YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Doctor.Cha.S01E14.1080p.CM.mp4

553.3 MB N/A video/mp4 633 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Deep Blue Sea
6

ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။ Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။ အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ စမ်းသပ်ချက်က အောင်မြင်ပါတယ်။ ငါးမန်းဦးနှောက်ရဲ့ ပရိုတင်းဆဲလ်တွေက အယ်လ်ဇိုင်းမားလူနာရဲ့ ဦးနှောက်ဆဲလ်တွေ ပြန်အလုပ်လုပ်လာအောင် ဓာတ်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ထည့်တွက်မထားမိတဲ့တစ်ချက်က စမ်းသပ်ခံငါးမန်းတွေဟာ သူတို့ရဲ့ဦးနှောက် ငါးဆကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကပါ အလွန်မြင့်မားလာကြတော့တာပါပဲ။ လေးဆယ့်ငါးပေအရှည်ရှိပြီး အလေးချိန် ပေါင် ရှစ်ထောင်လောက်လေးတဲ့ အင်မတန်ဉာဏ်ရည်မြင့်မားနေတဲ့ ငါးမန်းပြာတစ်ကောင် ဘာကိုစဉ်းစားမိမလဲ။ သူ ဘာလိုချင်မှာလဲ။ အဲဒါဟာ အစမှာ ကျွန်တော်ပြောခဲ့တဲ့ ရှုထောင့် အလှည့်အပြောင်းလေးပါပဲ။ ဇာတ်လမ်းအရတော့ ထူးထူးခြားခြားမရှိပေမယ့် တစ်ကားလုံး ပျင်းရတဲ့အချိန်မရှိလောက်အောင် ကြည့်ရှုသူကို ဆွဲခေါ်သွားမှာပါ။ ရယ်ရမှာလိုလို မရယ်ရဘူးလိုလိုအကွက်တွေလည်း ပါပါသေးတယ်။ Samuel L. Jacksonကတော့ ဒီဇာတ်ကားထဲမှာ သိပ်မဆဲလိုက်ရရှာပါဘူး။ အဆိုတော် သရုပ်ဆောင် LL Cool J လည်းပဲ ပါဝင်ထားပါသေးတယ်။ မင်းသမီး Saffron Burrows ကတော့ Troy ရုပ်ရှင်ဇာတ်ကားထဲမှာ သူရဲကောင်း Hector ရဲ့ဇနီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ကြည့်ရှုခံစားကြပါစို့။ File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Action / Adventure /  Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Action • Adventure • Comedy • Horror
6 1999 105 mins
Deep Blue Sea
(18+) Raped by an Angel /Naked Killer 2
5

ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ ...Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့် Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့ တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲ အဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့ အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။ ၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲ အဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး Uncut Version နဲ့တင်ဆက်ထားတာမလို့ အရွယ်မရောက်သေးသူများ မကြည့်သင့်ပါဘူး။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel  ရှာကြည့်လို့ရပါတယ်။ File Size : (1.1 GB) Quality : DVDRip(Uncut Version) 720p Running Time : 01:42:17 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Drama • Romance
5 1993 95 mins
(18+) Raped by an Angel /Naked Killer 2
Raven Song
10

IMDb - 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Comedy • Family • Romance
10 2022 109 mins
Raven Song
David

David (2012) ============= လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး ‌David ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်း‌တော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။ တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Drama
0 2012
David
Inexistent
6

Inexistent (2023) ============ ငယ်ငယ်က စိတ်ကူးယဥ်သူငယ်ချင်းတွေနဲ့ ကစားတတ်တဲ့ စိတ်ထင်ယောင်ထင်မှားရောဂါရှိတဲ့ ဆယ်ကျော်သက်ကောင် မလေး Shivana က အိမ်ထောင်ရှိအမျိုးသား Patrick နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေခဲ့တယ်။ ငယ်ငယ်ကတည်းက အချစ်စစ်ကိုမရခဲ့လို့ တွယ်ကပ်တတ်တဲ့ Shivana က Patrick နဲ့အတူနေနိုင်ဖို့ သူ့ဇနီးသည်ကို သတ်ဖို့ကြိုးစားပါ တော့တယ်။ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့် ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.06 GB) / (372 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

