YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Enna Solla Pogirai (2022) Tamil TRUE WEB-DL .720p(CM).mp4

1.03 GB N/A video/mp4 2440 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
House of Inequity
4.3

အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.52 GB)/(790 GB)/(390 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

Horror
4.3 2023 107 mins
House of Inequity
Chokher Bali
7.2

ဒီကားက အရှ်ရိုက်ဖူးတဲ့ တခြားဇာတ်ကားတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ စရိုက်မျိုးကို မြင်တွေ့ရမှာပါ... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီးမှ ယောက်ျားဖြစ်သူဆုံးသွားတဲ့ မုဆိုးမတစ်ယောက်ရဲ့ ခံစားချက်ကို ပီပြင်အောင်ပုံဖော်ထားတဲ့ ကားလေးပါ... ရှေးယခင် အိန္ဒိယမှာက လင်သေသွားရင် မယားကို လင်နဲ့အတူမီးရှို့သတ်ပစ်တာ နောက်အိမ်ထောင်ပြုလို့မရတာ ဟိုဟာမစားရ ဒီဟာမစားရ ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ စတဲ့ အယူသည်းမှုတွေရှိခဲ့တယ်... ဒီဂယက်က လွတ်လပ်ရေးမရခင် အစောပိုင်းကာလတွေအထိကို ရိုက်ခတ်လာခဲ့ပါတယ်.. ဘီနိုဒီနီဆိုတဲ့ လုံမပျိုလေးကတော့ အိမ်ထောင်ကျပြီး တစ်နှစ်အကြာမှာ ယောက်ျားဖြစ်သူဆုံးပါးသွားလို့ မုဆိုးဖြစ်ခဲ့ရပါတယ်..အရွယ်ကောင်းတုန်းမှာ လင်ယောက်ျားမရှိတဲ့အတွက် စိတ်ခံစားချက်ပေါင်းများစွာနဲ့ ခန္ဓာကိုယ်ရဲ့ လိုအင်ဆန္ဒတွေကိုမြိုသိပ်ထားခဲ့ရပါတယ်... ဒီလိုနဲ့ သူမဟာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ စိတ်ခံစားချက်တွေ ဖလှယ်မိလာတဲ့အခါ...။ မျက်ကန်းနွံထဲ ခြေစုံပစ်ခဲ့ရပုံတွေကို ဒီဇာတ်ကားမှာ သေသေသပ်သပ် ဖေါ်ပြပေးထားလို့ အမြင်ကျယ်စေမှာအမှန်ပဲ ဖြစ်ပါတယ်နော်... File size…2.4GB / 1.01GB Quality…1080p WEB RIP / 720p WEB RIp Format…Mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Music • Romance
7.2 2003 167 mins
Chokher Bali
Cube
5.5

Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။ ​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊ ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့် တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ... သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊ မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။ လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍ ကြိုက်သည့်အ​ပေါက်မှ ကြိုက်သည့်အခန်းသို့ကူးနိုင်သည်၊ သို့​သော် ကိုယ်ကူးသည့်အခန်း မှားရင်​ဖြင့် ပြန်လမ်းမရှိတဲ့ မရဏလမ်းဆီ ​ရောက်နိုင်သည့် ​ထောင်​ချောက်အသီးသီးနဲ့ တိုးပါမည်။ ဘယ်အ​ပေါက်ကကူးလျင် ​ထောင်​ချောက်မရှိတဲ့ အခန်းကိုရောက်မလဲ၊ ထိုမှတဆင့် ဘယ်လို​ရွေးချယ်မှု​တွေနဲ့ပင်မထွက်​ပေါက်ကြီးကို ​ရောက်​အောင်သွားကြမလဲ၊ ဘယ်သူ​​တွေ ရှင်ကျန်ပြီး ဘယ်သူ​တွေသေမလဲ၊ ထောင်​ချောက်ဒီဇိုင်း အမိုက်စား​တွေနဲ့ ဘယ်သူ​တွေ သေပန်းပွင့်မလဲ​ဆိုတာတော့ CMပရိတ်သတ်​တွေ​ ကိုယ်တိုင်ပဲခေါင်းစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Sci-fi Quality….WEB-DL 1080p and 720p File size… 1.5GB and 779MB Format…mp4 Duration…. 1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Romance
5.5 2021 108 mins
Cube
One Night in Miami...
7.1

