YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Envy.2004.720p.WEBRip.x264.AAC(CM)_new.mp4

720.22 MB N/A video/mp4 143 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Everything I Am

~ IMDb rating - 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by B Encoded by Y

Horror • Thriller
0 2021 87 mins
Everything I Am
Dragon Fight
5.8

ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။ Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက သရုပ်ဆောင်ထားပြီး စတီဖင်ချောင်ကတော့ သူ့ဟန်နဲ့ကွဲပါတယ်။ ဟာသတော့လုပ်ပေမဲ့ စောက်ပေါလုံးလုံးတော့ မဟုတ်သေးပါဘူး။ ဂျက်လီနဲ့ သူ့အဖွဲ့ဟာ အမေရိကကို သိုင်းစွမ်းရည်ပြပွဲအတွက်လာခဲ့ကြပါတယ်။ သူ့သူငယ်ချင်းက တရုတ်ပြည်မပြန်ဘဲ ထွက်ပြေးနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး သူက သူ့သူငယ်ချင်းကို နားဝင်ချရာကနေ သူပါကျန်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအမှုကနေ သူ့ပတ်ပြီး သူဟာ ဝရမ်းပြေးလုံးလုံးဖြစ်ရာက သွားစရာနေရာမရှိဖြစ်သွားပါတယ်။ ဒီမှာချောင်နဲ့တွေ့ပြီး ချောင်ရဲ့အကူအညီနဲ့ သူနေစရာနဲ့ အလုပ်ရသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အမေရိကန်လူဆိုးဂိုဏ်းဝင်ဖြစ်နေတဲ့ သူ့သူငယ်ချင်းနဲ့ သူပြန်တွေ့ပြီး ချောင်ကပါ အဲဒီလူဆိုးဂိုဏ်းနဲ့ သွားပတ်သက်မိတဲ့အခါမှာ ဂျက်လီဟာ ကွန်ဖူးစကေးတွေကို ပြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.15GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 36Min Genre - Action, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
5.8 1989 96 mins
Dragon Fight
I Am Not a Witch
6.8

ရွာတစ်ရွာကို ဆွေမရှိမျိုးမရှိ အမည်မသိ ကလေးမလေးတစ်ယောက် ရုတ်တရက် ရောက်လာပြီးနောက်ပိုင်း ရွာသားတွေရဲ့ အဆိုအရ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်...တဲ့။ အဲဒီ့ရွာဟာလည်း "စုန်းကဝေ" ဓလေ့ထွန်းကားတဲ့ရွာပီပီ ရွာသားတွေက ကလေးမလေးကို စုန်းမအဖြစ်သတ်မှတ်ပြီး ဒေသအာဏာပိုင်တွေဆီ ပို့လိုက်ကြပါတော့တယ်...။ ဒါဟာ ရုပ်ရှင်သမားတွေအခေါ်အရဆိုရင်တော့ ဇာတ်လမ်းရဲ့ 'အခင်း' ဖြစ်ပြီး 'အခက်'နဲ့ 'အဖြေ' ကတော့ ကိုယ်တိုင် ကြည့်ရှုနိုင်ကြဖို့ ဇာတ်လမ်းအကျဉ်းထဲ ထည့်မရေးတော့မယ့် ဇာတ်လမ်းထဲက ကလေးမလေးရဲ့ 'စုန်းမ' တစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်ဘဝပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဒါရိုက်တာဖြစ်တဲ့ Rungano Nyoni ဟာ ဇမ်ဘီယာနိုင်ငံရဲ့ စုန်းကဝေအတတ်ပညာပေါ် ယိုးစွပ်မှုတွေအပေါ် စိတ်ကူးစိတ်သန်းယူပြီး ဒီဇာတ်လမ်းကို ရေးသားရိုက်ကူးထားခဲ့တာမို့ ဒီကားထဲက စုန်းမဆိုတာဟာ လက်ရှိ ၂၁ရာစုရဲ့ မော်ဒန်အတွေးအခေါ်တွေထဲတောင် အမြစ်စွဲနေသေးတဲ့ ခေတ်ဟောင်းဓလေ့ရဲ့ သားကောင်ပဲဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးဖို့အတွက် ဂါနာနိုင်ငံမှာရှိတဲ့ တကယ့် 'စုန်းစခန်း' တစ်ခုမှာနေရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း လေ့လာခဲ့သေးတယ်ဆိုတော့ လက်မလွှတ်သင့်တဲ့ ၁နာရီခွဲပါပဲ။ ဒီကားဟာ Drama အမျိုးအစားထဲပါပေမယ့် မသိမသာ သရော်ထားတာတွေလည်း ပါတာမို့ ကြည့်တတ်ရင် Dark Humour ကိုပါ တွေ့နိုင်မှာပါ။ လိင်ခွဲခြားမှု၊ အယူသီးမှုတွေကို ကိုယ့်ကိုယ်ကိုယ်ရှာဖွေနေတဲ့ ကလေးမလေးကတစ်ဆင့် သဘာဝကျကျပုံဖော်သွားခဲ့တာမို့ ရုပ်ရှင်ဆုံးသွားတဲ့အခါ ဖဲကြိုးလေးတွေအကြောင်း ဆက်တွေးရင် တွေးမိနေဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.8 2017 93 mins
I Am Not a Witch

အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ ဇာတ်က အန်နမဲလောက်အရသာတော့ ကောင်းမှာမဟုတ်ပေမဲ့ အန်နမဲဖန်မဟုတ်ဘဲ ဒီတိုင်းကြည့်ချင်ရင်တော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ပါ။ ၂၀၁၇ကားကို သဘောကျတဲ့သူတွေလည်း ကြည့်သင့်ပါတယ်။ တိုက်ရိုက်ဆက်ထားပါတယ်။ သို့ပေမဲ့ ဒီဇာတ်လမ်းဟာ ကောင်းခန်းမှဖြတ်ပြီး to be continuedဆိုပြီးလုပ်ချသွားပါတယ်။ သိပ်မကြာခင်ထွက်လာမယ်လို့တော့ ယူဆရပါတယ်။ အန်နမဲမကြည့်ဖူးလည်း ဒီတိုင်းမှော်စွမ်းအားကား ခပ်လန်းလန်းလေးတွေ သဘောကျတဲ့သူတွေ ကြည့်လို့မမှားမယ့် ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__02:02:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Crime • Thriller
null 2022
Fullmetal Alchemist_The Revenge of Scar
Bruce Lee - The Fighter
5.8

CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့ သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ် အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ် တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ.. ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…3.2GB / 1.7GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & BpL

Drama • Music
5.8 2015 151 mins
Bruce Lee - The Fighter
Sunshine Cleaning
6.8

Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့ အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသ ကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့ စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ် ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့ နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲ ဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက် သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့ အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာက ငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူ သင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲ ထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလို လာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါ မှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်း ရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ် ပြီး ဒီလို မှုခင်းတွေကို သန့်ရှင်းရေးလုပ်ရဖို့ ကြိုးစား ရုန်းကန်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး အောင်မြင်နိုင်မလား စသဖြင့် ဘဝသရုပ်ဖော်ကားလေးပဲ ဖြစ်ပါတယ်။ လုံးဝကို အပူသည်နေရာက Amy Adam က ပိုင်နိုင်ပြီး ပေါ့ပျက်ပျက် ညီမနေရာကလည်း Emily Blunt တို့က သရုပ်ဆောင်ထားကြတာပါ။ File size…1.67GB / 528MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama
6.8 2008 91 mins
Sunshine Cleaning
Honeysweet
4

Honey Sweet (2023) အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော် ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း… အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ် မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

Action • Comedy • Crime
4 2023 118 mins
Honeysweet
Half Girlfriend
4.6

Half Girlfriend(2017)(သူငယ်ချင်းချစ်သူ) မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက် ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ…။ ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။ အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Romance • Drama • Music
4.6 2017 135 mins
Half Girlfriend
Gam Gam Ganesha
7

Gam Gam Ganesha (2024)”ဂျင်ပေါ်က ထုံးများ” ===================================== Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့ အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။ သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။ တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခု ကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့ လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့ လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7 2024
Gam Gam Ganesha
Captain Volkonogov Escaped
7.3

