YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Fall (2022) S01 EP06.1080p.AAC5.1CH(CM).mp4

656.2 MB N/A video/mp4 64 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Feast
6.2

ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့ သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင် ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲ သောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး အပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။ မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကို ဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ် ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့ အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာ မထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့ အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့် ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Family • Music
6.2 2005 95 mins
Feast
Harry Potter 20th Anniversary: Return to Hogwarts
7.3

IMDb Rating - 8.6/10 ၂၀၂၂ ရဲ့ အစ ဦးဦးဖျားဖျားလေး ထွက်ရှိလာတာကတော့ . . . ဟယ်ရီပေါ်တာ နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလေးပါပဲ။ ဇာတ်ဆောင်တွေ အားလုံးရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေနဲ့ behind the scene တွေကို ဝေဝေဆာဆာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားချင်းစီ ဖြစ်လာပုံတွေ နောက်ခံတွေကို တွေ့ရမယ်။ ပရိသတ်တွေ နဲ့ သရုပ်ဆောင်တွေအပေါ် ဟယ်ရီပေါ်တာက ပေးခဲ့တဲ့ ခံစား ချက်တွေကို မြင်ရမှာပါ။ အမှောင်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုကိုတွေ့နိုင်မှာပါ အလင်း လေးကို ဖွင့်ဖို့ သတိရခဲ့ရင်ပေါ့ဆိုတဲ့ အမှတ်တရစကားတွေ၊ ဒီလောက်အချိန်ကြာပြီးတာ တောင်မှပဲလား - အမြဲတမ်းပဲ ဆိုတဲ့ စကားတွေနဲ့ တစ်ကမ္ဘာလုံးကို ဖမ်းစားခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အမှတ်တရနဲ့ အတူကြီးပြင်းလာတဲ့ သရုပ်ဆောင်လေးတွေနဲ့ အတူ ဟယ်ရီပေါ်တာရုပ်ရှင်တွေကို ပြန်သတိရကြည်ဖို့ ဒါလေးကို ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (960 MB) Quality – WEBDL- (1080p)/(720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Documentary, Family Translator – CM Team Encoder – San Win Maung

Action • Adventure • War • Western
7.3 2022 103 mins
Harry Potter 20th Anniversary: Return to Hogwarts
The Black Phone
7.3

(imdb 7.3 / 26k) ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်… ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ

Action • Drama • Thriller
7.3 2021 103 mins
The Black Phone
Art Museum by the Zoo
7

Art Museum by the Zoo (1998) တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်း စိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။ တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို… အရိုးခေါင်းကျွန်းက ကင်းကောင်လို… လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။ အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။ တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့… ငါ့ဘဝရဲ့ နေ့တွေလည်း ဒီလိုပဲ…. ဝါဆို။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.5GB | 708MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Crime
7 1998
Art Museum by the Zoo
The Doorman (O Porteiro)
6.3

ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။ သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။ ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။ ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2023 83 mins
The Doorman (O Porteiro)
Alibi.com 2
6.5

Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာ သင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီး လိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။ အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီး အခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့ အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီး အရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့ Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ် တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး အရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲ ဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 88 mins
Alibi.com 2
Kidnapped
7.1

ဒီတစ်ခါမှာတော့ IMDb 7.1ထိရရှိထားပြီး Rotten tomatoes မှာ 83%အထိ ရရှိထားတဲ့ Italy Drama/History ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ…. ပုပ်ရဟန်းမင်းကြီး Pius IX လက်ထက် Bolognaမြို့မှာ နေထိုင်တဲ့ ဂျူးလူမျိုး မိသားစုရဲ့ ၆ယောက်မြောက်သားကို အာဏာပိုင်တွေက ဘုရားကျောင်းအမိန့်ဟုဆိုကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်။ဘုရားကျောင်းဟာ ထိုကောင်လေးကို ခရစ္စယာန်ဘာသာအဖြစ် ကူးပြောင်းပေးပြီး မိသားစုကိုလည်း ဘာသာပြောင်းလျှင် သူတို့သားကို ပြန်ရမယ်ဟုဆိုကာ ဖိအားပေးပါတော့တယ်။ ထိုအခါမှာတော့ မွန်တာရာ ဂျူးမိသားစုဟာ သူတို့သားလေးကို ပြန်လည် ခေါ်ဆောင်ဖို့ ဘာတွေလုပ်သွားမှာလဲ သူတို့ရဲ့သားကိုရော ပြန်လည်ခေါ်ဆောင်နိုင်မှာလား ၁၈၅၀‌ကျော်ခုနှစ်ဝန်းကျင်က ဂျူးနဲ့ ခရစ္စယာန်ဘာသာအကြား ဘာသာရေး အရှုပ်အထွေးတွေကို ရိုက်ကူးပြထားတဲ့ သမိုင်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်….. File size…(1.9 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

