YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Fantastic Doctors E13 720p WEB-DL CM.mp4

312.51 MB N/A video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phenomena
5.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် Horror Movie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့ အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံ နည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာ အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler, Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြု ထားတာပါ။ တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာ ဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန် တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။ ၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ဂလော်ရီယာ၊ ပက်ဇ်နဲ့ ဆာဂရာရီယိုတို့ သုံးယောက် ဘာတွေကြုံတွေ့ရမလဲ ဆိုတာကို ရင်တ ထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.56 GB) / (596 MB) / (330 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Phu Myat Thwe Encoder..........SWM

Comedy • Romance
5.9 2023 96 mins
Phenomena
Ride or Die
6.6

ဇာတ်လမ်းရဲ့အစမှာတော့ ReiNagaswa က Nanae Tsujimuraရဲ့အမျိုးသားကိုခန္ဓာကိုယ်ရင်းကာ လှည့်စားပြီးလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် Rei Nagasawa နဲ့ Nanae Tsujimura တို့ကမတွေ့တော့ဘဲ အဆက်အသွယ်ဖြတ်ထားတာ ၁၀နှစ်လောက်ရှိပါပြီ တနေ့မှာ‌Nanae Tsujimura ကသူ့ရဲ့အဆက်ဟောင်းလေးဖြစ်တဲ့ Nagasawa ကိုပြန်လည်‌ဆက်သွယ်တွေ့ဆုံခဲ့ပါတယ် ဒါပေမဲ့သူတို့တွေရဲ့ ပတ်သက်ဆက်ဆံမှုကအထက်တန်းကျောင်းသားဘဝက သာယာလွမ်းမောဖွယ်စတင်ခဲ့ပေမဲ့ ထင်သလိုမျိုး လိင်တူချစ်သူရည်းစားတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ငယ်သံယောဇဉ်တွေ ရှိတဲ့အပြင် ဘယ်လိုအကြောင်းရင်းအကြောင်းခံတွေ ဘဝနောက်ခံတွေရှိခဲ့သလဲဆိုတာ သူတို့နှစ်ယောက်ဘာလို့လမ်းခွဲခဲ့ကြသလဲ Rei က Tsujimura ရဲ့ယောက်ျားကိုဘာလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ဒီဇာတ်ကားမှာတော့ Lesbianတစ်ယောက်ရဲ့ သူ့ချစ်ရသူ‌အပေါ် စွန့်လွှတ်အနစ်နာခံမှုတွေ ပေးဆပ်မှုတွေကိုရိုက်ပြပြီး romanticဆန်ချက်ကတော့ straight တွေတောင်အရှုံးပေးရလောက်မဲ့ အချစ်စစ်မျိုးပါ Reiတို့ လူသတ်မှုကိုကျူးလွန်ပြီးထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား.... ထို့အပြင်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ cameraကို 360°ရိုက်ပြတဲ့ sceneတွေ ကိုယ်ကိုယ်တိုင်နောက်ကနေလိုက်ပြီး stalkingလုပ်ရသလိုမျိုး ခံစားရမဲ့ sceneတွေ ပါဝင်တာကြောင့် စကားနဲ့ထုတ်မပြောဘဲ မျက်လုံးတွေကနေ ခံစားချက်တွေကိုဖော်ထုတ်ပြသတာတွေကြောင့် တမူထူးခြားတဲ့ရသကို ခံစား‌ရစေမှာပါ ဒါကြောင့် Japanese dramaတွေကိုကြည့်ဖူးသူတွေကတော့ ဒီဇာတ်ကားရဲ့အဆင့်အတန်းကိုခန့်မှန်းမိလောက်မှာပါ ဒါပေမဲ့ 18+ Scenes တွေလည်း ကွက်ကွက်ကွင်းကွင်း ပါတာကြောင့် ၁၈ယောက်စုပြီးကြည့်ကြပါ မှားလို့ ..... မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပါခင်ဗျာ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File size…  2.9GB | 1.5GB | 938MB Format… mp4 Duration…. 2h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dark Knight Encoder ..... Blank

6.6 2021 142 mins
Ride or Die
Dragon Knight
6.6

King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံ​တော်အတွင်း မိတ်​ဆွေသစ် ​​တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါ​တော့တယ်၊ သူတို့လိုက်ရှာ​နေတဲ့ နဂါးကို ရှာ​တွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ​ပေါ့​ပေါ့ပါးပါးကြည့်ရှုရမှာပါ။ (ဇာတ်ကားနဲ့အညွှန်းကို DK မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by DK Encoded by Y

