YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Drag, I love You(2022)Ep.7.mp4

434.9 MB 1080p video/mp4 134 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wonder Weeks
5.7

The Wonder Weeks(2023) ************************ ဒီဇာတ်ကားလေးကတော့ မွေးခါစဘေဘီလေးတွေကို မေမေ၊ဖေဖေတို့ကအစွမ်းကုန်ဘယ်လိုထိန်းကျောင်းကြမလဲမြင်တွေ့ရမယ့်ကားလေးပါ။ များသောအားဖြင့် ကလေးယူမယ် ကိုယ်ဝန်ဆောင်မယ်ဆိုရင်သာ ကြိုတင်ပြင်ဆင်လေ့ရှိကြပေမယ့် ကလေးမွေးပြီးနောက်ပိုင်းကြုံရမယ့်အရာတွေကို ကြိုတင်မှန်းမထားနိုင်သလို ပြင်ဆင်ထားဖို့ကလည်းခက်ခဲပါတယ်။ ဥပမာ ညဖက်ကလေးထထငိုလို့ အိပ်မရတာမျိုး၊ ကလေးက မဆော့မကစားဖြစ်နေတာဘာဖြစ်မှန်းမသိရတာမျိုးပေါ့။ မိမိကလေးက နေကောင်းလား၊ အစားဝင်လား၊ ဒီအရွယ်မှာ ပုံမှန်ပဲလား၊ တစ်ခုခုဖြစ်နေပြီလားနဲ့ မေမေဖေဖေတို့က ပူပန်ကြမှာအမှန်ပါပဲ။ ဒီအကြောင်းအရာတွေကို ဇာတ်လမ်းလေးထဲမှာ မိသားစုသုံးစုနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ ပထမမိသားစုက မေမေက အရမ်းအစိုးအရိမ်ကြီး စည်းစနစ်ကျလွန်းပါတယ်။ အိပ်တာစားတာကအစ အချိန်ဇယားအတိုင်းလုပ်လွန်းတော့ မီးမီးလေးက အဝလွန်လာရော၊ဒါကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ ဒုတိယမိသားစုကျတော့ ဓလေ့မတူကြတာဗျ။ ဖေဖေ့ဘက်က ဓလေ့တစ်ခု မေမေ့ဘက်ကဓလေ့တစ်ခုနဲ့ဗျာများရင်း ဗရုတ်သုတ်ခလေးတွေဖြစ်ကြတာပေါ့။ တတိယမိသားစုကျတော့ မေမေနှစ်ယောက် ဖေဖေတစ်ယောက်ဗျ။ ဖေဖေက ဗရုတ်ကခပ်ကျကျ မေမေတစ်ယောက်က တစ်ယူသန်နဲ့ဗျ။ ကဲ ဒီမိသားစုလေးတွေရဲဘဝက ကလေးကိုယ်စီထိန်းကျောင်းရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File Size : (1.6GB) and (725MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:30:00 Genre : Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama
5.7 2023 110 mins
The Wonder Weeks
Doubt
7.2

John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ရင်ထဲရောက်စေမှာပါ။ တွေးစရာတွေလည်း အများကြီးပေးမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်။ File size…(1.8 GB)/(860 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama • War
7.2 2008 104 mins
Doubt
Vengeance
6.7

