YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Eye for an Eye 2 2024 - 1080p [RMC].mp4

2.14 GB N/A video/mp4 19 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Bounty Hunter
5.8

ဒီတစ်ခေါက်မှာတော့ အချစ်နဲ့အက်ရှင်ရောစပ်ထားတဲ့ တစ်ကားလုံးခွီနေရမဲ့ Rom-com လေးတစ်ပုဒ်ကိုမိတ်ဆက်ပေးပါရစေ။အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ 300 မင်းသားကြီး Gerard Bulter ၊မင်းသမီးချော Jennifer Aniston တို့ပါဝင်သရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ မင်းသမီးကြီး Christine Baranski တို့ကအားဖြည့်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့မိုင်လိုဟာရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှမိန်းမနဲ့ကွဲပြီးအရက်သောက်ကွဲပြဲကာတပ်ဖွဲ့မှအထုတ်ခံလိုက်ပါတယ်။ထို့ပြင်သူကလောင်းကစားလည်းအတော်လုပ်တတ်တဲ့သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့အကြွေးရှင်တွေလိုက်ဖမ်းတာကိုခံနေရပါတယ်။အဲ့လိုနဲ့တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ကြေးစားလူဆိုးဖမ်းပေးတဲ့ကုမ္ပဏီကနေစာချုပ်တစ်ခုကိုရလိုက်ပါတယ်။အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကိုရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကိုဖမ်းခေါ်လာခဲ့ဖို့ပါ။အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ်ပိုက်ဆံလိုနေတဲ့မိုင်လိုကစာချုပ်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာသေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှုမဟုတ်မှန်းသံသယဖြစ်စရာတွေပေါ်လာတဲ့အလျောက် လူသိမများခင်တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။အမှုနောက်ကိုလိုက်ရင်းကလည်း တဖြည်းဖြည်းဝင်ပါလာမိတဲ့အခါမကျေနပ်တဲ့ဆိုင်ရာသူတွေက နစ်ခ်ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။အဲ့လိုနဲ့နှစ်ယောက်သားရဲ့ခရီးစဉ်က အသက်အန္တရာယ်ကလွတ်အောင်အတူကြိုးပမ်းကြရတဲ့ဆီကိုရောက်လာပါတော့တယ်။တစ်ဖက်မှာလည်းမိုင်လိုရဲ့အကြွေးရှင်တွေက သူ့ကိုဖမ်းမိဖို့အသည်းအသန်လိုက်လာကြပါတယ်။ထိုဗရုတ်သုတ်ခနှစ်ခုကြား သူတို့အဆက်ဟောင်းနှစ်ဉီးပြဿနာတွေရင်ဆိုင်ရင်း မေတ္တာတွေကျန်ရှိနေကြတုန်းပဲဆိုတာသိလိုက်ရပါတယ်။အန္တရာယ်ကြားက အိမ်ထောင်ရေးကိုပြင်ဆင်ဖို့ဒုတိယအခွင့်အရေးကို ပိုင်နိုင်စွာအသုံးချသွားကြမလားဆိုတာကိုတော့ ဒီကားလေးကိုဆက်လက်ကြည့်ရှုရင်းအဖြေရှာလိုက်ကြပါစို့။ Box office မှာလည်း တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.05 GB/ 806.1 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 50m Genre ..... Action , Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Drama
5.8 2010 110 mins
The Bounty Hunter
A Little Thing Called Love
7.8

