YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

EXchange S03E08 1080p CM.mp4

1.68 GB N/A video/mp4 90 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lamborghini: The Man Behind the Legend
5.9

2019 တုန်းက Ford vs Ferrari ရုပ်ရှင်ထွက်လာပြီးတဲ့ နောက် မှာတော့ အခု Lamborghini ထပ်မံထွက်ရှိလာပါပြီမို့ တင်ဆက် ပေးလိုက်ပါပြီ။ လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်ကိုင်လိုပဲ ထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ ကြိုးစားကြရင်း အခက်အခဲတွေ ကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်ကလည်း လန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင်ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin နဲ့ SWMမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) Ferruccio Lamborghini ဟာ 28 April 1916မှာ မွေးပြီး၊ 20 February 1993 မှာကွယ်လွန်ခဲ့ပါတယ်။ သူရဲ့အဖေကို သူပြောခဲ့တဲ့စကားအတိုင်းပဲ လူသေပေမဲ့ နာမည်မသေအောင် သူလုပ်နိုင်ခဲ့ပါတယ်။ File Size..........(1.4 GB) / (565 MB) / (330 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Leonard Lin Encoder..........SWM

Comedy • Romance
5.9 2022 97 mins
Lamborghini: The Man Behind the Legend
My Mighty Princess
6.8

Mighty Princess - အားကြီးတဲ့မင်းသမီးလေး..... မင်းသမီး Shin Min Ah ကိုဆိုရင်တော့မသိသူမရှိသလောက်ပဲဖြစ်ကြမျာပေါ့နော်။ ဒီတစ်ခါကားလေးကတော့ မင်းသမီးရှင်မင်းအာငယ်စဥ်ကရိုက်ကူးခဲ့တဲ့ Action Fantasy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဂန်ဆိုဟီးဟာ သာမန်ထက်ပိုပြီး အားမတန်တဆကြီးနေတဲ့အတွက် လူတွေရဲ့အမြင်မှာ နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို့ မထင်ချင်စရာဖြစ်နေပါတယ်။ ကိုယ့်ဘက်ကကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ရှိလာချိန်မှာတော့ ဆိုဟီးတစ်ယောက် သူ့ကိုသာမန်ထက်ပိုပြီး အားကြီးနေစေတဲ့ မိသားစုအမွေအနှစ်ကို စွန့်ပစ်ဖို့ဖြစ်လာပါတော့တယ်။ ကိုယ်ခံပညာကိုဆက်မကျင့်တော့တဲ့ဆိုဟီးအတွက် ဘယ်လိုအခက်အခဲတွေကြုံလာမှာလဲ?... ..သဘောကျရတဲ့ crush လေးနဲ့ရောအဆင်ပြေသွားမှာလား...? ဆိုဟီးကို ကိုယ်ခံပညာပြန်လေ့လာအောင်ဆွယ်ဖို့ ရုတ်တရက်ရောက်ချလာတဲ့ ငယ်သူငယ်ချင်းလေးကရော ဘယ်လိုလျှို့ဝျက်ချက်တွေရှိနေမှာလဲ? ကိုယ်ခံပညာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနက်နဲတဲ့ဇာတ်ကြောင်းတွေရှိနေသေးဦးမလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ recommend ပေးချင်တာလေးတွေကတော့ ဇာတ်ဝင်တေးလေးတွေ နောက်ခံတီးလုံးလေးတွေအရမ်းကောင်းတဲ့အပြင် ဇာတ်အိမ်လေးက တမူထူးခြားနေတာလေးပါပဲ။ တရုတ်ကိုယ်ခံပညာကို ကျောရိုးခံထားတဲ့ ဇာတ်ကြောင်းမို့လို့ Kdrama fan တွေရေ တရုတ်ရာဇဝင်ကားကြိုက်တဲ့လူတွေရော မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။ File Size : (2.2GB) (1.02 GB) and (417MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Action ,Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

Comedy • Family • Fantasy • Romance
6.8 2008 122 mins
My Mighty Princess
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
The Way Out

