YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Fateful Love E12 720p WEB-DL Cm.mp4

372.28 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Haunting 2
4

အိမ်ယာမြေအကျိုးဆောင်က "ကျန်းရှို့"ဆိုသူဟာ "လီလိရာ"ဆိုသူကို 'ရှောင်ယန်လုံ'လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ် "လီလိရာ"ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်... သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။ -ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေ‌သွားမလဲဆိုတာကို... "အလင်းကမ္ဘာရဲ့အမှောင်ထု"ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

4 2023 70 mins
The Haunting 2
Perfect Strangers
9.2

လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီး လူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။ အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာ မိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။ အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီး စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။ သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီး ဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။ ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။ လူတွေရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေ၊ ခံစားချက်တွေကို တစ်စချင်းစီ ထုတ်ပြသွားတာကြောင့် (၂ )နာရီကျော်ကျော်က ဘယ်လိုကုန်လို့ကုန်သွားမှန်း မသိလိုက်တဲ့ ဇာတ်ကားမျိုးပါ။ အညွှန်းဖတ်နေရင်းနဲ့ ဒီဇာတ်ကားကို ကြည့်ဖူးသလိုပဲလို့ ခံစားမိလာရင်တော့….ဟုတ်ပါတယ်…. 2016 က ထွက်ခဲ့တဲ့ အီတလီ ဇာတ်ကားကို remake ပြန်ရိုက်ထားတာပါ။ မူရင်း အီတလီကားက အကြီးအကျယ်အောင်မြင်ခဲ့ပြီး စပိန်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ပြင်သစ်၊ တရုတ်၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က remake ပြန်ရိုက်ခဲ့ကြပါတယ်။ အဲဒီ remake တွေထဲကမှ ဒီကားကတော့ 2022 ခုနှစ်မှာ အင်ဒိုနီးရှားက ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ အင်ဒို remake ကားဆိုပေမဲ့ အတော်လေး ကြည့်လို့ကောင်းပြီး setting ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ musical ပိုင်း ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိတဲ့ ဇာတ်ကားပါ။ အီတလီဒဏ္ဍာရီနဲ့ အင်ဒိုရိုးရာတွေကို ပါးပါးနပ်နပ် ချိတ်ဆက်ပြထားပြီး မူရင်း ဇာတ်ကားရဲ့ အရသာလည်း မပျက်သလို ဆန်းသစ်တဲ့ တင်ဆက်မှုကိုလည်း မြင်တွေ့ရမှာပါ။ mystery ဆန်ဆန် အထုပ်ဖြေပြတာမျိုးကို ကြိုက်ရင်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။ IMDb rating ကလည်း 7.5 အထိ ရထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.2GB | 643MB | 330MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Drama • Mystery • Sci-Fi & Fantasy
9.2 2022 125 mins
Perfect Strangers
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
Race 3
4.3

ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။ ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။ အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။ တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။ ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။ ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။ ပါဝင်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်) (BrilliantStar နဲ့ d3mon တို့ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (1.2 GB) Quality : AMZN WEB-DL 720p Running Time : 2hr 40min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN WEB-DL H264 DDP5.1-M2Tv Translated by BrilliantStar and d3mon Encoded by Thanhtike Zaw

Horror • Thriller
4.3 2018 160 mins
Race 3
Encino Man
5.8

Encino Man (1992) အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ဟော့ဘစ်လေး ဆမ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူပါပဲ။ The Goonies မှာလည်း သူနဲ့ Ke Huy Quan တို့ အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့သူငယ်ချင်းအဖြစ်တော့ Pauly Shore က သရုပ်ဆောင်ထားတယ်။ ဒီကားရဲ့ အခရာထဲ Pauly နဲ့ ဘရန်ဒန်နဲ့ ဒေ့တို့ကြားက Chemistry ကလည်း တစ်ချက်ပါပါလိမ့်မယ်။ ကီကတော့ သူတို့တက်တဲ့တက္ကသိုလ်က ဂိကျောင်းသားအဖြစ် သရုပ်ဆောင်ထားတယ်။ ဒီလိုနဲ့ ရေခဲခေတ်လူသားကြီးနဲ့ ဒီဘက်ခေတ်ကောင်လေး၂ယောက်ဟာ ဘယ်လိုဗရုတ်သုတ်ခတွေ ကြုံကြမလဲ၊ ဘယ်လိုမျိုး အချစ်တွေပေးကြမလဲကိုတော့ ဘရန်ဒန်ကြီးရဲ့ အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့အတူ Encino Man မှာ ရှု့စားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 700MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 28Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 1992 88 mins
Encino Man
Blood Flower
5.7

