YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Domme.2023.WEB-DL.720P(CM).mp4

545.84 MB N/A video/mp4 3901 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
Dear Friend
5.4

ဒီတစ်ခေါက်မှာတော့ Malayalam language thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့ Dear Friend ဆိုတဲ့ Indian ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ သူငယ်ချင်းတွေကြားထားတဲ့ခံစားချက် အချစ် ပျော်ရွှင်မှုတွေ၊ သွားအတူ လာအတူ စားအတူ ဖြတ်သန်းကြတာတွေကို များစွာများစွာ ခံစားကြည့်ရှုရမှာပါ။ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်တဆင့်တက်တဲ့ သူငယ်ချင်းအချစ်တွေလည်း ပါဝင်မလားဆိုတာပါ ရင်ခုန်ရဦးမှာပါ။ ဒါပေမယ့် ထူးခြားတာကတော့ Thriller ဇာတ်လမ်းအမျိုးအစား ဖြစ်နေတာပါပဲ။ ရှည်ရှည်ဝေးဝေးညွှန်းရင် အရသာပျက်မှာစိုးလို့ သူငယ်ချင်းတစ်သိုက်ကြား ဘယ်လို ရင်တုန်ခြောက်ခြားဖွယ်အကြောင်းအရာတွေ ဖြစ်လာမလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်ရှုကြဖို့ပဲ တိုက်တွန်းလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 906MB | 504MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ..... August

Adventure • Animation • Comedy
5.4 2022 117 mins
Dear Friend
Raatchasi
7.4

ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။ သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။ သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။ အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။ “ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။ ———————————————– ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။ (မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ) (ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)

7.4 2019 153 mins
Raatchasi
Nightmare Man

အယ်လင်ဟာ သူနဲ့ခင်ပွန်းဖြစ်သူ ဝီလီယမ်တို့ကြား သားသမီးမထွန်းကားတဲ့ ပြဿနာကိုဖြေရှင်းရာမှာ အထောက်အကူရစေဖို့အတွက် ရောမကနေ အာဖရိကဖြစ် မျက်နှာဖုံးတစ်ခု မှာယူခဲ့ပါတယ်။ ဖြစ်ချင်တော့ မှာလိုက်တဲ့ မျက်နှာဖုံးမဟုတ်ဘဲ မိစ္ဆာရုပ်မျက်နှာဖုံးကြီးဖြစ်နေရာက အယ်လင့်ကိုဝင်ပူးပြီး အိပ်မက်ဆိုးများနဲ့ ခြောက်လှန့်ပါတော့တယ်။ နေ့စဉ်အမျှ ထင်ယောင်ထင်မှားဖြစ်တဲ့ အာရုံတွေကြောင့် အယ်လင့်ခင်ပွန်းဝီလီယမ်ဟာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့ အယ်လင့်ကိုပြသခဲ့ပြီး စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရကြောင်း ရောဂါအမည် တပ်ခဲ့ပါတယ်။ နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ အယ်လင်ဟာ ရောဂါသက်သာ လာသလိုရှိပေမယ့် အလျှင်းမပျောက်သေးတာကြောင့် စိတ်ကျန်းမာရေးဆေးရုံ တင်ကုသဖို့ ဝီလီယမ်နဲ့ အယ်လင်တို့ ဇနီးမောင်နှံနှစ်ဦးတည်း တောလမ်းခရီး ထွက်လာခဲ့ကြပါတယ်။ လူသူဝေးတဲ့နေရာရောက်မှ ဆီကုန်လို့ကားထိုးရပ်သွားပြီး ဝီလီယံက ဆီသွား ရှာတာကြောင့် တောနက်ကြီးအလယ်မှာအယ်လင်ဟာ ကားထဲမှာမျက်နှာဖုံးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကစပြီး လျှို့ဝှက်သည်းဖိုအဖြစ်အပျက်များ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ အယ်လင့်ရဲ့အိပ်ဆက်ဆိုးတွေထဲက မိစ္ဆာကောင်ဟာ မျက်နှာဖုံးကြောင့်ဖြစ်မလား.. အယ်လင်ဟာတကယ်ပဲ စိတ်ကစဉ့်ကလျားဝေဒနာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား.. စိတ်ကစဉ့်ကလျားဝေဒနာသည်နှင့် ကြာရှည်ပေါင်းသင်းလာရတဲ့ ဝီလီယံဟာ အယ်လင့်ဝေဒနာကို ပျောက်ကင်းအောင်လုပ်နိုင်ပါ့မလား…ဆိုတာ Nightmare Man ဇာတ်ကားမှာရှုစားကြရမှာဖြစ်ပါတယ်။ Horror Thriller အမျိုးအစားဖြစ်ပြီး R အဆင့်သတ်မှတ်ချက်အရ သွေးထွက်သံယိုနှင့် ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် ကလေးသူငယ်များနှင့် မိသားစုအလိုက်ကြည့်ရှုရန် မသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ File size…1.62GB / 688MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

