YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Evil.S01E04.Rose390.REPACK.720p.(CM).mp4

339.87 MB 720p video/mp4 450 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Heneral Luna
7.6

ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်.. ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့.. ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက် ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း... File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama • Thriller
7.6 2015 118 mins
Heneral Luna
If Looks Could Kill
6.2

ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။ သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။ အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ လတ်တလောဖြစ်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ ထူးဆန်းစွာအသတ်ခံရမှုနဲ့အတူ အော်ရန့်ဘာ့ဂ်ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဩဂက်စ်တက်စတာရန်ကိုကို ကာကွယ်ပေးဖို့ရောက်လာတာပါ။ ဒါပေမဲ့ အေးဂျင့်အစစ်က လုပ်ကြံခံလိုက်ရပြီးတော့ ကျောင်းသားလေးမိုက်ကယ်ကော်ဘန်ကို အသွင်ယူအေးဂျင့်လို့ ထင်သွားကြတဲ့အခါ... စိုင်ကော်လို့ခြုံပေါ်ရောက်တာမဟုတ်တဲ့ နာမည်ကော်လို့ အေးဂျင့်ဖြစ်သွားတဲ့ မိုက်ကယ်ကော်ဘန်တစ်ယောက် နိုင်ငံရေးပြဿနာထဲကို ဘုမသိဘမသိဝင်ပါမိရင်းနဲ့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာ အားလုံးကြည့်ရှုခံစားရင်း ရယ်မောခြင်းနဲ့ ဘဝအပန်းဖြေလိုက်ရအောင်ပါ။ File size…(1.1 GB)/ (580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Fantasy
6.2 1991 88 mins
If Looks Could Kill
Among the Living
4.9

Zombie Apocalypse ဖြစ်နေတဲ့ကမ္ဘာကြီးမှာ ဇာတ်တည်ထားတာပါ။ ဟယ်ရီနဲ့သူညီမလေးလီလီတို့ဟာ အန္တရာယ်တွေကိုဖြတ်ကျော်ပြီး အဝေးမှာရှိတဲ့ သူတို့အဖေရှိရာကို သွားနေရတာပါ။ လမ်းခရီးမှာ သွေးနံ့ရရင်ချက်ချင်းလိုက်တတ်တဲ့ Zombie တွေရှိသလို မသမာတဲ့ အသက်ရှင်သန်သူတွေကလည်း ရန်ပြုနိုင်တာမို့လို့ ဟယ်ရီတို့ဟာ သတိထားသွားလာရပြီး ဘယ်သူ့ကိုမှယုံကြည်လို့မရပါဘူး။ Zombie Apocalypse ထုံးစံအတိုင်း ကမ္ဘာ့လူဦးရေ အနည်းငယ်ပဲအသက်ရှင်ကျန်နေတဲ့ ကမ္ဘာကြီးမှာ ဟယ်ရီနဲ့ သူ့ညီမတို့ ရှင်သန်နိုင်ဖို့ ကြုံလာတဲ့အန္တရာယ်သစ်တွေကို ဖြတ်ကျော်နိုင်မလားဆိုတာ.. File size…(1.86GB) / (970MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:25:00 Genre...Horror / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama
4.9 2022 85 mins
Among the Living
Space Jam: A New Legacy
6.8

