YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Excision.UNRATED.2012.480p.(CM).mp4

260.59 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Distortion
1

(၂၁၅၈)ခုနှစ်မှာ နည်းပညာတွေအရမ်းတိုးတက်နေပြီး လူသားကိုမျိုးစိတ်ကိုအခြေခံဆင့်ပွားတဲ့ Cloneနည်းပညာမွေးဖွားလာခဲ့တယ်။ ရွှီကျန့်တို့ကြေးစားတပ်သားအဖွဲ့ဟာ တရားမဝင်မှောင်ခို Cloneသုတေသနစခန်းကို ဝင်ရောက်တိုက်ဖျက်ဖို့ကြိုးစားတဲ့အချိန်မှာ သေနတ်မှန်မစ်ရှင်ကျရှုံးပြီနောက် ထူးဆန်းတဲ့တောကြီးတစ်ခုထဲကိုရောက်သွားပါတယ်။ ဘာကြောင့်မှန်းမသိ ရုတ်တရက်တောအုပ်ထဲရောက်သွားတဲ့ အနယ်နယ်အရပ်ရပ်ကလူတစ်စုဟာ ထူးဆန်းသတ္တဝါကြီးနဲ့ကြုံလာရတော့ သေရေးရှင်ရေးပြေးကြရတော့တာပေါ့...... ဒီတောနက်ကြီးထဲမှာ သူတို့ကိုဘယ်လိုအန္တရာယ်တွေကစောင့်နေမလဲ...... သူတို့တွေဟာ ဒီတောနက်ကြီးထဲမှာ အသက်ရှင်နိုင်ပါ့မလား...... ဒီတောထဲရောက်လာရတဲ့အကြောင်းအရင်းရဲ့နောက်ကွယ်မှာဘာရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK

Action • Crime
1 2023 80 mins
Distortion
Murder by Numbers
6.1

မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။ သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။) File Size          : 3.4GB, 917MB, 488MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Crime, Thriller, Mystery Translated by Aung Win Htut Encoded by Kinnov

Drama
6.1 2002 120 mins
Murder by Numbers
Seven Sundays
8.1

သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/85  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.9 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….02:08:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nyan Hlyan Chit

Drama
8.1 2017 128 mins
Seven Sundays
Species
5.9

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Adventure • Science Fiction
5.9 1995 108 mins
Species
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
The Preacher
5.5

