YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dr. Romantic (2016) EP11.mp4

519.83 MB N/A video/mp4 2234 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Westward: The Kingdom of Shadow

ဆရာတော် ၊ ဝူခုန်း နဲ့ ပါးကျဲ့ တို့ရဲ့ စွန့်စားရေး ခရီးစဥ်တွေကို အားလုံးရင်းနီးပြီးသားဖြစ်ကြမှာပါ ။ ဒီတစ်ခါမှာတော့ စွန့်စားခန်းတွေကို Animation အနေနဲ့ ဆန်းသစ်ပြီး ကြည့်ရှုလိုက်ရအောင်ပါနော် ။ ထန်စန်း နဲ့ သူရဲ့တပည့်တွေဖြစ်ကြတဲ့ ဝူခုန်း ၊ ပါးကျဲ့ ၊ ရှားဝူကျင့် ၊ အောင်ရွှယ် တို့ဟာ လောကကြီးအတွင်းက ခါးသီးမှုတွေ ရက်စက်မှုတွေကို ရပ်တန့်ပစ်ဖို့အတွက် အဆုံးမရှိတဲ့ ထာဝရမီးလျှံကို သယ်ဆောင်ဖို့ တစ်ခြားနယ်မြေတစ်ဖက်ဆီကို ခရီးဆက်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ ခရီးလမ်းမှာပဲ အရမ်းကိုမှ ထူးဆန်းလှတဲ့ ဒဏ္ဍာရီလာ ကျီလဲ့ရှန့် မြို့တော်ကို တွေ့ရှိခဲ့ပြီး အဲ့ဒီမြို့တော်အတွင်း ဝင်ရောက်လာခဲ့ပါတယ် ။ ထန်စန်းအပါအဝင် သူ့ရဲ့တပည့်တွေအားလုံးဟာ အမှောင်ထုဝိဉာဥ်မြို့တော် မြို့သခင်နဲ့ တွေ့ဆုံခဲ့ပြီး ပုံရိပ်ယောင်တွေထဲကို နစ်မြောဝင်ရောက်သွားခဲ့ကြပါတော့တယ် ။ နောက်ဆုံးမှာတော့ ထန်စန်းတစ်ယောက် ပုံရိပ်ယောင်တွေထဲ အကြိမ်ကြိမ် နစ်မြောပြီး ရုံးမထွက်နိုင်ဖြစ်လာတဲ့ အချိန်မှာတော့ ....? ❏ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ ? ❏ အမှောင်ထုဝိဉာဥ်မြို့တော်သခင်ကိုရော သူတို့တွေ အနိုင်ယူနိုင်ပါ့မလား ? ❏ အဆက်မပြတ် နစ်မြော ပေါ်ပေါက်လာနေတဲ့ ပုံရိပ်ယောင်တွေထဲကနေရော သူတို့တွေလွတ်မြောက်နိုင်ပါ့မလား ? ဆိုတာ ဒီ Animation ကားလေးကို ကြည့်ရှုလိုက်ကြပါဦးနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Animation , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Fantasy
0 2023 75 mins
The Westward: The Kingdom of Shadow
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
BLACKPINK Summer Diary in Seoul
8.6

BLACKPINK Summer Diary in Seoul (2022) Blink​တွေအတွက် BLACKPINKရဲ့ variety showအ​ဟောင်း​တွေထဲက တစ်ခုဖြစ်ပြီး Iconic clips​တွေ အများကြီးထွက်ခဲ့တဲ့ BLACKPINK’s Summer Diary in Seoul(2020)ကို တင်ဆက်​ပေးလိုက်ပါတယ်။ ဒီထဲမှာ​တော့ BLACKPINKအဖွဲ့ဝင်​ ၄​ယောက်ဖြစ်တဲ့ ဂျန်းနီ ဂျီဆူး လီဆာနဲ့ ရိုဂျယ်တို့ဟာ ဆိုးလ်မြို့လယ်​ခေါင်က ဆိတ်ငြိမ်​အေးချမ်းတဲ့ ရိုးရာ​အိမ်​လေးတစ်အိမ်မှာ ဂိမ်းမစ်ရှင်​တွေကို ကစားပြီး ​ရွှေ​​သော့ကို ရယူပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ​ ရွှေ​​သော့ကိုရဖို့ BLACKPINK vs ရိုက်ကူး​ရေးဝန်ထမ်း​တွေ အဓိကအားပြိုင်ရမှာဆို​ပေမယ့် BLACKPINK အဖွဲ့ထဲမှာ X-Manလို့​​​ခေါ်တဲ့ စပိုင်တစ်​ယောက်က ဂိမ်း​တွေကို မနိုင်​အောင် လိုက်လံ​နှောင့်ယှက်ရမှာပါ။ အဲဒီX-Manက ဘယ်သူဖြစ်​နေမလဲ၊ ရွှေ​​သော့ကို ရ​အောင်လုသွားနိုင်မှာလား၊ မန်ဘာ​တွေကပဲ X-Manကို ​ဖော်ထုတ်ပြီး ​ရွှေ​သော့ကို အရယူသွားနိုင်မလား ​စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။ Genre….. Reality Quality…. 1080p | 720p | 480p File size… 1.6GB | 718MB | 315MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM Variety Team Encoder ….. August