IMDb...7.3 One Night in Miami ဆိုတဲ့ဇာတ်ကားလေးကတော့ လူမည်းလေးယောက်ရဲ့ ရင်တွင်းခံစားချက်တွေဖွင့်ဟထားတဲ့ စကားဝိုင်းကနေ သူတို့ဖြတ်သန်းနေရတဲ့ လူမှုပတ်ဝန်းကျင်ကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လူမည်းလေးယောက်လုံးကလည်း နယ်နယ်ရရတွေတော့မဟုတ်ပါဘူး။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်တဲ့ Cassicus Clay National League အထိတတ်လှမ်းနိုင်တဲ့ ဘောလုံးသမား Jim Brown နာမည်ကြီးအဆိုတော် Sam Cooke နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင် ဝန်ကြီး Malcolm X တို့ပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ လူမည်းအသိုင်းအဝိုင်းမှာ အောင်မြင်မှုကိုယ်စီရရှိထားပြီး ကိုယ့်ဒေသရဲ့ဂုဏ်ကိုဆောင်နိုင်ကြပေမယ့် လူဖြူတွေရဲ့ မသိမသာခွဲခြားဆက်ဆံမှုကိုခံရတဲ့ လူမည်းတွေရဲ့ဘဝ ၁၉၆၀ ခုနှစ်ဝန်းကျင်က လူမည်းအမျိုးသားတွေရဲ့ ခံယူချက်နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ကိုယ်ယုံကြည်တဲ့ဘာသာတရားနဲ့ နိုင်ငံရေးရောယှက်လာတဲ့အခါ ကြုံတွေ့ရတဲ့ သောကတွေကို မပျင်းရလေအောင် စိတ်ဝင်စားဖွယ်ရိုက်ကူးပြထားတာမို့ ဗဟုသုတလည်းရတဲ့ကားမို့ ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်.... File Size : (2.19GB) and (1.09GB) Quality :HEVC 1080p 5.1, 720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae

Action & Adventure • Animation • Sci-Fi & Fantasy
7.1 2020 114 mins
One Night in Miami...
Life
6.4

သိပံံံံံံရုပ်ရှင်တွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ခံစားမှုအသစ်ပေးမယ့်ဇာတ်ကားကောင်းလေးပါ။ ယခုနှစ်၂၀၁၇မတ်၂၄ကမှထုတ်လိုက်တဲ့ကားသစ်လေးဖြစ်ပါတယ်။ အမြင်တမျိုးနဲ့ကြည့်ရတာကောင်းတဲ့ကားလေးတကားဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံကအာကာသပညာရှင်တစုဟာနိုင်ငံတကအာကာသစခန်းမှာ အတူတူအင်္ဂါဂြိုလ်ကိုလေ့လာရင်းအလုပ်လုပ်နေကြတာပါ။ သမိုင်းမှာအရေးကြီးတဲ့ရှာဖွေမှုဖြစ်တဲ့ကမ္ဘာအပြင်တခြား ဘယ်နေရာတွေမှာသက်ရှိတွေရှိလဲဆိုတာကိုရှာဖွေလေ့လာနေကြတာပါ။ ကံကောင်းစွာပဲအင်္ဂါဂြိုလ်ကယူလာတဲ့မြေနမူနာတွေကိုစမ်းသပ်လိုက်တဲ့အခါ သက်ရှိဖြစ်လာမယ့်ကလပ်စည်းလေးကိုတွေ့ရှိသွားပါတယ် တွေ့ရှိမှုအတွက်အားလုံးဝမ်းသာဝမ်းမြောက်ဖြစ်ကြရပြီးနိုင်ငံတကာကပါအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်ရုတ်တရတ်ပဲမတော်တဆအမှားတခုဖြစ်သွားပြီးတဲ့နောက်မှာတော့ အဲဒီသက်ရှိမျိုးစိတ်လေးကလှုပ်ရှားမှုမရှိတော့ပါဘူး။ ဒါပေမယ့်လူသားပေပဲ။ မဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်တတ်တာလဲလူသားတွေပါပဲ။ အဲဒီဖြစ်လာတဲ့အကျိုးဆက်ကိုခံစားရတာလဲလူပါပဲ။ အဲလိုပဲကယ်ဗင်လို့သူတို့နာမည်ပေးထာတဲ့အင်္ဂါဂြိုလ်ကသက်ရှိလေးကိုပြန်လည် အသက်သွင်းပြီးမူလအခြေအနေနဲ့မတူပဲထူးဆန်းစွာပြုမှုနေတဲ့အခါမှာတော့ အာကာသပညာရှင်ကြီးတွေဘယ်လိုလုပ်ကြမလဲ။ အဲဒီကယ်ဗင်လေးကရောဘယ်လိုတွေကံမကောင်းမှုတွေယူလာမလဲ။ သူ့ရန်ကနေအာကာသပညာရှင်တွေကာကွယ်နိုင်မှာလား။ ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတို့ဆန္ဒတွေပြည့်ဝမလားဆိုတာတော့ ဇာတ်ကားလေးမှာဆက်ကြည့်လိုက်ပါဦးဗျာ။ စိတ်လှုပ်ရှားမှုတွေပေးမှာဖြစ်ပြီးတကယ်ကြည့်ကောင်းစေမယ့်ကားလေးပါ။ ဇာတ်ကားနောက်ပိုင်းရောက်လေပိုပြီးစိတ်လှုပ်ရှားရလေပါပဲ။ ရုံဝင်ငွေ၉၃.၅သန်းထိဝင်ခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ အားလပ်ချိန်ကိုစိတ်အပန်းပြေစေ၊စိတ်ကျေနပ်စေမယ့်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 751 MB Quality : Bluray 720p Running Time : 1hr 44minutes Format : Mp4 Genre : Horror, Sci-Fi, Thriller Translator : Fridays Encoder :Thanhtike Zaw