TV Movie • Comedy • Romance
7.1 2023
Kidnapped
Silver Haze
6.3

အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေး နာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကို များစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက် လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူ အမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲ ဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲ ဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီ ငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့ အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြား ရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်း အဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့ တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကို ကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်း အချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်း ဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရော စောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.33GB / 633MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2023 103 mins
Silver Haze
Gas Kuy
5

Gas Kuy 2021 CM အာရှပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အားလုံးနဲ့မစိမ်းလှတဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ် ဘော်ဒါတစ်ယောက်မင်္ဂလာဆောင်ခါနီးမှာ အားလုံးစုကဲကြတဲ့ Hangover ဇာတ်လမ်းလေးကို အားလုံးကြည့်ဖူးမယ်ထင်ပါတယ် ဒီကားလေးကတော့ ဇာတ်လမ်းကျောရိုးက အဲ့လိုပုံစံဆိုပေမယ့် မင်္ဂလာဆောင်ခါနီး အာရွန်က ဘော်ဒါတွေနဲ့ခရီးအတူထွက်ဖို့ စီစဉ်တာကလွဲရင် ကျန်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကတော့ အာရှစတိုင်တမူကွဲပြားပြီးတော့ မိသားစုတွေ ကိုယ့်ဘော်ဒါတွေ မောင်နှမတွေနဲ့ တူတူကြည့်ပြီး ခွီလို့ရမယ့် ဘဝအမောပြေဇာတ်လမ်းလေးလို့ပြောပြချင်ပါတယ် အာရှကားတွေရဲ့ထုံးစံအတိုင်း ရီလဲရီရသလို ရင်ကိုထိစေတဲ့ဒိုင်ယာလော့တွေ ကိုယ့်ဘဝနဲ့တိုက်ဆိုင်တဲ့အကြောင်းအရာလေးတွေ ပါတတ်တာမို့ ပရိသတ်ကြီးတို့ပဲ ကြည့်ရှုခံစားရင်းနဲ့ အပန်းပြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ်) Genre….. Action, Comedy, Drama Quality…. 1080p WEB-DL | 720p WEB-DL File size…1.24GB| 647MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

