YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Empire State (2013) [Action] [Liam Hemsworth] [USA] [5.1].mp4

1.07 GB N/A video/mp4 609 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mimic
6

ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက del Toro အမြင်ကို မလေးစားရင် ရုပ်ရှင်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့သာ မပြုတ်ခဲ့တာပါပဲ။ ဒီကားရဲ့ ရုံတင်ဗားရှင်းမှာလည်း သူ့လက်ထောက်ရိုက်ခဲ့တဲ့ အခန်းတွေထည့်ထားခဲ့တာကြောင့် သူတော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ ဒီကားနောက်ပိုင်းမှာလည်း သူတို့နဲ့ သူ ထပ်ကိုမလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူ Director's Cut ပြန်ထုတ်ခဲ့ပါတယ်။ အခုကားကတော့ del Toro လက်ရာစစ်စစ်ကို ကြည့်ရမယ့် Director's Cut ဗားရှင်း ရုပ်ရှင်‌ပေါ့။ သိပ္ပံပညာရှင်တွေဟာ လူသားတွေကောင်းကျိုးအတွက် အမျိုးမျိုး တီထွင် ဆန်းသစ် ကြံဆလေ့ရှိပါတယ်။ သို့ပေသော်ငြား အဲဒီလို လက်သရမ်းမှုမျိုးတွေမှာ ကောင်းကျိုးတွေရှိသလို မထင်မှတ်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပေးထားတာပါပဲ။ စတရစ်ကလာ ရောဂါဆိုးကြီး ပြန့်နှံ့ ကူးစက်လာတဲ့အချိန် ကလေးငယ်ပေါင်းများစွာ ဘဝပျက် သေကြေခဲ့ရတယ်။ အဲ့အချိန်မှာ ဆူဆန်ဆိုတဲ့ ပိုးမွှားဗေဒပညာရှင် အမျိုးသမီးဟာ ခြနဲ့ ဓားခုတ်ကောင်ရဲ့ မျိုးရိုးဗီဇကိုယူပြီး ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဂျူးဒတ်စ်ဆိုတဲ့ ပိုးကောင်လေးကို ဖန်တီးခဲ့တယ်။ လပိုင်းလောက်သာ သက်တမ်းရှိအောင် ဖန်တီးခဲ့ပေမယ့် နောက်၃နှစ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဂျူးဒတ်စ်တွေရဲ့ မျိုးပွားနိုင်နှုန်းဟာ သိပ်ကိုမြန်ဆန်သွားပြီး မျိုးရိုးဗီဇ တိုးတက်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတယ်။ လက်တစ်ဆုပ်လောက်သာရှိခဲ့တဲ့ ပိုးကောင်လေးတွေဟာ ဘယ်လိုပုံစံမျိုးအထိ ဖြစ်သွားမလဲ။ ဒါကို ဆူဆန်နဲ့ ပီတာတို့ ဘယ်လိုသိရှိသွားမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 45Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Crime • Thriller
6 1997 105 mins
Mimic
Romeo and Juliet
7.4

Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~ " မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး " ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ရူးသွပ်ခြင်းတွေအပြည့်လွှမ်းနေတယ်။ ဖာသာကြီးရဲ့စကားမှာ အချစ်ရဲ့သဘောသဘာဝအမှန်ပါနေပေမဲ့ ရိုမီရိုက နားမဝင်ခဲ့ဘူး။ မိုက်ကန်းရူးရဲ လူငယ်လေးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ရှိတ်စပီးယားဟာ ဒီဇာတ်ကို အခမ်းနားဆုံးအချစ်ဇာတ်လမ်းအနေနဲ့တင် ပုံဖော်ထားတာမဟုတ်ဘဲ လက်တွေ့အကျဆုံး အချစ်အကြောင်းဇာတ်လမ်းအနေနဲ့ပါ ပုံဖော်ထားတယ်။ ဒါကြီးကို လက်တွေ့ကျတယ်လို့ ပြောတာ ရူးရာကျမယ်လို့တော့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရိုမီရို ကာရိုက်တာနဲ့ ဖာသာကြီးစကားတွေကို ယှဉ်မြင်ကြည့်တဲ့အခါ ဒီလိုပဲမြင်ပါတယ်။ ရှိတ်စပီးယားဇာတ်ကို ရှိတ်စပီးယားဟန်အတိုင်း မြည်းစမ်းကြည့်ချင်တဲ့လူတွေကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nay Htet Walar Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 2H 18Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Htet Walar Kyaw Encoded by Y

