YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Evil.S01E04.Rose390.REPACK.1080p.(CM).mp4

711.33 MB 1080p video/mp4 260 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When You Finish Saving the World
6

ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့ မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ... A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ကားအသစ်ပါပဲ။ ဘယ် Coming-of-Age ကားနဲ့မှမတူတာတော့ သေချာတယ်။ မူးနောက်လောက်အောင် ပြောတတ်တဲ့ နာမည်ကျော်မင်းသား Jesse Eisenberg ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ ဒီရုပ်ရှင်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြသူတွေကို သရော်ထားတဲ့ ရုပ်ရှင်လည်း ဟုတ်တယ်။ Emma Stone ကိုယ်တိုင်လည်း ပရိုဂျူဆာလုပ်ထားပြီး ဂန္ထဝင်မင်းသမီးကြီး Julianne Moore ရဲ့ Acting အလန်းတွေအပြင် Stranger Things ကနေပြီး ဖောက်ထွက်လာခဲ့တဲ့ Finn Wolfhard ကိုလည်း မြင်နေကျပုံစံမဟုတ်တဲ့‌ပုံစံသစ်တစ်မျိုးနဲ့ မြင်ကြရပါဦးမယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 28Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Drama
6 2023 88 mins
When You Finish Saving the World
Get Hard
6

ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကား လုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း (Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက် တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက် သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်း တောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြား တွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင် မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက် တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန် နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံး ဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊ နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လို အရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TmmT

Documentary • Comedy
6 2015 100 mins
Get Hard
The Unheard
5.1

Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။ ‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.90GB, 930MB Quality - 1080p, 720p Format - mp4 Duration - 2H 5Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama • Family • Romance
5.1 2023 124 mins
The Unheard
Who Killed Cooper Dunn?
4

တောကြီးမျက်မည်းထဲကို ခရီးထွက်လာကြတဲ့ သူငယ်ချင်း ၆ယောက်၊ သူတို့ဘဝရဲ့စိတ်ညစ်စရာတွေကနေ ကင်းဝေးအောင် အပန်းလာဖြေကြတဲ့ သူငယ်ချင်း ၆ယောက်၊ တစ်ယောက် ပြဿနာတစ်မျိုးစီနဲ့ သူငယ်ချင်း ၆ယောက်ပေါ့။ ခရီးပထမဆုံးနေ့မှာပဲ သူတို့အဖွဲ့ထဲကတစ်ယောက် ဖိတ်ခေါ်လာတဲ့ လူစိမ်း ၃ယောက်ရောက်ရှိလာပါတော့တယ်။ အဲဒီလူစိမ်းဆီကပါလာတဲ့ မူးယစ်ဆေးတွေကို သုံးစွဲပျော်ပါးမိကြပြီးတဲ့နောက်... နောက်တစ်ရက်မနက်မှာတော့ သူတို့အဖွဲ့ထဲက ကူးပါးဒွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက် နဖူးကိုရိုက်နှက်ခံထားတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ တောကြီးမျက်မည်းထဲမှာမလို့ လူသတ်တရားခံဟာ အသက်ရှင်ကျန်ရစ်တဲ့လူ ၈ယောက်ထဲက ၁ ယောက်ဖြစ်ကိုဖြစ်ရမှာပါ။ လူသတ်သမားကလူထပ်သတ်ဦးမလားလည်း မသိနိုင်ပါဘူး။ အဲဒီလူသတ်သမားကို သူတို့ရှာနိုင်ပါ့မလား... လူသတ်သမားကိုရှာဖွေရင်း သူတို့ရဲ့အန္တရာယ်ကိုရှောင်ရှားနိုင်မှာလား... အဲဒီမေးခွန်းရဲ့ အဖြေကိုတော့ ခု ၂၀၂၂ ထွက် IMDb 5.8/10 ရ Mystery, Thriller ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 580MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 30Min Genre - Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Fantasy
4 2022 90 mins
Who Killed Cooper Dunn?
Dongeng Mistis
6.3

ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။ အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။ အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။ အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 628MB | 324MB 178MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama
6.3 2018 88 mins
Dongeng Mistis
F*ck Love Too
5.5

