YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Earwig.2021.WEB-DL1080p(CM).mp4

1.19 GB N/A video/mp4 99 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Adam
7.1

DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။ မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။ "ရှဇမ်း" လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။ အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့် အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်... မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Fantasy, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 8.3GB | 2.5GB | 1.4GB | 726MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy
7.1 2022 124 mins
Black Adam
York Witches Society
6.5

ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ဘာတွေပေါ်ပေါက်လာမလဲ တိုနီက ဘာလို့ပျောက်သွားတာလဲ အမှုကိုရောဘယ်လိုနည်းလမ်းတွေနဲ့စုံစမ်းမလဲဆိုတာကို တွေးကြည့်ရင်းကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(947MB)/(557MB)/(257Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama • Romance
6.5 2022 88 mins
York Witches Society
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
Swiss Army Man
6.9

Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Danielသည် လူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘဝကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘဝဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ််စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။ (ဇာတ်လမ်းအညွှန်းကိုတော့ SaSha Entertainment င်္Facebook Page မှကူးယူဖော်ပြထားတာဖြစ်ပါတယ်) File Size : 750 MB /300 MB Quality : Blu ray 720P Running Time : 1hr 37 minutes Format : Mp4 Genre :  Adventure, Drama, Comedy Encoder : Thanhtik

Drama
6.9 2016 97 mins
Swiss Army Man
Goodbye, Dragon Inn
7.1

Goodbye, Dragon Inn ( 2003 ) —————————- Directed by Tsai Ming Liang Breathless ရုပ်ရှင်ထဲက Godard ရဲ့ ဒိုင်ယာလော့တစ်ကြောင်းရှိတယ်။ ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်က immortal ဖြစ်လာပြီးမှ သေဖို့ပဲတဲ့။ ဒီလိုမသေမျိုးဖြစ်လာပြီးမှ သေသွားတဲ့လူတွေ ရှိတော့ရှိပါတယ်။ ဗန်ဂိုး , မိုးဇက် , ဟိုးမား , မိုက်ကယ်အိန်ဂျလို , တာကော့စကီး…။ လွယ်တော့မလွယ်လှဘူးပေါ့။ အခက်ဆုံးအရာလို့ ပြောရင်တောင်ရမလားပဲ။ ဂွတ်ဘိုင်ဒရာဂွန်အင်း တစ်ကားလုံးက ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ တစ်ချိန်က legenကြီး ကင်းဟူရဲ့ ဒရာဂွန်အင်းကားပြနေတဲ့ အချိန်တစ်ခုကို