The Preacher (2022) ဘာသာတရားတွေမှာ လူတွေလုပ်နိုင်စွမ်းကိုကျော်လွန်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို “အံ့ဖွယ်” လို့ တင်စားသုံးနှုန်းလေ့ရှိပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာမှာတော့ “ကောင်းချီး” ဆိုတဲ့စကားလုံးအသုံးအနှုန်းကို ပိုသုံးလေ့ရှိပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဘုရားပေးတဲ့ကောင်းချီးပိုင်ဆိုင်ထားသူကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးအတုအယောင်အဆောင်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ~ဇာတ်လမ်းအကျဉ်း ~ အန်တန်နာစီယိုလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးအနေနဲ့ ယောင်ဆောင်ပြီး အလှူငွေတွေလိုက်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သမားတော်ဟန်ဆောင်ပြီး သက်ကြီးရွယ်အိုတွေကို လိုက်ပြီးကုပေးသယောင်ယောင် လုပ်တတ်ပါတယ်။ ဒါပေမဲ့ ရှာသမျှပိုက်ဆံကို အကုန်ပြန်ဖြုန်းတဲ့ အန်တန်နာစီယိုဟာ တစ်နေ့ပြီးတစ်နေ့ အကြွေးတွေပိုပိုတိုးလာပါတယ်။ ဒီလိုနဲ့ပဲ သူ့ကိုအကြွေးလာတောင်းသူတွေက အကြမ်းဖက်တဲ့အထိပါလုပ်လာတဲ့အခါ အန်တန်နာစီယိုတစ်ယောက် သူနေထိုင်ရာမြို့ရဲ့ အခြားဒေသတစ်ခုကို ပြောင်းနေရပါတယ်။ မြေပြန့်ဒေသကနေ ကုန်းမြင့်ပိုင်းကိုရောက်သွားတဲ့ အန်တန်နာစီယိုဟာ သူနေထိုင်ရာဒေသအနီးတစ်ဝိုက်မှာ ရောဂါတွေကိုပျောက်ကင်းပေးစေနိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုကြားလိုက်ပါတယ်။ အဲဒီကောင်မလေးကို ထိလိုက်ရုံနဲ့တင် ရှိရှိသမျှရောဂါမျိုးစုံပျောက်ကင်းသွားတယ်ဆိုတဲ့ တစ်ဆင့်စကားကို အန်တန်နာစီယိုတစ်ယောက် ကြားလိုက်ရတဲ့အချိန်မှာ အဲဒီကလေးမရဲ့ မိဘကိုစည်းရုံးသိမ်းသွင်းပြီး ကလေးကိုအမြတ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ အစပိုင်းမှာတော့ ကလေးမရဲ့အိမ်ထဲမှာပဲ ကုသမှုတွေလုပ်နေနိုင်ခဲ့လို့ စီးပွားဖြစ်ထွန်းဟန်ရှိနေပေမယ့်လည်း “လောဘဟူသည်အဆုံးမရှိ” ဆိုသလို ဒီလိုအခြေအနေနဲ့တင် မရောင့်ရဲမတင်းတိမ်နိုင်ဘဲ ရသမျှပိုက်ဆံအကုန်လုံးကို ရင်းပြီး ကလေးမရဲ့မိဘတွေက ဘုရားကျောင်းတစ်ကျောင်းပါဆောက်ပြီး ကလေးကိုဗန်းပြပြီးအမြတ်ထုတ်ဖို့ ထပ်ပြီးကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ အတုအယောင်လိမ်ဆင်ဆရာကြီး အန်တန်နာစီယိုတစ်ယောက် သူ့အပြစ်တွေရဲ့ အကျိုးဆက်ကို ဘယ်လိုပြန်ပြီးခံစားရမလဲ… ဥစ္စာဓနကို တပ်မက်တဲ့ လောဘစိတ်ကြောင့် စုံလုံးကန်းသွားတဲ့ ကလေးမလေးရဲ့မိဘတွေရော ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံတွေ့သွားရမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ သုတရသပေါင်းများစွာနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 805MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 36Min Genre – Adventure, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Mystery • Thriller • Horror
5.5 2022
The Preacher
I’ll Find You
7.1

I’ll Find You (2019) =============== IMDb Rating – 7.1/10 ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။ အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလို ကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ် ဂျူးလူမျိုးတစ်‌ယောက်ဖြစ်တဲ့ မင်း ဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားက စစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။ မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလို ကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။ အလားတူ ကိုယ့်ရဲ့ အသံက မင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(2.4 GB) / (863 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Music, Romance Translator…….Act Molemy Encoder……….SWM

7.1 2019
I’ll Find You
The Haunted Hotel
5.5

cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကား ကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့ “Panggonan Wingit” လို့လည်း ခေါ်ပါတယ်။ ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်က ဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေ ရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာ အခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူက ပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီး ငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါ အခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက် ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ ဘာတွေပတ်သတ်မှု ရှိနေတာလဲ….။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2023 110 mins
The Haunted Hotel
Detective Dee: The Mirage in Heaven
5.8