ယခင်က DVD 720p အရည်အသွေးသာရှိခဲ့ပေမယ့် ယခုအခါ Netflix WEB-DL 1080p Quality ထွက်ရှိလာလို့ Update လိုက်ပါပြီ။ “Crazy Little Thing Called Love” (သို့မဟုတ်) A Little Thing Called Love (သို့မဟုတ်) First Love မင်းသားချော မာရီယိုနဲ့ မင်းသမီးချော Baifern တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ ကျော်ဖတ်သွားလို့ မဖြစ်နိုင်တဲ့ ညှို့အားအပြည့်နဲ့ ဒိုင်ယာရီလေး တစ်အုပ်ပါပဲ... အချစ်တစ်ခုကို အလှဆုံးချရေးပြီး ဘဝတလျှောက်မှာ ဘယ်အချိန်ပြန်ဖတ်ဖတ် လှတယ် အချစ်ရဲ့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချရင်း ဘဝကိုအလှပဆုံးဖန်တီးသွားနိုင်သလို တစ်ခါပြန်မရနိုင်တဲ့အကောင်းဆုံးအမှတ်တရလေးတွေလဲရောက်လာအောင်ဖန်တီးပေးနိုင်ပါတယ် လူတစ်ယောက်ကို ထုတ်မပြောပဲအဝေးကနေငေးပြီး တိတ်တိတ်လေးရော ချစ်ဖူးလား??? အချစ်ဆိုတာ စည်းချက်တစ်ခုလိုပဲ ကိုယ်ပေးချင်တဲ့အချိန်သူကလိုချင်တဲ့အချိန်ဖြစ်မှ သူလိုချင်တဲ့အချိန်ကိုယ်က ပေးနိုင်ခဲ့မှ လွဲချော်သွားခဲ့ရင် အရာရာဟာ ရင်နာစရာပါပဲ... ဒါကြောင့် ဖွင့်ပြောလိုက်ပါ။အစွမ်းကုန်ချစ်ကြည့်လိုက်ပါ။ နူးညံ့တဲ့ ခံစားမှုလေးတစ်ခုဟာလူတစ်ယောက်ကို အရာရာဖန်တီးပေးနိုင်တယ် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ မိုးတိတ်တဲ့အခါ ကောင်းကင်မှာ ပေါ်လာတဲ့ သက်တန့်လေးလိုပါပဲ... ရင်ထဲမှာမှိုင်းညှို့ပြီး ဝုန်းဒိုင်းကြဲခံစားချက်တွေ သူ့အပေါ်မရဲတရဲရွာသွန်းခဲ့ရပေမယ့် သူလဲကိုယ့်လို ကိုယ်နဲ့ထပ်တူ ခံစားချက်ရမှန်းသိလိုက်ရတဲ့အခါ အချစ်ဆိုတာ...တစ်ခါရေးရုံနဲ့ တစ်သက်စာလုံလောက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်လို... “Crazy Little Thing Called Love” (ရုပ်ရှင်အညွှန်းကို Baifern Myanmar Fans Facebook Page မှကူးယူဖော်ပြပါသည်။) File size…(2.3 GB)/(1 GB) Quality…WEB-DL(NF) 1080p / 720p Format…mp4 Duration….01:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe-Z & Kyi Nue Zin

Action • Horror • Thriller
7.8 2010 118 mins
A Little Thing Called Love
The Dark Knight
8.5

IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။ The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel Schumacher ရဲ့ ကလေးကြိုက် Batman Forever နဲ့ ဘယ်သူမှမကြိုက်တဲ့ Batman & Robin (၁၉၉၇မှာထွက်ခဲ့ပြီး Batman ကို ရုပ်ရှင် လောက ကနေ ခဏတာကွယ်ပျောက်သွားစေပါတယ်။) ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ Batman Begins နဲ့အတူ Batman နဲ့ Comic Book ရုပ်ရှင်တွေ ရုပ်ရှင်လောကကိုတကျော့ပြန် ဝင်လာခဲ့ပြီး ၂၀၀၈ ခုနှစ် ရဲ့ The Dark Knight ကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အကောင်းဆုံး Batman ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖု့ိ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။ Batman ရဲ့ Character မိတ်ဆက်ထဲမှာ ပြောထားသလိုပဲ Batman က Comic Hero တွေအားလုံးထဲမှာ The World Greatest Detective ဆိုတဲ့ ဘွဲ့ကိုရထားတဲ့ အတိုင်း ဒီကားမှာ သူ့ရဲ့ စုံထောက် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး သာမက သူ့ရဲ့ တိုက်ရည်ခိုက်ရည်၊ စွန့်လွှတ်စွန့်စား နိုင်မှုတွေ ကိုပါ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်မှာပါ။ ဒါ့အပြင် ဒီကားမှာ အဓိကသရုပ်ဆောင် Christian Bale ရဲ့ ပြီးပြည့်စုံတဲ့ Batman သရုပ်ဖော်မှု၊ ဒါရိုက်တာ ရဲ့ ရိုက်ကူးတင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ၊ နက်နဲတဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ ကွင်းဆက်မိမိ တက်ဆက်ထားနိုင်မှုတွေထက် ပိုပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒါကတော့ Heath Ledger ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်းဖြစ်သလို အကောင်းဆုံး ဇာတ်ကောင်လည်းဖြစ်တဲ့ Joker ပါ။ Heath Ledger ရဲ့ The Joker က တကမ္ဘာလုံးက ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြီး၊ ဗီလိန် တွေထဲမှာ ဆရာတစ်ဆူဖြစ်စေခဲ့ပါတယ်။ ဒီကားက Batman ရဲ့အကောင်းဆုံးကားဆိုရင် Joker က အကောင်းဆုံး ဗီလိန် ဖြစ်ပါတယ်။ Heath Ledger လည်း ဒီကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားပါလို့ပြောလို့ရသလို၊ The Bourne Trilogy ထက်တောင် မှာ ပိုကောင်းတယ်ဆိုရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။ ဒီကားက Batman Fan တွေနဲ့ Comic Book ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဟာကွက် အနည်းငယ်ရှိပေမယ့် Batman, Gordon, The Joker နဲ့ Harvey Dent (Two Face) တို့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်လမ်းထဲမှာ မျောပါသွားပြီး ၂နာရီခွဲလုံး စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Michael Caine နဲ့ Morgan Freeman တို့ကလည်း ဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။ ဒီကားက ကလေးကြိုက် Batman ကားမဟုတ်သလို၊ ဖန်စီ အက်ရှင်ကားမဟုတ်ပါဘူး။ Crime/Action/Drama ကားဖြစ်ပြီး ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ #Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်။) 4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။ Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=batman+dark+knight   မှာကြည့်ပါ။ File size…(5.5 GB)/(2.2 GB)/(1.1 GB) Quality….IMAX 4K  HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….02:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Idiot MyoKo

Horror • Thriller
8.5 2008 152 mins
The Dark Knight
Christmas in Paradise
4.6

Christmas in Paradise (2022) ===================== ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.82 GB) / (750 MB) / (450 MB) Quality…………Web-DL 1080p / 720p / 480p Duration………2Hr 09mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Fiona Gillen Encoder……….SWM

Animation • Family • Horror • Mystery
4.6 2022
Christmas in Paradise
Hell’s Garden
6.4

Hell’s Garden (2021) ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ … ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ … ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size : 3.7GB, 1.1GB, 542MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 42mins Genre : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • History • Romance
6.4 2021
Hell’s Garden
Better Man
6

အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ – ဟူထျယ်နမ် ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက် ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ် တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။ အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။ အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ….? ဟူထျယ်နမ်တစ်ယောက် နောင်တရပြီး အမြင်မှန် ပြန်ရသွားမလား ။ မ်ိန်းမအပေါ်ကို နားလည်ပေးပြီး အရာရာကို ပြောင်းလဲ ပြင်ဆင်သွားမလား ။ သူအမြင်မှန် ရသွားတဲ့ အချိန်မှာရော အရာအားလုံးက ပြင်ဆင်ဖို့ အချိန်မှီသေးပါ့မလား ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်ရှင် ။ ဒီကားလေးကိုကြည့်ပြီးသွားရင်တော့ မိန်းမသားတွေကို အိမ်မှုကိစ္စတစ်ခုထဲ လုပ်ဖို့မသတ်မှတ်ထားသင့်ကြောင်း ၊ ယောကျာ်းတွေအနေနဲ့လဲ အလုပ်နဲ့ မိသားစုအရေးမှာ မျှမျှတတ အချိန်ပေးသင့်ကြောင်း အစရှိတာတွေကို သေချာနားလည်စေမှာ အမှန်ပါပဲ ။