0 2006
Nightmare Man
Sarkaaru Noukari
8.4

Sarkaaru Noukari (2024) “အစိုးရဝန်ထမ်း” IMDb-8.4/10 အိန္ဒိယကားဆို ဘယ်မင်းသား ဘယ်မင်းသမီးဆိုပြီးရွေးမနေဘဲ ဇာတ်လမ်းကောင်းမှ ကြည့်ချင်တာဆိုသူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၆ခုနစ် တယ်လာဂန်နာပြည်နယ် ကိုလာပူရ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာ။ လူသားတွေဆိုတာ သက်ရှိတွေကြားထဲမှာ သူတို့ကိုသူတို့ ကြီးမြတ်တယ်ထင်တဲ့သတ္တဝါတွေ… ဒီလူသားတွေက ကိုယ့်ကိုယ်ကိုယ် အားကောင်းလှပြီအထင်နဲ့ သဘာ၀တရားကြီးနဲ့ ပြိုင်ဆိုင်လာချင်ကြတယ်… ဘယ်လောက်ပဲ အားကောင်းလှပါချည်ရဲ့ဆိုဆို သဘာ၀တရားနဲ့ပြိုင်လို့ ဘယ်နိုင်မလဲ… သဘာ၀တရားကြီးကပြန်ပေးတဲ့ ကပ်ဘေးတွေကိုရင်ဆိုင်ရတဲ့အခါ လူသားတွေပြိုလဲရတာပဲ.. မကြာခင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုပဲကြည့်… အယုတ်အလတ်အမြတ်မရွေးဘဲ လူသားပေါင်း သန်းနဲ့ချီတဲ့ဘ၀တွေကို နှုတ်ယူသွားခဲ့တာ… ဒီလိုကပ်ဘေးတွေကြားထဲကမှ ၁၉၈၆ခုနစ်ကစပြီး ဒုက္ခပေးလာတဲ့ အေအိုင်ဒီအက်စ်ပိုးကတော့ အခုချိန်ထိ လူတွေရဲ့အသက်ကို တဖြုတ်ဖြုတ်ချွေနေတုန်းပါပဲ… ကျွန်တော်က ဒီကပ်ရောဂါကြောင့် တောသူတောင်သားတွေ မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတာကနေ ကာကွယ်ချင်တာပဲ… ရုံးခွဲအသစ်မှာ တာဝန်ကျမဲ့ ဒါကတော့ အိမ်ထောင်ကျခါစ ကျန်းမာရေးဝန်ထမ်းလေး ဂိုပါလ်ရဲ့ စကားသံတွေပေါ့။ အဲဒီခေတ်အခါ သူလုပ်ရတဲ့ အလုပ်အကိုင်နဲ့ သူကြုံတွေ့ရမဲ့ အခက်အခဲတွေကို ရီရခက်ငိုရခက်နဲ့ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~ToMo~Alex~BpL~Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.4 2024
Sarkaaru Noukari
Prom Dates
5.5

