YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Fearless.Love.2022.NF.WEB-DL.720P.H264.DDP5.1.CM.mp4

897.82 MB N/A video/mp4 810 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aftermath
6.3

Aftermath (2021) အခု မိတ်ဆက်ပေးမယ့် Aftermath ဆိုတဲ့ ဇာတ်ကားကတော့ 2021 တုန်းက Netflix ကနေ ထွက်ရှိထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ X-Men ရုပ်ရှင်တွေထဲမှာပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ရှောန်အက်ရှ်မောနဲ့ Twilight Saga ထဲမှာ ဇာတ်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီး အက်ရှ်လေဂရင်းန်ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ကားကတော့ နာတာလီနဲ့ ကယ်ဗင်ဆိုသူက သူတို့နှစ်ယောက်ရဲ့ ပထမအိမ်ထောင်ပျက်သွားကြပြီးတော့ နှစ်ယောက်သားနောက်အိမ်ထောင်သစ်ကို ထူထောင်ပြီး အတိတ်ဆိုးတွေကို မေ့နိုင်ဖို့အတွက် ကယ်ဗင်က အရင်အိမ်မှာမနေတော့ဘဲ နှစ်ယောက်သားအိမ်ပြောင်းဖို့ကို အကြံပေးရာက‌နေ စပါတယ်။ ဖြစ်ချင်တော့ မှုခင်းအိမ်တွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ကယ်ဗင်က သူရှင်းခဲ့ပေးတဲ့ လူသတ်မှုဖြစ်ခဲ့တဲ့ အိမ်ဖြစ်နေပါတယ်။ သူကလည်း စျေးတန်တန်လေးနဲ့ရမယ်ဆိုပြီး နာတာလီကို အတင်းဝယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ တကယ့်တကယ် ဇာတ်လမ်းကတော့ သူတို့နှစ်ယောက် အဲဒီအိမ်သစ်ကို ပြောင်းပြီးရာကနေစပြီးတော့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက် အိမ်သစ်ကိုပြောင်းသွားပြီးနောက်ပိုင်း ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားရမလဲဆိုတာကတော့ ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါ။ ဒီကားကို Horror ဆိုတဲ့ Genre မှာထည့်ထားပေမယ့်လည်း တကယ်တော့ Horror နည်းနည်းပဲပါပြီး Thrilling ပိုဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် လင်မယားနှစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ပြဿနာကို ဖော်ပြရိုက်ကူးပေးထားတဲ့ဇာတ်လမ်းဖြစ်လို့ ဆင်ခြင်စရာ သုတ၊ ကိုယ့်မိတ်ဆွေ အဖော်မွန်နဲ့အတူ မျှဝေခံစားလို့ရမယ့် ရသကောင်းကိုပါပေးစွမ်းနိုင်မယ့် Netflix ကထုတ်လုပ်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 575MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 54Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Animation • Family • Fantasy • Romance
6.3 2021 114 mins
Aftermath
Infiesto
6

စပိန်နိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းသတ်မှတ်ကာလကို စပိန်အစိုးရကြေညာဖို့စီစဉ်နေပါတယ်။ ဒီသတင်းထုတ်ပြန်နေချိန်မှာပဲစပိန်နိုင်ငံရဲ့ တစ်‌နေရာမှာ ပြန်ပေးဆွဲခံထားတဲ့ကလေးတစ်ယောက်ဟာ လွတ်မြောက်လာခဲ့ပြီးဆေးရုံကိုရောက်နေပါတယ်။ ကလေးအခြေအနေဟာ အတော်ဆိုးနေပြီး ညှင်းပန်းနှိပ်စက်တဲ့ဒဏ်တွေကြောင့်စကားမပြောနိုင်ဘဲစိတ်ရောဂါပါ ရသွားပါတယ်။ အင်စပတ်တာ ဆမ်မူရယ်နဲ့လက်ထောက်စုံထောက်ကတ်စတိုတို့နှစ်ယောက်ဟာ ဒီအမှုကိုလိုက်လံစုံစမ်းပေမယ့်တရားခံကိုရှာတွေဖို့ခက်ခဲနေပါတယ်။ ဒီအမှုက လွန်ခဲ့တဲ့နှစ်တွေကဖြစ်ခဲ့တဲ့ပြန်ပေးဆွဲကွင်းဆက်လူသတ်မှုတွေနဲ့ပက်သက်နေပြီး နောက်ထပ်ကျုးလွန်နိုင်တဲ့လက္ခဏာတွေလည်းတွေ့ရတဲ့အတွက် ဆမ်မူရယ်တို့ တရားခံကိုအသည်းအသန်လိုက်ဖမ်းပါတော့တယ်။ ဆမ်မူရယ်တို့ရဲတပ်ဖွဲ့က တရားခံကိုဖမ်းနိုင်မလား တရားခံကလည်းနောက်လူသတ်မှုတွေကျူးလွန်နိုင်မလားဆိုတာ File Size :(3.5GB) (625 MB) and (268 MB) Quality : WEB-DL 1080P5.1Ch,  720p Format…mp4 Duration…01:36:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Crime • Drama • Thriller
6 2023 96 mins
Infiesto
Incredibles 2
7.5

