YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Eva.Lasting.S02E08.LIVEFOREVER.720p.NF.WEB-DL.(CM).mp4

520.22 MB N/A video/mp4 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Christmas Masquerade
6.6

လော်ရာနဲ့ ဂျူလီဟန်းတို့ဟာ အလုပ်အတူတွဲလုပ်ကြတဲ့ best fri တွေပေါ့ လော်ရာက PR(public relations) လုပ်တယ် ဂျူလီယန်းက လော်ရာရဲ့ assistant ပေါ့ တစ်နေ့မှာ အလုပ်တွေအသားကုန်လုပ်နေရတဲ့လော်ရာတစ်ယောက် ခနတဖြုတ်အေးဆေးအနားယူချင်တာနဲ့ သူ့ရဲ့လက်ထောက်လဲဖြစ် bestie လဲဖြစ်တဲ့ ဂျူလီယန်းကို ပါတီတစ်ခုသူ့အစားသွားတက်ခိုင်းပါတော့တယ် ကံဆိုးသလားကံကောင်းလားတော့မသိဘူး ပါတီသွားတက်တဲ့ဂျူလီယန်းတစ်ယောက် လော်ရာ့နေရာကနေဟန်ဆောင်ရင်းအဟန်ဆောင်လွန်ပြီး မိုက်ကယ်ဆိုတဲ့ ခန့်ချောကြီးကို PRလုပ်ပေးဖို့ဖြစ်လာတော့တယ် ကောင်မလေးနှစ်ယောက်လဲ မတတ်သာတဲ့အဆုံး ရာထူးတွေချ်ိန်းကုန်ပြီး အရင်က PR လုပ်တဲ့ လော်ရာက assistant ပြန်လုပ် အရင်က assistant လုပ်တဲ့ ဂျူလီယန်းကလော်ရာ့အစား PR ပြန်လုပ်တွေဖြစ်ကုန်ပြီး လူ့ဂွစာကြီး မိုက်ကယ်နဲ့ဘယ်လို ဆက်ခရီးဆက်မလဲကြည့်ရမှာ Christmas ကာလမှာ couple တွေအနေနဲ့ အိမ်မှာအတူတူစောင်လေးခြုံကွေးပြီး ကြည့်လို့ကောင်းမယ့် Christmas Love story လေးတစ်ပုဒ်ပါ ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.6GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__01:28:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Horror • Mystery • Thriller
6.6 2022 90 mins
A Christmas Masquerade
Beast
6.8

Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 6GB, 2.1GB, 854MB, 429MB Quality            : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 33mins Genre              : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov

Action • Fantasy • Horror • Mystery
6.8 2022 93 mins
Beast
I’m Charlie Walker
4.2

I’m Charlie Walker(2022) ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်တဲ့ ဒီ ဇာတ်လမ်းကတော့ စီးပွားရေး စွန့်ဦးတီထွင်မယ့် လူငယ်‌‌ တွေ ကြည့်သင့်တဲ့ Motivation ရမယ့် drama ဇာတ်ကားကောင်း ဖြစ်ပါတယ် ၁၉၇၁ လူမျိုးရေး တင်းမာမှု လူမျိုးရေး ခွဲခြားမှုတွေ ကြားမှာ ချာလီ ဝေါ်ကာ လို့ ခေါ်တဲ့ လူမည်း အမျိုးသား ကုန်တင်ကားသမားလေးက ရလာတယ့် အခွင့်အရေးကို သုံးပြီး ဘယ်လို လျမ်းသာ အောင် တက်လှမ်းသွားမလဲ အသားအရောင် ခွဲခြားမှုကြောင့် ဘယ်လို အခက်အခဲ ပြဿနာ တွေ ကြုံရမလဲ ရှုပ်ထွေးလွန်းတဲ့ ရေနံသူဋ္ဌေး တွေ ရဲ့ စီးပွားရေးလှည့်ကွက် တွေ နောက်ကျော ဓါးထိုးမှုတွေကို ချာလီ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားမလဲ စီးပွားရေး လုပ်တဲ့ နေရာ မှာ သူများတကာ ထက် ဘယ်လို အကွက် ကြိုမြင်ရသလဲ ဆိုတာ ချာလီ ဝေါ်ကာ ဇာတ်ကား ထဲမှာ အပြည့်အဝ မြင်တွေ့ရမှာပါ ဆင်းရဲသား ချာလီဝေါ်ကာ ဘဝ ကနေ ဆောက်လုပ်ရေး စွန့်ဦးတီထွင် လုပ်ငန်းရှင် ချာလီဝေါ်ကာ ရဲ့ ဘဝ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာကြောင့် ရသ မျိုးစုံ ခံစားရမှာပါ အဓိက ဇာတ်ဆောင် ချာလီ ဝေါ်ကာ အနေနဲ့လည်း marvel စီးရီး မင်းသား Mike Colter က ပီပြင်အောင် သရုပ်ဆောင်ထားပါသေးတယ် File size…(1.46GB/(765MB)/(427MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre…Drama / Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Horror • Thriller
4.2 2022
I’m Charlie Walker
On your own street, We are
4