ဂျက်စ်…ကျောင်းကပွဲရဲ့ ဘုရင်မဖြစ်ဖို ငယ်ငယ်ကတည်းက အိပ်မက်ရှိခဲ့တဲ့ ဂျက်စ်…။ ငယ်ငယ်ချောချော ကျောင်းသူလေး တစ်ယောက် ဖြစ်တဲ့အလျောက် ကျောင်းဘုရင်မဘွဲရဖို စိတ်ကြီးပြီး ရှက်တတ်တဲ့သူငယ်ချင်းဖြစ်သူကိုပါ သူလုပ်သမျှ ပါအောင်ခေါ်တတ်တဲ့ အမွှေစိန်မလေး။ ဟန်နာ….မိန်းကလေးချင်း သဘောကျနေတဲ့စိတ်ကို ထုတ်မပြောရဲပေမဲ့ အနီးအနားက လူတွေအားလုံးကတော့ သူဂေးနေကြောင်း သိနေပြီဖြစ်တဲ့ ဟန်နာ။ အူကြောင်ကြောင်နိုင်ပြီး တစ်လွဲတွေ လုပ်လေ့ရှိပေမဲ့ အချစ်ရဆုံး သူငယ်ချင်းအပေါ်တော့ အပြည့်အဝသစ္စာရှိသူတစ်ယောက်ပေါ့။ ၁၃ နှစ်သမီးအရွယ်ကတည်းက ပြီးပြည့်စုံတဲ့ ကျောင်းကပွဲညကို ပိုင်ရစေမယ်လို ကတိထားခဲ့ကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ဟာ ကပွဲညမတိုင်ခင် ၂၄ နာရီ အလိုမှာပဲ သူတိုနဲ့ ကပွဲအတူသွားမဲ့ ကောင်လေးတွေနဲ့ ပြတ်သွားခဲ့တဲ့အချိန်…. သူတိုရဲ့ စိတ်ကူးအိပ်မက်ထဲက ကပွဲညလေးကိုရဖို ဘယ်လို ပြန်လည် အဖတ်ဆယ်မလဲဆိုတာကို အလွဲပေါင်းတစ်သိန်းနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…1.27 GB/ 614MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2024
Prom Dates
Blink Twice
6.8

ဖရီဒါတစ်ယောက် ချမ်းသာတဲ့ သက်လတ်ပိုင်း သူဌေးသားကို ထောင်ဖမ်းရင်း အဆင်ပြေသွားရာက သူဌေးသားရဲ့ ကိုယ်ပိုင်ကျွန်းကို လိုက်သွားပြီး မထင်မှတ်ထားတာတွေ ကြုံလာရတဲ့အခါ ဘယ်လိုများ….. ဖရီဒါနဲ့ ဂျက်စ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ နာမည်ကြီး ကုမ္မဏီတွေ စားပွဲပါတီတွေ ကျင်းပတဲ့အခါမျိုးမှာ စားပွဲထိုး ဝင်လုပ်ပါတယ်။ သူတို့ဟာ ပွဲတက်ဝတ်စုံတွေ ထည့်လာပြီး လစ်ရင်လစ်သလို ဝတ်စုံလဲကာ ပါတီထဲ ဝင်ရောပြီး သူဌေးသားတွေကို ထောင်ဖမ်းဖို့ ကြံဖန်တတ်ပါသေးတယ်။ တစ်ညမှာတော့ သူတို့ဟာ ကင်းနည်းပညာကုမ္မဏီရဲ့ ပါတီပွဲမှာ အစားအသောက် တည်ခင်းပြီးလို့ ပွဲတက်ဝတ်စုံလဲပြီး အဆင်ရှာထွက်တဲ့အချိန်မှာ ဖရီဒါတစ်ယောက် ကင်းနည်းပညာကုမ္မဏီရဲ့ ဥက္ကဌဖြစ်တဲ့ စလေတာကင်းနဲ့ သွားဆုံပါတယ်။ ဒီလိုနဲ့ ဖရီဒါနဲ့ စလေတာကင်းမှာ တစ်ညလုံး လေကြောသင့်ပြီး ကြည်နူးနေရာက ပွဲပြီးတော့ စလေတာကင်းက သူ့မိတ်ဆွေတွေနဲ့ ကိုယ်ပိုင်ကျွန်းကို အပျော် ခရီးသွားမှာဖြစ်ကြောင်း တခြားကောင်မလေးတွေလည်း ပါမှာဖြစ်ကြောင်း ပြောပြီး ဖရီဒါနဲ့ ဂျက်စ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ ဖရီဒါကတော့ နှစ်ခါမငြင်းပဲ လိုက်သွားခဲ့ပါတယ်။ ကျွန်းပေါ်ရောက်တော့ သူတို့ရဲ့ ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေကို သိမ်းသွားပေမဲ့ သူတို့ဟာ ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ခံစားရင်း ဖရီးကုန်းဆင်းပါတော့တယ်။ ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီး မကြာဘူး၊ ဖရီဒါနဲ့ ကောင်မလေးတွေခမျာ ထူးဆန်းတာတွေ စတင်တွေ့ကြုံလာရပါတော့တယ်။ ကဲ ရေးတာများသွားပြီ၊ ဒီလောက်ဆို စိတ်ဝင်စားဖို့ကောင်းနေပြီ၊ ဘာကြောင့်ဖြစ်မလဲ၊ သူတို့ လွတ်မြောက်ပါ့မလားဆိုတာ ဆက်ကြည့်လိုက်ကြပါတော့ဗျာ။ File size…4GB / 1.65GB Quality…WEB-DL 4K HEVC / 1080p Format…mkv / mp4 Duration….1h 42m Genre ….. Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Action
6.8 2024
Blink Twice
The Emu War