6 2023
Better Man
Stress Positions
5.5

ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရ အဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီး LGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့ လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီက မကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီး လက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့ အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင် မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့ တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့ အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။ သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်း အကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှ တောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာ တွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေ ကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBT တွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 95 mins
Stress Positions
My Sole Desire aka À mon seul désir
6.1

“My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်း‌လေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။ Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ဇာတ်လမ်းရဲ့ အမည် “My Sole Desire” ဆိုပြီးဖြစ်လာပါတော့တယ်။

6.1 2023
My Sole Desire aka À mon seul désir
[18+] Gandu
5.4

Gandu (2010) ကြည့်ဖူးသမျှ India ကားတွေထဲက လိင်မှုကိစ္စမှာအပွင့်လင်းဆုံး အကြမ်းဆုံးဇာတ်ကားဆိုရင် Kama Sutra: A Tale of Love ကိုပဲပြေးမြင်ကြပါလိမ့်မယ်။ Kama Sutra ကတကယ်တမ်းလည်း သူ့ခေတ်သူ့အခါကကြမ်းခဲ့တာအမှန်ပါပဲ။ ကြမ်းလွန်းလို့ India မှာတောင်ရုံတင်ခွင့်မရခဲ့ပါဘူး။ အခုတင်ဆက်ပေးမယ့်ဇာတ်ကားကလည်း နောက်ကနေသူ့ခြေရာကိုနင်းခဲ့တာပါပဲ။ ၂၀၀၉ မှာထွက်ခဲ့တဲ့ဇာတ်ကားဟာ ၂၀၁၂ မှာမှရုပ်ရှင်ပွဲတော်တစ်ခုကတစ်ဆင့် အများရှေ့ကိုရောက်ခဲ့တာပါ။ ဇာတ်ကားနာမည်က Gandu လို့ခေါ်ပါတယ်။ Ganduဆိုတာ ဗမာစကားနဲ့ဆိုရင်အဓိပ္ပါယ်တစ်မျိုးထွက်ပေမယ့် ဘင်္ဂါလီစကားမှာတော့ ငပေါ၊ငကြောင်၊ကျပ်မပြည့်အစရှိတာတွေကိုခေါ်တာပါ။ ဇာတ်လမ်းကတော့ Gandu လို့အများခေါ်ကြတဲ့ ရပ်ပ် ဝါသနာရှင်လူငယ်တစ်ယောက်၊ မိခင်ကိုမကျေနပ်၊ သူ့ဘ၀ကိုမကျေနပ်၊ လောကကြီးကိုမကျေနပ်၊ အားလုံးကိုသီချင်းတွေနဲ့ဖောက်ခွဲဖော်ထုတ်ချင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ တစ်ကားလုံးနီးပါးကို အဖြူအမည်းနဲ့တင်ဆက်ထားပြီး ဇာတ်ကြောင်းကိုလည်း စိတ္တဇ ဆန်ဆန်ပုံဖော်ထားတာပါ။ Gandu ဇာတ်လမ်းကိုကြည့်ပြီးနားလည်ဖို့မဟုတ်ပါဘူး။ခံစားဖို့သက်သက်ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ကြမ်းတမ်းတဲ့လိင်မှုကိစ္စတွေ၊ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေကြောင့် အများကြီးဝေဖန်တိုက်ခိုက်မှုတွေကြုံခဲ့ရပေမယ့် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိထားပါတယ်။ခံစားကြည့်စေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….01:26:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5.4 2010 85 mins
[18+] Gandu
Banel & Adama aka Banel e Adama
6.3

