကလေး ကိုကျွေးမွေးစောင့်ရှောက်နေရသူ မိန်းကလေးတစ်ယောက်အနေနဲ့ အများကြီး ပင်ပန်းဆင်းရဲရပါတယ်… တစ်နေ့မှာ ဘဝရဲ့အချိုးအကွေ့တစ်ခုလို့ခေါ်လို့ရတဲ့အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့တယ်…. ရိုက်ကွင်းတစ်ခုကို ပန်းလိုက်ပို့ရင်း ပြသာနာ​တွေဖြစ်ခဲ့ပေမယ့် အရန် ဇာတ်ကောင်နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ ဒါရိုက်တာရဲ့တောင်းဆိုခြင်းခံခဲ့ရတယ်… ဒါရိုက်တာရဲ့သဘောကျခြင်းခံရပြီး နောက်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ‘လက်ဝှေ့ ချန်ပီယံ မေမေ ‘ ဇာတ်လမ်း လူရွေးပွဲ ပြိုင်ဖို့အကြံပေးခံခဲ့ရတယ်… အခက်အခဲ အမျိုးမျိုးကြုံတွေရတဲ့ သူ့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းအတွက် ဝင်ပြိုင် ဆုံးဖြတ်ပြီးနောက် ဘာတွေဆက်ဖြစ်နိုင်မလဲ…. ဘယ်လို အခက်အခဲတွေ ထပ်စောင့်နေဦးမှာလဲ…. အဆင်ပြေလာဖို့ မျှော်လင့်ချက်လေးကရောပြည့်ဝလာနိုင်မှာလားဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်….

Comedy • Action
5.8 2022
Boxing Champion Mother
The Homesman
6.6

The Homesman (2014) ~ IMDb – 6.6/10, RT – 81%, Meta – 68% ~ ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။ Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။ ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့‌ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ ‌အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။ မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။ ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း ‌သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစဉ်မဲ့ ကိုယ်စီရူးသွပ်မှုနဲ့ လူ ၂ ယောက်။ ရုပ်ရှင်နာမည်အရတော့ ယောက်ျားတစ်ယောက်အကြောင်းလို့ထင်ရက်စရာရှိပေမဲ့ ဒါက အမျိုးသမီးတွေကို ဦးတည်ထားတာပဲ။ Tommy Lee Jones က အဓိကဇာတ်ဆောင်အနေနဲ့ ပါတယ်ဆိုရင်တောင် Hilary Swank နဲ့ယှဉ်လိုက်ရင် Sidekick တယောက်လိုဖြစ်သွားတယ်။ Western ရုပ်ရှင်တွေမှာ ဒီလို အမျိုးသမီးဇာတ်ကောင်ကို တည်ရိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ။ ‌အဲဒီခေတ်ရဲ့ ကောင်းဘွိုင်ကြီးတွေကြားက အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်ဆိုရင် ပိုလို့တောင်ရှားသေးတယ်။ ဒီရုပ်ရှင်က သာမန် Western Genre ကနေကွဲထွက်ပြီး အမျိုးသမီးတွေရဲ့ ရပ်တည်နိုင်စွမ်းကိုအဓိကထားထားတယ်။ ဇာတ်ကောင်တွေကို အသေးစိတ် ဒါကြောင့် ဒီလိုဖြစ်တာလို့မပြောခဲ့ဘဲ အရိပ်အမြွက်လေးတွေပြရင်း သူက ဒါတွေကြုံခဲ့လို့ပါလား လို့ သွယ်ဝိုက်ပြောပြတာမျိုးပဲ။ အသံပိုင်းကိုတော့ သိပ်အားမရတဲ့အခါတွေရှိပေမဲ့ ဇာတ်လမ်း ၂ နာရီအတွင်းမှာ Cinematography ကောင်းကောင်းလေးကို အဝကြည့်ရတာနဲ့တင် ကြည့်ပျော်ပါတယ်။ ဇာတ်သိမ်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်လေးတစ်ခုပေးပါလိမ့်မယ်။ အရူး ၃ ယောက်ကစတဲ့ဇာတ်လမ်းဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့လည်း တမျိုးစီ ရူးနေကြတာပဲမဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 2Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.6 2014
The Homesman
Garuda Purana
7

