YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Elsbeth.S03E05.720p.(CM).mp4

372.68 MB 720p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Mother
6.8

Annem (2019) =========== Genre – Drama IMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြ သလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့ တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါ တယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်း မျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာ ကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင် မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူ တကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှ ရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက် စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျား ပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေ အိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ် နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွား ကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့ တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကော လိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့ တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့ မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင် ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတ ပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေ ရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင် တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.56 GB) / (632 MB) / (364 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM

Horror • Science Fiction
6.8 2019 104 mins
My Mother
Scream VI
7.2

Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ အဲဒီ လူသတ်သမားတွေကို အရမ်းအားကျတဲ့ သူတွေကလည်း သူ့ကိုသတ်နိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလိုနဲ့ သူတို့အနားကလူတွေ တဖြုတ်ဖြုတ် အသတ်ခံလာရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ထုံးစံအတိုင်းလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါပဲ။ ညီအစ်မနှစ်ယောက်နေရာမှာတော့ အရင် Scream မင်းသမီး Melissa Barrera နဲ့ ဝန့်ဇ်ဒေးစီးရီးထဲကမင်းသမီးလေး Jenna Ortega တို့ ပါဝင်ထားရုံတင်မက ပင်တိုင်စံမမကြီး Courtney Cox လည်း ဆက်ပါထားပါသေးတယ်။ Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 6.7GB, 1.85GB, 860MB Quality - 4K HEVC, 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama • War
7.2 2023 123 mins
Scream VI
Maari 2
5.6

မြန်မာစာတန်းထိုး ဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့..... လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။ မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး.... နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။ လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။ သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ ဖိုက်တင်ဆိုရင် လေပေါ်ကို လွင့်မှ ၊ ကားမှန်တွေကွဲ သေနတ်တွေ ပစ်မှ ၊ အားရကျေနပ်တယ်ဆိုရင်တော့..... အသစ်စက်စက် ထွက်ရှိလာတဲ့ ဒီကားနဲ့ ၂၀၁၅ ထွက် Maari ဇာတ်ကားနှစ်ကားလုံးဟာ ပြောစရာ ဟာကွက်မရှိတဲ့ ဇာတ်ကားတွေသာ ဖြစ်ပါတယ်။ File size…3GB / 1.5GB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kyal Sin Yati Ko

5.6 2018 150 mins
Maari 2
Deep in the Forest

DEEP IN THE FOREST (2021) ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ အမေရိကန်ကြီး ဖက်ဆစ်ဆန်သွားတဲ့အကြောင်းပေါ့။ ကားစစမှာ အမေရိကန်အစိုးရက ဂျာမန်တွေသုံးတဲ့နည်းသုံးပြီး အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ဖြိုခွင်းဖို့လုပ်တယ်။ ကိုယ့်လွှတ်တော်အဆောက်အဦးကို ကိုယ့်ဘာသာဗုံးခွဲပြီး အစိုးရကိုဆန့်ကျင်တဲ့လူတွေလုပ်ပါတယ်ဆိုပြီး လိုက်ဖမ်းတာပေါ့။ ဒီလိုနဲ့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တောခိုသွားတယ်။ ကားနာမည်ကိုက တောကြီးမျက်မည်းတဲ့လေ။ တောကြီးမျက်မည်းကနေ မတရားတဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေရဲ့ အဖြစ်သနစ်ကို ရိုက်ပြထားပါတယ်။ ထူးတာက ဒီကားက အမေရိကန်ရဲ့မရှိသေးတဲ့ ဒုတိယအကြိမ်မြောက် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီလိုဆန်းဆန်းပြားပြား အိုင်ဒီယာနဲ့ရိုက်ပြီး တောတွင်းက လူ့သဘောမနောတွေကို သေချာပုံဖော်ထားတဲ့ ရုပ်ရှင်ကိုကျ rating နည်းနေပြီး အပေါ်က ဘာမှန်းမသိတဲ့ကားတွေမှာကျ များနေတဲ့ ratingကိုမယုံကြည်ဘဲ ခေတ်ကာလအခြေအနေကိုလည်း ထပ်ဟပ်မှုရှိတဲ့ တကယ့်ကားကောင်းကို လက်လွတ်မခံဘဲကြည့်ကြစေချင်ပါတယ်။ File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__4.1/10 Format__mp4 Duration__01:10:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Michael The Archangel Encoded by Dean Winchester

