YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Extraction 2020 - 720p [RMC].mp4

1.28 GB N/A video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I'm No Longer Here
7.8

~ IMDb - 7.3/10, Rotten Tomatoes - 98% ~ မကြာခဏ မြင်ဖူးမှာပါ... အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့  မက္ကဆီကို။ " ကျွန်တော်တို့... မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ " တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 895MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 52Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music
7.8 2019 112 mins
I'm No Longer Here
Love Is Color Blind
6.4

ချစ်ခြင်းမေတ္တာဟာ ဘာအရောင်ရှိပါသလဲ ဒီတစ်ခါမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းကို အရောင်တွေနဲ့ ပုံဖော်ထားတဲ့ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကြားထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ အက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အရောင်တွေကို မခံစားနိုင်တော့ဘဲ အကုန်လုံးကို မီးခိုရောင်အနေနဲ့ပဲ မြင်ရတဲ့ ပန်းချီဆရာကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း ကောင်မလေးတို့ရဲ့ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ် နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးနဲ့အတူ ချစ်ခြင်းမေတ္တာရဲ့ရပ်ဝန်းထဲမှာ ခဏလောက် နားခိုလိုက်ကြရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 499 File size…1.6GB and 864MB and 311MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Horror • Thriller
6.4 2021 115 mins
Love Is Color Blind
Love Like the Falling Petals
7.9