IMDb Rating - 7.0/10 ဟာသ ဆန်းကြယ် သည်းထိတ်ရင်ဖို အမျိုးအစားရုပ်ရှင်ပါ။ ဘီဂျေ နိုဗက်က ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ် မင်းသားလုပ်ပြီး ရိုက်ကူးထားတာပါ။ ဒဿနဆန်ဆန်ကားမျိုးပေါ့။ အစပိုင်းတော့ အတော်ကိုရယ်ရပါတယ်။ နာမည်ကြီး ပေါ့ကတ်စ် ဂျာနယ်လစ် စာရေးဆရာ ဘန် ဟာ အချစ်ကို အယုံအကြည်မရှိဘဲ မိန်းကလေးတွေအများကြီးကို အပျော်တွဲတတ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့တော့ ညဘက်ကြီးသူ့ဆီကို ဖုန်းဝင်လာတယ်။ မင်းရဲ့ ရည်းစား အက်ဘ်လင်းသေပြီ ဈာပနကို လာပေးပါဆိုပြီး အက်ဘ် လင်းဆိုတဲ့မိန်းကလေးရဲ့အစ်ကိုက ဖုန်းဆက်လာတာပါ။ ဘန်က အက်ဘ် လင်းနဲ့ ၃ခါလောက်ပဲချိန်းဖူးတာဖြစ်ပြီး စိတ်ထဲတောင် သိပ်အမှတ်တရ မရှိလှပါဘူး။ ဒါပေမဲ့ အက်ဘ်လင်းရဲ့မိသားစုက သူ့ကို အရေးကြီးပုဂ္ဂိုလ်လို အရေးတကြီး ဖိတ်နေတဲ့အတွက် လိုက်သွားလိုက်ပါတယ်။ နေရာက‌တော့ တက္ကဆက် ပြည်နယ်ထဲကိုမှ အတော်ခေါ်တဲ့ နေရာပါပဲ။ အဲဒီဈာပနအပြီးမှာတော့ အက်ဘ်လင်းအစ်ကိုက သူ့ညီမသေတာဟာ လူသတ်ခံရတာဖြစ်နိုင်တယ်၊ လူသတ်တရားခံကို အတူရှာပြီးလက်စားချေဖို့ ဘန့်ကိုပြောပါတယ်။ ဘန်ကတော့ ဒီမိသားစုရဲ့ အူကြောင်ကြောင် ရိုးရှင်းပုံကိုသာ ဇာတ်လမ်းအသံ ဖမ်းပြီး ပေါ့ကတ်စ်လွှင့်လိုက်ရရင် အရမ်းပေါက်မှာပဲဆိုပြီး လူသတ်မှုဆိုတာ မယုံပေမဲ့ အလိုက်သင့်လိုက်စုံစမ်းလိုက်ပါတယ်။ အဲဒီမှာ သူသိလိုက်ရတာက တကယ့်လူသတ်မှုဆိုရင်တောင် တက္ကဆက်မှာ ပေါ်ဖို့ခက်တယ်ဆိုတာပါပဲ။ တက္ကဆက်ရဲတွေအတွက် အရာရာဟာ မတော် တဆမှုပါပဲ။ သေနတ်မှန်သေလည်း သေနတ်မတော်တဆမှု၊ ဓားနဲ့ခုတ်လည်း ဓားမတော်တဆမှုပါပဲ ဘာမှထွေထူးလိုက်ရှာမနေပါဘူး။ ၉၁၁ ကိုဖုန်းဆက် ရင်လည်း သောက်ပေါလို့ပဲ မှတ်ကြပါတယ်။ ဒီလိုနေရာမျိုးမှာ ဘန်တစ်ယောက် အသံလွှင့်ဇာတ်လမ်းလေးအတွက်သက်သက် ဟန်ဆောင်ပန်ဆောင်နေရင်း လေးနက်တဲ့ဇာတ်လမ်းတွေ တကယ်ကြုံလာတဲ့အခါ..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.4 GB) / (616 MB) / (358 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 47mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Mystery, Thriller Translator.......Mr.Anderson Encoder..........SWM

Drama
6.7 2022 108 mins
Vengeance
Head Bush: Vol 1
7

IMDB 6.8/10 (1.1K) အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့ မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး ဘန်ဂလောမြို့ ​မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ် နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ် The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ File size…2.39GB / 1.13GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor ~ OeliuJ ~ Sai ThuRein

Comedy • Family • Fantasy
7 2022 138 mins
Head Bush: Vol 1
The Texas Chainsaw Massacre: The Beginning
6.1