Captain Volkonogov Escaped (2023) IMDb – 7.3/10 နဲ့ Rotten Tomatoes – 100% အထိ ရရှိထားပြီး ဗင်းနစ်စ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ခုပါ။ ဆိုဗီယက်စစ်အာဏာရှင် ဂျိုးဇက် စတာလင် ရဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး အဓွန့်ရှည်တည်မြဲရေးအတွက် လူတွေအစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းခဲ့တဲ့ The Great Terror ဆိုတဲ့ ၁၉၃၈ ခုနှစ်ဝန်းကျင်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဖီယိုဒေါရ် ဗော်လ်ကာနိုဂေါ့ဗ် ဟာ အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုသာမက ရဲဘော်တွေကြားမှာပါ စံထားလေးစားကြရတဲ့ ဆိုဗီယက်စစ်ဗိုလ်တစ်ယောက်ပါ။ ဒါပေမယ့်တစ်နေ့မှာ သူ့အထက်အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာကြောင့် လက်အောက်ငယ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီး‌စစ်ဆေးခံရပါ‌တော့တယ်။ ဖီယိုဒေါရ်ကတော့ သူ့အလှည့်မရောက်ခင် ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့ပေမယ့် “ငရဲကျနေတဲ့သူငယ်ချင်းတစ်ယောက်” နဲ့ လမ်းမှာတွေ့ပြီး သူတို့တစ်ဖွဲ့လုံး ငရဲမှာ ညှင်းဆဲနှိပ်စက်ခံနေရကြောင်း၊ ဖီယိုဒေါရ်ဟာလည်း ‌ေ-သပြီးရင် ထာဝရငရဲခံရမှာဖြစ်ကြောင်း၊ သူတို့စစ်သားဘဝက မတရားဖမ်းဆီးနှိပ်စက်သ-တ်ဖြတ်ခဲ့တဲ့ လူတွေရဲ့ မိသားစုဝင်တစ်ယောက်ယောက်က ခွင့်လွှတ်ပေးမှသာလျှင် လွတ်မြောက်နိုင်မှာဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့ အကျဉ်းသားတွေကိုညှင်းဆဲဖို့ လက်မရွံ့ပေမယ့် ကိုယ်တိုင်ငရဲခံရမှာကျတော့ကြောက်တဲ့ ဖီယိုဒေါရ်တစ်ယောက် ကျန်ရစ်သူမိသားစုတွေကို တစ်အိမ်တက်ဆင်း လိုက်တောင်းပန်ရပါတော့တယ်။ တောင်းပန်တဲ့ခရီးလမ်းမှာ ဖီယိုဒေါရ်တစ်ယောက် ဘယ်လိုသံဝေဂရစရာတွေ ကြုံတွေ့ရမလဲ… အပါယ်တံခါးပိတ်စေဖို့ သူလိုအပ်တဲ့ ခွင့်လွှတ်မှုမျိုးရော ရရှိသွားပါ့မလား‌…ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…(2 GB) / (860 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:06:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Random guy

7.3 2023 125 mins
Captain Volkonogov Escaped
State of Impurity Estado impuro
6.6

State of Impurity (2022) Estado impuro ဒီတစ်ခါမှာတော့ hispanic အရှုပ်တော်ပုံဇာတ်လမ်း‌လေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်က အာဂျင်တီးနား Indie ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး အဖော်အချွတ်တွေပါဝင်တာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ဇာတ်လမ်းကတော့ မိတ်ဆွေသူငယ်ချင်း စုံတွဲသုံးတွဲ မိတ်ဆုံစားတဲ့ပွဲကနေ တော်ကီတွေပစ်ကြရင်း ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒီစုံတွဲထဲက တစ်တွဲဟာ တခြားသူတွေနဲ့ ခံယူချက်မတူဘဲ တစ်လင်တစ်မယားစနစ်အကြောင်းနဲ့ ပတ်သက်ပြီး စကားစစ်ထိုးရာကနေ နောက်ထပ် ဘယ်လိုမျိုး အခြေ‌အတင်‌တွေ ဖြစ်လာဦးမလဲဆိုတာကို Indie ဖလင်တို့ထုံးစံအတိုင်း အတွေးများများ တော်ကီများများနဲ့တင်ဆက်ထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Horror • Drama • Fantasy
6.6 2022
State of Impurity Estado impuro
Shadows Side
4.6

Shadows Side (2024) Sophieနဲ့ Carlတို့ဟာစေ့စပ်ပြီးသား လက်ထပ်ဖို့ပါပြင်ဆင်နေတဲ့ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ‌။ Carlအနေနဲ့ သူ့ရဲ့မွေးရပ်မြေ Brazilဘက်က သူ့ရဲ့ငယ်ဘဝအမှတ်တရအိမ်ကို Honeymoonအနေနဲ့သွားချင်ပါတယ်ဆိုပြီး Sophieကိုအပူကပ်ပါတော့တယ်။ ဆိုဖီလည်းမငြင်းနိုင်တာနဲ့ နှစ်ယောက်သား ချောင်ကြိုချောင်ကြား လူသူအရောက်အပေါက်နည်းတဲ့ ကားလ်ရဲ့မွေးရပ်မြေစံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို တင်ပြထားတဲ့Horror ဆန်ဆန် Psychological Thriller ဆန်ဆန် eerie ဆန်တဲ့ soundtrackတွေနဲ့ ရင်ဖိုစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:31:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

4.6 2024 90 mins
Shadows Side
That Obscure Object of Desire Cet obscur objet du désir
7.8