(၁) ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။ (၂) ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။ အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။ (၃) ကြယ်မမြင်နိုင် ညပေါင်းများစွာကို လင်းစေသော တစ်စုံတရာရှိလိမ့်မည်ဆိုပါက ထိုအရာသည်ချစ်ခြင်းမေတ္တာပင်ဖြစ်ပါလိမ့်မည်။ ဒုက္ခသစ္စာအပြည့်နဲ့ ကမ္ဘာကို လှပနိုင်စေသည်မှာ အနုပညာနဲ့ ချစ်ခြင်းမေတ္တာသာရှိသည်ကို ကျွန်တော်သေချာပါသည်။ သူမသည် ကင်မရာခလုတ်ကို ထပ်နှိပ်ဝံ့စေသော နှလုံးသားကို ကျွန်တော့်အား ပေးအပ်ခဲ့၏။ မင်းဟာ ကိုယ့်အိပ်မက်တွေကို ကိုယ်လက်မလျော့တတ်အောင် သင်ပေးခဲ့တာပေါ့။ ပန်းညများစွာကို ဖန်ဆင်းခဲ့သူဟာ ပြန်လည်း ဖျက်သိမ်းတတ်တယ်လို့ ကိုယ်ဘယ်မြင်နိုင်ခဲ့ပါ့မလဲ။ (၄) ရထားချင်းလမ်းလွှဲ ဘူတာချင်းကွဲခဲ့ချိန်တွင် အလွမ်းသည် ဗေဒါရောင်ဖြစ်သည်။ တစ်လွှာချင်းကွာကျသော ချယ်ရီပွင့်ဖတ်များ ရပ်တန့်သွားချိန်တွင် ပြန်မရခဲ့ရသော သူမသည် ပန်းနုကောင်းကင်ကလေးဖြစ်ခဲ့၏။ (၅) ဘေဘီ ခံစားချက်လမ်းပေါ်မှာ မျှော်လင့်ချက်ဆုံးနေလည်း သိပ်သိပ်ချစ်တဲ့ မြေကြီးနဲ့ကောင်းကင်ပဲ အချစ်ဆုံးနှစ်ယောက် ဝေးလေပြီ။ (၆) မင်းမရှ်ိတော့တာ နည်းနည်းတောင်ကြာခဲ့ပါပြီ။ အဲဒီနောက်ပိုင်းမှာ မင်းစွန့်ခွာသွားတဲ့အကြောင်းရင်း အမှန်တရားကို ကိုယ်သိခဲ့ရတယ်။ ကြာခဲ့ပါပြီ။ အဖြစ်မှန်ကို သိခဲ့ပေမဲ့ ကိုယ့်အတွက်အဖြေမှန်ကိုတော့ ကိုယ် အခုထိမသိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်ဆက်ကြိုးစားရှာနေဦးမှာပါပဲ။ ဒီလိုနွေဦးရောက်တိုင်းလည်း မင်းကို သတိရနေဦးမယ်။ ကိုယ့်အချစ်က ပွင့်ဖတ်ကြွေလို....... (၇) ဘေဘီ ခံစားချက်လမ်းပေါ်မှာ နင်ရယ်ငါ အသည်းနှလုံးကွဲအောင် ဝေးလေပြီ။ တို့ဟာ မြေကြီးနဲ့ကောင်းကင်ပဲ မျှော်လင့်ချက်ဆုံးနေလည်း အသည်းမကွဲဘူး။ (၈) ချယ်ရီကြွေသောလမ်းများ၊ တိုကျိုတာဝါ၊ ဆံပင်ညှပ်ဆိုင်ခုံကလေးများ၊ အတူသွားဖူးသော စားသောက်ဆိုင်၊ ရောင်နီများ၊ နေ၀င်ချိန်များ၊ သစ်ခြောက်ပင်များ၊ ချယ်ရီပန်းများ တစ်ခါက ဓာတ်ပုံများထဲ ကျန်ရှိနေသေးသည်။ မရှိတော့ပြီဖြစ်သော သူမသည် ဓာတ်ပုံတို့ထဲတွင် ထင်ကျန်နေသေးသည်။ သူမကို ကျွန်တော် ရှာရပါဦးမည်။ ဓာတ်ပုံများထဲပင်ဖြစ်စေ လမ်းဟောင်းလေးထဲတွင်ဖြစ်စေ ကျွန်တော် သူမကို ရှာနေမိဦးမည်။ ရှာရဦးမည်......။ ချယ်ရီတို့ဝေနေပြန်ပါပြီ... ကျွန်တော် သူမကို ရှာရဦးမည်။ ရှာရဦးမည်....။ စာကြွင်း - ရုပ်ရှင်ကောင်း ဟုတ်မဟုတ် ကျွန်တော်တို့ ဘာပေတံနဲ့ တိုင်းပြီး ဆုံးဖြတ်ကြတာလဲ။ ခန့်မှန်းရခက်တဲ့ Plot Twistတွေနဲ့လား၊ တစ်စုံတရာသော မက်ဆေ့နဲ့လား၊ တခြားအကြောင်းရင်းနဲ့လား၊ လူတစ်ကိုယ် မူတစ်မျိုးကွဲကြမှာပဲ။ ကျွန်တော်တော့ ကြည့်ပြီး ခံစားမှုတစ်ခုခုရရင် ရုပ်ရှင်ကောင်းလို့ သတ်မှတ်လိုက်တာပါပဲ။ အထူးသဖြင့် ဒါရိုက်တာရဲ့ နှလုံးသားကို‌ တွေ့ရတဲ့ ရုပ်ရှင်တွေကိုပေါ့။ Love Like Falling Petalsဟာ တစ်စုံတရာသော ခံစားမှုကိုပေးနိုင်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ Color Me Trueကို ဇာတ်ညွှန်းရေးခဲ့တဲ့စာရေးဆရာမက ၀တ္တုကိုရေးထားပြီး Let Me Eat Your Pancreas ဇာတ်ညွှန်းဆရာမက ဇာတ်ညွှန်းရေးသားထားပါတယ်။ ရည်ညွှန်း- ၅၊ ၇ နင်ကကောင်းကင် ငါကမြေကြီး သုခမိန်လှိုင် ၊ နော်လီဇာ =================================== အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 1080p and 720p and 480p File size… Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.9 2022 128 mins
Love Like the Falling Petals
Vendetta
6.2

ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။ အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။ သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။ File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX

Comedy • Romance
6.2 2022 96 mins
Vendetta
Seven Days
6.7

ရှေ့​နေယူဂျီယောင်းဟာ ရှေ့နေလောကမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူ လက်ခံတာဝန်ယူတဲ့ အမှုမှန်သမျှ ရှုံးနိမ့်တာမရှိသလောက်နာမည်ကြီးတဲ့သူ... တစ်ရက်မှာတော့ သူမရဲ့ သမီးလေး အွန်းယောင်းကို အကြမ်းဖက်အဖွဲ့ကနေ ပြန်ပေးဆွဲသွားတယ်... အွန်းယောင်းကို ပြန်ပေးဆွဲသွားတဲ့ အုပ်စုက သူမကို အမှုတစ်ခု တာဝန်ယူပြီး သူတို့ရဲ့ လူကို အပြစ်မရှိကြောင်း သက်သေပြနိုင်မှသာလျှင်  သမီးလေးကိုအသက်ရှင်လျှက် ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်...ယူဂျီယောင်းအတွက် တကယ့်ကို ငရဲခန်းပါပဲ...သူလွတ်အောင်လုပ်ပေးရမဲ့ တရားခံက ခိုင်လုံတဲ့သက်သေတွေကြောင့် သေဒဏ်ကျဖို့ သေချာသလောက်ရှိနေတဲ့အပြင် တစ်ဘက်ကလည်း မိမိရဲ့ ရင်သွေးလေးရဲ့ အသက်ကိုလည်း ကယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့.. ကားဟောင်းဖြစ်ပေမဲ့ အတော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ ကြည့်သင့်ပါကြောင်း.... File Size :(2.6GB) (1.3GB) and (498 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lei Encoded by Phyo Pyae

