YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Fake Dad (2025) 1080p WEB-DL AAC2.0-CM.mkv

1.79 GB 1080p video/x-matroska 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mafia Mamma
6.5

" ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် " ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်... ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။ သားဖြစ်တဲ့သူက ကောလိပ်တက်... ယောက်ျားကဖောက်ပြန်... အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး... အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။ အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။ လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။ ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ကျွန်တော်တို့ရဲ့ငယ်ဘဝ ချစ်မမကြီး Monica Bellucci လည်းပါတဲ့အပြင် မိန်းကလေးတွေအတွက်လည်း ခပ်လန်းလန်း အီတလီမာဖီးယားဘဲကြီးတွေပါတာကြောင့် အနည်းနဲ့အများ ကြည့်ရကျိုးနပ်မယ့်ရုပ်ရှင်တစ်ကားပါ။ ကြော်ငြာတွေကလူတွေရဲ့ စိတ်မလုံခြုံမှုတွေကို ဘယ်လိုအမြတ်ထုတ်နေသလဲမြင်ရမယ့်အပြင် အီတလီနိုင်ငံရဲ့အလှအပ ‌အငွေ့အသက်တွေကိုတွေ့ရမှာဖြစ်တာကြောင့် ဒီရုပ်ရှင်ကြည့်ပြီးသွားရင်တော့ နုံးချိချိဖြစ်နေတဲ့အချိန် ရေအေးအေးလေးချိုးလိုက်ရသလို လန်းသွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 795MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 41Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
6.5 2023 101 mins
Mafia Mamma
My Dear Bodyguard
3

တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် ...... Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။ Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်.....လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။ အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ..... ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ...... ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။ Reviewed By Nu Mon Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Drama Runtime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Thriller
3 2022 82 mins
My Dear Bodyguard
GodFather
5.2

မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ် ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့ နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲ အဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon

Action • Adventure • Comedy
5.2 2022 157 mins
GodFather
Predator

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(11 GB)/(3.6 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Drama • History • War
null 1987 106 mins
Predator
The Little Hours
5.8

The Little Hours (2017) IMDb – 5.8 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့ The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီး ပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာ သူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။ တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာ မက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။ မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ် အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။ သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကို ခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊ မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက် ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေ ကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝ လက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီး သဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။ စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်း ရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ စစ္စတာလေး သုံးယောက်အဖြစ် Alison Brie၊ Aubrey Plaza နဲ့ Kate Micucci မင်းသမီးသုံးလက်က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ R rated ဇာတ်ဝင်ခန်းတွေ၊ ဒိုင်ယာလော့တွေလည်း ပါဝင်ပါကြောင်း ကြိုတင်သတိပေးလိုက်ပါတယ်။ File size… 1.24 GB / 532 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Romance, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Comedy • Romance
5.8 2017
The Little Hours
Alaa Ninnu Cheri
8.7