Garuda Purana (2023) “လွန်လေပြီးသောအခါ…” လတ်တလောမှာ ဆက်တိုက်ဆိုသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါအိန္ဒိယမှုခင်းရုပ်ရှင်တွေထွက်ရှိလာတာမို့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကန်နာဒါလူငယ်ဒါရိုက်တာ Manjunath B Nagbaကိုယ်တိုင် ရေးသားရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ မိန်းမငယ်လေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားသတ်ဖြတ်ခံရပြီး အလောင်းတွေကို လူသူမနီးတဲ့ဆီမှာ အိတ်တစ်လုံးနဲ့ ပစ်ထားခဲ့ခြင်းခံရပါတယ်။ ရဲတပ်ဖွဲ့က ကွင်းဆက်လူသတ်မှုလို့ကောက်ချက်ချပြီး တရားခံကိုဖမ်းဖို့ကြိုးစားပေမဲ့လည်း ကောက်ရိုးပုံမှာအပ်ရှာနေရသလို ဘာသဲလွန်စမှမရသေးဖြစ်နေခဲ့။ တစ်ဖက်မှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယောကျ်ားလေးသူငယ်ချင်းသုံးယောက်က မိန်းကလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးပြီးမှ အဲဒီမိန်းကလေးကလည်း ကွင်းဆက်လူသတ်မှုတွေမှာ သေဆုံးခဲ့ရတဲ့ မိန်းကလေးတွေလို သေဆုံးသွားခဲ့ချိန်မှာတော့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7 2023 139 mins
Garuda Purana
Penduko
6

ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင် ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကို မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့ စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။ Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ် တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင် လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့ အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီး အောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊ မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Comedy
6 2023
Penduko
A Body That Works (aka) Rispet

နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး… လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ… နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ… တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ? အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay zaw

0 2023 106 mins
A Body That Works (aka) Rispet
Technoboys

ဇာတ်လမ်းအကျဉ်းကတော့ 1990 ဝန်းကျင်လောက်က နာမည်ကြီးခဲ့တဲ့ Technoboys ဆိုတဲ့ မက္ကဆီကိုယောက်ျားလေးအဆိုတော်အဖွဲ့ဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင် Allan ရဲ့ Melenaဆိုတဲ့ အဆိုတော်ကောင်မ‌လေးနဲ့ အချစ်ရေးပြဿနာကြောင့် ချက်ချင်းနာမည်ပျက်ခဲ့ရပြီး Technoboys လည်း ပျက်သွားခဲ့ရပါတယ်။ နှစ်နှစ်ဆယ်‌ကြာပြီးနောက် Technoboys နာမည်ဟာ Loyalty Free ဖြစ်လာပြီးနောက် Allan နဲ့ သူ့ရဲ့ Manager အသစ်ဖြစ်တဲ့ George တို့က Copyright ကို ဝယ်ယူလိုက်ပြီး Technoboys ကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းကြပုံတွေကို ဟာသဆန်ဆန်ကြရမယ့် မက္ကဆီကို Dark Comedy ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာ Politic တွေ LGBTQ တွေကို ဒဲ့ Shade တာတွေပါတွေ့ရမှာဖြစ်ပြီး နာမည်ကြီးအောင်မြင်နေတဲ့သူတွေရဲ့နောက်ကွယ်က ဆိုးဝါးတဲ့ ဖြစ်ရပ်မှန်တွေကိုပါတွေ့ရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3 ထိရထားတဲ့ Latino ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre… Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

