YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Extraordinary.2023.S02E06.720p.mp4

279.68 MB 720p video/mp4 107 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Tale of Sorrow and Sadness
5.9

A Tale of Sorrow and Sadness ( 1977 ) ဒီ Erotic ကားကို ရိုက်တဲ့လူက seijun suzuki။ လူတော့သိပ်သိမှာမဟုတ်ပေမဲ့ ဂျပန်ရုပ်ရှင်ကို ဂိတကာဂိနေတဲ့လူတစ်ချို့တော့ သိကြလိမ့်မယ်။ Branded to Killတို့ Tokyo Drifterတို့လို ထိပ်တန်းစာရင်းဝင်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Action Crime ကားတွေကို ရိုက်ခဲ့တဲ့သူ။ ဒါပေမဲ့သူက ၁၉၅၆ လောက်ကတည်းကနေ ၁၉၆၇အထိ B Movies တွေရိုက်လာတဲ့သူဆိုတော့ ဒီကားကို သူပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တာ ဆန်းတော့လည်းမဆန်းဘူး။ ဒါပေမဲ့လည်း သာမန် Erotic ကားတွေနဲ့ နည်းနည်းမှ မတူတဲ့အချက်ကိုတော့ ကျွန်တော်တို့လက်ခံရမှာပဲ။ စတိုရှိခွန်ရဲ့ Perfect Blue တောင် ဒီကားရဲ့ အငွေ့အသက်နည်းနည်းယူထားသလားလို့ပါ မြင်မိတဲ့အထိ Erotic ကားပေမဲ့ တော်တော်လေး ဆိုက်ကိုဆန်ပြီးကြမ်းတယ်။ Perfect Blueကိုယ်တိုင်လည်း တော်တော်လေးကြမ်းနေတာ ဒီအငွေ့အသက်မကင်းခဲ့လို့လားလို့ ထင်ချင်စရာကောင်းတယ်။ ထင်မြင်ချက်သက်သက်ပါပဲ။ ဒီလိုခံစားရတာတော့ ကျွန်တော့်ဘက်ကသေချာတယ်။ ကိုယ့်အထင်နဲ့ ကိုယ်တိုက်ကြည့်ပေါ့။ seijun suzukiဟာ Takeshi Kitanoလို ဂျပန်ဒါရိုက်တာဆရာကြီး, Wong Kar-waiလို ဟောင်ကောင်ဒါရိုက်တာဆရာကြီးနဲ့ Quentin Tarantinoလို ဟောလိဝုဒ်ဆရာကြီတွေကပါ အထင်ကြီးလေးစားရတဲ့သူဆိုလည်း မမှားဘူး။ နူးညံ့တဲ့ကမ္ဘာကြီးကို မြင်ချင်တဲ့လူတွေအတွက်တော့ ကားကောင်းဟုတ်ချင်မှဟုတ်မှာပေမဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်တဲ့ဘက်ခြမ်းကို မြင်ချင်တဲ့လူတွေအတွက်တော့ A Tale of Sorrow and Sadness ဟာ တကယ်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်ကတော့ ဂေါက်ရိုက်သမလေးတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ဟုန်းဟုန်းတောက်အောင်မြင်အောင်လုပ်ပေးလိုက်ပြီးတဲ့နောက် အဲဒီဂေါက်ရိုက်သမလေး ခံခဲ့ရတဲ့ အောင်မြင်မှုဒဏ်တွေ အတိုက်အခိုက်တွေ လဲပြိုမှုတွေ အတုအယောင်တွေအကြောင်းပါပဲ။ ပြောရရင် Perfect Blue နဲ့ အတိုင်းအတာတစ်ခုအထိ ထပ်တူညီပါတယ်။ မတူတာက စတိုရှိခွန်ဟာ အန်နမဲသမားပီပီသသ သူ့စိတ္တဇကမ္ဘာကို ပိုစိတ္တဇဆန်အောင်ပုံဖော်သွားပြီး ဆူဇူကီးကတော့ သူ့စိတ္တဇကမ္ဘာကို လူတွေကြားမှာပဲ ပီပြင်လာအောင် ပုံဖော်သွားခဲ့ပါတယ်။ အသိရခက်တဲ့ရုပ်ရှင်တစ်ကားမို့ လူတိုင်းတော့ အကြိုက်တွေ့မှာမဟုတ်သလို Erotic Scene တွေလည်းပါလို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Wပါ ) File Size__(1.8GB) / (750MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Adventure • Drama
5.9 1977 93 mins
A Tale of Sorrow and Sadness
Lola 2
4