ထန်မင်းဆက်မှာ ဒီးရန်ကျယ်ဟာ ထူးဆန်းထွေလာအမှုပေါင်းများစွာကို ဖော်ထုတ်နိုင်သူတစ်ဦးအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။ အခုဒီရုပ်ရှင်ထဲမှာလည်း ဒီးရန်ကျယ်က ဘယ်လို အမှုဆန်းမျိုးကို ကိုင်တွယ်ရမလဲ…… ချွေကုန် ၄ နှစ်မြောက်မှာ ဝမ့်ရှန့်နန်းဆောင်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ မိဖုရားကြီး ဝူကျယ်ထျန်းက အမတ်အပေါင်းကို ပွဲတော်ချီးမြှင့်ခဲ့ပြီး ပြည်သူတွေကို နန်းတော်ထဲမှာ ပွဲတော်ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။ ပွဲတော်မှာ ဇာမဏီငှက်က ပျံသန်းခဲ့ပြီး ငှက်အပေါင်းက လာရောက်ခစားတဲ့ နိမိတ်ကောင်းမျိုး ပေါ်ထွက်ခဲ့တဲ့အတွက် ဝူကျယ်ထျန်းကို တိုင်းပြည်အုပ်ချုပ်ဖို့ ကောင်းကင်က နိမိတ်ပြတာဆိုပြီး အမတ်များနဲ့ ပြည်သူတွေက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ရုတ်တရက်အတွင်း ကောင်းကင်ပေါ်မှာ နတ်နန်းဆောင်ကြီး ပေါ်လာခဲ့ပြီး ပွဲတော်ကို ဖျက်ဆီးခဲ့ပါတယ်။ မိဖုရားကြီးဝူကျယ်ထျန်းက ဒေါသူပုန်ထပြီး ချက်ချင်းပဲ ဒီးရန်ကျယ်ကို ပြန်လည်ဆင့်ခေါ်ကာ ၇ ရက်အတွင်းအမှုကို ဖြေရှင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ကောင်းကင်ပေါ်က ပုံရိပ်တွေဟာ ဘယ်လိုပေါ်လာခဲ့သလဲ…… နန်းတွင်းပွဲတော်က ပျောက်သွားတဲ့ စစ်သည် ၃၀၀၀ ကရော ဘယ်ကို ရောက်သွားသလဲ…… ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြံအစည်ကြီးမျိုး ရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller
5.8 2024
Detective Dee: The Mirage in Heaven
Amigos Sem Compromisso
6.5

အချစ်ကိုကြောက်လို့ ချစ်သူမထားရဲတော့ဘဲ သူငယ်ချင်းလေးတွေနဲ့ပဲ အဆင့်လေးတွေတက်တဲ့သူတွေကိုမြင်ဖူးကြားဖူးကြမှာပါ။သူတို့ကိုတော့ ဒီဇာတ်ကားနာမည်အတိုင်း Amigos Sem Compromisso လို့ခေါ်ကြပြီး အင်္ဂလိပ်လိုဆိုရင်တော့ Friends With Benefits လို့ခေါ်ကြပါတယ်။ ဒီဇာတ်ကားလေးကအဲ့လို အချစ်ကိုကြောက်နေကြတဲ့လူနှစ်ယောက် အခွင့်အရေးလေးတွေရတဲ့သူငယ်ချင်းအဆင့်ကနေ အဲ့လိုနေလာတာကြာလာပြီး ဘယ်လိုပြောင်းလဲမှုတွေနဲ့ကြုံလာရမယ်ဆိုတာကိုဒရာမာအပြည့်နဲ့ရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ ဂျူလီယာနဲ့ဒန်နီရယ်တို့နှစ်ယောက်က မတူညီတဲ့မြို့တွေမှာနေကြသူတွေ ဆိုပေမဲ့ သူတို့နှစ်ယောက်လုံးရည်းစားတွေနဲ့ပြတ်တဲ့အချိန်တွေကတော့ အတူတူလောက်ပါပဲ။ဒီလိုနဲ့နှစ်ယောက်လုံးအတည်ပေါက်ရည်းစားထားရတဲ့ အချစ်ကိုကြောက်နေကြပြီး အဲ့လိုဆက်ဆံရေးမျိုးထပ်မထားဖို့ဆုံးဖြတ် လိုက်ကြပါတော့တယ်။ ကံကြမ္မာရဲ့ဆုံစည်းပေးမှုကြောင့်ဒန်နီရယ်ကအလုပ်ကိစ္စနဲ့ဂျူလီယာတို့ရှိရာ မြို့ကိုရောက်လာပြီး အသည်းကွဲသူအချင်းချင်းအရမ်းရင်းနှီးသွားကြ ပါတော့တယ်။ဒါပေမယ့်လူဆိုတာအသွေးအသားလိုအင်ဆန္ဒရှိတာဖြစ်တဲ့အတွက် နှစ်ယောက်လုံးလိင်ကိစ္စပဲလုပ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲနေကြဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးရင်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါမှာ ဒီလိုတစ်သက်လုံးနေသွားလို့မဖြစ်ဘူးဆိုတာကိုသိလာကြတဲ့အခါမှာတော့ မြန်မာကားဆန်ဆန်လေးကို နိုင်ငံခြား Vibe လေးတွေနဲ့ကြည့်ရှုရမဲ့ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.84GB / 774MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Romance • Family • Thriller
6.5 2024
Amigos Sem Compromisso
Malice
6.5

