YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dream High.S1E14.1080p.CM.mp4

944.74 MB N/A video/mp4 231 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Paris, Texas
8.1

ပဲရစ်လို့ကြားလိုက်ရင် ဥရောပတိုက်က အီဖယ်တာဝါကြီးနဲ့ တခမ်းတနားရှိလှတဲ့ ပဲရစ်မြို့ကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ လူမသိသူမသိ မြို့သေးသေးလေးရဲ့ နာမည်ဟာလည်း ပဲရစ်ပါပဲ... သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ ကန္တာရထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ လူတစ်ယောက်ကို တစ်ရက်မှာ သူစိမ်းတစ်ယောက်က တွေ့လို့ ကယ်တင်ခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူနဲ့ ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။ ၄နှစ်တာလုံးလုံး သတင်းမကြားဘာမကြားနဲ့ လုံးလုံးပျောက်သွားခဲ့ပြီး လတ်တလောဘဝနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း ပျောက်သွားတဲ့ ထရာ့ဗစ်ကို သူ့ညီဖြစ်သူက လူ့အသိုက်အဝန်းထဲကို ပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာမှုက သူ့ညီရဲ့ မိသားစုဘဝကို မငြိမ်မသက်ဖြစ်လာစေပါတယ်။ သူ့ညီရဲ့ မိသားစုလို့ ဆိုရာမှာ သူတစ်ချိန်က ထားခဲ့တဲ့ သူ့ရဲ့သားငယ်လေးလည်းပါတယ်။ သူထွက်သွားတဲ့ ၄နှစ်ဆိုတဲ့အချိန်ဟာ သူ့သားငယ်အတွက်တော့ သက်တမ်းတစ်ဝက်ကြာပါသတဲ့။ မှတ်ဉာဏ်တွေပြန်ရလာတဲ့အခါမှာတော့ ထရာ့ဗစ်ဟာ သားငယ်ကိုခေါ်ပြီး တစ်ချိန်က သည်းအူပြတ်မတတ်ချစ်ခဲ့ရတဲ့ ဇနီးဖြစ်သူကို ပြန်ရှာဖို့ ခရီးဆက်ပါတော့တယ်။ ဒီကားကို အမေရိကန်ရုပ်ရှင်လို့သာပြောရတာ တကယ်တမ်း ဒါရိုက်တာကော မင်းသမီးကောက ဂျာမန်တွေ... အဲ့ဒါကြောင့်မို့လည်း ဖြစ်မယ်၊ ဥရောပကားမဟုတ်သည့်တိုင် ဥရောပအငွေ့အသက်တွေ ရေလည်လွှမ်းနေတာ... သဲကန္တာရတွေကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမကြီးတွေဟာ မိုးကုပ်စက်ဝိုင်းအောက်မှာ တဖြည်းဖြည်းသေးပြီး ပျောက်သွားသလိုပဲ၊ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ... နားလည်မှုတွေ... နောက်ပြီး သူ့ရဲ့ အရေးပါမှုတွေဟာ ဘယ်အတိုင်းအတာထိ သွားနိုင်မလဲ...။ တက္ကဆက်ပြည်နယ်ရဲ့ အထီးကျန်အဝေးပြေးလမ်းမကြီးတွေကို ဥရောပဆန်ဆန် မြင်တွေ့ရမယ့် ခပ်ရှားရှား Road Movie အမျိုးအစားထဲကမှ စိတ်ကိုညှို့ယူနိုင်စွမ်းတဲ့ အလှနဲ့ ဟန်ကိုမြင်ရမယ့် မာစတာပိစ်လက်ရာတစ်ခုပဲဖြစ်ပါတယ်... မြန်မာပြည်မှာ IC က ဦးငဲ (အငဲ) သီဆိုထားတဲ့ မူရင်းသီချင်းအတော်များများရဲ့ပိုင်ရှင် Travis ဆိုတဲ့ နာမည်ကြီး Rock Band ဟာလည်း ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ရဲ့နာမည်ကို ယူပြီး မှည့်ထားတာလို့ ဆိုပါတယ်။ Steven Schneider ရဲ့ မသေခင်ကြည့်သင့်သော ဇာတ်ကား ၁၀၀ စာရင်းထဲမှာလည်း ဒီကားပါရုံတင်မက စုစုပေါင်း ဆုပေါင်း ၁၈ဆု ဆွတ်ခူးရရှိထားတဲ့ ဒီရုပ်ရှင်ဟာ ဂုဏ်သတင်းကျော်စောတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာတင် ဆု ၃ခု ဆွတ်ခူးထားပြီး ကိန်းစ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or လည်းအပါအဝင်ဖြစ်တာမို့ ရှည်ရှည်ဝေးဝေးမပြောတော့ဘူးနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • History • Thriller
8.1 1984 145 mins
Paris, Texas
X
6.8