Mystery • TV Movie • Thriller
6.7 2007 125 mins
Seven Days
Stay Alive
5.8

IMDb – 5/10 Rotten Tomatoes – 10% Audience Score -55% ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက် တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Console ဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006 ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်း အချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်း အလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင် မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်း ဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာ ခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌ လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟု သတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Alive ဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ လေသည်။ ဘော်ဒါများစုံသောအခါ လက်ဆော့ပါးစပ်ဆော့သည့် ဖင်းနီးယပ်စ်ဆိုတဲ့ ဘဲတပွေက အဆိုပါဂိမ်းကို ဘော်ဒါတွေစုကာ ကစားကြဖို့ ညှော်လေသည်။ ဂိမ်းဆော့ကြလေသောအခါ.. ခြောက်ခြားစရာများစွာနှင့်ကြုံရပြီး တကယ့်လက်တွေ့ကမ္ဘာနှင့် ဂိမ်းထဲမှကမ္ဘာနှစ်ခု ရောထွေးယှက်နွယ်သွားကာ ဂိမ်းထဲမှာသာ မက အပြင်မှာပါ အသက်မသေအောင်ကြိုးစားရှင်သန်ကြရပြီး အဆိုပါအဖြစ်ဆိုးကြီးမှ လွတ်မြောက်အောင် မည်သို့မည်ပုံ လှုပ်ရှားကာ မည်သူများမည်ကဲ့သို့ အသက်သေဆုံးမည်ဆိုသည်ကို ယင်းရုပ်ရှင်အားကြည့်ရှုရင်း ရင်တမမဖြင့် ခံစားရမှာဖြစ်ပါတယ်။ File size…1.51GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 25m Genre ..... Fantasy , Mystery , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action & Adventure • Animation • Sci-Fi & Fantasy
5.8 2006 85 mins
Stay Alive
Rose Island
7

Netflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့... သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ... ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်... ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။ တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင် ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့် ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့ လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီ အစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်... ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ထိုးဖောက်တွေနဲ့ရူးသွပ်တဲ့ Life Style ကိုတွေ့မြင်ရမယ် . Comedy လေးတွေချိုးသွား တာကလည်း ထိုင်ပြောင်ပြတာမျိုးတစ်ခန်းမှမပါဘဲကို ပြုံးရယ်သွားစေချင်တာမျိုးမို့ အတော်လေးကို ကြည့်လို့ကောင်း ပါတယ်။ နောက်တစ်ခုပြောပြချင်တာက တကယ့်အပြင်မှာ ရိုဆာနဲ့ ဂတ်ဘီက သေတဖန် သက်တဆုံး ပေါင်းဖက်သွားကြပါသတဲ့ ? (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 57min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Comedy, Drama Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

7 2020 120 mins
Rose Island
Department Q: A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
7 2016 108 mins
Department Q: A Conspiracy of Faith
The Prequel of Gold Convoyers 4 : Struggle for Hostages
5.7

အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒါကတော့ The Prequel of Gold Convoyers ရဲ့(၄)ကားမြောက်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းက ဖျင်အန်းပို့ဆောင်ရေးအဖွဲ့မှ ာလေ့ကျင့်ရေးဆင်းပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။ သူ့မွေးစားအဖေပေးတဲ့တာဝန်ကို ပို့ဆောင်ရေးသမားတစ်ယောက်အနေနဲ့ထမ်းဆောင်ရင်း တာဝန်ကျေနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာကူဖျင်အန်းက မိန်းကလေးတစ်ယောက်ကိုပို့ပေးနေတဲ့အချိန်မှာ လူဆိုးတွေနဲ့တွေ့ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဝမ်ကျောက်ရှင်းကကူဖျင်အန်းကိုကယ်ဖို့လိုက်စုံစမ်းရင် နောက်ကွယ်က အင်အားကြီးကြီးနဲ့ချုပ်ကိုင်နေသူရှိမှန်းသိလိုက်ရပါတယ်။ ဒီမိန်းကလေးတွေကိုလူကုန်ကူးမှုကို ဝမ်ကျောက်ရှင်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

