YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Double Love E24 CM.mp4

259.95 MB N/A video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Thousand and One
6.8

~ IMDb - 7.2/10, RT - 97%, Meta - 81% ~ ဒီတစ်ခါ မိတ်ဆက်​ပေးမှာက​တော့ 2023 မှာ ထွက်ရှိထားပြီး Rating ​ကောင်း၊ Critics တွေရဲ့ ဝေဖန်မှုကောင်း​တွေ ရရှိထားတဲ့ ဒရာမာကား​လေး A Thousand And One ဆိုတဲ့ဇာတ်လမ်း​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ​ပြောချင်တာ လုပ်ချင်တာ​တွေကို စိတ်ထဲမသိုသိပ်ထားရုံမက အားနာစိတ်မရှိဘဲ လုပ်တတ်တဲ့ အိုင်နက် တစ်ယောက် သူ့သား တယ်ရီကို ​ဂေဟာက​​နေ ပြန်​​ပေးဆွဲပြီး လူမသိသူမသိ​အောင်နာမည်​တွေ​ပြောင်း ​မွေးစာရင်း​တွေ​ပြောင်းပြီး သူတို့​နေစရာအိမ် စားစရာ​တွေ မိသားစုဘဝ ကြိုးပမ်းတည်​ဆောက်ရာမှာ ​ကြုံ​တွေ့ရတဲ့ ကံ​ကောင်းမှု​တွေ ကံဆိုးမှု​တွေ အခက်အခဲ​တွေ ရင်ဆိုင်ရပုံ​တွေကို ထိထိမိမိ ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​လေး ဖြစ်ပါတယ်။ ဇာတ်ကားတစ်​လျှောက် အိုင်နက်ရဲ့ ဇာတ်လမ်းအစက လူအမြင်ကတ်​တဲ့ ဇာတ်​ကောင်က​နေ ဇာတ်လမ်းအဆုံး သနားစရာ အိုင်နက်အဖြစ်ဇာတ်​ကောင်​​ပြောင်းလဲမှုကို လူ​တွေအမြင်​ပြောင်း​အောင် ဟာကွက်မရှိ ရိုက်ပြထားတဲ့ကား​​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 840MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 57Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.8 2023 116 mins
A Thousand and One
S.W.A.T.
6.1

မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေး တင်ဆက်ပေးလိုက်ပါတယ်.. SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေ‌အနေတွေကို ထိန်းကျောင်းဖို့၊ ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။ တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊ မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကို လော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်း နှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ ဘယ်သူမဆို ‌အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီး အတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့ အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကို အပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။ လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့ စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ File Size :(2.7GB)(1.08GB) and (380 MB) Quality : BLU-RAY1080P5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Crime , Adventure, Action Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae

Action • Adventure • Crime
6.1 2003 117 mins
S.W.A.T.
Dark Glasses
4.6

Thriller ဇာတ်ကားကောင်းလေးတွေကို နှစ်သက်တဲ့ အမျိုးတို့အတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့မှာ ပြည့်တန်ဆာတွေ အသတ်ခံရတဲ့ အမှုက ပြည့်တန်ဆာ ၃ ဦး အသတ်ခံရပြီးနောက် နာမည်ကြီးလာခဲ့တယ်။ ပြည့်တန်ဆာ ဒီယာနာ ဆိုတဲ့ အမျိုးသမီးဟာ အင်မတန် လှပပြီး စျေးကြီးတယ်။ တစ်နေ့တော့ သူဟာ လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ လူသတ်သမားလက်က လွတ်အောင် ကြိုးစားရင်း ဒီယာနာ တစ်ယောက် ကားအက်စီးဒန့်ဖြစ်ကာ မျက်စိကွယ်သွားခဲ့ရပါတယ်။ သူ့ကားနဲ့ တိုက်မိတဲ့ ကားမှာတော့ တရုတ်လူမျိုး ကလေးလေး တစ်ဦးသာ အသက်ရှင်ကျန်ခဲ့တယ်။ ဖခင်ဖြစ်သူက ပွဲချင်းပြီး သေဆုံးပြီး မိခင်ကတော့ ကိုမာ ဖြစ်သွားတယ်ပေါ့။ ဒီလိုနဲ့ ဒီယာနာ တစ်ယောက် စောင့်ရှောက်ရေး ဂေဟာမှာ အဲ့ကလေးကို သွားတွေ့ခဲ့တယ်။ ကလေးကလည်း ဂေဟာကနေ ခိုးထွက်ပြီး ဒီယာနာရဲ့ အိမ်ကို လိုက်လာခဲ့တယ်။ ဒီလိုနဲ့ လောကကြီးမှာ အမှောင်ထုထဲကနေ ရှင်သန်ရမယ့် မျက်မမြင် ဒီယာနာနဲ့ ကလေးလေးတို့ နှစ်ယောက် ဘယ်လို ရှေ့ဆက်ဖြတ်သန်းကြမလဲ? လက်မလျှော့သေးတဲ့ လူသတ်သမား ရန်ကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ? အဖော်အချွတ်အပိုင်းတွေပါပြီး လူသတ်တဲ့ အပိုင်းတွေကလည်း ပက်စက်တာမို့ ကလေးသူငယ်တွေ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 1.2GB, 484MB, 245MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 30mins Genre : Horror, Mystery, Thriller Translated by Kit Encoded by Kinnov