Comedy • Fantasy • Romance
8.6 2020
BLACKPINK Summer Diary in Seoul
Hosa Dinachari
8.5

Hosa Dinachari (2022) IMDb-8.5/10 မိသားစုနဲ့အတူကြည့်ရင် မိသားစုကြားမှာ နားလည်မှုတွေ ပိုမိုပေါက်ဖွား‌လာစေမယ့်ဇာတ်လမ်းလေး “Hosa Dinachari” ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေ ဂရုစိုက်မှုတွေကြားကမှ ကိုယ်နားမလည်နိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမျိုးမှာ အချစ်ကို လက်လွှတ်မိသွားတတ်သလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ချစ်သူတွေကြား အိမ်ထောင်ရှင်တွေကြား မိသားစုတွေကြားမှာ အားဆေးလေးဖြစ်စေပြီး ခံစားချက်တွေကို ခိုင်မာစေမှာပါ။ ဒီလိုဆက်ဆံရေးမျိုးလေးဖြစ်လာအောင် Hosa Dinachari က မိသားစုသုံးစုရဲ့ အတွေ့အကြုံလေးတွေကို ကြည့်ရှုခံစားလိုက်ရအောင်ပါ…. (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ V ~ BpL ~ Zwe ~ Cherry တို့ပဲဖြစ်ပါတယ်)