ပါးမိသားစုဝင်တွေဖြစ်တဲ့ ဘော့ဘ်၊ ဟယ်လန်၊ ဒက်ရှ်၊ ဗိုင်အိုလက်နဲ့ ဂျက်ဂျက်တို့ဟာ သူတို့ရဲ့ စူပါဟီးရိုးဝိသေသ The Incredibles အဖြစ်နဲ့ ဆက်ပြီးရှိ နေခဲ့ပါတယ်။ မက်ထရီဗစ်လီ ဘဏ်ဓားပြတိုက်မှုကို မကာကွယ်နိုင်တဲ့နောက်မှာတော့ အာဏာ ပိုင်တွေဟာ စူပါဟီးရိုးတွေအပေါ် ယုံကြည်မှုတွေ နည်းပါးလာတာ မို့ ကမ္ဘာအနှံ့မှာရှိနေတဲ့ စူပါဟီး ရိုးတွေဟာ မထင်မရှားနေခဲ့ရပါ တယ်။ တစ်ရက်မှာတော့ ဘော့ဘ်၊ ဟယ်လန်နဲ့ သူတို့ရဲ့ မိတ်ဆွေ လူစီရက်စ်ဘက်စ် (စူပါဟီးရိုး Forzone) ဆီကို စူပါဟီးရိုးတွေ ကို သဘောကျတဲ့ ဆက်သွယ်ရေး လုပ်ငန်းရှင်၊ DEVTECH ပိုင်ရှင် ဝင်စတန်ဒီဗာက ဆက်သွယ်လာ ခဲ့ပါတယ်။ စူပါတွေ လူထုရဲ့ အားပေးမှုပြန်ရအောင်လို့ စတန့် အစီအစဉ်တွေပါဝင်ဖို့ ကမ်းလှမ်း တာလည်း ဖြစ်ပါတယ်။ အဲဒါနဲ့ ဟယ်လန်ဟာ Elastigirl ဆိုတဲ့ စူပါဟီးရိုးနာမည် ဟောင်းနဲ့ပဲ ပါဝင်ဖို့ လက်ခံခဲ့ပါ တယ်။ ဝင်စတန်က ပါးမိသားစု အိမ်သစ်အထောက်ပံ့ပေးခဲ့ပြီး ဟယ်လန်စတန့်အစီအစဉ်အ တွက် သွားနေရင် အိမ်မှာကလေး တွေ ကြည့်ဖို့တာဝန်ကို ဘော့ဘ် က ယူခဲ့ရပါတယ်။ ကလေးတွေနဲ့ နေရင်း ဘော့ဘ်ဟာ အငယ်ဆုံးလေးဂျက် ဂျက်ဆီမှာ စူပါပါဝါမျိုးစုံရှိနေ တယ်ဆိုတာ သတိထားမိခဲ့ပါ တယ်။ ဘော့ဘ်ဟာ ဂျက်ဂျက်ကို စူပါဟီးရိုးအဝတ်အစားဒီဇိုင်နာ အက်ဒ်နာဆီ ခေါ်သွားခဲ့ပြီး ဂျက် ဂျက်ရဲ့ အစွမ်းတွေကို ကြည့်ရှုစေ ခဲ့ပါတယ်။ ဟယ်လန်ဟာ ဝင်စတန်ရဲ့ စူပါစတန့်အစီအစဉ်မှာ ပါဝင်နေ ရင်း မသင်္ကာစရာအခြေအနေ တစ်ခုကို သတိထားမိခဲ့ပါတယ်။ စူပါဟီးရိုးတွေကို အသုံးချပြီး ပြည်သူတွေကို အယူအဆလွဲမှား အောင် လုပ်နေတာမို့ လူထုကို သတိပေးဖို့ လုပ်နေတုန်း ဝင် စတန်ရဲ့ ညီမဖြစ်တဲ့ အီဗလင်းက ဟယ်လန်ကို ဒုက္ခပေးသလို ဘော့ဘ်နဲ့ လူစီရက်စ်တို့ကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပါ တော့တယ်။ အဲဒါနဲ့ အက်ရှ်၊ ဗိုင်အိုလက် နဲ့ ဂျက်ဂျက်တို့ မောင်နှမသုံး ယောက်ကို အက်ဒ်နာက စူပါဟီး ရိုးဝတ်စုံတွေ စီစဉ်ပေးခဲ့ပြီး သူတို့ အဖေနဲ့ အမေကို ကယ်တင်ဖို့ ဒက်ရှ်တို့တစ်တွေ ကြိုးပမ်းခဲ့ပါ တယ်။ စူပါဟီးရိုးပေါက်စသုံး ယောက်က သူ့မိဘတွေကို ဘယ် လိုနည်းလမ်းတွေနဲ့ ကယ်တင်မှာ လဲ၊ Incredibles မိသားစုအနေနဲ့ အီဗလင်းတို့ရဲ့ အဖျက်အမှောင့် အကြံအစည်ကို ဘယ်လိုတွေတုံ့ ပြန်မှာလဲ၊ စူပါဟီးရိုးတွေရဲ့ ဂုဏ် ပုဒ်ကို ပြန်အဖတ်ဆယ်နိုင်ပါ့ မလားဆိုတာတော့ ဆက်ကြည့် လိုက်ဦးနော်။ ကလေး၊ လူကြီး ပရိသတ် အရွယ်စုံသဘောကျမယ့် ဒီဇာတ် ကားလေးမှာ အသံသရုပ်ဆောင် ပေးထားသူတွေက ခရစ်ဂ်တီ နယ်လ်ဆင်၊ ဟိုလီဟန်တာ၊ ဆာ ရာဗောင်းဝဲလ်၊ ဟက်ခ်မစ်လ်နာ၊ ဆမ်မြူရယ်အယ်လ်ဂျက်ဆင်၊ ဘရတ်ဘတ်၊ ဘော့ဘ်အိုဒန်ကစ်၊ ကက်သရင်းကီနာ စသူတွေပဲ ဖြစ် ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (1.7 GB) Quality : Blu-Ray 1080p 5.1 CH x264 Running Time : 1h 58min Format : Mp4 Genre : Animation , Action , Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SECTOR7 Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Action • Drama
7.5 2018 118 mins
Incredibles 2
Mrs. Harris Goes to Paris
7.2