လောကကြီးမှာ လူမျိုးစုံ စရိုက်မျိုးစုံရှိကြပါတယ် အဲဒီလိုပဲ ကြုံရတဲ့ လောကဓံတွေကလည်း မျိုးစုံပါပဲ မတူတဲ့ လောကဓံတွေကို တုံ့ပြန်ကြတဲ့ ပုံစံကလည်း အမျိုးမျိုအထွေထွေကိုရှိနေတာပါ။ ဒီကားလေးထဲမှာတော့ အဖေနဲ့ အဆင်မပြေ အနိုင်ကျင့်ခံရလို့ စိတ်ညစ်ပြီး အရက်သောက်နေရာကနေ အရက်ဖြတ်ပြီး ၁နှစ်ကျော်ကြာတဲ့အချိန်မှာ အဖေ့ဆီပြန်သွားတော့ အဖေက အိမ်ထဲမှာ အသတ်ခံထားရတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ ကိုယ်နဲ့ဘယ်လောက်ပဲ မတည့်မတည့် ဖခင်အရင်းတစ်ယောက် အသတ်ခံလိုက်ရတာကိုတော့ အနည်းနဲ့အများ ဝမ်းနည်းကြတာချည်းပါပဲ။ အဲဒီလိုနဲ့ အဖေ့ရဲ့ အမွေအဖြစ် အိမ်ကြီးရော ကားတစ်စီးပါ ရသွားပေမဲ့ အပိုဆောင်းအနေနဲ့ အကြွေး ဒေါ်လာ ၅၀၀၀ပါ ကျန်ခဲ့သေးတာဆိုတော့ ပိုက်ဆံရှာဖို့အတွက် အိမ်ကြီးဆီမှာ လူငှားတင်ရတော့တာပါပဲ။ အိမ်လာငှားတဲ့ လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့် အားကစားနည်းပြ ငှားပေးတဲ့သူကလည်း လောလောလတ်လတ် အဖေဆုံးပါးသွားရတဲ့ လိင်တူချစ်တဲ့သူ သူတို့တွေ့သွားချိန်မှာတော့ အားကစားနည်းပြရဲ့ အသွန်အသင်တွေနဲ့ လောကဓံကြီးကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာတွေကို တဝကြီးကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…(950 Mb)/(440 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by….Garfield

0 2022 94 mins
The Way Out
Dragon Gate Posthouse 3: Red Turban
5.9

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Dragon Gate 3 ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ယွဲ့ယာရှေးဟောင်းမြို့မှာ လူတွေအပိုင်းပိုင်းသေဆုံးကုန်ကြပြီးတချို့လူတွေ အလောင်းပျောက်ဆုံးနေတဲ့ ထူးဆန်းအမှုတစ်ခုဖြစ်ပွားတာကနေအစချီထားပါတယ်။ လုံမိန်ရပ်နားစခန်းကလူတွေထင်တာကတော့ ဟုန်ထုံကျင်းဓါးပြကရက်ရက်စက်စက် သတ်ဖြတ်သွားတာလို့ထင်ပြီး ညတိုင်းကင်းစောင့်ကာ ရွာသားတွေကို ကာကွယ်တဲ့ကြားက ရွာသားတွေကိုသတ်ဖြတ်သွားတာခံလိုက်ရတယ်။တနေ့မှာတော့ အရှေ့မြောက်ပိုင်း ဆေးဝါးကုန်သည်အဖွဲ့ကရောက်လာပြီး ကူညီကင်းစောင့်ပေးရာကနေ ဒီအဖြေရှာမရတဲ့အမှု အဖြေပေါ်လာပါတော့တယ်။ ကဲဒီတော့ဒီထူးထူးဆန်းဆန်း လူတွေအသတ်ခံလိုက်ရတာ ဘာကြောင့်များလဲ။ သူတို့ထင်နေကြတဲ့ဓါးပြကကော တကယ်ပဲ အဲ့လောက်ရက်စက်ကြမ်းကြုတ်တာဖြစ်နိုင်ပါ့မလား။ ဒီအမှုနောက်ကွယ်မှာ ဘာတွေရှိနေမလဲ စတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့ အတူတူအဖြေရှာကြည့်ရအောင် ~