Al Ninnu Cheri (2023) “အိပ်မက်တွေနဲ့ ချစ်သူ” IMDb 8.7 ရထားပြီး ကြည့်ပျော်တဲ့ rom-com ကားလေးတစ်ကား ဖြစ်ပါတယ်… အချစ်နဲ့ ဘဝတိုးတက်ရေး တစ်ခုကို မဖြစ်မနေရွေးချယ်ဖို့ ရှိလာတဲ့အခါ ဘယ်ဟာကို စွန့်လွှတ်မလဲ ဖုန်းတွေ မပေါ်သေးတဲ့ ခေတ်ကာလက နယ်မြို့လေးကို ပုံဖော်ထားတာဖြစ်ပြီး အရာရာရိုးစင်းခဲ့တဲ့ ကာလကို ပြန်လည် တမ်းတလွမ်းဆွတ်မိစေမှာပါ ဇာတ်လမ်းအကျဥ်းကို ပြောရရင် ဂါနစ်ရှ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးဟာ သူ့ဘော်ဒါ ဖက်တီးတို့နဲ့အတူ ဘဝကို ကြောင့်ကြမှုကင်းကင်း ဖြတ်သန်းပြီး ပျော်ပျော်နေတတ်ပေမယ့် ရုပ်ရှင်ရိုက်ကူးမှု အတတ်ပညာကိုတော့ ဝါသနာပါသူတစ်ယောက်ပါ ဒီဗရာကတော့ ရွာက သူဌေးသမီးဖြစ်ပြီး တစ်နေ့ အသိုင်းအဝိုင်းကြီးထဲက သူဌေးသမီးလေး ဒီဗရာနဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူ ဂါနစ်ရှ်တို့ ထုံးစံအတိုင်း ငြိကြပါတော့တယ် ဒါပေမဲ့လည်း တကယ်တမ်းလက်ထပ်မယ့်အရေးမှာတော့ ဂါနက်ရှ်တစ်ယောက် အချစ်နဲ့ အလုပ်မှာ အချစ်ကိုပဲ စွန့်ပယ်ခဲ့ပါတယ်.. အသည်းကွဲကျန်ခဲ့တဲ့ သူဌေးသမီးလေး မိဘပေးစားသူနဲ့ ယူတော့မှာလား ဂါနစ်ရှ်ကရော သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်ဦးမှာလား ဘဝတွေ မတူညီကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ခွဲခွာမှုနဲ့ အဆုံးသတ်ရမှာလား ပေါင်းစပ်နိုင်မယ့် အခွင့်အရေးရော ရှိနိုင်သေးလား ဆိုတာကို ပရိသတ်ကြီးပဲ ဆက်လက်ခံစားလိုက်ကြပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.7 2023
Alaa Ninnu Cheri
La Civil
7.2

IMDb 7.2/10 Rotten Tomatoes 86% ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်း ထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကား တစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courage ကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့ မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး မက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊ မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့ စီယယ်လိုနဲ့ လော်ရာ…အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့ စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်း လော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။ အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက် တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။ သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာ ဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊ နောက်ဆုံးကျရင်ရော လော်ရာနဲ့ ပြန်ဆုံစည်းနိုင်မှာလား ဆိုတာကို အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ ။ File size…2.14GB / 906MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 20m Genre ….. Drama , Thriller , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

7.2 2021
La Civil
Suze

The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy အမျိုးစား ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆူဆန်ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖောက်ပြန်သွားပြီးနောက်မှာ ဘရွတ်လာဆန်လို့ခေါ်တဲ့ သမီးလေးကို ကိုယ်တိုင်စောင့်ရှောက်ပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ ဆူဆန်ရဲ့ဘဝကြီးထဲမှာ သမီးလေး ဘရွတ် တစ်ယောက်တည်းကိုပဲ ဦးစားပေးလာခဲ့တာပါ။ ဂေ့ခ်ျကတော့ ဘရွတ်ရဲ့ရည်းစားပါ။ ဒီလိုနဲ့ ဘရွတ်က အထက်တန်းအောင်ပြီး သူရဲ့ အမေရော ဂေ့ခ်ျရောကိုပါ ထားခဲ့ပြီး တက္ကသိုလ်တက်ဖို့ဖြစ်လာပါတော့တယ်။ ဂေ့ခ်ျကတော့ အထက်တန်းကို ကျကျန်ခဲ့ပါတယ်။ ဘရွတ် တစ်ယောက် တက္ကသိုလ် သွားတက်တော့ ဂေ့ခ်ျ တစ်ယောက်ကို ဖြတ်ပါတော့တယ်။ ဒီလိုနဲ့ စော်ပစ်ခံလိုက်ရတဲ့ ဂေ့ခ်ျ တစ်ယောက်က သတ်သေမယ် ဘာညာတွေဖြစ်လာလို့ ဆူဆန်က ဂေ့ခ်ျအဖေ မရှိခိုက်မှာ စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ ဆူဆန်နဲ့ ဂေ့ခ်ျတို့ ၂ယောက် ထားခံခဲ့ရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုပြဿနာတွေတက်မလဲ၊ ထားခံခဲ့ရတဲ့ ၂ယောက်သား ဘယ်လိုဖေးမကြမလဲ၊ ၂ယောက်သား ဘယ်လိုတွေ ပြဿနာတက်ပြီး ဘယ်လိုတွေ အတူတူဖြေရှင်းကြမလဲဆိုတာကို ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ထားခံခဲ့ရတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားနေရတဲ့လူတွေ၊ အထီးကျန်နေတဲ့ လူတွေ ကြည့်မယ်ဆိုရင် အရမ်းကိုက်ညီတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ ဆွေးမြေ့ရမယ့် ဇာတ်လမ်းမျိုး မဟုတ်တော့ အားတက်ချင်တဲ့လူတွေ ကြည့်ရှု့ဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်လည်း ဒီအတိုင်း အပျော်ကြည့်မယ်ဆိုရင်လည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ပျော်တဲ့ရုပ်ရှင်လေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.2 GB)/(643 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Suze
Turtles All the Way Down
6.8