အမေရိကန် တက္ကဆက်စ် ပြည်နယ်မှာ ၁၉၆၀ခုနှစ်တွေအတွင်း ချိန်းဆောနဲ့ လူတွေ အစုပြုံလိုက် သတ်ဖြတ်ပြီး စားသောက်ခဲ့ကြတဲ့ မိသားစုတစ်စုရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ခေါင်ခိုက်လှတဲ့ ပြည်နယ်ဖြစ်တဲ့ တက္ကဆက်စ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ‌မှာ စီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးဝါးဝါး ခံနေရလို့ နေထိုင်သူအများစု ပြောင်းရွှေ့ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်ကိုမှ မပြောင်းရွှေ့ပဲ တင်းခံနေခဲ့တဲ့ မိသားစုက‌တော့ တက္ကဆက်စ်ရဲ့ လူမနီးသူမနီး ကွင်းပြင်ကြီးမှ ာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြတဲ့ ဟီဝစ်မိသားစုပါ။ စစ်ဒဏ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို အလူးလဲ ခံစားခဲ့ကြရတဲ့ ဟီဝစ် မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်‌ထားပြီး ပုံမှန် မဟုတ်ကြတော့ပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ ညဏ်ရည်မဖွံ့ဖြိုးတဲ့ မွေးစားသား တွမ်မီက သူအလုပ်လုပ်တဲ့ သားသတ်ရုံက ပိုင်ရှင်ဖြစ်သူကို သတ်လိုက်ရာကစလို့ ၊ ဟီဝစ်မိသားစုဟာ အမေရိကန်သမိုင်းမှာ အရက်စက်အကြမ်းကြုတ်ဆုံး ရာဇဝတ်မှု တွေထဲက တစ်ခုဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ်မှ ချိန်းဆောဖြင့် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို စတင် ကျုးလွန်ဖို့ အကြောင်းဖန်လာပါတယ်။ Texas Chainsaw ရုပ်ရှင်တွေဟာ နာမည်ကြားတာနဲ့ကို ကျောချမ်းရတဲ့ ရုပ်ရှင်တွေပါ။ ဟော်ရာရုပ်ရှင်လောကမှာတော့ Texas Chainsaw ကားတွေရဲ့ လွှမ်းမိုးမှု တော်တော်ကြီးပြီး ၊ ကြမ်းတမ်းလွန်းတဲ့ ပြကွက်တွေကြောင့်လဲ တော်ရုံလူ မကြည့်ရဲတဲ့ ကားတွေပါ။ အခု Texas Chainsaw Massacre: The beginning ကတော့ ဟီဝစ်မိသားစုရဲ့ အစပြု orgin ဇာတ်လမ်းကို ရိုက်ထားတာပါ။ ဒီကားမှာဆိုရင် ဟီဝစ် စိတ္တဇလူသတ် မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ လူ့အရေပြား မျက်နှာဖုံးကြီးနဲ့ ချိန်းဆောလူသတ်သမား Letharfaceကြီး ဘယ်လို စဖြစ်လာလဲ ဆိုတာနဲ့အတူ ကျန်တဲ့ ဆိုက်ကို မိသားစုဝင်တွေ အကြောင်းပါ မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပွဲကို အလွှတ်ခံရတဲ့ အမေရိကန်စစ်သား ညီအစ်ကိုနဲ့ သူတို့ရဲ့ ကောင်မလေး နှစ်ယောက် ၊ Texasပြည်နယ်ကို ဖြတ်သွားချိန်မှာ ဧည့်ဝတ်ကျေပွန်လှတဲ့ နယ်ခံမိသားစုဖြစ်တဲ့ ဟီဝစ်မိသားစုနဲ့ လမ်းခရီးတစ်ထောက် ကြုံရဆုံရ ကြည်နူးစရာ အမှတ်တရ အခိုက်တန့်လေးတွေကို ကြည့်ရှုခံစား ရမှာပါ။ unratedကားမို့ ပြကွက်တွေ အသေကြမ်းပါတယ်။ underagesတွေ မကြည့်သင့်ပါဘူး။ File size…2.55GB / 1.3GB Quality…1080p Blu Rayx264 AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Kaung Khant Win

Adventure • Science Fiction
6.1 2006 91 mins
The Texas Chainsaw Massacre: The Beginning
Maybe I Do
4.9

Maybe I Do (2023) =============== တိုးတက် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ လူငယ်တွေရဲ့ အချစ်ရေးကလည်း တမျိုးတဖုံ ပြောင်း လဲလာသလို အိမ်ထောင်ရေးတစ်ခုကို အတည်တကျ တည်ဆောက်ဖို့ ကြောက်ရွံ့လာကြပါတယ်။ အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ Commitment, Loyalty, Trust စတဲ့ အခြေခံအချက်တွေလိုအပ်သလို အိမ်ထောင် ကျပြီးကာစ ချစ်ကြည်နူးချိန်တွေကုန်ဆုံးပြီး၊ ပြဿနာတွေ ပေါ်လာတဲ့အချိန် ဘယ်လိုအရာတွေက အိမ်ထောင်ရေးတစ်ခု ကို ဆက်လက်တည်မြဲအောင် တွန်းအားပေးသလဲ ဆိုတာတွေ ကို မတူညီတဲ့ ခံယူချက် စိတ်နေစိတ်ထားတွေနဲ့ ချစ်သူနှစ်ဦး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲ။ အိမ်ထောင်တစ်ခုကို စတင်ဖို့ကြိုးစားချိန် အခက်အခဲ၊ အလှည့် အပြောင်း၊ လွန်ဆွဲမှုများကို လေးနက်တဲ့ ဒိုင်ယာလော့ဒ်တွေ ကြားထဲက ဟာသနှောရင်း တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ် ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.45 GB) / (484 MB) / (267 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Sai Sumali Encoder……….SWM