Drama • History
5.9 2018
Dragon Gate Posthouse 3: Red Turban
Tailgate
5.8

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 5.8/10ရရှိထားပြီး နယ်သာလန်ရုပ်ရှင်ပွဲတော်မှာ Best Sound Design ဆုကိုရရှိထားပြီး ဒါရိုက်တာLodewijk Crijns ရိုက်ကူးပုံဖော်ထားတဲ့ Tailgate ဆိုတဲ့ ဘယ်လ်ဂျီယမ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစော ဒီဇာတ်ကားက မိသားစုတစ်စု အဖိုးအဖွားတွေဆီကို အလည်အပတ်သွားတဲ့လမ်းမှာ မမျှော်လင့်ဘဲ လမ်းမှာ စတ္တဇဆန်ဆန်လူသတ်သမားတစ်ယောက်နဲ့ ကြုံတွေ့ရပုံကို ဇာတ်အိမ်တည်ထားပြီး မင်းသား Jeroen Spitzen နဲ့ မင်းသမီး Anniek Pheifer တို့က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ဟန်စ့်တို့မိသားစု အဖိုးအဖွားတွေရှိတဲ့ ဟန်စ့်ရဲ့ဇာတိမြို့လေးကို အလောတကြီး သွားကြပုံနဲ့အစပျိုးထားပါတယ် ဒီလိုနဲ့လမ်းတစ်ဝက်လောက်အရောက်မှာ အဖိုးဖြစ်သူရဲ့ မွေးနေ့ကို ရောက်ဖို့အလျင်လိုနေတဲ့ ဟန်စ့် တစ်ယောက်ကားကို အလျင်စလိုမောင်းနှင်ရာမှာ မထင်မှတ်ဘဲ ရှေ့ကားတစ်စီးတိုက်မိမလိုဖြစ်သွားပါတယ် ဟန်စ့် တို့ကားဂတ်စ်ဝင်ဖြည့်ရာမှာ ရှေ့ကကားကိုမောင်းနေတဲ့အဖိုးကြီးတစ်ဦးနဲ့ တွေ့မိပြီး တစ်ယောက်တစ်ခွန်းစကားများကြပါတယ် အဖိုးကြီးကတော့ ဟန်စ့်ကို တောင်းပန်လိုက်ဖို့ပဲ တဖွဖွပြောနေခဲ့ပါတော့တယ် လူငယ်လေးဖြစ်တဲ့ဟန်စ့်ကလည်း မတောင်းပန်ဘဲ ခရီးဆက်ထွက်လာခဲ့ရာမှာ ဂြိုလ်ဆိုးဝင်ပါတော့တယ် ဟန်စ့်တစ်ယောက်ကားမောင်းနေရင်း မတောင်းပန်ခဲ့တဲ့ အဖိုးကြီးကားက နောက်ကနေထက်ကြပ်မကွာကပ်လိုက်နေတာကို သတိထားမိသွားပါတယ် နောက်ဆုံးဟန်စ့်က တောင်းပန်လိုက်တဲ့အခါမှာ အဖိုးကြီးကတောင်းပန်ဖို့ အချိန်နှောင်းသွားပြီဖြစ်ကြောင်းပြောကာ သွေးအေးအေးနဲ့ လိုက်လံသတ်ဖြတ်ပါ တော့တယ် ဟန်စ့်တို့မိသားစု အဖိုးကြီးလက်ကနေလွတ်အောင် ဘယ်လိုမျိုး ထွက်ပြေးကြမလဲ သူတို့တွေ အဖိုးကြီးလက်ကနေ လွတ်မြောက်ပြီး အဖိုးအဖွားတွေဆီကို ရောက်သွားပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ခံစားလိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Action, Horror &Thriller အမျိုးအစားကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် File size…1.69GB / 873MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Horror • Comedy
5.8 2019 85 mins
Tailgate
Universal Soldier: The Return
4.2

ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။ ၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ဟာ အစိုးရ​နဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol​ စီမံကိန်း​မှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal​ Soldiers တွေဟာ အရင်ကထက် အဆင့်​မြင့်​လာပြီး ပိုမို​သန်မာမြန်ဆန်လာပြီး သူတို့​ရဲ့​လှုပ်​ရှားမှု​တွေကို ဒေါက်တာ​ Cotner​ တည်ဆောက်​ထားတဲ့ SETH​ လို့ခေါ်​တဲ့ ဉာဏ်​ရည်​မြင့်​ကွန်ပျူတာ​က ထိန်းချုပ်​စောင့်ကြည့်နေပါတယ်။ တနေ့​မှာအစိုးရ​က UniSol​ စီမံကိန်း​ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်​လိုက်​ချိန်​မှာတော့ SETH က သူ့ရဲ့​တည်​ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုး​ရ​ကိုဆန့်ကျင်​ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူ​လာပါတော့တယ်။ စွမ်း​ရည်​မြင့် Universal​ Soldiers တွေကို​ထိန်းချုပ်​အမိန့်ပေးနိုင်တဲ့ SETH​ ရဲ့အကြံကို Luc နဲ့ အမေရိကန်​စစ်တပ်တို့ ဘယ်လို​တားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ 90s ခုနှစ်​တွေက အများ​အပြား​ထွက်​လေ့​ရှိတဲ့ Action​/Sci-fi အမျိုးအစား​ဖြစ်တာကြောင့် ဇာတ်​အိမ်​မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်း​ရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier​ တွေကလည်း 1992 ကထက်​ အများကြီး​ကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်​ရှင်​ကားဖြစ်တာကြောင့် ဇာတ်လမ်း​က ပုံမှန်​အတိုင်း​မြင်​နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်​ဇာတ်လမ်း​ပရိသတ်​တွေ​အတွက်တော့ အချိန်​ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.8 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