အောင်မြင်မှုဆိုတာ ရယူဖို့မလွယ်သလို ထိန်းသိမ်းထားဖို့ ပိုခက်ခဲတဲ့အရာပါ.. ကိုယ်လိုချင်တဲ့အရာတစ်ခုကို မဖြစ်မနေ အရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လက်လွှတ်လိုက်ရမယ်ဆိုရင်.. အခွင့်အရေးရလာတာနဲ့ ပြန်အရယူဖို့ပဲကြိုးစားမလား.. comfort zone မှာ ရေလိုက်ငါးလိုက်ဆက်နေရင်း ဘဝကိုဖြတ်သန်းမလား.. အမျိုးသမီးလက်ဝှေ့ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lola 1 ရဲ့ sequelဖြစ်တဲ့ Lola 2 (2022)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာက ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက်မှာပဲ သူ့အတွက် အမြဲရှိနေခဲ့သူဒေးဗစ်နဲ့ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။ စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲအနိုင်ယူရင်း ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူ့ဘဝမှာမမျှော်လင့်ထားတဲ့အရာလေး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူတို့ဘဝထဲကို ရင်သွေးလေးတစ်ယောက် ရောက်ရှိနေခဲ့တယ်ဆိုတာ သိလိုက်ရတာပါပဲ။ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဗျာများနေခဲ့ပေမယ့် ဒေးဗစ်ရဲ့အားပေးမှုတွေနဲ့ ချစ်ခြင်းတွေကြောင့် လိုလာက ကလေးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကို စိန်ခေါ်သူ ထရီနာက မခံမရပ်နိုင်တဲ့ စကားလုံးတွေနဲ့ ကြိုးဝိုင်းထဲပြန်လာဖို့ စိန်ခေါ်နေခဲ့တာကြောင့် လိုလာက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မမွေးခင်ကလည်း မမွေးခင်မို့လို့ စိတ်ပူရပေမယ့် မွေးပြီးတော့လည်း ပြုစုဖို့ ပူပန်ရပြန်တာကြောင့် လက်ဝှေ့ကိုအသွေးအသားထဲကချစ်သူ လိုလာ့အတွက်တော့ သမီးလား၊ လက်ဝှေ့လားဆိုပြီး တကယ့်ကို ရွေးချယ်ရခက်တဲ့အခြေအနေမျိုး ဖြစ်နေခဲ့ရတာပေါ့။ မိခင်တစ်ယောက်ဖြစ်ရတာက မလွယ်ကူသလို ကလေးတစ်ယောက်အမေအဖြစ် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ရဖို့ကလည်း လိုလာ့အတွက်တော့ တကယ့်ကို ဖိအားတွေ၊ စိတ်ဖိစီးမှုတွေနဲ့မို့ သူ့ကိုနားမလည်ပေးနိုင်တဲ့ ခင်ပွန်းသည် ဒေးဗစ်ကိုလည်း ရင်မဖွင့်နိုင်၊ သမီးလေးကိုလည်း မစွန့်ပစ်နိုင်တဲ့ လိုလာတစ်ယောက် နောက်ဆုံးမှာတော့ ခေါင်းမာစွာနဲ့ပဲ ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချခဲ့ပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ကြိုးဝိုင်းထဲကို ရဲရဲဝင့်ဝင့်နဲ့ ပြန်ဝင်လိုက်ဖို့ပါပဲ။ ကလေးတစ်ယောက်အမေ ဖြစ်သွားပြီဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ လိုလာတစ်ယောက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား.. ခင်ပွန်းသည်ဒေးဗစ်ကရော ကြည်ကြည်ဖြူဖြူခွင့်ပြုပေးနိုင်ပါ့မလား.. ပြောင်းလဲသွားတဲ့အခြေအနေတွေမှာ စိန်ခေါ်သူ ထရီနာ့ကိုရော ယှဉ်ပြိင်ထိုးသတ် အနိုင်ရနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.4 GB)/(550 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
4 2022 93 mins
Lola 2
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
Beowulf & Grendel
5.7