~ IMDb Rating - 7.2/10, Rotten Tomatoes - 96% ~ Horror Thriller တွေမှာ Robert Eggers တို့ Peele တို့ Ari Aster တို့နဲ့တွဲပြီး မာစတာပိစ်တွေ မနည်းဖန်တီးခဲ့တဲ့ A24 က ဒီနှစ်ရဲ့အကောင်းဆုံး Horror ကားလို့ ပြောနေကြတဲ့ X ကို Ti West နဲ့တွဲပြီး ဖန်တီးလိုက်ပါတယ်။ X ဟာ A24 Fan တွေကြားမှာရော Horror ကား ဖန်တွေကြားမှာပါ ဒီနှစ်ရဲ့ အကောင်းဆုံး Horror ကားအဖြစ် နာမည်ကျော်နေပါတယ်။ Personal Rating 10 out of 10 ပေးနေကြတာတွေလည်း မနည်းပါဘူး။ သူ့စာအုပ် The Shining ကို ရုပ်ရှင်အနုပညာရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ်ရိုက်တာကိုပါ ဖောင်းထုခဲ့တဲ့ စတီဖင်ကင်းတောင် X ကို မာစတာပိစ်ရုပ်ရှင်ဆိုပြီး ထောပနာပြုထားပါတယ်။ Horror Thriller မာစတာပိစ်တွေ မွေးထုတ်နေကျ ကင်းကြီးတောင် မာစတာပိစ်လို့ ချီးကျူးခံထားရတဲ့ကားဆိုတော့ Horror ကားတွေထဲက ရှားရှားပါးပါး ရွှေကားတစ်ကားပါပဲ။ စီနီမာတိုကလည်း Texas Chainsaw Massacre 1974 အငွေ့အသက်အပြည့်နဲ့ဆိုတော့ ရှေးကမာစတာပိစ်တွေကို Nostalgia ဖြစ်စေမယ့် ကားကောင်းဆိုလည်းမမှားပါဘူး။ Female Characterတွေကို Ti West ရိုက်ပြထားတဲ့ ပုံစံကလည်း ဆွဲဆောင်မှုအပြည့်နဲ့ လက်ဖျားခါလောက်စရာပါပဲ။ လက်ရှိအောင်မြင်မှုအပြည့်ရ ရေပန်းစားနေတဲ့ X ဟာ Pearl ဆိုပြီး Prequel တစ်ကားလည်း ထွက်ဦးမှာပါ။ ဒီနှစ်ထဲထွက်သမျှကားတွေထဲမှာ Rating လည်းကောင်းပြီး တကယ်လည်းမိုက်တဲ့ကားအနည်းစုထဲကတစ်ကားပါပဲ။ အထူးသဖြင့် ထိတ်လန့်သည်းဖို Thriller ကားကောင်းတွေငတ်နေတဲ့ပရိသတ်အတွက်တော့ အိုအေစစ်လို့ပဲဆိုရမှာပါ။ ဇာတ်အိမ်ကိုတော့ 1970 ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရှေးရိုးစွဲနဲ့ခေတ်သစ်အတွေးအခေါ်တော်လှန်ရေးတွေစတင်နေတဲ့ကာလတစ်ခုကိုအခြေတည်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ သရုပ်ဆောင်ကောင်းတွေ ကင်မရာသမားကောင်းတွေရှိပေမယ့် နာမည်သိပ်မရသေးတဲ့ အပြာကားထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဒီတစ်ခါတော့ပေါက်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖန်တီးပြီး ရိုက်ကူးရေးစဖို့ ကျေးလက်ဒေသတစ်ခုကအိမ်တစ်အိမ်ကိုငှားရမ်းလိုက်ပါတယ်။ အစပိုင်းမှာတော့အစစအရာရာ အဆင်ပြေချောမွေ့နေပေမယ့် ဒီလိုရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူသူကင်းမဲ့နေတဲ့ကျေးလက်ကအိမ်ကြီးတစ်လုံးကိုရောက်နေတဲ့လူတစ်စုက အေးအေးချမ်းချမ်းနဲ့လုပ်စရာရှိတာလုပ်ပြီး ပြန်သွားတယ်ဆိုတာမျိုးမဟုတ်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဓိကဇာတ်ကောင်တွေကိုက အပြာကားရိုက်ကူးရေးအဖွဲ့ဆိုတော့ အရှင်းကြီးဖော်ချွတ်တာမျိုးတွေနဲ့ 18+ ဇာတ်ဝင်ခန်းတွေဖောဖောသီသီပါဝင်တဲ့အပြင် သွေးထွက်သံယိုအခန်းတွေကလည်းသာမန်ထက်ကြမ်းတဲ့အတွက် အသည်းငယ်တဲ့သူတွေ၊ မိသားစုနဲ့ကြည့်ရှုမယ့်သူတွေအတွက်မသင့်တော်ပါဘူး။ ခင်ဗျားဟာ Horror ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ A24 ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ် X ဟာ မကြည့်လို့ မဖြစ်တဲ့ကားပါပဲ။ လူတိုင်းက မာစတာပိစ်ပါလို့ ချီးကျူးကြတဲ့ ဟော်ရာကားဆိုတာ ရှားပါတယ်။ စတီဖင်ကင်းပါ ချီးကျူးခံရတဲ့ ဟော်ရာကားဆို ပိုရှားသပေါ့။ သေချာတာတော့ X ကိုမကြည့်ရင် ခင်ဗျား သေချာတာတော့ Horror ဖန်ရော A24 ဖန်ရော ဖြစ်ရကျိုးမနပ်သေးပါဘူး။ (ဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo နဲ့ Min Khant Bo တို့မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 610MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo & Min Khant Bo Encoded by Y

