YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Double Love E08 (1080p) CM.mp4

488.25 MB N/A video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Priest of Evil
5.5

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုက ရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင် သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့ အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေး မသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကို လိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ် ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာ ထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့ အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊ အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ဘာလို့ကျူးလွန် နေရလဲဆိုတာကိုတော့ Priest of Evil ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြပါနော်။ File size…1.93GB / 788MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 46m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Action • Adventure • Comedy • Drama • Mystery
5.5 2010 106 mins
Priest of Evil
The Female General Fan Lihua

ဒီဇာတ်လမ်းလေးကတော့ ရှေးခေတ်သူရဲကောင်းဖန်လိဟွားဟာ ဓားပြတွေနဲ့တိုက်ခိုက်ရာမှာ အထင်ကရကျော်ကြားတဲ့ အတွေ့အကြုံအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဖန်လိဟွားက ဓားပြတွေကိုသုတ်သင်ရှင်းလင်းချင်တာကြောင့် သန်မာတဲ့ ရွှယ်တင်းရှန်နဲ့တွေ့ဆုံခဲ့ပြီး ရွှယ်တင်းရှန်းကိုလည်း မြင်မြင်ချင်းမှာပဲချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွှယ်တင်းရှန်ကတော့ သူမကို လက်နက်ချပြီးသူမရဲ့ နယ်ပယ်ကိုပဲပြန်သွားစေချင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က အခက်အခဲတွေ ရည်ရွယ်ချက်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးပြီး ဓားပြတွေကို အတူတူနှိမ်နှင်းဖို့လုပ်ဆောင်ခဲ့ကြတယ် ဒီလိုနဲ့အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်ရဲ့ကံကြမ္ပာကဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့် [ Reviewed By Ou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance
0 2022
The Female General Fan Lihua
[18+] Dirty Games
3.6

Squid Game လိုလို Survival Game ဖန်တွေအတွက် Squid Game ဆန်ဆန် ဂိမ်းပြီးဆုံးရင် ငွေရမယ့် ဂိမ်းကစားရင်း မသေအောင်နေရတဲ့ ညစ်တီးညစ်ပတ်ဂိမ်းကားလေးပါ။ ပြောရရင် ဒိတ်တင်ရှိုးဆန်ဆန် အစီအစဉ်တစ်ခုက ကောင်လေး ကောင်မလေးတွေကို အိမ်တစ်အိမ်ကိုဖိတ်လိုက်တယ်။ အတွဲတွေတွဲပေးပြီးတော့ အဲဒီအိမ်ထဲမှာနေပြီး ပေးထားတဲ့ မစ်ရှင်တွေကိုရော ကြည့်ရှုသူတွေက ငွေပေးပြီး ခိုင်းတဲ့မစ်ရှင်တွေကိုရော လုပ်ပေးရတယ်။ နောက်ဆုံးကျန်တဲ့အတွဲက ဆုကြေးငွေကိုရတယ်။ သို့ပေမဲ့ မထင်မှတ်ထားတာတွေပါ ဖြစ်လာပြီး ခိုင်းတာတွေလုပ်ရရုံတင်မက အသက်ရှင်အောင်ပါ ကြံဖန်ရလာတယ်။ ဒီရုပ်ရှင်မှာ စောင်း ပုလွေ ဘာဂျာအစုံ သာယာပုံပေါင်းစုံ မြင်ရမှာဖြစ်ပြီး မိတ်ဆွေတို့ ကြားသိသမျှ နည်းနာအားလုံးပါဝင်ပါတယ်။ အတွဲပေါင်းများစွာရဲ့ အကွက်ပေါင်းများစွာကို မြင်ကြတွေ့ကြရမယ့် ရုပ်ရှင်လေးပါပဲ။ ဒီလောကတဏှာတွေကို ငြီးငွေ့စိတ်ပျက်တဲ့အထိ ရှု့စားပြီး လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကြံဆောင်နိုင်စေဖို့ လောကီရဲ့အမှောင်ဆုံးအခြေအနေတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးပဲ လွတ်မြောက်နိုင်ကြပါစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 890MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Adult, Romance, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama • Music • Romance
3.6 2022 86 mins
[18+] Dirty Games
All the Old Knives
6