Action • Drama
6.6 2022 99 mins
Dragon Knight
Den of Thieves
6.8

အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။ ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။ မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။ IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။ အားလုံးပဲ သင်္ကြန်အကြိုရက်မှာ ဝုန်းဒိုင်းကြဲ မိုက်ရိုင်းထွားကြိုင်းနိုင်ကြပါစေ ? File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 20min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Thura & Arkar Phyo Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.8 2018 140 mins
Den of Thieves
One More Dream
4.5

One More Dream (2022) =================== ဒီတစ်ခေါက်မှာတော့ အမေရိကန် ကျောင်းသားဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ အိမ်မက်တွေနဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါး ရိုက်ကူးတင်ဆက်ထားတာပါ။ Jeremy ဆိုတဲ့ ကောင်လေးတစ်ယောက်က အထက်တန်းကျောင်း တစ်ခုမှာ စာတော်ပြီး သူအိမ်မက်တွေကို ရေရေရာရာမသိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ သာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဘဝကိုအေးဆေးဖြတ်သန်းရင်း ပြဿနာတွေကနေ အမြဲရှောင်ရှားတတ်တဲ့ သူတစ်ဦးပေါ့။ တစ်ရက်ကျတော့ သူ့ကောင်မလေး Ex က ပြဿနာလာရှာပြီး ကျောင်း ဝန်းထဲမှာ အရှက်ခွဲခံခဲ့ရပါတယ်။ အဲ့ချိန်ကနေစပြီး သူ့ရဲ့ life style က ဘယ်လိုပြောင်းလဲသွားမလဲ။ သူ့ကောင်မလေးနဲ့ရော ပြန်အဆင်ပြေမလား ဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်ကားမှာက Jeremy တစ်ယောက်ထဲအကြောင်းမဟုတ်ဘဲ သူရဲ့ သူငယ်ချင်း Jules, သူ့ကောင်မလေး Tiffany နဲ့ ဆေးစွဲနေတဲ့ Ethan ဆိုတဲ့ ကျောင်းသားတွေရဲ့ ဘဝဇာတ်လမ်းနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ တင်ဆက်ပြသထားဖို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Action • Adventure • Fantasy
4.5 2022
One More Dream
The Mask
6.9

1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ ” From Zero To Hero… ” File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Ye Khant Min

6.9 1994
The Mask
The Ruins
5.9

၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။ အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့​ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာ သွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ File size…(1.7 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Adventure, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

5.9 2008
The Ruins
Seize Them!
5.1

2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။ အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

5.1 2024
Seize Them!
Curbing Violence
5.9

ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာ မထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက် ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။ မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာ အသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာ ဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့် အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။ တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက် အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