ဘတ်စ်ကတ်ဘောသမား လဘရွန်ဂျိမ်းစ်တို့ မိုက်ကယ်ဘီ ဂျော်ဒန်တို့နဲ့War Machine မင်းသားကြီး သရုပ်ဆောင်ထားတဲ့ Space Jam ထွက်လာပါပြီ။ ဇာတ်လမ်းကတော့ ကျွန်တော်တို့ အကြို က်ဆုံးရုပ်ရှင်တွေကို ဖျက်ဆီး (အဲလေ) ဖန်တီးနေကျ ရုပ်ရှင် စတူဒီယိုတစ်ခုဖြစ်တဲ့ ဝန်းနားဘရားသား ကုမ္ပဏီက ကွန်ပြူတာအယ်ဂိုရသမ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီအယ်ဂိုရသမ်က လူအသိဉာဏ်ရှိပြီး သူ့ကို မလေးမစားပြောလိုက်တဲ့ လက်ဘရွန်တို့ ဘတ်စ်ကတ်ဘော သားအဖကို မကျေနပ်တာကြောင့် ကွန်ပြူတာထဲမှာ ချုပ်နှောင်ထားလိုက်ပါတယ်။ ပြီးတော့ သူနဲ့ ဘက်စ်ကတ်ဘောနိုင်အောင်ဆေ့ာမှ ပြန်လွှတ်မယ်လို့ ပြောတဲ့အခါ လက်ဘရွန်တစ်ယောက် ဝန်းနားဘရားသား ကာတွန်းလောကထဲက ဇာတ်ကောင်တွေအားလုံးထဲကနေ သူ့ကိုကူညီမယ့်သူကိုလိုက်ရှာပြီး ကွန်ပြူတာ အယ်ဂိုရသမ်ကို ရင်ဆိုင်ဖို့ကြိုးစားရပါတော့တယ်... ဘာသာပြန်ထားကတော့ CM ပဲ ဖြစ်ပါတယ်။ File size…2 GB and 1.2 GB and 680 MB Quality….WEB-DL 1080p and 720p and 480p Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Encoder .....August

Comedy
6.8 2021 115 mins
Space Jam: A New Legacy
Collateral Beauty
7.2

ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲ ပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ... ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့် လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်... ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင် စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်.... သို့ပေမယ့်.... ၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီး တစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်... အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ရပ်တန့်လိုက်တဲ့ အခါ စီးပွားရေးလုပ်ငန်းမှာလဲ အရှုံးပေါ် ရလဒ်တွေပဲ ဖြစ်ပေါ်လာခဲ့ပါတယ်... ဒါကြောင့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဟောင်းဝါဒ် ကို အဲ့ဒီ စိတ်ဒဏ်ရာတွေကနေ ဆွဲထုတ်ဖို့အတွက် ဟောင်းဝါဒ် ရဲ့ သူငယ်ချင်းတွေက အချိန် ၊ အချစ် ၊ သေခြင်းတရား တို့ကို အပြင်မှာ စပြီး အကောင်အထည်ဖော်ကာ အသက်သွင်းပြီး သူတို့ သူငယ်ချင်း ဟောင်းဝဒ် ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်.... Thit San Khant

Action • Adventure • Fantasy
7.2 2016 97 mins
Collateral Beauty
Catering Christmas
6.8

Catering Christmas (2022) ~ IMDb rating – 6.8/10 ~ ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly’s Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။ မော်လီတို့မြို့လေးမှာ “ဟယ်ရစ်ဆင်န်” ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ “ကာဆင်န်” ကို လုပ်ငန်းတွေလွှဲပေးပြီး အငြိမ်းစားယူဖို့ အကြံမျိုးစုံထုတ်နေသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာရှိတာက ကာဆင်န်ဟာ ဖောင်ဒေးရှင်းကို ဦးဆောင်ဖို့ လုံးဝဝါသနာမပါဘဲ လွတ်လွတ်လပ်လပ် ကမ္ဘာပတ်လို့ရတဲ့ ဓာတ်ပုံဆရာအလုပ်ကိုသာ ခုံမင်သူတစ်ယောက် ဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဟယ်ရစ်ဆင်န် ဖောင်ဒေးရှင်းရဲ့ ခရစ်စမတ်ညစာစားပွဲအတွက် အကျွေးအမွေးတာဝန်ခံအဖြစ် မော်လီတို့ဆိုင်ကို ရွေးချယ်လိုက်တဲ့အခါ မော်လီနဲ့ ကာဆင်န်တို့ ရေစက်ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို ကံဇာတ်ဆရာရဲ့ ကြိုးဆွဲမှုကြောင့် လောကကြီးကို အမြဲတမ်း မှန်ဘီလူးကနေတဆင့်ပဲ ကြည့်တတ်တဲ့ ကာဆင်န်တစ်ယောက် သိပ်လှတဲ့ ထက်ထက်မြက်မြက် စားဖိုမှူးမလေး မော်လီ ကို ချစ်မိသွားတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာ ချမ်းစီးစီး ညချမ်းထဲ စောင်ကိုက်ရင်း ကြည့်လိုက်ကြပါဦးလို့… (ဒီဇာတ်ကားနဲ့အညွှန်းကို Thar Htet မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 590MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 26Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Thar Htet Encoded by Y