ထရေစီ (Nicole Kidman) နဲ့ အန်ဒီ (Bill Pullman) တို့ဟာ အချစ်တွေလျှံနေသေးတဲ့ သာမန် ပညာတတ်လူရည်မွန် ဇနီးမောင်နှံဖြစ်ကြပါတယ်။ ငယ်ရွယ်ချောမောတက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ ထရေစီဟာ ကောလိပ်မှာလက်ထောက်ဌာနမှူးဖြစ်သူ အန်ဒီရဲ့ တပည့်ကျောင်းသူဖြစ်ခဲ့ဖူးသူလေးပါ။ တစ်ပတ်မှာ ငါးရက်လောက် ဆေးရုံရဲ့ ကလေးအထူးကုဌာနမှာ လုပ်အားပေးနေသူ ကျောင်းသူ ထရေစီရယ်၊ အနှစ်၁၀၀လောက် သက်တမ်းရှိနေတဲ့ ဝိတိုရိယခေတ်လက်ရာ အိမ်အိုကြီးမှာနေပြီး သမိုင်းဝင်အိမ်ဆိုတဲ့အပေါ်ဂုဏ်ယူနေတတ်တဲ့ ကျောင်းဆရာအန်ဒီတို့ဟာ အိမ်အတွက် အခြေခံလိုအပ်တဲ့ ပြင်ဆင်စရိတ်ကိုတောင် မတတ်နိုင်ကြတဲ့ လူလတ်တန်းစားဇနီးမောင်နှံပေါ့။ ဒါပေမယ့် “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရ”ဆိုတဲ့ ဆိုရိုးရှိတယ်မလား။ အန်ဒီအလုပ်လုပ်တဲ့ကောလိပ်မှာ မုဒိမ်းမှုတွေကို ဆက်တိုက်ကျူးလွန်နေသူ တရားခံတစ်ယောက်ပေါ်ပေါက်လာပြီး တိုက်ခိုက်ခံရသူကျောင်းသူတွေမှာ ထိခိုက်ဒဏ်ရာရ အသက်သေဆုံးတဲ့အထိဖြစ်လာကြတယ်။ တစ်ဖက်မှာလည်း ထရေစီအလုပ်လုပ်နေတဲ့ ဆေးရုံကို ဂျက်ဒ် (Alec Baldwin)ဆိုတဲ့ ခွဲစိတ်ဆရာဝန်ပြောင်းလာခဲ့ပြီး အန်ဒီနဲ့တွေ့ဆုံခဲ့ကြတယ်။ အထက်တန်းကျောင်းနေဘက်တွေ ဖြစ်ခဲ့ကြလို့ အန်ဒီကဝမ်းပမ်းတသာရှိလှပေမဲ့ ထက်မြတ်ပြီးမောက်မာတဲ့ အတွက် ဂျက်ဒ်ကို ထရေစီကတော့ မျက်စိဆံမွှေးစူးစရာအဖြစ်ပဲမြင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ အန်ဒီဟာ မုဒိမ်းမှုတွေအတွက် သံသရှိသူစာရင်းဝင်အဖြစ် ရဲစခန်းမှာသွားရောက်အစစ်ဆေးခံခဲ့ရသလို ထရေစီရဲ့ အရေးပေါက်ခွဲစိတ်ကုသမှုတစ်ခုအတွက် အုပ်ထိန်းသူအနေနဲ့သဘောတူပေးလိုက်ရာမှာ မှားယွင်းခွဲစိတ်မှုဖြစ်သွားတဲ့အတွက် ထရေစီရဲ့ နာနာကျည်းကျည်းလမ်းခွဲမှုကိုပါ ကြုံလိုက်ရတယ်။ ခွဲစိတ်ပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူဂျက်ဒ်မှာ တရားစွဲခံခဲ့ရရင်း အန်ဒီတစ်ယောက် မမျှော်လင့်ထားတဲ့ အမှန်တရားတွေ သိလာရဖို့ဖြစ်လာပါတော့တယ်။ File size…(2.5 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar Aung