Comedy, Roamance အချစ်ကို ရုပ်ရှင်၊စာပေ။ဂီတတွေမှာ ပုံစံမျိုးစံနဲ့ဖော်ပြခဲ့ကြတာပါပဲ။ ဒီကားလေးမှာတော့ ရင့်ကျက်ပြီး သက်လတ်ပိုင်းအရွယ် သူငယ်ချင်းအမျိုးသမီး ၃ ယောက်ဟာ အချစ်ဆိုတဲ့အရာကို စိတ်ကူးယဉ်ဆန်မှုတစ်ခုပဲလို့ ယူဆထားကြပါတယ်။ ဒီလိုခံယူချက်တွေတူနေပေမယ့် သူတိူ့မှာ အိမ်ထောင်ကွဲထားတဲ့သူ၊ Single Mom နဲ့ လက်ထပ်တော့မယ်သူ ဆိုပြီး သူတို့ ၃ ယောက်ရဲ့ အချစ်ရေးဟာလည်း မျိုးစုံဖြစ်လို့နေပါတယ်။ သူတို့က လိုက်မရှာပေမယ့် အချစ်က သူတို့ကိုရှာတွေ့သွားတဲ့အခါမှာတော့ ဒီမမကြီး ၃ ယောက်ရဲ့ ဘဝမှာ ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ နာမည်ကြီး Sex and The City ကားလိုမျိုး အရမ်းရယ်နေရတဲ့ ကားဖြစ်ပြီး "အချစ်" ဆိုတဲ့အဓိပ္ပာယ်ကိုလည်း ပါးပါးလေးပုတ်ပြထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre.....Comedy, Romance Quality….1080p | 720p| 480p File size… 1.43GB | 774MB | 283MB Format…mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Drama • Horror • Mystery • Thriller
5.5 2022 92 mins
F*ck Love Too
Gooische vrouwen
6

Gooische vrouwen (2011) =================== IMDb Rating - 6.2/10 "Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။ နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM

Action • Adventure • Fantasy
6 2011 105 mins
Gooische vrouwen
The Three Investigators and The Legacy of the Dragon
6.2

"The Three Investigators" ဆိုတဲ့ ကလေးဖတ်စာအုပ်တွဲထဲက တစ်အုပ်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဂျာမန် Adventure & mystery ဇာတ်ကားလေးပါ IMDb 5.7 ရရှိထားပြီးကလေးသရုပ်ဆောင်သုံးယောက်ကတော့အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ စုံစမ်းထောက်လှမ်းရတာဝါသနာပါတဲ့သူငယ်ချင်းသုံးယောက်သား နွေရာသီအစမ်းခန့်အလုပ်အတွက် Transylvania မြို့ကိုရောက်သွားခဲ့ရာကနေစပါတယ် သူတို့ကအဲဒီမှာဒရက်ကူလာဇာတ်ကားရိုက်ဖို့အတွက်သွားကြတာဖြစ်ပြီး ရိုက်ကွင်းနေရာဖြစ်တဲ့ရဲတိုက်ကြီးကတော့ရာဇဝင်တွေအပြည့်ပါပဲ စုံထောက်‌ကျော်သုံးယောက်တို့ ရဲတိုက်ရဲ့ရာဇဝင်နဲ့ရဲတိုက်ထဲမှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စကိုလိုက်စုံစမ်းကြရင်း ဘာတွေတွေ့ကြုံရမလဲ ရာဇဝင်တွေကတကယ်ရောဟုတ်ရဲ့လား မသမာသူတွေကရောရဲတိုက်ထဲမှာဘာတွေကြံစည်နေကြတာလဲဆိုတာကိုအဖြေရှာကြတဲ့ဇာတ်ကားဖြစ်ပါတယ် နာမည်ကျော်ကလေးဖတ်စာအုပ်ကနေမှီငြမ်းရိုက်ကူးထားတာမလို့ ကလေးတွေပါကြည့်လို့သင့်တော်တဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ

Drama • Fantasy • Horror • Thriller
6.2 2023 100 mins
The Three Investigators and The Legacy of the Dragon
The Goat and Her Three Kids
7.2

The Goat and Her Three Kids (2022) ~ IMDb rating - 7.4/10 ~ ၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။ လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 715MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama
7.2 2022 83 mins
The Goat and Her Three Kids
Sharpay’s Fabulous Adventure