ဒီကားကတော့ ၂၀၀၅ ခုနစ်က ထွက်ရှိထားတဲ့ သမိုင်းအခြေပြု ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ ဘေးဝုဖ်နဲ့ ဂရန်ဒယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ကားလေးပါ။ နာမည်ကြီး မင်းသား Gerard Butler က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ခေတ်သူ့အခါက ထူးချွန်ဆုကိုပါရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂရန်ဒယ်ဆိုတဲ့ ဂိ(တ်) သူရဲကောင်းတစ်ဦးက သူ့ရဲ့နေရပ်ဒေသကို ပြန်ရင်း မုန်တိုင်းတွေကြောင့် ကမ်းတစ်ခုပေါ်အတင် သူ့ရဲ့ ဂန္ထဝင်နောက်ကြောင်းတွေကို ပြန်ရှင်းပြရာကနေစတာဖြစ်ပါတယ်။ ထွက်တာကြာပြီဆိုပေမဲ့ ရသမျိုးစုံနဲ့ သုတအနည်းအကျဉ်းပါရရှိနိုင်မယ့် စွန့်စားခန်းသဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားပေးကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 910MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Adventure • Animation • Comedy • Family • History
5.7 2005 103 mins
Beowulf & Grendel
The Crown Jewels
5.5

ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေ ဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲ သူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကို မေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေ ဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့ အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစား သမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကို တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.11 GB) / (857 MB) / (494 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........Zin Phyo Aung

Action • Thriller
5.5 2011 120 mins
The Crown Jewels
Lara Croft: Tomb Raider - The Cradle of Life
5.7

အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး Lara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့် မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။ Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။ BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi

Adventure • Fantasy
5.7 2003 117 mins
Lara Croft: Tomb Raider - The Cradle of Life
[18+] Trap of Lust

Trap of Lust (1973) နာမည်ကျော်ယာကူဇာဇာတ်ကားဖြစ်တဲ့ Branded to Kill ကို Pink Film အဖြစ် ပြန်ပြီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာကလဲ Branded to Kill ကိုရေးခဲ့တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Atsushi Yamatoya ဆိုတော့ မူလဇာတ်ကားကို အညှီအဟောက်တွေထပ်ဖြည့်ထားတဲ့ Version အဖြစ်ရှုစားကြရမှာပါ။ ဇာတ်လမ်းကတော့ ဟိုရှီဆိုတဲ့ လုပ်ကြံရေးသမားတစ်ယောက် သူ့ဇနီးနဲ့ပတ်သက်လို့ သူအလုပ်လုပ်ပေးနေတဲ့ ဂိုဏ်းတစ်ခုလုံးနဲ့ရန်ညှိုးဖွဲ့မိရာကနေ အချင်းချင်းအပြန်အလှန်လုပ်ကြံဉာဏ်ကစားကြပုံကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဂန္ထဝင်ကားတစ်ကားကိုပြန်မူပွားထားတဲ့ နောက်ထပ်ဂန္ထဝင်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 570MB Quality – 1080p, 720p Format – mp4 Duration – 1H 13Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 1973
[18+] Trap of Lust
The Mistress

The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022 102 mins
The Mistress
Earwig
5.5

2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း 1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူ အဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။ တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကို သူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ… တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန် ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig က အကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ….. File size…1.19GB / 476MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

5.5 2021
Earwig
Gadar 2
5.7

Gardar 2 (2023) IMDb-5.7/10 ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ 2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီး Gadar 1 က သရုပ်ဆောင်‌တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါ တာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ် ၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့ တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ် တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသား ဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ် နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ ဟာမစ်အစ်ဘာလ်နဲ့‌မှထိပ်‌တိုက်တွေ့ချိန်မှာတော့.. အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလို ဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲ တာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ပရိသတ်ကြီးကိုယ်တိုင်ပဲရှူစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Sai ~ Alex ~ ToMo ~ Zwe တို့ပဲဖြစ်ပါတယ်

