YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Dream of Chang'An (ep 13).mp4

329.21 MB N/A video/mp4 1082 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ages of Love
5.3

အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။ Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ...မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာက ဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။ Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.org/?s=manual+of+love  မှာကြည့်ပါ။ File size…(900 MB) Quality…BluRay 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa Yaga

Action • Animation • Fantasy
5.3 2011 125 mins
Ages of Love
Kinsenas, Katapusan
6.2

ဒီဖိလစ်ပိုင်ဇာတ်ကားက Thriller,Psychological ပုံစံပါ။ ကွန်နရာဒိုဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ အလိုက်သိဖြည့်ဆည်းတတ်တဲ့ဇနီးချောနဲ့သမီးလိမ်မာလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အားကျစရာဘဝပိုင်ရှင်လူလတ်ပိုင်းတစ်ဦးပါ။ဒါဆိုရင်သူ့မှာ ဘာချို့ယွင်းချက်ရှိနေမလဲဆိုတော့ ဘာမှရှိမနေပါဘူး။ အဲ့ဒါတွေတင်မကပဲနဲ့ စော်လဲမတရားကြည်ပါသေးတယ်။ သူ့ရုံးကလက်ထောက်ကောင်မလေးဆို မနည်းရှောင်တဲ့ကြားထဲက အတင်းကြီး စားပွဲပေါ်လာတင်ကျွေးလို့အားနာပြီးစားလိုက်မိရာကနေ လာလာနွယ်နေလို့သူစိတ်ညစ်နေရတာလေးတစ်ကွက်တော့ရှိတယ်။ပြောရမယ်ဆိုရင်မွေးရာပါ အားနည်းချက်က စော်ကြည်တာပေါ့ဗျာ။ အဲ့ဒီကနေမှသူ့သမီးကျောင်းကိုအသစ်ရောက်လာတဲ့ အတန်းဖော်မိန်းကလေး၊ အထက်တန်းကျောင်းသူလို့မထင်ရစရာ ဖွံ့ဖွံ့ထွားထွားနဲ့ ဆွဲဆောင်မှုပြင်းလွန်းတဲ့ကောင်မလေးကပါ သူ့သမီးကတစ်ဆင့် သူ့ကိုအတင်းဝင်လုံးဝင်ရော နည်းပေါင်းစုံနဲ့ဇာတ်လမ်းတွေထွင် ဗီဒီယိုကောတွေနဲ့ပြ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အခါ..။ ကောင်မလေးရိုးမှရိုးရဲ့လားလို့တွေးမိကြမှာပါပဲ။ ကောင်မလေးမှာသူမသိတဲ့ဘယ်လိုနောက်ကြောင်းတွေရည်ရွယ်ချက်တွေရှိမလဲ၊ ဒီကောင်မလေး ခြိမ်းခြောက်လာခဲ့သလို သူချစ်တဲ့ဇနီးနဲ့သမီးတို့နဲ့သာယာတဲ့အိမ်ထောင်ရေးကိုထိခိုက်ခံရတော့မှာလား? ဒီရမ္မက်နွံကနေ ဘယ်လိုရုန်းထွက်ရမလဲစတဲ့ မေးခွန်းတွေကို အဖြေရှာရှုစားကြပါ။ မင်းသားကြီးရဲ့ဘဝဟာဆိုရင်ဖြင့် စောင်းပုလွေဘာဂျာအစုံနဲ့ သာယာပုံတွေက တကယ့်ကိုအားကျစရာကြီးဆိုတော့ ငါဆိုရင်ကောရုန်းနိုင်ပါ့မလားဆိုတဲ့မေးခွန်းတော့ ကိုယ့်ကိုယ်ကိုပြန်မေးဖြစ်ကြပါလိမ့်မယ်။ 18+ ပါပဲဆိုတာတော့ပြောစရာမလိုဘူးထင်ပါတယ်။ File size…(800 MB)/(400 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Comedy • Drama
6.2 2022 87 mins
Kinsenas, Katapusan
Demon Department 4: Secret Art of Spiritual Origin
6.3