On your own street, we (너만의 거리에서, 우리는) (2022) Squid Game မှာတုန်းက တစ်ခန်းထဲပါပြီး Scene Stealer လုပ်သွားတဲ့ Lee Jung Joon နဲ့ WSJN ထဲက အချောလေး Eun Seo တို့ရဲ့ မူဗီအသစ်လေး ရပါပြီ ဝူယောင်းဝူလေးကို အပတ်တိုင်းစောင့်ကြည့်ခဲ့သူတွေအဖို့ကတော့ မသန်စွမ်းကလေးတွေရဲ့အမူအကျင့်တွေ၊ သူတို့ရဲ့သဘောသဘာဝတွေနဲ့စိမ်းမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ မွေးရာပါ Autism ရောဂါသည်လေး “ဆွန်းမို” နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားအရွယ် မွေးရာပါမသန်စွမ်းကောင်လေး “ဆွန်းမို” .. တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်တာမို့ မိဘတွေကလည်း ဆွန်းမိုကိုအရမ်းချစ်ကြသလို “မသန်စွမ်းကလေးရဲ့မိဘတွေမို့ ကိုယ့်ကလေးထက် တစ်ရက်လေးပဲ အသက်ပိုရှည်ချင်တဲ့ ဆန္ဒပဲ ရှိတာပါ” လို့ ပြောရအောင် ဆွန်းမိုရဲ့အနာဂတ်အရေးကိုပူပန်နေကြသူတွေပါ။ အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ် ဆွန်းမို ကျောင်းပြီးလို့ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ရတဲ့အခါ သူများကလေးတွေနဲ့တန်းတူမလုပ်နိုင်မှာကိုလည်း မိဘတွေခမျာ ပူပန်နေရတာပေါ့။ “မသန်ပေမယ့် စွမ်းတဲ့” ဆွန်းမိုကတော့ ကော်ဖီဖျော်တဲ့နေရာမှာ ဆရာကြီးပါ။ ကော်ဖီစေ့အမျိုး ၅၀လောက်ကို အနံ့ခံရုံနဲ့အမျိုးအစားခွဲနိုင်ပြီး ကော်ဖီဖျော်တာကိုကျွမ်းကျင်ပေမယ့် သူတကယ်ဝါသနာပါတာက Barista အလုပ်မဟုတ်ဘဲ ပန်းချီဆွဲတာဖြစ်နေတဲ့အခါ ..။ တစ်နေ့မှာတော့ ဆွန်းမိုတို့ဦးလေးရဲ့ကော်ဖီဆိုင်ကို “ဘတ်ချာယောရာ” လို့ခေါ်တဲ့ အချိန်ပိုင်းအလုပ်သမလေး ရောက်လာပါတော့တယ်။ နာမည်ကအစထူးဆန်းနေတဲ့ ဘတ်ချာယောရာက အမြဲလွတ်လပ်ပေါ့ပါးနေတတ်ပြီး ကိုယ်မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်သူ .. သူတစ်ပါးရဲ့ကိစ္စကိုလည်း ဝင်စွက်ဖက်တတ်ပြီး လမ်းမှားရောက်နေရင်လည်း လမ်းမှန်ပေါ်ပြန်ရောက်အောင်တည့်မတ်ပေးတတ်ပြန်တဲ့ “မစပ်စုလေး” ဖြစ်နေတဲ့အခါ ..။ ဘတ်ချာယောရာတစ်ယောက် ဆွန်းမိုရဲ့ဘဝကို ဘာတွေပြောင်းလဲပေးလိုက်နိုင်မလဲ .. သူကိုယ်တိုင်ကရော ဘယ်လိုအဖြစ်မျိုးတွေကြုံခဲ့ပြီး လက်ရှိပုံစံနဲ့ကောင်မလေးအဖြစ်ရှင်သန်နေရတာလဲ ..။ ဆွန်းမိုအဖြစ် “Lee Jung Joon” ကပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ချာယောရာအဖြစ် မကြာသေးခင်ကကျင်းပခဲ့တဲ့ “Queendom S2” မှာအနိုင်ရရှိခဲ့တဲ့ WJSN အဖွဲ့က အလှလေး “Eunseo” ကပါဝင်သရုပ်ဆောင်ထားသလို လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်း” ကြားက ဒွိဟတွေ .. ကိုယ်ရွေးချယ်စရာမရှိဘဲ ရလာတဲ့ဘဝမှာဘယ်လိုမျိုးအကောင်းဆုံး အပျော်ရွှင်ဆုံးနေထိုင်သွားကြမလဲ .. စတာတွေကို ပုံဖော်ထားတဲ့ ပညာပေးဇာတ်လမ်းလေးမို့ ကြည့်ရတန်တဲ့ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre…..Drama, Family Quality…. 1080p | 720p | 480p File size…673MB | 372MB | 172MB Format… mp4 Duration….1h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Action • Adventure • Crime • Thriller
4 2022
On your own street, We are
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
The Truth About Emanuel
6