မင်းသား ခရစ္စပိုင်းရဲ့ ရုပ်ရှင်အသစ်လေးပါ။ စပိုင်ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။ လိုက်ပြီးလည်း အတူစဉ်းစားရတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း - လွန်ခဲ့တဲ့ ၈ နှစ်က လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ ဓားစာခံတွေ ရာချီပြီး သေဆုံးခဲ့သလို အကြမ်းဖက်သမားတွေအကုန်သေဆုံးခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။ အဲဒီအမှုမှာ ပါဝင်တဲ့သူတွေလည်း သေတဲ့သူသေ အငြိမ်းစားယူတဲ့သူ ယူကုန်ကြပါပြီ။ အကြမ်းဖက်ထောက်လှမ်းရေး အေဂျင်စီအနေနဲ့ အရှက်တကွဲနဲ့ ပိတ်သိမ်းခဲ့ရတဲ့ အမှုတစ်ခုပါပဲ။ ဒါပေမဲ့ ရှစ်နှစ်ကြာပြီးအချိန်မှာတော့ လေယာဉ်ပြန်ပေးခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီး ပြန်ပေးမှုဟာ ထောက်လှမ်းရေးအတွင်းလူတစ်ယောက် ပါဝင်နေတယ်ဆိုတာသိလိုက်ရပါတယ်။ အဲဒီအတွက် အေဂျင်စီရဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားကို တာဝန်ပေးပြီး အတွင်းလူသစ္စာဖောက် ဘယ်သူလဲဆိုတာ စုံစမ်းလာတဲ့အခါ.... File size…(1.22 GB)/(646.7MB)/(442MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Romance
6 2022 101 mins
All the Old Knives
Body Jumper
5.3

တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သရဲမ ဘော့ဘ်ဟာ သူကျင်လည်ကျက်စားရာရွာလေးမှာ ယောက်ျားတွေကို မြူစွယ်ရင်း အသည်းဖောက်စားလေ့ရှိတယ်။ အဲဒီတော့ ရွာသားတွေလည်း တစ််နေ့တခြားဆိုးသွမ်းလာတဲ့ ဘော့ဘ်ကို သရဲနှင်ဆရာတွေခေါ်ပြီး ရေတွင်းပျက်တစ်ခုထဲ ပိတ်လှောင်ခဲ့ကြတယ်။ နှစ်ပေါင်း ၇၀အကြာမှာတော့ မြို့ကကျောင်းသားတစ်အုပ် အဲဒီဆမ်ခေါ်ရွာလေး တိုးတက်ဖို့ဆိုပြီး ကျောင်းပရောဂျက်အတွက် ရောက်လာကြတယ။ သူတို့ထဲက သိပ်လှတဲ့ ကောင်မလေး ဂဲ ရေချိုးတာကို ချောင်းကြရင်း သရဲမဘော့ဘ်ကို မတော်တဆ လွတ်မြောက်သွားစေခဲ့တယ်။ ဘော့ဘ်ဟာ ဂဲဆီ ဝင်ပူးပြီး ကျောင်းသားအုပ်စုနဲ့အတူ ဘန်ကောက်မြို့ကို ပြန်လိုက်သွားချိန်မှာတော့... ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ထိုင်းသရဲဟာသကားလေးဖြစ်တာမို့ အားပေးလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 760MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Comedy, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Adventure • Crime
5.3 2001 94 mins
Body Jumper
Great Yarmouth – Provisional Figures
6.9