Horror
6.8 2022 106 mins
X
First Love

ဒီတစ်ခါမှာလည်း Channel Myanmar ကနေပြီးတော့ လူငယ်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို ရွေးချယ်တင်ဆက်ပေးထားပါတယ်။ "အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့နိုင်ဘူး" ဆိုတဲ့ စကားလေးလိုပါပဲ.... ပထမဆုံးအချစ်ကို လူတိုင်းမေ့မရနိုင်ပါဘူး...... ဒီဇာတ်လမ်းလေးထဲမှာတော့..... ဂီတကိုရူးသွပ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက် အိမ်ကချုပ်ချယ်မှုတွေကြားထဲမှာ ဝါသနာနဲ့ ပညာရေးကို ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ...သူ့ရဲ့အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ာက်ဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ဖို့ အခွင့်ကြုံလာရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် "အန်" ဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတဲ့အခါမှာတော့....... ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ...... ဝါသနာနဲ့ မိဘတွေကြား ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ပြထားတဲ့အပြင် ...... ဗီယက်နမ်သီချင်းကောင်းလေးများကိုပါ နားဆင်ကြရမယ့် High School Musical Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ "သီယိန်" အဖြစ် Nguyen Thai Son ကသရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Lam Thanh My က "အန်"အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်) Genre.....Romance Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 852MB and 273MB Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder .....August

Drama
null 2019 88 mins
First Love
Kubo and the Two Strings
7.6

2016 ရဲ့ Box Office မှာ No.4 နေရာရခဲ့တဲ့ ကာတွန်းကားတစ်ကားဖြစ်တဲ့ Kubo and the Two Strings ကို နာမည်ကြီး Laika Production ကထုတ်လုပ်ထားတာဖြစ်ပြီး Stop Motion နဲ့ ရိုက်ကူးထားပါတယ်.. IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရှိခဲ့တဲ့ ဒီကားဟာ မပြသခင်ကတည်းက အထူးနာမည်ကြီးနေတဲ့ ကားတစ်ကားပဲဖြစ်ပြီး Travis Knight ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက်ဦးဆောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်.. အသံသရုပ်ဆောင်တွေကလဲ အော်စကာဆုရဝါရင့်သရုပ်ဆောင်တွေအပြင် Game of Thrones ထဲက Rickon Stark တို့.. The Girl with Dragon Tattoo ထဲက Rooney Mara တို့အပြင် LORD VOLDERMORT သရုပ်ဆောင် Talph Fiennes တို့လို ဒိတ်ဒိတ်ကြဲတွေဖြစ်နေမှတော့ အထူးညွှန်းစရာမလိုလောက်အောင်ပါပဲ... ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်.. Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်.. သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေဝင်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်.. သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး... ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ... ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်... ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်... အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်.. သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် ... လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ.. တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ... ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ... ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့........... 2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်... ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။ File Size     :   800Mb Duration   :   01 : 41 : 35 Quality       :   1080p Blu-ray and HEVC 1080p 5.1CH Format       :   MP4 Genre          :   Animation, Adventure Translator :  Nyi Thanlwin Encoder      :  Kyaw Ye Aung