6.8 2022 85 mins
Catering Christmas
Streamer

Streamer (2023) အခုနောက်ပိုင်း live streaming တွေလုပ်တဲ့လူငယ်တွေများလာသလိုပဲ ထူးခြားတဲ့ဟာတွေလုပ်ကြသလို လူကြိုက်များအောင်၊ လူကြည့်များအောင်လည်း လုပ်လာကြပါတယ် သရဲဆိုရင် မယုံကြတဲ့ ကိုယ်ပိုင်ချန်နယ်တွေရှိကြတဲ့ streamer လူငယ်တွေစုပြီး အဆောက်အဦးတစ်ခုဆီကို ghost hunting ပုံစံမျိုး တင်ဆက်ဖို့ သွားခဲ့ကြပါတယ် ဒါပေမဲ့ သူတို့မသိလိုက်တာက သူတို့သွားတဲ့အဆောက်အဦးက သာမန်မဟုတ်ဘဲ တကယ်ကိုကြမ်းတမ်းတဲ့ အတိတ်ရှိခဲ့တာကို အထဲရောက်မှသိရပါတော့တယ် သိသွားတဲ့အချိန်မှာ ဘာမှလုပ်မရတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပြီး အသက်လုနေရပါတော့တယ် နောက်ဆုံးမှာ အဲအဆောက်အဦးက နာကြည်းချက်တွေပြည့်နေတဲ့ သရဲတွေလက်ထဲက လွတ်သွားနိုင်မလား သူတို့တွေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 1.14GB | 571MB | 263MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2023
Streamer
Scarygirl
6.2

ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီး စမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။ တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီး နေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကို သူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီး အလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီး animation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့ Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.2 2023
Scarygirl
Dead Ringers
7.2

အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။ အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက မူမှန်ရဲ့လားဆိုတာကို စဉ်းစားရခက်စွာ အဖြေရှာရှင်း ကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပါ၊ ၁၉၈၈ ကတည်းက ဒီဘက်ခေတ်မီအောင် ပြောင်မြောက်စွာ ရိုက်ကူးထားတဲ့အတွက်ကြောင့် ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:56:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Action • Comedy • Drama
7.2 1988 115 mins
Dead Ringers
Visul
7.2

Visul (2023) ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.7GB | 875MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2023
Visul
Trinil
6

ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲ Jump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက် ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့ အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင် ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံ အတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ 1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီး ဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီ လိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလို ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင် အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီး Honey moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတို ဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတု မကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းက ပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေ ခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူက သူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေ စံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာ ဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်း အဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိ တန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာ တန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2024 105 mins
Trinil
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
She’s the Man
6.4