6 2023
Inexistent
24 Weeks
7.2

24 Weeks (2016) လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ် လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။ အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေ ဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။ လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။ လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီး ခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း အက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ ကိုယ့်ကိုချစ်တဲ့ ယောကျာ်းနဲ့ ချစ်ရတဲ့သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားတဲ့သူပေါ့။ အေးချမ်းပျော်ရွှင်ရတဲ့ မိသားစုလေးပါ။ ဒုတိယကိုယ်ဝန်ကိုလဲ လွယ်ထားပြီး အမျိုးသမီးတိုင်းအားကျရတဲ့ စံပြအမျိုးသမီးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါလာပါတယ်။ ဒီနှလုံးကို မွေးပြီးပြီးချင်းခွဲစိတ်မှသာ ကလေးဟာဆက်လက်အသက်ရှင်မှာပါ။ ဒါနဲ့တင်မပြီးသေးပါဘူး ကလေးကိုအမြဲစောင့်ကြည့်ပြီး ခွဲစိတ်မှုတွေက လိုအပ်တိုင်းလုပ်မှအသက်ရှင်မှာပါ။ ပြောရရင် မွေးကတည်းကဆေးရုံမှာပဲ အသက်ရှင်နိုင်မဲ့အခြေအနေပေါ့။ ဒါကိုက တော်တော်ကိုအခြေနေကောင်းမှ ခွဲနေတုန်းတင်လဲ သေသွားနိုင်တယ်။ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံရမဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးကို ဆေးရုံမှာပဲနေပြီး ဒုက္ခခံခိုင်းရမလား စောစောစီးစီးအဆုံးသတ်လိုက််ရမလား တော်တော်ကိုမှကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ကိုယ့်ရဲ့ကလေးကို သေမလားရှင်မလားရွေးရမဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို စာနာပြီးကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 677MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Romance • Comedy • Drama
7.2 2016
24 Weeks
Thirteen Generals of Han Dynasty
5.7

CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကား‌ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်‌တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း ‌ အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို ‌တပ်အင်အားကြီးမားတဲ့ မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီ တပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့ လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ် ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေး‌ဖြေးနဲ့ လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့ မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့ စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ် ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ် သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့ စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော်

5.7 2019
Thirteen Generals of Han Dynasty
All the Long Nights
7.2

All the Long Nights(2024) ဖူဂျီဆာဝ ဆိုတဲ့ကောင်မလေးက တစ်လတစ်ခါ ရာသီမလာခင် အချိန်မှာ PMS ခေါ် ပြင်းထန်တဲ့ရာသီမလာခင်ဖြစ်တဲ့ ရောဂါကိုခံစားနေရတာပါ။ PMS ခံစားရတဲ့အချိန်တွေမှာဆိုရင် သာမာန် သဘောကောင်းတဲ့ ဖူဂျီဆာဝက အခြားတစ်‌ယောက်လိုကို အပေါက်ဆိုး အပြစ်မြင်တတ်ပြီး ဒေါသထွက်လွယ်လာခဲ့ပါတယ်။ ဒီလိုစိတ်မတည်မငြိမ်ဖြစ်တဲ့ အချိန်မှာပဲ ရာမာဇိုဆိုတဲ့ panic disorder ခေါ် ကြောက်စိတ်ကို မထိန်းချုပ်နိုင်တဲ့ရောဂါရှိတဲ့ကောင်လေးတစ်ယောက်အပေါ် ဒေါသတွေပုံချလိုက်မိပါတော့တယ်။ ဒီလိုနဲ့ သူတို့ချင်း ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ရောဂါတစ်ယောက်သိပြီး နားလည်မှုရှိစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကူညီပေးကြရင်းနဲ့ နှောင်ကြိုးတွေတဖြည်းဖြည်းရစ်ပတ်လာကြပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ် Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 5.17GB | 1GB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kim Encoder ….. Aaron

7.2 2024
All the Long Nights
Biyaheng Langit
6.1

ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.1 2000
Biyaheng Langit
Harlot’s Prayer Tuhan, Izinkan Aku Berdosa
7.4

Harlot’s Prayer (2024) Original title: Tuhan, Izinkan Aku Berdosa IMDB Rating (7.4) ထိ ရရှိထားပြီး ဒါရိုက်တာ Hanung Bramantyo က ရိုက်ကူးတင်ဆက်ထားပါတယ်။ ကီရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူမရဲ့ဘာသာရေးအပေါ်အလေးအနက်ထားမှုကပဲ သူမဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ ဘာသာရေးအရေခြုံပြီး နောက်ကွယ်မှာ မကောင်းမှုတွေကိုလုပ်နေတဲ့ ကြောင်သူတော်တွေကိုမြင်ပြီးနောက် ကီရန်တစ်ယောက် သူတို့ရဲ့မကောင်းသတင်းတွေကို‌ လူအများရှေ့မှာဖွင့်ချဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး ကီရန့်အတွက် အသက်အန္တရာယ်ပါရှိလာပါတော့တယ်။ ရဲရင့်တဲ့ကီရန်လေး အများနဲ့တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အင်ဒိုနီးရှားဘာသာရေးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(1.7 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