ဒီကားလေးကတော့ အာဖရိကမှာရိုက်ထားပေမယ့် အာဖရိက အချစ်ကားလို့လည်း အသေအချာ ပြောလို့မရ။ ရိုးရာယဥ်‌ကျေးမှုကို အသားပေးထားတာလဲ မဟုတ်ပြန်။ ထူးထူးခြားခြား ဒီကြားထဲက ရိုးရာယဥ်‌ကျေးမှု နဲ့ လူငယ်နှစ်‌ေယာက်ရဲ့ ချစ်ခြင်းကြားက ပဋိပက္ခကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ပြပေးထားတာမျိုးပါ။ လက်တွေ့ ဘ၀မှာလည်း အခုအချိန်ထိ ဖြစ်လေ့ဖြစ်ထရှိတဲ့ လွဲမှားတဲ့ ရိုးရာယဉ်ကျေးမှု အချို့ကြောင့် ပတ်၀န်းကျင်၊ မိသားစုနဲ့ ချစ်ရတဲ့ သူတွေ ဒုက္ခကြုံကြရပါတယ်။ ဒီကားထဲကအလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ဘက်နဲ နဲ့ အက်ဒမာလည်း ဒီလို ရိုးရာယဉ်ကျေးမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ရိုးရာကို တွန်းလှန်နိုင်မလား။ သူတိူ့ချစ်ခြင်းပဲ ပြိူကွဲသွားမလားဆိုတာကို စိတ်၀င်တစားကြည့်ရင်း တွေးစရာ ဆွေးစရာလေးတွေ ပေးသွားမယ့် ကား‌‌ကောင်းလေး တစ်ကားဖြစ်တာကြောင့် အခုပဲ ကြည့်ရှုလိုက်ကြရအောင်

Drama • Romance
6.3 2023 87 mins
Banel & Adama aka Banel e Adama
The Investigator
7

The Investigator (2024) IMDb Rating (7.0) The Investigator အမည်ရတဲ့ Documentary ဇာတ်ကားဟာဆိုရင် Czech လူမျိုးလည်းဖြစ် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ပထမဆုံးစုံစမ်းစစ်ဆေးသူလည်းဖြစ်ခဲ့တဲ့ Vladimír Dzuro ရေးသားထားတဲ့ ယခင်ယူဂိုစလားဘီးယားက စစ်ရာဇဝတ်မှုတွေအကြောင်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နာမည်ကြီးရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ရိုက်ကူးထားခြင်းမရှိသလို ဇာတ်ရံတွေကိုလည်း အသုံးပြုထားခြင်းမရှိပါဘူး။ ဇာတ်ကားမှာပါဝင်ခဲ့ကြသူတွေဟာ တကယ့်အဖြစ်မှန်ကြုံတွေ့ခဲ့သူတွေနဲ့ စာရေးသူကိုယ်တိုင်ဖြစ်ပြီး စစ်ပွဲကာလက မှတ်တမ်းဗွီဒီယိုတွေကိုပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းရိုက်ကွက်တွေ၊ စကားပြောခန်းတွေကြောင့် ပျင်းစရာကောင်းတဲ့ဇာတ်ကားလို့ထင်ရပေမယ့် အဲဒီရိုးရိုးရှင်းရှင်းစကားပြောခန်းတွေကပဲ ကြောက်ရွံ့စက်ဆုပ်ဖွယ်၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကာလက စစ်ရာဇဝတ်ကျူးလွန်မှုအကြောင်းကို မျက်ဝါးထင်ထင်မြင်လာအောင် ဆွဲဆောင်နိုင်စွမ်းကောင်းနေတာလို့ပြောရမယ်ဆိုရင် မမှားပါဘူး။ စစ်ပွဲကာလဆိုးယုတ်မှုတွေနဲ့ရင်နာစရာအဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တာမို့ ဗဟုသုတလည်းရ၊ Documentary Genre ကြိုက်သူတွေလည်းကြည့်ရတန်စေမယ့်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(900 MB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:13:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien

7 2024 73 mins
The Investigator
Chu Fei
5.7

တရုတ်နိုင်ငံ လွတ်လပ်ရေးရပြီးခါစ အချိန်မှာပေါ့…… နိုင်ငံအနှံ့ လူဆိုးဓားပြတွေ သောင်းကျန်းနေပြီး တရုတ်ကွန်မြူနစ်တပ်က လိုက်လံချေမှုန်းရချိန် ဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်းက ဝေးဟူတောင်ပေါ်မှာ ဓားပြအဖွဲ့ကြီးတစ်ဖွဲ့ရှိပါတယ်။ အဲဒီခေတ်အခါက ဓားပြအဖွဲ့အားလုံးက ကြောက်လန့်ရတဲ့ လက်နက်ကိုင်အဖွဲ့ကြီးပေါ့။ ဓားပြတွေမှာ သူတို့အချင်းချင်းပဲ နားလည်တဲ့ စကားဝှက်လည်း ရှိတယ်တဲ့။ အရှေ့မြောက်ပိုင်း ပြည်သူ့တပ်မတော်အဖွဲ့ခွဲလေး တစ်ဖွဲ့က ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ယန်ကျီရုံဟာ ဓားပြအဖွဲ့ရဲ့ အတွင်းပိုင်း ကာကွယ်ရေးမြေပုံကို ရဖို့အတွက် ဓားပြအဖွဲ့ထဲ သူလျှိုဝင်လုပ်ခဲ့ပါတယ်။ သံသယများပြီး အချင်းချင်းမတည့်တဲ့ ဓားပြအဖွဲ့ထဲမှာ ယန်ကျီရုံတစ်ယောက် ဘယ်လို စမ်းသပ်မှုတွေနဲ့ ကြုံရမလဲ…… ဖြစ်လာတဲ့ အန္တရာယ်အားလုံးကိုလည်း ဘယ်လို ဖြေရှင်းခဲ့သလဲ…… အင်အားချင်း ကွာဟနေတဲ့ ဓားပြအဖွဲ့ကို ကွန်မြူနစ်တပ်ဖွဲ့က ချေမှုန်းနိုင်ပါ့မလား …… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama
5.7 2025
Chu Fei
The NeverEnding Story
7.3

မိတဆိုးသားလေး ဘတ်ရှန်ဟာ စိတ်ကူးယဉ်ဆန်တတ်ပေမဲ့ လက်တွေ့သမားကြီးအဖေကတော့ စိတ်ကူးယဉ်မဆန်တေ့ာဖို ရင့်ကျက်ပြီး ပြဿနာတွေကို ရှောင်မပြေးဘဲ စပြီးရင်ဆိုင်စေချင်တယ်။ တနေ့မှာ ကျောင်းက ကလေးတွေရဲ့ အနိုင်ကျင့်တာကိုမခံချင်တော့လို့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ၀င်ပုန်းရာကနေ ဆိုင်ပိုင်ရှင်အဖိုးကြီးဖတ်‌နေတဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို စိတ်၀င်စားမိပြီး ဆိုင်ရှင်မသိအောင် ယူလာခဲ့တယ်။ ဆိုင်ရှင်အဖိုးကြီးပြောတာကတော့ အဲဒီစာအုပ်ဟာ ဘတ်ရှန်ဖတ်နေကျစာအုပ်တွေလိုမျိုး မလုံခြုံဘူးတဲ့။ အမြဲတမ်း လုံခြုံတဲ့စာအုပ်တွေကိုပဲဖတ်နေခဲ့တဲ့ဘတ်ရှန်ဟာ ထိုစာအုပ်ကို ဖတ်ပြီးနောက်မှာ ဖန်တေးရှားဆိုတဲ့တိုင်းပြည်တစ်ပြည်အကြောင်းကိုသိရပြီး ဖတ်နေတဲ့စာအုပ်ဟာ သူနဲ့ဆက်စပ်မှုရှိတယ်ဆိုတာကို သိလာရတဲ့အခါမှာတော့…ဘယ်လိုစွန့်စားခန်းမျိုးတွေကို ကြုံတွေ့ရမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(7.7 GB)/ (1.5 GB)/(700 Mb) Quality….Blu-Ray 4K HEVC/ 1080p / 720p Format… mp4 Duration…. 01:42:00 Genre… Adventure, Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