Crime • Drama • Mystery
7.4 1968 138 mins
Romeo and Juliet
Love Story In Yilan
5.9

ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးမိသားစုဟာသ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့…… မြို့ငယ်လေးတစ်ခုမှာကြီးပြင်းခဲ့တဲ့ Chang Haiဆိုတဲ့ ဝင်ငွေယွမ်သိန်းသောင်းချီရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ Chang Haiကငွေပုံပေါ်မှာပဲ သူ့ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေချိန်မှာ မထင်မှတ်ပဲ အပြိုင်ကမ္ဘာကိုရောက်သွားခဲ့ပါတယ်။ အပြိုင်ကမ္ဘာရဲ့Chang Haiဟာ သူစွန့်လွှတ်ခဲ့တဲ့ အချစ်ဦးဆီပြန်ရောက်သွားပြီး အေးအတူပူအမျှ မောင်တစ်ထမ်းမယ်တစ်ရွက်ဘဝကိုဖြတ်သန်းရမယ်ဆိုတော့ သူဌေးChang Haiတစ်ယောက်ဘယ်လိုမှမနေနိုင်ပဲ သူ့ရဲ့ကမ္ဘာကိုပြန်သွားဖို့ကြိုးစားရတော့တာပေါ့…… သူ့ရဲမူလကမ္ဘာကိုပြန်သွားဖို့ကြိုးစားတဲ့အချိန် အလွဲအလွဲအချော်ချော်နဲ့ ဘယ်လိုတွေတောင်ကြိုးစားခဲ့ရသလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရမှာဖြစ်ပြီး သူ့ရဲ့ကမ္ဘာကိုပြန်ရောက်သွားတဲ့အခါ သူခံယူထားခဲ့တဲ့ ပျော်ရွှင်မှုဆိုတာက ပျော်ရွှင်မှုအစစ်အမှန်ဟုတ်ရဲ့လားဆိုတာကို Chang Haiတစ်ယောက်သံသယဖြစ်လာပြီး ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပြန်ရဖို့ ကြိုးစားပုံကို အခွီလေးနဲ့ကြည့်ရမှာဖြစ်ပါတဲ့အတွက် ပေါ့ပေါ့ပါးပါးမိသားစုဟာသကားလေးတွေကြိုက်တဲ့သူလေးတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။

Adventure • Animation • Comedy • Family
5.9 2022
Love Story In Yilan
Biosphere
5.6

Biosphere (2022) ============= ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.2 GB) / (507 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Mystery Translator…….Thetti Tun Encoder……….Zin Phyo Aung

Comedy • Romance
5.6 2022
Biosphere
In the Land of Blood and Honey

ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး) File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2011
In the Land of Blood and Honey
Barfi!
8.1