ပြင်သစ်လို့ပြောလိုက်တာနဲ့ ဖက်ရှင်ဒီဇိုင်းတွေရဲ့ ဘုရင်ကြီးလို့ တင်စားရလောက်အောင်ကို ဖက်ရှင်တွေ အစုံအလင်ရှိတဲ့ မြို့ကြီးတစ်မြို့ဆိုတာ လူတိုင်းသိမှာပါ ဒီရုပ်ရှင်ကားလေးထဲ မှာတော့ လန်ဒန်မှာရှိတဲ့ သန့်ရှင်းရေးသမား မုဆိုးမကြီး ဟားရစ် ဟာ ပြင်သစ်ရဲ့ နာမည်ကြီး ဒီရော တံဆိပ် ဝတ်စုံကိုမှ လိုချင်တပ်မက်လွန်းလို့ ပြင်သစ်အထိ သွားဝယ်တဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ ဒီရောတံဆိပ် ရဲ့ ဝတ်စုံတွေဟာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲဆိုတာရယ် ကံဆိုးမှုတွေပြီးရင် ကံကောင်းတာတွေ လည်းရောက်လာနိုင်တယ်ဆိုတာရယ် လူတစ်ယောက်ဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မှတ်ချက်ပေးနိုင်လောက်အောင် လူ့ဘဝကြီးက မရိုးရှင်းဘူးဆိုတာရယ် အလုပ်သမားတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာရယ်ကို ဇာတ်အိမ် ကောင်းကောင်လေးနဲ့ လှလှပပ လေးရိုက်ပြသွားတာပါ ဘဝအမောတွေပြေစေဖို့နဲ့ ပြုံးစိစိ လေးကြည့်နိုင်ဖို့အတွက် အမြန်းဆုံးသာ ဒေါင်းပြီးကြည့်လိုက်ပါတော့လို့ပဲ တိုက်တွန်း ချင်ပါတော့တယ် File size…(2.18GB)/(1014MB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre…Drama / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama • Horror • Mystery • Thriller
7.2 2022
Mrs. Harris Goes to Paris
Taurus
4.8