The Truth About Emanuel [ 2013 ] IMDb 6/10 Drama/Thriller ဒီဇာတ်ကားရဲ့အ‌ကြောင်းကိုပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင် အမန်နျူရယ်ရဲ့ဘဝဇာတ်ကြောင်းနဲ့ အစချီရပါမယ် လူ့လောကထဲကို ရောက်ရောက်လာချင်းမှာပဲ မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ အမန်နျူရယ်ဟာ တခြားကလေးတွေနဲ့မတူဘဲ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာဗရပွနဲ့ကြီးပြင်းလာသူပါ သူ့ရဲ့ပထမဆုံးဝင်သက်ဟာ မိခင်ဖြစ်သူရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့ရပြီးတော့ ဘဝတစ်လျှောက်လုံး အမန်နျူရယ်ဟာ သူ့အပြစ်မကင်းသလိုခံစားနေခဲ့ရပါတယ် ရက်တွေနှစ်တွေကုန်လွန်လာခဲ့ပြီး တစ်ရက်မှာတော့ အမန်နျူရယ်တို့အိမ်ဘေးကို ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက် အိမ်ပြောင်းလာပါတော့တယ် မိခင်မေတ္တာငတ်မွတ်ခဲ့ရတဲ့အမန်နျူရယ့်ခမျာ အကြောင်းအရင်းမဲ့စွာနဲ့ပဲ အဲ့ဒီအမျိုးသမီးကို မြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ် လောကကြီးထဲမှာ ဖွင့်ရအခက်ဆုံးအရာက စိတ်ရဲ့တံခါးပေါက်ဆိုသလိုမျိုးပဲ အိမ်နီးနားချင်းအမျိုးသမီးဆီမှာလည်း လူမသိတဲ့လျို့ဝှက်ဆန်းကြယ်မှုတွေ ရှိလို့နေပြန်ပါတယ် အမန်နျူရယ်တစ်ယောက် သူ့ရဲ့စိတ်ဒဏ်ရာကိုကုစားနိုင်မှာလား အိမ်နီးနားချင်းအမျိုးသမီးရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကရော ဘာတွေဖြစ်မလဲဆိုတာကို ဒီတစ်နာရီခွဲစာ Drama-Thriller အမျိုးအစား movie ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ် File size… 1.3 GB / 625 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO

Crime • Drama • Thriller
6 2013 96 mins
The Truth About Emanuel
An Education
7.3

မင်းသမီးချောလေး Carey Mulligan က ဂျန်နီ အဖြစ်နဲ့ မင်းသားကြီး Peter Sarsgaard က ဒေးဗစ် အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ 2009 ခုနှစ်မှာထွက်ရှိခဲ့ပြီး rating လည်းအသင့်အတင့်ရရှိထားတဲ့ Drama/Romanceအမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ကျောင်းမှာစာလည်းတော် ဂီတမှလည်း ပါရမီပါတဲ့ မြီးကောင်ပေါက်မလေး ဂျန်နီ တစ်ယောက် ကျောင်းတော်ကြီးမှာ အလိမ်မာလေးပေါ့ တစ်နေ့တော့ ဒေးဗစ်ဆိုတဲ့ ရုပ်ရှိရေလျှံဘဲကြီးတစ်ပွေနဲ့တွေ့ပြီး ဘဲကြီးကလည်း ရှယ်အမ်းတော့ ဒီကောင်မလေးကြွေပြီပေါ့နော်…… မနူးမနှပ်လေး ဂျန်နီ ရဲ့ပထမဆုံး အချစ်ခရီးလမ်းအတွေ့အကြုံလေးဟာ တစ်နေ့မှာတော့ မျှော်လင့်မထားတဲ့ ကံဆိုးမှုတွေနဲ့တွေ့ကြုံလာချိန်မှာတော့……. ပညာပေးကားလေးတစ်ကားလိုလည်းဖြစ် ဘဝမှာပညာရှာချိန်ပညာရှာ ကြင်ယာရှာချိန်ကြင်ယာရှာဆိုတဲ့ စကားတွေဟာ အလကားမဟုတ်ဘူးဆိုတာကို မြင်သာအောင်ရိုက်ပေးထားတဲ့ Drama/Romance ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.85 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.3 2009
An Education
27 Days Underground
5.8

မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့… တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲ တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီး သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ် -“ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်”ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို သူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား -ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်း ဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား -ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ _မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား… “မိုင်းတွင်းထဲက ငိုရှိုက်သံ”ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင် စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊ အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန် ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။

Animation • Comedy • Family • Romance
5.8 2022
27 Days Underground
Lavaste
5.3

La Vaste (2023) “ပိုင်ရှင်မဲ့သူများ” IMDb 6.1 ရထားတဲ့ စိတ်ဝင်စားဖို့ကောင်းမယ့် အိန္ဒိယ ဟာသ/ပညာပေးကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဆပ်သ်ယာရှ်က B.Tech ဘွဲ့ရထားပေမယ့် အလုပ်မရှိသေးဘဲ အဖေဖြစ်သူကလည်း အရက်စွဲနေတာဆိုတော့ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့မယ့် အချိန်ပေါ့ ဦးလေးဖြစ်သူက အလုပ်အတွက် သူ့ဆီလွှတ်လိုက်ဖို့ ပြောတဲ့အတွက် ဆူညံသံတွေ ပြည့်နှက်ပြီး လူပေါင်းစုံ ပျားပန်းခပ်လွန်းတဲ့ အိပ်မက်မြို့တော် မွန်ဘိုင်းကို ရောက်လာတယ် ဒီလိုနဲ့ ရလာတဲ့အလုပ်ကနေလည်း အထုတ်ခံရ၊ အိမ်က အမေတို့ကလည်း ကြွေးရှင်တွေ နှိပ်စက်တာကြောင့် ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ရဖို့ဖြစ်လာပါတယ် အဲဒါကတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးရမယ့် အလုပ်ပါပဲ ဒီလိုကနေ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လူတွေမသိကြတဲ့ နောက်ကွယ်က ရင်နင့်စရာ ဝမ်းနည်းစရာ အမှန်တရားတွေကို မြင်တွေ့လာရတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2023
Lavaste
A Serious Man
7

IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။ လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးရိုက်ကူးထားတဲ့ ရူပဗေဒပါ‌မောက္ခကြီးရဲ့အလွဲတွေကို သေချာပေါက် အချိန်ပေးရှုစားကြည့်ဖို့တန်ကြောင်း အကြံပေးလိုက်ရင်းနဲ့ပဲ… File size…(1.8 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2009
A Serious Man
Arthur the King
7.2

