YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Do.You.Love.Me.2023.720p(CM).WEBRip.x264.AAC5.1.mp4

856.34 MB N/A video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Guilty
6.4

စောင့်​မျှော်​နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားက​​တော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါ သူ့နာမည်က ဂျိုး​ဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်​ပေမယ့် အတိတ်ကအ​ကြောင်းတစ်ခု​ကြောင့် ၉၁၁- အ​ရေး​ပေါ်ဌာနကို ရာထူးချခံထားရသူ အ​ရေး​ပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ​ကြောင်သစ်ပင်​ပေါ်တက်တာကအစ သဘာဝ​ဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်​ဖြေပေးရတဲ့​နေရာဆို​​တော့ ဂျိုးတစ်​ယောက် ​သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ​ပေါင်းသင်းဆက်ဆံ​​ရေးကလည်းညံ့​တော့ အ​တော်ဘုကလန့်ကျ​နေတာ​ပေါ့၊ ဒီကြားထဲ အိမ်​ထောင်​ရေးကလည်း အဆင်မ​ပြေ​တော့ တစ်ပူ​ပေါ်နှစ်ပူဆင့် ဖြစ်​နေတာ​ပေါ့ တစ်ရက် LAမှာ မီးအကြီးအကျယ်​လောင်မှု​ကြောင့် အ​ရေး​ပေါ်ဌာနတစ်ခုလုံး ဗျာများ​နေချိန် ဂျိုးဆီကို ဖုန်းတစ်​ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စ​ခေါ်​​​တော့ လူဂွစာကြီးဂျိုး ​ထောင်းခနဲ​ဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များ​နေချိန် မျက်နှာ​ပြောင်ပြီး ဖုန်းဆက်တာပဲ​​ပေါ့ ဒါ​​ပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်​နေတယ်၊ ငိုသံပါ​နေတယ်၊ ​ကြောက်လန့်​နေတယ်၊ ​ နောက်​ပြောင်ပြီး​ခေါ်တဲ့ဖုန်းမဟုတ်ဘူး။ ဂျိုးလည်းစဉ်းစားရပြီ၊ သူ့ကိုဘာလို့ Sweetyလို့​ခေါ်ရတာလဲ? ဘာလို့ ဖုန်း​​ပြောတဲ့အသံက ထူးဆန်း​နေတာလဲ? စသဖြင့် ​မေးခွန်း​တွေ​မေး၊ စကား​တွေ​ပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမ​နေမှန်းသိသွားတဲ့အခါ.... အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံ​နေရတဲ့ကိစ္စက ဘာလဲ? ဂျိုးရဲ့အတိတ်ကအ​ကြောင်းက​ရော ဘာဖြစ်​နေမလဲ? ပတ်သက်ဆက်နွယ်မှု​တွေ​ရော ရှိနေတာလား စသဖြင့် ပ​ဟေဠိ​ပေါင်းများစွာထွက်​​ပေါ်လာပါတယ် ရိုက်ကူးထားတဲ့ပုံစံက Jake Gyllenhaalတစ်ဦးတည်း အသား​ပေးထားပြီး ကျန်သရုပ်​ဆောင်​တွေက များ​သောအားဖြင့် အသံပဲပါဝင်​ပေမယ့် Jakeရဲ့ ပိုင်နိုင်တဲ့သရုပ်​​ဆောင်မှု​ကြောင့် ဇာတ်ရှိန်အနှိမ့်အမြင့် တစ်ခုလုံးကို ဇာတ်လမ်းစတာနဲ့ ​တောက်​လျှောက်ဆွဲ​​ခေါ်သွားနိုင်မှာပါ။ ကြည့်​နေရင်းနဲ့ကို အထဲကဇာတ်​ကောင် ဂျိုး​ဘေလာနဲ့အတူ ကိုယ်တိုင် ရင်ခုန်မွန်းကြပ်လာတဲ့ ခံစားချက်မျိုးရမှာပါ၊ ​ မူရင်းဇာတ်​ကားနဲ့ ဘာ​တွေကွာ​သလဲ၊ ဘယ်ကားကပို​ကောင်းသလဲဆိုတာကိုတော့ မူခင်း သည်းထိပ်ရင်ဖိုဇာတ်လမ်းကြိုက်သူတိုင်း ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ကြပါ အညွှန်းကိုတော့ JimX က ရေးသားထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ပါတယ်။ Quality….720p File size… 1GB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August

Action & Adventure • Mystery • Sci-Fi & Fantasy
6.4 2021 91 mins
The Guilty
Your Name.
8.5

