YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Escobank (2025) 720p WEB-DL [RMC].mp4

939.78 MB 720p video/mp4 65 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ugram
4.6

Ugram 2023 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။ မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~Yunni~BpL~Zwe Yan

Crime • Drama
4.6 2023 148 mins
Ugram

ယဉ်ကျေးမှု ဆိုတာကို " သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်"လို့ ဖွင့်ဆိုထားတယ်။ သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။ နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။ ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။ ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။ တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။ ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။ လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။ သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။ ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။ ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။ ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။ မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။ အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။ ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။ ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။ သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။ သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။ ( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်) ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲ ယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။ ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။ ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။ Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.68GB | 680MB | 349MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

null 2022
Return to Seoul
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Piercing Heart Sword
5

ဒီတစ်ခါ CMကတင်ဆက်ပေးမှာကတော့ အမှုကိစ္စတွေနဲ့ လူတွေကိုစိတ်ဝင်စားပေမဲ့ ကားလေးတစ်ကားပါ တင်းဝူနဲ့ကျန်းဟွမ်က ဌာနတစ်ခုထဲမှာတင်အလုပ်လုပ်ကြတဲ့ လူနှစ်ယောက်ပါ သူတိုနှစ်ယောက်က အရမ်းလည်းရင်းနှီးကြသလို အမှုကိစ္စတွေလည်း အတူတူလိုက်ကြရတာပါ တင်းဝူမှာဇနီးရှိသလို ကျန်းဟွမ်မှာလည်း သူသဘောကျနေတဲ့ကောင်မလေးရှိပါတယ် ကျန်းဟွမ်က ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်နေတဲ့ရွှမ်ရွှမ်ကို ဂရုစိုက်ကာကွယ်ပေးရင်း ဘာတွေကြုံတွေ့ရမလဲ တင်းဝူရဲ့ဇနီးကလည်း ဘယ်လိုလူမျိုးဆိုတာ စိတ်ဝင်စားစရာပါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ကြရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 35min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Crime
5 2022 95 mins
Piercing Heart Sword
Encanto
7.6

Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX

Drama • Mystery
7.6 2021 102 mins
Encanto
Tag-init (2023) 18+

မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင် သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။ အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။ နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့ လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။ အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူက အချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။ မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့က မာတင့်ကို အတွေ့အကြုံတွေပေးသွားတော့မှာပါ။ File size…(1.7 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 1900
Tag-init (2023) 18+
Cellular
6.5

ဒီရုပ်ရှင်ကားကို ဘောလိ၀ုဒ် နဲ့ တစ်ခြားနိုင်ငံတွေက Remake ပြန်ရိုက်ကြတယ် ဗားရှင်းပြောင်းသွားပေမဲ့ ကြည့်ရတဲ့ ကားတိုင်းက မရိုးခဲ့ဘူး… ဒီရုပ်ရှင်ကားမှာ Captain America လို့ လူသိများကြတဲ့ မင်းသားချော Chris Evans ပါဝင်သရုပ်ဆောင်ထားပြီး Fast & Furious ကားတွေ နဲ့ လူပိုသိကြတဲ့ ဂတုံးမင်းသား Jason Statham က ဗီလိန်နေရာကနေ ကောင်းကောင်းကြီး သရုပ်ဆောင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်း ကတော့ ဂျက်ဆီကာ လို့ ခေါ်တဲ့ သားတစ်ယောက် အမေ ကျောင်းဆရာမတစ်ယောက်ဟာ တစ်ရက်မှာ အိမ်မှာနေရင်း ကို အဖွဲ့တစ်ခုကနေ ပြန်ပေးဆွဲတာ ခံလိုက်ရပါတယ် သူမကို ပြန်ပေးဆွဲသွားပြီး အိမ်တစ်ခုရဲ့ ထပ်ခိုးပေးမှာ ဖမ်းချူပ်ထားခဲ့ပါတယ် ထိုအခန်းထဲမှာ ကြိုးဖုန်းတစ်ခုရှိနေပြီး ရစရာမရှိအောင် ထုချေခံထားရပါတယ် ပြန်ပေးသမားတွေ လွတ်တုန်း ဂျက်ဆီကာ တစ်ယောက် ဝိုင်ယာကြိုးတွေ လျှောက်ဆက်ရင်း ဖုန်းတစ်လုံးဆီကို တန်းဝင်သွားခဲ့ပါတော့တယ်…. ရိုင်ယန် ဟာ လောလောလတ်လတ် ဆော်ပစ်ခံထားရသူဖြစ်ပြီး ဘ၀ကြီးကို ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေသူတစ်ယောက်ပါ သူကြိုက်နေတဲ့ ကောင်မလေး နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတုန်းမှာပဲ ဂျက်ဆီကာ ဆီက ဖုန်းဟာ သူ့ဆီ တည့်တည့်ကြီးကို ဝင်လာပါတော့တယ် တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီး တစ်ယောက် နဲ့ ဘာတစ်ခုကိုမှ လက်ကျောတင်းအောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖူးတဲ့ ကောင်လေးတစ်ယောက် တို့ ပြန်ပေးသမားတွေနဲ့ ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာ ရုပ်ရှင်ချစ်သူများ ကြည့်ရှုလိုက်ကြပါဦး ရုပ်ရှင်အညွှန်းကို Thit San Khant က ရေးပေးထားပြီး Benni မှ ဘာသာပြန်ပေးထားပါတယ် File size… 2.79 GB/ 1.11 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