She’s the Man (2006) IMDb Rating (6.4) ဆီဘက်ရှန်းနဲ့ ဗိုင်အိုလာက အမွှာဖြစ်ပြီး ရုပ်တွေကအစတူပေမယ့် ဆီဘက်ရှန်းက ယောကျာ်းလေးဖြစ်ပြီးတော့ ဗိုင်အိုလာက မိန်းကလေးပါ။ ဗိုင်အိုလာက မိန်းကလေးဆိုပေမယ့် ဘောလုံးကန်တာ ဝါသနာကြီးပြီး ကျောင်းအသင်းမှာ ကန်ခွင့်ရဖို့က သူမရဲ့အိမ်မက်ပါ။ ဒါပေမယ့် သူတို့ကျောင်းက ဘောလုံးအသင်းမှာ ယောက်ကျားလေးတွေပဲ ကန်ရမယ် မိန်းကလေးတွေ မပါရဘူးဆိုတော့ ဗိုင်အိုလာတစ်ယောက် ယောက်ကျားလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ စွန့်စားပါတော့တယ်။ ဒါကတော့ သူ့အမွှာ ဆီဘက်ရှန်းယောင်ဆောင်ပြီး ယောက်ကျားလေးအဆောင်မှာ သွားနေပြီး ဘောလုံးကန်ဖို့ပါပဲ။ အဆောင်မှာ သူမနဲ့အတူနေရမယ့် အခန်းဖော်က ဂျူ့တဲ့ …သူကလဲ ယောက်ကျားလေးအခန်းဖော်ပဲထင်ပြီး နှလုံးသားရေးရာကစလို့ ဖွင့်ပြောတိုင်ပင်မိတဲ့အခါမှာတော့….ဗိုင်အိုလာနဲ့ ဂျူ့တို့ဘာဆက်ဖြစ်ကြမလဲ… ဗိုင်အိုလာရဲ့ ကျောင်းအသင်းမှာ ယောကျာ်းလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ဆိုတဲ့ အိမ်မက်ကရော တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ…။ မင်းသား Channing Tatum က ဂျူ့အဖြစ်ပါဝင်ထားပြီး မင်းသမီး Amanda Bynes က ဗိုင်အိုလာအဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက Amanda Bynes ရဲ့ မာစတာပိစ်လို့ဆိုနိုင်ပြီး ဒီထဲမှာ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေ တကယ်ပီပြင်ပါတယ်။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဒီရုပ်ရှင်ကားလေးကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်… ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ။

Drama
6.4 2006
She’s the Man
Hidden Face
7.1

Hidden Face (2024) ********************* ဒီကားလေးတော့ 19+ ဖြစ်တဲ့အတွက် ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာတွေ ရိုက်ကူးထားတာ ဖြစ်လို့ မိသားစုနဲ့ အတူ ကြည့်ရှုရန် မသင့်တော်ပါဘူးနော်။ castတွေ အနေနဲ့တော့ ဂျွန်စောလို့ လူသိများတဲ့ မင်းသားကြီး Song Seung-heon, Cho Yeo-jeong နဲ့ Park Ji-hyun တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ Hidden face ရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် Hidden Face (2011)ကို korea version အဖြစ် ဒါရိုက်တာ Kim Dae woo က remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး erotic mystery thriller အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ******************** ဂီတမှူးဆောင်းဂျင်းက သူ့ဇနီးလောင်း ဆူယွန်းရှိတဲ့ သံစုံတီးဝိုင်းမှာ ဦးဆောင်နေတဲ့ ဂီတမှူး တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆူယွန်းက ဗီဒီယိုမက်ဆေ့ချ်တစ်ခုပဲ ချန်ရစ်ထားခဲ့ပြီးတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ‌‌ ဇနီးလောင်း ပျောက်ဆုံးသွားလို့ ယူကျုံးမရ ဖြစ်နေတဲ့ ဆောင်းဂျင်းဟာ .. သူ့ဇနီးလောင်းရဲ့ တယောကြီးသမားနေရာမှာ အစားထိုးဝင်ဖို့ လာလျှောက်တဲ့ ဇနီးလောင်းရဲ့ ဂျူနီယာဖြစ်သူလေး ဂင်မီဂျူ့ကို တွေ့ပြီး စိတ်ဝင်စားသွားခဲ့ပါတယ်။ မိုးသည်းတဲ့ ညတစ်ညမှာ အရက်မူးနေကြတဲ့ ဆောင်းဂျင်းနဲ့ မီဂျူတို့ နှစ်ယောက် ကိုယ်စီဆန္ဒတွေကို ထိန်းမထားနိုင်ကြတော့ဘဲ ရှင်းဆူယွန်းရဲ့ အိမ်မှာ မလုပ်သင့်မလုပ်အပ်တဲ့ လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ပျောက်ဆုံးသွားပြီလို့ ထင်နေခဲ့ကြတဲ့ ဆူယွန်းကလည်း လွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ အလုံခန်းထဲမှာ ပိတ်မိနေပြီးတော့ ထွက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ပါတယ် .. ။ နောက်ဆုံးမှာ ဆူယွန်းတစ်ယောက် ထွက်လာနိုင်မလား .. ဆောင်းဂျင်းနဲ့ မီဂျူတို့ ဇာတ်လမ်းလည်း ဘယ်လိုဆက်ဖြစ်သွားမလဲ .. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။ (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…1.29GB / 542MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Thriller, Mystery, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Miri & Treasure Htet Encoded by AHtet