0 2024 109 mins
Technoboys
Scooby-Doo! Shaggy’s Showdown
6.6

ဒီဇာတ်ကားမှာတော့ အားလုံးရဲ့ဇာတ်လိုက်ကျော်ကြီး ရှက်ဂီတစ်ယောက် အွန်လိုင်းပေါ်ကနေ သူ့ရဲ့ဝမ်းကွဲညီမဆိုသူနဲ့ ဆက်သွယ်မိပြီး သူကတဆင့် ဆိုဂန်ဆိုတဲ့ ကောင်းဘွိုင်မြို့လေးတစ်မြို့ကို Mystery Incအဖွဲ့နဲ့တူတူ အလည်အပတ် ရောက်သွားခဲ့ပါတယ်။ ဆိုဂန်မြို့က ခရီးသွားလုပ်ငန်းနဲ့ လည်ပတ်နေတဲ့ မြို့လေးပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီမြို့လေးမှာ ဒက်ပါဂျက်ဆိုတဲ့ တောပုန်းဓါးပြကောင်းဘွိုင် သရဲကြီးတစ်ကောင်က ‌ခြောက်လှန့်နေတာကြောင့် လာလည်ရဲသူ မရှိတော့ဘဲ တစ်မြို့လုံးနီးပါး ခြောက်ကပ်နေပါတော့တယ်။ အဲဒီသရဲကြီး ဒက်ပါဂျက်ဆိုတာ တခြားသူ မဟုတ်ဘဲ ရှက်ဂီရဲ့ ဘိုးဘေးအရင်းကြီး ဖြစ်နေတာပါ။ သရဲတစ္ဆေဆိုရင် အသံ‌တောင်ကြားလို့မရတဲ့ မဟာသတ္တိခဲ ရှက်ဂီတစ်ယောက် သူ့ဘိုးအေရဲ့ ဝိညာဉ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ။ အဲဒီသရဲကြီး ခြောက်လှန့်နေတဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ စကူဘီဒူး ထုံးစံအတိုင်း အလွဲတွေ တပြုံတမကြီးနဲ့ ကြည့်ရှုရမှာပါ။ File Size : 1.4 GB, 659 MB Quality : WEB-DL 1080p / 720p Running Time : 1hr 19min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Horror
6.6 2017 80 mins
Scooby-Doo! Shaggy’s Showdown
Scooby-Doo! in Where’s My Mummy?
6.6

အီဂျစ်က ပြန်လည်ထူထောင်ရေးစခန်းမှာ မထင်မှတ်ထားဘဲ ဘုရင်မကလီယိုပတ်ထရာရဲ့ ရှေးဟောင်းလိုဏ်ဂူကို ‌တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ထူးဆန်းထွေလာဖြေရှင်းကြတဲ့ စကူဘီတို့ဟာလည်း အခင်းဖြစ်ရာနေရာကို တစ်လက်စတည်း ရောက်ရှိသွားကြပါတော့တယ် ကျိန်စာတွေအထပ်ထပ်ခတ်ပြီး ထောင်ချောက်တွေနဲ့ စနစ်တကျစီမံထားတဲ့မသေမျိုးမံမီစစ်သည်တွေရှိနေတဲ့ဂူထဲမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေဖြစ်နေတာလဲ အဲဒီဖြစ်ရပ်ဆန်းတွေကို စကူဘီတို့အုပ်စု ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ movie တစ်ခုပဲဖြစ်ပါတယ် File Size : 1.8 GB, 868 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : SO Encode by : Thit San Khant

Comedy • Drama
6.6 2005 75 mins
Scooby-Doo! in Where’s My Mummy?
Operation Blood Hunt
5

အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Action/Horror အမျိုးအစားရုပ်ရှင်ကားလေးဖြစ်ပါတယ်. ဒီကားလေးမှာဆိုရင် မသေမျိုးအဖြစ်ပြောင်းသွားတဲ့ ဘုန်းတော်ကြီး တစ်ပါးနှင့် လက်မရွံ့အဖွဲ့တို့ဟာ ကျွန်းတစ်ကျွန်းပေါ်မှာ ပျောက်သွားတဲ့ စစ်သားများကို လိုက်လံရှာဖွေရ‌တဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်.. အကြောင်းကြောင်းကြောင့် မသေမျိုးဖြစ်သွားတဲ့ ဘုန်းတော်ကြီး တစ်ပါးဟာ ဇာတ်မြှုပ်ရင်း နေထိုင်နေစဉ်မှာ စစ်ဗိုလ်နှစ်ယောက် ရောက်ရှိလာပြီး အပေးအယူလုပ်ကာ အသေခံစစ်ဆင်ရေး လုပ်ရမယ့် ကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်.. သို့သော်လည်း ၎င်းနှင့်အတူပါလာတဲ့ အဖွဲ့သားများဟာ တကယ့်စစ်ဆင်ရေးရဲ့ သရုပ်သကန်အမှန်ကို မသိထားဘဲ စစ်သားပျောက်ရှာဖွေရေး‌အနေနဲ့သာ သိရှိခဲ့ပါတယ်.. ရွာတစ်ရွာအရောက် စစ်သားများအကြောင်း စုံစမ်းမေးမြန်းရာ အနီးအနားရှိ အမေရိကန်စစ်စခန်းတစ်ခုရှိကြောင်း သိရ၍ သွားရောက်ကြတဲ့အခါမှာတော့ ရုပ်ပျက်ဆင်းပျက် အလောင်းများကို နေရာအနှံ့တွေ့ရပြီး တိုက်ပွဲဒဏ်ရာမဟုတ်မှန်း သတိထားမိကာ ထိတ်လန့်ကြရပါတော့တယ်.. ထိုသို့ ထိတ်လန့်ခြင်းနဲ့အတူ ရှိနေကြစဉ်မှာပဲ သွေးစုပ်ဖုတ်ကောင်များ ရုတ်တရက် ပေါ်ပေါက်လာချိန်မှာတော့ ဘုန်းတော်ကြီးနှင့် အဖွဲ့သားတို့ အသက်ဘေးအန္တရာယ်ရှိလာပါတော့တယ်.. ထိုအသက်ဘေးကို လက်မရွံ့အဖွဲ့သားများ လွတ်မြောက်နိုင်ကြမလား… သေချင်နေတဲ့ မသေမျိုးဘုန်းတော်ကြီးရော ဆန္ဒပြည့်သွားမလား…. အသက်နဲ့ခန္ဓာကို သွေးစုပ်ဖုတ်ကောင်တို့လက်ထဲပဲ ဝကွက်အပ်လိုက် ရသလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း အဖြေရှာ ကြည့်ကြစေချင်ပါတယ်… ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက် သေနတ်ပစ်ခန်းများ ပါရှိသလို သည်းထိတ်ရင်ဖိုရုန်းရင်းဆန်ခတ် သွေးစုပ်ဖုတ်ကောင်များနှင့် နပန်းလုံးကြတဲ့အခန်းများ ပါရှိတဲ့အတွက် ပရိသတ်များ မြည်းစမ်း ကြည့်နိုင်ကြဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.31 GB) / (787 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Crime • Thriller • Drama
5 2024 94 mins
Operation Blood Hunt
The Dinner Game

ဒီကားကတော့ ပြင်သစ်ကားလေးပါ ဒါပေမယ့် relaxဖြစ်ပြီး ဟာသကားကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုကြည့်ဗျာ။ ဇာတ်လမ်းကတော့ ဘရိုချန့်ဆိုတဲ့လူဟာ ချမ်းသာတဲ့ကောင်။ သူတို့တွေက အချင်းချင်းစုပြီး ငကြောင်တယောက်ဆီကို ခေါ်ခေါ်ပြီး လှောင်ကြတယ်ဗျာ။ ဖြစ်ချင်တော့ အဲ့နေ့ကျမှာပဲ မစ္စတာဘရိုချန့်မှာ ခါးကနာ၊ အဲ့ကြားထဲမှာပဲ ဟိုင‌ေကြာင်ကရောက်ချလာရော။ အဲ့တော့ ဘရိုချန့်တယောက် ဘယ်လိုသူ့လူနဲ့ နှစ်ပါးသွားမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ နည်းနည်းလေးလွဲတာတောင်မဟုတ်ပဲ အကြီးကြီးတွေလွဲတာကို ထိုင်ကြည့်ရမှာပါ။ File size…(1.4 GB)/(749 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phyu Thwe Zaw

Drama • Thriller
0 1998
The Dinner Game