7.4 2024
Harlot’s Prayer Tuhan, Izinkan Aku Berdosa
Melanie’s Grave
5

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။ File size… (1.24 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 101 mins
Melanie’s Grave
A Feast for Life

ဒီဇာတ်လမ်းလေးကတော့ 2023က ထွက်ထားတဲ့ ဂျာမန်စကားပြောနဲ့ ဂျာမန်ဟာသ ဒရမ်မာရုပ်ရှင်လေးဖြစ်ပါတယ်။ ပွဲစီစဉ်သူနဲ့ သူ့ရဲ့အဖွဲ့တို့ မင်္ဂလာဆောင်တစ်ခုကို တာဝန်ယူ ကျင်းပကြရင်း ဟာသအလွဲတွေနဲ့ ရယ်ရင်းမောရင်း ဒရမ်မာလေးတွေကိုပါ ကြည့်ရမှာဖြစ်ပါတယ် မင်္ဂလာပွဲဆိုတာ စုံတွဲတွေအတွက် အလှပဆုံးနေ့ထဲက တစ်ခုပါပဲ ဒါပေမယ့်လဲ မင်္ဂလာပွဲကို စီစဉ်တဲ့အခါမှာတော့ ဆန္ဒတွေက ဘတ်ဂျက်ထက် ပိုကြီးနေတတ်ပါတယ်။ မင်္ဂလာပွဲစီစဉ်သူ Dieter (Christoph Maria Herbst) ကလည်း ဖောက်သည်တွေရဲ့ နားမလည်မှုတွေ ငြင်းခုန်မှုတွေကြောင့် တော်တော်ငြီးငွေ့နေပြီး သူ့အလုပ်တွေကို စွန့်ခွါချင်လာပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ရမယ့် နောက်ဆုံးတာဝန်ကတော့ Leonie (Mira Benser) နဲ့ Lasse (Ulrich Brandhoff) တို့ရဲ့ မင်္ဂလာပွဲပဲဖြစ်ပါတယ်။ Dieter က အမြဲတမ်းလိုလို မင်္ဂလာပွဲတွေကို အသေးစိတ် စီစဉ်တတ်သူပါ။ ဒီတစ်ခါလည်း မင်္ဂလာဆောင်အတွက် အရာအားလုံး ပြည့်စုံအောင် ပြင်ဆင်ထားပေမဲ့လဲ ဧည့်သည်တွေဝမ်းသာမျက်ရည်တွေကျပြီး ရှန်ပိန်တွေသောက်အောင်ပွဲမခံခင်မှာတင် ရုန်းရင်းဆန်ခက်နဲ့ အလွဲတွေဖြစ်လာပါတော့တယ်။ မင်္ဂလာဆောင်အတွက် သီချင်းဆိုပေးမည့် အဆိုတော် Steve (Marc Hosemann) က Dieter ရဲ့ လက်ထောက် Jella (Cynthia Micas) ကို သဘောကျသွားပြီး ဓာတ်ပုံဆရာ Marcel (Jörg Schüttauf) ကတော့ သူ့အလုပ်ထက် ဘူဖေးစားဖို့ကိုပဲ ပိုစိတ်ဝင်စားနေပါတယ်။ အဲ့ဒါအပြင် ယာယီစာပွဲထိုးဝင်လုပ်နေတဲ့ Florian ကလဲ သတိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်ပြီး သတိုးသမီးကို ကြိုက်နေခဲ့တယ်။Dieter ကတော့ မင်္ဂလာပွဲမှာ ပြသနာမဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားနေသလို သူ့အဖွဲ့ကတော့ အတင်းအကြပ် တွန်းအားပေးပြီး မင်္ဂလာပွဲကို တကယ်တမ်း ကမောက်ကမဖြစ်အောင် လုပ်မိသွားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတွေ အလွဲတွေနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ… File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kaung Myat Htoo