Horror • Mystery • Thriller
0 2022 77 mins
Deep in the Forest
The Moment
6.6

ကျင်မ် အဖြစ် Toni Rakkaen ဖရောင် အဖြစ် Toey Jarinporn Joonkiat ကန် အဖြစ် Fluke Kan Kantathavorn ကင် အဖြစ် Yoo Teo သွန့် အဖြစ် Peach Pachara ကျီအပ် အဖြစ် Kao Supassara ဇာတ်လမ်းအကျဉ်း လူတိုင်းမှာ မလွှဲသာလို့လက်လွှတ်လိုက်ရပေမဲ့ မပြီးပြတ်နိုင်တဲ့ သံယောဇဉ်တွေ ၊ မဖြစ်သင့်လို့ မရွေးချယ်လိုက်ရတဲ့ ဆက်ဆံရေးတွေ ရှိကြတယ် ဒီဇာတ်ကားကလည်း လန်ဒန် ၊ ဆိုးလ် နဲ့ နယူးယောက်တို့မှာ ရှိနေတဲ့ စုံတွဲ သုံးတွဲရဲ့ အချစ်ဇာတ်လမ်းတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ကျောင်းတက်ဖို့ လန်ဒန်ကိုရောက်လာခဲ့တဲ့ ဖရောင်က တစ်ချိန်က အနေဝေးခဲ့လို့ လမ်းခွဲခဲ့တဲ့ ချစ်သူဟောင်း ကျင်မ်နဲ့ ပြန်လည်ဆုံတွေ့ခဲ့တယ် အချစ်ဟောင်းကို မမေ့နိုင်ပေမဲ့ ဖရောင့်မှာ ဆိုးလ်မြို့ထဲ အလုပ်ဝင်နေတဲ့ ချစ်သူ ကန်က ရှိနေခဲ့ပြီးပါပြီ ကန်ကလည်း ဆိုးလ်မှာ ဆိုဂျူရောင်းဝယ်ရေးပရောဂျက်အတွက် ဒါရိုက်တာဖြစ်တဲ့ မစ္စတာကင်နဲ့ အလုပ်တွေများနေခဲ့ပြီး ဖရောင့်နား ရှိမနေပေးနိုင်ခဲ့ဘူး သွန့်ဆိုတဲ့ ကောင်လေးကလည်း ချစ်သူဖြစ်သူ နာနဲ့အဆက်အသွယ်မရလို့ နယူးယောက်ကို လိုက်လာခဲ့ပေမဲ့ ချစ်သူ့အခန်းမှာ ကျီအပ်ဆိုတဲ့မိန်းကလေးနဲ့ပဲ တွေ့ခဲ့တယ် သတင်းတွေအရ သွန့်ဂရုမစိုက်ပဲ ပစ်ထားမိတဲ့ ကာလအတွင်း နာက ကျီအပ်ရဲ့ကောင်လေး ဆင်နဲ့ တွဲနေခဲ့ပြီလို့ကြားရလို့ သွန့်နဲ့ကျီအပ်က ချစ်သူရှာပုံတော် လိုက်ဖွင့်ခဲ့ပါတော့တယ် လန်ဒန်မှာ ပြန်တွေ့ပြီး အရင်ကသံယောဇဉ်ဟောင်းတွေ ပြန်ပေါ်လာတဲ့ ကျင်မ်နဲ့ ဖရောင်… အလုပ်အတွက် လေ့လာရင်း မစ္စတာကင်က မိန်းကလေးတွေကိုစိတ်ဝင်စားသူမဟုတ်တာ သိသွားခဲ့တဲ့ ကန်… ပျောက်ဆုံးနေတဲ့ ချစ်သူကို လိုက်ရှာရင်း ကျီအပ်ကို စိတ်ယိုင်မိသွားတဲ့ သွန့်… ဒီလူခြောက်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ဘာကိုများရွေးချယ်ကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(1.2GB) / (700MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:33:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Naing Aung Latt