Great Yarmouth: Provisional Figures (2022) =============================== IMDb Rating – 6.9/10 ဒီဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်ကထွက်ခဲ့ပြီး ဒါရိုက်တာ Marco Martins ရိုက်ကူးခဲ့တဲ့ဇာတ်ကာင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Brexit အရေးမတိုင်ခင် ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ UK ရဲ့ Norfolk စီရင်စု Great Yarmouth မြို့ထဲကို ပေါ်တူဂီရွှေ့ပြောင်းအလုပ်သမားတွေအများကြီး၀င်လာ ကြပါတယ်။ အဲဒီအလုပ်သမားတွေက ကြက်ဆင်စက်ရုံတွေမှာ အလုပ်ရှာကြပါတယ်။ ပေါ်တူဂီအလုပ်သမားတွေရဲ့ ဆရာမကြီးဖြစ်တဲ့ Tânia ကတော့အရင် ကအဲဒီ ကြက်ဆင်မွေးမြူထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင် အင်္ဂလိပ်လူမျိုးကိုလက်ထပ်ထားသူပါ။ သူ(မ)က ဗြိတိန်နိုင်ငံသားဖြစ်ဖို့နဲ့ သူ(မ)ယောက်ျားရဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ဟိုတယ်‌ တွေကိုလည်း ပြန်လည်မွမ်းမံပြီး senior citizens home ‌တည်ဆောက်ဖို့ အိမ်မက်ရှိသူပါ။ ဒီဇာတ်ကားလေးမှာဆိုရင် ပေါ်တူဂီအလုပ်သမားတွေရဲ့ဘ၀တွေ၊ သူတို့လုပ် နေရတဲ့ စိတ်ပျက်စရာအလုပ်တွေနဲ့ လူတွေရဲ့စိတ်ဓာတ်ယုတ်ညံ့ပုံတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.84 GB) / (678 MB) / (448 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Theo Kat Encoder……….SWM

Family • Fantasy
6.9 2022
Great Yarmouth – Provisional Figures
Hail, Caesar!
6.3

၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့ Dark Comedy အမျိုးအစား ဇာတ်လမ်း တစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့ အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှ A-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, Ralph Fiennes, Jonah Hill, Scarlett Johannsson, Frances McDorman, Tilda Swinton နဲ့ Channing Tatum အထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာ စတူဒီယိုရဲ့ အရှုပ်တော်ပုံများကို လိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင် ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။ စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင် ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်း စာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ဒေါ်လာ ၁ သိန်းကို ပေးပြီးဖြေရှင်းရန် ကြိုးစားစဉ်မှာပဲ ဘာ့တ်ဝှစ်လော့တ် ရဲ့ အညှီအဟောက်သတင်းတွေကို အနံ့ရပြီး အမြတ်ထုတ်ချင်နေသူ သိုရာ နဲ့ သတ်စလေ ညီအစ်မတို့ရန် ကလည်း ဉာဏ်နဲ့ ဖြေရှင်း ရပါသေးတယ်။ တစ်ဖက်မှာလည်း စတူဒီယိုအတွက် မင်းသားရှာတဲ့ အလုပ်၊ လင်ကောင်မပေါ်ဘဲ ကလေးရလာမယ့် မင်းသမီးအတွက် စတူဒီယိုပုံရိပ်မကျအောင် ကြံစည်ရပုံတွေ၊ ဘာ့တ်ဝှစ်လော့တ်ကို ဖမ်းခေါ်သွားတဲ့ လူတွေ နောက်ကို စုံစမ်းဖို့ကိစ္စတွေကို ၂၄ နာရီနီးပါးအတွင်းမှာ အက်ဒီမန်းနစ်စ် တစ်ယောက်အကွက်ကျကျ ဘယ်လို စီမံသွားမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Animation • Comedy • Family
6.3 2016 106 mins
Hail, Caesar!
Universal Soldier
6.1

90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့ ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ Andrew Scott က သူတို့​နောက်​ကိုလိုက်လာရာကနေ ရန်သူဟောင်းနှစ်​ဦးအားပြိုင်မှု ဖြစ်ပေါ်လာပါတော့တယ်။ ၉၂ ကထွက်ရှိခဲ့တဲ့ဒီဇာတ်ကားက အောင်​မြင်မှုရရှိခဲ့ပြီး နောက်​ဆက်​တွဲ​ဇာတ်ကား​များစွာ ထွက်​ရှိခဲ့ပါတယ်။ ၉၀ ခုနှစ်​ အက်ရှင်ဇာတ်ကားတွေရဲ့အငွေ့အသက်နဲ့အညီ ဖျော်ဖြေ​မှုကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ အက်​ရှင်ကြိုက်သူများ ဗန်ဒိန်းဖန်များ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Thriller, Action, Science Fiction, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