5.9 2024
Curbing Violence
Breathless
7.7

Breathless (1960) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ဟာ နစ်ရှေးရဲ့ Nihilism ကို စံနမူနာပြထားတဲ့ ရုပ်ရှင်လို့လည်း ဆိုတယ်။ Breathless က ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်ထားတဲ့ ဇာတ်မျိုးပဲ။ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြဿနာတစ်ရပ်အပေါ် တုံ့ပြန်ပုံတွေကိုပဲ ဦးတည်ထားတယ်။ Breathless ရဲ့ဇာတ်ကောင်လုပ်သမျှတွေမှာ အကြောင်းရင်းတော်တော်ပျောက်နေတာတွေ များတယ်။ ဒီကောင် ဒီလိုလုပ်တာတော့ မဟုတ်သေးပါဘူးလို့ ပြောရမယ့်အရာတွေ များတယ်။ ဒါတွေကိုကလည်း ဒီကောင်ရဲ့ ဖလော်ဆော်ဖီကို မြင်သာစေတယ်။ ဒီလိုဆိုပေမဲ့ ဂိုးဒတ်ကို ကျွန်တော်တို့ ချီးကျူးရမယ့်တစ်ချက်က ဒီဇာတ်ထဲက ဇာတ်ကောင်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ကို နားလည်အောင်တစ်ဖက်လှည့်နဲ့လုပ်ပြသွားတာပဲ။ ဇာတ်ကောင်က သူ့အဖြစ်နဲ့ခပ်ဆင်ဆင် သူကြားဖူးနားဝဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသွားတယ်။ ဒီလိုပဲ ဇာတ်ကောင်တွေပြောတဲ့ဇာတ်လမ်းတွေနဲ့ ကြည့်ရှုသူကို နားလည်အောင်လုပ်ပေးသွားတဲ့ အခန်းတွေမနည်းဘူး။ ဒါကြောင့်လည်း သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ပမာဏတစ်ခုအထိ နားလည်နိုင်တယ်။ အဲဒီလိုနားလည်နိုင်လို့ပဲ ဒီဇာတ်က ပိုအရသာရှိနေတာပဲ။ ဂိုးဒတ်ဟာ နယူးဝေ့ရဲ့ ရိုးစင်းတဲ့အရွေ့မှာ သူနဲ့ခေတ်ပြိုင်တွေထက် ဒိုင်ယာလော့တွေကိုတော့ တော်တော်အားကိုးသွားတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားထဲက လူတစ်ယောက်ကို ဘဝရဲ့အကြီးဆုံးရည်မှန်းချက်ကဘာလဲမေးတော့… “To become immortal and then die” လို့ဖြေသွားတယ်။ တော်တော်လေးလှတဲ့အဖြေပဲ။ ဒီလိုတွေ ဂိုးဒတ်သုံးသွားတာ နည်းတော့မနည်းဘူး။ Breathless ဟာ ကျွန်တော့်အမြင်တော့ စည်းအပြင်ကလူလို ဇာတ်မျိုးကို ကြိုက်တဲ့လူတွေ ကြိုက်မယ့်ဇာတ်ပဲ။ မတူတာက ဒီကဇာတ်ကောင်ကတော့ သူ့အကျိုးဆက်နဲ့သူလို့ ပြောရမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်တွေဖြစ်လာအောင် သူလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို သူရွေးချယ်သွားပုံတွေကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ Breathless ရဲ့ ဇာတ်က ပြောပြရင် စာတစ်ပိုဒ်လောက်နဲ့ပြီးသွားမှာပေမဲ့ ကြည့်ရင်တော့ တော်တော်အရသာရှိတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီလိုဇာတ်မျိုး ဒီဘဲဘယ်လိုများ အိုင်ဒီယာရလဲတော့ မသိဘူး။ သူပြောခဲ့သလို “I pity the French Cinema because it has no money. I pity the American Cinema because it has no ideas.” “ပြင်သစ်ရုပ်ရှင်လောကကို ငွေမရှိလို့ သနားတယ်။ အမေရိကန်ရုပ်ရှင်လောကကိုတော့ အိုင်ဒီယာမရှိလို့ သနားတယ်” ဆိုတဲ့ သူ့စကားအတိုင်း သူတို့ပြင်သစ်ရုပ်ရှင်လောကမှာ အိုင်ဒီယာကောင်းတွေ များခဲ့ပုံပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့အခါ ဇာတ်ညွှန်းရေးတဲ့အပိုင်းမှာလည်း ဂိုးဒတ်က ဆန်းသစ်ခဲ့တယ်။ ရိုက်ကွင်းမစခင်မှ ကောက်ရေးတဲ့ စတိုင်ကိုသုံးပြီး သရုပ်ဆောင်တွေကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ဒိုကူမန်ထရီတစ်ခုရိုက်ကူးသလို အငွေ့အသက်မျိုးရအောင်ဖန်တီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဂိုးဒတ်ဟာ သူ့ရှေ့က ရုပ်ရှင်လောကကလူတွေကို Homage တော်တော်ပေးတဲ့သူလို့ နာမည်ကြီးပါတယ်။ သူနဲ့ခေတ်ပြိုင်တွေထဲ သူ Homage အပေးဆုံးလို့ ဆိုကြတယ်။ ဒီရုပ်ရှင်မှာလည်း အမေရိကန်ရုပ်ရှင်တွေကို Homage ပေးထားတာ မနည်းပါခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားနဲ့တင်ကို ဂိုးဒတ်ဟာ သူ့ကားထဲက ဒိုင်ယာလော့အတိုင်း Immortal ဖြစ်ပြီးမှ သေသွားတယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – BluRay 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 30Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 1960
Breathless
Chain of Fools
6

Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲ အတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ် ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန် ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။ Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့ တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီး Avent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲ ဆိုတာကိုတော့ကြည့်လိုက်ကြပါ။ Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah Wood Kresk အဖြစ်မင်းသား Steve Zahn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 1.3 GB / 600 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Action
6 2000 96 mins
Chain of Fools
Sugarplummed
7

