YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

EXchange.S02E20.1080p.CM.mp4

2.43 GB 1080p video/mp4 77 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dear Frankie
7

IMDB မှာ rating 7.7 ထိရရှိထားပြီး အားလုံးရဲ့ရင်ထဲကိုထိစေမယ်ဆိုတာပြောစရာမလိုပါဘူး ဖရန်ကီက နားမကြားတဲ့ကောင်လေးတစ်ယောက်ပါ။ ဖရန်ကီရဲ့အမေကတော့ ဖရန်ကီရဲ့အဖေနဲ့ ဘာလို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတယ်ဆိုတာကို သားလေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားမှာဆိုးလို့မသိစေချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဖရန်ကီရဲ့ အဖေကို သင်္ဘောသားအဖြစ်နဲ့ စိတ်ကူးယဉ်ဖန်တီးပြီး သားဆီကို စာတွေရေးပို့နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဖရန်ကီဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေသူ့ဆီလာ‌တွေ့မယ် မတွေ့ဘူး ဆိုတာကို လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီတော့ ဖရန်ကီရဲ့ အမေဟာ သူစိမ်းတစ်ယောက်ကိုငှားရမ်းပြီး ဖရန်ကီရဲ့ အဖေနေရာမှာ ဟန်ဆောင်ပေးဖို့ဖြစ်လာရပါတော့တယ်။ ဖရန်ကီကရော သူလောင်းထားတဲ့ ကိစ္စမှာ အနိုင်ရရှိသွားမလား။ သူ့အမေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကကော ဘာဆက်ဖြစ်သွားမလဲ ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှု့စားလိုက်ပါခင်ဗျာ... File Size :(2.1GB) and (683MB) Quality : AMZN.WEB-DL1080p5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae

Crime • Drama • Thriller
7 2004 105 mins
Dear Frankie
Grimcutty
5.3

နည်းပညာတွေတိုးတက်လာတဲ့အမျှ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိစမြဲပါပဲ။ တိုးတက်လာတာနဲ့အမျှ ကလေးတွေရဲ့ screen time အရမ်းတိုးလာ သလို၊ အွန်လိုင်းပေါ်က challenge တွေကိုလည်း မိုက်ရူးရဲဆန်စွာ လုပ်တတ်လာ ကြပါတယ်။ အာရှာတို့ မြို့လေးမှာ ကလေးတွေက ဓားနဲ့ကိုယ့်ကိုကိုယ်ထိခိုက်အောင်လည်းလုပ် တယ်။ အခြားသူတွေကိုလည်း ထိခိုက်အောင်လုပ်တဲ့အပြင် ကိုယ့်အမေအရင်းကိုပါ ဓားနဲ့ထိုးမှုတွေထိပါဖြစ်လာပါတော့တယ်။ ဒီလိုဖြစ်ရတဲ့နောက်ကွယ်က အကြောင်း အရင်းက ဂရင်းကတ်တီကြောင့်ပါပဲ။ အာဏာပိုင်တွေကတော့ ကလေးတွေက ဂရင်း ကတ်တီ challengeကိုလုပ်ရင်း ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်မိကြတာလို့ သုံးသပ်ကြပါတယ်။ မြို့မှာ ဒီလိုကိစ္စတွေ အဖြစ်များလာတဲ့နောက် မိုက်ရူးရဲတဲ့ကိစ္စတွေမလုပ်ဖို့ အာရှာကို သူ့မိဘတွေက သတိပေးတဲ့ချိန်မှာပဲ အာရှာတစ်ယောက် ဂရင်းကတ်တီနဲ့ကြုံလိုက်ရပါ တော့တယ်။ သူ့ရဲ့မိဘတွေကို အမှန်တိုင်းပြောပေမယ့် အားကစားကနေလည်း သူစိတ် တိုင်းကျထွက်လိုက်ပြီး၊ စိတ်ဓာတ်ကျတဲ့သူလိုမျိုးဖြစ်နေတဲ့ အာရှာကို သူ့မိဘတွေက မယုံကြည်ကြပါဘူး။ တဖြည်းဖြည်း မြို့က မိဘတိုင်းက သူတို့ကလေးတွေ ဖုန်းသုံးတာ ကန့်သတ်ပြီး ကျောင်းပါ ပေးမသွားကြတော့တဲ့ချိန်မှာ အာရှာတစ်ယောက် ဒီကိစ္စနဲ့ပတ် သတ်ပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖွေပါတော့တယ်။ တကယ်ပဲ ဂရင်းကတ်တီနဲ့ပတ်သတ်တဲ့ကိစ္စတွေက ထင်ယောင်ထင်မှားဖြစ်တာလား၊ ဒါမှမဟုတ် ဂရင်းကတ်တီကပဲ အပြင်မှာအမှန်တကယ်ရှိနေတာလား အာရှာတစ်ယောက် ရော ဘယ်လိုအဖြစ်အပျက်တွေကြုံရဦးမှာလဲ၊ horror ကားကြိုက်တဲ့ ပရိသတ်တွေအတွက် mystery အပြည့်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်လို့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများ ကတော့ Shwe Pyae, JimX  တို့ဖြစ်ပါတယ်) File Size..........(1.14 GB) / (450 MB) / (251 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Shwe Pyae, JimX Encoder..........SWM

