YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Fair Rain (2025) WEB-DL,720p (CM).mp4

694.25 MB N/A video/mp4 223 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Devil Wears Prada
7.4

The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။ လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)

Action • Adventure • Science Fiction
7.4 2006 109 mins
The Devil Wears Prada
Wild Child
6

Wild Child (2008) မိတဆိုးမလေး ပေါ်ပီဟာ ဖခင်ဖြစ်သူကို အရွဲ့တိုက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မာလီဘူး သူတစ်ယောက်ပါ တစ်ရက်မှာတော့ အရွဲ့တိုက် သောင်းကျန်းတာ အရှိန်လွန်သွားတဲ့အတွက် သူ့အဖေက အင်္ဂလန်က အက်ဘီမောင့်ကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့လိုက်ပါတော့တယ် အက်ဘီမောင့်ကျောင်းကို ရောက်ပြီးတဲ့နောက် ပြစ်မှုပေါင်းစုံ ကျူးလွန်ပြီး ကျောင်းကနေ ထွက်ရဖို့အရေး အားကြိုးမာန်တက် ကြိုးပမ်းပေမဲ့ ဂရုဏာရှင်ကျောင်းအုပ်ကြီးက မိတဆိုးသမီးလေးဆိုပြီး ခွင့်လွှတ်ပေးနေတာကြောင့် နောက်ဆုံးမှာ အခန်းဖော်လေးယောက်ရဲ့ အကူအညီနဲ့ ကျောင်းအုပ်ကြီးရဲ့ သားဖရက်ဒီကို ဆွဲဆောင်ပြီး ကျောင်းထုတ်ခံရဖို့ ကြံစည်ပါတော့တယ် ပေါ်ပီတို့ရဲ့ အကြံအစည်အောင်မြင်သွားမလား? လူချောလေး ဖရက်ဒီနဲ့ ပေါ်ပီတို့ ဘာတွေဆက်ဖြစ်ကြမလဲ? ဖရက်ဒီကို တစ်ဖက်သတ်ကြိုက်နေတဲ့ ဟာရီရက်ဆိုတဲ့ ကျောင်းသူနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာတွေကို အခွီတလိုင်းနဲ့ ကြည့်ရှူကြရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre…..Comedy, Drama, Romance Quality….1080p | 720p| 480p File size…2GB | 1.1GB | 286MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Drama • Science Fiction • Thriller
6 2008
Wild Child
Under Her Control
4.8

Under her control / La Jefa (2022) (18+ Warning, အဖော်အချွတ် အခန်းတွေ လိင်ဆက်ဆံခန်းတွေ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ ပါဝင်တာမို့ မိသားစုနှင့်အတူ ကြည့်ရန် မသင့်တော်ပါ) ၂၀၂၂ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ စပိန်စကားပြော ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Netflix ကနေ ထွက်ရှိလာတဲ့ ဥရောပ ဇာတ်ကားတွေဟာ အဆင့်အတန်းတစ်ခုအထိ ရှိတာမို့လို့ ကြည့်ရှု့ရကျိုး နပ်စေမှာပါ ဆိုဖီယာ ရည်မှန်းချက်ကြီးမားတဲ့ ကောင်မ‌လေးတစ်ယောက်ပါ။ ရည်းစားဖြစ်သူ နာချိုနဲ့ အတူ စပိန်မှာ လာရောက်နေထိုင်ရင်း ဘဝကို စွန့်စားလိုသူပါ။ သူ့ရည်းစားဖြစ်သူ နာချိုကတော့ မွေးရပ်မြေကို ပြန်ပြီး သာမန်အေးဆေးတဲ့ဘဝမှာ နေထိုင်ချင်ပေမယ့် ဆိုဖီယာ့အလိုလိုက်ပြီး ဆက်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုဖီယာ အရမ်းကို လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အထက်လူကြီး ဖြစ်သူ ဘီယက်ထရစ်ဇ် ဆီကနေ သင်ယူစရာတွေ များပြားလွန်းတဲ့အတွက် အလုပ်ကို ပျော်ပျော်ကြီးလုပ်ကိုင်နေခဲ့ပါတယ်။ အလုပ်ကိုပဲ အချိန်ပေးလွန်းတဲ့အတွက် နာချိုနှင့် အဆင်မပြေဖြစ်လာပါတော့တယ်။ သို့သော် သမီးဖြစ်သူကို အချိန်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို အလုပ်ထုတ်လိုက်တာကို ဆိုဖီယာတွေ့လိုက်ရပါတယ်။ ထိုအချိန်မှာ ဆိုဖီယာ့ဆီမှာ ကိုယ်ဝန်ရှိနေတာမို့ အလုပ်ထုတ်ခံရမှာ ကြောက်နေပါတော့တယ်။ ထိုအ‌ကြောင်းကို ဘီယက်ထရစ်ဇ် သိသွားပြီး ဘယ်သူ့ကိုမှ အသိမပေးဘဲ ဆိုဖီယာ့ကို ကလေးမွေးခိုင်းပြီး သူကတော့ ကလေးကို မွေးစားဖို့ လုပ်ပါတော့တယ်။ ဒါပေမယ့် ရည်းစားဖြစ်သူ နာချိုမှ သံသယဝင်ပြီး လိုက်လံစုံစမ်းရာမှာတော့…. အချိုးအကွေ့အလှည့်အပြောင်းများနှင့် ကြည့်ရှု့လို့ကောင်းတဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှု့လိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.2GB | 702MB | 404MB Format… mp4 Duration…. 1b 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Action • Adventure • Science Fiction
4.8 2022
Under Her Control
Christy
5.3