7.3 1984 102 mins
The NeverEnding Story
Bato: Road to Death
5.4

Bato Road to Death 2024 (မရဏလမ်း) တောအုပ်ထဲမှာ ရက်ရက်စက်စက်အသတ်ခံထားရတဲ့အလောင်းတွေအများကြီးတွေ့ရှိရပြီး ပွက်လောရိုက်လို့နေပါတယ်။ ဒီအလောင်းတွေမှာ ထူးဆန်းတာကတော့ နှလုံးမရှိတာပါပဲ။ ရဲတပ်ဖွဲ့အတွက်လည်း ဒီအမှုက တော်တော်လေးကို ခေါင်းစားစေတဲ့အမှုဖြစ်ခဲ့ပါတယ်။ ကိုမယ်ဆိုတာကတော့ ဆေးရုံတစ်ရုံက သူနာပြုတစ်ယောက်ပါ၊ တစ်နေ့မှာ သူတို့ဆေးရုံက လူနာတစ်ယောက် ခွဲစိတ်ရင်းနဲ့ အရေးပေါ်နှလုံးအစားထိုးကုသမှုဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုက ဆိုးနေတဲ့အတွက် ရဟတ်ယာဉ်နဲ့ သွားဖို့ မဖြစ်နိုင်တဲ့အတွက် ကိုမယ်တစ်ယောက် လူနာတင်ကားနဲ့ အစားထိုးဖို့ နှလုံးကို သွားရောက်ယူဆောင်ရပါတော့တယ်။ တစ်ဖက်မှာလည်း မန်ဂျူဆိုသူဟာ ဒါရန်ကိုပြန်ဖို့အတွက် အရမ်းအရေးကြီးနေပေမဲ့ ရာသီဥတုအခြေအနေကြောင့် လေယာဉ်မရဘဲ တက္ကစီစီးဖို့ဖြစ်လာရင်း တိုနီမောင်းတဲ့ တက္ကစီကို ငှားစီးဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ နှလုံးအစားထိုးဖို့ သွားယူတဲ့ ကိုမယ်တစ်ယောက် ပြဿနာများစွာကြောင့်နဲ့ မန်ဂျူတို့ တက္ကစီနဲ့ လိုက်ပါစီးနင်းဖို့ ဖြစ်လာတဲ့အချိန်မှာတော့ ……… ဒါရန်ကို ပြန်တဲ့ အဝေးပြေးလမ်းမကြီးတစ်လျှောက်မှာ ဘယ်လိုခြောက်ခြားစရာကိစ္စတွေကို ကြုံတွေ့ရမလဲ …….. အစားထိုးကုသဖို့ ယူလာတဲ့ နှလုံးကရော သဘာဝလွန်ဖြစ်ရပ်တွေ ပေါ်ပေါက်လာဦးမှာလား ……. ခြောက်ခြားဖွယ်ရာကိစ္စများကြားကနေ ဒါရန်ကို ဘယ်လိုအရောက်ပြန်ကြမလဲ…. ဆိုတာကို ကြည့်ရှုရမဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5.4 2024 103 mins
Bato: Road to Death