YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

DOTA.Dragons.Blood.S02.zip

3.89 GB N/A application/zip 680 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
HELL DOGS
7.2

ဂျပန်ယာကူဇာဂိုဏ်းနဲ့ အသွင်ယူ ရဲ တစ်ယောက်ရဲ့ ဇာတ်လမ်း လေးဖြစ်ပြီး ဂျပန်အက်ရှင်ကားအများစုလို အိုဗာအက်တင်တွေ မပါဘဲနဲ့ ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ... ရဲတပ်သားသစ်တစ်ယောက်ဖြစ်တဲ့ တက်ခ် ဟာ အင်အားကြီးတဲ့ ယာကူဇာဂိုဏ်းကို ဖြိုချဖို့အတွက် အသွင်ယူ ရဲ တစ်ယောက်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ သူ အသွင်ယူတစ်ယောက်မဖြစ်ခင်မှာ တာဝန်ကျတဲ့နားက ကုန်တိုက်တစ်တိုက်ကို ယာကူဇာတွေ ဓါးပြဝင်တိုက်ခဲ့ပြီး အဲ့မှာ မိန်းကလေးသုံးယောက်နဲ့ ဝန်ထမ်းအမျိုးသမီး အသတ်ခံလိုက်ရတယ်။ အဲ့နောက်မှာသူဟာ အဲ့ဒီဓါးပြတိုက်သွားတဲ့ ယာကူဇာတွေနောက်ကို လိုက်လက်စားချေရင်းနဲ့ ယာကူဇာဂိုဏ်းထဲကို အသွင်ယူ ရဲ တစ်ယောက်အဖြစ် ရောက်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 2.6GB, 1GB, 515MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 18mins Genre              : Action Translated by Zwel Zan Aung Encoded by Kinnov

Comedy
7.2 2022 137 mins
HELL DOGS
Skinford: Death Sentence
5

skinford: death sentence (2023) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ ရှေ့မှာလည်း Skinford ဆိုပြီး ဇာတ်ကားတွေထွက်ရှိပြီးသား နောက်ဆက်တွဲ Thriller,Horror ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် အဓိကဇာတ်လိုက်ကျော် စကင်ဖို့ဒ်က သူ့ရဲ့နာမကျန်းဖြစ်နေတဲ့ အဖေကိုကယ်ဖို့ ပိုက်ဆံရအောင် ပစ္စည်းတစ်ခုကို ပို့ပေးဖို့ မှောင်ခိုဂိုဏ်းတစ်ခုနဲ့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ် အဲ့မှာသောက်တလွဲတွေစဖြစ်ပြီး ကိုယ့်ကိုသတ်ခိုင်းတဲ့သူက သူ့ဆီရောက်လာပြီး ကိုယ်ကျင်းကိုတူးနေရတဲ့အချိန်မှာ... ကျင်းထဲက စော်တစ်ပွေက ဝုန်းခနဲဆို အရှင်လတ်လတ်မြေမြှပ်ခံရကနေ ပေါ်လာပါတယ် ကံကောင်းချင်တော့ အဲ့စော်က မသေအောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိတော့ စကင်ဖို့ဒ်ကြီးမှာ သူ့ကိုသတ်တာလဲမသေတဲ့အပြင် တွင်းထဲကစော်ကပါ အူကြောင်ကြားနဲ့ အပြင်ထွက်လာတဲ့အခါ သူကို့ဘယ်သူကလာသတ်တာလဲ သူပို့ပေးခဲ့တဲ့ပစ္စည်းတွေဘယ်မှာလဲ သူ့ဝေစုကဘယ်မှာလဲ စသည်ဖြင့် အရာရာကိုအဖြေရှာဖို့ကြိုးစားရပါတော့တယ် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ခန်းတွေအပြင် မြှုပ်ကွက်များစွာနဲ့ ရှယ်လန်းတဲ့ဇာတ်လမ်းလေးမို့ ပရိသတ်ကြီး အကြိုက်တွေ့မှာအမှန်ပဲမို့ အားပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်