Christy 2023 IMDb-5.7/10 တောင်ပိုင်းမာလာရရမ်မင်းသမီးချော မလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစား ပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ် ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်…. လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ…. မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှ ကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်…. လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ…. မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်း အိမ်ထောင်‌စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ…. တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲ ပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်… ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့် ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါ အိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ် ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေ ဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါ ဆရာဝန်ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါ ဒူးယားတစ်လိပ်ပေးပါ မမကျွန်တော့်ကိုပြန်ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့

Comedy • Romance • Music
5.3 2023
Christy
Dangerous Medicine
5

Dangerous Medicine (2021) ==================== Dangerous Medicine ဆိုတဲ့ အခုဇာတ်ကားလေးက လူတွေကို အကွက်ကျကျဇာတ်လမ်းဆင်ပြီး အန္တရာယ်ပေးတတ်တဲ့ လူတစ် ယောက်ကို ပြင်ပကမ္ဘာမှာ လွှတ်ထားမိတဲ့ အလျောက် နောက်ထပ် လူတွေကိုပါ အန္တရာယ်ပေးဖို့ဖြစ်လာပါတော့တယ်။ ရယူလိုစိတ်တစ်ခုကို ရှေ့တန်းတင်တတ်တဲ့၊ ဘာမဆိုလုပ်ရဲတဲ့၊ စိတ် ပိုင်းဆိုင်ရာ မူမမှန်တဲ့ လူတစ်ယောက်အကြောင်းကို အခြေတည်ရိုက် ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက plot holes တွေလည်းရှိနေပြီး လုပ်ယူထားတာမျိုးတွေလည်းတွေ့ရတတ်ပေမဲ့ အတိုင်းအတာတစ်ခု လောက်ထိ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ရှုနိုင်ရန် တင်ဆက်ပေး လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်) File Size……….(1.61 GB) / (559 MB) / (351 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 27Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Lwin Bo Encoder……….SWM

5 2021 87 mins
Dangerous Medicine
Pretty Red Dress
6.5

Pretty Red Dress (2022) ================== သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။ တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.19 GB) / (804 MB) / (465 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

6.5 2022 110 mins
Pretty Red Dress
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Like Girls
5

ဒီဇာတ်ကားလေးကတော့ ဟာသကားကိုမှ အေးအေးဆေးဆေး ဒရာမာခန်းလေးတွေနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ************* ဆီဗီယာ .. ဆယ်လာနဲ့ ရိုဇာနာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်း သုံးယောက်ဖြစ်ပါတယ်။ ဆီဗီယာရဲ့ ယောက်ျားဖြစ်သူက ဖောက်ပြန်နေတာကို သိသွားပြီးတဲ့ နောက်မှာ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ဘဝရဲ့ အသစ်အဆန်း အတွေ့အကြုံတွေကို ရှာဖွေကြရင်းနဲ့ သူတို့ အချင်းချင်းကြားမှာ ရှိတဲ့ သူငယ်ချင်း သံယောဇဉ်ကို အသားပေးထားတာကို ဒီကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်အနား တစ်ယောက် ရှိနေပေးတတ်ပြီး စည်းလုံးတဲ့ သူငယ်ချင်းသုံးယောက် အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ကားလို့ ပြောလို့ ရမယ် ထင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ BZW ပဲ ဖြစ်ပါတယ်။ ) File size… (1.58GB) / (839MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Action • Thriller
5 2024 97 mins
Like Girls
A Matter of Interpretation