8.5 2022 114 mins
Hosa Dinachari
Chiara
5.9

Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ သူပြောတာက သာသနာ့ဘောင်ထဲ ဝင်လိုက်ရင် တကယ်ပဲငြိမ်းချမ်းသွားမယ်တဲ့။ ကျွန်တော်တို့သူငယ်ချင်းတွေကလည်း သူ့ကို ပြန်​ပြီး နားချကြတာပေါ့ဗျာ။ သီလရှင် ရာသက်ပန်ဝတ်လိုက်လို့ တကယ်ပဲ ငြိမ်းချမ်းမယ် ထင်လို့လားပေါ့။ သာသနာ့လောကထဲမှာလည်း သူ့ အခက်ခဲနဲ့ သူ၊ သူ့ အရှုပ်ထွေးနဲ့ သူ ရှိနေကြဆိုတာကို မျက်မြင်တွေ့နေကြရတာပဲ မဟုတ်လား။ ယခု ရုပ်ရှင်ထဲမှာဆိုရင် ကလဲလို့ခေါ်တဲ့ ကောင်မလေးက ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ ကောင်မလေး တစ်ယောက်ပါ။ ကလဲက ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာကို လူ့လောကမှာ ချန်ထားခဲ့ပြီး သီလရှင် ဝတ်လိုက်ပါတော့တယ်။ ကလဲ ကျင့်တဲ့လမ်းစဉ်က ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး လောဘကို အဆုံးသတ်ကာ ဆင်းရဲခြင်းလမ်းစဉ်ကျင့်သုံးတာဖြစ်ပါတယ်။ ဇာတ်အိမ်က ၁၂၁၁ ခုနှစ်မှာ တည်ထားတာပါ။ ယခု ၂၁ရာစုမှာတောင် gender equalityက ရသင့်သလောက် မရသေးဘဲ ရှိနေသေးတာ ၁၂၁၁ ခုနှစ်ဆိုတော့ ပိုဆိုးပေါ့။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေမှာ ယောင်္ကျားသားဖြစ်တဲ့ ဘုန်းတော်ကြီးတွေက သာသနာ့လောကကို အုပ်စိုးထားပုံတွေ၊ သီလရှင်တွေကို ဘုန်းကြီးတွေလောက် မတူသလို မတန်သလို ဆက်ဆံကြပုံတွေ၊ သီလရှင်တွေအပေါ်ကို အမျိုးမျိုးသော နှိမ့်ချမှုတွေကို ဒီရုပ်ရှင်ထဲမှာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ပြသထားတာဖြစ်ပါတယ်။ ကလဲ တစ်ယောက် သီလရှင်တွေကို ဖိနှိပ်ကြတဲ့ အမျိုးမျိုးအဖုံဖုံကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကျင့်စဉ်နဲ့ လူ့လောကကို ဘယ်လို အကျိုးပြုသွားမလဲ၊ ယောင်္ကျား ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ မိန်းမသားဖြစ်တဲ့ သီလရှင်တွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမယ့် သာသနာ့ဘောင် စစ်အေးတိုက်ပွဲတွေကို ဒီရုပ်ရှင်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေ စာပေကျမ်းဂန်တွေက တကယ့်အနှစ်ပါလှပြီး မည်သည့်ဘာသာကို ကိုးကွယ်သူမဆို ဒီရုပ်ရှင်ကို ကြည့်သင့်ကြည့်ထိုက်ပါတယ်။ ဘာသာပြန်သူ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားနဲ့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဘာသာတရားနဲ့ မတူညီကြပေမယ့် ဘာသာတရားတိုင်းရဲ့ အခြေခံက အတူတူပါပဲ။ ဘယ်ဘာသာပဲ ကြည့်ကြည့် ငြိမ်းချမ်းရေးအကြောင်းကိုပဲ ဦးတည်ထားကြတာပါပဲ။ လူအချင်းချင်း ချစ်မြတ်နိုးကြပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းနေမှာဖြစ်ကြောင်း မှတ်ချက်ပြုရင်း reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

5.9 2022
Chiara
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Extreme Marksmen
7.5

အခုတင်ဆက်မယ့် TV program ကို ကျွန်တော့်အနေနဲ့တော့ ကြည့်သင့်တဲ့အစီအစဉ်တစ်ခုလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲသိချင်ရင်တော့ ကြည့်ကြည့်ပါလို့ပဲ ပြောရမှာပါပဲ။ အကြောင်းအရာကတော့ လက်ဖြောင့်ငကြမ်းကြီးတွေအကြောင်း စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ program ဖြစ်ပါတယ်။ မြှား၊ ခြောက်လုံးပြူး၊ ယမ်းထိုးသေနတ်မှစလို့ အမြောက်ထိအောင် အမှန်တကယ်မြေပြင်မှာရှိခဲ့တဲ့၊ ပစ်ခဲ့တဲ့လက်ဖြောင့်ပစ်သမားတွေရဲ့ မယုံနိုင်လောက်စရာ၊ မဖြစ်နိုင်လောက်စရာ တိကျတဲ့ပစ်ချက်တွေအကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ခေတ်အဆက်ဆက် တကယ်ရှိခဲ့တဲ့၊ သူမတူအောင် လက်ဖြောင့်ခဲ့ကြတဲ့ ဆရာကြီးများအကြောင်းနဲ့ သူတို့လက်ခံယှဉ်ပြိုင်ခဲ့တဲ့ စွမ်းရည်စမ်းသပ်မှု စိန်ခေါ်ပွဲတွေအကြောင်း narrator ကသေချာရှင်းပြပြီးပြောပြထားလို့ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်ကားမဟုတ်ပေမယ့် ဇာတ်လမ်းအဆုံးထိအောင် တောက်လျှောက်ကြည့်ဖြစ်သွားမယ့် documentary ဆန်ဆန် program မျိုးပါ။ IMDb rating လည်း 7.5 ထိရထားတာဖြစ်လို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ File size…(2.1 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7.5 2008 90 mins
Extreme Marksmen
My Wife Is a Gangster 3
6.4

My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။ မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။ မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး…အက်ရှင်ဟာသဖက်ပိုသွားပါတယ်။ Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး https://channelmyanmar.to/?s=my+wife+is+a+gangster မှာကြည့်ရှုနိုင်ပါတယ်။***