6.5 2004
Cellular
From Italy with Amore
5.8

Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူ‌တစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။ အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Science Fiction • Action • Adventure • Animation
5.8 2022 85 mins
From Italy with Amore
The Ward John Carpenter’s The Ward
5.6

The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်… ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်… Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်… ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ… ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်… Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်… Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်… ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်…. Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်… သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်… Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်… Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်… သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့…. Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား… သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်… သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။

5.6 2010
The Ward John Carpenter’s The Ward
Love Stuck Rak Won Loop
7.1

Love Stuck (2024) Original title: Rak Won Loop IMDb Rating (7.1) အတွေးဆန်းဆန်းလေးနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားအသစ်လေးတွေကို ကြည့်ရှုခံစားရင်း ဘဝအမောပြေပျောက်ချင်ကြတဲ့ ပရိတ်သတ်များကို Love Stuck ဆိုတဲ့ IMDb 7.1/10 ရရှိထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက ထူးခြားတဲ့ရသမျိုးစုံခံစားရစေနိုင်လို့ Fiction-Thriller-Drama-Comdedy အမျိုးအစားလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း တွိုင်ဆိုတဲ့ မျှော်လင့်ချက်မရှိ အလွတ်တန်းပန်းချီဆရာလေးတစ်ယောက် မထင်မှတ်ဘဲ နှစ်သစ်ကူးအကြိုနေ့မှာ သူ့အချိန်တွေရပ်သွားပြီး နောက်ထပ် မနက်ဖြန်ဆိုတဲ့ နေ့ရက်မရှိလာတော့တဲ့အခါ သူတစ်ခါမှာ မလုပ်ဖူးတာတွေ လျှောက်လုပ်ရင်း အဓိပ္ပာယ်မဲ့ ပျော်ပါးနေခဲ့ပါတယ်။ ဒီလိုနေလာရင်း ငြီးငွေ့လာတဲ့သူက သူဘာလို့ ဒီတစ်ရက်ထဲမှာ ပိတ်မိခဲ့လဲဆိုတာကို စဉ်းစားရင်းက ဝီး ဆိုတဲ့မိန်းကလေးကြောင့် ကားတိုက်ခံရပြီး သူသေမလိုဖြစ်ခဲ့တာကိုသတိရသွားတဲ့အခါ ဝီးကို တွေ့နိုင်ဖို့ ကြိုးစားပါတော့တယ်။ တွိုင်နဲ့ဝီး ဆုံတွေ့ကြတဲ့အခါမှာ ဒီလောကကြီးထဲမှာ သူတို့နှစ်ယောက်တည်း သီးသန့်ဖြစ်တည်နေသလိုမျိုး ခံစားလာရတဲ့အတွက် ဒီအချိန်စက်ဝန်းကနေ လွတ်မြောက်ဖို့ နှစ်ယောက်အတူ ကြိုးစားရှာဖွေကြပါတော့တယ်။ တွိုင်နဲ့ ဝီးတို့နှစ်ယောက် ဘာကြောင့်အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားကြသလဲ… သူတို့နှစ်ယောက်အတွက် မနက်ဖြန်ဆိုတာ တကယ်ပဲ ရှိလာနိုင်ပါတော့မလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်။) File size…(8.4 GB) / (1.7 GB) / (970 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Romance Duration….01:57:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