4.9 2023
Maybe I Do
Die Tomorrow
7.1

Die Tomorrow (2017) အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။ လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။ Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။ လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။ လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့ အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။ မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 629MB | 291MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

7.1 2017 75 mins
Die Tomorrow
Super 30
7.9

IMDb Rating (7.9) ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်… နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….။ ပညာရွှေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးပဲကြားဖူးကြမှာပေါ့။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်။ ကျောင်းနေရင် ကျူရှင်မယူနိုင်တဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့ကြမယ်။ အဲ့ဒီလိုနဲ့ ဆင်းရဲလို့ ပညာရေးနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေ ရှိကြတယ်။ ဒါတွေကို သူတို့မြို့မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့….. Super 30 အိပ်မက် ဖြစ်တည်လာခဲ့ပါတော့တယ်။ ဇာတ်လမ်းက ကျောင်းဆရာနဲ့တပည့်ဇာတ်လမ်းဖြစ်ပေမယ့် စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေးကောင်းပါတယ်။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက အာနန်းကူးမားကို မျက်စိရှေ့မြင်တွေ့ရသလို ရင်ထဲရောက်လာမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ညီညီကိုးနဲ့ မြင့်သူ မှ တင်ဆက်ထားပါတယ်။)

7.9 2019
Super 30
Shanghai Bund: The Righteous Way of the Wind and Cloud
6.1

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Right Way ရုပ်ရှင်ကားဟာဆိုရင် 90’s ခုနှစ်တွေအတွင်း တရုတ်ပြည်တွင်းကို ဂျပန်လူမျိုးတွေ ဘိန်းတွေမှောင်ခိုတင်သွင်းကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ။ ရှန့်ဟိုင်မြို့မှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အခြာကျတဲ့ ဆိပ်ကမ်းတွေကို ခွဲဝေယူထားကြတဲ့ လူဆိုးဂိုဏ်းနှစ်ဂိုဏ်းရှိပြီး တစ်ဂိုဏ်းကိုတော့ ကျန့်ယိုတောက်လို့ခေါ်တဲ့ ခေါင်းဆောင်ကဦးဆောင်ပြီး နောက်တစ်ဂိုဏ်းကိုတော့ ချန်ထျန်းဝေလို့ခေါ်တဲ့ခေါင်းဆောင်ကဦးဆောင်ပါတယ် ။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကအမြဲတမ်းမတည့်ကြပါဘူး ။ မတည့်ရတဲ့အကြောင်းအရင်းကတော့ ကျန့်ယိုတောက်က မျိုးချစ်စိတ်အပြည့်ရှိသူဖြစ်ပြီးတော့ ပြည်တွင်းကို ဂျပန်တွေဘိန်းတွေ မှောင်ခိုကူးနေတာကို အလွန်ကိုမှ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့သူတစ်ဦးဖြစ်ပြီး ချန်ထျန်းဝေကတော့သူနဲ့ပြောင်းပြန် ဂျပန်တွေဘိန်းမှောင်ခိုကူးတာကို ကူညီပေးနေလို့ပဲဖြစ်ပါတယ် ။ ကျန့်ယိုတောက်တစ်ယောက် ဘိန်းမှောင်ခိုကူးတာကို ဘယ်လိုတားမြစ်မလဲ , အဲ့အချိန် တရုတ်အစိုးရကရော လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့သူ့ကိုကူညီပါ့မလား , ထိုခေတ်ထိုအခါက တရုတ်ပြည်တွင်းမှာ ဂျပန်တွေဘယ်လိုဆိုးယုတ်ခဲ့သလဲဆိုတာကို ဒရမ်မာဆန်ဆန် ၊ ဇာတ်လမ်းဇာတ်ကွက်အပြည့်အစုံ ၊ အက်ရှင်အလန်းစားတွေနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဝါရင့်မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတာမို့ မကောင်းမှာတော့မပူရဘူးဆိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ပေးကြပါအုံးရှင် ။