Taurus (2022) =========== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.32 GB) / (506 MB) / (286 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Music Translator…….June Encoder……….SWM

Action • Drama • History
4.8 2022 98 mins
Taurus
Stake Land
6.4

“Stake land” ဒါမှမဟုတ် တံစို့ထိုးနယ်မြေပေါ့…။ ခေတ်ကာလအားဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရော၊ တိုင်းပြည်တွေရော၊ အစိုးရတွေပါမကျန် ဗမ်ပိုင်းယားတွေကြောင့် ပျက်သုဥ်းသွားခဲ့တဲ့အချိန်…။ ဒီသွေးစုပ်ဖုတ်ကောင်တွေ စပေါ်လာပြီးနောက်မှာ လူတွေဟာ ဘေးကင်းအောင်ဆိုပြီး အစုအဝေးနဲ့နေကြပါတယ်…။ သို့ပေမဲ့ ဗမ်ပိုင်းယားတွေကလည်း လူ့သွေးနံ့ကိုမိုင်နဲ့ချီအဝေးက နေရနိုင်တာမလို့ အစုအဖွဲ့နဲ့နေလေ ကိုယ်သေတွင်းကိုယ်တူးမိဖို့ ရာခိုင်နှုန်းများလေဆိုတဲ့အခြေအနေပါ…။ ဒီလိုကာလကြီးမှာ ဗမ်ပိုင်းယားတွေကို အံတုပြီး တိုက်ခိုက်နေတဲ့ သွေးစုပ်ဖုတ်ကောင်မုဆိုးကြီးနဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဧဒင်သစ်ဆိုတဲ့ လွတ်လပ်ရာနယ်မြေအသစ်ကိုချီတက်နေကြတာပါ။ ဒီနယ်မြေသစ်ကိုမရောက်မီ လမ်းမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ ဘယ်လိုဗမ်ပိုင်းယားတွေကြုံရမလဲ၊ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ… အသက်ရှင်အောင်ရုန်းကန်ခဲ့ကြတာတွေကို စီးမျှောကြည့်ရှုရင်း vimpire hunuter vibe မျိုး ၊ survival vibeမျိုးခံစားရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.58 GB / 800 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.4 2010
Stake Land
Animalia
5.8

IMDb 5.8 ရထားတဲ့ Sci-Fi/Fantasy ကားလေး Animalia ကတော့ အစ်တိုရဲ့ အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ အစ်တိုက ကိုယ်ဝန်ရှိနေတယ်။ သူ့ယောက်ျားနဲ့ယောက္ခမတွေက ခရီးထွက်သွားတယ်။ သူက‌တော့ လူ‌နေပါးတဲ့ မော်ရိုကို ကျေးရွာလေးမှာ တစ်ယောက်တည်းကျန်ခဲ့တယ်။ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် လူတွေအကုန် Panick ဖြစ်ပြီး အစ်တိုကလည်း သူ့ယောက်ျားနောက် လိုက်ပါတယ်။ ဒါပေမယ့်ခရီးလမ်းက ကြမ်းတမ်းပြီး ရင့်ကျက်ဖို့ သူ့ရဲ့အမြင်တွေ ယုံကြည်မှုတွေကို ပြောင်းလဲ‌စေခဲ့ပါတယ်။ သူ့ရဲ့ယုံကြည်မှုတွေက ဘာတွေလဲ။ ဘယ်လိုပြောင်းလဲစေလဲဆိုတာကိုတော့ ရုပ်ရှင်လေးကြည့်လိုက်ကြပါလို့.. Acting နဲ့ Cinematography ကောင်းပါတယ် File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB

Horror • Thriller
5.8 2023
Animalia
Bright
6.6

ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိ တစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။ တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့ အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့် တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင် David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… 4.3 GB / 1.6 GB / 810 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Crime / Drama/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Khin Pyae Sone Kyaw

Action • Drama
6.6 2017
Bright
Close Your Eyes
5.5

Close Your Eyes (2017) *********************** အခုတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားဟောင်းလေးကတော့ 2017 တုန်းက ထွက်ခဲ့တဲ့ Close Your Eyesဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ B1A4ရဲ့ အဖွဲ့ဝင်ဟောင်း ချာဆွန်းနူ(ဘာရို)နဲ့ Twinkling Watermelon ဇာတ်လမ်းတွဲထဲက မင်းသမီးလေး ဆောအင်နာတို့ပဲဖြစ်ပါတယ်။ ဂင်ဟျွန်းဝူဟာ ဈေးဝယ်စင်တာထဲမှာ သီချင်းဆိုဖျော်ဖြေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သူသီချင်းဆိုပြီးလို့ ခဏနားနေတဲ့အချိန် ယောက်ျားတစ်ယောက်က သူ့ဘေးနားလာပြီး အဲဒီလူရေးနေတဲ့ လူသတ်ဝတ္ထုအကြောင်းပြောပြလာပါတယ် .. ထိုအချိန်ကစပြီး ဂင်ဟျွန်းဝူနေထိုင်ရာ ရပ်ကွက်မှာလည်း ကွင်းဆက်လူသတ်မှုကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ ကိုယ်ကြားသိထားတဲ့ဝတ္ထုဇာတ်လမ်းထဲကအတိုင်း အပြင်မှာ လူသတ်မှုဖြစ်နေတဲ့အပြင် လူသတ်မှုရဲ့နစ်နာသူတွေကပါ ကိုယ့်အနီးနားကသူတွေဖြစ်နေတဲ့အခါ… ဂင်ဟျွန်းဝူတစ်ယောက် ဘာဆက်လုပ်မလဲ… လူသတ်သမားကရော ဘယ်သူဖြစ်မလဲဆိုတာကိုတော့ Close Your Eyes ကားလေးမှာ အဖြေရှာလိုက်ကြည့်ကြပါစို့နော် .. (အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်) File size…2.39GB / 860MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 24 min. Genre ….. Thriller, Mystery, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

5.5 2017 144 mins
Close Your Eyes
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Small Things Like These
7.2

Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန် သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ် Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီ မက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားက အမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့ အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေက ခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက် ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန် ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကို စောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့ စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့် နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။ နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါ ပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့ သူဖြစ်သလို သမီးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ မက်ဒလင်း ဂေဟာတွေကို ထင်းမီးသွေးသွားပို့ရင်းနဲ့ ကလေးမလေးတွေ မတရား ခံနေရတာကို မကြာခဏတွေ့ရတတ်တဲ့သူပါ။ ဒါပေမဲ့ အဲဒီခေတ်က မက်ဒလင်း သီလရှင်တွေနဲ့ ပြဿနာတက်မိရင် တစ်မြို့လုံးက အကျဉ် ခံရနိုင်သလို သူ့သမီးတွေလည်း ကျောင်းတက်ခွင့်တောင် မရမှာ စိတ်ပူ ရလို့ အစွမ်းကုန် ရေငုံနှုတ်ပိတ်နေရတဲ့သူလည်းဖြစ်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲကောင်းကြီးလို ဖိုက်တာကြီးလို ဇာတ်ရုပ် မဟုတ်ဘဲ ရိုးသားတဲ့ အိမ်ထောင်ရှင်တစ်ယောက်က သူ့သမီးတွေအကျိုးနဲ့ သနားစရာ မိန်းကလေးတွေကိုကယ်ချင်တဲ့စိတ်တွေကြားမှာ လွန်ဆွဲ နေပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတဲ့ အခြေအနေကို ရိုက်ပြထားတာပါဖြစ်ပါတယ်။ မင်းသားရဲ့ဖန်ပဲဖြစ်ဖြစ် သမိုင်းနောက်ခံကားတွေကြိုက်တဲ့သူတွေပဲ ဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းပါပဲ။ File size… (4.90GB) / (1.96GB) / (593MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 38m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.2 2024 99 mins
Small Things Like These
Madagascar
6.9