6.1 1992
Universal Soldier
Night Explorers: The Asylum

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ horror အမျိုးအစားရုပ်ရှင်ဇာတ် လမ်းလေးပါ။ ဇာတ်လမ်းအကြောင်းကတော့… မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။ အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(535 Mb) Quality….Webrip 720p Format…mp4 Duration….01:36:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2023 96 mins
Night Explorers: The Asylum
Land of Happiness
7

Land of Happiness (2024) ************************** ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Choo Chang-Min ရိုက်ကူးထားပြီး Castတွေ အနေနဲ့ကတော့ Jo Jung-suk. Lee Sun-Kyun နဲ့ Yoo Jae-Myung တို့ အဓိကပါဝင်ထားတဲ့ ၁၉၇၉ ခုနှစ် သမ္မတလုပ်ကြံခံရမှုအပြီး ခေတ်အခြေအနေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း တရားရေးတိုက်ပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Jung In-Hoo ဟာ သမ္မတကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ ဗိုလ်မှူး Park Tae-Juဘက်နေ ခုခံကာကွယ်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ အခက်ခဲဆုံးသော နိုင်ငံရေးတရားခွင်ထဲက တစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဖြစ်စဥ်ကတော့ သမ္မတ လုပ်ကြံမခံရခင်မှာ Tae-Ju ဟာ သက်တော်စောင့်တွေကို နှိမ်နင်းထားဖို့ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲဆီမှ အမိန့်ကို လက်ခံရရှိခဲ့တာပါပဲ။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို “ကြိုတင်စီစဉ်ထားတဲ့ ပုန်ကန်မှု” အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရတဲ့အခါ In-Hoo ဟာ Tae-Ju ကို အမှုကနေ ကယ်တင်နိုင်မဲ့နည်းလမ်းနဲ့ သက်သေပြဖို့ အကြံတွေပေးခဲ့ပေမဲ့လည်း Tae-Ju က နားမထောင်ခဲ့ပေ။ Tae-Ju ဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်တပ်ဥပဒေအတိုင်း ကြားနားခွင့် တစ်ကြိမ်သာ ပြုလုပ်ပြီး စီရင်ချက်ချခံရမှာ ဖြစ်တာကြောင့် In-hoo က တရားမျှတတဲ့ တရားစီရင်မှု ဖြစ်ဖို့အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ပေမဲ့ တရားမျှတမှု မရှိတဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကြောင့် In-Hoo ရဲ့ စိတ်ပျက်ဒေါသနဲ့ ခံပြင်းမှုတွေသာ ကျန်ရစ်ခဲ့တဲ့ တရားခွင်ဖြစ်လာတော့တယ်။ တစ်ဖက်မှာလည်း ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါင်းဆောင် Jeon Sang-Doo ကလည်း နောက်ကွယ်ကနေ တရားခွင်ကို လိုသလိုကြိုးကိုင်နေတဲ့အခါမှာတော့.. နိုင်ငံရေးခြစားမှုတွေကြား In-Hoo က သမ္မတကို လုပ်ကြံမှုနဲ့ စွဲချက်တင်ခံနေရတဲ့ Tae-Ju ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။) File size…1.25GB / 540MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 05m Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Hnin Wai Oo & Miri

7 2024 124 mins
Land of Happiness
The Donkey King
5.2

ဒီကားလေးက animation ဇာတ်ကားတွေထဲမှာဆိုရင် ထူးထူးခြားခြားဖြစ်တာတစ်ခုက အိန္ဒိယအပြင်အဆင်တွေနဲ့ ရိုက်ထားတာပါပဲ Zootopia တို့လို ဇာတ်ကားမျိုးကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီဇာတ်ကားကိုလည်းကြိုက်ကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်တဲ့မြည်းလေးတစ်ကောင်က စိုင်ကော်လို့ခြုံပေါ်ရောက်တာနေဖြစ်လာမဲ့ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းရတဲ့အကြောင်းလေးပါ နိုင်ငံရေး အယူအဆဟာသတွေနဲ့ ပြည့်နှက်နေတဲ့ကားလေးမို့လို့ ကိုယ်တွေအနေနဲ့ကြည့်သင့်တဲ့အထဲမှာပါတဲ့ ကားကောင်းလေးပါ Rating အနဲငယ်နိမ့်တယ် ထင်ရပေမယ့် ဇာတ်လမ်းရဲ့တင်ဆက်မှုက အဆင့်အတန်းတစ်ခုရှိတဲ့အတွက် ကြည့်ပြီး နောင်တရမဲ့ကားမျိုး မဟုတ်တာတော့ အသေချာပါပဲ File size… 2 GB, 966 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Aries