Barfi (2012) IMDb Rating (8.1) / Rotten Tomatoes (80%) မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်…ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။ ၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။ Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ထူးခြားမှုကတော့ Barfi ရုပ်ရှင်မှာ နာမည်ကြီး လူငယ်မင်းသားRanbir Kapoor နဲ့ ကမ္ဘာကျော်အိန္ဒိယမင်းသမီး Priyanka Chopraတို့ဟာ တစ်ကားလုံးမှာ”Barfi”ဆိုတဲ့Dialogueကိုသာ အများဆုံးပြောခဲ့ရပြီး တစ်ကားလုံးရဲ့သရုပ်ဆောင်မူဟာ Slient Acting Methodကိုသာအခြေခံရိုက် ကူးခဲ့တာဖြစ်ပါတယ်။ Ranbir Kapoorဟာ Barfi အတွက် ဒေလီက ဆွံ့အနားမကြားကျောင်း “Vari School”မှာ ၂ပတ်တိတိသွားရောက်နေထိုင်ကာ သရုပ်ဆောင်မှုတွေအတွက် ဆွံ့အနားမကြားတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုအတိုင်းနေခဲ့ပြီး မင်းသမီးPriyanka Chopra ဟာ Barfiရုပ်ရှင်အတွက် ၁၅ပေါင် Weightချကာ ဆံပင်ပါညှပ်ခဲ့ပြီး ကျပ်မပြည့်တဲ့မိန်းကလေးဇာတ်ကောင်အတွက် ကျကျနနပြင်ဆင်ခဲ့ပါတယ်။ Barfiရဲ့ အောင်မြင်မူကတော့ ရူပီကုဋေ၄၀သာ ရင်းခဲ့ပေမယ့် ရူပီ၁၇၂ကုဋေထိပြန်ရကာ highest-grossing Bollywood films of 2012 အပြင် filmfare award မှာလဲရုပ်ရှင်ဆုများစွာရရှိခဲ့ပါတယ်။ Barfi ဟာ ရှားရှားပါးပါး ဂျပန်Film Industryမှာ၂ပတ်တိတိရုံတင်ခံရတဲ့ အိန္ဒိယရုပ်ရှင်လည်းဖြစ်ခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းကို Htet Wa Na Facebook မှ ကူးယူဖော်ပြပါသည်။)

8.1 2012 151 mins
Barfi!
Thunder Monk
6.3

Thunder Monk (2023) ဦးဇင်းကျစ် အဖြစ် Oat Paramote Pathan ပတ်ပေါင့် အဖြစ် Pop PongKool Suebsung ဂျုံ အဖြစ် Fon Sananthachat ဝိုင် အဖြစ် Carissa Springgett ဇာတ်လမ်းအကျဉ်း အတိတ်ဘ၀ တုန်းက ဘုန်းဘုန်းကျစ်နဲ့မှော်ဆရာပတ်ပေါင်တို့က သိပ်ကိုချစ်ကြတဲ့ လင်မယားတွေပါ ဒီဘ၀မှာ နှစ်ယောက်လုံးက ယောကျာ်းလေးအဖြစ် မွေးဖွားလာပါသော်လည်း အတိတ်ဘ၀တုန်းက ပတ်ပေါင့် ဘုန်းဘုန်းကျစ်အစား အသေခံပေးခဲ့ပါတယ် ဒီအတွက် ဘုန်းဘုန်းကျစ်က ပတ်ပေါင့်ပြုသမျှ ၀ဋ်ကြွေးတွေကို သူခံယူပါ့မယ်လို တောင်းဆုပြုခဲ့ပါတယ် ဆိုတော့ ဘုန်းဘုန်းကျစ် အတိတ်တုန်းက သူ့မိန်းမဖြစ်ခဲ့တဲ့ မှော်ဆရာပတ်ပေါင့်ဆီကို ၀ဋ်ကြွေးလွှတ်မြောက်အောင် လုပ်ဖို့ သွားပါတော့တယ် ဖြစ်ချင်တော့ ဒီဘ၀မှာ မှော်ဆရာပတ်ပေါင့်က ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်ရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုထားပါတယ် သို့ပေမဲ့ သူ့စကားကို မတည်နိုင်ဘဲ နောက်ကောင်မလေး တစ်ယောက်ကို ချစ်ကြိုက်သွားပါတယ် သူ့ကျိန်စာကြောင့် မိုးကြိုးက မှော်ဆရာကို ပစ်ရမယ့်အစား အတိတ်ဘ၀က ဘုန်းဘုန်းကျစ်ရဲ့ တောင်းဆုကြောင့် ဘုန်းဘုန်းကိုပဲ ပစ်မှာပါ ဆိုတော့ ဘုန်းဘုန်းကျစ် မှော်ဆရာကို အချိန်မှီတားနိုင်ပါ့မလား ဆိုတာကို အူတက်အောင် ရယ်မောရင်း စောင့်ကြည့်လိုက်ပါ (အညွှန်းရေးသားသူမှာ Fake Love ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham & Fake Love ဖြစ်ပါတယ်။) Genre….. Action, Comedy Quality…. 1080p | 720p File size… 1.4GB | 676MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Nang Mwe Kham & Fake Love Encoder ….. Aaron