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့... အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား?? ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က ရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့... ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့ အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ.. ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင် (ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်.. ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်.. သေချာလေးကြည့်ကြနော် ?...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး) File Size :  1.49 GB Quality : Bluray 1080 (5.1) Running Time : 1hr 46minutes Format : Mp4 Genre : Animation, Drama, Fantasy Translated By Ye Kyaw Htet & Mko Encode By YK

Drama • Mystery • Sci-Fi & Fantasy
8.5 2016 106 mins
Your Name.
Ghodwa
6.1

Poetry,Politics and Promises are lies “ နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။ အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။ Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။ အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။ File size…(1.98GB) / (1GB) /502MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

6.1 2021
Ghodwa
A True Scary Story: Summer Special Edition

A True Scary Story : Summer Special Edition (2022) ——————————————————- သရဲကားအရှည်ကြီးတွေထက် သရဲကားအတိုလေးတွေကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တွေ့ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတိုလေးတွေကို ပြန်ပြောပြတဲ့ ဂျပန်အစီအစဥ်ကနေ ကောင်းနိုးရာရာဇာတ်လမ်းတွေကို စုထုတ်ထားတဲ့ကားပါ။ ရှိုးကနေ ပြောပြတဲ့ဇာတ်လမ်းတွေကို စုစည်းထားတာမလို့ တစ်ချို့နေရာတွေမှာ အဆက်အစပ်မရှိတဲ့ကြားဖြတ်ဇာတ်လမ်းတွေလည်းပါပေမယ့် စိတ်ရှည်သည်းခံပြီး ကျော်သာကြည့်လိုက်ကြပါလို့။ တစ်ခုရှိတာက ဒီကားကသာမန်သရဲကားမဟုတ်ဘဲ ရှိုးကိုပေးပို့လာတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်သရဲအကြောင်းကို ပြောပြနေတာမလို့ Narrator အပေါ်မူတည်ပြီး မတင်မကျဇာတ်သိမ်းတွေ တစ်ချို့ဟာတွေကျ ဘာမှနားမလည်လိုက်သိဘဲ ပြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ပါးစပ်ရာဇဝင်သရဲဇာတ်လမ်းတွေနဲ့ အလကားနေဖြဲခြောက်တဲ့သရဲအကြောင်းတွေလည်း အများကြီးပါပေမယ့် အပျင်းပြေကြည့်လို့တော့ရပါတယ်။ အညွှနိး နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 1.43GB | 633MB | 311MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

0 2022
A True Scary Story: Summer Special Edition
Beautiful Beings
7.5

Beautiful Beings (2022) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ 2022 က ထွက်ရှိထားတဲ့ အိုက်စ်လန်း Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ IMDb – 7.5/10 နဲ့ ခရမ်းချဉ်သီးကတော့ 82% ရရှိထားပါတယ်။ ဒီဇာတ်လမ်းလေးကို ဆယ်ကျော်သက်ကောင်လေး လေးယောက်အပေါ်မှာဇာတ်အိမ်တည်ထားတာပါ။ ရက်စက်ကြမ်းကြုတ်ပြီး သူငယ်ချင်းအပေါ်ကလွဲရင် ဘယ်သူ့အပေါ်မှ မကောင်းတဲ့ကွန်နီဆိုတဲ့တစ်ယောက်ရယ်၊ ဟာသလုပ်တတ်တဲ့လူရွင်တော် ဆက်ဂီဆိုတဲ့ကောင်လေးရယ်၊ အိပ်မက်တွေထဲကနေမြင်ပြီး အဖြစ်အပျက်တွေကို အာရုံခံနိုင်တဲ့အက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်က သူငယ်ချင်းတွေပါ။ ‌အက်ဒီက ကျောင်းမှာအနိုင်ကျင့်ခံဖြစ်တဲ့ ဘယ်လ်လီ‌ဆိုတဲ့ကောင်လေးကို အဖွဲ့ထဲခေါ်သွင်းလိုက်ရာကနေ ဒီဇာတ်လမ်းလေးစတင်ပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ဘ၀နဲ့လူကြီးဘ၀ အကူးအပြောင်းကာလမှာ‌ ကြုံတွေ့ရတဲ့ကိစ္စတွေအပြင် ရက်စက်ကြမ်းကြုတ်တဲ့ဘ၀ထဲမှာမှ ဘယ်လိုလှပတဲ့အရာတွေပေါက်ဖွားလာလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.5 2022 123 mins
Beautiful Beings
World’s Best
5.4