Drama
5 2023 84 mins
Skinford: Death Sentence
Lovesong
6.5

Lovesong (2016) =============== IMDb 6.3, Rotten Tomatoes 83% ”နင်ဒီကို ဘာလို့လာတာလဲ” ”ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့လက်ထပ်ပွဲမလို့ပေါ့” ”ငါမေးတာက နင် ဒီကို ဘာလို့လာတာလဲလို့” ”ငါ နင့်ကို လွမ်းလို့… အချိန်တိုင်း…” ယောက်ျားဖြစ်သူရဲ့လစ်လျူရှုခြင်းကိုခံထားရတဲ့ ဆာရာတစ်ယောက် သူ့သမီးလေးရယ် အချစ်ဆုံး သူငယ်ချင်းမင်ဒီတို့နဲ့အတူ ခရီးတိုတစ်ခု စတင်ထွက်ခဲ့တယ် ခရီးတစ်လျှောက် ဆာရာနဲ့ မင်ဒီတို့ကြားက သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်လေး ပြင်းထန် အားကောင်းလာချိန်မှာပဲ အခြေအနေတွေဟာ သူတို့နှစ်ယောက်ကို ဝေးကွာစေခဲ့တယ် သုံးနှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ ဆာရာတစ်ယောက် မင်ဒီ့ရဲ့လက်ထပ်ပွဲမတိုင်ခင် ရက်တွေမှာ သူတို့နှစ်ယောက်ကြားက ခံစားချက် လေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ… ဒီရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိပိုင်ဆိုင်ထားပြီး အဓိကသရုပ်ဆောင်တွေအဖြစ် ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့ Jena Malone နဲ့ Riley Keough တို့က သဘာဝကျကျ ပါဝင်သရုပ်ဆောင်ထားတဲ့ GL Drama ရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် File size…1.14GB / 520MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Comedy • Drama
6.5 2016 85 mins
Lovesong
Possessed
5.3

Rasuk or Possessed (2022) IMDb 5.3 ရထားတဲ့ အင်ဒိုနီးရှား Horror ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖုန်းလိုင်းသိပ်မမိတဲ့ ကျောင်းတစ်ကျောင်းမှာ စာသင်နှစ်ဝက်ကျောင်းပိတ်ရက်ရောက်တော့ အိမ်မပြန်ဘဲ အဆောင်မှာနေခဲ့တဲ့ ကျောင်းသားတွေရှိပါတယ်။ ဆရာ Nazmi ကတော့ အိမ်မပြန်တဲ့ကျောင်းသားတွေကို စောင့်ရှောက်ပေးဖို့ ခွင့်ယူထားရာကနေ အဆောင်ကိုပြန်လာရပါတယ်။ အဲဒီထဲက ကျောင်းသားအဖွဲ့တစ်ဖွဲ့က မြစ်ကမ်းဘေးကို ပျော်ပွဲစားထွက်ရာကနေ အဖွဲ့ထဲက Wari ဆိုတဲ့ ကျောင်းသားက ထူးဆန်းတဲ့ပုလင်းလေးကို ဖွင့်မိသွားလို့ သရဲဝင်ပူးခံရပြီး Zombie လို ဖြစ်သွားပါတယ်။ Wari က တခြားကျောင်းသားတွေကို လိုက်တိုက်ခိုက်တော့ တခြားသူတွေပါ ကူးစက်ခံရပြီး သူ့လိုဖြစ်ကုန်ပါတယ်။ အဆောင်မှာ ဖုန်းလိုင်းမမိတဲ့အပြင် ညဘက် မီးပါပျက်သွားတော့ ဆရာ Nazmi နဲ့ကျောင်းသားတွေ အသက်ရှင်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Action, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 720MB | 344MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Romance • Mystery • Thriller
5.3 2022
Possessed
Life, Animated
7.4

ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ…. File size… 1.1 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
7.4 2016 91 mins
Life, Animated
Alvin and the Chipmunks: The Road Chip

ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင် အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီး သူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့် ​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစု မဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး ​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာ ဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို ​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.6 GB / 665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Horror • Science Fiction
0 1900
Alvin and the Chipmunks: The Road Chip
[18+] Gayuma
7.1

Gayuma (1995) လင်းန်ဆိုတာက နယ်မြို့သူလေးတစ်ယောက်ဖြစ်ပြီး မိခင်နဲ့အတူနေထိုင်ပါတယ်။ အိပ်မက်အကြီးကြီးတွေရှိတဲ့ လင်းန် အမြဲတမ်းစိတ်ကူးယဉ်နေတာက တစ်ချိန်က သူတို့သားအမိကိုပစ်ပြေးပြီး ပြည်တော်ပြန်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဖခင်ဖြစ်သူဆီကိုလိုက်သွားပြီး အခြေချနိုင်ဖို့ပါ။ လစ်ဒီယာကတော့ မြို့တော်ကြီးရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာနေထိုင်ပါတယ်။ အစပိုင်းမှာ ချစ်ခင်လို့လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖြစ်ပေမဲ့ ကလေးမရနိုင်တာကိုသိသွားတဲ့နောက် ခင်ပွန်းဖြစ်သူက သူ့ထက် လောင်းကစားဘက်ကို ပိုစိတ်ဝင်စားပြီး အမြဲအချိန်ကုန်တတ်ပါတယ်။ ဒီအတွက် လစ်ဒီယာက ခင်ပွန်းဖြစ်သူရဲ့အချစ်ကိုပြန်ရဖို့အတွက် အထက်လမ်း အောက်လမ်း နည်းမျိုးစုံနဲ့ ကလေးရဖို့ ကြိုးစားနေပါတယ်။ ဘာတစ်ခုမှအဆက်အစပ်မရှိတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဘ၀တွေဟာ စွန့်စားပြီးမြို့တက်လာခဲ့တဲ့ နယ်သူလေး လင်းန်တစ်ယောက် မြို့မှာ ဒုက္ခတွေဆင့်ကဲ ဆင့်ကဲတွေ့ကြုံရာကနေ လစ်ဒီယာရဲ့ စာနာကယ်တင်မှုကိုခံလိုက်ရချိန်မှာတော့ အပြောင်းအလဲတွေကြုံရဖို့ဖြစ်လာပါတော့တယ်။ လင်းန်ရဲ့ အမေရိကန်အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မလား… လစ်ဒီယာရဲ့ လင်ချစ်ဆေးဖော်တဲ့ မစ်ရှင်အောင်မြင်နိုင်မှာလား… အစရှိတာတွေကို အဲဒီခေတ်က ဖိလစ်ပိုင်ရဲ့နောက်ခံအခင်းအကျင်းပေါင်းစုံနဲ့ ရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Horror • Comedy
7.1 1995 98 mins
[18+] Gayuma
Balls of Fury
5.3

Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းက ကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့ သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။ သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့ မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲက လူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါ နောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီး ငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။ Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ် အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ် ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာ ပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီး ပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲ အဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက် သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာ ပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ FBI တွေက ရောက်လာပြီး နာမည်ကြီးလူဆိုးတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် သူ့ရဲ့ ပင်ပေါင်အရည်အချင်းကို အလိုရှိကြောင်း လျှို့ဝှက်စစ်ဆင်ရေး စေလွှတ်ချင်ကြောင်းတွေ ပြောပြပြီး တရုတ်တန်းက မျက်မမြင်ဘိုးတော်ကြီးနဲ့ သင်တန်းအပ်ကာ ဒီလူဆိုးကြီးကို ဘယ်လိုတွေ ဖမ်းကြမလဲဆိုတာ ပေါက်တတ်ကရ ဟာသတွေနဲ့ ပျော်ပျော်ပါးပါး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ရုပ်တည်ကြီးတွေ ထထဖောက်တဲ့ ဟာသတွေဆို တကယ်ရယ်ရပါတယ်။ တစ်ခုပြောချင်တာကတော့ ဒီလိုဟာသကားကို Rating မကြည့်လိုက်ပါနဲ့ ဒီလို စိတ်မောလူမောကာလလေးမှာ မိတ်ဆွေတို့ကို တင်္ဒကလောက်တော့ အမောအပန်းတွေ ပြေသွားစေမယ့် ဟာသကားဟောင်းလေးပါလို့ ပြောလိုက်ပါရစေဗျာ…။ File size… 1.4 GB / 763 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Thriller
5.3 2007 90 mins
Balls of Fury
The Miracle Club
6.4

