YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Fear the Walking Dead S02E15 1080p (CM).mp4

1.48 GB N/A video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tin & Tina
6.1

Tin & Tina (2023) ဒီဇာတ်ကားလေးကတော့ Psychological Thriller & Horror အမျိုးအစား စပိန်ကားလေး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာရေးအစွဲအလမ်းကြီးမှုရဲ့ အကျိုးဆက်တွေအကြောင်းကို ရိုက်ပြထားတာပါ။ အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားနှစ်ယောက်က ခရစ်ယာန် သီလရှင်မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်က နောင်တရစရာ ဖြစ်လာတယ်။ သူတို့မွေးစားလိုက်တဲ့ တင်နဲ့တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ်မှာ ယုံကြည်မှုပြင်းထန်လွန်းပြီး ကျမ်းစာထဲပါသမျှကို တဖက်စွန်းရောက်တဲ့အထိ အလေးအနက် ကျင့်သုံးတတ်ပါတယ်။ ထူးဆန်းတဲ့ ဒီကလေးတွေ အိမ်ကိုရောက်လာပြီး မကြာခင်မှာပဲ လိုလာမွေးထားတဲ့ ခွေးကြီးက ဗိုက်ပွင့်ပြီး သေသွားရတယ်။ နောက်ထပ် ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးကလဲ သေသွားရပြန်တယ်။ တင်နဲ့တီနာက လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်သွားအောင် လုပ်ပစ်တဲ့အထိ ဘုရားသခင်ကို အယုံအကြည်ပြင်းကြတယ်။ ဒါ့အပြင် ကုတင်ပေါ်မှာ လိုလာ့ကို ကြိုးနဲ့ချည်၊ သူ့ခြေအတုကို ဖြုတ်ယူပြီး ကိုယ်ဝန်ရှိတဲ့ဗိုက်ထဲကို ဆေးထိုးအပ်နဲ့ ထိုးဖို့ကြိုးစားတယ်။ ဒါတွေအားလုံးကို သူတို့က ရယ်စရာဟာသလို လုပ်နေကြတာပါ။ ဒီလောက်ဖြစ်နေတာတောင်၊ လိုလာတစ်ယောက် အသည်းအသန် ကြောက်ရွံ့နေတာတောင်မှ အဒေါ့ဖိုဟာ အရာအားလုံးကို မတော်တဆ ဒါမှမဟုတ် အမှားတစ်ခုလို့သာ မြင်နေပြီး ကလေးတွေကို လုံးဝ အပြစ်မတင်ဘူး။ အဒေါ့ဖို ထင်နေသလိုမျိုး ဒီကလေးတွေက တကယ်ပဲ အပြစ်ကင်းသလား... မကောင်းတဲ့အရာတွေက ဘယ်လိုဖြစ်လာတာလဲ... ဒီကလေးတွေကို ဘယ်လိုရပ်တန့်နိုင်မှာလဲ... ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 560MB Quality - 1080p, 720p Format - mp4 Duration - 1H 59Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • Drama • Mystery
6.1 2023 119 mins
Tin & Tina
Robin Hood
6.4

ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ် ပြုကြတဲ့ကားလေးလာပါပြီ။ Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီး တွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာ ဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။ အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြား နော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက် အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူ မယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ် နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန် လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခု ဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး.. File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Action • Adventure • Fantasy
6.4 2010 140 mins
Robin Hood
Spider-Man: No Way Home
8

စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲ အောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါ အညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioက ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့ လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက် အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့ ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်။ IMDB : 9.1/10 Filesize-3GB/1.3GB/700MB Rotten tomatoes : 94% Quality : BluRay 1080p & 720p & 480p Format : mp4 Genres : Action , Adventure , Fantasy During : 2h 28 mins Release Date : 15 December 2021 Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK, Mr.Anderson

Drama • Music • Romance
8 2021 148 mins
Spider-Man: No Way Home
Adarna Gang
6

ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။ မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။ အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကို အမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK

Horror
6 2022 120 mins
Adarna Gang
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
The Unfair (a.k.a) Minority Opinion
6.4

The Unfair (a.k.a) Minority Opinion (2015) တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ ‘YONGSAN TRAGEDY’ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း … မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size : 2GB, 745MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 7mins Genre : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Comedy • Fantasy
6.4 2015 127 mins
The Unfair (a.k.a) Minority Opinion
Mystery Team
6.6

အချစ်ဆုံးသူငယ်ချင်း သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ စုံထောက်ဝါသနာအိုးလေးဦးဆောင်တဲ့ လှို့ဝှက်ဆန်းကြယ်အဖွဲ့ဟာ ရပ်ကွက်ထဲကအရေးမပါတဲ့အမှုငယ်လေးတွေက်ု ဖြေရှင်းနေရာမှ တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့မိဘတွေရဲ့လူသတ်မှုကို သူတို့ထံလာရောက်ဖြေရှင်းခိုင်းပါတော့တယ်။ လူသတ်မှုကို အဖြေရှာရင်း အလွဲတွေနဲ့တွေ့ကြံုပုံ လွဲလွဲလေးပဲကောင်းပါတယ်ဆိုသလို လွဲနေရင်းနဲ့ပဲ သဲလွန်စတွေတွေ့လာပုံ၊ သူငယ်ချင်းသုံးယောက်ရဲ့ အူကြောင်ကြောင်နိုင်ပုံ ကလေးဆန်ပုံနဲ့ သူငယ်ချင်း သံယောဇဉ်တို့ကို မပျင်းရအောင် ဟာသနှောကာ ရိုက်ကူးတင်ဆက်ထားတဲ့ လူငယ်စုံထောက်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

6.6 2009
Mystery Team
Navigating Christmas
6.6

Navigating Christmas (2023) ခရစ္စမတ်လည်းနီးလာတာနဲ့အမျှ နှင်း​တွေနဲ့အတူ တဖွဲဖွဲထွက်ရှိလာတဲ့ Holiday Movie ​တွေထဲကမှ ဇာတ်အိမ်​လေးလည်း​ကောင်း ကြည်နူးစရာလည်း​ကောင်းတဲ့ မိသားစုဒရာမာကား​ကောင်း​လေး Navigating Christmas ကို ညွှန်းလိုက်ပါတယ်ခင်ဗျာ။ ~ ဇာတ်လမ်းအညွှန်း ~ မိဘနှစ်ဦး ကွာရှင်းထားလို့ စိတ်ညစ်​​နေတဲ့ ​ဂျေဆန်ဆိုတဲ့ သား​လူပျို​​လေးအတွက် ခရစ္စမတ်​အားလပ်ရက်မှာ အချိန်​ပေး​ပျော်ရွှင်​အောင်လုပ်​ပေးဖို့ စီစဥ်​နေတဲ့ မယ်လန်နီတစ်​ယောက် အပန်း​ဖြေခရီး​နေရာကို စိန့်နီကိုးလတ်ကျွန်းကိုသွားဖို့ ဆုံးဖြတ်မိရာက​နေ ကျွန်းရဲ့ မီးပြတိုက်ကို တာဝန်ယူဖို့ပါ ရုတ်တရက်ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်ဆုံးသွားပြီးကတည်းက ကျွန်းက​နေထွက်ခွာသွားပြီး ရုတ်တရက် ကျွန်းကိုပြန်​ရောက်လာတဲ့ မီးပြတိုက်ပိုင်ရှင် ပီတာဆန်ဒါဆမ်တစ်​ယောက် မယ်လန်နီနဲ့​တွေ့ဆုံပြီး သူတို့နှစ်ဦးကြား အချစ်ပန်း​တွေ​ပေါက်ဖွားလာတာ​တွေ… ကျွန်းရဲ့ ခရစ္စမတ်ဓ​လေ့​တွေ ကျွန်းပေါ်က လူ​တွေအတွက် ခရစ္စမတ်​နေ့ဟာ အ​ရေးပါပုံ​တွေကို ကြည်ကြည်နူးနူး ​ပျော်​ပျော်ရွှင်ရွှင်ပုံစံ​လေးနဲ့ ရိုက်ပြထား​တာ​ကြောင့် တကယ်ကိုကြည့်လို့​ကောင်းတဲ့ ခရစ္စမတ်ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 665MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 35Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Action • Thriller
6.6 2023
Navigating Christmas
The Tall Man
5.9

ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာ ယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီး စည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။ မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ စီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စ အကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးက မြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက် ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ ခေါင်းစွပ်နဲ့’လူရှည်ကြီး’ တစ်ယောက်က ကလေးတွေကို တောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့ သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီး နောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်း တစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန် တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ် အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေ လုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရော ဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Crime
5.9 2012
The Tall Man
Hiroshima Mon Amour
7.8

Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 996MB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1959
Hiroshima Mon Amour
Richie Rich
5.4

Richie Rich (1994) ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 960MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 35Min Genre – Slapstick, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.4 1994
Richie Rich
Pretty Ghost
5.8

CM တရုတ်ကားချစ် ပရိသတ်တို့ကို ၁၉၉၁ က ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ယနေ့ခေတ်မှာ ချစ်ကြိုက် ညားပြီး သစ္စာဖောက်လိုက်… ပိုင်ဆိုင်မှုလုလိုက်နဲ့ ဇာတ်တွေများနေချိန်မှာ… ၁၉၉၀ ဝန်းကျင်မှာတော့ အချစ်သာ စစ်မှန်ရင် တမလွန်ရောက်နေတဲ့မင်းကို မရရအောင် ကိုယ်ယူမှာပါဆိုတဲ့ဇာတ်မျိုး… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်… တိုနီဆိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဗိသုကာဒီဇိုင်းပညာရှင်လေးက လူငယ်တို့သဘာဝအတိုင်း ရုံးထဲက အချောဆုံး ကောင်မလေး အယ်လန်ကို စိတ်ဝင်စားပြီး ပိုးပန်းနေခဲ့တာပေါ့… ဒါပေမယ့် သူက လခစားဆိုတော့ ပြိုင်ကားစီးနေတဲ့ သူဌေးသားနဲ့ မယှဉ်နိုင်တာကြောင့် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေလေရဲ့… တစ်နေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သွားစစ်ရင်း… သရဲတစ်ကောင်က လူစားထိုးဖို့ကြိုးစားရင်း မရဏလမ်းကို တစ်ခဏရောက်သွားခဲ့တယ်… စိတ်ထားလှတဲ့ သရဲမလေးအကူအညီနဲ့ သေကံက လွတ်ငြိမ်းခဲ့ပေမယ့်… သရဲမလေးကတော့ သူ့အနားမှာ ဆက်ရှိနေတာပါ့… သရဲမလေးနဲ့ သူဘယ်လိုတွေ ရင်းနှီးမှုတည်ဆောက်မယ်ဆိုတာ… သရဲမလေးအကူအညီနဲ့ အယ်လန်အချစ်ကိုရမှာလား… သရဲမလေးနဲ့ပဲ မေတ္တာမျှမှာလား… ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင်

5.8 1991
Pretty Ghost
Niram Marum Ulagil
5.9

Niram Marum Ulagil (2025) “ကာလာစုံလောကကြီး” IMDb – 5.9/10 လူသားတွေဟာ သူတို့ကိုယ်သူတို့ သက်ရှိတွေထဲမှာ အမွန်မြတ်ဆုံး အသိဉာဏ်အရှိဆုံးသတ္တဝါတွေအဖြစ်သတ်မှတ်လေ့ရှိကြတယ်။ ဘယ်လောက်မွန်မြတ်ပါတယ် အသိဉာဏ်ရှိတယ်ဆိုပါစေ အယုတ်ညံ့ဆုံးလို့သတ်မှတ်ကြတဲ့ တချို့တိရစ္ဆာန်တွေလောက်တောင်လောကကို ကောင်းကျိုးမပေးတဲ့လူသားတွေကလည်း ဒုနဲ့ဒေး။ အခုတင်ဆက်ပေးလိုက်တဲ့ တမီးလ်ရုပ်ရှင်ကတော့ မိဘမေတ္တာကိုအဓိက ဖော်ကျူးထားတဲ့ရုပ်ရှင်။ မိန်းကလေးတစ်ယောက် သူ့မွေးနေ့ပွဲမှာ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်လို့ အမေဖြစ်သူကို တစ်နှစ်ပတ်လုံး စကားမပြောတော့တဲ့အထိနေပြီး နောက်တစ်ကြိမ် မွေးနေ့ရောက်ချိန်မှာတော့ အမေဖြစ်သူရဲ့မျက်နှာကိုတောင် မမြင်ချင်ဘူးဆိုပြီး သူငယ်ချင်းဖြစ်သူဆီ ရထားစီးလိုက်ပါခဲ့ပါတယ်။ ဒီမှာပဲ မီးရထားတွဲစောင့်ကြီးအဖြစ် ပါဝင်ထားတဲ့ ယိုဂီဘာဘူကြီးက အဲဒီမိန်းကလေးဖုန်းပြောနေတာကို ကြားမိရာကစလို့ ရထားပေါ်မှာ သူကြုံတွေ့ကြားမြင်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို ပြောပြတာပေါ့။ ယိုဂီဘာဘူပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေမှာ လိုက်ပါစီးမျောလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Science Fiction
5.9 2025 146 mins
Niram Marum Ulagil
Legionnaire
5.5

Legionnaire (1998) IMDb Rating (5.5) / Rotten Tomatoes (29%) အက်ရှင်မင်းသား Van Damme အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဒရမ်မာကားဖြစ်တဲ့ Légionnaire ဟာဆိုရင် ၁၉၂၀ ပြည့်နှစ်လောက်က မြောက်အာဖရိကမှာရှိတဲ့ ပြင်သစ်နိုင်ငံခြားတပ်ရင်းရဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို အဓိကထားထားတဲ့ သမိုင်းနောက်ခံစစ်ကားဖြစ်ပါတယ်။ နေရာအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် Légion လို့ခေါ်တဲ့ နိုင်ငံခြားတပ်ရင်းထဲရောက်လာကြသူတွေအနေနဲ့ နောက်ခံဇာတ်လမ်းတွေမတူညီကြပါဘူး။ သို့ပေမယ့် ဒီနေရာကိုရောက်လာချိန်မှာတော့ ညီအစ်ကိုတွေလို့ခံယူပြီး သစ္စာစောင့်သိသူတွေဖြစ်လာကြပါတယ်။ ဒီဇာတ်ကားဟာဆိုရင် အက်ရှင်ကားဆိုပေမယ့် ဂုဏ်သိက္ခာ၊ သစ္စာဖောက်မှု၊ ရှင်သန်ရေးနဲ့ မိတ်ဆွေတွေကြားက သံယောဇဉ်တွေကို မီးမောင်းထိုးပြထားပါတယ်။ Van Damme ရဲ့ ပုံမှန်အက်ရှင်ကားတွေနဲ့မတူညီဘဲ ကွဲထွက်နေတဲ့ဇာတ်ကားတစ်ကားဆိုရင်လည်းမမှားပါဘူး။ ဒီတော့ ပြင်သစ်နိုင်ငံခြားတပ်ရင်းတပ်သား(Légionnaire) တွေရဲ့ဘဝတွေက ဘယ်လိုမျိုးရှိတာလဲ။ မော်ရိုကိုမှာရှိတဲ့ Rif လူမျိုးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားကြမှာလဲ…. ဒါတွေအပြင် လူတွေကြားထဲကသံယောဇဉ် အစရှိတာတွေကို သေချာလေးခံစားချင်ရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size…(1.9 GB) / (920 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,History,War Duration….01:39:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Theint Waddy Lynn

Action • Thriller • Crime
5.5 1998 98 mins
Legionnaire