YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Erkenci Kus (2018) Episode-112 (720p).mp4

353.12 MB N/A video/mp4 229 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ali & Ratu Ratu Queens
6.2

အာလီဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ မိဘတွေရဲ့ သဘောထားမတိုက်ဆိုင်မှုကြောင့် ငယ်ငယ်ကတည်းက မိတဆိုးလေး ဖြစ်ခဲ့ရပြီး ဆွေမျိုးတွေက ချစ်ခင် ကြည့်ရှုပေးခဲ့ပေမယ့် မိခင်မေတ္တာကို လိုအပ်တောင့်တ နေခဲ့ရပါတယ်. တစ်နေ့မှာ ဖခင်ဆုံးပါးသွားပြီး. အမေက သူထင်ထားသလို မသေခဲ့ဘဲ သူ့အတွက် လေယာဉ်လက်မှတ် တစ်စောင်ထားခဲ့ပြီး သူနဲ့လည်း အတူရှိချင်တဲ့သူဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့. အရာအားလုံးကို နောက်ချန်ထားပြီး. မေတ္တာလေး တစ်စွန်း တစ်စ ရလိုရငြားစိတ်နဲ့ အင်ဒိုးနီးရှားကနေ နယူးယောက်အထိ တစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်. သူ့အတွက်တော့ အမေနဲ့တွေ့ရဖို့က ဦးစားပေးဖြစ်ခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ဘဲ အမေနဲ့တွဲဖက်ဟောင်း အင်ဒိုနီးရှား အမျိုးသမီးကြီးတွေနဲ့ တွေ့ပြီး အဖွဲ့ကျသွားပါတော့တယ်.. ဘဝမှာ တစ်ခါတစ်လေကျရင် မထင်မှတ်ထားတာတွေလည်း ဖြစ်လာတတ်ပေမယ့် ကျွန်တော်တို့တွေ ချစ်ခြင်းမေတ္တာကို မထင်မှတ်ထားဆုံးနေရာကလည်း မျှော်လင့်မထားဘဲ ရရှိတတ်တယ် ဆိုတာကို ဒီ အင်ဒိုနီးရှားစကားပြော ဟာသဒရမ်မာ ဇာတ်ကားလေးမှတစ်ဆင့် တင်ဆက်ပေးလိုက်ရပါတယ်. File size…1.87GB / 747MB Quality…NF. WEBRip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Crime • Drama • Thriller
6.2 2021 100 mins
Ali & Ratu Ratu Queens
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
Clash of the Titans
5.9

မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ... ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။ Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Drama • Romance • Thriller
5.9 2010 106 mins
Clash of the Titans
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
A Quiet Place Part II
7.5

IMDb Rating - 7.8/10 Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင် လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ.... Quiet Place 1 အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။ အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။ တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality – 1080p, 720p HDRip Duration - 1h 37min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Horror, Sci-Fi Source : 1080p.HDRip Translator – Mr.Anderson Encoder – SWM

Comedy • Drama
7.5 2021 97 mins
A Quiet Place Part II
Anything for Her
7.9

ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့် ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime Drama Thrillaကားလေးဖြစ်ပါတယ်… ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစု ဘဝလေးကို နေထိုင်နေကြသူတွေပါ…။ တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကို ဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့…လီဆာမကျူးလွန်တဲ့လူသတ်မှု။ ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊ တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း…။ ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေက အနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင် ဘယ်လိုနေမလဲ… ဘယ်လိုခံစားရမလဲ… ဘာတွေပြန်ကြိုးစားပေးမလဲ…။ ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကို ထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်… လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်း ဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီး ဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.9 2008
Anything for Her
Pleasantville
7.5