Emu Warဆိုတာ 1932ကဖြစ်ခဲ့တဲ့ ဩစတေးလျက မပျံနိုင်တဲ့ငှက်ကြီးတွေနဲ့ လယ်သမားတွေကြားကတိုက်ပွဲပေါ့။ လယ်သမားတွေရဲ့ ကောက်ပဲသီးနှံတွေကိုခိုးစားတဲ့ ငှက်ကြီးတွေရဲ့ မျိုးပွားနှုန်းက မယုံနိုင်လောက်အောင်များပြားလို့ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ သုတ်သင်ရှင်းလင်းခဲ့ကြတာ။ ဒါကို သတင်းတွေမှာ Emu Warဆိုပြီးရေးသားဖော်ပြခဲ့ကြတယ်။ ဒီရုပ်ရှင်မှာတော့ အဲဒီ Emu Warကို သရော်ပြီးရိုက်ကူးတင်ဆက်ထားတာ။ အီမျူတွေနဲ့ လူသားတွေကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ သားဖြစ်သူကလေးဘ၀ကတည်းက အီမျူတွေခေါ်သွားတာခံလိုက်ရတဲ့ စစ်ဗိုလ်ကြီးကတော့ အီမျူတွေကို သုတ်သင်ရှင်းလင်းဖို့ အားသန်လို့နေပါတယ်။ အထက်ကအမိန့်မနာခံဘဲ အီမျူတွေကိုဝင်တိုက်ဖို့ အမိန့်ပေးရာမှာ တပ်သားပေါင်း ၃၇၀၀၀အသက်ဆုံးရှုံးခဲ့ရပေမဲ့ ဗိုလ်ကြီးကတော့ ရှင်ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဟစ်တလာကိုသတ်ခဲ့တဲ့သူမို့ အရေးယူမခံရဘဲ တပ်သားသစ်စုဆောင်းပြီး အီမျူတွေကို သုတ်သင်ရှင်းလင်းဖို့အရေး ထပ်မံစေလွှတ်ခြင်းခံရပါတော့တယ်။ ရိုင်းစိုင်းတဲ့အပြောအဆိုတွေဖောဖောသီသီနဲ့ လူကြီးခန်းတွေပါဝင်တာကြောင့် အသက်မပြည့်သေးသူတွေနဲ့ ခံစားချက်မြင့်မားသူတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo

0 2023
The Emu War
[18+] Pukpok

Pukpok (2024) ဂျန်နီလင်းက ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ညီအစ်ကိုနှစ်ဦးရဲ့အတွင်းရေးမှူးဖြစ်ပြီး အပြုံးချိုချို၊ အလှအပ၊ဆွဲဆောင်အားတွေကို အသုံးချပြီးဘ၀တူဝန်ထမ်းတွေကို လိုရာအသုံးချတတ်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ပရိယာယ်တွေအောင်မြင်လာတာနဲ့အမျှ လောဘတွေတစ်ဆင့်တက်လာပြီး အလုပ်ရှင်ညီအစ်ကိုနှစ်ယောက်ကိုပါ နဖားကြိုးထိုးဖို့ကြံရွယ်လာချိန်မှာတော့ သူမျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား၊ လမ်းခုလတ်ကပဲ ခွေးကျဝက်ကျ ကျဆုံးမှာလားဆိုတာ ဆက်လက်ရှုစားကြပါ။ ဂျန်နီလင်းအဖြစ် Allison Smith ဆိုတဲ့အသစ်ကလေးတစ်ယောက်ကို မိတ်ဆက်ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(550 MB) / (310 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:01:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
0 2024 60 mins
[18+] Pukpok
Defoe