5 2021
Gas Kuy
Willie and Me
5

Willie and Me (2024) သူမနာမည်က ဂရေတာတဲ့ ဂျာမန်သူလေး….. ငယ်ငယ်ကတည်းက လင်ကံမကောင်းတဲ့အမေဖြစ်သူနဲ့ နေလာရတော့ မိဘမေတ္တာငတ်ရှာတဲ့ သူမအတွက် ကမ္ဘာတစ်ဖက်ခြမ်းက ဝီလီနယ်လ်ဆန်ဆိုတဲ့ နာမည်ကျော် အမေရိကန်ကန်းထရီးအဆိုတော်ရဲ့ သီချင်းတွေက သူမရဲ့အဖော်ပဲ။ ဝီလီသီချင်းတွေက သူမဘဝကို နေပျော်စေသလို သူမအမေကိုလည်း နေပျော်စေချင်တဲ့အတွက် ရေဒီယိုမှာ ဝီလီသီချင်းတွေလာတိုင်း အမေ့ကို နားဆင်စေတယ်။ ဒါပေမဲ့ သူ့အမေက သေကြောင်းကြံသွားတဲ့အခါ သူမဟာ ဝီလီရဲ့သီချင်းကို လုံးဝနားမထောင်တော့ဘူး။ အခုတော့ သူ့မဟာ အိမ်ထောင်အတည်တကျ သက်လတ်ပိုင်းအမျိုးသမီးလေးဖြစ်နေပါပြီ။ အချစ်မခံခဲ့ရတော့ သူတို့အိမ်ထောင်ရေးမှာ အချစ်ဆိုတာ ရှိလား မရှိလားဆိုတာ သူမသိရှာ။ သူ့ယောက်ျားကလည်း ဥစ္စာခြောက် မာနခဲ၊ တစ်နေ့တစ်နေ့ မယားဝတ္တရားကျေပွန်အောင်လုပ်ပြီး ဘဝကိုဖြတ်သန်းနေရာက နှစ်ပေါင်းများစွာကြာမှ ရုတ်တရက်ဆိုသလို ဝီလီရဲ့သီချင်းတွေက ရေဒီယိုမှာ ပြန်ပေါ်လာခဲ့တယ်။ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲတဲ့ လက်စ်ဗီးဂတ်မှာ ကျင်းပမှာတဲ့။ ဂရေတာတစ်ယောက် မီးစဟောင်းလေး ပြန်တောက်လောင်လာခဲ့တယ်။ သူမ ဘဝမှာ ဝီလီ့ကို မသေခင် တစ်ခါလောက်တော့ သွားတွေ့မှဖြစ်မယ်လို့ အတွေးပေါက်ဟန်တူတယ်။ တခါမှ မတောင်းဆိုဖူးတဲ့ ဂရေတာတစ်ယောက် သူမသူ့ယောက်ျားကို လက်စ်ဗီးဂတ်ကို လိုက်ပို့ပေးဖို့ပြောပေမဲ့ သကောင့်သားက လိုက်မပို့ပေးတော့… သူ့ယောက်ျား သည်းသည်းလှုပ် ပေါ့ရှ်ကားကို ယူရို ၇၅၀၀ နဲ့ ရောင်းစားပြီး အမေရိကကို ခြေဆန့်လာခဲ့တယ်။ ရောက်တာဖြင့်မကြာ လော့စ်အန်ဂျလိစ်မှာ ရှိစုမဲ့စု ငွေထုပ်ခိုးခံရ… လက်စ်ဗီးဂတ်က ဝီလီ့ဖျော်ဖြေပွဲက ရက်ပိုင်းအတွင်း စတော့မှာ သူမလက်ထဲ ခြူးတစ်ပြားတောင် မရှိဘူးဆိုတော့….ဘယ်လိုတွေဆက်ဖြစ်မလဲ….. ကျွန်တော်ကတော့ ကန်းထရီးသီချင်းသံလေး နားထောင်ပြီး ဘာသာပြန်နေရင်း နွေပူပူ တံလျှပ်ထနေတဲ့ အမေရိကန်အဝေးပြေးလမ်းပေါ်မှာ အိပ်မက်ပျောက်ရှာနေတဲ့ လူငယ်ဖြစ်သွားသလို ခံစားရတယ်။ ဒီဇာတ်ကားလေးက nostalgic ဖြစ်ပြီးတော့ အမေရိကန်အိပ်မက်ရေးရေးလေးကို ကြည့်နေရသလိုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ပဲဖြစ်ပါတယ်) File size…(1.5 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:28:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Matteo

5 2024 87 mins
Willie and Me
First Shift
5

ရဲမေအသစ်လေးတစ်ယောက် အတ္တလန်တာကနေ နယူးယောက်စီးတီးကို တာဝန်ပြောင်းရွှေ့ချထားခံရတာကနေ စတဲ့ဇာတ်လမ်းပါ။ နယူးယောက်စီးတီးက ရဲဌာနမှာတော့ ဘယ်သူနဲ့မှ မတည့်တဲ့ဂွစာတစ်ယောက်နဲ့ ပါတနာအဖြစ် တာဝန်ချခံထားခဲ့ရတယ်။ သူ့ပထမဆုံးကင်းလှည့်တဲ့အဆိုင်းမှာ introvertဖြစ်နေတဲ့ သူ့ပါတနာနဲ့ extrovertဆန်တဲ့ သူနဲ့ကို အထက်လူကြီးက တွဲဖက်တာဝန်ချပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကြား အဆင်ပဲပြေလာမလား ပြဿနာတွေပဲ ဆက်တက်မလား ကြည့်ရမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့အဆိုင်းမှာမှ ပြဿနာပေါင်းစုံတက်လာတဲ့အခါ သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ တစ်ခုရှိတာက ဒီကားမှာ အမှုကြီးကြီးမားမားတွေကို ပြထားတာမျိုးမရှိဘဲ တကယ်ကြုံနေရသလိုမျိုး ရိုးရှိုးရှင်းရှင်းနဲ့ပဲပြထားတာမို့ လက်တွေ့ကျကျ ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်ရေးသားထားသူတော့ W ပါ ) File size_(1.6GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5 2024
First Shift
Kensuke’s Kingdom
7.2

အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း +++++++++++ မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ .. (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်) File size…(1.13GB) / (588MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Adventure , Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance
7.2 2023 84 mins
Kensuke’s Kingdom
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai
But I’m a Cheerleader

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။ မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။ အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ…. တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။ File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pwint Oo San

Horror
0 1999
But I’m a Cheerleader