Animation • Drama • Comedy
5.2 2020
The Donkey King
A Novel Christmas
6.3

A Novel Christmas (2024) IMDb Rating (6.3) “A Novel Christmas” က ဝတ္ထုတစ်ပုဒ်ရေးရန် အိမ်ပြန်လာတဲ့ အောင်မြင်နေပြီးသား ကလေးစာရေးဆရာမ Chloe ရဲ့ 2024 အချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။ ပြန်လာတာနဲ့ သူက single father ်တစ်ယောက်နှင့်တွေ့ဆုံကာ သူရဲ့ကိုယ်ရေးကိုယ်တာနှင့် ပရော်ဖက်ရှင်နယ်ဘဝကြားမှာရွေးချယ်စရာတွေရှိလာပါတယ်။ ဒီဇာတ်ကားကဝေဖန်မှုတွေပါ ရရှိခဲ့ပါတယ်။ အချို့သောဝေဖန်ရေးဆရာတွေက ဝမ်းနည်းပူဆွေးခြင်းနှင့် မိသားစုကဲ့သို့ ဇာတ်ဝင်ခန်းတွေ စူးစမ်းရှာဖွေခြင်းတွေကိုတော့ ချီးကျူးကြပြီး သရုပ်ဆောင်အသစ်တွေ ဖြစ်နေပေမယ့်လည်း ကောင်းမွန်တဲ့ ဇာတ်လမ်း က ချို့ယွင်းချက်တွေရှိလာတာထုံစံပါပဲတဲ့။ အခြားတစ်ဖက်မှာလည်း ကြည့်ရှုသူတွေက ဇာတ်ကားရဲ့ ဇာတ်ညွှန်းတွေကိုက်ညီတာမျိုးမရှိကြောင်းတွေ့ရှိကြပါတယ်။ ယေဘုယျအားဖြင့်၊ “A Novel Christmas” က ပရိသတ်တွေကြားမှာ ကွဲပြားတာတွေရှိပေမယ့်လည်းဆက်ဆံရေးအပေါ် အာရုံစူးစိုက်ထားတဲ့ ရိုးရာအားလပ်ရက် အချစ်ဇာတ်လမ်းကိုဖော်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (740 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:28:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

Action • Drama • Thriller • War
6.3 2024 88 mins
A Novel Christmas
Centaur Kentavr
6.9

Centaur (2024) IMDb Rating (6.9) / Rotten Tomatoes (97%) ထရန်စပေါ်တာလိုမျိုး ကားပေါ်က ခွာလို့မရတဲ့လူတစ်ယောက်အကြောင်းကို မှုခင်းနဲ့ အက်ရှင်နဲ့ တွဲပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ထရန်စပေါ်တာနဲ့ မတူတာက သူက ကားထဲက ထွက်ရင် ဗုံးကွဲမှာတို့ ဘာတို့တော့ မဟုတ်ဘူး။ နည်းနည်းလေး ပိုယုတ္တိရှိတယ်။ ခြေထောက်မသန်လို့ ကားပေါ်က သိပ်ဆင်းမရတဲ့လူမျိုးပေါ့။ ထရန်စပေါ်တာနဲ့ထပ်တူတာက သူ့ကားကို လိုက်စီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူနဲ့ကတစ်ဘက် သူတို့ကို လိုက်သတ်နေတဲ့လူတွေက တစ်ဘက်ဖြစ်နေတာပေါ့။ အစကတော့ ဒီလူက ညဘက်သီးသန့်တက္ကစီမောင်းတဲ့ တက္ကစီသမားသက်သက်ပါပဲ။ ညငှက်မလေးကို သူ့ဖောက်သည်တွေရှိတဲ့နေရာကို လိုက်မောင်းပို့ပေးရာကနေ ဘယ်လိုလူတွေနဲ့ကြုံပြီး ဒီလိုအခြေအနေဆိုက်သွားလဲဆိုတာက စိတ်ဝင်စားကောင်းပါတယ်။ ကြည့်ကောင်းတဲ့ သည်းထိတ်ရင်ဖိုကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (770 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:41:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Crime • Thriller
6.9 2024 101 mins
Centaur Kentavr
Crumb Catcher