5.7 2023
Gadar 2
Subhedar
7

Subhedar 2024 (တပ်မှူးကြီး တန်ဟာဂျီရာဝ်) IMDb – 8.1/10 ဒီတစ်ခေါက်မှာတော့ ဝက်ဝံကြီးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တပ်မှူးကြီး တန်ဟာဂျီရာဝ်ရဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖော်ပြသသွားမယ့် သမိုင်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရှင်ရှီဗာတို့ရဲ့ ခေတ်မှာ ဆူလတန်တွေဟာ အရမ်းကို သောင်းကြမ်းလွန်းနေပြီး မိန်းကလေးတွေကိုလည်း ကျွန်ပြုရောင်းစားတာမျိုးတွေ ပြုလုပ်တဲ့အထိ ဆိုးဝါးလို့နေခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ အရှင်ရှီဗာဟာ သူရဲ့မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဆီကို သွားလည်ရင်းနဲ့ လယ်စိုက်နေတဲ့ မိတ်ဆွေဖြစ်သူ တန်ဟာဂျီရာဝ်ဟာ အရှင်ရှီဗာရဲ့ လက်အောက်မှာ ဓားကိုင်ပြီး တိုင်းပြည်အတွက် တိုက်ခိုက်ခြင်းကြောင်းပြောပြီး လိုက်ပါလာခဲ့ပါတော့တယ်။ ပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်နေတယ်လို့ သတင်းထွက်လာတဲ့ ကိုနာဒါခံတပ်ကို အရှင်ရှီဗာဟာ သိမ်းပိုက်ဖို့လုပ်တဲ့အခါမှာတော့ သူ့ရဲ့လက်ရုံး တန်ဟာဂျီရာဝ်က ဦးဆောင်ပြီး တိုက်ခိုက်ပေးရပါတော့တယ်။ ဒီလိုနဲ့ ဆိုးဝါးသောင်းကြမ်းလွန်းနေတဲ့ ဆူလတန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ …. ဝက်ဝံကြီးနဲ့ တစ်ယောက်ချင်းတိုက်နိုင်တဲ့အထိ ရဲစွမ်းသတ္တိကြီးတဲ့ တပ်မှူးတစ်ယောက် ကိုနာဒါခံတပ်ကို ဘယ်လိုတွေ တိုက်ခိုက်ချေမှုန်းသွားမလဲ ……..ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေနဲ့အတူ ကြည့်ရှုရမယ့် သမိုင်းဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~Zwe~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)

7 2023 154 mins
Subhedar
Monday
5.7

Genre – Drama,Romance IMDb – 5.7/10 ဂရိ ကမ်းခြေတစ်ခုမှာ ဖင်တုံးလုံးနဲ့ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကနေ ဇာတ်လမ်းစတယ်။ အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာ ခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။ နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေ တကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။ မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။ တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင် ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။ နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။ မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက် မနေတတ်တဲ့သူက ကလေးအ‌ဖေဘဝနဲ့လည်း အဆင်မပြေပါ။ ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်က ရည်းစားဟောင်း ပြဿနာက ဝင် သရုပ်ဆောင်ပြန်လေရော။ ဒီလိုနဲ့ နှစ်ယောက်သား ကိုယ်ဖောက်တစ်လှည့် သူဖောက်တစ်လှည့် သမီးရည်းစား ဘဝကို ထူထောင်ကြတာကို မြင်တွေ့ရမှာပါ။ အမေရိကန်တွေရဲ့ နေထိုင်မှု ပုံစံနဲ့ စိတ်သဘောထား စတာတွေကို မြင်ရမှာပါ။ Body Positivity လို့ဆိုရမလား လိင်မှုပွင့်လင်းတဲ့ သဘောကိုလည်း သေချာရိုက်ပြထားတာကို တွေ့ရပါတယ်။ ကလေးကြည့်ဖို့တော့ မသင့်တော်ပါဘူး။ MONDAY ဆိုတဲ့ ဇာတ်လမ်းနာမည်နဲ့ ပတ်သက်ရင်တော့ စဉ်းစားရရင် ဇာတ်ကားထဲမှာ တောက်လျှောက်ပြသမျှက FRIDAY ပဲ ဖြစ်နေပြီး နှစ်ယောက်သား ပျော်ပါး လွတ်လပ်ချိန် ဘာမှ ပူပင်မှု မရှိတဲ့ ကာလကို ပြချင်တယ်။ အတည်တကျ ရည်းစားဘဝ ကိုလည်းရောက်ရော အရင်လို ဟေးလားဝါးလား လုပ်မနေနိုင်တော့ဘူး။တနင်္လာမှာ တာဝန်ယူမှုတွေရှိလာပြီ။ FRIDAY လို Carefree မနေနိုင်တော့တဲ့ သဘောကို ဆောင်တယ်။ ဒါကို‌ တော့ MONDAY အဖြစ် တင်စားပြီး ဆက်ဆံရေးဘဝ အပြောင်းအလဲကို ရက်သတ္တပတ်တွေအမည်နဲ့ ဥပမာကြွယ်ထားတယ်လို့ အတွေး ပေါက်မိပါတယ်။ File size… 2.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Nwe Hnin Thazin

