YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Face Me 2024 - Episode 05 - 720p WEB [RMC].mp4

425.42 MB N/A video/mp4 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Killers
5.9

ဇွန်လ ၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Killers ကတော့ ‌အချစ်ဟာသ အက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Ashton Kutcher နဲ့ Grey anatomy တွင် izzie stevens အနေနဲ့ emmy ဆု ရရှိခဲ့တဲ့ Katherine Heiglက အဓိက ပါဝင်သရုပ်ဆောင် ထားပြီးတော့ emmyဆု ပိုင်ရှင် Tom Selleck နဲ့ Catherine O’Hara တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ ခရီးသွားနေတဲ့ ဂျန်ဟာ သူမရဲ့ စိတ်ကူးတွေထဲက ယောက်ျားဖြစ်တဲ့ စပန်ဆာ နဲ့ ပြင်သစ်နိုင်ငံ နိစ့် မြို့ကို သွားရင်းတွေ့ဆုံ ခဲ့ကြပြီး အလျင်အမြန်ပဲ လက်ထပ်ခဲ့ကြတယ်။တစ်နေ့မှာ‌တော့ သူတို့ရဲ့ အိမ်နီးချင်းတွေက သူတို့ကို သတ်ဖို့ ဌားထားတဲ့ ကြေးစားလူသတ်သမားတွေဖြစ်နိုင်ကြောင်းသိသွားပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ရဲ့ ကျေးလက်ဘက်ကငြိမ်းချမ်းတဲ့ ဘဝလေးက အစိတ်စိတ်အမြွာမြွာဖြစ်ခဲ့ရတယ်။သူတို့ ကို ဘယ်သူက ဒီလိုဘဝရောက်အောင် လုပ်လိုက်လဲဆိုတာကို ရင်ခုန်စွာ ကြည့်ရမှာပဲဖြစ်ပါတယ်။ တကယ်လို့ အက်ရှင်ကားတွေကို မှ ဟာသအနှောနဲ့ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို အခုပဲကြည့်လိုက်ပါတော့နော် File size…1.65 GB/ 691.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Thura

Comedy • Music
5.9 2010 100 mins
Killers
Unwelcome
5.9

Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
5.9 2023 104 mins
Unwelcome
Look up and see joy
8

ဒီဇာတ်ကားလေးဟာဆိုရင် မိသားစုအကျပ်အတည်းတွေကြားထဲက မိသားစုရဲ့ တာဝန်ကြီးပုံ ၊ တာဝန်ယူရပုံ ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ချစ်မြတ်နိုးပုံ ၊ ကလေးငယ်လေးတွေရဲ့ သင်ကြားမှု ပညာရေး ပြဿနာ အစရှိတဲ့ မိသားစုရေး အိမ်တွင်းရေး ကိစ္စတွေကို အဓိက ဖော်ပြပေးထားတဲ့ မိသားစုဇာတ်ကားလေးပါပဲဖြစ်ပါတယ်ရှင် ။ ❏ အလုပ်ထုတ်ခံရပေမဲ့လဲ ကံကြမ္မာကို ဦးမညွှတ်ပဲ ရှေ့ဆက်ပြီး လျှောက်နေသူ ❏ ဆုံးပါးသွားတဲ့ အဘွားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ အတိတ်ကနေ ရုံးမထွက်နိုင်တဲ့ အဘိုးကို ကွန်ပျူတာ နည်းပညာသုံးပြီး အဘွားနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပေးနေသူ ❏ အလုပ်အကိုင်အခြေအနေတွေကြောင့် သားဖြစ်သူကို မိဘနဲ့ အတူတူမထားနိုင်ရှာပဲ ဘိုးဘွားတွေဆီ အပ်နှံထားရသူ ❏ ငွေကြေးချမ်းသာပေမဲ့ တောရွာလေးဆီမှာ ရောက်ရှိလာဖို့ အကြောင်းဖန်လာခဲ့ပြီး သူဌေးသားတစ်ယောက်အနေနဲ့ ကျေးလပ်တောရွာမှာ အသားကျအောင် ကြိုးစားပြီး နေထိုင်နေရသူ အစရှိသဖြင့် ဇာတ်လမ်းဇာတ်ကွက် လေးခုခွဲကာ ဒီကားလေးအတွင်း မြင်တွေ့ရမှာဖြစ်တဲ့ အပြင် ကိုယ်ကျရာ ဘဝဇာတ်ခုံမှာ ကကြိုးဆင်ကာ ကပြနေကြတာကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ ကိုယ်ကျရာ ဘဝမှာ အရှူံးမပေးခေါင်းမငုံ့ပဲ လုပ်ဆောင်ပြီး မိသားစုတွေရဲ့ နွေးထွေးမှုတွေနဲ့ အတူ ရှေ့ဆက်ကာ သူတို့ရဲ့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 2h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery • Thriller
8 2023
Look up and see joy
Transformers: The Last Knight
6.1

၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။ သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ် အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့ လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်က ကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊ မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့ စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ ) 4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Adventure • Fantasy
6.1 2017 154 mins
Transformers: The Last Knight
Diabolik
6.1

Diabolik (2021) ၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ရေကုန်ရေခမ်းကြိုးစားခိုးယူတတ်တဲ့ ဒီယာဘောလစ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။ တစ်သက်မှာတစ်ခါပဲတွေ့ရမယ့် လူပဲလို့ အချင်းချင်းနားလည်သွားကြတဲ့အခါ သူတို့ချင်း ဘယ်လိုဆက်ဖြစ်မလဲ။ ရာဇဝတ်ဘေးကကော တကယ်ပြေးလွတ်ပါရဲ့လား။ ဒီယာဘောလစ်ရဲ့ ကွက်ကျော်မြင်မှုတွေ၊ အခက်ခဲဆုံးအခြေအနေတွေမှာတောင် တည်ငြိမ်နေပုံတွေအပြင် ဇာတ်လမ်းအလှည့်တွေကိုလည်း မြင်ရမှာဖြစ်တာကြောင့် ရင်ခုန်စရာမရှိတဲ့ဘဝမှာ ရင်ခုန်ချင်ရင် အချိန် ၂ နာရီလောက် ရင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 2H 13Min Genre - Action, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy • Romance
6.1 2021 133 mins
Diabolik
Wolf Creek
6.5

Wolf Creek ========== ဒီဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခြေတည်ပြီးတော့ ပျောက်ဆုံးသွားတဲ့သူတွေက ဘယ်လိုတွေပျောက်ဆုံးခဲ့လဲဆိုတာကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာကြောင့် horror/thriller ကြိုက်သူတွေ အနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘန်၊ ခရစ်စတီ နဲ့ လစ်ဇီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဥက္ခာခဲကျရောက်ခဲ့တဲ့နေရာကို အပျော်ခရီးအနေနဲ့ လာခဲ့ကြပါတယ်။ အလာမှာ ချောချောချူချူ ရောက်ခဲ့ကြပေမယ့် ပြန်ဖို့ပြင်တဲ့အချိန်မှာ ကားစက်နှိုးလို့မရဖြစ်နေခဲ့ပါတယ်။ သူတို့တွေလည်း အဲဒီညကို ကားပေါ်တင်အိပ်ပြီး ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ ကုန်တင်ကားတစ်စီးက သူတို့နားကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ ဘေးကင်းပြီလို့ ထင်ခဲ့ကြပေမယ့် သူတို့ဆီကို မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တစ်ခု ရောက်လာခဲ့တဲ့အခါ ဘယ်သူတွေကလွတ်မြောက်သွားကြမလဲ အကုန်လုံးကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 3.76 GB ) and ( 1.26 GB) Quality : BluRay 1080p , 720p Running Time : 1hr 39min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jaka Encoded by Min Wai

Action • Adventure • Science Fiction
6.5 2005 104 mins
Wolf Creek
Before the Devil Knows You’re Dead
7.3