Defoe: For the Love of the Game (2024) ကို ရှေ့ရက်အတော်များများအထိ England ကပရိသတ်တွေတော်တော်များများအားပေးများကြပါတယ်။ ဒါရိုက်တာ James Ross မှ ရိုက်ကူးထားတဲ့ ဘောလုံးကစားသမား Jermain Defoe ၏ ဘဝနောက်ခံနှင့် ကစားသမားတစ်ယောက်အနေနဲ့သူဖြတ်သန်းခဲ့တဲ့ဘဝအ​ခြေအနေအရပ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ် ။ မိသားစုနဲ့ဆက်ဆံ​​​ရေးတွေ Bradley Lowery နဲ့ သူရဲ့စွန့်စား မှု တွေ သူရဲ့စိတ်ဒဏ်ရာ​ရစရာတွေမြင်ရမယ်။ Harry Redknapp, Peter Crouch နဲ့ Harry Kane အစရှိသော ကျော်ကြားတဲ့သူတွေရဲ့ ပြောတဲ့အကြောင်းအရာတွေပါပါမယ်။ မှတ်တမ်းအနေနဲ့ ရိုက်ကူးပေမယ့်ဒါရိုက်တာက စိတ်ခံစားချက်နဲ့ရင်းနှီးမှုကို အားလုံးထင်ရုံသာမက ဘောလုံးကစားသမား Defoe ၏ ကိုယ်ပိုင်ဘဝခံစားချက်တွေလည်းပါဝင်အောင်ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်လေးကတော့ defoe ရဲ့ မှတ်တမ်းတစ်ခုအနေနဲ့ defoe fan တွေ ​သဘောတွေ့မှာဖြစ်ပါတယ်။ File size…(1.5 GB)/(834 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Defoe
Tom and Jerry Santa’s Little Helpers
5.7

ဒီဇာတ်လမ်းက Tom and Jerryရဲ့ ခရစ္စမတ်အထိမ်းအမှတ် ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ်။ နယ်စာတိုက်လေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ တွမ်က သူ့ကိုချစ်ပေးတဲ့အိမ်တစ်အိမ်ကို ရောက်သွားဖို့ ခရစ္စမတ်ဆုတောင်းထားတာပါ။ ဒီလိုနဲ့ပဲ မတော်တဆမှုတစ်ခုကြောင့် တွမ်တစ်ကောင် ဆန်တာရှိရာဝင်ရိုးစွန်းဒေသကို မထင်မှတ်ဘဲ ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ရန်သူတော်ကြီး ဂျယ်ရီတို့ ညီအစ်ကိုတွေနဲ့ တွေ့ပြီး သောင်းကျန်းရာကနေ ဆန်တာ‌‌တို့ပြင်ဆင်ထားတဲ့ ခရစ္စမတ်လက်ဆောင်တွေကို ဖျက်ဆီးမိသွားခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့အမှားတွေကို ပြန်ပြင်ဆင်တဲ့အနေနဲ့ လက်ဆောင်တွေ ပြန်ပြင်ပေးဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ရဲ့ကြိုးပမ်းမှုက အချိန်မီပါ့မလား၊ ခရစ္စမတ်မနက်အမီ လက်ဆောင်တွေကို အရောက်ပို့ပေးနိုင်ပြီး ဆန်တာတို့ကိုပြန်ကူညီပေးနိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File Size : 288 MB, 129 MB Quality : WEB-DL 1080p / 720p Running Time : 22min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Romance • Drama
5.7 2014 22 mins
Tom and Jerry Santa’s Little Helpers
Rules of Engagement
6.4