6.3 2023
Thunder Monk
Menunggu Bunda
8.1

Menunggu Bunda (2021) ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို “မသွားပါနဲ့ဦး အမေ” လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။ Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။ Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Family, Drama Quality…. 1080p | 720p File size…670MB | 349MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

8.1 2021
Menunggu Bunda
The Thing
8.2

The Thing (1982) ~ IMDb – 8.2/10, Rotten Tomatoes – 85% ~ The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter… သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ဟောလိုးဝင်းနောက်ထွက်ကားတွေမှာ သူဟာ ဂီတနောက်ခံတေးသွားဖန်တီးသူအဖြစ်ရော Executive Producer အဖြစ်ပါ ပြန်ပါဝင်လာခဲ့တယ်။ မနှစ်ကထွက်ခဲ့တဲ့ ဟောလိုးဝင်းကားအထိပေါ့။ ကာပန်တာဟာ ဘတ်ဂျက်နည်းနည်းနဲ့ အမြတ်အစွန်းများအောင် လုပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ပဲ။ သူရွေးထားတဲ့လိုင်းကလည်း ဟော်ရာဖြစ်နေသကိုး။ ဒါပေမဲ့ The Thing ကတော့ သူ့အတွက် ပြောင်းပြန်ဖြစ်ခဲ့တယ်။ ရှေ့က သူ့အောင်မြင်မှုတွေအားလုံးကို ရိုက်ချိုးခဲ့တဲ့ကားဖြစ်ခဲ့တယ်။ The Thing အတွက် သူဘတ်ဂျက်တော်တော်သုံးခဲ့ပေမဲ့ စိတ်ညစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကလည်း မကြိုက်ကြသလို သူနောက်ရိုက်ရမယ့်ကားတွေကိုပါ မရိုက်ရတော့တဲ့အထိ သက်ရောက်ခဲ့တယ်။ The Thing ဟာ သူ့ဘဝကို ဖျက်ခဲ့တဲ့ရုပ်ရှင်လို့တောင်ပြောရမယ်။ Worst Musical Score ဆုကိုပါ Razzie Awards မှာရလိုက်သေးတယ်။ ဒါပေမဲ့လည်း ခေတ်တစ်ခေတ်ကို ကျော်လွန်အပြီးမှာတော့ The Thing ကို ဟော်ရာရုပ်ရှင်တွေရဲ့ မိုင်တိုင်တစ်ခုအဖြစ်သတ်မှတ်လာကြသလို The Thing ဟာ ကလပ်စစ်တန်းဝင် ဟော်ရာကားတစ်ကားဖြစ်လာခဲ့တယ်။ The Thing ဟာ ဂျွန်ကာပန်တာရဲ့ အထင်ကရအဖြစ်ဆုံးကားလည်းဖြစ်လာခဲ့တယ်။ ဇာတ်လမ်းကတော့ အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို့ သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။ တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသနစခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူတို့နားမှာ ပျက်ကျသွားတယ်။ အကြောင်းအရင်းကို စုံစမ်းဖို့နဲ့ အကူအညီလိုရင် ကူညီပေးဖို့အတွက် သူတို့တွေ အိမ်နီးချင်းစခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မတွေ့ရတော့ဘူး။ အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို့ သူတို့စခန်းကိုပြန်သယ်လာပြီး စစ်ကြည့်နေတုန်းမှာ ထူးဆန်းတာတွေ တွေ့လာရပြီးတော့ သူတို့ရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 875MB Quality – 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 49Min Genre – Horror, Mystery, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