Drama • History
6.6 2017
The Moment
En Corps(Rise)
7.2

En Corps(Rise) (2022) ================ IMDb Rating – 7.2/10 ဇတ်လမ်းလေးကတော့ ဘဲလေးကချေသည်လေးအဲလစ်မှာ စင်ပေါ်မှာဖျော်ဖြေနေတုန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားတယ်၊ အရင်ကတည်းကဒဏ်ရာဟောင်းကိုပဲသုံးခါလောက်ထပ်ဖြစ်တော့ ဆရာဝန်က ဘဲလေးအကကို နှစ်အနည်းငယ်လောက်နားဖို့ပြော လိုက်တာပေါ့၊ ငယ်ငယ်ကတည်းက ဘဲလေးအကကို ကလာတာ ရယ် ရူးသွပ်တဲ့စွဲလန်းမှုတွေကြောင့် ရပ်နားရမယ်လို့ကြားလိုက်ရတဲ့ စကားကသူ့အတွက်အတော်လေးစိတ်ဓာတ်ကျစေတယ်။ အက မကရတဲ့အတွက်အခြားအလုပ်ကိုပြောင်းပြီးလုပ်မယ်လို့ စိတ်ကူးရင်းနဲ့ သူငယ်ချင်းဆဘရီနာနဲ့ဆက်သွယ်ဖြစ်တယ်၊ ဆဘရီ နာရဲ့ ချစ်သူက အနုပညာသင်တန်းတစ်ခုမှာစာဖိုမှူးလုပ်နေတာဆိုတော့ အဲလစ်လည်းလက်ခံလိုက်တယ်၊ဆေးကုနေရင်း အနုပညာသင်တန်းမှာ ခေတ်ပေါ်အကကိုတဖြည်းဖြည်းနဲ့လိုက်က ကြည့်တယ်၊ ဒဏ်ရာက တဖြည်းဖြည်းသက်သာတဲ့အတွက် ခေတ်ပေါ်အကအဖွဲ့ကိုဝင်ကရင်းနဲ့ စင်ပေါ်မှာပြန်လည်တင်ဆက်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြည့်ရှုပေးပါဦးလို့ပြောလိုက် ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(2.2 GB) / (870 MB) / (514 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 57Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Tin Myo Lwin Encoder……….SWM

Adventure • Family • Fantasy
7.2 2022 117 mins
En Corps(Rise)
Breakfast at Tiffany’s
7.6