A Matter of Interpretation (2014) ********************************* အိပ်မက်တွေဟာ ကိုယ်ချိုးနှိမ်ဖိနှိပ်ထားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့နေရာလို့ လူတွေ ပြောလေ့ရှိတယ်။ ခံစားချက်တွေ၊ နက်ရှိုင်းစွာ တည်ရှိနေတဲ့ အာသီသတွေကို ထုတ်ဖော်ပေးတဲ့ နေရာတစ်ခုပေါ့… ပြဇာတ်မင်းသမီး ယွန်းရှင်းဟာ အိပ်မက်တွေအပေါ် အယုံအကြည်သိပ်မရှိပါဘူး။ လက်တွေ့ဆန်လွန်းလှတဲ့… သူမရဲ့ဘဝကြောင့် စိတ်ကူးယဉ်နိုင်စွမ်းတွေလည်း ကင်းမဲ့နေခဲ့တာ ကြာပါပြီ။ တစ်နေ့ သူမရဲ့ပြဇာတ်ကို… ပရိသတ်တစ်ဦးမှ မလာတဲ့အခါ ဘဝကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ သူမအနေနဲ့ တစ်ခါကချစ်ခဲ့ရတဲ့ ပြဇာတ်ရုံထဲကနေ… ဒေါသမာန်နဲ့ ထွက်လာခဲ့တော့တယ်။ အဲဒီနောက် စိတ်မကြည်မလင်နဲ့ အနီးအနားက ပန်းခြံတစ်ခုကိုသွားပြီး… ဆေးလိပ်ဖွာနေတုန်း အိပ်မက်အဓိပ္ပာယ်ဖော်တတ်တဲ့ စုံထောက်တစ်ဦးနဲ့ တွေ့ဆုံတော့တယ်။ ဒီလိုနဲ့ ပြဇာတ်သရုပ်ဆောင်… ယွန်းရှင်းဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူမရဲ့စိတ်ပြင်းပြမှုတွေ၊ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ စိတ်ရဲ့အနက်ရှိုင်းဆုံးထဲက… ခံစားချက်တွေကို ပိုနားလည်သဘောပေါက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာတော့တယ်။ အူကြောင်ကြောင်နဲ့… ဟာသလေးတွေနှောထားတဲ့ လွမ်းဆွေးစရာ ဒရမ်မာရုပ်ရှင်လေးဖြစ်တာမို့ ကြည့်တဲ့အချိန်… အထူးအဆန်းလေးဖြစ်နေမှာ သေချာပါတယ်။ Indie films တွေ နှစ်ခြိုက်သူအဖို့တော့ ဒါက hidden gem ပါပဲ။ ဇာတ်လမ်းအညွှန်းကို Esther Oo မှ ရေးသားပေးထားပါတယ် File Size : 1.4GB / 565MB Quality : WEB-DL 1080p / 720p Duration : 1 hr. 38 min. Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

Action • Thriller • Science Fiction
0 2014 99 mins
A Matter of Interpretation
Diary of an Alcoholic
6.4

IMDB Rating 6.4/10 ဒီဇာတ်ကားလေးမှာတော့ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့တဲ့ ဇနီးတစ်ဦး၊ မိခင်တစ်ဦးဟာ သူ့ဘဝသူ ဘယ်လိုပြန်ကယ်ပြီးတော့ အောင်မြင်တန်ဖိုးရှိတဲ့ သူတစ်ဦးဖြစ်လာအောင် ပြောင်းလဲ သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ ဒါပေမယ့် ဘဝပျက်စီးရမယ့် အမှားမျိုးဆိုရင်တော့ လမ်းမှန်ပေါ် ရောက်အောင် သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ် သွားဖို့အတွက် ဒီဇာတ်လမ်းထဲက အရက်ကျေးကျွန်ဖြစ်ဖူးတဲ့ မီရှာ ဆိုတဲ့အမျိုးသမီးကို အတုယူပြီး ချစ်ရတဲ့သူတွေအတွက် ပြောင်းလဲပေးဖို့ ခွန်အားဖြစ်စေနိုင်မှာပါ။ File size… (1.78GB) / (779MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Horror • Comedy
6.4 2024 92 mins
Diary of an Alcoholic
Glory: Who Will Compete
5.6

E- sport ချန်ပီယံအိပ်မက်ကို အခက်အခဲတွေ အမျိုးမျိုးကြားကနေ ရအောင်အကောင်အထည်ဖော်သွားတဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ BOF ဆိုတဲ့အဖွဲ့ဟာ မိန်းကလေး ၄ယောက်၊ ယောင်္ကျားလေး ၁ယောက်နဲ့ဖွဲ့ထားတဲ့ E- sport အဖွဲ့တစ်ခုဖြစ်တယ်။ BOFဟာတွဲဖက်ညီညီနဲ့ ကြိုးစားလာခဲ့ကြတာ ပြိုင်ပွဲကြီးတစ်ခုရဲ့အမှတ်အများဆုံးရပ်တည်နေပါတယ်။ အဲဒီအချိန်မှာခေါင်းဆောင်ဖြစ်တဲ့ ရွေချီရဲ့ရည်းစားဖြစ်တဲ့ လီကျုံးရှော့ကို တစ်ဖက်ပြိုင်ဘက်အသင်းက ငွေနဲ့ပေါက်ပြီး ခေါ်သွားတဲ့အခါ BOFမှာ မိန်းကလေး၄ယောက်ပဲကျန်ခဲ့ပြီး ပြိုင်ပွဲဆက်ပြိုင်ဖို့အခက်အခဲတွေဖြစ်လာခဲ့တယ်။ သစ္စာဖောက်သွားတဲ့ရည်းစားကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်အောင် အဆုံးထိဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Drama
5.6 2025
Glory: Who Will Compete
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath