YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Eternal Brotherhood E04 1080p WEB-DL CM.mp4

461.12 MB N/A video/mp4 189 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Karthik Calling Karthik
6.1

ဒီတစ်ခါမှာတော့ မင်းသား ဖရ်ဟန်းအခ်သရ်နဲ့ မင်းသမီးဒီပီကားပါဒူကွန်တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဆိုက်ကိုကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ် ဇာတ်လမ်းက ဆန်းဆန်းလေးပါပဲ... ကာသစ်ဆိုတဲ့ကောင်လေးဟာ လူတွေရဲ့ခိုင်းဖက်..အပြစ်ပြောစရာ အသုံးမကျတဲ့ ကြောင်တောင်တောင်ကောင်လေးတစ်ယောက်ပေါ့ ဘယ်နေရာမှာ မှားမှား သူ့အမှားဆိုပြီး လူတွေက သတ်မှတ်ချင်ကြတဲ့ကောင်လေးပါ အားလုံးနဲ့အဆင်ပြေအောင် နေချင်ပေမယ့် သူ့ရဲ့သိမ်ငယ်စိတ်တွေက သူ့ကိုယ်သူ ဖိနှိပ်အားငယ်စေခဲ့ပါတယ် ဒီဖြစ်ရပ်တွေကနေ သူ လွတ်မြောက်ချင်နေခဲ့ပါတယ် ဒီလိုနဲ့ သူ့ဆီကို တစ်ရက် မနက် ၅နာရီ ဖုန်းတစ်ကောဝင်လာပါတယ် ဖုန်းကိုင်မိတော့ ဆက်လာတဲ့သူဟာ ဘယ်သူမှမဟုတ်ဘဲ သူကိုယ်တိုင်ပဲ ဖြစ်နေပါတယ် ဟုတ်ပါတယ် ဆက်တဲ့သူကလည်း သူကိုယ်တိုင်ဖြစ်တဲ့ ကာသစ်ပါပဲ အဲ့ဒီနောက်ပိုင်း သူ့ဘဝကြီးဟာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ် ကဲ သူ့ဘဝမှာ ဘယ်လိုဆန်းကျယ်တဲ့ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲဆိုတဲ့ ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်အဖြေရှာကြည့်ကြနော် File size…2.26GB   / 792MB Quality…1080p HQ  BluRay  /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action • Crime • Thriller
6.1 2010 135 mins
Karthik Calling Karthik
Scare Package
5.7

~ Rotten Tomatoes - 88%, Shudder - 3.7/5 ~ တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad's Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။ Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတ‌စ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် အတွေးအခေါ်အယူအဆချင်းမတူတာကြောင့် ဇာတ်ကားတွေအများကြီးကို တစ်ကားထဲမှာကြည့်ရသလို တန်တန်ကြီး ခံစားရမှာပါ။ Scare Package ဆိုတဲ့အတိုင်း ကြမ်းပါတယ်ဆိုတဲ့အရာတွေကို စုစည်းရိုက်ပြထားတာပေါ့ဗျာ။ ဒါပေမဲ့ တော်တော်ရယ်ရတဲ့ Horror ကားဖြစ်ပြီး တခြားနာမည်ကြီး Horror ကားတွေကိုပါ Mention ထားတာဖြစ်တာမို့ ဆက်လေ့လာလို့တောင်ရပါသေးတယ်။ ဇာတ်ကားထဲက ဇာတ်ကားထဲက ဇာတ်ကားတွေကို ကြည့်ရင်း ကြောက်ရင်း ရယ်ကြရအောင်ဗျာ... (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 47Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Comedy • Drama
5.7 2019 106 mins
Scare Package
Fifty Shades Darker
6.5

“Fifty Shades Darker” 2015 ခုနှစ်မှာ အပေါက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တွေထဲကတစ်ခု…. Erotic Romance ရဲ့ပုံစံကိုပီပီပြင်ပြင်ဖော်ပြခဲ့တဲ့ Fifty Shades of Grey ဟာ စာအုပ်ရော ရုပ်ရှင်ရောဝင်ငွေကောင်းပြီးနာမည်ကြီးတာ သိပ်မဆန်းပါဘူး…. (မင်းသားကလဲ အတော်ဆွဲဆောင်မှုကောင်းသလို မင်းသမီးကလဲ အတော်လှတာကိုး…) အခုဆိုရင်ဖြင့် Fifty Shades of Grey ရဲ့အဆက် Fifty Shades Darker ဟာ 2017 February မှာရုံတင်ခဲ့ပြီး  EL.James ရဲ့ Fifty Shades Trilogy မှ ဒုတိယမြောက်စာအုပ်ကို House of Card ဒါရိုက်တာ James Foley ကပြန်လည်အသက်သွင်းထားပြီး ဖြစ်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမFifty Shades of Grey မှာ ပါဝင်ခဲ့တဲ့သူတွေအားလုံးနီးပါးပြန်လည်ပါဝင်မှာပဲဖြစ်ပါတယ်… အချစ်ဟာ (စာအုပ်တွေထဲမှာ ရုပ်ရှင်တွေထဲမှာ ဆိုရင်တော့) လူတစ်ယောက်ကို သိမ်မွေ့စွာပြောင်းလဲစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့ နူးညံ့တဲ့အရာတစ်ခုပါ။ Sadist တစ်ယောက်ဖြစ်တဲ့ Christain Grey ကိုအချစ်ဆိုတဲ့အရာက ပြောင်းလဲစေခဲ့ပါတယ်။ မိခင်ရင်းကိုမျက်စိရှေ့မှာတင်ဆုံးရှုံးခဲ့ရတဲ့ Christian ဟာ ဘယ္သူကိုမွလဲမခ်စ္တတ္သလို အခ်စ္ကိုလဲ လက္မခံတတ္သူပါ။ သူ့ကိုယ်သူအပါအဝင်အရာရာတိုင်းကိုသူဖြစ်စေချင်တဲ့အတိုင်းထိန်းချုပ်တတ်တဲ့ Control Freak တစ်ယောက်… Anastasia Steele ကတော့ အချစ်ဦးဖြစ်တဲ့ Christian Grey ကိုအလွန်ချစ်သောသူဖြစ်ပြီး Christian ရဲပုံစံခွက်ထဲမှာ အသားကျအောင်နေဖို့ကြိုးစားခဲ့သူ… Fifty Shades of Grey မှာ Anna ဟာ သူမနဲ့ဘယ်လိုမှသဘောထားချင်းမတိုက်ဆိုင်တဲ့ Christian ကိုထားခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့အဆုံးသတ်ထားပါတယ်။ ရုပ်ရှင်မှာဘယ်လိုဇာတ်လမ်း အလှည့်အပြောင်းလုပ်မယ်ဆိုတာကိုတော့သေချာမသိပေမဲ့ Fifty Shades Darker စာအုပ်ပါအတိုင်း ဇာတ်လမ်းလေးကို အနည်းငယ်ညွှန်းပါရစေ။ Anna(Dakota Johnson) ဟာ Christian (Jamie Dornan) မရှိတဲ့နေ့ရက်တွေကို ခက်ခက်ခဲခဲဖြတ်သန်းနေရသူပါ။ SIP Piblishing ၏ Editor , Jack Hyde ရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေပြီဖြစ်တဲ့ Anna အဖို့ သူမလုပ်နိုင်တာအားလုံးက အလုပ်မှာ အာရုံနှစ်ပြီး Christian ကိုမေ့ထားနိုင်သမျှမေ့ထားဖို့ပါပဲ။ အဲ့လိုနေရင်းနဲ့ ၃ရက်မြောက်နေ့မှာတော့ သူမအိမ်ကို Christian ဆီက နှင်းဆီပန်းစည်းနဲ့ SIP မှာအလုပ်စဝင်တာကိုဂုဏ်ပြုကြောင်းရေးသားထားတဲ့စာတစ်စောင်ရောက်လာပါတော့တယ်။ Annaဟာနှင်းဆီပန်းကိုမလွှင့်ပစ်ရက်လို့ ပန်းအိုးထဲထိုးစိုက်ထားပေမဲ့ Christian ကိုတော့ဘာမှ မတုန့်ပြန်ပါဘူး။ နောက်တစ်နေ့သူမရုံးတတ်တဲ့အချိန်မှာတော့ Christian ဆီက email တစောင်ကိုလက်ခံရရှိပါတော့တယ်။ အကြောင်းအရာကတော့ မနက်ဖြန် Portland မှာ Annaရဲ့အခင်ဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့Jose’ရဲ့ ဓါတ်ပုံပြပွဲရှိပြီး သူလိုက်ပို့လိုကြောင်းရေးထားတာဖြစ်ပါတယ်။ အသည်းကွဲနေတဲ့Annaဟာ ထိုအကြောင်းကို လုံးလုံးလျားလျားမေ့လျှာ့နေခဲ့တာပါ။ Annaဟာသူငယ်ချင်းကို ကတိပေးထားတာအပြင် Christianကိုတွေ့ချင်တာလည်းပါတာကြောင့် Chritian ရဲ့အစီအစဉ်ကို လက်ခံလိုက်ပါတယ်။Annaထွက်သွားပြီးနောက် နောင်တတွေတပွေ့တပိုက်နဲ့ကျန်ခဲ့တဲ့, Anna ရဲ့စိတ်ကိုပြန်ရအောင်ယူဖို့ဆုံးဖြတ်ထားတဲ့ Christian ဟာသူတို့နှစ်ဦးတွေ့တဲ့အချိန်မှာတော့ Annaဖြစ်စေချင်တဲ့အချက် သူအားလုံးနီးပါးကိုလိုက်လျှောပေးခဲ့ပါတယ်။ Anna ကတော့ Christian မျက်နှာမြင်ကတည်းကစိတ်ပျော့နေသူဖြစ်တဲ့အတွက်ကြောင့် သူတို့နှစ်ဦးဟာ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။ အဲ့ဒီလိုအဆင်ပြေနေကြရင်းနဲ့ နှစ်ရက်အကြာမှာတော့ ဆံပင်ညှပ်ချင်တယ်လို့ပြောတဲ့Annaကို Christian တစ်ယောက်သူ ရှယ်ယာဝင်ထားတဲ့ Salon တစ်ခုကိုခေါ်သွားပါတယ်။ အဲ့ဒီSalonဟာ Christian နဲ့ Elena (Mrs. Robinson) (Christian 15နှစ်အရွယ်မှာတွေ့ခဲ့ပြီး Christian ကိုBDSM ကိုခုံမင်တဲ့Sadistတစ်ယောက်ဖြစ်လာအောင်လုပ်ခဲ့တဲ့ အမျိုးသမီး) တစ်ဝက်စီပိုင်တာဖြစ်ပြီး အဲ့ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်Elena တယောက်ဆိုင်ကိုရောက်နေပါတယ်။Anna လေးဟာဆံပင်ညှပ်ဖို့စောင့်နေရင်းနဲ့ သူမရောက်နေတဲ့SalonဟာChristianရဲ့Submissive တွေ စာချုပ်ပါစည်းကမ်းတွေကိုလုပ်ဆောင်ဖို့လာနေကျ ဆိုင်ဆိုတာကိုသိသွားပါတယ်။ ဒါ့အပြင် ဆိုင်ရောက်ရောက်ချင်း Christianအရေးတယူစကားသွားပြောတဲ့ အမျိုးသမီးဟာ Mrs. Robinson မှန်းရိပ်စားမိသွားတဲ့အခါမှာတော့ Anna တစ်ယောက်စိတ်ဆိုးပြီး ဆိုင်ထဲကချက်ချင်းထွက်သွားပါတော့တယ်။ Mrs.Robertson နဲ့Christianရဲ့ရာဇဝင်ကိုသိထားတဲ့ Annaဟာ Mrs. Robinson ကို ရာနှုန်းပြည့်သဘောမကျသူပါ။Christian ,Anna နောက်ကို အပြေးလိုက်ပြီးပြေရာပြေကြောင်းချော့မော့နေပေမဲ့ ခေါင်းမာတဲ့ Annaကတော့စိတ်ဆိုးနေဆဲပါပဲ။သူတို့နှစ်ဦးလမ်းမမှာ ကတောက်ကဆဖြစ်နေတုန်း Christianဆီဖုန်းဝင်လာပါတယ်။အဲ့ဒါကတော့ Christianလိုက်ရှာနေတဲ့သူ့ရဲ့ submissive ဟောင်း Leila သေနတ်ဝယ်လိုက်တယ်ဆိုတာပါပဲ။ သူမဟာ လွန်ခဲ့တဲ့နှစ်နှစ်ခွဲတုန်းက Christianရဲ့Submissive အဖြစ်ရှိခဲ့ပြီး စာချုပ်ပြည့်သွားတဲ့အချိန်မှာတော့ တခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်၊ Annaလို Brunetteတစ်ဦးဖြစ်ပြီး Christian တစ်ယောက် (Fifty Shades of Grey မှာ) Annaရှိရာ Savannah ကိုလိုက်သွားတဲ့အချိန်တုန်းက Christian ရဲ့အိမ်ကိုရောက်လာကာအိမ်တော်ထိန်း Mrs.Jones ရှေ့မှာ လက်ကောက်ဝတ်ကိုလှီးပြီး သူမကိုအာရုံစိုက်လာအောင်လုပ်ခဲ့သူပါ။ သူမရဲ့အကြံအစည်ဟာအောင်မြင်တယ်ပဲပြောရမလား.. Christian ဟာ Annaကိုထားခဲ့ပြီး Savannah ကနေချက်ချင်းပဲ သူမရှိရာဆေးရုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူမကတော့ထွက်ပြေးပျောက်ကွယ်သွားခဲ့ပါတယ်။ Christianဟာဂရုဏာစိတ်ကြောင့်အကူအညီပေးဖို့လိုက်ရှာပေမဲ့ မည်သည့်နည်းနှင့်မျှရှာလို့မတွေ့ခဲ့ပါဘူး။ အဲ့ဒီကိစ္စတွေနဲ့ စိတ်ဖိစီးရှုပ်ထွေးလာခဲ့တဲ့ Christian တစ်ယောက် Annaအပေါ်အမှားလုပ်မိရာကနေပြီး Anna ကသူ့ကိုထားပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီကိစ္စတွေဟာ Fifty Shades of Grey မှာဖြစ်ပျက်ခဲ့တာပါ။ ပြီးတော့ Leilaဟာ AnnaကိုSIP ရုံးရှေ့မှာလဲလာရှာခဲ့ပါသေးတယ်။Christianဟာ Leila သေနတ်ဝယ်တဲ့သတင်းကိုကြားတဲ့အခါမှာတော့ Anna လုံခြုံရေးအတွက် သူ့ရဲ့အိမ်ကိုခေါ်ဆောင်သွားပါတော့တယ်။ Annaရဲ့လုံခြုံရေးအတွက် မျက်စိဒေါက်ထောက်ဂရုစိုက်တဲ့သူကတော့Christianပါ။ Anna , Christian အိမ်ရောက်လာပြီး ညဘက် , သူတို့စုံတွဲ summer party မှ အပြန်မြင်လိုက်ရတာကတော့ Leila တစ်ယောက်Annaရဲ့ကားကိုရစရာမရှိအောင် ဖျက်စီးထားတာပါပဲ…ပျာယာခတ်သွားတဲ့Christian တစ်အိမ်လုံးကို သေချာစစ်ဆေးပါတော့တယ်။ အားလုံးကင်းရှင်းလို့ Anna ကို စိတ်ချလက်ချအခန်းထဲမှာ သိပ်ခဲ့ပြီး စာကြည့်ခန်းထဲအလုပ်ဝင်လုပ်နေတဲ့အချိန်….. အဲ့ဒီအချိန်မှာ တရေးနိုးလာတဲ့ Anna, သူမကုတင်ခြေရင်းအမှောင်ထဲမှာသေနတ်ကိုင်ပြီး သူမကိုကြည့်နေတဲ့အမျိုးသမီးတယောက်ကို တွေ့တဲ့အခါ………… – ရုပ်ရှင် Trailer ထဲမှာတော့ ထိုအမျိုးသမီးရပ်ကြည့်နေတဲ့အချိန်မှာ Christian ဟာ Anna နဲ့အတူအိပ်ပျော်နေပါတယ်။ James Floey ဘယ်လိုရိုက်ပြမလဲကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ? Brunette မိန်းကလေးတွေကိုပဲသဘောကျတတ်တဲ့ Christian ရဲ့ Anna ကို မသိစေချင်ဆုံးလျှို့ဝှက်ချကိကဘာဖြစ်မလဲ.. ဆိုတာအပြင် ဇာတ်လမ်းထဲမှာ Elena, Leila,Jack Hyde ဆိုတဲ့villianသုံးယောက်ကိုထည့်ပြီး အကွက်ကျကျသရုပ်ဖော်သွားပါတယ်။ ဆက်ပြောနေရင် ကြည့်တဲ့အခါအရသာပျက်သွားမှာစိုးလို့ Anna တစ်ယောက် ဘာတွေဆက်ကြုံတွေ့ရမလဲဆိုတာကိုတော့ 2017မှပဲ ပိတ်ကားပေါ်မှာဆက်လက်ရှုစားကြပါဗျ။ အဲ…Admin ဆက်ပြောချင်တာကတော့ စာအုပ်နဲ့ ရုပ်ရှင်, ရုပ်ရှင်နဲ့စာအုပ်ကွဲလွဲတာလေးတွေပါ။ ဟုတ်ပါတယ်..စာအုပ်နဲ့ရုပ်ရှင်ကရာနှုန်းပြည့်မတူနိုင်သလို ရုပ်ရှင်အတော်များများကတော့စာအုပ်ကိုမှီအောင်မရိုက်နိုင်ပါဘူး။ ဒါပေမဲ့ Fifty Shades of Grey ကတော့ ရုပ်ရှင်နဲ့စာအုပ်က အတော်လွဲနေပါတယ်။ Sam Taylor Johnson တစ်ယောက်ရှေ့ကရိုက်သွားတာကို James Foley ဘယ်လိုဆက်ရိုက်ထားသလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ (Fifty Shades Darker ရုပ်ရှင်အညွန်းကို Nucleon FB Page မှ ကူးယူဖော်ပြပါသည်။) အားလုံးသိကြတဲ့အတိုင်းပါပဲ....Fifty Shades of Grey တဖြစ်လဲ မောင်ဂရေးရဲ့အကွက်ငါးဆယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ဖိုမသဘာဝချစ်ကြကြိုက်ကြရာမှာ တခါတလေ ဘာတွေလိုအပ်လဲဆိုတာ မကွယ်မဝှက် ချပြထားတဲ့ ဇာတ်ကားပါ။ ပိုက်ဆံရှိယုံနဲ့လဲ အချစ်ကိုကျေနပ်စေမှာမျိုးမဟုတ်... ရုပ်ချော ရုပ်ဖြောင့်နေယုံနဲ့လဲ အချစ်က တင်းတိမ်နေမှာမျိုးမဟုတ်... အလိုလိုက်အကြိုက်ဆောင်တိုင်းလဲ အချစ်က တည်မြဲနေမှာမျိုးမဟုတ်... အချစ်ဆိုတာ တစ်ယောက်စိတ်ရူးပေါက်တာကို တစ်ယောက်ကနားလည်ပေးနိုင်ပြီး နှစ်ယောက်တူတူစခန်းသွားရတာမျိုးပါ။ ကဲ...မောင်ဂရေးနဲ့ မစတီးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။ Fifty Shades ဇာတ်ကားက ၃ ကားထွက်ရှိခဲ့ပြီး ၃ ကားလုံးကို https://channelmyanmar.org/?s=fifty+shades+of+grey  မှာကြည့်ရှုနိုင်ပါတယ်။ 4K BluRay Unrated Version နဲ့ တင်ဆက်ထားတာမို့ ရုံတင်ဗားရှင်းထက် ပိုပြည့်ပြည့်စုံစုံရှုစားရမှာဖြစ်ပါတယ်။ File size…(3.6 GB)/(1 GB) Quality….Unrated BluRay 4K HEVC/1080p Format…mkv/mp4 Duration….02:11:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Han Htoo Zaw

Action • Adventure • Comedy • Fantasy
6.5 2017 118 mins
Fifty Shades Darker
Detrimental

ကုန်းမကြီးနဲ့ဝေးလံတဲ့ကျွန်းတစ်ကျွန်းမှာ သလင်းကျောက်တွေကို မျက်မမြင်အဖွဲ့တစ်ဖွဲ့နဲ့ လုပ်သမားတစ်ဖွဲ့ဟာ တူးဖော်ထုတ်လုပ်ကြရပါတယ်။ မတော်တဆဖြစ်ပြီး သူတို့ရဲစားနှိပ်ရိက္ခာတွေဟာ ရေမြုပ်သွားပါတယ်။ ဗဟိုဌာနကိုအကူအညီတောင်းပေမယ့် သဲမုန်တိုင်းကြီးတိုက်ခတ်နေတာကြောင့် အကူအညီတွေဟာချက်ချင်းရောက်မလာနိုင်ပါဘူး။ ကျွန်းပေါ်ကအစာရေစာတွေအားလုံးကညစ်ညမ်းနေတာဖြစ်တဲ့အတွက် သူတို့တွေဟာအပြင်မှာကြာကြာအသက်ရှင်နိုင်ဖို့ခက်ခဲကြပါတယ်။ ရိက္ခာတွေမလောက်နဲ့အတွက် သူတို့ဟာမျက်ကန်းအဖွဲ့ကိုမောင်းထုတ်လိုက်ပါတယ်။ သူတို့တွေမထင်မှတ်ထားတာက ကျောက်မိုင်းထဲမှာ ထူးဆန်းသတ္တဝါတစ်ကောင်ရှိနေတယ်ဆိုတာကိုပဲ..... ဘေးကြပ်နံကြပ်အခြေနေမှာ ရိက္ခာမလုံလောက်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းပြီး ထူးဆန်းသတ္တဝါကြီးကို မျက်ကန်းတစ်ဖွဲ့နဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Horror Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Drama • War
0 2023 80 mins
Detrimental
My Shining Revenge
5

My Shining Revenge (2023) တစ်ခါတလေမှာ ကိုယ့်အတွက် အပြင်းထန်ဆုံး စိတ်ဒဏ်ရာက တခြားတစ်ယောက်အတွက် မတော်တဆလို့ သတ်မှတ်ခံရတာရှိပါတယ် အဲလိုအချိန်မှာ လက်စားချေတာ မှန်ရဲ့လား… ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် စုံထောက်ရူအီဂျယ်ဟာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရသလို ဇနီးဖြစ်သူကိုလည်း ကွာရှင်းလိုက်ရပြီး တစ်ယောက်တည်း ဖြစ်သလိုနေခဲ့ရာကနေ.. သားဖြစ်သူကိုသတ်သွားတဲ့ တရားခံကို နောက်မှသိလိုက်ရတဲ့အချိန်မှာ အချိန်တွေအများကြီး ကိန်းအောင်းခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အမုန်းတရားတွေကို လက်စားချေနိုင်မလား လက်စားချေရင်ရော ရင်ထဲကအမုန်းတရားတွေပျောက်သွားမလား၊ ဘဝအသစ်ကိုပြန်ထူထောင်နိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီဇာတ်လမ်းကိုကြည့်ရင်း အဖြေရှာလိုက်ပါဦးနော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ JoyZ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.4GB | 619MB | 245MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JoyZ Encoder ….. Aaron

5 2023
My Shining Revenge
Who Invited Charlie?

Who invited Charlie? (2023) တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့…. ဖစ်လ်တစ်‌ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.4GB | 822MB | 377MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Romance
0 2023
Who Invited Charlie?
The League of Extraordinary Gentlemen
5.8

The League of Extraordinary Gentlemen (2003) ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ ဒီဇာတ်ကိုစစပုံဖော်ချင်းတုန်းကလည်း “Justice League of Victorian England” ဆိုတဲ့ သဘောမျိုးနဲ့ သွားထားတာဖြစ်တယ်။ Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ Watchmen လို မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။ ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ The Matrix ထဲက Architect ဇာတ်ကောင်ကိုရော The Lord of the Rings ထဲက Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။ ” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။ ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွား‌‌လေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။ ( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

5.8 2003
The League of Extraordinary Gentlemen
Anegan
6.7

Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်း IMDb — 6.7/10 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ……. မာဒူလေးက အခုလိုမျိုး ဘာလို့ အတိတ်ဘဝအကြောင်းတွေကို မှတ်မိနေရတာလဲ ….. မာဒူလေးမှတ်မိနေတဲ့အတိတ်ဘဝအကြောင်းတွေကရော အစစ်အမှန်ပဲလား ထင်ယောင်ထင်မှားဖြစ်တာလား…… ဆိုတာတွေကို ကုလားကားပရိသတ်များအကြိုက် ဘဝပေါင်းများစွာနဲ့အတူ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Yunni ကရေးသားပြီး CM Bollywood Team က ဘာသာပြန်ဆိုထားတာပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror
6.7 2015 154 mins
Anegan
Nightlife
5.7

Nightlife (2020) ============= နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ် စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုး အထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအား ဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။ ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလို နိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်း နိုက်အောက်…အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့ အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။ ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝ ကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ် ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက် ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွား တော့တယ်။ ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလား ဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာ လိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(2 GB) / (1 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 51Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Jo Jo Va Encoder……….SWM

5.7 2020 111 mins
Nightlife
Marakkuma Nenjam
8.3

Marakkuma Nenjam (2024) Imdb 8.5/10 လွမ်းရယ်မှမပြေ အခုတစ်ခါ တင်ဆက်ပေးမယ့် တောင်ပိုင်းကားလေးကတော့ Rating ကောင်းကောင်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ကားပဲဖြစ်ပြီး အချစ်ဟာသကားလေးကိုမှ ကောင်လေးကောင်မလေးချောချောလေးတွေနဲ့ စိတ်နှလုံးကြည်နူးစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ဗမာကားထဲက အိုကြီးအိုမကောင်တွေ ကိုးတန်းဆယ်တန်းပြန်တက်တဲ့ ဇာတ်ဝင်ခန်းလိုပါပဲ ဒါပေမဲ့ ဒီထဲက မင်းသားတို့သူငယ်ချင်းတစ်သိုက်က အောင်ပြီးတာ ဆယ်နှစ်ကြာမှ ဆယ်တန်းကို တကယ်ပြန်တက်ရမှာပါ ဘာလို့လဲဆိုတော့ သူတို့အောင်ခဲ့တဲ့နှစ်မှာ အောင်ချက်ကောင်းတာ မရိုးသားလို့ဆိုပြီး တိုင်လိုက်တာကို တရားရုံးက အကုန်ဆယ်တန်းပြန်တက်ခိုင်းပြီး ပြန်ဖြေခိုင်းမှာပါ…. အားလုံးက တိုင်ပတ်နေပေမယ့် crush လေးနဲ့ ပြန်တွေ့ရမှာအရမ်းပျော်နေတဲ့သူကတော့ ကာသစ်ပါပဲ…. အဲ့လိုတလွဲတချော်တွေ ပေါက်ကရတွေနဲ့ ကျောင်းပြန်တက်ကျတဲ့အခါ ဆက်ဖြစ်လာမဲ့ ကိစ္စတွေကတော့ ပရိသတ်ကြီးပဲ ရယ်ရယ်မောမောနဲ့ ကိုယ်တိုင်ခံစားကြပါလို့ ပြောရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်

8.3 2024
Marakkuma Nenjam
Inferno
6.5

ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် “Inferno” ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ “Three Mothers” ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က “The Three Mothers” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး Roseရဲ့ သွားရာလမ်းကို စုံစမ်းရင်း ကြောက်ရွံ့မှုများ၊ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိရမှာ ဖြစ်ပါတယ်။ Keith Emerson ရဲ့ အံ့သြစရာ တေးဂီတတွေနဲ့အတူ Argento ရဲ့ နက်နဲပြီး စိတ်ကူးယဉ်ဆန်သော ရိုက်ချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၀ ​ရဲ့ horror ကားဆိုတော့ အခုခေတ် horror flowနဲ့တော့အတော်လေးကွာခြားတာကိုမြင်ရမှာပါ။ အတိအကျကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

6.5 1980
Inferno
Whiteout
5.5

ဒီဇာတ်ကားလေးက ၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Derek Barnes ရိုက်ကူးထားတဲ့ survival thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Douglas Nyback, Joel Labelle နဲ့ James McDougall တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရုရှားထောင်တစ်ခုကနေ အရဲစွန့်ထွက်ပြေးလာတဲ့ Kurt, Anthony နဲ့ Henry တို့ရဲ့ တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ထောင်ထဲကနေလွတ်လာတဲ့ သူတို့သုံးယောက်ဟာ ကြမ်းတမ်းတဲ့ တောနက်ကြီးကိုဖြတ်ပြီးတော့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ကာ အချင်းချင်း မသင့်မမြတ်ဖြစ်မှုတွေကို ကျော်ဖြတ်ရင်း အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားထဲမှာ လူသားတွေရဲ့ အကြမ်းခံနိုင်မှုတွေ၊ မဖြစ်နိုင်တဲ့ အခြေအနေမှာတောင် အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်ပုံတွေကို Thriller genre ပီပီ ကြည့်ရှုသူကို စိတ်လှုပ်ရှားမှု ရသ အပြည့်အဝရအောင် ရိုက်ကူးထားပါတယ်။ File size… (1.39GB) / (917MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Music
5.5 2024 90 mins
Whiteout
Man in Love
7

ဒီတစ်ခေါက်တော့ CMကနေ ခပ်မိုက်မိုက် ထိုင်ဝမ် အချစ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် IMDB ကလည်း 7.0 ပါ ဇာတ်ကြောင်းလေးကတော့… အားချန်ဟာ မဖြစ်သာတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကြွေးသိမ်းသမားတစ်ယောက်ဖြစ်ခဲ့ရပေမဲ့ သူ့ရဲ့ အတွင်းစိတ်က နူးညံ့ပြီး အကြွေးသွားတောင်းတိုင်း တစ်ဖက်လူကို အဆင်ပြေရင်ပြေသလောက်ကူညီပေးတတ်သူပါ တစ်နေ့မှာ ဟောက်ထင်ဆိုတဲ့ ကောင်မလေးကို အကြွေးသွားတောင်းရင်း နှလုံးသားပျော့ပြောင်းတဲ့အားချန်တစ်ယောက် သူများတွေနဲ့မတူ အလွယ်လမ်းမလိုက်တတ်တဲ့ ဟောက်ထင်ကိုကြွေဆင်းသွားပါတော့တယ် ဟောက်ထင်ဆိုတဲ့ ကောင်မလေးကတော့ အဖေ့အကြွေးတွေနဲ့ လူမမာအဖေကြီးကို ပြုစုရင်း သူ့ရဲ့ဘဝကြီးက အလင်းတွေကွယ်ပျောက်ကာ အမှောင်တွေဖုံးနေသူပါ ဒီလိုနဲ့ သူ့ရဲ့မှောင်မိုက်နေတဲ့ ဘဝကြီးထဲမှာ အားချန်ဆိုတဲ့ အလင်းပျပျလေး ပေါ်လာခဲ့ပါတယ် အကြွေးသိမ်းသမားနဲ့ အကြွေးဆပ်မဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေတိုးပြီး အချသ်တစ်ခုပေါက်ဖွားလာတဲ့အခါ မဖြစ်နိုင်တဲ့ အချစ်ကို သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ

7 2021 115 mins
Man in Love
Love Wine & Salt: A Tuscan Romance
5.4

Love Wine & Salt: A Tuscan Romance (2024) ဒီကားဟာဆိုရင် Italy နိုင်ငံရဲ့ Tuscany ပြည်နယ်ရှိ တောင်ကုန်းတွေပေါ်က စပျစ်ခြံတွေအကြားမှာ ရိုက်ကူးထားသော အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အဖိုးအိုနဲ့ Roberta ၊ Claudia ၊ Georgia ဆိုတဲ့မြေးမလေးသုံးယောက်တိုဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် သူတိုရဲ့ အိမ်၊ စပျစ်ခြံနဲ့ ဝိုင်သိုလှောင်ခန်းကို ရောင်းရဖိုဖြစ်လာတယ်။ သိုပေမဲ့ မြေးမလေးတွေမှ အိမ်နဲ့ခြံမရောင်းရဖိုအရေး အကြံထုတ်ရာမှ အိမ်ကို တည်းခိုခန်းအဖြစ်ပြောင်းလဲဖို အကြံရသွားတယ်။ မိန်းမလှလေးတွေ ဦးစီးတဲ့တည်းခိုခန်းဖြစ်သည့်အလျှောက် လာတည်းခိုတဲ့ ဧည့်သည်တွေမှာ ယောကျာ်းလေးများဖြစ်ပြီး မြေးမလေးတွေကို အမြဲစိုးရိမ်နေနဲ့အဖိုးနဲ့ ဧည့်သည်တွေအကြား မကြာမကြာပြဿနာတက်ကြတာပေါ့။ Germany မှ Ali ၊ Allan ၊ Thomas သူငယ်ချင်းသုံးယောက်ဟာလည်း Italy ကို အပန်းဖြေခရီးထွက်လာရာ မြေးမလေးတွေရဲ့တည်းခိုခန်းမှာတည်းရင်း မမျှော်လင့်ပဲ အချစ်ဇာတ်လမ်းတွေဖြစ်လာပါတယ်။ ဒါကို အဖိုးဖြစ်သူက သိရှိသွားပြီးတော့ သူငယ်ချင်းသုံးယောက် ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ သူတိုချစ်တဲ့ ကောင်မလေးတွေနဲ့ရော ပေါင်းစည်းနိုင်မလားဆိုတာကတော့ ဒီ Love, Wine & Salt: A Tuscan Romance ဆိုတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Morana ဖြစ်ပါတယ်။) File size… (1.4 GB) / (640 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:20:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Morana

5.4 2024 80 mins
Love Wine & Salt: A Tuscan Romance