ရိုက်ထားရုံသက်သက်ပဲ။ ဒီလိုရိုက်တာ Tsai Ming Liangပထမဆုံးတော့ မဟုတ်ဘူးပေါ့။ ရုပ်ရှင်ကို ရုပ်ရှင်ပိုဆန်စေခဲ့တဲ့ အင်ဂမာဘတ်မန်းတို့ အီရန်ရုပ်ရှင်က ဆရာတစ်ဆူဖြစ်တဲ့Abbas Kiraostami တို့လည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ Tsai Ming Liangကလည်း Tsai Ming Liangပါပဲ။ သူ့ကားက ရုပ်ရှင်ကြည့်တဲ့သူတွေအကြောင်းကားလား ရုပ်ရှင်တကယ်မကြည့်တဲ့သူတွေအကြောင်းကားလားတော့ မသည်းကွဲဘူး။ ရုပ်ရှင်ရုံက လူတော့သိပ်မများလှဘူး။ အကုန်လုံးနီးပါးက ရုပ်ရှင်တကယ်ကြည့်နေတာမဟုတ်ဘဲ ကြောင်လာပျောက်နေတဲ့သူတွေချည်း။ ဒါကြောင့်ပဲနေပါမယ် ဒီဒရာမာကားကို Tsai Ming Liangပြန်ကြည့်တော့ ဟာသကားကြည့်သလို ခွက်ထိုးခွက်လန်ရယ်မိသတဲ့။ တော်တော်ရယ်ရတဲ့ကားပဲလို့ဖြေဖူးတယ်။ သူကလည်းသူကိုး။ ဒရာမာအခြေအနေတွေကို humour ဆန်ဆန်ပါ အငွေ့အသက်ရအောင် လုပ်နေကျပဲ။ ခုနပြောသလို ရုပ်ရှင်မကြည့်တဲ့သူတွေအကြောင်းရိုက်ထားတယ်ဆိုပေမဲ့ ကားထိုးတဲ့သူရယ် လက်မှတ်ရောင်းတဲ့မိန်းမရယ် ကာရိုက်တာကိုလည်း အထူးတလည်ပြထားသေးတယ်။ ကားထိုးတဲ့သူကတော့ သူ့ကားတွေရဲ့ အမြဲတမ်းမင်းသား Lee Kang-sheng။ ဒီရုပ်ရှင်မကြည့်နေတဲ့လူတွေကြားမှာမှ တကယ်ကြည့်တဲ့လူနှစ်ယောက်ပါတယ်။ သူတို့က Chun Shihနဲ့ Miao Tien။ ကင်းဟူရဲ့ ဒရာဂွန်အင်းရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ရယ် အရေးပါတဲ့သရုပ်ဆောင်ရယ်ပေါ့။ ရုပ်ရှင်အပြီး ထပြန်ကြတော့ သူတို့တွေ့ကြတော့ သူတို့ပြောတဲ့စကားက ” ရုပ်ရှင်ရုံကို ဘယ်သူမှမလာကြတော့ဘူး ကျွန်တော်တို့ကို ဘယ်သူမှမမှတ်မိကြတော့ဘူး”တဲ့။ သူတို့ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်ကလည်း မသေမျိုးဖြစ်လာပြီးမှ သေဖို့ပဲထင်ပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့လော့ဂျစ်မှာတော့ သူတို့ဖြစ်လာကြပုံမရဘူး။ ဒီလိုပဲ ရုပ်ရှင်ကြည့်မနေတဲ့သူတွေကို ရုပ်ရှင်ကြည့်ရင်း ကြေကြေကွဲကွဲမြင်ခဲ့ရတယ်။ ရုပ်ရှင်လည်းပြီးရော မိုးလည်းမဲပြီ။ ရုပ်ရှင်တကယ်မကြည့်ခဲ့တဲ့သူတွေလည်း ပြန်ကြတယ်။ ရုပ်ရှင်ကြည့်ခဲ့တဲ့ အဘိုးကြီး၂ယောက်လည်း ပြန်ကြတယ်။ နောက်ဆုံးမှာ ရုပ်ရှင်ရုံက အလုပ်သမားတွေလည်းပြန်ကြတယ်။ ရုပ်ရှင်ရုံအဟောင်းကြီးကတော့ ကျန်နေခဲ့တယ်။ မိုးတွေလည်းရွာနေတယ်။ ရုပ်ရှင်ရုံအဟောင်းကြီးမှာ နက်ဖြန်ပြမယ့်ကားက ဒရာဂွန်အင်း မဟုတ်လောက်တော့ဘူး။ ဒရာဂွန်အင်းကတော့ မကျန်ခဲ့ဘူးပဲ ပြောရမလားပဲ။ သူတို့ထွက်မလာခင်ကတည်းက ထွက်သွားနှင့်ပြီ။ အဘိုးကြီး၂ယောက်အတွက်တော့ ကျန်ရင်ကျန်နေမှာပေါ့။ ဘာပဲဖြစ်ဖြစ် Goodbye, Dragon Inn ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.9GB) / (700MB) Quality__BluRay_1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:23:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Family • Fantasy
7.1 2003
Goodbye, Dragon Inn
The Believer
7.1