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

Comedy
6.9 2005 86 mins
Madagascar
Agnyathavasi
7.3

Agnyathavasi 2025 ဆိတ်ငြိမ်ရွာက လူသတ်မှု နာကာရီရွာဆိုတာ တည်ငြိမ်အေးချမ်းတဲ့ တောင်သူရွာလေးတစ်ခု ရွာမှနေကြတဲ့သူတွေကလည်း ရိုးသားတဲ့လယ်သမားတွေပဲဆိုတော့ ရာဇဝတ်မှုရယ်လို့မရှိတဲ့နေရာလေးပေါ့ ရွာမှာရှိတဲ့ ရဲစခန်းက ရဲတွေကလည်း အပျင်းတစ်ရေသာခိုနေကြပြီး အင်စပက်တာကလည်း တစ်ဖက်မှာလယ်သမားလုပ်နေတဲ့အထိ သာယာတဲ့ရွာငယ်လေး ဒီလိုရွာလေးမှာ ထူးထူးဆန်းဆန်းမြေပိုင်ရှင် ရရှီနီဗာဆိုင်ယာရဲ့ အလောင်းကိုတွေ့ပြီး အင်စပက်တာဂိုဗင်ဒူက လူသတ်မှုလို့ကြေညာတဲ့အခါ… တစ်ဖက်က ရရှီနီဗာဆိုင်ယာရဲ့ သားဖြစ်သူကလည်း ပျောက်ဆုံးနေပြန်တော့ ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

Comedy • Drama • Romance
7.3 2025 122 mins
Agnyathavasi
The Duel
5.8

The Duel (2016) ****************** ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Helena Duel လို့ ခေါ်တဲ့ လူနှစ်ယောက်ကို လက်တစ်ဖက်စီ ကြိုးနဲ့ပူးချည်ပြီး ကျန်လက်တစ်ဖက်နဲ့ ဓားကိုင်ကာ ထိုးသတ်ရတဲ့ တစ်ဦးချင်းယှဉ်ခုတ်ပွဲကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ Ranger တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ကင်းစတန်ဟာ မြို့တော်ဝန်ရဲ့ စေလွှတ်ချက်အရ မက္ကစီကန်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ တူနဲ့တူမ အပြင် တခြား မက္ကစီကန်လူမျိုးတွေ ပျောက်ဆုံးနေမှုကို စုံစမ်းဖို့ ရည်ရွယ်ချက်နဲ့ Mount Hermon ကို ရောက်လာခဲ့ပါတယ် ။ တကယ်တမ်းတော့ Mount Hermon ရဲ့ ကိုးကွယ်ရာလိုမျိုး ဖြစ်နေတဲ့ အေဗရာဟမ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ဒေးဗစ်ရဲ့ အဖေကို Helena Duel နဲ့ အနိုင်ယူပြီး သတ်ပစ်ခဲ့သူပါ ။ ဒေးဗစ်ကလည်း Mount Hermon ကို ရောက်လာတဲ့အခါ အေဗရာဟမ် ဘယ်လိုတုံ့ပြန်မလဲ ။ သူတို့နှစ်ယောက်ရဲ့ သွေးကြွေးဟာ နောက်ထပ် helena duel တစ်ခုကို ဦးတည်လာတဲ့ အခါ ဒီတစ်ခါမှာရော ဘယ်သူအနိုင်ရမလဲ ။ ပျောက်နေတဲ့ မက္ကစီကန်လူမျိုးတွေနဲ့ mount hermon ရဲ့ နောက်ကွယ်မှာ ဘယ်လိုလုပ်ရပ်မျိုးတွေ ရှိနေမလဲ ဆိုတာကိုတော့ The Duel 2016 ရုပ်ရှင်ကားမှာ အတူတူ လိုက်ပါခံစားကြည့်လိုက်ရအောင်ပါ ။ (ဇာတ်လမ်းအညွှန်းကို Hazelleက ရေးသားထားပါတယ်) File Size – 1.41 GB/ 634 MB Quality – BluRay 1080p/ 720p Duration – 1h 50m Format – mp4 Genre – Drama, Western Subtitle – Myanmar Subtitle (Hard Sub) Translated by – Hazelle Encoded by – Treasure Htet

Fantasy • Thriller
5.8 2016 110 mins
The Duel