Action • Adventure • Comedy
4.6 2022 86 mins
Dark Glasses
Summer Palace
7.1

Summer Palace (2006) ~ IMDb – 7.1/10, Rotten Tomatoes – 72% ~ Directed By “Lou Ye” Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။ ” နွေညနေခင်းမှာတိုက်တဲ့ လေပြေလို ဆိုင်းမဆင့်ဗုံမဆင့်ဆိုက်ရောက်လာတတ်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာက လူကို မိုးမမြင်လေမမြင်ဖြစ်အောင်လုပ်နိုင်ပြီး ပူလောင်ခြင်းတွေနဲ့ ထားခဲ့တတ်တယ်။ အဲဒီအရာက ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတတ်ပြီး အဲဒီအရာကို ဘယ်လိုမှ ထိန်းချုပ်လို့မရဘူ။း အဲဒီအရာကို ဘာပါလို့တော့ ကျွန်မတပ်အပ်မသိဘူး။ အဲဒီအရာကို ကျွန်မ အချစ်လို့ပဲ အမည်တပ်ပေးနိုင်တယ် “ ကောင်မလေးက စိတ်ကစားတယ်ပဲပြောရမလား သူ့အချစ်ကိုခံယူပုံကပဲ ထူးခြားတယ်ပဲ ပြောရမလားတော့ မသိဘူး။ တက္ကသိုလ်ရောက်တော့လည်း တခြားကောင်လေးတစ်ယောက်နဲ့တွဲတယ်။ ပထမကောင်လေးနဲ့တုန်းက ငယ်သေးလို့လားမသိ ခံစားချက်သိပ်မများဘူးလို့ထင်ရပေမဲ့ ဒီဒုတိယကောင်လေးနဲ့ကျ ကောင်မလေးဟာ တော်တော်လေး ခံစားတတ်လာသလို ကောင်လေးကြောင့် ခံစားရတာတွေလည်းများလာတယ်။ ဒါကို သူ့ Monologue အရှည်ကြီးတွေနဲ့ ပြသွားတယ်။ ထူးတာက ဒီထဲက မိန်းကလေးဇာတ်ကောင်ဟာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဆိုတာထက် ကျွန်တော်တို့ ကြုံနေမြင်နေရတဲ့ မိန်းကလေးတွေနဲ့ စိတ်နေသဘောထား ဘာညာ တော်တော်တူတယ်။ သူ့ Monologue တွေအရဆိုလည်း ဒီအချက်က ပိုသိသာတယ်။ ဒီအတွက် တွဲဖက်အမျိုးသမီးဇာတ်ညွှန်းဆရာမတွေရဲ့ ကျေးဇူးလည်း မကင်းလောက်ဘူး။ ဒီကားရဲ့ ဇာတ်အိမ်ထက် ဇာတ်ကောင်က ပိုအဓိကကျနေတဲ့အတွက် မြင်နေကြုံနေကျ မိန်းကလေးဇာတ်ကောင်မျိုးကို ပေးနိုင်တာကိုက သူ့အရသာဖြစ်နေလိမ့်မယ်။ နောက်ကောလိပ်တက်နေတဲ့ ဇာတ်ကောင်တွေရဲ့ လူငယ်တို့ဘာသာသဘာဝ ကတောက်ကဆတွေ ဝေးကွာခြင်းတွေကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ သူက နိုင်ငံရေးစွတ်လာတယ်။ ၁၉၈၉မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော် ထျန်းအန်းမင် အရေးအခင်း ဖြစ်နေတဲ့ကာလနဲ့ ဆက်စပ်ပြသွားတယ်။ ငါတို့နိုင်ငံမှာ ငါတို့ဟာ အကျဉ်းသားတွေပြန်ဖြစ်နေတာကို ကမ္ဘာကသိစေချင်တယ်ဆိုပြီး ပီကင်းတက္ကသိုလ်က ဆရာမတစ်ယောက်က ဒီအရေးအခင်းမှာ ဟောပြောခဲ့သလို လူ ၃၀၀၀လောက်သေခဲ့တဲ့ အရေးအခင်းကြီးပေါ့။ Lou Ye ဟာ အရေးအခင်းနဲ့ လူငယ်တွေရဲ့ ဘဝရဲ့အပြောင်းအလဲတွေကို ယှဉ်တွဲပြသွားခဲ့သလို ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတွေကတော့ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာကို အလှပဆုံးရောစပ်ထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ ဒီရုပ်ရှင်ထဲက ကောလိပ်ကျောင်းသားဘဝတွေဟာ ကြည်နူးစရာတစ်ကွက်မှမမြင်မိပေမဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ အငွေ့အသက်ကို ရနေတယ်ဆိုတာတော့ ငြင်းမရဘူး။ Zhang Yimou တို့၊ Chen Kaige တို့ မျိုးဆက်အလွန် Jia Zhangke တို့၊ Wang Xiaoshuai တို့၊ Lou Ye တို့ရဲ့ ၆ဆက်မြောက်ထဲ Lou Ye ဟာ ဒီမျိုးဆက်ရဲ့အထင်ရှားဆုံးလူတွေထဲ ပါပါတယ်။ Summer Palace ဟာလည်း သူ့ရဲ့အထင်ရှားဆုံးကားတွေထဲပါတယ်။ ထုံးစံအတိုင်း တရုတ်ပြည်မက ကားပေမဲ့ ကားကောင်းမှန်သမျှ လိုက်ဘန်းပြီး ပေါ်လစီကားပဲ ခွင့်ပြုတတ်တဲ့ တရုတ်ကြီးတို့ဟာ ထျန်းအန်းမင်အရေးအခင်းက Footage တွေကို သုံးထားတဲ့အတွက် ဒီကားကိုဘန်းလိုက်ပြန်တာပါပဲ။ ဒါပေမဲ့လည်း ဒီကားထဲက အချက်အလက်တော်တော်များကတော့ လှီးလွဲသုံးထားတာတွေပါ။ အဲဒီခေတ်မှာ တကယ်မရှိသေးတဲ့ အရာတွေလည်းပါသလို တကယ်မရှိတဲ့နေရာတွေလည်း ပါနေပြန်တာပါပဲ။ ဒါတောင် အပိတ်ခံရပါတယ်။ Lou Ye ဟာ တစ်ကားရိုက်တစ်ကားဆိုသလို အကြောင်းမျိုးစုံပြပြီး တရုတ်အစိုးရ ရိုက်ခွင့်ပိတ်နေရတဲ့ ဘဲပါပဲ။ ဒီကားအပြီးလည်း ငါးနှစ်ထပ်အပိတ်ခံခဲ့ရပါတယ်။ မတတ်နိုင်ခြင်းတွေနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့ခေတ်ထဲ ဖောခြင်းသောခြင်း စီးဆင်းနေတဲ့အရာတွေဟာ ဝေးကွာခြင်းတွေပဲဆိုတော့ တချို့အတွက်တော့ ဒီရုပ်ရှင်ဟာ အနည်းနဲ့အများ တိုက်ဆိုင်နေမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 38Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2006 135 mins
Summer Palace
Rush
6.7