Breakfast at Tiffany’s (1961) ~ IMDb – 7.6/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒ‌ရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb – 7.6/10 || Rotten Tomatoes – 88% အသီးသီးရရှိထားပြီး Breakfast at Tiffany’s ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်‌ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။ သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး တဖြည်းဖြည်းနဲ့မိတ်ဆွေကောင်းတွေဖြစ်သွားခဲ့ကြတယ်။ တစ်နေ့မှာတော့ အသားညိုညို တောင့်တောင့်ဖြောင့်ဖြောင့် အရပ်ရှည်ရှည် ဘရာဇီးလူမျိုး လူကုံထံအထက်တန်းစား မောင်ချမ်းသာတစ်ယောက်နဲ့ ဂိုလိုက်လီးတို့ချိန်းတွေ့ပြီးပြန်အလာ အခန်းဝမှာရောက်နေခဲ့တဲ့ကြေးနန်းစာတစ်စောင်ကြောင့် ဟော်လီတစ်ယောက်ယူကြုံးမရတဲ့အဖြစ်နဲ့ကြုံခဲ့ရတယ်။ အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးတဲ့နောက် ဟော်လီတစ်ယောက် နလန်ထူနိုင်ချိန်မှာ ဘရာဇီးကိုသူ့ချစ်သူနဲ့အတူလိုက်သွားဖို့စီစဉ်ပြီး သူရဲ့အိမ်နီးချင်းမိတ်ဆွေကောင်းပေါလ်ကို နောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့လုပ်ခဲ့တယ်။ သူတို့စားသောက်ကြပြီး အိမ်အပြန်မှာ ဟော်လီ့ကို မူးယစ်ဆေးအဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့စွဲချက်ကြောင့် သတင်းထောက်‌တွေရောက်နေခဲ့ပြီး ဇယားတွေရှုပ်ခဲ့တယ်။ အဲဒီနောက်မှာ မိသားစုဂုဏ်သိမ်ကိုထိခိုက်မခံနိုင်တဲ့ ဟော်လီရဲ့ချစ်သူဟာလည်း သူ့ကိုစာတစ်စောင်နဲ့ဖြတ်ချသွားခဲ့တယ်။ လူတစ်ယောက်ကိုတကယ်ချစ်မိမှာ ကြောက်တဲ့ဟော်လီတစ်ယောက် သူ့အတွက်ဆိုအမြဲအသင့်ရှိနေတဲ့ ပေါလ်ရဲ့အချစ်ကိုလက်မခံနိုင်တဲ့နောက်ဆုံး ပေါလ်လည်း သူ့ကိုထားခဲ့လိုက်တယ်။ နောက်ဆုံးမှာ ဟော်လီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်ကိုချလိုက်မလဲဆိုတာကို ခံစားချက်ရိုလာကိုစတာကြီးစီးပြီး ကြည့်ရှုလိုက်ရအောင်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.85GB, 905MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 55Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

7.6 1961
Breakfast at Tiffany’s
Jules
7.1

Jules (2023) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 27Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror • Mystery • Thriller
7.1 2023 87 mins
Jules
True Story
6.3

127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုး နာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့ နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင် သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကား တစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက် တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့ သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေ သွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေက လက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့ သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ် ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါ တော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာ ကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းက သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုပြီးတော့ နှစ်ယောက်သား စာအုပ်ထုတ်ဖို့ အတူတူလုပ်ကြရင်းနဲ့ ကြုံတွေ့လာရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 751MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.3 2015 99 mins
True Story
I Don’t Feel at Home in This World Anymore
6.9

Crime/Thriller ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးလာပါပြီ… Ruth ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ဖောက်ထွင်း ခံလိုက်ရပြီး laptop နဲ့သူ့အဖွားကျန်ခဲ့‌တဲ့ပစ္စည်းတွေခိုးခံရပြီးနောက် ရဲစခန်းကိုအကြောင်းကြားခဲ့ပါတယ်… ရဲတွေ အိမ်ကိုလာပြီး သက်သေလာယူသွားတာကလွဲလို့ ဘာမှမထူးခဲ့ပါဘူး တစ်နေ့ ခြေရာခံတဲ့ app ကနေ သူ့ laptop ကိုခြေရာခံမိသွားလို့ ရဲသခန်းကိုထပ်မံအကြောင်း ကြားခဲ့ပေမယ့် လျစ်လျူရှူပြန်ပါတယ်… ဒီတော့ Ruth ဟာသူခိုးကို သူကိုယ်တိုင်ဖမ်းဖို့ဖြစ်လာပါတော့တယ်.. ဒီတော့ ဘေးအိမ်က Tony ဆိုတဲ့လူကိုအကူအညီတောင်းပြီး နှစ်ယောက်သား သူခိုးဘယ်လိုဖမ်းကြမလဲဆိုတာကတော့ ရုပ်ရှင်သာကြည့်လိုက်ကြပါတော့…. File size…1.42GB / 602MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

6.9 2017
I Don’t Feel at Home in This World Anymore
Life of Mariko in Kabukicho
5.7