5.7 2010
The Prequel of Gold Convoyers 4 : Struggle for Hostages
The Last Wife
6.2

The Last Wife (2023) (IMDb 6.2/10) ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းက သနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုး သနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့် ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီး ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်… ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာ အတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့ လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့…. ဇာတ်လမ်းလေးကရိုးရှင်းသလိုဖြစ်နေပေမယ့် မြှပ်ကွက်တွေနဲနဲတော့ပါတဲ့အပြင် ဇာတ်ကလေးကလည်း အရမ်းနာလို့ သနားတတ်သူများ မျက်ရည်လွယ်သူများ တစ်ရှူးဆောင်ရင်းကြည့်ပါလို့ အကြံပေးရင် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1.6GB | 803MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

6.2 2023
The Last Wife
Irish Wish
5.5

၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohan ဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့ Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲ ရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ Kirsten Hansen ရေးသားပြီး Janeen Damian ရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာ အိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့ လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီး Lindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့ လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာ သူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာ ပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာ အိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကို လိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာ ပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါ မတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။ File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 94 mins
Irish Wish
Everyone’s Hero
5.8

၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေက သူ့ကိုဆိုမပါစေချင်ပါဘူး။ အမြဲအဖယ်ကျဉ်ခံရပါတယ်။ ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။ တစ်ရက်သူ့အဖေအလုပ်ဆီ သူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့ နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာ ပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။ ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကို မြင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာ ထိုရိုက်တံကို ပြန်လည်ခိုးယူပြီး ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကို ရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်… File size… 1.4 GB / 696 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar

5.8 2006 87 mins
Everyone’s Hero
Tainted Soul

Tainted Soul (2023) ============== Genre – Horror ခုနောက်ပိုင်း ထိုင်းခေတ်ပြီးတဲ့နောက် သရဲကားတွေကို တွင်တွင်ကျယ်ကျယ် ဖန်တီးရိုက်ကူးနိုင်လာကြတဲ့ အင်ဒိုနီးရှား သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက သရဲကားဆိုပေမဲ့လည်း အချစ်ဆန်ဆန် ဒရမ်မာလေးလည်း ပါသေးတာမို့ ရသတစ်မျိုးပဲ ပေးစွမ်းနိုင်တာ မဟုတ်ပါဘူး။ ဇာတ်လမ်းလေးကို ပြောပြပေးရမယ်ဆို ရာကာဆိုတဲ့ အထက်တန်းကျောင်းသားလေးက မျိုးရိုးစဉ်ဆက် အကြားအမြင်ပညာသည်ဖြစ်နေတော့ ငယ်စဉ်ကတည်းက သရဲပေါင်းစုံကို မြင်တွေ့နေရပြီး လိုအပ်တဲ့အခါတိုင်း အလျဉ်းသင့်သလို ကူညီပေးနေရတဲ့ လူငယ်လေးပါ။ ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ကျောင်းတွေမှာ အပေါင်းအသင်းမရှိပဲ အမြဲတမ်း အထီးကျန် အနိုင်ကျင့်ခံလေး ဖြစ်ပါတယ်။ ဒါကြောင့် ရာကာတစ်ယောက် ဦးလေးရှိရာ ငယ်ဘဝကနယ်မြို့လေးကို ပြန်လာပြီး ကျောင်းပြောင်းတက်ပါတယ်။ ဒီလိုနဲ့ ပြန်လာတဲ့အခါမှာတော့ ရာကာတစ်ယောက် အထက်တန်းကျောင်းသူ သရဲမချောချောလေးနဲ့ သူငယ်ချင်းဖြစ်ပြီး အထီးကျန်နေတဲ့ ဘဝလေးကို ကြည်နူးစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရာကာတက်နေတဲ့ကျောင်းမှာ သူများတွေကို အနိုင်ကျင့်နေကြဖြစ်တဲ့ ကျောင်းသားတစ်သိုက်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးသရဲတစ်ကောင်က သေတဲ့ထိ တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေတဲ့အချိန်မှာတော့ ရာကာတစ်ယောက် ဘယ်လိုမျိုး သရဲမလေးနဲ့အတူ ဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူကတော့ သရဲကားဆန်ဆန် အငွေ့အသက်တွေလည်း ပါသလို လူသတ်ကား အရသာမျိုးတွေလည်း တွေ့ရမှာဖြစ်ပြီး ဖူးသစ်စ ကျောင်းသားကျောင်းသူလေးတွေရဲ့ နုနုနယ်နယ် အချစ်ဇာတ်လမ်းဆန်ဆန်လေးလည်း ပါဝင်သေးတာကြောင့် စုံစီနဖာ ခံစားရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ အင်ဒိုဇာဏ်ခီနဲ့ အင်ဒို ချစ်သူဝေတို့ပဲ ဖြစ်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