Rush (1991) ~ IMDb – 6.7/10, Rotten Tomatoes – 71% ~ ဒီရုပ်ရှင်က ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားသက်သက်ပဲ။ မှုခင်းကားပေမဲ့ အက်ရှင်ခန်းလည်းများများစားစားမပါသလို ထွေထွေထူးထူးဇာတ်ဝင်ခန်းလည်း ပါလှတယ်မဟုတ်ဘူး။ မူးယစ်ဆေးရောင်းတဲ့ကောင်တွေကို မူးယစ်ဆေးသမားလိုလို အသွင်ယူပြီးဖမ်းတဲ့ရနဲ့ သူ့ပါတနာရဲမလေး မူးယစ်ဆေးရောင်းတဲ့ကောင်တွေကိုဖမ်းဖို့ကြိုးစားရင်း တိုင်ပတ်ကြတဲ့အကြောင်းတွေပဲ။ မင်းသမီးလေးတော့ တော်တော်လှပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ Soundtrack တွေကတော့ တကယ်ကြမ်းတယ်။ ဒီကားထဲပါသမျှသီချင်းတွေထဲ Eric Clapton ရေးထားတဲ့သီချင်းတွေမနည်းသလို Score ကိုလည်း ကျန်တဲ့လူတွေနဲ့ပေါင်းပြီး သူက Guitarist အနေနဲ့တီးထားတယ်။ Clapton က Rolling Stone ရဲ့ “100 Greatest Guitarists of All Time”မှာ ဒုတိယနေရာချိတ်ထားတဲ့လူဆိုတော့ သူ့ Score တွေ ဘယ်လိုနေမလဲ စဉ်းသာစားကြည့်ပေါ့။ နောက် ဒီကားထဲ Eric Clapton ရဲ့ နာမည်ကျော်သီချင်း Tears in Heaven လည်းပါတယ်။ ဒီကားမထွက်ခင် ၁၉၉၁ မှာပဲ Clapton ရဲ့ လေးနှစ်အရွယ်သားလေးက နယူးယောက်စီးတီး တိုက်ခန်းရဲ့ ၅၃လွှာက ပြတင်းပေါက်ကနေ ပြုတ်ကျပြီးသေသွားတယ်။ သူကြေကွဲပြီး လအနည်းငယ်လောက် ဘာမှမလုပ်ဘဲနေပြီးတဲ့နောက် ဒီကားအတွက် သီချင်းတွေရေးပေးတီးပေးခဲ့တယ်။ နောက် ဒီသောကကြောင့်ပဲ ဒီကားအတွက်သီချင်းတွေထဲ သူ့ဘော်ဒါ Will Jennings နဲ့တွဲပြီး “Tears in Heaven” ဆိုတဲ့ သီချင်းကို ရေးဖြစ်သွားတယ်။ Time can bring you down ဆိုတဲ့နားကနေ နောက်အထိကို Jennings ကရေးပြီး ရှေ့ပိုင်းတွေတော့ Clapton ရေးခဲ့တာပါ။ ဒီသီချင်းဟာ ဝမ်းနည်းစရာအကောင်းဆုံးသီချင်းလို့လည်း တစ်ချို့ကပြောကြတယ်။ နားကိုနားထောင်ကြည့်သင့်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ဆိုလည်းမမှားဘူး။ ဂရမ်မီ ၃ဆုတောင်ရခဲ့ပါသေးတယ်။ ” Would you know my name? If I saw you in heaven… Would it be the same? If I saw you in heaven… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • War • History
6.7 1991
Rush
The Killer
6

အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာ အဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီး မွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီး သူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင် လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာ မန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့် ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးက အတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေး ရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမ‌‌ရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့ သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမား ကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကို ကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာ ဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီး လောဘတွေတက်လာတဲ့အခါမှာတော့…… File size…1.76GB / 753MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6 2017 99 mins
The Killer
A Very Venice Romance
6.3