8.2 1982
The Thing
As Verdades
6

ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ Ryūnosuke Akutagawa ရဲ့ ၀တ္ထုတိုတပုဒ်ဖြစ်တဲ့ In A Grove ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ပေါ်တူဂီရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဘရာဇီးက မြို့လေးတမြို့မှာဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးဟာ ပင်လယ်ကမ်းစပ်နဲ့နီးတယ် သေးငယ်တယ် တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့ခံမဟုတ်ဘဲ ခဏတဖြုတ်လာလည်တဲ့သူတွေကတော့ ဒီမြို့လေးကို ကောင်းကင်ဘုံလေးအဖြစ် တင်စားကြတယ်။ ဒါပေမဲ့ ဒီမြို့မှာမွေး ဒီမြို့မှာကြီးပြင်းခဲ့ကြတဲ့ မြို့ခံတွေအတွက်တော့ ဒီမြို့လေးဟာ ငရဲပြည်သာသာပါ။ ဂျိုဆူအဲဟာ ၂နှစ်အကြာမှာ ရဲချုပ်အဖြစ်တာ၀န်ကျတဲ့ ဒီမြို့ငယ်လေးကိုပြန်ရောက်လာတယ်။ ဂျိုဆူအဲမှာ တချိန်ကချစ်ကြိုက်ခဲ့ဖူးတဲ့ ဖရန်စစ်စကာလို့အမည်ရတဲ့ မိန်းကလေးတဦးရှိခဲ့ဖူးတယ်။ ဖရန်စစ်စကာဟာ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မြင်သူတကာငေးရတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတဦးဖြစ်တယ်။ ဒါပေမဲ့ သူမဟာ အထီးကျန်ရတာကိုမုန်းတယ် ကြောက်တယ်။ ဂျိုဆူအဲပြန်ရောက်လာတဲ့အချိန်မှာ မြို့ငယ်လေးဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ဆက်လက်ငြိမ်သက်နေပေမဲ့ သူချစ်ခဲ့ဖူးတဲ့မိန်းကလေးဖြစ်တဲ့ ဖရန်စစ်စကာကတော့ မြို့တော်၀န်အဖြစ်‌၀င်ရောက်ရွေးချယ်ခံဖို့ရှိနေတဲ့ မြို့တော်၀န်လောင်း ဗယ်လ်မီနဲ့ လက်‌ထပ်တော့မှာပါ။ တရက်မှာ ဂျိုဆူအဲရဲ့ရဲစခန်းဆီကို သတင်းတခုပို့လာပါတယ်။ ဒီသတင်းကတော့ မြို့တော်၀န်လောင်းဖြစ်တဲ့ဗယ်လ်မီတယောက် မြို့ပြင်က မြေရိုင်းမှာ ကားကြိတ်ခံထားရတယ်ဆိုတာပါ။ ဒီလိုနဲ့ ဂျိုဆူအဲဟာ ဗယ်လ်မီတိုက်ခိုက်ခံရတဲ့ ရာဇ၀တ်မှုကိုလိုက်လံစုံစမ်းရင်းကနေ ဗယ်လ်မီရဲ့ ဇနီးလောင်း ဖရန်စစ်စကာ၊ ဗယ်လ်မီကိုလုပ်ကြံခဲ့တယ်လို့ သံသယရှိတဲ့ စီဆီရိုနဲ့ နစ်နာသူ ဗယ်လ်မီတို့ဆီကနေ မတူညီတဲ့ထွက်ဆိုမှုတွေ ဇာတ်လမ်းတွေကို ကြားလာရပါတယ်။ ဒီလူတွေရဲ့နှုတ်ကထွက်တဲ့ ဇာတ်လမ်းတွေထဲမှာမှ ဘယ်ဇာတ်လမ်းကအမှန်ဖြစ်မလဲ ဗယ်လ်မီကိုလုပ်ကြံခဲ့တဲ့သူက စီဆီယိုလား ဖရန်စစ်စကာလား ဒါမှမဟုတ် ဘယ်သူများလဲဆိုတာကို ထိခိုက်ပြတ်ရှဖွယ်ကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အမှုအခင်း ဒရုမာ ထိတ်လန့်စရာတွေကို အချိုးညီညီပေါင်းစပ်ပြီး ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာကြောင့် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.54 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama
6 2022
As Verdades
Tekken

ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး ​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့ တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို ​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင် ​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Comedy • Romance
0 2010
Tekken
How to Steal a Million
7.5

နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။ နီကိုးလ်ရဲ့ အ​ဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။ တရက်မှာတော့ နီကိုးလ်ရဲ့ အဖေဟာ ပြဿနာတစ်ခုကြောင့် မိဘမကောင်း သားသမီးခေါင်းဆိုသလို မဖြစ်မနေဖြေရှင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါးမော့တ် လည်း နီကိုးလ်ရဲ့ ပြဿနာတွေကိုလိုက်လံကူညီဖြေရှင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဘယ်လိုအစီအစဉ်တွေနဲ့ ဖောက်ထွင်းရေးကို လုပ်ကြမလဲ၊ နီကိုးလ်နဲ့ ဘယ်လိုနီးစပ်သွားမလဲဆိုတာကို ရသပေါင်းစုံ နဲဲ့ရိုက်ကူးထားပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Comedy, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

7.5 1966
How to Steal a Million
Scorched Earth Verbrannte Erde
6.7

Scorched Earth (2024) IMDb Rating (6.7) ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Thomas Arslan က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 6.7 ရရှိထားပါတယ်။ အမျိုးအစားကတော့ မှုခင်းရာဇဝတ်အမျိုးအစားပါ။ အိမ်တွေ ၊ ဘဏ်တွေ ၊ ပြတိုက်တွေ ဖောက်ထွင်းပြီးတော့ အသက်ရှင်ကြတဲ့သူတွေ အကြောင်းကို ရိုက်ကူးထားပါတယ်။ ထရိုဂျန်က သူရဲ့ ဘဝကို ဒီလိုပဲ ဖောက်ထွင်းပြီးတော့ ရှင်သန်ပါတယ်။ သူ့ဘဝကို ဒီလိုပဲ ဖြတ်သန်းနေရင်း ကိစ္စကြီးကြီးကို တစ်ချီတည်း လုပ်ကြည့်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ သူစဥ်းစားထားသလို ဖြစ်ပါ့မလား။ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေ ၊ ခိုင်ခံ့တဲ့ ဇာတ်အိမ်တွေနဲ့ဆိုတော့ တကယ်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ပါလို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Thriller Duration….01:41:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

6.7 2024 101 mins
Scorched Earth Verbrannte Erde
The Demon’s Bride Pengantin Iblis
5.6