7.1 2024
Love Stuck Rak Won Loop
Champions
7.3

Champions(2018) ****************** IMDb…7.3 ထက်မြက်တဲ့ဘက်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တဲ့မွန်တီးစ်တစ်ယောက်ဟာ တော်လည်းတော်သလို စိတ်မရှည်ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်တာနဲ့အညီ သူ့အသင်းက နည်းပြအချင်းချင်း သဘောထားမတိုက်ဆိုင်ရာကနေစကားများရန်ဖြစ်ပြီးအသင်းကထုတ်ခံလိုက်ရပါတယ်.. ယောကျ်ားလေးထုံးစံအတိုင်းစိတ်ပျက်ဒေါသထွက်ပြီးအရက်သောက်…အရက်မူးပြီးမောင်းတော့ယာဉ်တိုက်မှုဖြစ်.. တိုက်တာကလည်းရဲကားကိုမှ..အဲဒီမှာတရားရုံးရောက်..တရားသူကြီးက လူမှုဝန်ထမ်းလုပ်မလား ထောင်ထဲသွားမလားလို့မေးတော့.. လူမှုဝန်ထမ်းပဲလုပ်မယ်ပေါ့..အဲဒီမှာဇာတ်လမ်းကစပြီ.. မွန်တီးစ်တစ်ယောက်အသိဉာဏ်ချို့တဲ့(ကျပ်မပြည့်)တဲ့လူတွေကိုဘက်စကက်ဘောနည်းပြလုပ်ဖို့အကြောင်းဖန်လာတဲ့ အချိန်မှာ စိတ်မရှည်တတ်တဲ့နည်းပြတစ်ယောက်နဲ့ ဘတ်စကက်ဘော ကစားတဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိတဲ့သူတစ်သိုက်နဲ့စတွေ့ကြတဲ့အခါမှာတော့…ကိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားလိုက်ပါဦး… ဟာသအမြူးလေးတွေကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေဇာတ်ကားလေးတစ်ကားဖြစ်ကြောင်းပြောပါရစေ…။ File Size : 2.20GB/ 1.09GB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:06:00 Genre : Comedy, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Tiff

7.3 2018 124 mins
Champions
Birds of Passage
7.3

Birds of Passage (2018) *********************** ဒီဇာတ်ကားလေးဟာ ၁၉၆၀ နဲ့ ၁၉၈၀ ကြားလောက်က ကိုလံဘီယာမြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဝါရူးလူမျိုး မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်… ငယ်ငယ်ကတည်းက တစ်ကောင်ကြွက်အဖြစ်ကြီးပြင်းခဲ့ရတဲ့ ရာပါရက်ဟာ သူအမြဲတမ်းလိုချင်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုတစ်စုလေးတည်ထောင်ချင်ခဲ့သူပေါ့… ဝါရူးလူမျိုးတွေဟာ မိသားစုသည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘာအကြောင်းကိစ္စတွေပဲဖြစ်နေပါစေ မိသားစုအရေးသည်သာ ပထမဆိုတဲ့လူမျိုးစုဖြစ်ပါတယ်… ပြီးတော့သူတို့ဟာ သူတို့ရဲ့သေဆုံးသွားတဲ့အမျိုးတွေနဲ့ အိမ်မက်ထဲမှာ စကားပြောလို့ရနိုင်တယ်လို့ ယုံကြည်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်…သူတို့ကို သေသူတွေ ဝိညာဉ်တွေကစောင့်ရှောက်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ အယူသည်းသူတဲ့လူမျိုးစုလည်း ဖြစ်တယ်… ဝါရူးလူမျိုးမဟုတ်ရင် ကျန်တဲ့သူတွေကို အပြင်လူလို့သတ်မှတ်ပြီး အယုံအကြည်ကင်းမဲ့တဲ့လူမျိုးတွေလည်း ဖြစ်တယ်… ရာပါရက်ဟာ ပါရှနာမိသားစုက ဇိုင်ဒါဆိုတဲ့ ကောင်မလေးကိုကြိုက်ပြီးတောင်းရမ်းခဲ့တယ်… သို့ပေမယ့် မိန်းကလေးရှင်တို့က တင်တောင်းဖို့ပြောတဲ့ပစ္စည်းတန်ဘိုးဟာ မြင့်မားလွန်းလှတယ်… သို့ပေမယ့် ရက်ပါရက်ဟာ ရရာနည်းလမ်းသုံးပြီး ရှာခဲ့ပါတယ်… ရက်ပါရက်တစ်ယောက်အောင်မြင်မလား…. ဒီလိုနဲ့ဆက်သွားပြီး ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ပါဦး…. ဒီကားက မူးယစ်ကားလို့ပြောလို့ရသလို ဂိုဏ်းစတားဟန်တွေအများကြီးပါတယ်… အစပိုင်းမှာ အနည်းငယ်အေးသလိုဖြစ်လို့ နာရီဝက်လောက်ထိသည်းခံပြီး ကြည့်စေချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ဖြစ်ပါတယ်… File Size : 2.13GB / 930MB Quality : BluRay 1080p / 720p Duration : 02:05:00 Genre : Crime, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Heather Oo