Blood Flower (2022) ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 290MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Comedy • Romance
5.7 2022
Blood Flower
Tsotsi
7.2

2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်က စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.2/10 နဲ့ Rotten Tomatoes 82% အပြင် 70% Metacritic ရရှိထားတဲ့ rating ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

TV Movie • Comedy • Romance
7.2 2005
Tsotsi
The Merchant of Venice

အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ ‘ဂက်တို’ လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။ နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ ဗင်းနစ်မြို့က ကုန်သည် – The Merchant of the Venice ရုပ်ရှင်က နာမည်ကျော် ဝီလျံရှိတ်ခ်စပီးယားရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၀၄ ခုနှစ်က ရုပ်ရှင်ပါ။ အလယ်ခေတ် ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ကို အခြေတည်ပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းက အန်တိုနီယိုလို့ခေါ်တဲ့ ဗင်းနစ်က နာမည်ကြီး ကုန်သည်တစ်ဦးက သူ့မိတ်ဆွေ ဘာဆန်နီယို အကူအညီတောင်းလို့ ရှိုင်းလော့ခ်လို့ ခေါ်တဲ့ ဂျူးလူမျိုးသူကြွယ်ဆီမှာ ငွေချေးပါတယ်။ ဘာဆန်နီယိုက ပေါ်တီယာလို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကို တင်တောင်းသွားချင်တာမို့ အဲဒီငွေကို လိုတာပါ။ ဂျူးကြီးကလဲ ငွေကို အတိုးမယူဘဲ ချေးလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲဒီငွေကို အချိန်မီ မဆပ်နိုင်ခဲ့ရင် အန်တိုနီယို့အသားတစ်ပေါင်ကို လှီးယူမယ်လို့ ကတိကဝတ်တောင်းလိုက်တာပါ။ ဒါပေမဲ့ အန်တိုနီယိုက ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ကာလအဆက်ဆက် ခံလာရတဲ့ ဂျူးကြီးရဲ့ လက်စားချေချင်ဇော အဟုန်တွေက ဘယ်လောက်ပြင်းလဲ၊ ချေးထားတဲ့ ငွေကို အန်တိုနီယို တစ်ယောက် ပြန်မဆပ်နိုင်တော့တဲ့ အခါ ဘာဆက်ဖြစ်မလဲ၊ ဘာဆန်နီယိုနဲ့ ပေါ်တီယာတို့ ကြားက အချစ်ကကြိုးကရော ဘယ်လိုနှစ်ပါးသွားမလဲနဲ့ ဗင်းနစ်မြို့ရဲ့ ဥပဒေက ဂျူးတွေကို ဘယ်လိုဘယ်ပုံနဲ့ ခွဲခြားထားလဲ . . . စတာတွေကို ဥရောပအလယ်ခေတ်ရဲ့ ပြယုဂ်ကို အမိဖမ်းရင်း တစ်စိမ့်စိမ့်နဲ့ အရသာခံကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျူးကြီး ရှိုင်းလော့ခ်ကိုတော့ The Godfather ရုပ်ရှင်တွေထဲ မိုက်ကယ်ကော်လီယွန်အဖြစ် မြင်တွေ့နေကျဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်တိုနီယိုနေရာမှာတော့ Kingdom of Heaven နဲ့ The Man in the Iron Mask တို့မှာ ပါဝင်ခဲ့တဲ့ Jeremy Irons က အားဖြည့်ပေးထားသလို အချစ်သူရဲကောင်း ဘာဆန်နီယိုဇာတ်ကောင်ကိုတော့ Enemy at the Gate က Joseph Fiennes က ယူထားပါတယ်။ အသက်ရှူမှားအောင်ကို လှပြီး တစ်ကားလုံး မျက်တောင်မခတ်တမ်း ငမ်းရမဲ့ ရှုမငြီး အလှပဂေးလေး ပေါ်တီယာနေရာမှာတော့ X-Men, John Carter နဲ့ Walking Dead တို့မှာ ပါဝင်ဖူးတဲ့ မင်းသမီးချောလေး Lynn Collins ကို တွေ့ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:12:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Thukha Min