Sharpay’s Fabulous Adventure (2011) ~ Rotten Tomatoes – 60% ~ Disney Musical Movie တွေ ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2011 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ နာမည်ကြီး Musical Movies တွေဖြစ်တဲ့ High School Musical တွေထဲက ကာရိုက်တာတစ်ယောက်ဖြစ်တဲ့ Sharpay Evans ကို မူလသရုပ်ဆောင်နဲ့ပဲ သက်သက်ခွဲထွက်ပြီး ရိုက်ကူးထားတာပါ။ ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူတကွ ဖျော်ဖြေတာကို Broadway က နာမည်ကြီးဒါရိုက်တာက တွေ့ပြီး သဘောကျတဲ့အတွက် လူရွေးပွဲ ၀င်ပါဖို့ ကမ်းလှမ်းခံရပါတယ်။ Musical အသစ်မှာ ပါ၀င်သရုပ်ဆောင်မယ့် Star က သူအရမ်းကြိုက်တဲ့ Idol အမ်ဘာလီအာဒမ်စ်ပါတဲ့။ ရှာပေက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ Broadway ပြဇာတ်ရုံကြီးရှိတဲ့ နယူး‌ယော့ခ်မြို့တော်ကြီးကို သွားချင်ပေမယ့် ဖခင်ဖြစ်သူက စိတ်မချပါဘူး။ သူ့သမီးအဆင်သင့်မဖြစ်သေးမှာကို စိုးရိမ်တာလည်းပါတာပေါ့။ ဖခင်သဘောတူအောင် အစစအရာအရာ စီစဉ်ပြပြီးတော့ ရှာပေက အပေးအယူတစ်ခုနဲ့ မိဘတွေရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အချိန်တစ်လရမှာဖြစ်ပြီး သူ့အစီအစဉ်မအောင်မြင်ခဲ့ရင် အိမ်ကိုပြန်လာပြီး သူ့အဖေအတွက် အလုပ်လုပ်ပေးဖို့ပါ။ ဒီလိုနဲ့ အပေးအယူလုပ်ပြီး Broadway မှာ လူရွေးပွဲဖြေဖို့သွားတဲ့အခါမှာတော့ သူထင်သလို ဒါရိုက်တာက သူ့ကို သရုပ်ဆောင်အနေနဲ့ လိုချင်တာမဟုတ်ဘဲ ခွေးလေးဘွိုင်ကို လိုချင်တာဖြစ်နေပါတယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ရှာပေက သူ့ခွေးလေးကို လူရွေးပွဲမှာ ပါခွင့်ပေးမှာလား၊ လူရွေးပွဲမှာရော ဘယ်သူနဲ့ အပြိုင်နေရာလုရဦးမှာလဲ၊ သူ့ Idol အမ်ဘာလီကရော လက်‌တွေ့မှာ သူမလေးစားအားကျရသလိုမျိုးပဲလားဆိုတာကတော့… ပန်းရောင်ကြိုက်တဲ့ကောင်မလေးတွေ အကြိုက် ပန်းရောင်အပြင်အဆင်တွေအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး Disney Style Musical သီချင်းကောင်းလေးတွေကိုပါ ခံစားနားဆင်ကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 705MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2011 90 mins
Sharpay’s Fabulous Adventure
Warning 2
7.5

Warning 2 (2024) ကလဲ့စား IMDb – 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။ အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။ ( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်)

7.5 2024 125 mins
Warning 2
The Assassins
6

မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။

6 2012
The Assassins
The Penguin Lessons
7.1

The Penguin Lessons (2025) IMDb Rating (7.1) / Rotten Tomatoes (80%) ဒီတစ်ခါဇာတ်ကားလေးကတော့ 2024 ကမှထွက်ရှိထားတဲ့မင်းသားကြီး Steve Coogan ရဲ့ The Penguin Lesson ဆိုတဲ့ဇာတ်ကားလေးပါ။ Steve Coogan ကိုတော့ Around the World in 80 days မှာရင်းနှီးကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း Tom ဟာ အာဂျင်တီးနားနိုင်ငံက St. George ဆိုတဲ့ကျောင်းမှာ အင်္ဂလိပ်စာဆရာအဖြစ်လာရောက်လုပ်ကိုင်ပါတယ်။ အဲ့ဒီအချိန်မှာ အာဂျင်တီးနားနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မလို့ ကျောင်းတွေခဏပိတ်ရတာနဲ့ Tom တစ်ယောက် ဥရုဂွေးဘက်ပလည်ထွက်လာတုန်း ကောင်မလေးနဲ့ အီစီကလီလုပ်မိပါတယ်။ လုပ်နေတုန်း ကမ်းခြေမှာ ပင်ဂွင်းလေးတစ်ကောင်သေမလိုဖြစ်နေတာကိုကယ်ခဲ့ပြိး ကောင်မလေးနဲ့ ဘာညာဖြစ်ချင်ပေမဲ့ ဟိုကအိမ်ထောင်သည်ကြီးဖြစ်နေတော့ ပင်ဂွင်းတစ်ကောင်နဲ့ပဲအဖက်တင်နေခဲ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲကြည့်ရှု့လိုက်တော့နော်။ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းပြီး IMDb မှာလည်း 7.2 တောင်ရထားတာမလို့မိသားစုနဲ့ကြည့်လို့သင့်တော်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size… (4.5 GB) / (1.9 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:51:50 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by S4L