The Miracle Club ဇာတ်ကားဟု ၂၀၂၃ ခုနှစ်ထွက် Family Drama ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်… ဇာတ်လမ်းကျောရိုးလေးကတော့ အိုင်ယာလန် မြို့လေးတစ်မြို့က မိန်းမ ၄ ယောက်ဟာ ဘုရာကျောင်းရဲ့ ဘာသာရေးခရီးစဉ်တစ်ခုနဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ နာမကျန်းသူတွေ ပြန်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပြင်သစ်က နေရာတစ်ခုကို သွားရောက်ခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ပါဝင်ကြတဲ့ မိန်းမ ၄ ယောက်ဟာ အတိတ် နောက်ကြောင်းတွေ ဘယ်လိုရှိကြမလဲ သူတို့ရဲ့ ကိုယ်စိတ်နာမကျန်းမှုတွေဟာ အံ့ဖွယ်ဖြစ်ရပ်တွေကြောင့် ပျောက်သွားနိုင်မလား ဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းဆိုပေမဲ့ နာမည်နဲ့လိုက်အောင် ကြည့်ရှုသူတွေကို ကိုယ်စိတ်ချမ်းသာအောင် လုပ်ပေးနိုင်မဲ့ feel good ဇာတ်ကားကောင်းလေး ဖြစ်တာမို့ စိတ်ခွန်အားတွေ ရအောင် ကြည့်လိုက်ကြရအောင်… File size…1.88GB / 609MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2023 90 mins
The Miracle Club
Doom
5.2

ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေ အတွက် တင်ပေးလိုက်ပါတယ် ဇတ်လမ်း ပုံစံကတော့ မာ့စ် ဂြိုလ် ပေါ်မှ UAC ကော်ပိုရေးရှင်း ရဲ့ သိပ္ပံစမ်းသပ်ခန်းကနေ စတင်လာတာ ဖြစ်ပါတယ်… ဒေါက်တာ ကားမတ်စ် ဦးဆောင်သော လျို့ဝှတ်သုတေသန အဖွဲ့ဟာ အလွန်ဆိုးဝါးတဲ့ Virus တစ်ခုကိုဖန်တီးမိပြီး ထို Virus ထိမိသော လူတိုင်းသည် အသိစိတ်ကင်းမဲ့သော မကောင်းဆိုးဝါးများ ဖြစ်ကြကုန်သည် ထို့ကြောင့် ဒေါက်တာ ကားမတ်စ် အပါအဝင် ဆရာဝန်အဖွဲ့ အားလုံး သေဆုံးခဲ့ရပါတယ်… သို့သော် ဒေါက်တာ ကားမတ်စ် မသေခင် အခိုက်အတန့်တွင် အဆင့်ငါး လုံခြုံရေး ကျိုးပေါက်မှုအဖြစ် သတင်းပေးပို့နိုင်ခဲ့ပါတယ် ထိုသတင်းကို ရရှိခဲ့သူတွေကတော့ မရိန်းတပ်ဖွဲ့ အထူးစစ်ဆင်ရေး မှ ဖြစ်ပါတယ်.. ထို့ကြောင့် ဗိုလ်ကြီး ဆာ့ဂ် နဲ့ အထူးတပ်ဖွဲ့များဟာ ပိတ်မိနေသော UAC ဝန်ထမ်းများကို ကယ်ဆယ်ရန်မာ့စ်ဂြိုလ်ပေါ်မှ လျို့ဝှတ်သုတေသန စခန်း သို့ သွားရောက်ကြပါတယ်… သူတို့ ထင်ထားသလို သာမန် အဆင့်မဟုတ်ပဲ အသက်ဆုံးရှုံးနိုင်ဖို့ လက်တကမ်းသာ လိုသော စစ်ဆင်ရေး ဟုသူတို့ သိရှိခဲ့ချိန်မှာတော့ အင်မတန်နောက်ကျသွားပါတော့တယ်… ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Tariq L Walker ဖြစ်ပါတယ် (သစ်ဆန်းခန့်) File size… 5 GB / 1.6 GB / 708 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Action/Horror/Aci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Tariq L Walker