Crime • Drama • Action
0 2024
A Feast for Life
Ranganayaka
3.8

Ranganayaka (2024)”ကြေးမုံပြင်တစ်ချပ်ပေါ်က ပုံရိပ်” ========================================= ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ ကန်နာဒါစကားပြောရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် ထူးခြားရုံတင်မကဘဲ ရုပ်ရှင်ရဲ့ အကြောင်းအရာကိုက ထူးဆန်းနေတာပါ။ ဒီရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ မာတာဂုရုပရာဆတ်ဟာ ဆန်ဒယ်ဝုဒ်လို့ခေါ်တဲ့ ကန်နာဒါရုပ်ရှင်လောကထဲက ဆရာကြီးတစ်ပါးဖြစ်ပြီး ဒီရုပ်ရှင်ဟာ သူ မကွယ်လွန်ခင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တီဗွီအစီအစဉ်တစ်ခုမှာ အိပ်ငွေ့ချ အင်တာဗျူးခံရတဲ့ နာမည်မကြီးတကြီး ဒါရိုက်တာတစ်ယောက် အင်တာဗျူးခံရင်း သူ့ရဲ့ အတွေ့အကြုံတွေ၊ ခပ်ရွဲ့ရွဲ့ အတွေးအခေါ်တွေ၊ သေခြင်းတရားကို ချဉ်းကပ်ပုံတွေ၊ ဘဝအပေါ်အမြင်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြသွားတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ ထူးခြားချက်အနေနဲ့ အင်တာဗျူးခံရတဲ့ ဒါရိုက်တာနေရာမှာ ဒီရုပ်ရှင်ရဲ့ ဖန်တီးသူ ဒါရိုက်တာဂုရုပရာဆတ်ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပြီး အနုပညာရှင်တစ်ယောက် နောက်ဆုံးအသက်သွင်းသွားတဲ့ အနုပညာလက်ရာတစ်ခုကို ပရိသတ်တွေ စီးမျောခံစားနိုင်ဖို့ ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေက ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Drama
3.8 2024 121 mins
Ranganayaka
Scianèl
6.1

အီတလီဆယ်ကျော်သက်လူငယ်ဇာတ်ကားလေးဖြစ်တဲ့ Scianel ကတော့ ပါမဲလိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးမှာနေထိုင်တဲ့ရှန်နဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အဘိုးနဲ့နှစ်ယောက်တည်းနေထိုင်တဲ့ရှန်နဲလ်ဟာ ငယ်စဉ်ကတည်းက သူ့ကိုယ်သူ သူများထက်ပိုထူးခြားနေခဲ့တာကို သတိထားမိခဲ့ပါတယ်။ အရာအားလုံးကိုစူးစမ်းချင်စိတ်ပြင်းပြတဲ့ရှန်နဲလ်တစ်ယောက် သူများတွေမမြင်နိုင် မကြားနိုင်တာတွေကိုပါ မြင်နေကြားနေရတာပါ။ ဒါပေမဲ့ အမှုမဲ့အမှတ်မဲ့သာနေခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာတော့ ဘာမှလုပ်ချင်စိတ်မရှိဘဲပျင်းရိနေကြတဲ့သူငယ်ချင်းတွေကိုစိတ်ကုန်လာတဲ့ရှန်နဲလ်တစ်ယောက် ရပ်ကွက်ထဲမှာလာဖွင့်တဲ့ မိန်းကလေးတွေရဲ့အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝပ်ရှော့တစ်ခုကို တက်ရဖို့ဖြစ်လာခဲ့ပါတယ်။ ဝပ်ရှော့မှာ ပန်းချီတွေရေးဆွဲရင်းနဲ့မှ သူဆွဲတဲ့ပန်းချီတွေက အသက်ဝင်နေတာကိုတွေ့ရတဲ့အတွက် အဘိုးဖြစ်သူကိုပြောပြခဲ့ပါတယ်။ အဲဒီအခါမှာတော့ ငွေလိုနေတဲ့အဘိုးဖြစ်သူက မြေးမရဲ့ထူးခြားတဲ့အစွမ်းနဲ့ငွေရှာခိုင်းခဲ့ပြီး ရှန်နဲလ်ကတော့ အဘိုးခိုင်းတာလုပ်ပေးတဲ့တိုင်အောင် ပန်းချီကို အနုပညာရှုထောင့်ကနေပဲဆွဲချင်တာကြောင့် မြေးအဘိုးနှစ်ယောက်ကြားမှာ ပြဿနာတွေဖြစ်လာကြပါတော့တယ်။ File size… (1.01 GB) / ( 520 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 26m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Adventure • Action • Thriller
6.1 2024 86 mins
Scianèl