Imdb rating – 7.3/10 ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။ အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ရင်ဆိုင်​ရပါ​တော့တယ်။ Indie ရုပ်ရှင်​ဖြစ်လို့​ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်​အသွေး​မြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆ​တိုက်​ဆိုင်သွားတဲ့ ဖြစ်ရပ်​တစ်ခုက​နေ​ မိသားစု​ပြိုကွဲတဲ့အထိ​ ဆင့်ကဲသက်ရောက်သွားပုံကို​ Pulp Fiction​ ဇတ်​ကားလို​ non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်​အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့​ Ethan Hawke​ လို​ ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်း​ပီပြင်​တဲ့အတွက်​ ရုပ်​ရှင်​ဝေဖန်​သူတွေ​ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်​ဒီရုပ်ရှင်​နှစ်သက်​သူများနဲ့ မှုခင်းဒရာမာ​ Thriller ရုပ်ရှင်​များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်​မနေကြည့်ရှုသင့်တဲ့ ဇာတ်​ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ​ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip​ Hoffmann ကတော့​ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Romance • Comedy • Drama
7.3 2007
Before the Devil Knows You’re Dead
Lone Survivor
7.5

Lone Survivor (2013) အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ကလည်း ၂၀၁၂ မှာ Mark Wahlberg နဲ့ Battleship ကိုရိုက်ပြီးခါစဆိုတော့ စစ်ကားအပိုင်းမှာ ဒါရိုက်တာကော မင်းသားပါ အရှိန်ရနေခဲ့တဲ့ကာလလို့ပြောရမယ်။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးရဲ့ တာဝန်က Ahmad Shah ဆိုတဲ့ တာလီဘန်ခေါင်းဆောင်ကိုရှင်းဖို့။ သူက တာလီဘန်အဖွဲ့တစ်ခုဖြစ်တဲ့ Hezb-e-Islami Gulbulddin (HIG) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဖဂန်မှာ အမေရိကန်တပ်သားတွေကို ချုံခိုရှင်းခဲ့တာတင်မကဘဲ အမေရိကန်စစ်တပ်ကိုကူညီတဲ့ အာဖဂန်ရွာသားတွေကိုပါ ရှင်းတာကြောင့် သူ့ကိုအန္တရာယ်ကြီးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ထားတယ်။ သူ့ကိုရှင်းထုတ်ဖို့ SEAL အဖွဲ့ဝင် ၄ ယောက်က တာဝန်ပေးခံရတယ်။ သူတို့ ၄ ယောက်က တောင်ပံနီစစ်ဆင်ရေးအတွက် တာဝန်ကျနေရာကိုရောက်ပြီး နေရာယူထားတဲ့အထိ အားလုံးကအဆင်ပြေနေသေးတယ်။ ဆိတ်ကျောင်းသားမြေးအဖိုးတွေ မရောက်လာခင်အထိပေါ့။ ဆိတ်ကျောင်းသားတွေကိုမိတဲ့အချိန် သူတို့အနေနဲ့ သတ်မလား…လွှတ်မလား… ရွေးရတော့တယ်။ ရှင်းလိုက်ရင် သူတို့နေရာမပေါက်ကြားတော့ဘူး။ တာဝန်ကိုဖြောင့်အောင်ဆက်လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒါကသူတို့ရဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို ချိုးဖောက်ရာရောက်သွားမယ်။ လွှတ်လိုက်ရင် သူတို့နေရာပေါက်ကြားပြီး တာလီဘန်အယောက် ၂၀၀ လောက်က သူတို့ကို အမဲလိုက်ဖျက်တာခံရမယ်။ ဘာရွေးခဲ့လဲ။ သူတို့စည်းမျဉ်းအတိုင်းပဲ လွှတ်ပေးခဲ့တယ်။ အကျိုးဆက်ကတော့ ရာနဲ့ချီတဲ့တာလီဘန်တွေကို ၄ ယောက်တည်းနဲ့ ခံတိုက်ရတာပဲ။ သာမန်အားဖြင့်ဆိုရင် SEAL တွေက ဒီလိုအခြေအနေတွေကိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့ လေ့ကျင့်ပြီးသားပါ။ မြေပြန့်မှာဆိုရင်ပေါ့။ ဖြစ်ချင်တော့ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက တောင်တွေအတော်ထူထပ်တဲ့ အာဖဂန် အရှေ့မြောက်ပိုင်းဖြစ်နေတယ်။ အဲဒီမှာ မြေပြင်အနေအထားအရ တာလီဘန်တွေအသာစီးရပြီး SEAL တွေအတော်ထိသွားတယ်။ တောင်ပေါ်ကပြုတ်ကျတာလည်းအကြိမ်ကြိမ်၊ ကျည်ဆန်မှန်တာလည်းအကြိမ်ကြိမ်နဲ့ပေါ့။ နောက်ဆုံးမှာ Marcus Luttrell တစ်ယောက်ပဲ အသက်ရှင်ခဲ့တဲ့အထိပဲ။ မစ်ရှင်ကတော့ မအောင်မြင်ခဲ့ဘူး။ ဒီရုပ်ရှင်က SEAL တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုတွေကို တမ်းတအောက်မေ့တဲ့အနေနဲ့ ရိုက်ခဲ့တာဖြစ်တယ်။ ရိုက်ကူးတုန်းကလည်း တကယ့် Navy SEAL တွေ စစ်ပြန်တွေက ရိုက်ကွင်းအကြံပေးတွေအနေနဲ့ပါခဲ့ကြတယ်။ လက်တွေ့ဘဝက Marcus Luttrell တောင်မှ cameo အနေနဲ့ပါခဲ့သေးတယ်။ တောင်ပေါ်က ပြုတ်ကျတဲ့အခန်းတွေဆိုရင်လည်း CGI နဲ့ရိုက်တာမဟုတ်ဘဲ Stunt double တွေနဲ့ အမှန်အကန်ရိုက်ခဲ့တယ်။ အရိုက်လွန်ပြီး Mark Wahlberg ရဲ့ စတန့်သမားတောင် တစ်ခန်းအပြီး ဆေးရုံတင်လိုက်ရသတဲ့။ အဓိကချီးကျူးစရာက အသံပိုင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့်လည်း အသံပိုင်းမှာ Academy ဆု ဆန်ခါတင် ၂ ခုဝင်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Mark Wahlberg တို့ Taylor Kitsch တို့ Ben foster တို့လို ဆရာကြီးတွေပါ‌တဲ့အတွက် အပြစ်ပြောစရာမရှိဘူး။ ဖြစ်ရပ်မှန်စစ်ကားကောင်းကောင်းလေးမှကြိုက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)