6.4 2006 115 mins
My Wife Is a Gangster 3
Candid About Love
6.1

အချစ်ကားကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ 2023 ခုနှစ်က ထွက်ထားတဲ့ Candid About Love ဆိုတဲ့ Romance ကားလေးကို ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ လော်ရာဆိုတဲ့ ဓာတ်ပုံဆရာမ အရမ်း ဖြစ်ချင်နေတဲ့ အမျိုးသမီးချောချောလေးတစ်ယောက်က ဓာတ်ပုံပြခန်း နေရာအသစ်မှာ သူ့ရဲ့ ပုံတွေ ပြခွင့်ရဖို့အတွက် ကြိုးစားနေတာကို အဓိက ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ အလုပ်လုပ်နေတဲ့ ပြခန်းမှာ နာမည်ကြီး ဓာတ်ပုံဆရာ ရှိန်းရဲ့ ဓာတ်ပုံတွေ ပွဲဦးထွက်ပြသဖို့ သူ့အနေနဲ့ ဆွဲဆောင်နိုင်မှ ရမှာ ဖြစ်ပါတယ်။ ခက်တာက ရှိန်းဆိုတဲ့ ဓာတ်ပုံဆရာက ဓာတ်ပုံလောကထဲကနေ ပျောက်သွားတာ ဆယ်နှစ်လောက်ရှိနေတာပါ။ ဆယ်နှစ်လောက် ဓာတ်ပုံ မရိုက်တဲ့ ဓာတ်ပုံဆရာကို လော်ရာ တစ်ယောက် ဘယ်လိုမျိုး ဆွဲဆောင် သိမ်းသွင်းမလဲ ဆိုတာကတော့ ဒီ ရိုမန်တစ်ကားလေးထဲမှာ အချိန် ကုန်လို့ ကုန်မှန်း မသိအောင် စီးမျောရင်း ခံစားကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ File size…1.62GB / 776MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre …..Romance, Comedy, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance
6.1 2023
Candid About Love
Boat
7.7

Boat (2024) လှေ IMDb-7.9/10 အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ….။ ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်….။ ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်….။ ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်….။ တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့….။ ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

Action • Science Fiction
7.7 2024
Boat
Er-Lang God of the New Legend of Deification
5.9

တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ မျက်စိသုံးလုံးပါတဲ့ အာ့လန်နတ်မင်းကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးကတော့ အာ့လန်တစ်ယောက် နတ်မင်းမဖြစ်ခင်က သာမန်လူသားဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယန်ကျန်ဟာ အဖေနဲ့ညီမလေးနဲ့အတူ ကြီးပြင်းလာခဲ့ပြီး အမေက ဘယ်သူလဲဆိုတာ သိချင်နေတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ရွာထဲက ကလေးခိုးသွားတဲ့ မိစ္ဆာတစ်ကောင်နောက်လိုက်ခဲ့ပြီး သူက လူတစ်ပိုင်း နတ်တစ်ပိုင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။ သူက အတင်းအကြပ်မေးတဲ့အတွက် သူ့အဖေကလည်း မတတ်နိုင်တော့ဘဲ ယန်ကျန်ရဲ့ အမေက နတ်သမီးတစ်ပါးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က မီးမိစ္ဆာကြီး ချုံမင်ကို နှိမ်နင်းဖို့အတွက် မက်မွန်တောင်အောက်မှာ အပိတ်ခံထားရကြောင်း သိခဲ့ပါတယ်။ အမေ့ကို ကယ်ဖို့အတွက် တားမြစ်စည်းထဲ ဝင်သွားတဲ့ ယန်ကျန်ကို ဘယ်လို စိန်ခေါ်မှုမျိုးတွေက စောင့်နေမလဲ…… သူတို့ သားအမိတစ်တွေ ပြန်ဆုံစည်းရပါ့မလား…… မိစ္ဆာကြီး ချုံမင်ကရော ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