7.1 2025 111 mins
The Penguin Lessons
The Neighbors
7.3

The Neighbors (2012) ********************** IMDb… 7.3 ဒီတစ်ခါမှာတော့ ရုံတင်တုန်းက လက်မှတ်ပေါင်း 2.43သန်းရောင်းချခဲ့ရတဲ့အပြင် ဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ Castတွေအဖြစ်လည်း ပရိသတ်အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Ma Dong Seok, မင်းသားကြီး Kim Sung Kyun နဲ့အတူ မင်းသမီး Kim Sae Ron က ဇာတ်ကောင် 2ခုအဖြစ် အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂန်ဆန်းအိမ်ရာမှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေး ဝန်ယောဆွန်းကို ပျောက်ဆုံးပြီးနောက် ၁၀ရက်အကြာမှာ ခရီးဆောင်အိတ်ထဲကနေ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တိုက်ခန်းမှာနေထိုင်သူအားလုံးဟာ အဲဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နေနေရတော့တာပေါ့။ ဒါပေမဲ့ လူသတ်သမားဖြစ်သူ ရူ‌ဆွန်းဟျော့ကတော့ သူ့ကိုသံသယဝင်ပြီး သူ့အိမ်ထဲကိုဝင်လာတဲ့ အိမ်နီးနားချင်းတိုင်းကို သတ်ပစ်ပြီး သူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ သူသတ်ခဲ့တဲ့ ကျောင်းသူလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ ကျောင်းသူ ယူဆူယွန်းပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဒီလိုစိတ္တဇဆန်ပြီး သွေးအေးတဲ့လူသတ်သမားကို ဖမ်းဆီးသွားနိုင်မှာလား… လူသတ်သမားကပဲ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို သတ်နိုင်သွားမှာလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့်အပြင် မြှုပ်ကွက်လေးတွေပါဝင်တဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းမလို့ ညွှန်းပေးလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.40GB/ 650MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:50:21 Genre : Action, Thriller, Political Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Fantasy • Horror • Adventure
7.3 2012 110 mins
The Neighbors
Oho Enthan Baby
7.9

Oho Enthan Baby (2025) အသည်းကွဲခြင်းမှသည် အချစ်ရှိရာသို့ အချစ်ဆိုတာဘာလဲသိနိုင်ဖို့ သီအိုရီတွေ စာပေတွေ ထုတ်ပြနေရုံနဲ့ မလုံလောက်ပါဘူး။ တကယ်ချစ်ဖူးတဲ့လူမှပဲ အချစ်ရဲ့အနှစ်သာရကို သေချာနားလည်နိုင်မှာပါ။ ဒါပေမဲ့ တစ်ခါချစ်မိရုံနဲ့ အချစ်ကိုနားလည်သွားနိုင်သူတွေက ကံကောင်းတဲ့သူတွေဖြစ်ပြီး တချို့တွေကတော့ ထပ်ခါတလဲလဲ ချစ်မိတာတောင် အချစ်ဆိုတာကို နားလည်ဖို့ဝေးကွာနေဆဲပါပဲ။ ဒီထဲမှာ ကျွန်တော်တို့ဇာတ်လိုက် အက်ရှ်ဝင်းလည်း အပါအဝင်ပေါ့။ ချစ်ရသူမီရာ ထားသွားတဲ့နောက် ‌ဇာတ်ညွှန်းဆရာလေးအက်ရှ်ဝင်းလည်း တစ်နေ့တစ်နေ့ လူသတ်ကား သရဲကားဇာတ်ညွှန်းတွေချည်း ချရေးဖြစ်နေတဲ့ စော်ပစ်ကောင်ဇိုးလေးဖြစ်နေလေရဲ့။ ဒါပေမဲ့ တစ်နေ့မှာ နာမည်ကြီးမင်းသားနဲ့ အလုပ်တွဲလုပ်ရရေးအတွက် အက်ရှ်ဝင်းတစ်ယောက် အချစ်‌ဇာတ်လမ်းတစ်ပုဒ် ချက်ပြုတ်ရဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အသည်းကွဲသမားပီပီ ဒီဇာတ်လမ်းလေးကိုရော ရိုရိုချိုချိုစောင်ကိုက်အချစ်ဇာတ်လမ်းအဖြစ် ပုံဖော်မလား ဒါမှမဟုတ်…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်)

Thriller
7.9 2025 129 mins
Oho Enthan Baby