ကလေးဘဝက တစ်မိသားစုလုံးအသတ်ခံလိုက်ရပြီး မှော်စက်ယန္တရားတွေကျွမ်းကျင်ကာ၏ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ရဲ့အမိန့်ကို မြေဝယ်မကျနားထောင် သွေးအေးရက်စက်တတ်တဲ့ ထန်လင်ဖုန် း စက်ယန္တရားတွေကို နည်းနည်းမှနားမလည်ဘဲ ထန်လင်ဖုန်းကို ညီလေးတစ်ယောက်လို ဂရုစိုက်ချစ်ခင်လာတဲ့ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် လုရင် ဝိညာဥ်ရင်းမြစ်လျှို့ဝှက်သိုင်းကျမ်းကို အသုံးချပြီး ကိုယ့်အတ္တအတွက် အသုံးချချင်ကြတဲ့ လူတွေ... သွေးသားရင်းတွေမဟုတ်ပေမဲ့ အစစအရာရာဂရုစိုက်ချစ်ခင်လာကြတဲ့ ညီအစ်ကိုနှစ်ယောက် တစ်ရက်မှာ သွေးကွဲဖို့ဖြစ်လာပြီး ပြဿနာတွေက ထင်ထားသလိုမရိုးရှင်းဘဲ မိစ္ဆာတွေနဲ့ အာဏာလုပွဲတွေပါ ပါဝင်ပတ်သတ်လာချိန်မှာတော့... သူတို့နှစ်ယောက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ကြရမှာပါနော် Quality : WEB-DL 1080p Format : mp4 Genres : Action , Fantasy Duration : 1h 39min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yamin Ei Encoded by LK

TV Movie • Thriller
6.3 2022
Demon Department 4: Secret Art of Spiritual Origin
Dolphin Tale
6.8

Dolphin Tale (2011) =============== IMDb Rating – 6.8/10 CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိ‌နေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ လင်းပိုင်လေးဝင်းတားဟာ 2021ခုနှစ်၊နိုဝင် ဘာ 11ရက်ကပဲ ဆုံးပါးသွားပြီမို့ ရုပ်ရှင်ထဲမှာပဲ တွေ့နိုင်တော့မှာပါ။ ကဲပါ ခံစားကြည့် ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.54 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Ngwe Zin Encoder……….SWM

6.8 2011 113 mins
Dolphin Tale
Neon Cactus

Neon Cactusက neo-noir styleနဲ့ indie ရုပ်ရှင်ကားဖြစ်ပါတယ်။ 50s တုန်းကလိုမျိုး retro ပုံစံမျိုး ရိုက်ထားပါတယ်။ ဇာတ်လမ်းကတော့ Stanley Cooper ဆိုသူက သော့ဆိုင်တစ်ခုကို လည်ပတ်လုပ်ကိုင်နေတဲ့သူပါ။ ထုံပေပေနဲ့ဆိုပေမယ့် စိတ်ထားက ရိုးသားဖြောင့်စင်းပါတယ်။ သူ့မိန်းမဖြစ်သူ Maureenကတော့ သူ့ကိုမချစ်ပါဘူး။ သူ့ရဲ့ သေသွားတဲ့အရင်ယောကျ်ား JR ဆိုတဲ့သူကိုပဲ တမ်းတမ်းစွဲဖြစ်နေပြီး Stanley နဲ့ တစ်ချိန်လုံး နှိုင်းယှဥ်နေခဲ့ပါတယ်။ မသာယာတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးထဲကို မြို့ခံဖြစ်တဲ့ Johnny Rocket ဆိုတဲ့ ဒုစရိုက်အလုပ်နဲ့ ချမ်းသာနေတဲ့ သူဌေးကြီး ရောက်လာပါတယ်။ Johnny ဘက်က Stanley နဲ့ မိတ်ဆွေဖြစ်အောင် ချဥ်းကပ်လာခဲ့ပါတယ်။ တစ်နေ့မှာ မိန်းမဖြစ်သူက အကြိမ်ကြိမ် သူ့ကိုမတော်တဆမှုနဲ့ သေအောင် ကြံစည်နေကြောင်း သိလိုက်ရတဲ့အခါမှာ Stanley တစ်ယောက် Johnny Rocketဆီ ရောက်သွားခဲ့ပြီး မိန်းမကို သတ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲ့နောက်မှာ ဆက်ဖြစ်သမျှကတော့ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Horror
0 2022
Neon Cactus
Midnight Son
5.8

Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့ အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများ ကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့ ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်း နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက် နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက် သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်း လူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင် ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေး အဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက် လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက် ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက် နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာ ဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68 GB / 749 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2011
Midnight Son
Island Hunter
5.8

ဒီတခါတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ ကျွန်းတစ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်ပျက်ကြောင့် မင်းသားဖြစ်သူ ဝမ်ခဲနှင့် မင်းသမီးဖြစ်သူ ရှောင်းယတို့ရဲ့ အန္တရာယ်ကြားထဲက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဝမ်ခဲ နှင့် ရှောင်းယတို့က သူငယ်ချင်းဘဝမှာ ခရီးထွက်ရင်းကြယ်ကြွေတာကိုမြင်ပြီး ကျွန်းတစ်ကျွန်းပေါ် ဥက္ကာခဲကြွေကျခဲ့တာကိုမြင်ခဲ့ကြတဲ့အခါ ကျွန်းပေါ် ဥက္ကာခဲလိုက်ရှာကြမယ်ဆိုပြီးတော့ ထူးဆန်းတဲ့ကျွန်းပေါ်သို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ် ကျွန်းပတ်ဝန်းကျင်မှာနေထိုင်တဲ့လူတွေမှာတော့ ရှေးပုံပြင်တစ်ခုရှိကြတာပေါ့ ပုံပြင်အရဆိုရင် ဟိုးရှေးရှေးက ကျွန်း‌ပေါ်မှာလူတွေနေထိုင်ခဲ့‌ကြပြီး အဲ့ဒီလူတွေထဲက အမဲလိုက်မုဆိုးတစ်ယောက်က မြွေတစ်ကောင်ကိုဖမ်းမိခဲ့ရာကနေပြီးတော့ စတင်ပြီး သူတို့နေတဲ့ကျွန်းဟာ စွန့်ပစ်ကျွန်းအဖြစ်ဒုက္ခရောက်သွားတဲ့ပုံပြင်လေးဖြစ်ပါတယ် လူတွေပြောနေကျ ပုံပြင်ထဲကအတိုင်း တကယ်ပဲစွန့်ပစ်ကျွန်းကြီးဖြစ်နေမလား ကျွန်းပေါ်မှာဘယ်လိုအန္တရာယ်တွေရှိနေမလဲ ဝမ်ခဲနှင့်ရှောင်းယတို့ ကျွန်းပေါ်မှာပဲဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

5.8 2024
Island Hunter
Talking To Ghosts

ခီအယ်ရာလို့ခေါ်တဲ့ အမျိုးသမီးလေးက ကိုယ့်ကလေးကို ပျောက်ဆုံးသွားပြီးနောက်မှာ စိတ်ဓာတ်ကျပြီး အရာရာကို လုပ်ချင်ကိုင်ချင်စိတ်ပျောက်ဆုံးနေသူဖြစ်ပါတယ်။ အလုပ်လည်း မလုပ်ချင်တော့ဘဲ ယောင်လည်လည်ဖြစ်နေကာ ကိုယ့်အသက်ကိုပါ အဆုံးသတ်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ ခီအယ်ရာကို တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂျက်ဇ်ရဲ့ကောင်လေး ပီတာ,က အလုပ်အသစ်တစ်ခုကို မိတ်ဆက်ပေးပါတော့တယ်။ ထိုအလုပ်ကတော့ လက်နက်မှောင်ခိုရောင်းဝယ်တဲ့အလုပ်ပဲဖြစ်ပါတယ်။ ခီအယ်ရာတစ်ယောက် သူ့ရဲ့ပထမဆုံး လက်နက်မှောင်ခိုကို လုပ်ရာမှာ မထင်မှတ်တဲ့ကိစ္စကို ကြုံတွေ့လိုက်ရတဲ့အခါမှာတော့ …. အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.4 GB)/(587 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Thriller, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Minn Khant Kyi Win

0 2023
Talking To Ghosts
Silk
5.8

၁၉ ရာစုက ပြင်သစ်နိုင်ငံရဲ့ ပိုးထည်မှောင်ခိုသမားတဦးဖြစ်တဲ့ Hervé Joncour အီဂျစ်နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာတော့ အရည်အသွေးမြင့်တဲ့ ပိုးဥများရရှိဖို့အတွက် ဂျပန်နိုင်ငံကိုသွားပြီး အရောင်းအဝယ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ခရီးတွေက မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဂျပန်နိုင်ငံကို သွားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံထဲရောက်ရှိနေစဉ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အမည်မဖော်လိုတဲ့ ဘုရင့်ကိုယ်လုပ်တော်တယောက်ကို အစွဲအလမ်း ကြီးစွဲလမ်းလာခဲ့ပါတယ်။ တဖက်မှာလည်း ပြင်သစ်နိုင်ငံထဲမှာ သူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့၊ သူချစ်တဲ့အမျိုးသမီးနဲ့ လက်ထပ်ယူထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပိုးထည်ဖန်တီးမှုအနုပညာ၊ ချစ်ခြင်းမေတ္တာ စွဲလမ်းမှုသံယောဇဉ်နဲ့ ဇာတိမြေနဲ့ ဝေးကွာတဲ့အရပ်ဆီကဆွဲဆောင်မှု တွေအကြောင်းကို ကဗျာတပုဒ်လို လှပစွာရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ File size…2.36GB / 1.21GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.8 2007
Silk
Triangle
6.9