That Obscure Object of Desire (1977) IMDb Rating (7.8) / Rotten Tomatoes (97%) ပြင်သစ် Surrealist လှုပ်ရှားမှုတွေရဲ့အဓိကခေါင်းဆောင်တစ်ယောက်၊ Surrealism လက်ရာတွေရဲ့နာမည်ကျော်ဖန်တီးရှင် ဒါရိုက်တာကြီး Luis Buñuel ရဲ့နောက်ဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာရုပ်ရှင်သမိုင်းမှာ ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပြီးအကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆုနဲ့အကောင်းဆုံးဇာတ်ညွှန်းဆုတို့အော်စကာ ဆန်ကာတင်ဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အိမ်အကူအသစ်မိန်းမလှလေး ကွန်ချီတာကိုအရူးအမူးစွဲလန်းသွားမိတဲ့ ပြင်သစ်လူကုံထံတစ်ယောက်နဲ့ နားလည်ရခက်ပြီး ပဟေဠိဆန်တဲ့၊ သူ့ကိုအချိုတွေပေးလိုက် အဆိပ်တွေကျွေးလိုက် ဆက်ဆံတတ်တဲ့ ကွန်ချီတာတို့ရဲ့အကြောင်းကိုဟာသနှောပြီးတင်ဆက်ထားတာပါ။ ကွန်ချီတာရဲ့ပဟေဠိဆန်တဲ့စရိုက်နှစ်မျိုးအဖြစ် ဇာတ်ကောင်တစ်ကောင်တည်းကို မင်းသမီးနှစ်ဦးက အလှည့်ကျသရုပ်ဆောင်ထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။ Surrealism အမျိုးအစားလို့ဆိုတဲ့အတွက်လည်း ဇာတ်လမ်းနဲ့မသက်ဆိုင်ဘူးလို့ထင်ရတဲ့ နိမိတ်ပုံတွေ ၊ ပြကွက်တွေကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ မြည်းစမ်းကြည့်သင့်တဲ့ လက်ရာတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(3.1 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:44:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
7.8 1977 103 mins
That Obscure Object of Desire Cet obscur objet du désir
Endless Journey of Love
6.6

” ဇာတ်ကားတိုင်းက အစရှိသလို အဆုံးသတ်ရှိတယ်…တွေ့ဆုံမှုတိုင်းရဲ့ အဆုံးသတ်က ခွဲခွာခြင်းတဲ့…ဒါပေမယ့် ရုပ်ရှင်လေး ဇာတ်သိမ်းသွားမှာကို မကြောက်မိဘူး…ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်ကို အတူကြည့်နေတဲ့သူက မင်းဖြစ်နေလို့ပဲ…” ဒီကားလေးကိုလေ ဘယ်လိုညွှန်းရမယ်ကိုမသိဘူး… ဇာတ်လမ်းအစက ဇာတ်သိမ်းဖြစ်သလို ဇာတ်သိမ်းက ဇာတ်လမ်းအစလို့ပဲပြောပါရစေ…. အချိန်ခရီးသွားကို အခြေခံတဲ့ ဇာတ်လမ်းတွေအားလုံးထဲမှာ တော်တော်ငိုရတဲ့ ကားလေးလို့ပြောရမယ်…. ဒီကားလေးမှာ တံငှာရွာလေးထဲ ဘဝကို အေးဆေးဖြတ်သန်းရတာကို ဝမ်းနည်းပူဆွေးနေတဲ့ ချန်ရှောင်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…. ဒါကြောင့်လည်း သူက သူ့ကို ကယ်တင်ထားတဲ့ အဖိုးကြီးမသိအောင် ခိုးထွက်ဖို့ပဲ ကြိုးစားနေတာပေါ့… ဒီလိုနဲ့တစ်နေ့မှာ ခိုးထွက်လို့အောင်မြင်ပြီး သင်္ဘောတစ်ခုနဲ့ ခိုးလိုက်ပြီးချိန်မှာတော့… သူလည်း သွားချင်တဲ့ တတုံးဟွေ့ (မြို့ကြီး)ကိုရောက်လာပြီးတော့ ထူးထူးခြားခြား ဝရမ်းပြေးလေး ရှီချီနဲ့ဆုံတာပေါ့… တစ်ချိန်တည်းမှာပဲ ထူးထူးခြားခြား ခရုခွံပုံနဲ့ ရွှေပြားလေးကိုလည်း ရလိုက်သေးတယ်… အဲ့ခရုခွံလေးက အချိန်တွေကို ရပ်ပေးနိုင်သလို သာမန်ထက်မြန်တဲ့ မြန်နှုန်းနဲ့လည်း သွားလာနိုင်တယ်တဲ့…ကဲကဲကဲ… ဒီခရုခွံလေးနဲ့ ချန်ရှောင်းတစ်ယောက် ဘာတွေလုပ်မှာလဲ…ရှီချီး ဝရမ်းပြေးဖြစ်တာကရော ဒီခရုခွံလေးနဲ့ဘယ်လိုပတ်သက်နေတာလဲ… နောက်တော့ သူတို့ ၂ ယောက်ရော ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ကြပါတော့ကွယ်…

Romance
6.6 2025
Endless Journey of Love