“ဗင်းနစ်က ပင့်သက်ရှိုက်သံဆိုတဲ့တံတားရဲ့အောက်မှာ ချစ်သူနှစ်ဦးက နေဝင်ချိန် အနမ်းခြွေမယ်ဆိုရင် ထာဝရတည်တံ့တဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်ယ်”တဲ့… ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို အီတလီနိုင်ငံက ဗင်းနစ်မြို့ကို အလည်တစ်ခေါက် ခေါ်သွားချင်ပါတယ်။ IMDB 6.3/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဗင်းနစ်မြို့ရဲ့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းလေးတွေကို ခံစားကြည့်ရှုလို့ ရနိုင်မှာပါ။ ပုံမှန်သမားရိုးကျ plot ဖြစ်ပေမဲ့ လှပတဲ့ရှုခင်းတွေနဲ့ ဗင်းနစ်မြို့အကြောင်း ဗဟုသုတရဖွယ် အချက်အလက်များကိုပါ ထည့်သွင်းတင်ဆက်ထားတာမို့ ဟင်းလျာတွေလည်း ကြည့်ရင်း ထိုင်ရာမထဘဲ ဗင်းနစ်မြို့ကို အလည်တစ်ခေါက် အရောက်သွားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ အေမီက ဖြည့်စွက်စာထုတ်လုပ်ရေးတာဝန်ခံတစ်ယောက်ဖြစ်ပြီး ထုတ်ကုန်အသစ် ထုတ်နိုင်ဖို့အတွက် အပူတပြင်းကြိုးစားနေသူပါ။ သူတို့ရဲ့ ပြင်သစ်စားဖိုမှူးနဲ့တွဲဖက်ကာ အနံ့အရသာ ကောင်းမွန်ပြီး ကျန်းမာရေးနဲ့လိုက်ဖက်ညီတဲ့ ထုတ်ကုန်အသစ်ဖြစ်အောင် ပြင်ဆင်နေခဲ့ပေမဲ့ ပြင်သစ်ဟင်းလျာပုံစံတွေကို မူလလက်ရာမပျက်အောင် ထိန်းသိမ်းချင်တဲ့ စားဖိုမှူးက အေမီ့ရဲ့အဆိုပြုချက်ကိုလက်မခံဘဲ နှစ်ယောက်သားစကားများကြရာကနေ အလုပ်က ထွက်သွားပါတော့တယ်။ ကိုယ်ရှုပ်မိတဲ့အရှုပ်ကို ပြန်ရှင်းဖို့ စားဖိုမှူးအသစ်လိုက်ရှာရင်း အီတလီစားဖိုမှူး မာချယ်လို့ကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပေမဲ့ မာချယ်လိုက နယူးယော့ခ်ကို ဘယ်လိုမှ မလာနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာမို့ အေမီတစ်ယောက် ဗင်းနစ်မြို့ဆီ အရောက်သွားကာ မာချယ်လို့ရဲ့ ဟင်းချက်သင်တန်းကို တက်ပြီး မရအရဆွယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အေမီတစ်ယောက် မာချယ်လိုရဲ့ သင်တန်းကိုတက်နေတဲ့ သုံးပတ်တာအချိန်အတွင်း မာချယ်လို့ကို စိတ်ပြောင်းအောင် လုပ်လိုက်နိုင်မှာလား.. အဆင်မပြေဘဲ လက်လျှော့ပြီးပဲ ပြန်ရမလား.. မာချယ်လိုကရော ဘာလို့ နယူးယော့ခ်ကို လုံးဝမလာချင်ဖြစ်နေရတာလဲ.. အေမီနဲ့ မာချယ်လို့နှစ်ယောက်ကြား ဘယ်လို ရိုမန့်စ်လေးတွေဖြစ်လာမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.3 2023 84 mins
A Very Venice Romance
OSS 117: Lost in Rio

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။ ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။ မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီ​ဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။ သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ရည်ရွယ်ချက်ခြင်းတော့တူကြပါတယ်။ လူတွေက stereotype အဖြစ် သတ်မှတ်ထားကြတဲ့ ပြင်သစ်လူမျိုး ယောကျာ်းကာရိုက်တာ misogynistic(ဖိုဝါဒီ)ကို သရော်ထားပြီး မပျင်းရအောင် တင်ဆက်ထားတာမို့ စပိုင်ကားကောင်းကောင်းကြည့်ချင်နေတဲ့သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PTပဲဖြစ်ပါတယ်) File size…(1.8 GB)/(944 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Crime, Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by PT