Mystery • Thriller
6.4 2017 104 mins
Life
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
My Father’s Violin
6.4

My Father’s Violin (2022) ~ IMDb – 6.4/10, Rotten Tomatoes – 82% ~ ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်… “တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ… သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ မှန်းရလွယ်တဲ့ ရုပ်ရှင်လေးနဲ့ အံတုရမယ်ဆိုလည်း မဆိုးပါဘူး။ နေ့ခင်းနေ့လယ် ကော်ဖီခါးခါးကို ကွတ်ကီးဆိမ့်ဆိမ့်လေးနဲ့ မြည်းရသလိုပေါ့။ နောက်ပြီး ဒီကားထဲက ကလေးသရုပ်ဆောင်လေးဟာလည်း သိပ်ကိုမှ ချစ်ဖို့ကောင်းပါတယ်လို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 940MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2022 112 mins
My Father’s Violin
Rush Hour
7

ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား 1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်……ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်.. နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ…… မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်…. အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ…..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်……တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်. ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်…….တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့……..တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ…….ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က ” လီ ” ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်.. ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်……အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်…….တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်……ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်နိုင်လှတဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ…….ဘယ်လိုတွေစုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ…..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး File size…(1.75 GB)/(940 Mb) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:38:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Noe Wutt Yi

7 1998 97 mins
Rush Hour
Bhaiyya Ji
6.6

Bhaiyya Ji (2024)”အစ်ကိုကြီး အဖအရာ” ================================ The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Comedy • Crime
6.6 2024
Bhaiyya Ji
The Clearing

The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။ “The Clearing” ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

0 2004
The Clearing
Night Fishing
7

Night Fishing (2024) *********************** မင်းသားကြီး Son Suk-Ku ရဲ့ short film လေးတစ်ကားကို CM ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ ကားတစ်စီးထဲကနေ ကြည့်နေရသလို ခံစားရစေမဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါပဲ။ – ဇာတ်လမ်းအကျဉ်း – ဘယ်သူမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြစ်ကမ်းစပ်မှ ာအမျိုးသားတစ်ယောက်က ညလုံးပေါက် တဲထိုးစောင့်နေပြီး သူ့ရဲ့ကားထဲမှာလည်း ထူးဆန်းတဲ့ ရေဒီယိုအချက်ပေးသံတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ အဲဒီနောက်မှာ သူဟာ လျှပ်စစ်ကားအားသွင်းရုံတစ်ရုံဆီ ဦးတည်သွားပြီး ငါးမျှားမစ်ရှင်ကို စတင်ပါတော့တယ်။ အဲဒီမှာ သူဖမ်းဆီးရမဲ့အရာက ဘာများဖြစ်မလဲ။ ဘယ်လိုဖမ်းဆီးသွားမလဲဆိုတာကိုတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သရေစာမုန့်စားသလို အချိန်တိုအတွင်း နှစ်ခြိုက်စွာနဲ့ ခံစားကြည့်ရှုလို့ရမဲ့ snack movie လေးမို့ ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size…350MB / 120MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….14m Genre ….. Thriller, Mystery, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo

Comedy • Family
7 2024
Night Fishing
Lobby
6.8

Lobby (2025) *************** ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်‌ဆောင်‌ Ha Jung Woo ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး၊ ကိုယ်တိုင် ရိုက်ကူးထားတဲ့ စီးပွားရေးနဲ့ ဟာသဇာတ် ရောယှက်ထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း ပရိသတ် ရင်းနှီးပြီးသား ဖြစ်တဲ့ Ha Jung Woo, Park Byung Eun, Kim Eui Sung, Lee Dong Hui, Kwak Sun Young, Choi Si Won, Cha Ju Young တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း လျှပ်စစ်ကားနဲ့ ပတ်သက်တဲ့ နိုင်ငံတော် ပရောဂျက်ကို တင်ဒါ အောင်ဖို့ ကြိုးစားနေတဲ့ ယွန်းချန်းအုနဲ့ ဆွန်းဂွမ်အူတို့ဟာ လုပ်ငန်း ပြိုင်ဖက်တွေ ဖြစ်ပြီးတော့ မတူညီတဲ့ နည်းပညာ နှစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ ရင်းနှီးမြှုပ်နှံငွေ လိုအပ်နေတဲ့ သူတို့ နှစ်ယောက်ဟာ အစိုးရ အာဏာပိုင်တွေဆီမှာ လော်ဘီ လုပ်ရင်း ဂေါက်ရိုက်ဖို့ ဖြစ်လာပါတော့တယ်။ နည်းပညာ မတူညီတဲ့ ပြိုင်ဖက် သူငယ်ချင်း နှစ်ယောက် ရင်းနှီးမြှုပ်နှံငွေ ရရှိဖို့ ကြိုးစားရင်း နောက်ဆုံးမှာ ဘယ်သူ့ နည်းပညာက အနိုင်ရရှိသွားမလဲဆိုတာကတော့… (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပေးပါတယ်။) File Size : 690MB/ 1.33GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:46:05 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Stary, Miri & Treasure Htet Encoded by Tiff

Drama
6.8 2025
Lobby
Drop Dead Gorgeous

ဒီဇာတ်ကားလေးကတော့ Spidermanဇာတ်ကားသုံးတွဲမှာ MJအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kirsten Dunst ရဲ့ဇာတ်ကားလေးပါပဲ။ သူ့အပြင် တစ်ခြားအလှမင်းသမီးတွေလည်း ပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်မင်းသမီးလေးအလှမယ်ပြိုင်ပွဲဆိုပြီး အလှမယ်ပြိုင်ပွဲတစ်ခုရှိပါတယ်။ ဒီပြိုင်ပွဲကို မြို့နယ်ကနေ ပြည်နယ်အဆင့် ပြည်နယ်ကနေ နိုင်ငံအဆင့်ထိ ယှဥ်ပြိုင်ကြရပါတယ်။ ဇာတ်လမ်းအခြေတည်ထားတာကတော့ နယ်မြို့လေးဖြစ်တဲ့ မောင့်ရို့စ်ဆိုတဲ့နယ်မြို့‌‌လေးမှာပါပဲ။ ဒီမြို့လေးမှာလည်း အလှမယ်ပြိုင်ပွဲကျင်းပရင်း ပြိုင်ပွဲအဖွဲ့အစည်းရဲ့ ဥက္ကဌသမီးက နိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူမက ဒီပြိုင်ပွဲကိုအနိုင်ရဖို့ ဘယ်လောက်တောင်လုပ်ဆောင်သွားမလဲ။ ဇာတ်လိုက်ဖြစ်တဲ့ နောက်တွဲကားမှာ အမေနဲ့နှစ်ယောက်ထဲ နေထိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသမီးလေးကရော အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ကြည့်ရမှာပါ။ ရိုက်ကူးထားတဲ့ပုံစံကလည်း သာမန်နဲ့မတူဘဲ အလှမယ်ပြိုင်ပွဲကို မှတ်တမ်းတင်ရိုက်ကူးနေတဲ့ပုံစံနဲ့ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲလေးတစ်ခုအတွက် ဘယ်လောက်ထိရက်စက်ကြမလဲ။ မင်းသမီးကရော အနိုင်ရပါ့မလား။ ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုနိုင််မယ့် ဇာတ်လမ်း‌လေးတစ်ခုပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

Action • Thriller
0 1999
Drop Dead Gorgeous