0 2023
Tainted Soul
Meet Me Next Christmas
5.8

ခရစ္စမတ်အချိန်ကာလရောက်တိုင်း မရိုးရအောင်ကြည့်ကောင်းနေကျ ခရစ္စမတ်အချစ်ကားတွေထဲမှာ ၂၀၂၄ အတွက်အသစ်ထွက်ရှိလာတာ ကတော့ Meet Me Next Christmas ပဲဖြစ်ပါတယ်။ လေဆိပ်ဧည့်စောင့်ခန်းမှာဆုံရင်း စိတ်ချင်းဆက်သွယ်မိခဲ့ကြတဲ့ လေလာနဲ့ဂျိမ်းစ်ဟာ နောက်နှစ်ခရစ္စမတ်မှာ လူလွတ်တွေဖြစ်ခဲ့ကြရင် သူတို့ကြိုက်တဲ့အဆိုတော်အဖွဲ့ရဲ့ရှိုးပွဲမှာပြန်ဆုံတွေ့ကြမယ်လို့ ချိန်းဆိုခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ ခရစ္စမတ်မတိုင်ခင်နှစ်ရက်အလိုမှာ လူလွတ်ဖြစ်သွားခဲ့တဲ့လေလာဟာ ဂျိမ်းနဲ့သွားတွေ့ချင်ပေမယ့် ရှိုးပွဲလက်မှတ်က ဝယ်လို့မရတော့ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်တာတောင်မရတဲ့အခါမှာတော့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကိုအကူအညီတောင်းခံခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးသူတတ်ဒီဟာ လေလာနဲ့အတူ လက်မှတ်ရအောင် လိုက်ကြိုးစားပေးရင်း ချစ်ကြိုးသွယ်မိသွားခဲ့တာကြောင့် လေလာတစ်ယောက် တတ်ဒီနဲ့ဂျိမ်းစ်ကြားမှာတစ်ယောက်ကိုပဲ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.62GB) / (883MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2024 105 mins
Meet Me Next Christmas
Jigra
7

Jigra (2024) “သတ္တိခဲမလေး” IMDb 7.0 ဘောလိဝုဒ်ပရိသတ်တို့နှစ်ခြိုက်ကြတဲ့ မင်းသမီး Alia Bhatt ရဲ့ သည်းထိပ်ရင်ဖို အက်ရှင်ရုပ်ရှင်အသစ်ကို ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ဒီကားထဲမှာဆိုရင် မိန်းမက ခင်ပွန်းသည်ကိုကယ်တာမဟုတ်ဘဲ အစ်မက မောင်ဖြစ်သူကို သက်စွန့်ဆံဖျားကယ်မှာပဲဖြစ်ပါတယ် ဆပ်တရာက သူ့မောင်လေး အန်ကူကို အရိပ်တကြည့်ကြည့်စောင့်ရှောက်တဲ့ အစ်မကြီး ငယ်ငယ်က သူတို့မျက်စိရှေ့မှာတင် တိုက်ပေါ်က ခုန်ချသွားတဲ့အဖေကြောင့် တစ်ခုခုဆိုတိုင်း သူ့မောင်လေးအတွက် အစိုးရိမ်လွန်ကဲတယ် အန်ကူကလည်း ကြိုးစားတဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ပရောဂျက်တစ်ခုကို သူတို့ကိုစောင့်ရှောက်ထားတဲ့ ဦးလေးက သဘောကျတဲ့အတွက် အကောင်အထည်ဖော်ဖို့ နိုင်ငံရပ်ခြားကို အလုပ်ကိစ္စခရီးလွှတ်လိုက်တယ် ကံဆိုးချင်တော့ သူများနိုင်ငံမှာ မူးယစ်မှုနဲ့ အဖမ်းခံလိုက်ရတဲ့အန်ကူကို ကြီးလေးတဲ့ပြစ်ဒဏ်ချတော့မယ်ဆိုတာ သိလိုက်တဲ့အခါမှာ အစ်မတစ်ယောက်က သူ့မောင်ကို စွန့်စွန့်စားစား ဘယ်လိုကယ်ထုတ်သွားမှာလဲ ပရိသတ်တို့ဆက်လက်ကြည့်ရှုလိုက်ပါဦး

7 2024 155 mins
Jigra