Action • Thriller
7.6 2016 102 mins
Kubo and the Two Strings
[18+] Colorless

Colorless (2019) (18+) IMDb – 6.4/10 ဒီတစ်​ခေါက် မိတ်ဆက်​ပေးမယ့်ဇာတ်ကား​​လေးက​တော့ 2019 မှာထွက်ရှိထားတဲ့ ဂျပန် အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေး Colorless ​​ပဲဖြစ်ပါတယ်။ အချစ်ရိုမန့်ဆိုပေမယ့် ဇာတ်ဝင်ခန်းတွေကိုပေါ်ပေါ်ထင်ထင်ရိုက်ကူးထားလို့ မိသားစုနဲ့တော့ကြည့်လို့မရပါဘူး…. ဇာတ်လမ်းကတော့…. အိုရာမာဒါဆိုတဲ့ ကောင်ချောလေးဟာ နာမည်ကျော်ဓါတ်ပုံဆရာဖြစ်ချင်တဲ့ အိမ်မက်​နောက်ကိုလိုက်​ရင်း ကြိုစား​ပေမယ့် ဘာတစ်ခုမှမအောင်မြင်ဘဲ လူငယ်ဘာဝ ထုံးစံအတိုင်း ကျရှူံးမှုတွေပဲ ရင်ဆိုင်နေရသူလေးပါ။ တာနာကာယူကာဆိုတဲ့ ​ချစ်စရာ မော်ဒယ်မ​လေးကလဲ ဇာတိ​တောမြို့​လေးက​နေ ​မော်ဒယ်တစ်​ယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ တိုကျိုမြို့​ပေါ်တက်လာ​ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ အ​ကြွေး​တွေပုံလာပြီး သူမဘဝတစ်ခုလုံးကို အလိမ်အညာ​တွေနဲ့ပဲ ဖုံးကွယ်ဟန်​ဆောင်​နေရတဲ့ သနားစရာကောင်မလေးတစ်ယောက်ပါ။ ဒီလို လူငယ်ဘာဝ ကျရှူံးမှုတွေနဲ့ နာကျင်နေကြရတဲ့ သူတို့နှစ်ဦး တစ်နေ့မှာ ဓာတ်ပုံရိုက်ရင်းဆုံကြရာကနေ လူငယ်ဘာဝ တစ်ယောက်ကိုတစ်ယောက် ငြိတွယ်မိကြတယ်ပေါ့….. ဒါပေမယ့် မဖြစ်လာတဲ့အိမ်မက်တွေကိုယ်စီနဲ့သူတို့နှစ်ယောက်ကြား ဖုံးကွယ်ထားတဲ့အလိမ်အညာတွေနဲ့ ပွင်းလင့်တဲ့အထိအတွေ့တွေက နူးညံ့တဲ့နှလုံးသားကို ဘယ်လောက်ထိရိုက်ခတ်လာကြမလဲဆိုတာ…….။

Drama
0 2019
[18+] Colorless
Peddha Kapu – 1
8

Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB — 8.0/10 ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ …… အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ * သတ်မယ်ဖြတ်မယ် ကြမ်းမယ်ရမ်းမယ် ဆိုတာတွေကို ကြိုက်နှစ်သက်သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်* (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex~V~BpL~Zwe~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Peddha Kapu – 1
Monkey Man (မွန်ဘိုင်း John Wick)

အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။ Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်း မြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို့ ရဲနဲ့ပေါင်းပြီး မြေမတရားသိမ်း၊ မိခင်ကို သတ်ဖြတ်ခဲ့တာတွေအတွက် တသက်လုံး အငြိုးတွေနဲ့ ကြီးပြင်းလာတဲ့လူတစ်ယောက်။ တနေ့မှာတော့ သူ့ရဲ့ကလဲ့စားနဲ့အတူ အခြားသူတွေအတွက်ပါ တိုက်ခိုက်ပေးဖို့ အကြောင်းပြချက်တွေရှိလာပါတယ်။ သူလက်စားချေချင်တဲ့လူတွေကလည်း အိန္ဒိယရဲ့ ဩဇာအကြီးဆုံးအသိုင်းအဝိုင်းဖြစ်နေပြီး ဂရုဆရာတော်ကြီး၊ ရဲမှူးချုပ်နဲ့၊ ပါတီကြီးတစ်ခုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတော့ ရဲတွေ လုံခြုံရေးတွေနဲ့ လူမိုက်တွေကို ရအောင်ကျော်ဖြတ်ပြီး လက်စားချေဖို့ကြိုးစားပုံတွေကို ပြထားတာပါပဲ။ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ၊ File size…(5.8GB) /(2.1 GB)/(1 GB) Quality….WEB-DL 4K HEVC /Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson , Ka Naung Translated by Mr Anderson

0 2024
Monkey Man (မွန်ဘိုင်း John Wick)
Skiptrace
5.6

ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။ အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Family • Comedy
5.6 2016
Skiptrace
Exorcism: Haunted Child
5.3

Exorcism: Haunted Child (2015) ========================== မေလန်းဟာ ပြဇာတ်ဒါရိုက်တာပညာရဲ့ကျောင်းဆင်းစာတမ်းအတွက် ဒရာမာကျောင်းတစ်ခုမှာအလုပ်သင်ဆင်းဖို့တာဝန်ကျလာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ သူနေထိုင်ရမယ့်နေရာကတော့ ခေါင်မိုးထပ်တစ်ခုက ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေထားတဲ့အခန်းကြီးပါပဲ။အဲ့ဒီအခန်းရှိရာ ခေါင်မိုးထပ်ပေါ်မှာကျောင်းသူတစ်ယောက်ထူးခြားစွာသေဆုံးခဲ့ဖူးပြီး အခုချိန်ထိ မကျွတ်လွတ်သေးပဲလမ်းလျှောက်နေတာကိုမြင်ရတဲ့အကြောင်း ကျောင်းအနီးအနားနေထိုင်သူတွေကပြောလေ့ရှိပါတယ်။ သူ့ကိုအခုနယ်ခံကျောင်းသားတွေက ဒီအကြောင်းတွေ သတိပေးပြောပြပေမယ့် အယုံအကြည်မရှိတဲ့သူပီပီ မေလန်းကတော့ခေါင်းမာမာနဲ့ တက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးညမှာပဲ မယုံလို့မဖြစ်တော့လောက်အောင်ခြောက်ခြားစရာအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလာရချိန်မှာတော့..။ anthology ပုံစံမျိုးနဲ့တင်ဆက်ထားတာဖြစ်ပြီး အဆုံးသတ်ချိန်မှာအားလုံးပြန်ဆက်စပ်ပြီးအဖြေပေါ်သွားပါလိမ့်မယ်။ထူးထူးခြားခြား vietnam horror ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.3 2015 86 mins
Exorcism: Haunted Child
The Rebound
6.3