The Believer (2001) ~ IMDb – 7.1/10, Rotten Tomatoes – 82% ~ ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။ အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။ ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။ ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.1 2001 98 mins
The Believer
The Hidden Fortress
8.1

IMDb 8.1 / Metascore 89% / Rotten Tomatoes 96% ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ‌ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်‌နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ နဲ့ မင်းသမီးကို လျှို့ဝှက်စွာစောင့်ရှောက်ပေးနေတဲ့ စစ်သူကြီး ရိုကူရိုတာမာကာဘဲတို့နဲ့ ဆုံကြပါတယ်။ ဒါပေမဲ့ အူတူအတ လယ်သမားနှစ်ယောက်ဟာ အာခိဇုကိ စစ်သူကြီးနဲ့ မင်းသမီးဖြစ်သူတို့ရဲ့ သရုပ်မှန်ကိုမသိဘဲ ဟာရာကာဝါမြို့တော်ကိုဖြတ်ပြီး အာခိဇုကိကို အတူခရီးဆက်ရင်း လိုက်ပို့ပေးဖို့ သဘောတူလိုက်ကြပါတော့တယ်။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတွေကို ဂျော့ခ်ျလူးကပ်စ်က Star Wars အတွက် inspire ယူခဲ့တာပါ။ ပထမဆုံးအနေနဲ့ အူကြောင်ကြောင် လယ်သမားသူငယ်ချင်းနှစ်ယောက်က Star Wars ထဲက စက်ရုပ်သူငယ်ချင်းနှစ်ကောင်ဖြစ်ကြတဲ့ R2D2 နဲ့ C3PO ပေါ့။ နာမည်ကြီးစစ်သူကြီး ရိုကူရိုတာကတော့ အိုဘီ၀မ်ကင်နိုဘီဖြစ်ပြီး သူကာကွယ်ပေးနေတဲ့ မင်းသမီး ယုကိကတော့ Princess Leia ပါ။စစ်ရှုံးနေကြတဲ့ အာခိဇုကိတွေ နဲ့ Star Wars ရဲ့ Rebels တွေအတွက် မင်းသမီး ယုကိ နဲ့ လီယာတို့က တစ်ခုတည်းသောမျှော်လင့်အချက်အလင်းရောင်ဖြစ်ကြတယ်။ ဒါရိုက်တာကြီး ကူရိုဆာဝါရဲ့ လက်ရာတစ်ခုဖြစ်တာကြောင့် အများကြီးတော့ ထပ်ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်ကိုလည်း ကူရိုဆာဝါရဲ့ တခြားနာမည်ကြီးလက်ရာတွေဖြစ်တဲ့ High and Low , Throne of Blood တို့ထဲမှာသုံးထားတဲ့ ဂျပန်ဂန္တ၀င်မင်းသားကြီး Toshiro Mifune ကိုပဲသုံးထားတာမလို့ တစ်ခေတ်တစ်ခါက ဂျပန်ဆာမူရိုင်း အဖြူအမည်းရုပ်ရှင်ကားကောင်းကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။ File size…(2.9 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Documentary
8.1 1958
The Hidden Fortress
State of Emergency
5.2

State of Emergency (2011) ======================= ဒီဇာတ်လမ်းကိုတော့ ဆိုးဆိုးရွားရွားအရာတစ်ခုဆီကနေ ပုန်းရှောင်ထွက်ပြေးနေကြတယ်လို့ယူဆရတဲ့လူအုပ်စုတစ်စုနဲ့အစပျိုးထားပါတယ်… ဒီလိုနဲ့ ဒီအရာဟာဘာမှန်းမသိလိုက်ခင်မှာပဲ ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၄ ရက်ကို နောက်ကြောင်းပြန်သွားပါတော့တယ်… ဒီမှာတော့ စောစောတုန်းက လူအုပ်စုထဲကတစ်ယောက်ဖြစ်တဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးဖြစ်သူကိုချီပြီးပြေးလာတာကိုတွေ့ရမှာပါ… သူ့ကောင်မလေးမှာ ဒဏ်ရာရနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲဆုံးပါးသွားပါတော့တယ်… အဲဒီနောက်မှာတော့ ပတ်ဝန်းကျင်မှာ လူသူခြောက်ကပ်နေပြီး မူမမှန်ဖြစ်နေတာကို ဂျင်မ်တစ်ယောက်သတိထားမိသွားပါတယ်… ဒီလိုနဲ့ဂျင်မ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ၊ ပတ်ဝန်းကျင်မှာလည်း ဘာတွေဘယ်လိုဖြစ်နေတာလဲ၊ ဇာတ်လမ်းအစမှာတွေ့ရတဲ့ သူတိ့ပုန်းရှောင်နေကြတဲ့အရာကရော ဘာဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီ “State of Emergency” ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှရင်းနဲ့ပဲအဖြေရှာကြည့်လိုက်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ ) File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Horror, Sci-Fi , Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Fiona Gillen

Thriller • TV Movie
5.2 2011
State of Emergency
Between the White Key and the Black Key
6

ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါ ဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ, ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan

6 2023 94 mins
Between the White Key and the Black Key
Café Daughter
5.6

ဒီဇာတ်ကားလေးကတော့ Dramaအမျိုးစားဖြစ်ပေမယ့် လူမျိုးရေးကိစ္စတွေလည်း အမျာကြီးပါပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကော်ဖီဆိုင်လေးဖွင့်ထားတဲ့ မိသားစုလေးတစ်စုမှာ စီးပွါးရေးအဆင်မပြေကြပါဘူး ဒီကြားထဲသူတို့မိသားစုက တရုတ်နဲ့ အင်ဒီးယန်း စပ်ထားတာပါ တရုတ်ဖြစ်တာကအဆင်ပြေပေမယ့် အင်ဒီးယန်းဆို အရမ်းလူမျိုးရေးခွဲခြားကြပါတယ် အဲ့ဒါကြောင့် အင်ဒီးယန်း မှန်းမသိအောင်နေထိုင်ခဲ့ရပါတယ် တစ်နေ့တော့ အမေဖြစ်တဲ့သူက နေမကောင်းဖြစ်တာကြောင့် သူ့အဖေဆီ သွားဖို့ဖြစ်လာပါတယ် သူတို့က အင်ဒီးယန်း မျိုးနွယ်တွေပါ အဲ့ကနေမှ လူမျိုးရေးခွဲခြားတဲ့အကြောင်းတွေနဲ့ မိသားစုလေးတစ်စုအကြောင်းကို ပေါ့ပေါ့ပါးပါးကြည့်လို့ရအောင် ရိုက်ပြထားတဲ့ပုံစံလေးဖြစ်ပါတယ် Dramaကြိုက်တဲ့သူတွေအတွက်တော့ အတော်အဆင်ပြေမယ်ထင်ပါတယ် ဇာတ်ကားနာမည်လေးက Cafe Daughterပါ File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