The Demon’s Bride (2025) IMDb Rating (5.6) နတ်ဆိုးနဲ့အပေးအယူလုပ်တာ၊ လက်ထပ်တာ၊ ကတိကဝတ်ပြုတာမျိုးတွေကို လူတွေဟာကြံရာမရဖြစ်ချိန်တွေမှာ ကောက်ရိုးလေးတစ်မျှင်အနေနဲ့လုပ်လေ့လုပ်ထရှိကြပြီး ပြဿနာတွေပြေလည်ပြီးလို့ပြန်လည်ပေးဆပ်ရမယ့်အချိန်ရောက်လာတဲ့အခါ ပေးလိုက်ရတဲ့ တန်ဖိုးတွေဟာ မတန်တဆဖြစ်နေတတ်တာကိုမြင်ဖူးကြမှာပါ။ အောက်လမ်း၊ မှော်ပညာ၊ နတ်ဆိုး အစရှိတဲ့အရာတွေဟာ မတို့ထိသင့် မပတ်သက်သင့်တဲ့အရာတွေဖြစ်နေလို့ပါပဲ။ အင်ဒိုနီးရှားနိုင်ငံမှာတော့ စည်းစိမ်ဥစ္စာအတွက်၊ ကျန်းမာရေးအတွက် နတ်ဆိုးနဲ့လက်ထပ်တဲ့ အလေ့အထဟာ အခုချိန်ထိအမြစ်တွယ်နေဆဲလို့ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ ထွက်ပေါက်မဲ့နေတဲ့ အိမ်ရှင်မတစ်ယောက်၊ ကြံရာမရဖြစ်ချိန်မှာဒီအစီအရင်ကိုလုပ်ခဲ့မိပြီး ကြောက်စရာအကျိုးဆက်တွေနဲ့ရင်ဆိုင်ရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအစီအရင်ကိုလက်တွေ့ကျင့်သုံးခဲ့ဖူးသူတွေကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို အခြေခံပေါင်းစပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:43:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Horror • Thriller
5.6 2025 105 mins
The Demon’s Bride Pengantin Iblis
Hit-and-Run Squad
6.6

Hit-and-Run Squad (2019) ************************* IMDb… 6.6 Gong Hyo Jin, Jo Jung Seok, Ryu Jun Yeol, Seon Suk Ku, Yeom Jung Ah, Jeon Hye Jin.. စတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားတိုက်​​ပြေးအမှုကို ​ ဖော်ထုတ်တဲ့ Hit-and-Run Squad စုံထောက်ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်​ပေးပါရစေ။ ရဲအတွင်းစစ်ဌာနတစ်ခုရဲ့ ဒုအဖွဲ့မှူးတစ်ဖြစ်လဲ ရဲဌာနတွင်း အကျင့်ပျက်ရဲ​တွေကို ​ဖော်ထုတ်ဖို့ ကြိုးပန်းနေတဲ့ စုံစမ်းရေးမှုး အွန်းရှီယွန်း… အရင်က​ မူးယစ်​ဆေး​​ကြောင့် ထောင်ကျဖူးပေမဲ့ လက်ရှိမှာတော့ ကားတိုက်​​ပြေးမှုဌာနက စုံစမ်း​ရေးအဖွဲ့ဝင်တစ်ယောက်အဖြစ် အမှုတွေကို စွမ်းစွမ်းတမံလိုက်နေတဲ့ ဒုဗိုလ် ဆောမင်ဂျယ်… ရာထူးမြင့်အာဏာပိုင်တွေကို လာဘ်ထိုးပြီး ထင်တိုင်းကြဲ‌နေတဲ့ JC Motors ကုမ္ပဏီရဲ့ ဥက္ကဌ ​ဂျောင်ဂျယ်​ချော… လာဘ်စားတဲ့ ရဲချုပ်ကို စုံစမ်း​နေတဲ့ အွန်းရှီယွန်းနဲ့ တိုက်​ပြေးမှုကို စုံစမ်း​နေတဲ့ ​ဆောမင်ဂျယ်တို့ အမှုနှစ်ခုရဲ့ ဆုံမှတ်ဟာ JC Motors ရဲ့ ​ဂျောင်ဂျယ်​ချောဖြစ်​နေတဲ့အခါ…. ​ဂျောင်ဂျယ်​ချောက လာဘ်ယူထားတဲ့ ရဲချုပ်ကို ထိုး​ကျွေးပြီး အမှုက​နေလွတ်ဖို့ ဘယ်သူ့ဆီ ထပ်ပြီးချဥ်းကပ်မလဲ… ဘယ်အရာရှိက သစ္စာ​ဖောက်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ရ​အောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Stary ပဲ ဖြစ်ပါတယ်။) File Size : 1.73GB/ 790MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration… 2hr13m Genre : Action, Crime, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

Drama • Romance
6.6 2019 133 mins
Hit-and-Run Squad