မင်းသားကြီး Mark Wahlberg နဲ့ Shang-Chi မင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Rating အတော်လေးကောင်းတဲ့ Sport Drama ကားကောင်းလေးဖြစ်ပါတယ် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားပါ.. ဇာတ်လမ်းအညွှန်းကတော့.. လှေလှော်၊ တောင်တက်, မာရသွန် စက်ဘီးစီး..စတဲ့ ၅ မျိုုးစုံ စွန့်စားခန်းခရီးကြမ်းပြိုင်ပွဲကို နှစ်စဉ် နိုင်ငံအနှံ့မှာကျင်းပကြပြီး နိင်ငံကိုယ်စားပြုအသင်းတွေက ၄ ယောက်တစ်ဖွဲ့စီနဲ့ ၅ ရက်တာ ယှဉ်ပြိုင်ကြပါတယ်.. ဒီပြိုင်ပွဲကို ၁၉ နှစ်တိတိယှဉ်ပြိုင်ခဲ့တဲ့ မိုက်ကယ်ဟာ နာမည်ကြီးထမင်းငတ်ပါပဲ…ထိပ်တန်း အဆင့် ၁၀ ထဲ အမြဲဝင်ခဲ့ပေမယ့် ချန်ပီယံဆုကိုရခဲ့ခြင်းတစ်ကြိမ်မှ မရှိပါဘူး.. အိမ်ထောင်ကျ ကလေးတွေရပြီးနောက်ပိုင်း အသက်အရွယ် ရလာလို့ ဒီအားကစားကိုစွန့်လွှတ်လိုက်ပေမယ့်.. ပြိုင်ပွဲ တစ်နှစ်ပြီးကျင်းပတိုင်း သူ့စိတ်ထဲက ဝါသနာပိုး ကထိန်းမရပါဘူး ဒီလိုနဲ့ တစ်နှစ်မှာ သူ့အရင်နယ်ပယ်ထဲက မိတ်ဆွေ‌တွေကို ပြန်လည်စုစည်းပြီး…နောက်ဆုံးတစ်ကြိမ် ဝင်ပြိုင်ဖို့ဖြစ်လာရင်းနဲ့ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ ခွေးလေးအာသာနဲ့လည်း တွေ့ရှိခဲ့ပါတယ်.. ဒီခွေးလေးကို ပြိုင်ပွဲတွင်းမှာပဲ မွေးစားပြီး သူတို့ပြိုင်ပွဲအနိုင်ရဖို့ အဓိကသော့ချက်ဖြစ်လာပါတယ်… File size…(4.8 GB) / 2.28GB , 1.1GB Quality…WEB-DL 4K HEVC/1080p 5.1CH , 720p Format…mp4 Duration….1h 47m Genre ….. Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Act Molemy & Thiha Yan Naing

7.2 2024 107 mins
Arthur the King
Far from Heaven

IMDb Rating – 7.3 ဒီတစ်ခါတော့ old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီးကြီး Julianne Moore ပါ၀င်သရုပ်ဆောင်ခဲ့ပြီး 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲက မင်းသား မင်းသမီးတွေက ဆုတွေအများကြီး ရရှိခဲ့တာမို့လို့ ဇာတ်လမ်းက အရမ်းကောင်းမယ်ဆိုတာ မပြောလဲသိကြမှာပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ 1950ခုနှစ်လောက်တုန်းက အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ ဘ၀၊ လူဖြူလူမဲခွဲခြားတာတွေ၊ LGBT တွေနဲ့ ပတ်သက်ပြီး အတွေးအခေါ်တွေကို ရှုထောင့်မျိုးစုံ ထောင့်ပေါင်းစုံ ကနေ ရိုက်ပြထားတာမို့ အများကြီး‌ညွှန်းမနေတော့ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.5 GB)/(908 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVY Noe

Drama
0 2002
Far from Heaven
Deathwatch
5.9

Deathwatch (2002) IMDb Rating (5.9) ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ကွဲ၍ ဂျာမန်ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန်တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာပါတယ်။ ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှောင့်ယှက်နေတဲ့ ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.6 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller, War Duration….01:35:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

5.9 2002 94 mins
Deathwatch
Madame Claude
5.4

Madame Claude (2021) မဒမ်ကလောက် ဒါမှမဟုတ် ဖာနန်ဒီဘရူနက်လို့ ၂၀ ရာစုနှောင်းပိုင်းက အာဏာရှင်သဖွယ်ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်ပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အခု ဒီ ၂၀၂၁ ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကတော့ နောက်ဆုံး ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီတော့ ၂၀၀၀ ခုနှစ်မပြည့်ခင်တုန်းက ထွက်ခဲ့တဲ့ OG ဇာတ်ကားလည်းရှိပါသေးတယ်။ ဇာတ်အိမ်အကျဉ်း မဒမ်ကလောက်ဟာ ၁၉၆၀ နှောင်းပိုင်းမှာ ပြည့်တန်ဆာခေါင်အဖြစ်နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ ဘယ်လောက်တောင် အာဏာရှိခဲ့လဲဆိုရင် ကျင့်ဝတ်အရ အောက်တန်းကျတယ်လို့ ဆိုနိုင်တဲ့အလုပ်ကိုလုပ်နေပေမယ့် အစိုးရပိုင်းလူကြီတွေနဲ့ပေါင်းသင်းဆက်ဆံရပြီး နောက်ကွယ်က ဖြစ်ရပ်တချို့ကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အထိ အာဏာရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်က ဖြစ်ရပ်ဆိုးရှိခဲ့တဲ့ မဒမ်ကလောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းပေါ်ရောက်သွားခဲ့တဲ့အချိန် ခေတ်ကာလရေစီးကြောင်းအရလည်း ကမ္ဘာစစ်ဖြစ်ပြီး သွေးအေးစစ်ပွဲ ဒါမှမဟုတ် တိုင်းပြည်တွေပြည်လည်နာလည်ထူခါစ စစ်အေးကာလမှာ ယောက်ျားသားတွေရဲ့ ရမ္မက်ကြီးပုံကို အရသာတွေ့သွားပြီ အဲဒီကနေ အမြတ်ထုတ်ရာကနေ အာဏာတဖြည်းဖြည်းရလာခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှတော့ သူရဲ့ ဘဝအစ သူ့ရဲ့သက်တမ်းတစ်လျှောက် နောက်ကွယ်နေ ပြည့်တန်ဆာလောကကို ဘယ်လိုကြိုးကိုင်ခြယ်လှယ်ခဲ့လဲ၊ ဒါ့အပြင်နောက်ဆုံးမှာ ရာဇဝတ်မှုကြီးတွေရဲ့ ဖြစ်မြဲဓလေ့အတိုင်း ဘယ်လိုလုံးပါးပါးသွားလဲဆိုတာကို ဖြစ်ရပ်မှန်သဖွယ် တရှုတမောတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။) File size…(1.2 GB) / (820 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Biography, Crime, Drama, Romance Duration….01:52:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by SM

5.4 2021 112 mins
Madame Claude
Kayla’s Kin

Kayla’s Kin 2024 ================= နိုင်ဂျီးရီးယား ကနေပြီးတော့ movie တွေထွက်လာတဲ့အထဲမှာ ဇာတ်ညွှန်းလေးတွေကမဆိုးဘူးလို့ပြောလို့ရတယ်။ ပညာပေးကလဲ ဇာတ်လမ်းတိုင်းလိုနည်းနည်းမှာ တစ်နည်းနဲ့မဟုတ်တစ်နည်း ထည့်ပြီးတော့ ပညာပေးတတ်ပါသေးတယ်။ သရုပ်ဆောင်တွေရဲ့အရည်ချင်းလဲ မဆိုးဘူးပြောလို့ရပါတယ်။ သူတို့ဒီလိုမျိုးဆက်ပြီး ကြိုးစားသွားမယ်ဆိုရင်တော့ တစ်နေရာရာတော့ ရောက်လာမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြီးပြောလိုက်ကြပါ‌စို့ … ကေလာဆိုတဲ့မိန်းကလေးတစ်ယောက်က အောင်မြင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ပါ။ ဒါပေမဲ့ သူရဲ့ငယ်ဘဝကတော့ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ဖခင်ကလူမိုက်ခေါင်းဆောင် မိခင်ဖြစ်သူက ဖခင်ရဲ့ရန်ကိုကြောက်တော့ သေချင်ယောင်ဆောင်ပြီးတော့ သမီးလေးကို ဖခင်နဲ့ဝေးရာမှာ တစ်ဦးတည်းပြုစုပျိုးထောင်ခဲ့တာပါ။ ဒီလို ဖခင်မျိုးရှိတာကြောင့် ကေလာက ယောကျာ်းသားတွေဆို မုန်းတီးပြီး‌မြင်သမျှယောကျာ်းတွေကို အယုံကြည်မရှိတော့တာ။ ဒါကိုပြုပြင်ပေးဖို့ကို မိခင်ဖြစ်သူကကော သူငယ်ချင်းကကော ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကိုသဘောကျတဲ့ကောင်လေးတစ်ယောက် ချစ်ရေးဆိုဖို့ကြိုးစားလာတဲ့အခါမှာတော့ ကေလာ တစ်ယောက်သူ့ဆုံးဖြတ်ချက်နဲ့သူ့ဘဝကို ဘယ်လိုတွေကပြောင်းကပြန်ဆန်စေမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦး

Crime • Action • Mystery • Thriller
0 2024 88 mins
Kayla’s Kin