Drama • Romance
5.3 2022 101 mins
Grimcutty
Sardar
7.5

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ... ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်... ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်... ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်... အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ... ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Thet Ko ~ Go -O ~ Taylor ~ Yunni ~ BpL

Action • Crime • Drama
7.5 2022 167 mins
Sardar
The Labyrinth
4

ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။ တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK

Action • Adventure • Science Fiction
4 2022
The Labyrinth
Wrath of Man
7.7

ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီး အစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်း ဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့် သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။... Translated by : Mr.Anderson Encoded by : YK File Size : 1.04GB Quality : 720p Duration : 1h 59mins

7.7 2021 119 mins
Wrath of Man
Falling in Love
6.5

Falling in Love (1984) ~ IMDb – 6.5/10, Rotten Tomatoes – 54% ~ ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော… ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။ သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။ သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို တင်ဆက်ထားတဲ့ Falling in Love (ချစ်ခြင်းမှာ သက်ဆင်းရသူ) ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားမှာ ဒိတ်ဒိတ်ကြဲ အမေရိကန်မင်းသမီးကြီး Meryl Streep က ဦးဆောင်ပါဝင်ထားပါတယ်။ Clint Eastwood နဲ့ The Bridges of Madison County ဇာတ်ကားမှာ ဒီလိုဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့သလို ဒီဇာတ်ကားမှာလည်း ခင်ပွန်းနဲ့ ချစ်သူကြားမှာ နှလုံးသားနဲ့ဦးနှောက် ဗျာများရပုံတွေကို အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အီတလီဖွား အမေရိကန်မင်းသားကြီး Robert De Niro ကလည်း လိုက်ဖက်ပြေပြစ်စွာ သရုပ်ဆောင်ထားပါတယ်။ မင်းသား မင်းသမီး အပြိုင်ကြဲတဲ့ Romantic အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ ဖိနပ်ပြတ်နဲ့ ခွေးငတ် ဘာညာ ပြောကြမှာ။ ဒါပေမဲ့ အချစ်ကို တမံတုပ်လို့ မထိန်းနိုင်ဘူးဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတိအလင်းမြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 820MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.5 1984
Falling in Love
Department Q: A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
7 2016 108 mins
Department Q: A Conspiracy of Faith
Club Dread
5.7

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

History • Drama
5.7 2004
Club Dread
Shadow of Fire
7

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။ File size…1.59GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , History , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7 2023
Shadow of Fire
Kapil Return
6.2

Kapil returns 2024 အိပ်မက်ပန်းတိုင် မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါ ဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ် ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲ ဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.2 2023
Kapil Return
Previously Saved Version
6.6

Previously Saved Version (2024) IMDb Rating (6.6) ဒီဂျပန်ကားကတော့ Sci-Fi,Romance အမျိုးအစားဖြစ်ပြီးတော့ မင်းသား Hideaki Ito နဲ့ မင်းသမီး Yuko Araki တို့မှ အဓိကပါဝင်ထားပါတယ်။ အချိန်ကာလကတော့…သက္ကရာဇ် ၂၂၀၀ ခုနှစ်ပါ… လူတွေဟာ အာကာသထဲမှာ နေနိုင်ပြီဖြစ်ပြီးတော့ နာအိုကီနဲ့မာယူမီဆိုတဲ့လင်မယားနှစ်ယောက်ဟာလဲ အာကာသထဲက မျောနေတဲ့စခန်းတခုမှာရောက်ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ တယောက်ကိုတယောက်အရမ်းချစ်နေကြပြီး အဆင့်မြင့်သိပ္ပံစခန်းနဲ့ စက်ပစ္စည်းတွေနဲ့ အရာရာအဆင်ပြေနေသလိုရှိနေပေမယ့် တချို့သော မထင်ထားတဲ့ပြဿနာတွေက ရှိနေပါတယ်….ဒါကို နာအိုကီက ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်ကြိုးစားနေရင်း ကြိုးစားနေရင်းမှ ဘယ်လိုလျှို့ဝှက်တွေထွက်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Eren မှတင်ဆက်ထားပါတယ်။)