The Rebound (2009) Wednesday ဇာတ်လမ်းတွဲထဲက Wednesday ရဲ့ အမေ Morticia Addams နေရာက သရုပ်ဆောင်ထားတဲ့ အန်တီလှလှကြီးဖြစ်တဲ့၊ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက Zorro ကားထဲမှာ ငမ်းခဲ့ကြရတဲ့ Catherine Zeta-Jones အသက် ၄၀ ပြည့်တဲ့နှစ်က ရိုက်ကူးထားတဲ့ကားလေးပါ။ ဇာတ်ကားကြည့်လိုက်ရင် အသက် ၄၀ ဆိုတာ ဟုတ်ပါ့မလားလို့ ထင်သွားရလောက်အောင် နုပြီး လှနေပါတယ်။ ဘာမှ ခပ်ဆန်းဆန်း ဇာတ်လမ်းတွေ မပါတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးပါပဲ။ အိမ်တွင်းအောင်းပြီး အိမ်ရှင်မဘဝမှာပဲ မြှုပ်နှံထားတဲ့ အမျိုးသမီးတစ်ယောက် ယောက်ျားက အိမ်ထဲမှာတင်ဖောက်ပြန်နေတာကို တွေ့သွားပါတယ်။ အဲဒီမှာမှ သူ့ဘဝက အိမ်ထောင်ရှင်မဆိုတဲ့ထဲမှာပဲ နစ်မြုပ်နေပြီး သူ့ဘဝဆိုတာ ပျောက်နေပြီဆိုတဲ့ အသိက နိုးထလာပါတယ်။ ကလေးနှစ်ယောက်လက်ဆွဲပြီး အိမ်ပေါ်ကဆင်း ဘဝသစ် စရင်းမှာ မရှာဘဲရလိုက်တဲ့ ကလေးထိန်း ကောင်လေးနဲ့ အနေနီးစပ်လာပြီး သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့ မမနဲ့ မောင်လေး​ဇာတ်လမ်း ရေးကြပါတော့တယ်။ ကောင်လေးက ရင့်ကျက်ပေမဲ့လည်း မိဘအိမ်မှာကပ်နေတုန်း ဘဝဆိုတာ ဘာလဲအဖြေရှာနေတုန်း အတွေ့အကြုံတွေ အစုံ မခံစားဖူးသေးဘူးဆိုပြီး မမက စိတ်မကောင်းဖြစ်ပြီး ဖြတ်လိုက်ပါတယ်။ သူတို့တွေ ပြန်တွေ့ဖြစ်ကြမှာလား… ဒီတိုင်း တစ်ချိန်တုန်းက တစ်ယောက်သောသူအနေနဲ့ပဲ ဇာတ်လမ်းပြီးသွားမှာလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 760MB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.3/10 Format – mkv, mp4 Duration – 1H 35Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Mystery • Thriller • Crime
6.3 2009
The Rebound
The Witch. Revenge
5.5

The Witch. Revenge (2024) အိုလီနာ ဆိုတဲ့စုန်းမတစ်ယောက်ဟာ အန်ဒရေဆိုတဲ့ ယူကရိန်းစစ်သားနဲ့အတူ သာမန်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ တစ်နေ့တော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပွားရာ နိုင်ငံအတွင်းရုန်းရင်ဆန်ခတ်တွေဖြစ်ပေါ်နေပြီး အိုလီနာတို့လည်း အဒေါ်အိမ်ကိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် လမ်းခုလတ်မှာ ရုရှားတပ်ဖွဲ့တစ်ခုနဲ့တွေ့ဆုံခဲ့ပြီး ပဋိပကခဖြစ်ပွားပြီး ပစ်ခတ်ကြရင်းက အန်ဒရေသေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြီး အိုလီနာ က ထိုတပ်ဖွဲ့ကိုလက်စားချေရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ စုန်းမတစ်ယောက်က ရုရှားတပ်ဖွဲ့၀င်တွေကို တစ်ယောက်ချင်း ဘယ်လိုလက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Fantasy, War Duration….01:35:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan

Comedy
5.5 2024 100 mins
The Witch. Revenge
[18+] Role Play 2: Dongchim
6.1

*********************************** ဒီတစ်ခါတော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကိုမှ စိတ်ဝင်စားသူတွေအတွက် Role Play ဆိုတဲ့ ဇာတ်လမ်းလေးအကြောင်း ပြောပြချင်ပါတယ် .. နာမည်ကြီးစာရေးဆရာမဖြစ်တဲ့ ဆူယွန်းက စည်းကမ်းတင်းကြပ်တဲ့ သူမရဲ့ဖခင်ကို ဆန္ဒပြဖို့အတွက် သူမရဲ့မိတ်ဆွေ အီဟျွန်းဝူကို အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဖေဖြစ်သူ မကြိုက်တဲ့လုပ်ရပ်တွေကို လုပ်တဲ့အခါ .. ဖခင်ရဲ့တုန့်ပြန်ချက်တွေကို မြင်ချင်တယ်ဆိုပြီး ဟျွန်းဝူနဲ့အတူ ဟန်ဆောင်ခဲ့ကြပါတယ်။ သမီးကို ချစ်လွန်းတဲ့ဖခင်တစ်ယောက် သူ့မျက်စိရှေ့မှာ အခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေတာကို တွေ့တော့ ဘယ်လိုတွေ တုံ့ပြန်မလဲဆိုတာ ဆက်လက်ကြည့်လိုက်ပါဦး .. File Size : 1.29GB, 446MB Quality : 1080p,720p Format…mp4 Duration…1 hr. 12 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2013
[18+] Role Play 2: Dongchim
ED: Extra Decent
6.2