5.6 2023 97 mins
Café Daughter
Moro

ဒီဇာတ်ကားလေးကတော့ မိခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားတဲ့ မိဘမေတ္တာ၊ စိုးရိမ်ပူပန်မှုတွေကိုအခြေခံပြီး နိုင်ငံရေးမတည်ငြိမ်မှုအကျိုးဆက်ကြောင့် မိခင်တစ်ယောက်သောကပွေရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီဇာတ်ကားမှာ ညီအစ်ကိုနှစ်ယောက်အနက် ညီဖြစ်သူ အက်ဒဲလ်က လောင်းကစားခုံမင်သူဖြစ်ပြီး အစ်ကိုဖြစ်သူ ဂျက်ဆင်းက ရိုးသားကြိုးစားသူဖြစ်ပါတယ်။ မုဆိုးမမိခင်ကြီးက အိပ်မက်တွေ မကောင်းတာကြောင့် သားငယ် အက်ဒဲလ်ကို ခေါ်ကာ သားကြီးဂျက်ဆင်းဆီကို သွားပြီး ညီအစ်ကိုတွေ ပြန်ပြေလည်ဖို့ လုပ်ခဲ့ပါတယ်။ ညီအစ်ကိုချင်းမပြေလည်ခဲ့ရတဲ့အကြောင်းကလည်း မိဘပိုင်မြေတွေကို ညီလုပ်သူကပေါင်နှံခဲ့တာကြောင့်ဖြစ်ပါတယ်။ မြေပြန်ရွေးနိုင်ဖို့အတွက် အစ်ကိုဖြစ်သူက မိသားစုလိုက် အလုပ်ကြိုးစားနေကြရပါတယ်။ သူတို့ညီအစ်ကိုတွေဟာ မိခင်ကြီးရဲ့အိပ်မက်နိမိတ်ဆိုးတွေ တကယ်ဖြစ်မလာဖို့အတွက် ကန်ဒူလီဆိုတဲ့ ရိုးရာဓလေ့အရ လှူဒါန်းပွဲလုပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ စစ်တပ်က သူတို့မြို့တွေဆီကို လာရောက်တိုက်ခိုက်ကြတဲ့အခါ ညီအစ်ကိုချင်း ပြန်ပြေလည်အောင် လုပ်နိုင်ကြပါ့မလား… ဒီစစ်ပွဲကနေ သူတို့မိသားစု ဘေးကင်းစွာနဲ့ နေနိုင်ကြပါမလား… အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB | 880MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Moro
The End of the Affair
7

“ချစ်တယ်ဆိုတာကို သဝန်တိုမှုနဲ့ တိုင်းတယ် ငါသူ့ကိုသဝန်တိုတာအဆုံးမရှိဘူး ဒီတော့ချစ်တာကလည်းအဆုံးမရှိဘူး” ဆိုတဲ့ ဒီ ဒိုင်ယာလော့အတိုင်းပဲ မူးရစ်ဆိုတဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်က အိမ်ထောင်ရေးမသာယာတဲ့ သူ့ရဲ့သူငယ်ချင်း မိန်းမ ဆာရာနဲ့ ချစ်ကြိုက်မိသွားပြီး ဖောက်ပြန်ရာကနေ သူ့ယောကျာ်းက သူ့မိန်းမဖောက်ပြန်တဲ့သူကို အလွတ်စုံထောက်နဲ့စုံးစမ်းခိုင်းပါတော့တယ်။ အညွှန်းရေးလိုက်ရင်ပေါ့သွားမှာစိုးတဲ့အတွကိ ဒီတိုင်းပဲကြည့်ကြည့်လိုက်ပါ။ ရင်ထဲမှာတခုခုကျန်ခဲ့မှာတော့သေချာပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:42:00 Genre… Steamy Romance, Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Romance • Drama
7 1999 102 mins
The End of the Affair
Strawman / Figurant