7.1 2024 113 mins
Hidden Face
The Monkey
6.3

The Monkey (2025) IMDb Rating (6.3) / Rotten Tomatoes (79%) ဟော်ရာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်လာပါပြီ။ မူရင်းရုံတင်တုန်းက အချို့နိုင်ငံတွေမှာ အရမ်းကြမ်းတမ်းလွန်းတဲ့အခန်းတွေကို ဆင်ဆာဖြတ်ထားပေးလိုက်ရပါတယ်။ အခု ဗားရှင်းကတော့ အကုန်ကွက်ကွက်ကွင်းကွင်းပါတဲ့ဗားရှင်းမို့ ဟော်ရာဖန်တွေ အဝကြည့်ရမှာပါ။ dark comedy, horror ဖြစ်လို့ ပိုးစက်ပက်စက်တွေ ရှောကုန်သလို ရယ်လည်းရယ်ရပါတယ်။ မင်းသားကတော့ Divergent ရုပ်ရှင်တွေနဲ့လူသိများတဲ့ Theo James ပါပဲ။ ဇာတ်လမ်းအကျဉ်း ဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ ပြောစကားအရတော့ သူတို့ရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။ သူတို့အဖေရဲ့ ပစ္စည်းတွေကို ဟဲလ်တို့အမေက အမှိုက်တွေလို့ထင်ပေမဲ့ အမြွှာညီအစ်ကိုအတွက်တော့ ဒါတွေက သူတို့အဖေ ဘယ်လိုလူလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတွေလို့ သူတို့က မြင်ကြတယ်။ ဒီလိုနဲ့ သူတို့အဖေရဲ့ ပစ္စည်းတွေထဲကနေ မျောက်ရုပ်တစ်ရုပ်ကို ရှာတွေသွားကြတယ်။ ဒီမျောက်ရုပ်ကို စတွေ့ပြီး မကြာဘူး။ ဟဲလ်နဲ့ ဘီလ့်ကို ထိန်းတဲ့ ကလေးထိန်းသမ စပြီး အဖြစ်ဆိုးနဲ့သေတယ်။ ဒီလိုဖြစ်ပြီး မကြာဘူး။ မျောက်ရုပ်က ထားရင် ထားတဲ့နေရာမှာ မရှိတာမျိုးတွေ ဖြစ်လာတယ်။ တစ်နေ့တော့ သူ့ကို အနိုင်ကျင့်လွန်းတဲ့ ဘီလ်ကို သေစေချင်တယ်လို့ ဟဲလ်က မျောက်ရုပ်ကို ပြောလိုက်ချိန်မှာ အမေဖြစ်သူ သေဆုံးသွားခဲ့တယ်။ ‌ဒီမျောက်ရုပ်က တောင်းဆိုလို့မရဘူး။ သူသတ်ချင်တဲ့လူကို ကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာ သိသွားပါတော့တယ် … (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size…(750 MB) / (470 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:36:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Act Molemy

6.3 2025 97 mins
The Monkey