Pleasantville (1998) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း “အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ” ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ အံမဝင်မှုတွေနဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အဖြူအမည်းလောကကြီးက တစ်စ တစ်စ အရောင်တွေပေါ်လာပါတော့တယ်။ လူတွေ လမ်းတွေ ပန်းတွေ အရောင်တွေစပေါ်လာကြတော့ လူတိုင်းက အထူးအဆန်းလိုဖြစ်သွားကြတာပေါ့။ ဘာကြောင့်များအရောင်ပေါ်လာတာလဲ…။ အဖြူအမည်းလူတွေက ဒါကိုအစိုးရိမ်ကြီးစိုးရိမ်ပြီး ပလဲဆန့်ဗေးလ်က အရင်လို အဖြူအမည်းနဲ့မှလှကြောင်း၊ ပုံစံခွက်ထဲက မထွက်ဖို့၊ ရှိရင်းစွဲအလုပ်တွေကိုပဲ လုပ်ဖို့၊ ကိုယ့်တာဝန်နဲ့ကိုယ် နေကြဖို့ လိုက်ဆော်ဩပြီး အရောင်ရှိသူတွေနဲ့ အဖြူအမည်းလူတွေလို့ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ အဖြူအမည်းလူတွေကပဲ လူနေမှုစံစည်းမျဉ်းဆိုတဲ့ စည်းမျဉ်းထုတ်ပြီး လူတိုင်းယှဉ်တွဲနေလို့ရအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရောင်ရှိသူတွေတွေကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကိုထုတ်ပြန်လိုက်ပါသေးတယ်။ လူတွေဟာ ဘာကြောင့် အရောင်မဲ့နေတာလဲ… ဘာကြောင့် အရောင်စုံလာတာလဲ… ရုပ်ရှင်လေးကြည့်ရင် ဒီအဖြေကိုသိရပါလိမ့်မယ်။ ဒါရိုက်တာ Gary Ross ကလည်း အင်တာဗျူးတစ်ခုမှာ “တစ်ကိုယ်ရည်စိတ်တွင်းဖိနှိပ်ထားရမှုဟာ အခြားကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကိုပါ လိုက်လံဖိနှိပ်မှုဆီ ဦးတည်ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ဟာ စိတ်တွင်းအရာတစ်ခုခုကိုကြောက်တဲ့အခါ… ဒါမှမဟုတ် အပြောင်းအလဲလုပ်ရမှာကိုကြောက်တဲ့အခါ အဲဒီအကြောက်တရားကို တခြားသူတွေဆီပုံချတဲ့အခါ ပိုရုပ်ဆိုးအကျည်းတန်တဲ့ လူမှုရေးပြဿနာတွေကို ဦးတည်သွားတတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ” လို့ပြောထားခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖြူအမည်း၊ အရောင်ရှိ အရောင်မဲ့ ဆိုတာ အရောင်သဘာဝထက်ကိုပိုတဲ့ လေးနက်တဲ့အရာတွေကို ရည်စူးထားခဲ့တာပါ။ တွေးနိုင်ရင်တွေးနိုင်သလောက် အယူအဆကြိုးရှည်တွေ တစ်သီကြီး ဆွဲဆန့်နိုင်မယ့်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က Gary Ross ကို ပွဲဦးထွက်မှာတင် လျှမ်းလျှမ်းတောက်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရေး၊ Co-poduce လုပ်ပြီး သူကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Cast ကလည်း Tobey Maguire, Jeff Daniels, Joan Allen နဲ့ Reese Witherspoon တို့လို ခုခေတ်ရဲ့ထိတ်ထိတ်ကြဲတွေအပြင် Paul Walker တောင် ပါထားပါသေးတယ်။ ဇာတ်လမ်းက သိပ်ပါးနပ်တယ်။ ရိုက်ကွက်တွေက သိပ်ကိုလှလွန်းပါတယ်။ အဖြူအမည်းတွေကနေ အရောင်လေးတွေစုံလာပုံများ… တကယ့်မျက်စိပသာဒဖြစ်စရာပါ။ ရုပ်ရှင်ကြည့်ရင်း အဖြူအမည်းကို ဘယ်လိုရောသလဲ သိချင်လာလို့ အကြမ်းဖျင်းရှာကြည့်ခဲ့သလောက်ဆိုရင် ရုပ်ရှင်တစ်ကားလုံးကို အစက အရောင်နဲ့ရိုက်ထားတာပါတဲ့။ ပြီးမှ လိုတဲ့အပိုင်းတွေကို အရောင်နဲ့ဆက်ထားရင်ထား၊ အဖြူအမည်းပြောင်းရင်ပြောင်း လုပ်တာပါတဲ့။ ဝတ်စုံတွေ မိတ်ကပ်တွေလည်း တော်တော်သုံးပြီး တကယ်ခေါင်းအစားခံ ရိုက်ကူးထားပါတယ်။ ဒါကြောင့်လည်း အော်စကာဆု သုံးခုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဆုပေါင်း ၁၈ခုရရှိပြီး တခြားဆုပေါင်း ၄၈ နေရာမှာ ‌ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ The Beatles တို့ရဲ့ “Across the Universe” Adapted Version ကလည်း ရုပ်ရှင်နဲ့အံဝင်ခွင်ကျပါပဲ။ “Nothing’s gonna change my world…” ဆိုတဲ့စာသားနဲ့အတူ အရောင်မဲ့အပြောင်းအလဲတွေကိုဖက်တွယ်သင့်လား… ဘဝကြီးကို ‌အရောင်စုံဖြတ်သန်းသင့်သလား… ဆိုတာကိုတော့ Comedy, Drama, Fantasy ဆိုတဲ့ Genres တွေခံစားရင်း ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.40GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Comedy
7.5 1998
Pleasantville
October Baby
6.6