ED: Extra Decent 2024 (မိသားစုရဲ့ အမှောင်ထု) ဒီဇာတ်ကားလေးကတော့ မလေယာလမ်ဘာသာစကားနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး dark comedy thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဘီနူဟာ သူ့အစ်ကိုကြီးကို အရမ်းချစ်သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်အခါတုန်းက ဘီနူတို့ညီအစ်ကို အတူတူ ဆော့ကစားကြရင်း ဘီနူက ဗိုက်ဆာတယ်ပြောလို့ ရှီဘီတစ်ယောက် တစ်ခုခုချက်ကျွေးဖို့လုပ်ရင်း မီးမတော်တဆမှုဖြစ်ကာ မီးလောင်ဒဏ်ရာများနှင့်ပင် ရှီဘီတစ်ယောက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒီကိစ္စတွေဖြစ်ပြီးတဲ့အခါမှာ ဘီနူတစ်ယောက် စိတ်ဒဏ်ရာများစွာနဲ့ စိတ်ကျရောဂါကို ခံစားရင်း နေလာခဲ့ရတာပေါ့။ ဖခင်ဖြစ်သူဟာလည်း ဘီနူကို ဘာမှပေးမလုပ်ဘဲ ဟိုဟာဖြင့် မလုပ်တတ် ဒီဟာဖြင့် မလုပ်တတ်ဆိုပြီး အမြဲ ဆူပူကျိန်းမောင်းလျက်ရှိပါတယ်။ ဘီနူတစ်ယောက် အသက်အရွယ်ရလာတဲ့အချိန်ရောက်တော့လည်း အစိုးရစာမေးပွဲကို‌ ဖြေလိုက်တိုင်းကျတာ သတ်မှတ်ထားတဲ့အသက်ကန့်သတ်ချက်ကိုကျော်သွားတဲ့အထိပါပဲ။ ဒီလိုမျိုးနဲ့ပဲ ဘီနူတစ်ယောက်ဟာ ဘဝကို အလုပ်အကိုင်မရှိဘဲ ဖခင်ဖြစ်သူရဲ့ ပြောဆိုနှိမ်ချမှုတွေကိုခံရင်း ဘဝကို အဆင်ပြေသလိုလေး နေလာခဲ့ပါတော့တယ်။ ဘဝကို အဆင်ပြေသလိုလေးနေလာခဲ့ရင်းကနေ ဘီနူတစ်ယောက် သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ………… အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက်နဲ့ ဘယ်လိုတွေ လက်စားချေသွားမလဲ ……. အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဘီနူတစ်ယောက် ဘယ်လိုပုံစံကိုပြောင်းလဲသွားမလဲ ……. ဆိုတာကို ကြည့်ရှုရမဲ့အပြင် ဟာသနဲ့ ဒရာမာရောနှောပြီး တင်ဆက်ပေးထားတာဖြစ်လို့ ဘောလိဝုဒ်ပရိသတ်ကြီးတို့အတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်း မမှားပါဘူး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex ~ Yunni ~ KKKZ ပဲဖြစ်ပါတယ်) File size…1.7 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~ Alex ~ Yunni ~ KKKZ

Action • Crime • Drama • Thriller
6.2 2024 122 mins
ED: Extra Decent
#MissingCouple
5.3