Action • Crime • Thriller • Mystery
7.3 2018 125 mins
Birds of Passage
Slaughterhouse On The Hill
5.5

ဒီကားကိုတော့ ဒါရိုက်တာ Tom Delvin ရိုက်ကူးထားပြီး Kristy Adams, Amber Amlin, Chris Arredondo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း တောင်ပေါ်က သားသတ်ရုံမှာပျောက်ဆုံးသွားတဲ့ ဘောလုံးလက်ရွေးစင်ဟောင်း အုပ်စုရဲ့ အမှုအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ သွေးထွက်သံယိုသတ်ဖြတ်ခန်းတွေကို နှစ်ခြိုက်တဲ့ သူတွေအတွက်တော့ တကယ်ကို ကြိုက်နှစ်သက်မယ့် ပုံစံမျိုး ရိုက်ကူးထားတာပါ။ အရင်ကကျောင်းရဲ့လက်ရွေးစင် ကစားသမားတွေက အရွယ် ရောက်ပြီးကြတဲ့နောက် သူတို့ကျောင်းရဲ့ အားကစားပွဲကို ဆင်နွှဲဖို့ ပြန်လာကြရင်း ပြန်လည်ဆုံတွေ့ကြပါတယ်။ အဲဒီမှာပဲ အရင်က သူတို့ပါတီတွေလုပ်နေကျဖြစ်တဲ့ တောင်ပေါ်က သားသတ်ရုံကို သွားပြီးတော့ အောင်ပွဲခံဖို့ စီစဉ်ကြပါတယ်။ ဒါပေမယ့် သားသတ်ရုံကို သူတို့ရောက်ပြီးတဲ့နောက် ပါတီ လုပ်ကြရင်း အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလာကြတဲ့အခါ သူတို့အဖွဲ့ ဘယ်လိုတွေဆက် ဖြစ်သွားမလဲ….. သူတို့က ဘာကြောင့် ပစ်မှတ်ထားခံနေရတာလဲ….. ဝက်အရေခွံခြုံထားတဲ့ လူသတ်သမားနဲ့ သူတို့ကရော ဘယ်လို ဇာတ်လမ်းတွေ ရှိခဲ့ဖူးတာလဲ…… တကယ်ပဲ ကျိန်စာသင့်နေတဲ့ ဝက်ဆိုတဲ့ ဒဏ္ဍာရီတွေက အမှန်ဖြစ်နေမလား။ ဘယ်သူတွေကရော ဒီအိပ်မက်ဆိုးက လွတ်မြောက်သွားမလဲ။ ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ထိတ်လန့်သည်းဖို ဇာတ်ကွက်တွေနဲ့ ရင်တထိတ်ထိတ် ရှုစားရမှာပါ။ File size… (949 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 12m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KK

Documentary • Science Fiction
5.5 2024 72 mins
Slaughterhouse On The Hill