Life of Mariko in Kabuchiko ( 2023 ) =============================== ဒီဂျပန်ကားက တော်တော်စားတဲ့ ဂျပန်ကားလို့ပြောရမယ်။ ဇာတ်အိမ်တည်တာကတော့ ဂျပန်ရဲ့ ဂိုဏ်စတားတွေဆုံသလို လူလည်းစည်တဲ့ ရှင်ဂျူခုမှာ။ အဲဒီမှာ မာရိခိုဆိုတဲ့ ကောင်မလေးက ဘားဖွင့်ထားတယ်။ ဒါပေမဲ့ သူ့အဓိက အလုပ်က အလွတ်စုံထောက်အလုပ်။ သူကလည်းဆန်းသလို သူ့ဘားကိုလာသောက်ကြတဲ့ လူတွေကလည်း လူထူးဆန်းတွေချည်း။ အဲဒီဘားမှာ တော်တော့်ကို အကြောင်းအရာစုံ အကြောင်းအရာကြောင်ကြောင်ကြားကြားတွေ ကြားရတတ်တယ်။ မာရိခိုရဲ့နောက်ကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ်သလို သူ့ဘားကို လာတဲ့သူတွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူဟာ ဘားဖွင့်ထားပေမဲ့ နာမည်ရ အလွတ်စုံထောက်လည်း ဖြစ်နေတယ်။ ဒီတော့ သူ့ဆီကို အရေးကြီးတဲ့အမှုတွေ လာအပ်ကြတယ်။ ဒီတစ်ခါ သူဖြေရှင်းရမယ့်အမှုက ဂျပန်ကိုရောက်လာတဲ့ဂြိုဟ်သားတစ်ကောင်ကို ရှာပေးရမယ့်အမှု။ ဒီဂြိုဟ်သားကို ဂျပန်နဲ့အမေရိကန် သဘောတူညီချက်အရ အမေရိကန်ကို ပို့ဖို့ လုပ်ထားပေမဲ့ စခန်းက ပညာရှင်တစ်ယောက်က ဂြိုဟ်သားကိုခိုးသွားတယ်။ ဒီတော့ ဒီဂြိုဟ်သားနဲ့ ဒီဂြိုဟ်သားကိုခိုးသွားတဲ့ သူကို ရှာပေးဖို့ အက်ဖ်ဘီအိုင်က သူ့ကို အလုပ်လာအပ်လာတယ်။ မာရိခိုဟာ သူ့မိတ်တွေအကူအညီနဲ့ ဂြိုဟ်သားကိုရှာရင်း မထင်မှတ်ထားတာတွေပါ ကြုံလာရတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ကြည့်ပေါ့။ ဂျပန်ရုပ်ရှင်တွေဟာ စားရင်လည်း အင်မတန်စားတတ်ကြတာမို့ ဒီရုပ်ရှင်က ဂျပန်ရဲ့ ခပ်စားစား ရုပ်ရှင်တစ်ကားပါပဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:56:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5.7 2023
Life of Mariko in Kabukicho
Harom Hara
8.1

Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်) IMDb – 9.1/10 ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ သူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိ ကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲ သူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။ တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကို ရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ ……. အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား ……. ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ Alex~ KKKZ~ Thura တို့ပဲဖြစ်ပါတယ်)

8.1 2024
Harom Hara
Munkar
6.4

Munkar 2024 ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက်လာတဲ့ အင်ဒို horror ကားလေးပဲဖြစ်ပါတယ် အာရှသရဲကားတွေထုံးစံအတိုင်း မကြောက်ကြောက်အောင် ရှယ်ခြောက်ပေးမှာမို့ သရဲကားဆို အာရှကားမှဆိုတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်ပါပဲ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ အာရှသရဲကားတွေကိုမှ ခေတ်မှီပြုလုပ်ချက်တွေနဲ့ ကင်မရာရှုထောင့်တွေ အသံပြုလုပ်ချက်အလန်းတွေနဲ့မို့ ကြည့်ရတာအရသာရှိရှိကြောက်နေရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟာလီနာဆိုတဲ့ကောင်မလေးတစ်ယောက်က အစ္စလာမ်ဘာသာရေးမိန်းကလေးဘော်ဒါ‌ဆောင်မှာ ကျောင်းသူသစ်လေးပါ ရောက်စဆိုတော့ အဆင်မပြေတဲ့အချိန်မှာ တခြားကျောင်းသူတွေကအနိုင်ကျင့်ရင်းလက်လွန်ပြီး ယဉ်တိုက်မှုဖြစ်သွားပါတယ် ယဉ်တိုက်မှုကနေပြန်ကောင်းလို့ ကျောင်းပြန်ရောက်လာတဲ့အချိန်မှာ တစ်မျိုးဖြစ်ပြီး ထူးဆန်းနေတဲ့ ဟာလီနာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 875MB | 475MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.4 2024
Munkar
Hauntology
3.6