Documentary
6.6 2024
Previously Saved Version
A New York Story

Veronica Mars Series မှာသရုပ်ဆောင်ခဲ့တဲ့ Paul Karmiryan ပါဝင်ထားပြီး Fiona Robertနဲ့ Sophia Robert ညီအစ်မနှစ်ယောက်ပူးပေါင်းရိုက်ကူးထားသော Drama အမျိုးအစားဇာတ်လမ်းပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း လူကုံထံလူတန်းစား အပေါင်းအ‌သင်းတွေနဲ့သာကျင်လည်နေခဲ့တဲ့ Annabel ဆိုတဲ့ကောင်မလေးဟာ တ‌စ်နေ့မှာတော့ Theo Offitဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက်နဲ့ မမျှော်လင့်ပဲတွေ့ဆုံခဲ့ကြရင်း သူတို့နှစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။ အထက်တန်းလွှာသူငယ်ချင်းတွေက သာမန်လူတန်းစားလူတွေအပေါ်ခွဲခြားဆက်ဆံတာတွေ၊ Annabel တစ်ယောက် မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားကို ဘယ်လိုပေါင်းသင်းဆက်ဆံနေရတယ်ဆိုတာနဲ့အတူ ချစ်သူရှိပြီးသား Annabel တစ်ယောက် Theo‌ ကြောင့်ချစ်သူနဲ့နားလည်မှုလွဲပြီးပြတ်စဲသွားမလား၊ သူငယ်ချင်းတွေနဲ့ဖယ်ကျဉ်တဲ့ဒဏ်ကို ခံရပြီးနောက် Theo နဲ့ပဲဆက်လက်ခင်မင်သွားမလားဆိုတာကိုခန့်မှန်းကြည့်ရှုရမှာဖြစ်သလို Drama ဇာတ်အေးခုံမင်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(1 GB)/(661 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien Cho

0 2024
A New York Story
Ghost Trail Les fantômes
6.7

Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….01:47:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy
6.7 2024
Ghost Trail Les fantômes
Gentlewoman
5.5

Gentlewoman 2025 အာဂအမျိုးသမီး Imdb 6.5 ဒီကားလေးက နာမည်ကြားရတာတော့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးအကြောင်းများလား မှတ်ထင်ရပေမဲ့ တကယ်တမ်းကြည့်လိုက်ရင်တော့ တော်တော်လေး ကြမ်းတဲ့ဇာတ်လမ်းပါ ဖော်ပြရရင် တကယ့် သည်းထိတ်ရင်ဖိုလမ်းကြောင်းပေါ်မှာ အရှိန်အဟုန်နဲ့ မောင်းနှင်နေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ ဇာတ်လမ်းက ပူနီဆိုတဲ့ မိန်းမသားလေးတစ်ယောက်နဲ့ စတာပေါ့ စစချင်း ပူနီ့ဘဝအကြောင်း ဇာတ်အေးအေးလေး ရိုက်ကူးထားပြီး နောက်တော့ သူ့ခင်ပွန်းအာရဗင်ဆိုတဲ့လူက ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားပါတယ် ရဲတွေကတော့ ပိုက်ဆံပြဿနာကြောင့် ထွက်ပြေးသွားတာနေမယ်လို ထင်ကြပေမဲ့ အန်နာဆိုတဲ့ Single Lady စစ်စစ်ကတော့ ပူနီရဲ့ အေးဆေးတည်ငြိမ်နေပုံကို သံသယဝင်နေပါတယ် သူ့စိတ်ထဲမှာတော့ ဒီနောက်ကွယ်မှာ ပိုပြီး လျှိဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုခု ရှိနေတယ်လို ခံစားနေရတာပေါ့ အန်နာဆိုတာက ပူနီတိုရဲ့အိမ်နီးချင်း ယောက်ျားတွေက မိန်းမတွေကို ပစ်ထားခဲ့ရင် ဘာနှုတ်ဆက်စကားမှ မဆိုသင့်ဘူးလို ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အမျိုးသမီးမျိုး ဒီလိုနဲ့ သူတစ်ယောက်တည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်း ပူနီနဲ့ တွေ့ကြတယ် အစပိုင်းမှာတော့ အေးအေးဆေးဆေးဖြစ်ပေမဲ့ နောက်ပိုင်းကျမှ နှစ်ယောက်သားကြားထဲမှာ တင်းမာမှုတွေ တဖြည်းဖြည်း တက်လာပြီး တစ်ယောက်ကိုတစ်ယောက် သံသယတွေ ပိုပိုပြီး ဝင်လာတော့တာပဲ ဇာတ်ကားအစက အေးအေးဆေးဆေး စသွားပေမဲ့ နောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တော်တော်လေး စိတ်ဝင်စားဖိုကောင်းပါတယ် အမျိုးသမီးတွေရဲ့ ရွေးချယ်မှုတွေအကြောင်း လူ့အဖွဲအစည်းရဲ့ အမြင်တွေအကြောင်းကိုလည်း ခပ်လေးလေးနက်နက် စဉ်းစားစရာတွေ ချန်ထားခဲ့နိုင်တဲ့ ကားမျိုးပါပဲ Gentlewoman က နာမည်နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး တကယ့် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားဆိုတာ ပြောရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လိုကောင်းသလို အတွေးလည်းနယ်ချဲ့စရာတွေ ပေးနိုင်တဲ့ ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Comedy • Romance
5.5 2025 113 mins
Gentlewoman