John Green ရဲ့ Turtle all the way down ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ မေလ ၂ ရက် နေ့တုန်းကမှ ထွက်ရှိထားတာဖြစ်ပြီး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ မှတ်ချက်ကောင်းတွေ ရထားတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Obsessive Compulsive Disorder (OCD) ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို အလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။ သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး တစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့ သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်း လိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်း မေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့ အေဇာရဲ့ OCD ရောဂါပါပဲ ။ အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှု တွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက ပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှု ခံစားရမှာပါ ။ အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရမလဲ ။ ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့ Turtles all the way down ရုပ်ရှင်ရဲ့ Ending လှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။ File size…3.19GB / 873 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

6.8 2024 111 mins
Turtles All the Way Down
Hard Target 2
5.3

သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။ သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.8 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…War , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.3 2016 104 mins
Hard Target 2
The Great Lillian Hall
7.7

The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ် နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်း အော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင် ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိက သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hall ဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင် ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။ သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လို ရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင် ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကို ကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်း သရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အော်စကားတန်းဝင် ကားတွေကြိုက်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.60GB / 708MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.7 2024
The Great Lillian Hall
Dogville
8

IMDb 8/10 မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါ နှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ် ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ် ဒေါ့ဗေးလ် မြို့မှာ လူ့ကျင်ဝတ်အကြောင်းကိုဟောပြောလေ့ရှိတဲ့ စာရေးစရာပေါက်စ တွမ် ဟာ ဂရေ့စ် နဲ့တွေ့ခဲ့ပြီး ဂရေ့စ် ကို ဒေါ့ဗေးလ် မြို့မှာနေထိုင်နိုင်ဖို့နဲ့ မြို့သူမြို့သားတွေလက်ခံလာနိုင်ဖို့အတွက် ကြိုးစားကြပါတော့တယ် တွမ် ကလည်း ဂရေ့စ် ကိုအကြံပေးရင်းနဲ့ မြို့သူမြို့သားတွေကိုလည်း လက်ခံလာနိုင်အောင်စည်းရုံးနဲ့ပေါ့လူဆိုးတွေရဲ့လက်ထဲကိုပြန်မရောက်ချင်တဲ့အချက်က ဂရေ့စ် အတွက်အားနည်းချက်တစ်ခုဖြစ်နေခဲ့ပြီး မြို့သူမြို့သားတွေက အဲဒီအားနည်းချက်ကိုချနင်းပြီး လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကို အမျိုးမျိုးချိုးဖောက်ခံရတဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းဟာ ရင်နာစရာ၊ စိတ်နာစရာ၊ သံဝေဂရစရာ၊ ဒေါသထွက်စရာ၊ ကိုယ်ချင်စာစရာ စတဲ့ ရသပေါင်းစုံကိုပေးစွမ်းနိုင်တဲ့လက်ရာကောင်းတစ်ခုပါ ကျွန်တော်တို့လူသားတွေရဲ့ အမှောင်ဘက်ခြမ်းဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာအောင်ရိုက်ကူးထားပါတယ် လောကနိယာမရဲ့ တူသောအကျိုးကိုပြန်ခံစားရမယ်ဆိုတာကိုပါမြင်ရတာကြီးကတော့ တကယ်ကို ကြောက်စရာကောင်းလှပါတယ် Director Lars Von Trier ရဲ့ဘယ်လိုတင်ဆက်ထားသလဲဆိုတာကိုတော့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