ဇာတ်လမ်းအစပိုင်းမှာတော့ ပူပူနွေးနွေးငြားခါစ ကြင်စဦးမောင်နှံနှစ်ယောက် ဝေးလံခေါင်ဖျားတဲ့နယ်နိမိတ်ဘက်မှာတည်ရှိတဲ့ အပန်းဖြေစခန်းကို ပျားရည်ဆမ်းခရီးထွက်လာကြပါတယ် ခင်ပွန်းဖြစ်သူက ဦးဆောင် ကားမောင်း ဇနီးဖြစ်သူကတော့ လက်ဖွဲ့တွေကို ဖြည်ဖို့ ဖတ်လို့ပေါ့ အရက်စွဲနေတဲ့ ခင်ပွန်းဖြစ်သူဟာ ကြောင်တောင်တောင်ဖြစ်နေရင်းနဲ့ပဲ ကားမှန်ကိုရုတ်တရက်လှမ်းကြည့်လိုက်တဲ့အခါမှာ ကားတစ်စီးက သူတို့ကားနောက်ကနေလိုက်နေခဲ့လို့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်ခဲ့ရပါတယ် သို့သော်လည်း နောက်ကလိုက်နေတဲ့ကားဟာ များမကြာမီအချိန် ကားမောင်းသူခင်ပွန်းတစ်ယောက် သံသယတေတွတစ်စစကြီးထွားလာချိန်မှာပဲ လမ်းကြားထဲသို့ ထိုးကွေ့သွားပါတော့တယ် ဒုန်းဒုန်းချစိတ်အေးသွားရပေမယ်လည်း မိန်းမဖြစ်သူနဲ့ လမ်းတစ်လျှောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေရလို့လည်း စိတ်မအေးနေခဲ့ပြန်ပါပြီ ဇာတ်လမ်းဆုံးခါနီးမှာလည်း လင်မယားနှစ်ယောက်ကို ကားအတွင်းထဲမှာပဲ နေစေပြီး ဇာတ်သိမ်းထားပေးပြန်ပါတယ် ပရိုဂျူဆာဘဝကနေ ဒါရိုက်တာအဖြစ်သို့အသွင်ကူးပြောင်းလာခဲ့တဲ့ Chris Skotchdopole ရဲ့ ပထမဦးဆုံးအနေနဲ့ Directing ဒါရိုက်တာ နယ်ပယ်ထဲကိုဝင်လာခဲ့ပြီးတော့ လက်စွမ်းပြထားခဲ့တဲ့ ပထမဦးဆုံးရုပ်ရှင်လည်း ဖြစ်သလို ရုပ်ရှင်မှာပါဝင်ထားတဲ့ အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ Rigo Garay ကလည်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ်ပါဝင်အားဖြည့်ထားပါသေး Drama အချိုးအကွေ့များလည်းပါဝင်ပေမယ့် Thriller ကိုဦးတည်ထားတဲ့ဒီရုပ်ရှင်ကိုကြည့်ရှုသူတို့အဖို့ ကလိကလိနဲ့ စိတ်အသည်းပေါက်အောင် ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့် ကြည့်တဲ့အခါမှာတော့ နားနားပြီးတော့ ဝင်လေထွက်လေမှတ်ပြီး ကြည့်ရှုကြပါရန်ပန်ကြားလိုက်ပါရစေ File size…(1 GB)/(640 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy , Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Ya Mone

Action • Science Fiction
0 2024
Crumb Catcher