Hauntology (2024) IMDb Rating (3.6) Hauntology သည် 2024 တွင်ထွက်ရှိထားသော Horror ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ မှတ်ဉာဏ်၊အချိန်နဲ့ အတိတ်မှာတည်ရှိ‌နေတာတွေကို ခြောက်လှန့်ဖွယ်ရာအဖြစ် စိတ်ကူးယဥ်ဆန်ဆန် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း မိဘတွေနဲ့အဆင်မပြေလို့ အိမ်ကထွက်လာတဲ့ညီမလေးကို အစ်မဖြစ်သူက မြင်သွားတဲ့အခါမှာ အိမ်ပြန်သင့်ကြောင်းနားချပါတယ်။ ဒါပေမဲ့ မရတဲ့အဆုံးမှာ သူ့ညီမကိုကားပေါ်တင်ပြီး သူတို့မြို့လေးက ခြောက်ခြားဖွယ်ရာဇာတ်လမ်းတွေအကြောင်းကို တစ်နေရာပြီးတစ်နေရာခေါ်သွားရင်းပြောလိုက်တယ်။ ဇာတ်လမ်းတွေက တစ်ခုပြီးတစ်ခု ပိုပိုထူးဆန်းလာပြီး ညီအစ်မနှစ်ယောက်နဲ့ပါ ဆက်နွယ်မှုရှိလာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:44:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Drama
3.6 2024 103 mins
Hauntology
Aire: Just Breathe

(2024) မှာ ထွက်ရှိခဲ့တဲ့ “Aire: Just Breathe” ဆိုတဲ့ ဇာတ်ကားကတော့ ကမ္ဘာမြေကြီးဟာ ညစ်ညမ်းမှုတွေကြောင့် ပျက်စီးသွားခဲ့ချိန်မှာ ကမ္ဘာပေါ်မှာသာ ကျန်နေခဲ့သူ တာန်ယာနဲ့ လူလုပ်အသိဥာဏ် ဗီဒါတို့ကို ဦးတည်ထားတဲ့ သိပ္ပံစိတ်ကူးယဥ် ဇာတ်ကားလေးတစ်ခု ဖြစ်ပါတယ်။ သက်ရှိသတ္တဝါဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မှ မမြင်ရတော့တဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ တာန်ယာဟာ လူသားမျိုးဆက် မျိုးသုဥ်းမသွားအောင် AIဖြစ်တဲ့ ဗီဒါအကူအညီနဲ့ ဖန်လုံအိမ်လို့ ခေါ်ရမယ့် သူတို့ရဲ့ ဂေဟကမ္ဘာ အသေးစားလေးထဲမှာ ကြိုးစားလျက် ရှိပါတယ်။ AI အကူအညီနဲ့သာ အဖော်ပြု တောက်လျှောက်နေထိုင်ခဲ့တဲ့ တာန်ယာတို့နေထိုင်ရာကို အမျိုးသားတစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဖြစ်လာတဲ့ ရှုပ်ထွေးမှုတချို့ကြောင့် လူသားဖြစ်သူ သူစိမ်းနဲ့ လူလုပ်အသိဥာဏ်ဖြစ်တဲ့ ဗီဒါတို့ရဲ့ အားပြိုင်မှုတစ်စွန်းတစကိုလည်း မြင်နိုင်ပါတယ်။ ဆိုတော့ လေထုညစ်ညမ်းလွန်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က သိပ္ပံပညာရှင် တာန်ယာ၊ လူလုပ်အသိဥာဏ် ဗီဒါနဲ့ သူစိမ်းလူသားတို့ကြားက Sci-fi dramaကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(528 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Romance, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Doros

0 2024 91 mins
Aire: Just Breathe