Comedy • Music
5.7 2020
Monday
Long Gone Heroes
5.7

အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက် စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy’s တို့ The Hunger Games တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့ Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက် ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင် မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့ အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့် ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။ အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ် တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.84GB / 1.09GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2024
Long Gone Heroes
Midnight FM
6.5

Midnight FM (2010) ******************* ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seok မင်းသားကြီး Yoo Ji Tae နဲ့ The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့ Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် .. နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) က သမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့် ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။ အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွား‌‌အောင် သူ့အစီအစဉ်ရဲ့ ပရိတ်သတ်‌တွေထဲက တစ်‌ယောက်ဖြစ်တဲ့ ဒေါ့ထယ်(Ma Dong Seok)ကို သူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့ သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ ညီမဖြစ်သူနဲ့ ကလေး‌တွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင် လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ ဒီ‌‌တော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်‌ကနေ ညီမနဲ့က‌လေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လို‌တွေ ကူညီ‌‌ပေးသွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…1.38GB / 591MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Action, Thriller, Mystery, Psychological Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.5 2010 106 mins
Midnight FM
Ask Me What You Want Pídeme lo que quieras
3.8

Ask Me What You Want (2024) IMDb Rating (3.8) ကိုဂရေးရဲ့အကွက်ငါးဆယ်လို ကားမျိုးပါ။ မင်းသမီးကတော့ ဒါကိုတာဂျွန်ဆန်လောက်တော့ မလှပေမဲ့ တော်တော်တော့ လှတယ်။ ပိုမိုက်တာက သရမ်းဆီးတွေ လူရှေ့သူရှေ့လုပ်တာတွေ ခိုးကြောင်ခိုးဝှက်လုပ်တာတွေ ကြိုးချည်ပြီးလူစားလဲတာတွေအပါအဝင် ဂရေးထက် ကွက်ကွက်ကွင်းကွင်းပြထားတဲ့အကွက်ပေါင်းစုံကို ရက်ရက်ရောရာပေးကြည့်ထားတဲ့မင်းသမီးနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းသွားလေးကလည်း အချစ်ကိုရှာတွေ့သွားတဲ့ ဇာတ်လမ်းမျိုးဆိုတော့ ရိုမန့်တစ်လည်း မဆန်တဆန်နည်းနဲ့ ဆန်ပါသေးတယ်။ ဇာတ်အိမ်ကတော့ ကုမ္ပဏီကြီးတစ်ခုက လောလောလတ်လတ်အမွေဆက်ခံထားတဲ့ သူဌေးသားလေးနဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်းမလေးတို့ တခြားဝန်ထမ်း၂ယောက်လုပ်နေတာကို ချောင်းရာကနေ စငြိသွားတဲ့ ဇာတ်လမ်းပါပဲ။ မချစ်တတ်တဲ့သူဌေးသားလေးနဲ့ အချစ်ငတ်တဲ့ကောင်မလေးတို့ရဲ့ အပြာရောင်မျက်ရည်တွေနဲ့ အပြာရောင်အချစ်ညတွေကို ဖြတ်သန်းခဲ့ကြပုံတွေကို ကြည့်ရမှာပါ။ ဝတ်လစ်စလစ်အခန်းတချို့ နှင့် 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ M ဖြစ်ပါတယ်။) File size…(1.6 GB) / (840 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:54:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by M

Thriller • Action • Crime
3.8 2024 114 mins
Ask Me What You Want Pídeme lo que quieras