7.5 2013 121 mins
Lone Survivor
Susuk
5.5

Susuk (2024) အညွှန်း ဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ‌ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း လိုအပ်တာပေါ့။ နဂိုကတည်းက အလှအပအတွက် သုံးတဲ့ Susuk ကို ဖယ်ရှားလိုက်ပါက ခြောက်လအတွင်း သူ၏ နဂိုမျက်နှာကို ပြန်လည်ရောက်ရှိမည်ဟုပြောစမှတ်တွင်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ လာရက်စ်တစ်ယောက် လိင်အလုပ်သမအဖြစ်လုပ်စားနေပြီး သူ့ရဲ့ညီမ ယူ နဲ့လည်း ဆက်ဆံရေးမပြေလည်ပါဘူး။ တစ်နေ့ကျတော့ လာရက်စ်တစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရောက်လာတဲ့အခါမှာတော့ သူ့ညီမက အစ်မကို ကယ်တင်ရန်အလို့ငှာ နည်းပေါင်းစုံနဲ့ ကြံလာပါတော့တယ်။ ဖြစ်ချင်တော့ အစ်မခန္ဓာကိုယ်ထဲမှာလည်း Susuk (ဆူဆု) ရှိနေတဲ့အတွက် သေလည်းမသေနိုင်ဘဲ ဆန့်တငင်ငင်ကြီး ဖြစ်နေတဲ့အခါ ဘယ်လိုပယောဂတွေ ဝင်ရောက်လာမလဲ။ ယူ တစ်ယောက် သူ့အစ်မ လာရက်စ်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1GB | 562MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