Rules of Engagement (2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက်ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကားဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ်စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့.. စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shieldဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲသိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ်ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာမမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ်။ ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကားစကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေဖုံးကွယ်ထားတဲ့ မြုပ်ကွက်တွေ နဲ့ဘာဆက်ဖြစ်မလဲ ဆိုတဲ့ စိတ်ကိုနှိုးဆွပြီး ဇာတ်ကားဆုံးတဲ့အထိ ဆွဲဆောင်သွားတယ်ထူးထူးခြားခြားလို့ပြောရမလား အကြမ်းအရမ်းခန်းတွေနဲ့နာမည်ကြီး ဇာတ်ကောင် Samuel L. Jackon (Nick Fury) ကို တစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့မြင်လိုက်ရတယ်။ ဇာတ်ကားအကြောင်းကိုအတိုချုပ်ပြောရရင် ကာနယ် Childers (Jackson) တစ်ယောက် ယီမင်မှာရှိတဲ့ အမေရိကန်သံရုံးကသံအမတ်မိသားစုကို ဆန္ဒပြမှုတွေကြားကနေ သွားခေါ်ဖို့အမိန့်ပေးခံရတယ်။ သူရောက်တဲ့အချိန်မှာ အခြေအနေ ကတော်တော်ဆိုးနေပြီ ဆန္ဒပြလူအုပ်စုက ခဲတွေ မီးတုတ်တွေနဲ့ပစ်ခတ်နေသလို ခေါင်းမိုးပေါ်ကနေလည်း သေနတ်တွေနဲ့ပစ်ခတ်နေပြီကယ်ထုတ်မှရမယ့် အခြေအနေမှာမို့သံအမတ် လင်မယားကို ကယ်ထုတ်နေတဲ့အချိန်မှာတင် တပ်သားသုံးယောက် ကျသွားတယ်။ ကျည်ဆံတွေကြား တပ်ဖွဲ့ဝင်တွေ ခေါင်းမဖော်ရဲတဲ့ အခြေအနေမှာ Childers အနေနဲ့သူ့ရဲဘော်တွေကို ဆန္ဒပြ လူအုပ်ကြားပစ်မိန့်ပေးလိုက်တယ် ကလေးတွေ သက်ကြီးရွယ်အိုတွေ မိန်းမတွေ ပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြား ပစ်ခတ်အပြီးမှာ တစ်ဖက်ကသေနတ်သမားတွေ ရပ်သွားသလို သံရုံးလည်း စုတ်ပြတ်ကျန်နေခဲ့တယ်။ ပြသာနာက အဲ့မှာစတာပဲ အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးသွားသလို ဆန္ဓပြလူအုပ်ဘက်ကလည်း ၈၃ ယောက်သေဆုံးသွားတယ်။ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေလည်း ပါလာခဲ့တယ်။ အဲ့ဖြစ်ရပ်အပြီးမှာတော့ နိုင်ငံတကာ သတင်းစာတွေကြား ခေါင်းကြီးပိုင်းမှာပါလာခဲ့ပြီး အမေရိကန်လုံခြုံရေးဆိုင်ရာ အကြံပေးအနေနဲ့ကာနယ် Childers တစ်ယောက်ကို စစ်ခုံရုံးတင်ဖို့လုပ်ပါတော့တယ်။ ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုဖြစ်ခဲ့လဲ သူမသိချင်ဘူး သူသိတာက နိုင်ငံတကာက ပေးလာမယ့် ဖိအားတွေ အားလုံးကို ကာနယ် Childers နဲ့ပဲ စတေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့အချိန်မှာ ကာနယ် Childers အနေနဲ့လုံးဝ တုန်လှုပ်သွားတယ်။ တစ်သက်လုံး သူအသက်ပေးကာကွယ်လာတဲ့တာဝန်ထမ်းဆောင်လာတဲ့ သူ့အမိမြေက သူ့ကို ငြိမ်းချမ်းရေးပျက်ပြားစေမှု မလျော်ကန်သော ပြစ်မှုလုပ်ဆောင်မှုလူသတ်မှုစတာတွေနဲ့စွဲချက်တင်လာခဲ့တယ်။ သူအမှုနိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူမြတ်နိုးတဲ့ စစ်သားဘဝ ကနိထ္ထိ တံသွားပြီ သူသေဒဏ်ကျနိုင်တယ် နှစ်ရှည်လများ တစ်သက်လုံး ထောင်ထဲမှာ နေသွားရနိုင်တယ်။ ဆယ်ခုနှစ်များစွာတာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့သမျှ နေ့ချင်းညချင်း တရားခံ တစ်ယောက်လိုသတ်မှတ်ခံလိုက်ရတယ်.. ဒီအချိန်မှာသူဆွဲမိ ဆွဲရာ ဆွဲလိုက်တဲ့ကောက်ရိုး တစ်မျှင်က သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း လည်းဖြစ် ရဲဘော်ရဲဘက်ဟောင်းလည်းဖြစ်တဲ့ Hodges ဗီယက်နမ် စစ်ပွဲမှာ တိုက်ပွဲဝင်ပြီးကတည်းက ရုံးပိုင်းဆိုင်ရာ တွေနဲ့ပဲ ကျင်လည်နေခဲ့ရသူ စစ်ဘက်ရှေ့နေတစ်ယောက်ဆိုပေမယ့် အမှုတောင် ကောင်းကောင်းမလိုက်ခဲ့ဘူးသလို ရက်ပိုင်းအတွင်းမှာပဲ အငြိမ်းစားယူတော့မယ်သူ အသိုင်းအဝိုင်းတွေ မိဘတွေက တားတဲ့ကြားက သူ့အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ် သူ့အသက်သခင်လည်း ဖြစ်တဲ့ Childersကို အမှုလိုက်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ရင်ဆိုင်ရမှာက စစ်ဘက်ရှေ့နေ့တွေထဲက အတော်ဆုံး ဆွဲချရှေ့နေတစ်ယောက် ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအကြံပေးရဲ့ဖိအားတွေနဲ့သက်သေခံတွေ သူကိုယ်တိုင် ကယ်တင်ပေးခဲ့တဲ့သံအမတ်ကိုယ်တိုင်က သူ့ဘက်မှာမရှိ သူတို့အဖြစ်က သတ်ကွင်းထဲက သိုးငယ်တွေလို.. ဒီလို အခြေအနေနဲ့ နှစ်ဦးသား တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုမှန်းလို့မရအောင် ရိုက်ပြသွားတာကိုက စိတ်ဝင်စားဖွယ်ကောင်းလွန်းလှတယ် ဒီအခြေအနေမှာ ဇာတ်လမ်းကိုအမြင့်ဆုံး ရောက်အောင် ဆွဲခေါ်သွားသူတစ်ယောက်က Childers အဖြစ် သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Jackon ပါပဲ။ တစ်ခြားသော သူရိုက်ခဲ့သမျှ ဇာတ်ကောင်တွေနဲ့လုံးဝတစ်သီးတခြား သရုပ်ဆောင်သွားတယ် စစ်သည်တော်ကောင်းတစ်ယောက်ရဲဘော်ရဲဘက်တွေ အတွက်ဆို ဘာပဲလုပ်ရ လုပ်ရဆိုတဲ့ သူတစ်ယောက်အဖြစ်သရုပ်ဆောင်သွားတယ်.. ကျည်ဆံတွေ တစ်ဖွဲဖွဲကျနေတာတောင် နိင်ငံတောင် အလံကို ရအောင်ပြန်ယူတဲ့သူ မထင်မှတ်ထားတဲ့အချို့အကွေ့ သေဒဏ်ကျခံရနိုင်တဲ့ အခြေအနေမှာ ဝမ်းနည်းစိတ်နဲ့မျက်ရည်ကျမိပေမယ့် အထက်က အစောင့်တစ်ယောက်ချထားစရာမလိုအောင် ယုံကြည်ရတဲ့သူ ရန်သူဖြစ်တဲ့ ဗီယက်နမ် ဗိုလ်ချုပ်ဟောင်းကတောင် အလေးပြုရတဲ့သူ.. တော်လှပါတယ်ဆိုတဲ့ ရှေ့နေတွေကိုခေါက် အချစ်ဆုံး သူငယ်ချင်းကြီးကိုသာ အကူအညီတောင်းတဲ့သူ..သူပြောတဲ့စကားက တစ်ခွန်းတည်း တိုက်ပွဲဆိုတာကို လက်တွေ့မကြုံဘူးတဲ့သူတွေကို ငါ့ဘက်က မလိုက်စေချင်ဘူးတဲ့.. ယောကျ်ားရင့်မာ စစ်သားကြီးတစ်ယောက် ဝမ်းနည်းစိတ် တွေနဲ့မျက်ရည်ကျမိပုံက ပရိတ်သတ် ရင်ထဲ ကူးစက်လာအောင်သရုပ်ဆောင် ကောင်းလွန်းလှတယ်ကြည့်ကြည့်ပါ.. မြှုပ်ကွက်တွေ ဒိုင်ယာလော့တွေ လိုက်ဖက်ကောင်းမွန်တဲ့ ဇာတ်ရုပ်တွေက သင့်ကို ဇာတ်လမ်းပြီးဆုံးတဲ့အထိဆွဲဆောင်သွားမှာအသေအချာပါ.. Imdb 6.4 ရထားတဲ့ ဒီကားက သင့်ကို စိတ်မပျက်စေရုံမက သင့်ကို အမြင်အသစ်တွေ ခံစားချက်အသစ်တွေပေးစွမ်းနိုင်မှာပါ.. ဇာတ်လမ်းအရသာ ပျက်မှာဆိုးလို့ဇာတ်လမ်းကို အပျိုးလေးပဲ ရေးပေးထားပါတယ်..ဘာတွေ ဆက်ဖြစ်မလဲသေချာသိချင်ရင်တော့ ကြည့်ကြည့်လိုက်ပါ မိတ်ဆွေ.. (ရုပ်ရှင်အညွှန်းကို Waiyan Naung’s Facebook မှကူးယူဖော်ပြပါသည်။) File size…(9.7 GB) / (2.3 GB) / (1.5 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller, War Duration….02:07:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Hades

6.4 2000 128 mins
Rules of Engagement
Rajaputhiran
6.9

Rajaputhiran 2025 (ဖေဖေချစ်တဲ့သားကြီး) ချလေယာလို့ခေါ်တဲ့ လယ်သမားကြီးဟာ သားဖြစ်သူကို အရမ်းချစ်ပြီး အရမ်းလည်း အလိုလိုက်ထားပါတယ်။ သူ့သားကို ဘယ်သူမှ မခိုင်းရဘူးဆိုပြီး ခိုင်းတဲ့သူတိုင်းကို ရန်တွေ့တတ်တဲ့သူပါ။ သားဖြစ်သူကလည်း အဖေလုပ်သူကို အထိမခံသလို အဖေဖြစ်သူကလည်း သားလုပ်တဲ့သူကို ဘယ်သူကမှ အထိခံတာမဟုတ်ပါဘူး။ ချလေယာပြောနေကျ စကားတစ်ခွန်းကတော့ ငါက ဘုရင်မဟုတ်ပေမဲ့ ငါ့သားကိုတော့ မင်းသားလေးလိုပဲ ထားမယ်တဲ့လေ။ သားဖြစ်သူက အလုပ်လုပ်ချင်တယ်လို့ပြောလာတဲ့အချိန်မှာတော့ ငါ့သား သူများဆီသွားလုပ်စရာမလိုဘူး သူများတွေကိုပဲ လက်ညှိုးထိုးခိုင်းရမယ်ဆိုကာ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ပေါင်နှံပြီး ငွေတွေအများကြီးချေးလိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့ လယ်အတွက် ရေတွင်းတူးတဲ့အချိန်မှာ ရေကထွက်မလာဘဲဖြစ်ပြီး ချလေယာတစ်ယောက် စိတ်ဓာတ်အကျကြီး ကျနေပါတော့တယ်။ ဒီလိုနဲ့ သားဖြစ်သူဟာ အဖေ စိတ်ဓာတ်ကျနေတာကို မကြည့်ရက်တဲ့အတွက် အလုပ်တစ်ခုခု ရှာပြီး လုပ်ဖို့ ဖြစ်လာတဲ့အချိန်မှာ သားဖြစ်သူဟာ ငွေဖြူငွေမဲ အလဲအလှယ်လုပ်တဲ့ နယ်ပယ်ထဲကို ရောက်သွားကာ ချလေယာတစ်ယောက် သားဖြစ်သူကို အဲဒီနယ်ပယ်ထဲကနေ ဘယ်လို ကယ်ထုတ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Adventure • Science Fiction • Thriller
6.9 2025
Rajaputhiran