Sugarplummed (2024) IMDb Rating (7.0) Rating ကြမ်းတဲ့ Holiday Romance ကားလေးက Chrismas ရဲ့ လှပမှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ တို့ကို ကြည့်ရှုသူတွေ‌အနေနဲ့ အနုပညာရသမြောက်စွာခံစားနိုင်ရန် မင်းသမီး Maggie Lawson နဲ့ Janel Parrish တို့က တွဲဖက်ညီညီ တင်ဆက်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွန်းမှာ‌တော့ အမ်မလီက ခရစ်စမတ်ကို နှစ်တိုင်းလိုလို အစီအစဉ်တကျ ကျင်းပဖို့ ကြိုးစားခဲ့ပြီး၊ မိသားစုဝင်တွေကို နီးစပ်စေချင်ခဲ့တာပါ။ အဲ့တာကြောင့် မျှော်လင့်ထားတဲ့ ခရစ်စမတ်ဖြစ်လာစေဖို့ Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်ကမ္ဘာက ဇာတ်ကောင်တစ်ဦးဆီ အကူအညီပေးဖို့ ဆုတောင်းခဲ့တယ်။ ဒါပေမယ့် Sugarplummed လို့ခေါ်တဲ့ ရုပ်ရှင်စည်းကမ်းတွေက လက်တွေ့ကမ္ဘာမှာတော့ ပြဿနာတွေ ဖြစ်စေတာကို အမ်မလီ တစ်ယောက် မသိခဲ့ဘူး။ အဲ့လိုနဲ့ အမ်မလီ နဲ့ Sugarplummed တို့က အခက်အခဲတွေကြားထဲက အမ်မလီလိုချင်တဲ့ ရုပ်ရှင်ဆန်ဆန် ခရစ်စမတ်ကို ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတော့ပေါ့‌။ ရုပ်ရှင်ဆန်ဆန် Chrismas လေးက တကယ်ပဲ အကောင်အထည်ပေါ်သွားမလား၊ Sugarplummed ဆိုတာဘယ်လိုမျိုးလဲ၊ တကယ့်လက်‌ တွေ့မှာကောရှိနိုင်သလား ‌ဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုရင်း ခံစားလိုက်ကြပါဦးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2024 84 mins
Sugarplummed
Tiyaan
6.4

Tiyaan (2017)”ဗျာဒိတ်” ==================== ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။ အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2017 168 mins
Tiyaan
Always Have Always Will
6

Always Have Always Will ဆိုတဲ့ ဇာတ်ကားလေးကို CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကတော့ စိတ်ကျရောဂါရနေတဲ့ သက်လတ်ပိုင်း ကောင်လေး စုန့်ယိလိက စိတ်ကျရောဂါခံစားနေရပြီးတော့… အရှုံးတွေနဲ့ ပြည့်နေတဲ့ ဘဝကြီးကို လက်လျှော့ပေးပြီးတော့ ဘဝကို အဆုံးသတ်ဖို့ကြံနေတဲ့သူတစ်ယောက်ပေါ့… ဒီအချိန်မှာပဲ ဆေးရုံတက်ရင်းနဲ့ ရှောင်ချွီဆိုတဲ့ အသက် ၉ နှစ်အရွယ်လူလိမ်မလေးနဲ့ တွေ့ခဲ့တယ်.. ဘယ်လိုမျိုးအလိမ်ခံရလည်းဆိုရင်တော့… အဖေ့ကို လိုက်ကူရှာပေးပါဆိုပြီး သူဆေးရုံဆင်းချိန်မှာ လိမ်ပြီးတော့ ကားထဲ ပုန်းလိုက်လာပြီးတော့ သူ့အဖေ့ကို ရှာပုံတော် အတူထွက်လာတာပေါ့…. ဒီရှာပုံတော်ခရီးမှာ တခြားဘာကိစ္စထူးတွေနဲ့ ဘယ်လိုလူတွေကို တွေ့မယ်ဆိုတာရယ်… စုန့်ယိလိတစ်ယောက် ဘာလို့ အခုလို ဘဝကို လက်လျှော့ပြီး အရှုံးပေးချင်နေတာလဲဆိုတာရယ်… လူလိမ်မလေး ရှောင်ချွီက ဘာတွေလိမ်နေခဲ့တာလဲဆိုတာကို ကြည့်ဖို့အတွက် ဇာတ်လမ်းလေးကို ကြည့်လိုက်ကြပါတော့နော်…

6 2025
Always Have Always Will