5.5 2024
Susuk
Bad Romance: The Vicky White Story
6.1

စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကို Bad Romance : The Vicky White Story လို့ပေးထားပြီး လက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲက ဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့ မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသား ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့ အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့ အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကို အသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေ ဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိ ဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်း ထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်း သွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော် အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီက ဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီး တောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ် မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာ မကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက ပိုပိုကြီးထွားလာခဲ့ပြီး အထက်မှာပြောခဲ့သလို ဗစ်ကီကကေစီ့ကို ရုတ်တရက်ကြီး ထောင်ကနေခေါ်ထုတ်ပေးပြီး ထွက်ပြေးကြတဲ့ အခါမှာတော့ သူတို့ရဲ့ရှေ့ဆက်ကျန်ရှိတဲ့ဘ၀တစ်လျှောက်မှာ အတူတူပျော်ရွှင်စွာနေထိုင်သွားရမလား သူတို့နောက်ကို လိုက်ဖမ်းမဲ့ ရဲတွေလက်ကနေကော ထွက်ပြေးနိုင်ကြပါ့မလား ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်များစွာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 734MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 27m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023 88 mins
Bad Romance: The Vicky White Story
Kromoleo: The Haunting
4.2

Kromoleo: The Haunting (2024) IMDb Rating (4.2) ၁၉၈၀ ကျော်ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆေးမှင်ကြောင်နဲ့လူမိုက်တွေ ပဟေဠိဆန်ဆန်အသတ်ခံခဲ့ရပြီးတစ်တိုင်းပြည်လုံးတုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။ အဲ့ဒီလူမိုက်တွေဟာ အောက်လမ်းနည်းအတတ်တွေနဲ့ဆက်စပ်နေပြီး ကျည်ပြီးဓားပြီးသူတွေလို့လည်းပြောစမှတ်တွင်ခဲ့ကြတယ်။ သူတို့တွေကို ဘယ်သူတွေက သတ်နိုင်ခဲ့ကြလဲ ဘာအကြောင်းကြောင့်လဲဆိုတာတွေဟာ အဖြေမပေါ်ခဲ့ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ ဇီယာဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဈာပနအတွက် ငယ်ဘ၀ကတည်းက စွန့်ခွာခဲ့တဲ့သူတို့ရွာလေးကိုပြန်ရောက်လာခဲ့ပါတယ်။ ရွာကလူတွေဟာ သူ့ကိုမြင်တာနဲ့မျက်စိပျက်မျက်နှာပျက်ရှောင်ဖယ်ပြေးကြသလို တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ အဘိုးဖြစ်သူကလည်း ဈာပနပြီးတာနဲ့ဇီယာကို ချက်ချင်းပြန်လွှတ်ဖို့စိတ်စောနေပါတယ်။ အဲ့ဒီအချိန်မှာပဲရွာလယ်ကွက်လပ်မှာ သူကြီးဖြစ်သူက ရွာသားတွေကိုစုဝေးပြီးတော့ မှာတမ်းချွေခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာသားတွေအားလုံး ဒီညမှာအပြင်မထွက်ဖို့၊ ပြူတင်းပေါက်နားမှာမနေဖို့၊ တံခါးတွေလုံလုံခြုံခြုံပိတ်ထားဖို့နဲ့ ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မကြည့်ဖို့ပါပဲ၊ အဲ့ဒါတွေအပြင် ”သူတို့” ဆိုသူတွေနဲ့ထိပ်တိုက်မတိုးမိအောင် ကံဆိုးသူတွေကတော့ အဲ့ဒီ ”သူတို့” ကိုမျက်လုံးချင်းဆုံမကြည့်ဖို့မှာခဲ့ပါတယ်။ ရွာသားတွေ ဒီလောက်အထိ အထိတ်တလန့်ဖြစ်စေရအောင် ဘယ်လိုအန္တရာယ်တွေရှိနေလို့လဲ? ”သူတို့” ဆိုတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေဖြစ်မလဲ? လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေနဲ့ ဒီကနေ့ရွာကိုပြန်ရောက်လာတဲ့ ဇီယာဟာ အခုကျရောက်လာမယ့်အန္တရာယ်တွေနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို ခြောက်ခြားဖွယ်ပဟေဠိတွေနဲ့သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၂၄ မှာပေါက်ကား တစ်ကားဖြစ်ခဲ့တဲ့ ဟော်ရာကား Vina: Before 7 Days ဒါရိုက်တာရဲ့လက်ရာပဲဖြစ်ပါတယ်။ (Vina ကအကြည်မထွက်သေးပါဘူး) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (590 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:21:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