0 2009
OSS 117: Lost in Rio
All the Long Nights
7.2

All the Long Nights(2024) ဖူဂျီဆာဝ ဆိုတဲ့ကောင်မလေးက တစ်လတစ်ခါ ရာသီမလာခင် အချိန်မှာ PMS ခေါ် ပြင်းထန်တဲ့ရာသီမလာခင်ဖြစ်တဲ့ ရောဂါကိုခံစားနေရတာပါ။ PMS ခံစားရတဲ့အချိန်တွေမှာဆိုရင် သာမာန် သဘောကောင်းတဲ့ ဖူဂျီဆာဝက အခြားတစ်‌ယောက်လိုကို အပေါက်ဆိုး အပြစ်မြင်တတ်ပြီး ဒေါသထွက်လွယ်လာခဲ့ပါတယ်။ ဒီလိုစိတ်မတည်မငြိမ်ဖြစ်တဲ့ အချိန်မှာပဲ ရာမာဇိုဆိုတဲ့ panic disorder ခေါ် ကြောက်စိတ်ကို မထိန်းချုပ်နိုင်တဲ့ရောဂါရှိတဲ့ကောင်လေးတစ်ယောက်အပေါ် ဒေါသတွေပုံချလိုက်မိပါတော့တယ်။ ဒီလိုနဲ့ သူတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ရောဂါတစ်ယောက်သိပြီး နားလည်မှုရှိစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကူညီပေးကြရင်းနဲ့ နှောင်ကြိုးတွေတဖြည်းဖြည်းရစ်ပတ်လာကြပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ် Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 5.17GB | 1GB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kim Encoder ….. Aaron

7.2 2024
All the Long Nights
The Sonata
5.5

The Sonata (2018) ********************* ဒီဇာတ်ကားလေးကတော့ Freya Tingley နဲ့ Simon Abkarian တို့က အဓိကပါဝင်တင်ဆက်ထားတာပါ။ ဒီဇာတ်လမ်းလေးကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Rose Fisher က နာမည်ရခါစ တယောပညာအဖြစ်အသက်မွေးနေတဲ့ အချိန်မှာ အဖေ Richard Marlowe ဖြစ်သူ ဆုံးပါးသွားတဲ့သတင်းကို ကြားလိုက်ရတယ်။ အဖေဖြစ်သူက ငယ်ငယ်လေးကတည်းမိသားစုကို ပစ်ပြီး ရုတ်တရတ်ထွက်ထားခဲ့တဲ့အတွက် အဖေက သူ့ဘဝမှာမလိုအပ်ဘူးလို့ နှုတ်ကပြောနေပေမဲ့ စိတ်ထဲမှာတော့ မေတ္တာစိတ်ကရှိနေဆဲပေါ့။ ဒီလိုနဲ့ ရှေ့နေနဲ့သွားတွေ့တော့ ကျန်ရစ်ခဲ့တဲ့ သူပစ္စည်း​တွေရယ်၊ နောက်ဆုံးနေခဲ့တဲ့ ပြင်သစ်ကအိမ်သော့ကို လွှဲပေးလိုက်တော့ အဲ့အိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာ သူအဖေဘယ်သူမှ​မပြောခဲ့တဲ့ လျှို့ဝှက်ချက်တွေက ဘယ်လိုအသက်ဝင်လာမလဲ။ သူအေးဂျင့်ဖြစ်တဲ့ Charles Vernaisကလည်း ဘယ်လိုတွေကူပေးရပြီး သူ့အကူအညီက ကောင်းရာဘက်ကို ဦးတည်သွားမလား… နှစ်ယောက်သားဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Latvian National Film Award Lielais Kristaps for Best Fiction Film Cinematographerဆုရထားတဲ့ ကားလေးမို့ ပိတ်ကားပေါ်မှာ အတူစီးမျောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်…) File size…1.35GB / 707MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Theint Aung Encoded by AHtet

Drama
5.5 2018
The Sonata
Plankton: The Movie
5.6

Plankton: The Movie 2025 ကျွန်တော်တို့ ငယ်ငယ်တည်းက သည်းခြေကြိုက်ဖြစ်တဲ့ nickelodeon က SpongeBob SquarePants ဇာတ်ကားလေးလာပါပြီ။ ဒီကားကတော့ အရင်တုန်းကလို အပိုင်းနဲ့ မဟုတ်ပဲ တစ်ကားတည်းနဲ့အပြီးပါ။ မူရင်း SpongeBob SquarePants က အသံသရုပ်ဆောင်တွေပဲဖြစ်ပြီး Netflix က အသစ်စက်စက်ထုတ်လုပ်ထားတာပါ။ ဒီဇာတ်လမ်းမှာတော့ SpongeBob အကြောင်းမဟုတ်ပဲ ရှယ်ဒန်ပလိန်းတိန် နဲ့ သူ့ရဲ့ စက်ရုပ်မလေးတို့အကြောင်းကို အဓိကရိုက်ပြထားတာပါ။ ရှယ်ဒန်ပလိန်းတိန် ကသူအရင်ကအတိုင်းပဲ မစ္စတာခရက်ဘ်ရဲ့လျှို့ဝှက်ဖော်မြူလာကို ရဖို့ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစဉ်ရင်း သူရဲ့ လက်တွဲဖော်စက်ရုပ်မလေး နဲ့ကြားက ဆက်ဆံရေးကို သီချင်းလေးတွေနဲ့ မြူးမြူးကြွကြွ မူလ ခံစားချက်မပျက်အောာင် တင်ဆက်ပေးထားတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။