6.1 2023
Shanghai Bund: The Righteous Way of the Wind and Cloud
War of the Wills
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ဝီလ်တို့ သားအဖကြားက မတည့်အတူနေစစ်ပွဲကိုမြင်တွေ့ရမယ့် Comedy Drama movieလေးပါပဲ…။ ဇာတ်လမ်းထဲမှာတော့ ကျိကျိတက်ချမ်းသာတဲ့အဘိုးဖြစ်သူသေဆုံးသွားပြီးတော့ အမွေတွေတစ်ပုံတစ်ပင်ကြီးကို မြေးဖြစ်သူဝီလ်နဲ့ သူ့အဖေကို ညီတူညီမျှခွဲဝေပေးခဲ့ပါတယ်…။ ဒီအတိုင်းရော့အင့်ဆိုပြီး ပေးလိုက်တာမျိုးမဟုတ်ဘဲ စည်းကမ်းချက်တစ်ခုရှိပါတယ်…။ အဲ့ဒီ စည်းကမ်းချက်ကတော့ ဝီလ်တို့သားအဖနှစ်ယောက် အဘိုးဖြစ်သူချန်ခဲ့တဲ့ အိမ်ကြီးမှာ ၂၉ရက်တာ၊ ခြံဝန်းအပြင်ဘက် ဘယ်ကိုမှထွက်သွားခွင့်မရှိဘဲ အိမ်ထဲမှာပဲအတူနေရမှာပါ…။ တစ်ယောက်က မနေနိုင်ရင် ဒါမှမဟုတ် ခြံဝန်းအပြင်ထွက်မိရင် ကျန်တဲ့သူက အမွေအကုန်ရမှာပါ…။ စည်းကမ်းချက်က ရှင်းရှင်းလေးပါ… ခက်တာက ဝီလ်တို့ သားအဖနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက သင့်မြတ်မှုမရှိတာပါပဲ…။ ဒီတော့ ဒီသားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အမွေမရအောင် ချောက်ချရင်း… အဆုံးသတ်မှာ ဘယ်သူကအမွေတွေရသွားမလဲဆိုတာကို plot twistလေးနဲ့ ကြည့်ရမယ့် ဇာတ်လမ်းလေးပါပဲ…။ File size…1.64GB / 684MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2023
War of the Wills
Red Sandal Wood
9

Red Sandal Wood (2023) IMDb – 9.0/10 2021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း အန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် အစိုးရအလုပ်ကိုသာ လုပ်စေချင်တာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဦးလေးဆီကို ပို့လိုက်ရာကနေ စန္ဒကူးမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်မိတဲ့အခါ… ဒီအချိန်မှာ ကာရုနာရဲ့အဖေကလည်း မတော်တဆဖြစ်ပြီး သတိလစ်နေတာတောင် သားချစ်တဲ့အဖေပီပီ သားကိုပဲ တမ်းတရေရွတ်နေတဲ့အပြင် အဖေစိတ်နဲ့ အမေကပါ အိပ်ရာထဲလဲနေတော့ ကာရုနာကိုရှာပေးဖို့ သူ့ညီမက ပရာဘာကို တောင်းဆိုပါတော့တယ်။ ဒီတော့ ပရာဘာတစ်ယောက် ကာရုနာကိုရှာဖို့ထွက်လာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex, ToMo, Yunni, Deeနဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!)