4.2 1999
Universal Soldier: The Return
Evil Does Not Exist
7.2

Evil Does Not Exist ( 2023 ) Drive My Carနဲ့ အော်စကာရပြီးတဲ့နောက် ရူဆုခဲဟမဂုချိဟာ Evil Does Not Exist နဲ့ Gift နှစ်ကားဆက်ရိုက်ဖို့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုတော့ Evil Does Not Exist တော့ ထွက်လာပါပြီ။ Gift ကတော့ ပိုစတာတောင်မတွေ့ရသေးသလို ဘယ်လိုကားမှန်းလည်းမသိရသေးဘူး။ အော်စကာမှာတော့ အစကတည်းက စာရင်းမတင်ထားပေမဲ့ ဗင်းနစ်ရုပ်ရှင်ဆုပေးပွဲအပါအဝင် တခြားပွဲပေါင်းများစွာမှာတော့ ဆုတွေ တန်းစီရထားတယ်။ စစချင်းမှာတော့ Evil Does Not Existကို ဒိုင်ယာလော့မပါတဲ့ နာရီဝက်စာ ရုပ်ရှင်တိုအဖြစ် ရိုက်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ ရိုက်ရင်းရှည်ရှည်သွားတတ်တဲ့ ဟမဂုချိရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့နည်းနည်းပါးပါးဖြည့်ပြီး ၂နာရီစာကားအနေနဲ့ ပြောင်းထွက်လာခဲ့တယ်။ ဂျပန်မှာတောင် ဧပြီ၂၆မှ ရုံတင်မှာဖြစ်လို့ ဦးဦးဖျားဖျားကြည့်ရမယ့် သဘောပါပဲ။ Evil Does Not Exist ရဲ့ Concept ဟာ သဘာဝနဲ့လူသားကြားက အပြန်အလှန်သက်ရောက်မှုကို အခြေခံထားတယ်။ ကားစစချင်းမှာတော့ ပါဖက်ဒေးထဲကလိုပဲ မိုးထားတဲ့သစ်ပင်ကြီးကို အောက်ကနေ ရိုက်ထားတဲ့ အပြတွေနဲ့ အကြာကြီးပြထားသလို တစ်ကားလုံးလည်း သူဇာတ်အိမ်တည်ထားတဲ့ နယ်ဘက်ကျေးဘက်က မြို့ကလေးနဲ့ အဲဒီမြို့ကလေးနဲ့ဆက်စပ်နေတဲ့ သစ်တောရဲ့ သဘာဝတရားတွေကို တော်တော်အားရပါးရ ရိုက်ပြထားတယ်။ နောက်စမ်းချောင်းကလေးကနေ ရေသွားခပ်တဲ့ လူတစ်ယောက်ကို ဆက်ပြတယ်။ သူနဲ့အတူတူ သစ်တောကိုပါ မြင်နေရတယ်။ နောက်ဆက်ပြမှာက ဒီချောင်းရေက သူတို့မြို့အတွက် အရေးပါတဲ့အရာဖြစ်နေတော့ ချောင်းထဲက ရေခပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားတယ်။ ရေခပ်ပြီး အပြန်မှာတော့ သမင်လိုက်တဲ့လူတစ်အုပ်ပစ်လိုက်တဲ့ ခပ်ဝေးဝေးက သေနတ်သံတစ်ချက်ကို သူတို့တွေသဲ့သဲ့ကြားလိုက်ရတယ်။ ဒါက ဒီရုပ်ရှင်ရဲ့ သဘာဝဘက်တစ်ခြမ်းလို့ထားပါတော့။ ပြီးတဲ့နောက် မြို့ပေါ်က လူတွေက သူတို့မြို့ကလေးမှာ မြေတွေဝယ်ထားပြီး ကမ့်စခန်းအိမ်ခေါ် ကမ့်ထွက်တဲ့အရသာရမယ့် ဟိုတယ်လိုလိုနေရာ တည်ဆောက်ဖို့ သူတို့နဲ့အရင်လာညှိနှိုင်းကြတယ်။ ဒီမှာနယ်ခံတွေက မိလ္လာကန်တွေ ဘယ်မှာဆောက်မှာလဲ ဘာလဲမေးရော။ ဆောက်မယ့်နေရာကလည်း မြေအောက်ရေကြောနဲ့ မလွတ်နေတော့ သူတို့ရေတွင်း ရေကန်တွေကို ထိခိုက်စေမယ့်နေရာဖြစ်နေတယ်။ နောက် သူတို့သစ်တောကလည်း အနှစ်၂၀တိုင်းတစ်ခါမီးပြင်းပြင်းလောင်တတ်တယ်။ ကမ့်ထွက်လာတဲ့လူတွေ မီးပုံဖိုကြမှာနဲ့ဆို မီးလောင်နှုန်းက ဒီထက်လည်း မြင့်သွားနိုင်တယ်။ ဒါတွေအတွက် တစ်ဘက်က လုပ်ငန်းရှင်တွေဘက်မှာလည်း