Melissa George For further information please contact the Icon Press Office on 020 8492 6300 / [email protected] Release date October TBC Certificate TBC Triangle (2009) IMDb Rating (6.9) /Rotten Tomatoes (80%) Triangle (2009) ဇာတ်ကားမှာ horror film queen ကြီးဖြစ်တဲ့ Melissa Suzanne George ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဗြိတိန်ထုတ်လုပ်ရေးက ထွက်ရှိလာတဲ့ကားဆိုပေမဲ့ အဘော့အဲအော့ဝါးအား နဲ့ အဂိန်း ဆိုတဲ့ ဗြိတိသျှ အသံထွက်တွေတော့ ကြားရဖို့မရှိပါဘူး။ ဒါပေမဲ့ Australian မင်းသားလေး Liam Hemsworth ရဲ့ နုပျိုတဲ့ ရုပ်သွင်ကိုတော့ မြင်ရဖို့ရှိတယ်ဗျ။ စိတ္တဇအသားပေး လူသတ်နဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားဖြစ်တာနဲ့အညီ ဟိုရောက်ဒီရောက်ဇာတ်ကွက်တွေကို တကွဲတပြား ပြသနေပြီးမှ ဟိုတစ်စ ဒီတစ်စ ဆက်စပ်ယူရတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်နေဆဲနဲ့ ကြည့်ပြီးအသွားမှာ လူကြီးမင်းတို့ကို တွေးစရာတွေ တပုံတပင် ပေးသွားဖို့လည်းရှိပါတယ်။ ဇာတ်လမ်းရဲ့ကျောရိုးက အပျော်စီးရွက်လှေတစ်စင်းပေါ် လိုက်ပါလာတဲ့လူတစ်စု ပင်လယ်ပြင်မှာ မိုးကြိုးမုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးကြပါလေရော။ လုံးဝ မှောက်ခုံကြီးဖြစ်နေတဲ့ ရွက်လှေဗိုက်ပေါ်က လူတစ်စုဟာ အနားမှာ ဘွားခနဲပေါ်လာတဲ့ သင်္ဘောကြီးပေါ်ကို တက်လိုက်ကြတယ်ဆိုပါစို့။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှ မပါလာပါဘူး။ ဒါပေမဲ့ စားစရာတွေ သစ်သီးတွေ လျှပ်စစ်တွေ လည်ပတ်နေတဲ့ အင်ဂျင်တွေနဲ့ လူမပါဘဲရွေ့နေတဲ့ သင်္ဘောကြီးပါပဲ။ သင်္ဘောနာမည်က လူတစ်ဦးရဲ့အမည်။ သူက နတ်ဘုရားတွေထဲကမှ သေမင်းကို မတည်နိုင်တဲ့ကတိကိုပေးပြီး လိမ်လည်လှည့်ဖျားခဲ့လို့ တောင်ပေါ်ကို ကျောက်တုံးကြီးတွန်းတင်၊ ထိပ်ပေါ်ရောက်တော့ ကျောက်တုံးကြီးက ပြန်လိမ့်ကျသွား၊ နောက်တစ်နေ့မှာ အစကနေ ပြန်တွန်းတင်ရမယ့် အပြစ်ဒဏ်ကို ခံစားနေရသူ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ သင်္ဘောပေါ်တက်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလို့ သေကုန်တယ်။ သေမင်းဆီကနေ လွတ်အောင်ပြေးကြရင်း သေမင်းဆီမှာပဲ ပြန်လည်ဝပ်တွားခယရတဲ့ သူတို့တွေရဲ့ကံကြမ္မာဟာ ဘယ်လိုအဆုံးသတ်မလဲ။ သူတို့ကြုံနေရတဲ့ ကျိန်စာကို ဘယ်လိုဖြေမလဲဆိုတာ ကြည့်လိုက်ကြပါဦးစို့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(1.1 GB) / (2.3 GB ) Quality….BluRay 1080p HEVC / 720p Format…. mkv/mp4 Duration….01:39:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Drama • History
6.9 2009
Triangle
The Age of Adaline
7.2

The Age of Adaline (2015) IMDb Rating (7.2) ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ ဇာတ်လမ်းကတော့… ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်… Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်… ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။ သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်… ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့…. တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။ လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ” ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ”