Horror • Thriller
5.2 2005 105 mins
Doom
Wheelman
6.4

လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix က Thriller ကားကောင်းလေးပါ။ ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့ လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။ တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာ သူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့ လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေ ကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီ ကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကို ကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကို ထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ် ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေ လုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့ အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ် အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိက ကားထဲက ဓာတ်လှေကားမှာ ယှဉ်ထိုးတဲ့ဘဲဖြစ်ပြီး နောက်ကျ Crossbone ဆိုပြီး ဖြစ်သွားတဲ့ Frank Grillo ပဲ ဖြစ်ပါတယ်။ Rating ကလည်း 6.4 ရရှိထားတာမို့ ပေါကားမဟုတ်တာတော့ အသေအချာပါပဲ။ File size…957MB / 451MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 22m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

6.4 2017
Wheelman
Werewolves
5.5

Werewolves (2024) ဒါကတော့ ထူးထူးခြားခြားဝံပုလွေလူသား horror လေးလို့ပြောရမှာပါ။ ပုံမှန်၀တ္ထု‌တွေ ဇာတ်လမ်းတွေမှာ ဒါမှမဟုတ် ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ A/B/O trope အနေနဲ့လည်းတွေ့ဖူးကြမှာပါ။ ဒီ Movie မှာတော့ ပုံမှန်နဲ့ကွာခြားတဲ့လပြည့်ညတစ်ညကြောင့် လရောင်နဲ့ထိတွေ့မိတဲ့သူတိုင်း ဝံပုလွေလူသားတွေအဖြစ်သန္ဓေပြောင်းကုန်ပြီး သူတို့ချစ်ရတဲ့သူတွေ မိသားစုဝင်တွေကိုမှတ်မိနိုင်စွမ်းမရှိ‌တော့ပဲ ပြန်အမဲလိုက်ကြပါတော့တယ်။ ဒါကြောင့်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူတွေကိုမိမိတို့အိမ်မှာလုံခြုံစွာနေကြဖို့မှာကြားထားတယ်။ လူတွေကလည်း အိမ်ခြံ၀န်းတွေကိုလုံခြုံအောင်ကာပြီး လရောင်သာမယ့်ညကိုရှင်သန်နိုင်ဖို့အတွက်အတတ်နိုင်ဆုံးပြင်ဆင်ကြရတော့တယ်။ အဲ့ဒီလိုထူးခြားဖြစ်စဉ်ကိုအဖြေရှာဖို့ကြိုးစားနေကြတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီး မွန်းစခရင်ဆိုတဲ့သူတို့ဖော်ထုတ်ထားတဲ့ဆေးဟာ လရောင်နဲ့လူသားအ‌ရေပြားထိတွေ့မှုမှာမျိုး ရိုးဗီဇပြောင်းလဲမှုကိုကာကွယ်နိုင်ရဲ့လားဆိုတာ စမ်းသပ်ခံတွေနဲ့စစ်ဆေးကြဖို့လုပ်တော့ အက်စီးဒင့်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကြီးတစ်ခုလုံးကသန္ဓေ ပြောင်းဝံပုလွေတွေနဲ့ပြည့်သွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ပညာရှင်နှစ်ဦးက ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။ ထိုနှစ်ဦးထဲက ဝေစလေမာရှယ်ဆိုတဲ့အငြိမ်းစားစစ်သားကရော ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့သမီးလေးကို ကာကွယ်ဖို့ရန်အချိန်မှီအိမ်ပြန်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှူ့ကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.7 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:34:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