Figurant ဟာ ဒါရိုက်တာကြီး Robert Gliński ရဲ့ လက်ရာဖြစ်ပြီးတော့ နိုင်ငံရေး၊ဒရာမာဆန်ဆန် နဲ့ ပိုလန်နိုင်ငံရဲ့ကွန်မြူနစ်ကာလအတွင်းမှာ Bronek Budny ဆိုတဲ့ လျှို့ဝှက်အရာရှိတစ်ယောက်က Pope John Paul II ဖြစ်လာမယ့် Karol Wojtyła ကို နှစ် ၂၀ ကျော်ကြာစောင့်ကြည့်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီလိုစောင့်ကြည့်နေရင်းနဲ့ Budny က အလုပ်အနေနဲ့စခဲ့ရတဲ့တာဝန်ကို သူ့ရဲ့ pesonal ကိစ္စတစ်ခုအနေနဲ့ မြင်သွားပြီးတော့လိုက်စုံစမ်းပါတော့တယ်။ Mateusz Więcławek က Budny အနေနဲ့ သရုပ်ဆောင်ထားပြီးတော့၊ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ညွှန်းကိုတော့ Andrzej Gołda ကရေးသားထားပါတယ်၊ Adam Bajerski ရဲ့ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်က အရမ်းကြည့်လိုကောင်းနေပါပြီ ဒီ Strawman ရုပ်ရှင် ကို ပိုလန်နိုင်ငံ မှာ ရုံတင် ပြသရာကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့နိုင်ခဲ့ပါတယ် File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2023
Strawman / Figurant
Não Tem Volta
5

Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့‌ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Drama
5 2023 90 mins
Não Tem Volta
Undead Lovers
6

Undead Lovers (2024) IMDb – 6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ တကယ်လို့ ကိုယ်ချစ်ရတဲ့သူကို ဖွင့်ပြောပြီး တစ်ဖက်ကလည်း ပြန်ကြိုက်ပြီဆိုတာနဲ့ သူက ကိုယ့်ရှေ့ကနေ ပျောက်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒီဇာတ်ကားထဲမှာတော့ သူကြိုက်တဲ့ကောင်လေးကို ဖွင့်ပြောပြီးတိုင်း အဲဒီကောင်လေးက ပျောက်သွားလို့ လိုက်ရှာရတဲ့ အထက်တန်းကျောင်းသူလေးရဲ့ တမူထူးခြားတဲ့ romance ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ “ရိနို ဟဆဲဘဲ”ဆိုတဲ့ ကောင်မလေးက သူငယ်ငယ်တုန်းက ဆုံဖူးပြီး သူ့အသက်ကို ကယ်ခဲ့တဲ့ “ဂျွန် ခိုနို”ဆိုတဲ့ ကောင်လေးကို ပြန်တွေ့ရဖို့ မျှော်လင့်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ ကျောင်းလမ်းမှာ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အဲဒီကောင်လေးက သူရှာနေခဲ့တဲ့ ဂျွန်ဖြစ်နေခဲ့တာပါ။ သူက ဂျွန်ကို အားကစားပြိုင်ပွဲဝင်ဖို့ ကူညီပေးခဲ့ပြီး တစ်ချိန်မှာတော့ ချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။အဲဒါကြောင့် ဂျွန်ကလည်း သဘောကျနေတာဖြစ်ကြောင်း ပြန်ပြောနေဆဲမှာပဲ ရိနိုရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဂျွန်က ရိနိုရှေ့ကို ပုံစံမျိုးစုံနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ သူဖွင့်ပြောလိုက်တိုင်း ကောင်လေးက ပြန်ပျောက်သွားခဲ့ပါတယ်။ အချစ်ရူးလေး ရိနိုလည်း သူ့ရဲ့ဖူးစာရှင် ဂျွန်ကို လိုက်ရှာနေရပေမဲ့ ချစ်တဲ့စိတ်ကတော့ လျော့မသွားခဲ့ပါဘူး။ ဒီလို သံသရာထဲမှာ ရိနိုတစ်ယောက် ဘာလို့ တဝဲလည်လည်ဖြစ်နေရလဲဆိုတာနဲ့ သူတို့နှစ်ယောက်ကြားက အချစ်ကရော ဘယ်လိုပုံစံမျိုးနဲ့ အမှန်တကယ်ဖြစ်တည်လာမှာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File Size – 1.61 GB/ 654 MB Quality – WEB-DL 1080p/ 720p Duration – 1:44:36 Format – mp4 Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Roseline Encoded by – Treasure Htet

Drama
6 2024 104 mins
Undead Lovers