7.2 2015 112 mins
The Age of Adaline
The Blackcoat’s Daughter

American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊ မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင် နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘု‌ရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။ မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တ‌ဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ “ဘာကြီးမှန်းမသိဘူး”လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ ကွက်ကွက်ကွင်းကွင်း Jump scares တွေထက် ဒိုင်ယာလော့နည်းနည်းနဲ့ တွေးတွေးပြီးကြောက်နေရမဲ့ slow burn ပုံစံ horrorဇာတ်ကားပါ။ ဘော်ဒါဆောင်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ လမ်းမှာကားကြုံလိုက်စီးတဲ့ကောင်မလေးရယ်က ခြောက်ခြားစရာကိစ္စတွေနဲ့ ဘယ်လိုတွေ သက်ဆိုင်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1 GB / 364 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror/ Mystery/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Muse

Drama
0 2015 93 mins
The Blackcoat’s Daughter
You Are the Apple of My Eye
7.4

You Are the Apple of My Eye (2025) ********************************** IMDb… 7.4 နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။ တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂူဂျင်အူ (Jinyoung) ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲမက်နေတဲ့ ကျောင်းသားလေးပါ။ အိုဆွန်းအာ (Dahyun) ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။ တစ်နေ့မှာ ဂျင်အူက အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာရဲ့ ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒီလိုနဲ့ဆွန်းအာက ဂျင်အူကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါ ပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့… ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို remake ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့ လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 1.26GB/ 700MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:58 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Horror
7.4 2025 102 mins
You Are the Apple of My Eye
A Mistake
5.8

ဒီတစ်ခါမှာတော့ နယူးဇီလန် ဆရာဝန်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ အဲလိဇဘက်ဟာ ဆေးရုံရဲ့ အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်သလို တစ်ဦးတည်းသော အမျိုးသမီး ခွဲစိတ်ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ် ။ သွေးဆိပ်သင့်လူနာတစ်ယောက်ကို ခွဲစိတ်ရင်းနဲ့ ဘွဲလွန်ဆရာဝန်ကို trocar ဖောက်ခိုင်းလိုက်ရာကနေ လက်လွန်ပြီး သွေးလွှတ်ကြောအထိပါ ပေါက်သွားခဲ့ပေမဲ့ အဲလိဇဘက်တိုက အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ICU ထဲမှာ တစ်ရက်နီးပါး နေပြီးတဲ့နောက်မှာတော့ အဲဒီလူနာက ဆုံးပါးသွားခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ ခွဲစိတ်ဆရာဝန်တွေရဲ့ ခွဲစိတ်လူနာရလဒ်တွေကို ဒေတာတွေအနေနဲ့ လူသိရှင်ကြားထုတ်ပြန်မယ်ဆိုတဲ့ စနစ်အသစ်တစ်ခု ထွက်လာတဲ့အခါ လောလောလတ်လတ်ကမှ လူနာ ဆုံးထားပြီး လူနာရှင်က ကွန်ပလိန်းတက်ခံနေရတဲ့ အဲလိဇဘက်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာပါတော့တယ် ။ ကိစ္စတွေက တစ်ခုပြီး တစ်ခုဆိုသလို အဲလိဇဘက်အတွက် downfall က ဆက်တိုက်ဖြစ်လာတဲ့အခါမှာ ဒီအရှုပ်အထွေးတွေ ကြားထဲကနေ အဲလိဇဘက် ဘယ်လိုရှင်သန်မလဲ။ ဒီလိုကိစ္စတွေထဲမှာမှ ခွဲခန်းအတူဝင်ခဲ့တဲ့ လက်ထောက် ဘွဲလွန်ဆရာဝန်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အခါ ကိစ္စတွေက ရှုပ်ထွေးသထက် ရှုပ်ထွေးလာပါတော့တယ် ။ ဒီလိုပြဿနာတွေကို အဲလိဇဘက် ဘယ်လိုဖြေရှင်းမလဲ ။ လောကကြီးကရော သူ့ဘက်မှာ ရှိနေနိုင်မလား ။ တကယ်ပဲ ဆရာဝန်တွေဟာ သေဖို ရာခိုင်နှုန်းများတဲ့လူနာတွေကို ခွဲစိတ်ကုသမှု မလုပ်ဘဲ ငြိမ်းချမ်းစွာ အသက်ထွက်ခွင့်ပေးသင့်သလားဆိုတာကိုတော့ A mistake 2024 မှာ ကြည့်ရှုခံစားရင်း အတွေးနက်ရစေမှာပဲ ဖြစ်ပါတယ် ။ File Size… (1.00 GB) / (623 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 41m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Crime • Drama
5.8 2024 101 mins
A Mistake