5.5 2024 94 mins
Werewolves
200KG Vampire
7.1

ဒီတစ်ခါမှာတော့ ဟာသသရဲကားကြိုက်နှစ်သက်သူတွေအတွက် ပေါ့ပေါ့ပါးပါးရှုစားလို့ရမဲ့ မလေးရှားဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 200KG Vampire ဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း ကီလိုဂရမ် ၂၀၀ လေးတဲ့သွေးစုပ် ဖုတ်ကောင်နဲ့ ရွာသားတွေကြားကအလွဲလေးတွေ ဟာသလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကရွာလေးနာမည်ကတော့တာဘာလစ်ရွာဖြစ်ပြီး အခုအချိန်မှာတော့ရွာသူကြီးရဲ့သား ကိုရီးယားရူးလေး ရွာကို ပြန်လာတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတော်နေ့တွေ့ဆုံပွဲလည်း တစ်ခါတည်းလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ဖြစ်ချင်တော့ အဲ့ဒီပွဲမှာ တည်ခင်းထားတဲ့အစားအသောက်တွေကို အစားကြီးတဲ့ ကီလိုဂရမ် ၂၀၀ ရှိတဲ့သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကလာစားပါတော့တယ်။ အဲ့ဒီကနေစပြီး ရွာသူရွာသားတွေရဲ့အစားအသောက်တွေ တစ်နေ့ထက် တစ်နေ့ပိုပိုကုန်လာတဲ့အပြင် သွေးစုပ်ခံရတဲ့ရွာသူရွာသားတွေလည်း ရှိလာတဲ့အတွက် ရွာသူကြီးနဲ့လူငယ်ခေါင်းဆောင်တွေပူးပေါင်းပြီး ဒီသွေးစုပ်ဖုတ်ကောင်တွေကိုရှင်းထုတ်ပစ်ဖို့ကြိုးစားကြပုံကို ပေါ့ပေါ့ပါးပါး ရှုစားကြရမှာဖြစ်ပါတယ်။ File size… (1.16GB) / (578MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller
7.1 2024 91 mins
200KG Vampire
Best in Show
7.5

Best in Show (2000) IMDb Rating (7.5) / Rotten Tomatoes (93%) ဒီရုပ်ရှင်လေးက ၂၀၀၀ ပြည့်နှစ်က ရိုက်ကူးခဲ့တဲ့ ဟာသ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ခွေးပြိုင်ပွဲတစ်ခုကို ဗဟိုပြုကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွေးပိုင်ရှင်တွေရဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ သူတို့ရဲ့ ရယ်စရာ လှုပ်ရှားမှုတွေကို Mockumentary ဟာသဟန်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စရိုက်လက္ခဏာတွေကို အသေးစိတ် ဖော်ကျူးထားတာပါ။ ခွေးပိုင်ရှင်တွေရဲ့ စိတ်ကူးယဉ်မှု၊ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ပေါင်းစပ်ထားတာကြောင့် ဇာတ်ကားက ပိုပြီး စွဲမက်ဖွယ်ဖြစ်စေပါတယ်။ ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေထဲက Christopher Guest က ဒါရိုက်တာအဖြစ် ပါဝင်ခဲ့ပြီး၊ သူဟာ ဒီရုပ်ရှင်အတွက် ဆန်ခါတင် ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ဟာသဇာတ်ကားကြိုက်တဲ့သူတွေ၊ Mockumentary ကို နှစ်သက်တဲ့သူတွေ မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီရုပ်ရှင်လေးကို ကြည့်ရှုပြီး ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(3.9 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:30:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ivy Noe

Comedy • Crime
7.5 2000 90 mins
Best in Show