4.2 2024 80 mins
Kromoleo: The Haunting
Anomalisa
7.1

Anomalisa (2015) **************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ… File Size : 791MB / 340MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Heather Oo

TV Movie • Drama
7.1 2015 91 mins
Anomalisa
Journey to You
6.7

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Terry Ingram က ရိုက်ကူးထားပြီးတော့ Erin Cahill, Erik Valdez, Isabelle Brès, Pep Tosar နဲ့ Solal Bellaiche တို့က အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အလုပ်မှာ ရာထူးတိုး မရသွားလို့ စိတ်ဓာတ်ကျနေတဲ့ Monica ဟာ စိတ်ပြေ လက်ပျောက်ဖြစ်သွားဖို့အတွက် စပိန်နိုင်ငံက Camino de Santiago ဘာသာရေးလမ်းလျှောက်ခရီးစဉ်ကို သွားပါတယ်။ အဲဒီမှာ ခရီးသွားဖော်ခရီးသွားဖက် Luis နဲ့ တွေ့သွားပြီးတော့ သူတို့နှစ်ယောက် ခရီးစဉ်တစ်လျှောက် အမှတ်တရတွေဖန်တီးရင်း အချင်းချင်းရင်းနှီးသွားပြီး ချစ်ကြိုက်သွားကြပုံကို ကြည်ရှုကြရမှာပါ။ ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းသက်သက်တင် မဟုတ်ဘဲ ဘဝရဲ့ပျော်ရွှင်မှု၊ ဘဝရဲ့ရည်ရွယ်ချက်နဲ့ ကိုယ့်နှလုံးသားနောက်ကိုလိုက်ဖို့အတွက် လိုအပ်တဲ့ သတ္တိကို ဘာသာရေးနဲ့ရှာဖွေကြပုံကို ကြည်နူးဖွယ် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်း setting ချထားတဲ့နေရာက အရမ်းလှ ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ အချစ် ဇာတ်ကားလေးဖြစ်ပါတယ်။ File size… (1.55 GB) / (757 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

6.7 2025 84 mins
Journey to You
Ten Years Challenge
7.4

Ten Years Challenge (2024) IMDb Rating (7.4) လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်သွားနိုင်မယ်ဆိုရင် တူညီတဲ့အမှားတွေမလုပ်မိအောင် ကြိုးစားနိုင်မလား? ဒီဇာတ်လမ်းလေးကတော့ 27 နှစ်အရွယ် Atya ဆိုတဲ့ မိန်းကလေးတစ်ယောက် 12 နှစ်ကြာ တွဲခဲ့တဲ့ကောင်လေးဆီက အဖြတ်ခံရ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလည်း စွန့်ပစ်ပြီး တစ်ခြားစီးပွားရေးလုပ်ငန်းကိုလုပ်ခဲ့လို မပျော်ရွှင်ရတဲ့အပြင် အထက်တန်းတုန်းက သူများကိုအနိုင်ကျင့်ခဲ့တဲ့လုပ်ရပ်တွေကြောင့် အရှက်ရစရာတွေမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ဆန်းကြယ်တဲ့ကံကြမ္မာက သူ့ကိုလွန်ခဲ့တဲ့ 10 နှစ် အထက်တန်းကျောင်းသူဘဝကို ပြန်လည်ခေါ်ဆောင်သွားချိန်မှာတော့ တူညီတဲ့အမှားတွေထပ်မလုပ်မိအောင်၊ ဟိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ဘဝကိုပြောင်းလဲနိုင်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:29:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

7.4 2024 88 mins
Ten Years Challenge