5.6 2025 83 mins
Plankton: The Movie
Rang De Basanti
8.3

Rang De Basanti (2006) IMDb Rating (8.1) / Rotten Tomatoes (89%) ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ အက်ရှဖာခူလာခန်းတို့ရဲ့ မှတ်တမ်းတင်ဇာတ်လမ်းကို ရိုက်ကူးနိုင်ဖို့ အင်္ဂလန်က‌နေ အိန္ဒိယကို ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယကို ရောက်တယ်ဆိုရင်ပဲ သူ့ဇာတ်လမ်းအတွက် ကိုက်ညီမယ့် ဒေလီက ကျောင်းသား ၅ယောက်ကို ရှာတွေ့သွားခဲ့ပြီး ဇာတ်လမ်းကို စတင်ရိုက်ကူးဖို့ စီစဉ်ပါတော့တယ်။ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ဆိုတာ ဘာမှန်းနားမလည်ကြတဲ့ သူတို့တော်လှန်ရေး ဇာတ်ကောင်တွေနေရာမှာ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြမှာလား … လက်တွေ့ဘဝမှာရော ဘယ်လိုပြဿ‌နာတွေ ကြုံဆုံကြရမှာလဲ… ဆူလ်ရဲ့ သူ့အဖိုးရဲ့ ဒိုင်ယာရီကို ရုပ်သံရိုက်ကူးချင်တဲ့ ဆန္ဒကရော ပြည့်နိုင်မှာလား…ဆိုတာတွေကိုတော့။ ဇာတ်လမ်းက အစမှာ ခပ်သောသောဟာသလေးတွေနဲ့ အစချီထားတာကြောင့် ခပ်ပေါ့ပေါ့ဇာတ်ကားလို့ထင်ပြီးစိတ်ပျက်မသွားဖို့လိုပါတယ်…အဆုံးထိသေချာကြည့်ကြည့်ရင် သိပ်ကောင်းတဲ့ကားမှန်းသိမှာပါ။ ဒီရုပ်ရှင်က အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ဆိုပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို သိုက်ဆန်းမှ တင်ဆက်ထားပါတယ်။)

8.3 2006 157 mins
Rang De Basanti
Hebbuli Cut

Hebbuli Cut (2025) “ဆံသ” လောကမှာ စည်းစိမ်ဥစ္စာ၊ ကိုယ်ကျင့်တရားပေါ်မူတည်ပြီး လူမှုအဖွဲ့အစည်းတွေဆိုတာကလည်းတစ်ခုနဲ့တခုမတူညီကြ။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းက ကိုယ်ကျင့်တရားအပေါ်မှာ မသက်ရောက်လှဘူးဆိုပေမဲ့၊ ဆင်းရဲလွန်းတဲ့ နင်းပြားတွေဘ၀ကတော့ အနှိမ်ခံရရင်း၊ လောကဓံရဲ့အထုအထောင်းကိုခံရင်း ပျော်ရွှင်မှုဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြရတာပေါ့။ ဒီရုပ်ရှင်မှာတော့ မြို့ပေါ်က စျေးကြီးတဲ့ဆံသဆိုင်မှာ ဆံပင်ညှပ်ချင်တဲ့ ကောင်လေးတစ်ယောက်။ အဖေဖြစ်သူက စားဖို့တောင်မရှာနိုင်တဲ့အချိန်၊ ဆံပင်ညှပ်ခမပြောနဲ့ မြို့တက်ဖို့စရိတ်တောင်မရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ အိပ်မက်၊ ဆင်းရဲခြင်းရဲ့ အထုအထောင်းတွေကို ဟာသနှောလို့ရိုက်ကူးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama • Romance
0 2025
Hebbuli Cut