Action • Drama
9 2023
Red Sandal Wood
Half of a Yellow Sun
6.1

Half of a Yellow Sun (2014) ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံက ရိုက်ကူးထားတဲ့ စစ်ပွဲနောက်ခံပြု Romance/ Drama ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေး လိုက်ပါတယ်။ IMDb rating – 6.1, Rotten Tomatoes – 51% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ဖြစ်ပွားတဲ့ နိုင်ဂျီးရီးယား ပြည်တွင်းစစ်ပွဲအတွင်းမှာ အိုလန်နာနဲ့ ကိုင်းနမ်နီ ဆိုတဲ့ သူဠေးသမီးလေး ၂ ယောက်ဟာ ဘဝလမ်းကြောင်း ကိုယ်စီနဲ့ အသက်ရှင်ဖို့ ကြိုးစားကြပုံကို ကြည့်ရမှာပါ။ ဒီဇာတ်လမ်းမှာတော့ နိုင်ဂျီးရီးယားတွေနဲ့ ခွဲထွက်တဲ့ ဘီယာဖရာနိုင်ငံကြားက ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း စစ်ပွဲတွေ၊ ဒုက္ခတွေကြားထဲမှာ အချစ်ကို တည်ဆောက်သွားကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အချစ်ရေးကို ကြည်နူးဖွယ်ကိုလည်း ခံစားရမှာပါ။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်နေမှာမဟုတ်ဘဲ အချိန်တစ်ခု ရောက်သွားရင် ပြီးဆုံးသွားမှာလို့ ပြသပေးခဲ့တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.6GB | 813MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Horror • Thriller
6.1 2014
Half of a Yellow Sun
The City of Violence
7

The City of Violence(2006) IMDb Rating (6.6) / Rotten Tomatoes (100%) My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ ဇာတ်လမ်းကတော့…. ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ… ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ……..။ ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။

Drama • Horror • Thriller
7 2006 92 mins
The City of Violence
Manamey
6.1

Manamey 2024 (မိသားစု) ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟာသမင်းသားကြီး Vennela Kishore ပါဝင်ထားတဲ့ ကလေးလေးတစ်ယောက်နဲ့တိုင်ပတ်ကြမဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်နေတတ်တဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ့်မှာ အချစ်ဆုံးသူငယ်ချင်း အာနူရန်ဆိုသူရှိပါတယ်။ အချစ်ရဆုံးသူငယ်ချင်းတွေဆိုပေမဲ့လည်း ဗစ်ကရမ်ကတော့‌ ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ နေတတ်သူတစ်ယောက်ပါ၊ အာနူရန်ကတော့ ချစ်ရသူရှိပြီး ချစ်ရသူနဲ့အတူတူ ဘဝကို ဖြတ်သန်းချင်တဲ့သူပေါ့။ သူတို့နှစ်ယောက်ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြရင်း ကံကြမ္မာဆိုးကြီးတစ်ခုက ရောက်လို့လာခဲ့ပါတယ်။ အဲဒီကံကြမ္မာဆိုးကြီးကတော့ အာနူရန်နဲ့ သူ့ဇနီးသည်ဟာ အက်စီးဒန့်ဖြစ်ပြီးတော့ ဆုံးပါးသွားရတာပါပဲ။ အာနူရန်တို့ ဆုံးပါးသွားခဲ့ပေမဲ့ အာနူရန်ရဲ့ကလေးလေး ခူရှီကတော့ သေကံမရောက်တဲ့အတွက် အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒီအခါမှာ ခူရှီလေးအတွက် ထည့်သွင်းစဉ်းစားလာရပါတော့တယ်။ ခူရှီလေးကို အာနူရန်ရဲ့ဇနီးသည်ဖြစ်သူရဲ့သူငယ်ချင်းဖြစ်သူ စမီသာဟာ မွေးစားခွင့်တောင်းခံခဲ့ပေမဲ့ စည်းမျဉ်းဥပဒေတွေအရ မွေးစားမဲ့သူဟာ အိမ်ထောင်သည်ဖြစ်မှ မွေးစားလို့ရမယ်ဆိုတဲ့အတွက် အခက်ကြုံရပါတော့တယ်။စမီသာဟာလည်း စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက် ခူရှီလေးကို မွေးစားဖို့အတွက် စမီသာနဲ့အတူ ဗစ်ကရမ်ပါ ၆လကြာအောင် ကလေးကို ပျိုးထောင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ်နဲ့ စေ့စပ်ထားပြီးသား စမီသာတို့နှစ်ယောက် ခူရှီလေးကို ဘယ်လိုပုံစံနဲ့ တစ်အိမ်တည်းအတူနေပြီး ပျိုးထောင်သွားကြမလဲ ……. နောက်ဆုံးအဆုံးဖြတ်အနေနဲ့ရော ဘယ်လိုတွေဖြစ်သွားမလဲ …….. ဆိုတာကို ဟာသလေးတွေနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Animation • Comedy
6.1 2024
Manamey