Animation • Family • Adventure • Science Fiction
0 2004
The Merchant of Venice
The 400 Blows
8.1

The 400 Blows (1959) ~ IMDb – 8.1/10, Rotten Tomatoes – 99% ~ ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။ François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေ‌တော့ မြင်ရမှာတော့မဟုတ်ဘူး။ ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့ “အတာ” ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့ “အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 39Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.1 1959
The 400 Blows
Sijjin (or) Siccin
6

Siccin (2014) IMDB: 6 Genre: Horror Siccin ဆိုတာ ၂၀၁၄ ခုနှစ်ထွက်တူရကီစကားပြော အတော်လေးကိုနာမည်ကြီးသွားတဲ့ Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ဆိုတာကတော့ အစ္စလာမ်ဘာသာအရ ငရဲသားတွေကို ထည့်မှတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီကားထဲမှာ ထူးခြားတဲ့အချက်က ဂါတာတွေ၊ အစီအရင်တွေက အပြင်မှာသုံးနေတဲ့ အရာတွေဖြစ်ပြီး တကယ်လည်း ရုပ်ရှင်ထဲမှာ ဂါထာအစစ်တွေကိုသုံးသွားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက လှည့်ကွက်တွေလည်းပါတာကြောင့် တော်တော်လေးလည်းကြည့်လို့ကောင်းပါတယ်။ ဇာတ်ညွှန်း အော့ဇ်နာ ဆိုတာ အန်တီအရင်းရဲ့သားကိုတန်းတန်းစွဲနေတဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စုန်းတစ်ယောက်ဆီမှာ ရှေ့ဖြစ်သွားမေးတော့ အဲဒီယောကျ်ားဟာနင့်အတွက်မဟုတ်ဘူး၊ သူ့ကိုချစ်ရင် နင်သေလိမ့်မယ် ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း စုံလုံးကန်းနေတဲ့ အော့ဇ်နာဟာ အဲဒီယောကျ်ားနဲ့ပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ အကြောင်းမလှခဲ့တော့ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ အော့ဇ်နာဟာ အဆိုပါစုန်းဆီကိုသွားပြီး ယောကျ်ားအားသူ့ဘက်မပါပါအောင် အစီအရင်နဲ့လုပ်ပါတော့တယ်။ စုန်းဟာ အစီအရင်နဲ့ ဂျင်းတစ်ကောင်အား ဝင်ပူးစေခဲ့ပါတယ်။ ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘာတွေကိုမြုပ်ထားသေးလဲ။ Jumpscare များများနဲ့ Horror ပရိသတ်တွေသဘောခွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File size… 2.1 GB / 881 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

History • Drama • Action
6 2014 96 mins
Sijjin (or) Siccin
The Legend of Condor Heroes : The Cadaverous Claws
6.5

မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ… ရင်းလည်း ရင်းနှီးကြမှာပါ…အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာ အားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့ version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ… တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်း မေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ… ဒီဇာတ်ကောင်ကို ဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင် တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကို တန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ် ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက် ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်…တစ်ယောက်က သူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ လူငယ်လေး၊ နောက်တစ်ယောက်ကတော့ Mei Chaofeng မြင်မြင်ချင်း ကိုလူချောလို့ မသတ်မှတ်ဘဲ မနေနိုင်လောက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် အရွယ်တင်သူ… သူတို့က ဘယ်သူဆိုတာ မပြောပြတော့ပါဘူး… တချို့တွေလည်း သိပြီးသားပါ မသိသေးသူလည်း ဇာတ်လမ်းကြည့်ရင်သိမှာပါ..ဒါပေမယ့် ဒီယောက်ျားနှစ်ယောက်နဲ့ တွေ့ခဲ့တဲ့ အချိန်ကစပြီး သိုင်းလောကမှာ Mei Chaofengဆိုသူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်… သူ့ဘဝလေးလည်း အရင်ကနဲ့ မတူအောင် လုံးဝပြောင်းလဲသွားခဲ့တယ်…. ကျန်တာကတော့ ကိုယ်တိုင်သာဆက်လက်ကြည့်ရှုခံစားပါ

Thriller • Drama
6.5 2021
The Legend of Condor Heroes : The Cadaverous Claws
Wallace & Gromit: The Curse of the Were-Rabbit
7.5

ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။ တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ ဝေါလေ့စ်နဲ့ဂရိုမစ်က သီးနှံဖျက် ယုန်တွေကိုလိုက်လံရှင်းလင်းရင်း ဒီယုန်တွေရဲ့ပြဿနာကို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို စမ်းသပ်ရင်း တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ File size… 1.6 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama • Comedy • Fantasy
7.5 2005 85 mins
Wallace & Gromit: The Curse of the Were-Rabbit
Kiki’s Delivery Service
5.7

Kiki’s Delivery Service (2014) ================== IMDB – 5.7/10, MyDramaList – 7.3/10 သာမန်လူတစ်ယောက်နဲ့ စုန်းမတစ်ယောက် ပေါင်းစပ်ပြီး မွေးဖွားလာတဲ့ ကလေးလေးတစ်ယောက်… ငယ်ငယ်ကတည်းက စုန်းမဖြစ်တဲ့ အမေဖြစ်သူရဲ့ ဆေးဖော်စပ်တာ တံမြက်စည်းပျံစီးတာတွေကိုကြည့်ရင်း ကိုယ်တိုင်လည်း စုန်းမဖြစ်ချင်တယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိကိ… စုန်းမတစ်ယောက်ဖြစ်ဖို့အတွက် စည်းကမ်းချက်ကတော့ ၁၃ နှစ်ပြည့်တဲ့အချိန်မှာ မိဘအကူအညီမပါဘဲ တစ်နယ်ခြားမှာ ကိုယ့်အစွမ်းအစနဲ့ကိုယ် တစ်နှစ်နေထိုင်ရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တံမြက်စည်းပျံပဲစီးတတ်တဲ့ ကိကိလေးက ခိုရိကိုဆိုတဲ့မြို့လေးကို ရောက်လာပြီး အဲဒီမြို့လေးမှာ ဘယ်လိုလူတွေ ဘယ်လိုအရာတွေနဲ့တွေ့ဆုံကြုံကြိုက်ရမလဲ တကယ် စုန်းမကောင်းတစ်ယောက် ဖြစ်လာမှာလား ဆိုတာတော့….။ Kiki’s Delivery Service ဆိုတာ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Novel ကို 1989 ခုနှစ်မှာ Studio Ghibli ကနေ Anime အဖြစ် အသက်သွင်းခဲ့ပြီး 2014 မှာတော့ Live Action အဖြစ် ထပ်မံအသက်သွင်းခဲ့တာပဲဖြစ်ပါတယ်။ Anime နဲ့ယှဉ်ရင် မတူတာတွေ တော်တော်လေးများပေမယ့် Live Action ကလည်း Live Action အလျောက် ကြည့်လို့ကောင်းတဲ့အတွက် ကြည့်ကြည့်ကြပါဦးလို့ အကြံပေးချင်ပါတယ်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Benni ဖြစ်ပါတယ်) File size… 2.4 GB / 1.2 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Adventure, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Benni

5.7 2014 108 mins
Kiki’s Delivery Service