6.5 1993 107 mins
Malice
A Monster in Paris
6.7

ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီး IMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်‌‌ယောက်က အိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက် စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီး အိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။ အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crush ပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။ အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီး အဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။ အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူ အဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့က ကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကို သီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File Size : 1.5 GB, 752 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.7 2011 90 mins
A Monster in Paris
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
Kidnapped
6.4

Kidnapped (2010) ********************** IMDb….6.4 ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Spanish Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး Miguel Ángel Vivas က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးတော့ နိုင်ငံတကာမှာလည်း ဆုပေါင်းများစွာကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ကိုပြောင်းလာကြတဲ့ ဟိုင်မဲ၊ မာတာနဲ့ အီစာတို့မိသားစုဟာ တစ်ညမှာတော့ သူခိုးတွေရဲ့ဖောက်ထွင်းမှုကို ခံရပြီး သူတို့မိသားစု အဲဒီသူခိုးတွေရဲ့လက်ကနေ လွတ်အောင်ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဒါရိုက်တာရဲ့သေသပ်ပြောင်မြောက်လှတဲ့ရိုက်ကွက်တွေက ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသ အပြည့်အဝပေးပါတယ်။ IMDB မှာလည်း 6.4/10 rating ကို ရရှိထားပြီးတော့ သွေးသံတရဲရဲ Action Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Austin ပဲဖြစ်ပါတယ်…) File Size : 1.20GB/ 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:21:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Tiff

Drama • Comedy
6.4 2010 85 mins
Kidnapped
Deadly Retreat
5

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူမဲသရုပ်ဆောင်အများစုနဲ့ ရိုက်ကူးထားတဲ့ Comedy/Horror အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်.. ဒီဇာတ်ကားလေးမှာတော့ သူငယ်ချင်းစုံတွဲ ၃ ယောက်တို့ရဲ့ အပျော်ခရီးမှာ ကြုံရတဲ့ကြောက်လန့်ဖွယ် အဖြစ်အပျက်များကိုကြည့်ရှုရမှာဖြစ်ပါတယ်.. သူငယ်ချင်းစုံတွဲ ၃ တွဲတို့ဟာ အားလပ်ရက်ခရီးအဖြစ် လူဖြူအများစုနေထိုင်တဲ့ ဘလူးရစ်ဂျ်တောင်တန်းကို သွားရောက်လည်ပတ်ကြရင်း သူငယ်ချင်းတစ်ယောက် ဆန်းကြယ်စွာပျောက်ဆုံးသွားရာမှတဆင့် အကုန်လုံးနီးပါး အဖြစ်ဆိုးပေါင်းစုံနဲ့ ကြုံတွေ့ရပုံအကြောင်းကို ထိတ်လန့်ခြောက်ခြားဖွယ်တင်ဆက်ထားလို့ Horror ကား ချစ်သူပရိသတ်များအတွက် နှစ်သိမ့်မှုပေးနိုင်တဲ့ ကားလေးဖြစ်ပါတယ်… ထို့အပြင် သူငယ်ချင်း ၆ ယောက်တို့ရဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသများကိုလည်း ပြုံးရွှင်ဖွယ်ရောစပ်ထားတာကြောင့် ပေါ့ပေါ့ပါးပါး လေးလေးပင်ပင် ရသကို ခံစားနိုင်စေဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (854 MB) / ( 434 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….46m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Animation
5 2025 47 mins
Deadly Retreat