ဘာအဖြေမှမရှိဘူး။ ဒါပေမဲ့ သူတို့က မရမကဆောက်ဖို့လုပ်ကြတယ်။ ဒီလူတွေက ဒီမြို့ကလေးရဲ့ အေးချမ်းမှုကို အမှုမထားဘဲ ဖျက်ဆီးပစ်ချင်ကြတယ်။ ဒါကတော့ ဒီရုပ်ရှင်ရဲ့ လူတွေဘက်ခြမ်းပေါ့။ ရုပ်ရှင်တစ်လျှောက်မှာ ကျွန်တော်အများဆုံးမြင်ခဲ့ရတာက အရိုးပြိုင်းပြိုင်းထနေတဲ့သစ်ပင်တွေ။ အနည်းဆုံးမြင်ခဲ့ရတာကတော့ သမင်တွေပဲ။ ဒီတော ဒီတောင်တွေဟာ လူတွေ ဒီကိုအခြေလာမချခင်အထိ သမင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့ဖူးတယ်။ အခုထိလည်း သမင်တွေကတော့ အဲဒီနေရာမှာ ကျက်စားနေကြတုန်းပဲ။ ဒါပေမဲ့ ဟမဂုချိဟာ ကျွန်တော်တို့ကို သမင်တွေကို ပစ်လိုက်တဲ့သေနတ်သံကိုပဲ ခဏခဏကြားစေပြီး သမင်တွေကိုတော့ သိပ်မပြသွားဘူး။ သူ့စကားအတိုင်းဆို သမင်တွေဟာ ရှက်တတ်ကြတယ်။ လူတွေကိုရှောင်ကြတယ်တဲ့။ ဒါပေမဲ့ သေနတ်နဲ့အပစ်ခံထားရတဲ့သမင်တို့ သူ့အဖေသမင်ကြီးတို့ သူ့လင်သမင်ကြီးတို့မဟုတ်ရင်တော့ လူတွေကို အန္တရာယ်မပြုတတ်ကြဘူးတဲ့။ ဒီတစ်ခြမ်းကတော့ “ထားပါတော့”လို့ ပြောရမယ့် သဘာဝဘက်ခြမ်းမဟုတ်တဲ့ တကယ့်သဘာဝဘက်ခြမ်းစစ်စစ်ပေါ့။ မြို့ကြီးကနေ သူတို့သဘာဝကို ဖျက်ဆီးဖို့လာကြတဲ့ လူတွေကို မနှစ်မြို့တဲ့ မြို့ကလေးကလူတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝကို ဖျက်ဆီးနေတဲ့လူတွေဖြစ်နေပြန်တာပါပဲ။ ဒီရုပ်ရှင်မှာ အမေးပဲတွေ့ရပြီး အဖြေကို မတွေ့ရဘူးလို့ပြောရမယ်။ ပြောသာပြောရတာ အဖြေမရှိတဲ့အရာတွေက အများသားပါ။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ အဖြေဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ အရိုက်ခံရတဲ့ လမ်းဘေးခွေးလေးတစ်ကောင်နဲ့ အတူတူဖက်ငိုနေတဲ့ ကလေးမလေးကိုလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ ခွေးကလေးကို မှိန်းနဲ့ထိုးသတ်တဲ့အထိ ရက်စက်တဲ့လူတွေလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ အဲဒီခွေးလေးနှစ်ကောင်ဟာ တကယ်တမ်း တစ်ကောင်တည်းပါပဲ။ အဲဒီကျဉ်းကျဉ်လေးဆိုတဲ့ ကျွန်တော်တို့ကမ္ဘာဟာ အကျပ်အတည်းတွေ အခက်အခဲတွေအပြည့်နဲ့ကမ္ဘာဆိုတာ မပြောလည်း သိကြမှာပါ။ ဒါပေမဲ့ အဲဒီကိစ္စနောက်ပိုင်းမှာ ကျွန်တော်တို့လူတွေဟာ ဒီလိုကမ္ဘာနဲ့ပဲတန်သလားလို့ မေးခွန်းတော့ ရှိလာခဲ့တယ်။ ဒါဟာ Evil Does Not Existကို ကြည့်ပြီး ကျွန်တော်ပြန်သတိရမိတဲ့ မေးခွန်းပါပဲ။ တကယ်လည်း Evil Does Not Exist နေသလားတော့ ဟမဂုချိမှာလည်း အဖြေရှိပုံမရပါဘူး။ အရိုးပြိုင်းပြိုင်းသစ်ပင်တွေ သွေးသံရဲရဲတိရိစ္ဆာန်တွေတော့ ရှိနေကြတုန်းပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 3.1GB | 1.2GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.2 2023
Evil Does Not Exist
Kill Command
5.8

၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AI စက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကား တစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲက မင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခု ဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကို အခြေခံထားပြီး Harbinger Corporation အတွက် အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်း ရိပ်စားမိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့ Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေး လေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့် တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်က စနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေ ရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။ Mills နဲ့ကပ္ပတိန် Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီး သူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့် ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 696MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2016 99 mins
Kill Command
Maan Karate
5.2

Maan Karate (2014) “ကံစေရာ” IMDb – 5.2/10 တမီးလ်မင်းသမီးချော ဟန်ဆီကာ၊ တမီးလ်အဆိုတော်သရုပ်ဆောင် မင်းသားဆီဗာကာသီယန်နဲ့ ဟာသသရုပ်ဆောင်ယိုဂီဘာဘူတို့ရဲ့ ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သူငယ်ချင်းငါးယောက် တောထဲကို အပျော်ခရီးထွက်ရင်း သူတော်စင်ကြီးတစ်ဦးနဲ့တွေ့ပါတယ်။ ဝန်ထမ်းတွေဖြစ်တာမို့ ငွေရေးကြေးရေးကြပ်တည်းတဲ့အတွက် သန်းကြွယ်သူဌေးကြီးတွေဖြစ်အောင် လုပ်ပေးဖို့တောင်းဆိုကြပါတယ်။ သူတော်စင်ကြီးက ဆုတစ်ခုကိုပဲ ဖြည့်ပေးမယ်ဆိုတော့ မယုံတဲ့ကောင်က အနာဂတ်ကာလ သတင်းစာတိုက်ပိတ်တဲ့နေ့က သတင်းစာတစ်စောင်ကိုတောင်းဆိုလိုက်တယ်။ သတင်းစာတကယ်ရလာပြီး အဲဒီသတင်းစာထဲကအတိုင်း အကုန်ဖြစ်ပျက်နေတဲ့အပြင် သူတို့ငါးယောက်နာမည်ပါ သတင်းထဲမှာပါလာတဲ့အခါမှာတော့…။ သတင်းစာကျေးဇူးနဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်အောင်လုပ်နိုင်မလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်။)

Action • Drama • Thriller • Horror
5.2 2014
Maan Karate
Runt
7

ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ IMDB Rating 7 ထိ ရထားတဲ့ Family/Adventure အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာ အာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်း လက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်… ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearers မိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်… ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့ မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့ တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာ မျှော်ကိုးရပါတော့တယ်… ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ တိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်း လာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင် ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့ လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက် ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်… တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့် လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့် ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်… Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာ အစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့ မိသားစုအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ… Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလား Shearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ…… Upson Downs မြို့ကလေးက လယ်မြေတွေရော သူဌေးကြီး Earl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့ Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ……. File size… (1.62GB) / (892MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Animal Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Romance • Comedy
7 2024 91 mins
Runt
Art of the Devil 2
6

Art Of The Devil 2 (2005) ************************* IMDb 6.0 ရထားတဲ့ ထိုင်း Horror ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား တစ်စု ကျောင်းဆင်းပြီး ၂ နှစ်အကြာမှာ သူငယ်ချင်းတစ်ယောက် ရဲ့ အိမ်မှာ သူ့အဖေရဲ့ အသုဘ အတွက်ပြန်လည် ဆုံတွေ့ဖြစ်ကြပါတယ်… အမှောင်ချိန်ရောက်ရှိလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေ တစ်ယောက်ယောက်ပြီးတစ်ယောက်အပေါ် ဖြစ်ပေါ်လာပါတော့တယ်…တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ သူတို့ တွေကို ကလဲ့စားချေဖို့ ကြိုးစားနေသလိုမျိုးဖြစ်လာပါတယ်…ဒါတွေက ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်… File Size : 2.83GB / 1.02GB Quality : WEB-DL 1080p / 720p Duration : 01:40:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by TheintYT Encoded by Heather Oo

6 2005 102 mins
Art of the Devil 2
Gothic Slayers
4.8

Gothic Slayers (2025) IMDb Rating (4.8) ဒီကားက B Movieပေမဲ့ B Movieအနေနဲ့တော့ သိပ်မဆိုးဘူးထင်တာပါပဲ။ မီနီဂေါက်ကွင်းလေးတစ်ခုမှာ အလုပ်လုပ်တဲ့ ဘာမှမဖြစ်လာတဲ့ ကောင်လေး၂ယောက်ရှိတယ်။ သူတို့၂ယောက်က ဘာကောင်တွေမှတော့မဟုတ်ပေမဲ့ ပျော်ပျော်ကြီးတော့ နေနေကြတာပါပဲ။ ဒီဘာမှမဟုတ်တဲ့ ကောင်လေး၂ကောင်က ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာခဲ့တယ်။ ဖန်လာပုံက သူတို့သူငယ်ချင်းတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က ဖမ်းသွားတယ်။ သူတို့သူငယ်ချင်းကို ကယ်ဖို့လိုက်ချောင်းရင်း ဒီအဖွဲ့က နတ်ဆိုးကို ခန္ဓာကိုယ်ပြောင်းပေးဖိုလုပ်နေတာကိုသိလိုက်ရတယ်။ ဒီလောက်တင်မဟုတ်ဘဲ မြို့ကိုပါ ဖျက်ဆီးဖိုကြံနေတာကိုလည်းသိလိုက်ရတယ်။ နတ်ဆိုးနဲ့ သူ့နောက်လိုက်အဖွဲ့တွေကို ဒီကောင်လေး၂ကောင်က ရင်ဆိုင်ပြီး ကမ္ဘာကြီးကို ကယ်တင်မှာကို ကြည့်ရမယ့်ဇာတ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:41:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