5.9 2023
Er-Lang God of the New Legend of Deification
Scandal Makers
7.2

Scandal Makers (2008) ************************ ဘဝကို ကြိုစားနေထိုင်လာရင်းနဲ့ အနုပညာလောကမှာ လူသိရှင်ကြား အောင်မြင်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးကို ဘယ်တုန်းက မွေးခဲ့လဲတောင် မသိလိုက်တဲ့ ကိုယ့်ရဲ့သမီးအရင်းနဲ့ မြေးတို့ ရောက်လာပြီး လူပျိုလို့ ထင်ခဲ့တဲ့ကိုယ်က ရုတ်တရက် အဘိုးဖြစ်နေတာကို သိလိုက်ရတဲ့အခါ သင်တို့သာဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ??? Park Bo-young , Cha Tae-hyun , Wang Suk-hyun တို့ သုံးယောက် အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး တခြားနိုင်ငံက remake တွေ ပြန်ရိုက်လောက်ရတဲ့အထိ ဆုပေါင်းများစွာကို ဆွတ်ခူး အောင်မြင်ခဲ့တဲ့ 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ****************** အသက် သုံးဆယ်အရွယ် လူလတ်ပိုင်း Nam Hyun-Soo(Cha Tae-hyun) ဟာ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုရဲ့ အောင်မြင်နေတဲ့ MC တစ်ယောက်ပါ။ သူ့ရဲ့ရေဒီယို အစီအစဉ်ကို အကြောင်းအရာတွေပို့နေကျ တစ်ကိုယ်တော်မိခင်လေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ အဲဒီတစ်ကိုယ်တော်မိခင်လေးကို ရှိလို့ရှိမှန်းတောင် မသိနေတဲ့ သူ့အဖေဖြစ်သူကို သွားတွေ့လိုက်ပါဆိုပြီး အာချောင်ပြီးတဲ့နောက် .. တကယ်တမ်း အဲဒီအဖေက ကိုယ်ဖြစ်နေပြီး အိမ်တံခါးဝအထိပါ သမီးနဲ့မြေးဖြစ်သူတို့ ရောက်ချလာကြတဲ့အခါ… ခြေတစ်ချက်ချော်ရုံနဲ့ အောက်ဆုံးထိ ထိုးကျသွားနိုင်တဲ့ အနုပညာ လောကမှာ ဘယ်တုန်းက မွေးလိုက်ခဲ့မှန်းတောင် မသိခဲ့တဲ့ သားသမီးတစ်ယောက် ရှိနေတယ်ဆိုတာကို ဘယ်လိုဖုံးကွယ်ထားမလဲ?? မေတ္တာအစစ်အမှန်နဲ့ရော ချစ်ပေးနိုင်ပါ့မလားဆိုတာကို ဟာသလေးနှောရင်း ရေထက်သွေးက ပိုပျစ်ကြောင်းကို ဖခင်မေတ္တာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်… (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.68GB / 650MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

7.2 2008 108 mins
Scandal Makers
Ramnagar Bunny
7.4

Ramnagar Bunny (2024) “လူရှုပ်ဘန်နီ” အခုတင်ဆက်ပေးလိုက်တာကတော့ တလေဂူးအချစ်ဟာသရုပ်ရှင်ကားလေးပါ။ ဘန်နီဆိုတဲ့ကောင်က သူငယ်ချင်းတွေနဲ့ လတ်လျားလတ်လျားသွားလာနေပြီး တာဝန်ယူမှုဆိုတာမရှိတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်။ အဖေဖြစ်သူက သုံးဘီးမောင်းပေမဲ့ အိမ်မှာ စေတနာနဲ့လာကူညီပေးတဲ့ ဆိုင်လူဆိုတဲ့ ကောင်မလေးကတော့ ဘန်နီ့ကို တိတ်တခိုးလေးချစ်မိနေပါတယ်။ ဘန်နီကတော့ ဆိုင်လူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တဲ့အပြင် အိမ်အကူလောက်ပဲသဘောထားတဲ့ကောင်။ ကြုံလာသမျှမိန်းကလေးတိုင်းကို ဖွန်ကြောင်ရင်း ညီမဖြစ်သူအတွက် အဖေစုထားတဲ့ပိုက်ဆံကိုပါ ခိုးသုံးပြီး ချစ်သူမိန်းကလေးတိုင်းကလည်း သူ့ကိုထားခဲ့ကြတဲ့နောက်မှာတော့ ဘန်နီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7.4 2024 148 mins
Ramnagar Bunny
Suzume Suzume no Tojimari
7.8

Suzume (2022) IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့…… File size…(3.9 GB) / (1.7 GB) / (900 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Animation Duration….02:01:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Dr Nyan

7.8 2022 121 mins
Suzume Suzume no Tojimari