October Baby (2011) =============== IMDb Rating – 6.6/10 ဟန်နာလော်ဆန်ဆိုတဲ့မိန်းကလေးဟာ အောင်မြင်ခြင်းမရှိခဲ့တဲ့ ကိုယ်ဝန်ဖျက်ချမှုတစ်ခုကနေ အသက်မသေဆုံးဘဲ ရှင်ကျန်ရစ် ခဲ့တဲ့မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကိုမွေးပြီးသိပ်မကြာခင်မှာပဲ ဂျေကော့ဘ်လော်ဆန်နဲ့ ဂရေ့စ်လော်ဆန်ဆိုတဲ့ ဇနီးမောင်နှံနှစ် ယောက်က မွေးစားထားခဲ့တာပါ။ အခုအချိန်မှာတော့ ဟန်နာ တစ်ယောက် အသက် ၁၉ နှစ်အရွယ်ရောက်လို့လာပါပြီ။ တစ်နေ့ မှာ ကျောင်းအတွက်ပြဇာတ်ကရာကနေ သတိလစ်၊ တက်သွားပြီး တော့ ဆေးရုံရောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟန်နာတစ်ယောက် သူ့မိဘတွေဆီကနေ သူဟာ ရက် လမစေ့ဘဲ မွေးဖွားလာခဲ့တာဖြစ်ပြီး Failed abortion မှာအသက် ရှင်ကျန်ရစ်ခဲ့သူတစ်ယောက်ဆိုတာကိုသိရှိသွားခဲ့ရပါတယ်။ အဲဒီ လိုနဲ့ နောက်ပိုင်းမှာ ဟန်နာ့အနေနဲ့ သူ့ငယ်သူငယ်ချင်းဖြစ်သူ ဂျေ ဆန်နဲ့အတူ မိခင်ရင်းဖြစ်သူကိုရှာဖို့အတွက် မွေးစားဖခင်ကိုအတိုက် အခံလုပ်ပြီးတော့ မိုဘီလယ် အလာဘားမားကိုခရီးထွက်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ “October Baby” ကားထဲမှာပဲဆက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.7 GB) / (680 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Fiona Gillen Encoder……….SWM

Horror
6.6 2011
October Baby
REC .
7.4

အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။ တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

7.4 2007
REC .
Sunshine

အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး File size…(1.7 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Thriller
0 2007
Sunshine
The Tracey Fragments
6

The Tracey Fragments ဒီဇာတ်လမ်းထဲမှာတော့ လက်ရှိခေတ်စားနေတဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Umbrella Academy မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Elliot Page ရဲ့ ကလေးဘဝသရုပ်ဆောင်ထားတဲ့ ဇာတ်ကွက်တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ထရေစီလို့ခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကြောင်းကို အခြေခံထားတာပါ။ ထရေစီဟာ ငယ်ငယ်ကတည်းက အတွေးအမြင်တွေ ဆန်းသစ်လွန်းလို့ သူ့မိဘတွေက သူ့ကို စိတ္တဇဆိုပြီးနာမည်တပ်ပြီး အိမ်ထဲမှာ မျက်သာလုံးဝမပေးခံရတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ သူဟာ သူ့မောင်လေး ဆန်နီနဲ့ကစားနေရင် တစ်နေရာမှာ သူ့မောင်လေးပျောက်သွားပါတယ်။ ဒါကို သူ့အိမ်ကကော ကျောင်းပတ်ဝန်းကျင်က တခြားဖိအားတွေနဲ့ ပေါင်းသွားတဲ့အခါမှာ ထရေစီဟာ တကယ့်အရူးသယောင် ဖြစ်သွားရပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ စိတ္တဇတစ်ယောက်ရဲ့ တွေးတောဆင်ခြင်ပုံ လူတစ်ယောက်က စိတ်ဒဏ်ရာရသွားတဲ့အချိန်မှာ ဦးနှောက်နေ သူတို့ရဲ့မှတ်ဉာဏ်ကို ဘယ်လိုမျိုးပြောင်းလဲပစ်တတ်လဲဆိုတာကို တစိုးတစမြင်ရမှာပဲဖြစ်ပါတယ်။ File size_(1.5GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

6 2007 77 mins
The Tracey Fragments
Another Me
6

အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။ အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့် သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။ သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။ အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီး စာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီး ဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။ မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။ သူကလဲတလွဲကောင်ပါပဲ။ အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။ အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့ သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေ တလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော်

Drama
6 2022
Another Me
It Feeds
5.6

It Feeds (2025) IMDb Rating (5.6) / Rotten Tomatoes (84%) စင်သီယာနဲ့ဂျော်ဒန်တို့သားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတို့ကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖို့ဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ ကောင်မလေးကို ပူးကပ်နေတဲ့အရာ/မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာပညာပိုရင့်သန်တဲ့ စင်သီယာက မြင်လိုက်ရလို့ဆက်မလုပ်ဖို့တားပေမယ့် ပြောဆိုရခက်တဲ့ ဆယ်ကျော်သက်အရွယ်ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ ထင်မှတ်မထားပဲ ကြည့်ကောင်းနေတဲ့ ဇာတ်ကားပါပဲ။ နာမည်ကျော် ဟော်ရာကားတစ်ချို့ရဲ့အငွေ့အသက်တွေမြင်ရတာမျိုးလိုတစ်ချို့ဟာကွက်လေးတွေ ဖယ်ကြည့်မယ်ဆိုရင် သရုပ်ဆောင်ကောင်းကောင်း၊ Jump scare ကောင်းကောင်းတစ်ချို့နဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:42:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.6 2025 102 mins
It Feeds