4.8 2025 101 mins
Gothic Slayers
Little Men
6.7

Little Men (2016) ************************ ငယ်ဘဝက childhood friend တစ်ဖြစ်လည်း best friend ကိုပြန်အမှတ်ရစေမဲ့ Little Men ရုပ်ရှင်ဟာ ၂၀၁၆ ကထွက်ရှိခဲ့ပြီး ညီအစ်ကိုလိုခင်ကြတဲ့ ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး ၂ ယောက်ရဲ့ လွမ်းဆွတ်ဖွယ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ရရှိခဲ့သောဆုများ – Berlin International Film Festival: Grand Prix of the International Jury (Generation Kplus) – Sundance Film Festival: Official Selection – New York Film Critics Circle Awards: Best Supporting Actress (runner-up, Paulina García) – National Board of Review: Top 10 Independent Films သရုပ်ဆောင်များ – Theo Taplitz (Jacob Jardine အဖြစ်) – Michael Barbieri (Antonio Calvelli အဖြစ်) – Greg Kinnear (Brian Jardine အဖြစ်) – Jennifer Ehle (Kathy Jardine အဖြစ်) – Paulina García (Leonor Calvelli အဖြစ်) ဇာတ်လမ်းအကျဥ်း Jacob ရဲ့ မိသားစုဟာ ဘရွတ်ကလင်က ဆုံးပါးသွားတဲ့ အဖိုးရဲ့အိမ်ကို ပြောင်းရွှေ့လာချိန်၊ ဘရွတ်ကလင်မှာ သူတို့ ငှားရမ်းထားတဲ့အပ်ချုပ်ဆိုင်က Antonio ဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းဖြစ်လာပါတယ်။ သူတို့ဟာ ဝါသနာတွေတူတာကြောင့် ချက်ချင်းဆိုသလို ခွဲမရအောင် ရင်းနှီးသွားကြပြီး အနုပညာရှင်တွေ ဖြစ်လာဖို့ အိပ်မက်တွေ မျှဝေကာ နာမည်ကြီး အနုပညာသင်တန်းကျောင်းတစ်ခုကို အတူတက်ရဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်စရာ ခင်မင်ရင်းနှီးမှုနောက်ကွယ်မှာတော့ ဆိုင်ရှင်နဲ့ ဆိုင်ငှားဖြစ်တဲ့ မိသားစုနှစ်ခုကြား အငြင်းပွားမှုတွေဟာ သူတို့နှစ်ယောက်ကို ကွဲသွားစေနိုင်လောက်အောင် ဆိုးဝါးလာပါတယ်။ ကလေးနှစ်ယောက်ဟာ မခွဲခွါရဖို့ မိဘတွေကိုပါ အသံတတိတ်ဆန္ဒပြရင်း သူငယ်ချင်း ၂ ယောက်ကြား ဖြူစင်မှု၊ အချင်းချင်း သစ္စာရှိမှုနဲ့ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းရချိန် နာကျင်ဖွယ်ကောင်းတဲ့ လက်တွေ့ဘဝ စတာတွေကို ကြည့်ရှုခံစားကြရမှာလည်း ဖြစ်ပါတယ်။ File Size – 1.53 GB/ 727 MB Quality – BluRay 1080p/ 720p Duration – 1h 25m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub)

Thriller • Crime • Drama
6.7 2016 85 mins
Little Men