8 2003 178 mins
Dogville
The Magic of Lemon Drops

ဒီတစ်ခါမှာတော့ The Magic of Lemon Drops ဆိုတဲ့ Magical/Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် “သင်လိုချင်ခဲ့ပေမဲ့ မရနိုင်ခဲ့တဲ့ဘဝမျိုးမှာ တစ်ရက်တာနေခွင့်ရမယ်ဆိုရင် သင်လက်ခံမှာလား” လိုလီဟာ မိခင်ဖြစ်သူဆုံးပါးသွားပြီးနောက် ကျန်ရှိခဲ့တဲ့စားသောက်ဆိုင်ကို ဖခင်ဖြစ်သူနဲ့အတူလုပ်ကိုင်နေသူပါ သူမရဲ့ရည်းစားဟောင်းဖြစ်တဲ့ ရိုရီနဲ့ကလည်း သဘောထားမတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ရပြီး ရိုရီကလည်း တခြားမြို့မှာပဲ အိမ်ထောင်ပြုလိုက်ပါတယ် လိုလီရဲ့ ဘဝဟာ သူငယ်ငယ်ကမျှော်မှန်းထားသလို တစ်ခုမှဖြစ်မလာခဲ့တာကြောင့် နောင်တတွေနဲ့ ပြောင်းလဲပစ်ချင်တာတွေအများကြီးရှိနေပါတယ် လိုလီရဲ့အဒေါ်​ဖြစ်သူ အန်တီဂါ့ဒ်က တစ်နေ့မှာ သူ့ဆီကို လီမွန်ချိုချဥ်ခဲလေးတွေလာပေးပါတယ် နောက်ပြီးတော့ အဲ့ဒီလီမွန်ချိုချဥ်လေးတွေဟာ သာမန်မဟုတ်ဘဲ မှော်ဆန်တယ်လို့ဆိုပါတယ် အဲ့ဒီချိုချဥ်ခဲလေးတွေရဲ့ ထူးခြားတဲ့အစွမ်းကဘာဖြစ်မလဲ……. လိုလီကိုရော ဘယ်လိုကူညီပေးနိုင်မလဲ ဘယ်လိုအံ့သြစရာကောင်းတာတွေလုပ်ပေးနိုင်မလဲ ဒါ့အပြင် ရိုရီကလည်း လက်ရှိအိမ်ထောင်နဲ့ကွာရှင်းပြီး မိဘတွေရှိရာမွေးရပ်မြေကို အလည်ပြန်လာတဲ့အခါ ချစ်သာဟောင်းနှစ်ယောက် ရင်ခုန်သံတွေပြန်လည်နိုးကြားလာမလား…….. File size…(1.6 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sakura

0 2024
The Magic of Lemon Drops
Ghost’s News

သရဲလေးတစ်ယောက် အသည်းကွဲနေတယ် (၂၀၂၄) ထိုင်းကားတွေမှာ သရဲကားကို အခွီလေးတွေ ရိုက်ရင် ထိမိနေအောင် ရိုက်တတ်ကြပါတယ်။ ဒီကားကလည်း ဒီလိုမျိုး မကြောက်ဘဲ ရယ်နေရတဲ့ သရဲကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ “အသည်းကွဲသရဲ” အကြောင်းပါပဲ။ ချစ်ရတဲ့ ကောင်မလေးဆီကနေ အထင်လွဲခံလိုက်ရတဲ့ Bert ဆိုတဲ့ ကောင်လေးက ရေနစ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အလောင်းကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတဲ့ပုံတစ်ပုံက လူမှုကွန်ရက်မှာ ပြန့်လာခဲ့တာပါပဲ။ ညတွင်းချင်း ကြည့်ရှုသူပေါင်း သန်းနဲ့ချီ ရှိလာခဲ့တာကြောင့် သတင်းသမားတွေက ဒီသတင်းကို အလုအယက် လိုက်ကြပါတော့တယ်။ သတင်းသမားတစ်သိုက်နဲ့ ဒီသရဲရဲ့ အလွဲလွဲ အချော်ချော် ဖြစ်ရပ်တွေကို အသောအခွီတွေနဲ့ ရယ်မောကြည့်ရှုရမှာကတော့ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Wadi Nwe Aung ပဲ ဖြစ်ပါတယ်။ Genre…..Comedy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 677MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Wadi Nwe Aung Encoder ….. Aaron

0 2023
Ghost’s News