“#MissingCouple” (2024) သူက found footage horror အမျိုးအစားပါ။ Jacques Edeline နဲ့ Oliver Mauldin တို့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Austin Jenkins နဲ့ Janna Jenkins တို့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက မစ္စစ္စပီပြည်နယ်က လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ စွန့်ပစ်ထားတဲ့ လယ်ယာမြေကို ပြန်လည်ပြုပြင်ဖို့ စီစဉ်တဲ့ #vanlife လူငယ်စုံတွဲ Austin နဲ့ Janna တို့အကြောင်း ဖြစ်ပါတယ်။ သူတို့က ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ စွန့်စားခန်းကို ဗီဒီယိုတွေနဲ့ မျှဝေရင်း ရိုက်ကူးထားတတ်တယ်။ ဒါပေမယ့် သူတို့ရောက်တဲ့ မြေက ထူးဆန်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ် အထူးသဖြင့် ညဘက်ဆို ပိုဆိုးတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုက သူတို့ကို လိုက်နှောင့်ယှက်နေပြီး ထိတ်လန့်စရာ ဖြစ်ရပ်တွေ ပေါ်လာတယ်။ ရုပ်ရှင်က သူတို့ရဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ပုံစံမျိုးနဲ့ တင်ဆက်ထားပြီး The Blair Witch Project လို ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ TikTok ဗီဒီယိုတွေကို အသုံးပြုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်အမြွက်တွေ ထည့်သွင်းထားတယ်။ ဒါ့အပြင် ရုပ်ရှင်ရဲ့ စျေးကွက်မြှင့်တင်ရေးကလည်း ထူးခြားတယ်။ ဆိုရှယ်မီဒီယာမှာ Austin နဲ့ Janna တကယ်ပျောက်ဆုံးသွားတယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးထားပြီး ပရိသတ်တွေကို “@foundpersonsreport” ကို DM ပို့ပြီး သတင်းပေးဖို့ တောင်းဆိုထားတယ်။ ဒီလိုနဲ့ ပရိသတ်တွေက ဒီဇာတ်လမ်းကို တကယ့်ဖြစ်ရပ်လို့ အထင်မှားသွားကြတယ်။ ဇာတ်လမ်းထဲမှာ သူတို့ရဲ့ ခွေးလေး Arlo လည်း ပါဝင်ပြီး နောက်ထပ် စုံစမ်းသူတစ်ယောက်ရဲ့ ဇာတ်ကွက်လေးကလည်း ထူးခြားတဲ့ ထောင့်တစ်ခု ထည့်ပေးထားတယ်။ ဒီဇာတ်ကားက ထိတ်လန့်မှုနဲ့ သည်းထိတ်ရင်ဖိုဖြစ်စရာတွေ ပြည့်နှက်နေပြီး found footage ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပါ။ ဒါပေမယ့် နည်းနည်း ရှုပ်ထွေးတဲ့ အဆုံးသတ်ကြောင့် မေးခွန်းတွေ ကျန်နိုင်ပါတယ်။ တကယ့်ဖြစ်ရပ်ပုံစံမျိုး သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ရင် ဒါက ကြည့်လို့တန်ပါတယ်နော်။ File size… 2.2 GB / 1.3 GB Quality… Webrip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 33m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Min Khant

Drama • Romance • Thriller
5.3 2024 93 mins
#MissingCouple
My Love, My Bride

My Love, My Bride (2014) ************************* IMDb… 6.5 ဒီတစ်ခါမှာတော့ လူတိုင်းရဲ့ရင်ထဲမှာ အမြှီးကိုးချောင်း မြေခွေးမလေးအဖြစ် ကျန်ရစ်နေဆဲဖြစ်တဲ့ Shin Min-ah နဲ့အတူ Hospital Playlist နဲ့ လူသိများတဲ့အပြင် အဆိုရောသရုပ်ဆောင်ပါကောင်းတဲ့ Jo Jung Suk တို့ရဲ့ 2014တုန်းက ထွက်ရှိထားတဲ့ အိမ်ထောင်ရေးအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း အိမ်ထောင်ပြုတယ်ဆိုတာ ချစ်‌နေရုံနဲ့တင် အဆင်ပြေနိုင်တယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာရင်တော့ လက်တွေ့နဲ့ ရင်ဆိုင်ရမှာပါပဲ။ ဂင်ယောင်းမင်နဲ့ဂင်မီယောင်းတို့ရဲ့ ဇာတ်လမ်းကလည်း အတူတူပါပဲ။ ၄နှစ်ကြာတွဲပြီးတဲ့နောက် သမီးရည်းစားအဆင့်ကနေ အဆင့်တက်သွားကြတဲ့နှစ်ယောက်သား ပူပူနွေးနွေး စိတ်ကူးယဥ်ဆန်တဲ့ ကြင်စဦးအချိန်တွေကစလို့ လက်တွေ့နဲ့ယှဉ်လာတဲ့ အိမ်ထောင်ရေးအထိ ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ တတိယလူ၊ ဘဝတက်လမ်းနဲ့ ဝါသနာတွေ ပါဝင်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ချပြထားပြီးတော့ ယောင်းမင်နဲ့ မီယောင်းတို့ ဇနီးမောင်နှံ နှစ်ဦး ဘယ်လိုနားလည်မှုတွေနဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Milkeux ပဲ ဖြစ်ပါတယ်။) File Size : 1.46GB/ 670MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:52:15 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Milkeux Encoded by Tiff

0 2014 110 mins
My Love, My Bride