World’s Best (2023) =============== ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ် ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့က ကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသ လို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲ လားတော့ မဟုတ်ဘူးပေါ့။ အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံ ပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှား သင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ ပရမ်ပါ။ သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့ အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ် လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းက မိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့် ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။ အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွား ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ အဖေရဲ့ မှတ်စုစာအုပ်လေးကို ရှာတွေ့သွားပြီး အဖေက ကမ္ဘာ့အကောင်းဆုံး ရက်(ပ်)ပါတစ်ယောက် ဆိုတာကို သိသွားတဲ့အခါမှာတော့ ပရမ့်ရဲ့ DNA ထဲက ရက်(ပ်)ပါသွေးတွေ နိုးထလာပါတော့တယ်။ သင်္ချာဉာဏ်ကြီးရှင် ပရမ်နဲ့ ကမ္ဘာ့အကောင်းဆုံးအမ်စီရဲ့သား ပရမ် ရဲ့ကြား လွန်ဆွဲကြပုံတွေအပြင် အမိုက်စား beat တွေနဲ့ အလန်းစား rapping တွေကလည်း ပရိသတ်ကြီးကို စောင့်ကြိုလို့နေပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.65 GB) / (864 MB) / (517 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family, Music Translator…….May Thet Khine Soe Encoder……….ZinPhyoAung

TV Movie • Comedy • Drama • Romance
5.4 2023
World’s Best
Old Man
4.8

Old Man (2022) ============ Horror ကားကို ဘာဆက်ဖြစ်မလဲဆိုပြီး အဆုံးထိ ရင်တထိတ် ထိတ်နဲ့ ကြည့်ချင်ကြသူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ဂျိုးဆိုတဲ့ကောင်လေးတစ်ယောက် တောထဲမှာ လမ်းပျောက်ပြီး တောထဲက သစ်လုံးအိမ်လေးဆီ ရောက်သွားရာ ကနေ စပါတယ်။ ကူကယ်ရာမဲ့နေရာကနေ ကယ်တင်ရှင်တွေ့ပြီဆိုပြီး ဝမ်းသာအား ရနဲ့ သစ်လုံးအိမ်ထဲ ဝင်သွားခဲ့ပေမဲ့ အထဲမှာ ရူးကြောင်ကြောင် အဘိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး နှစ်ယောက်သား ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကြည့်ရှုကြရမှာပါ။ တဲအိမ်လေးထဲမှာပဲ ပြီးသွားတဲ့ ဇာတ်ကားဖြစ်ပေမဲ့ မထင်ထားတဲ့ plot twist တွေလည်း ပါဝင်တာကြောင့်ကြည့်ပျော်တဲ့ ဇာတ်ကားပါ။ ရူးကြောင်ကြောင် အဘိုးကြီးအဖြစ် Avatar ကားထဲက မင်းသားကြီး Stephen Lang က သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.23 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator……Roman Nox Encoder……….Zin Phyo Aung

4.8 2022 98 mins
Old Man
The Sea of Trees

ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။ အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။ တခုမီက ပြောခဲ့တယ်။ “ချစ်ရတဲ့သူတွေနဲ့ အနီးစပ်ဆုံးအချိန်က ကျုပ်တို့ဘဝရဲ့ အမှောင်မိုက်ဆုံးသောအချိန်တွေမှာပဲ။ သေဆုံးသွားခဲ့ပြီးသားသူတွေတောင်မှ” တဲ့။ တခုမီက ပြောခဲ့တယ်။ “ဝိဉာဉ်တစ်ခု ဖြတ်သွားရင် အဲနေရာမှာ ပန်းပွင့်တယ်လို့ ပြောကြတယ်” တဲ့။ တခုမီကို ခြုံပေးခဲ့တဲ့ သူ့ဂျာကင်အောက်က ပန်းလေးတစ်ပွင့်။ ဇနီးဖြစ်သူက ‌သူ့ကို မေးခဲ့တယ်။ “ကျွန်မ အကြိုက်ဆုံး အရောင်ကို သိလား၊ ကျွန်မ အကြိုက်ဆုံး ရာသီဥတုကို သိလား” တဲ့။ တခုမီက ပြောခဲ့တယ်။ “သူ့မှာ မိသားစုရှိတယ်။ သူ့မိန်းမနာမည်က ခီရို၊ သမီးလေးနာမည်က ဖူရူ”တဲ့ အဓိပ္ပါယ်ကတော့ အဝါရောင်နဲ့ ဆောင်းရာသီတဲ့။ အားလုံးပဲ ရာသီဥတုအေးမြတဲ့ ညဘက်လေးမှာ တငြိမ့်ငြိမ့်နဲ့ အချစ်တစ်ခုကို ခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.55 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama, Fantasy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi moshi

0 2015 110 mins
The Sea of Trees
Would You Kill for Me? The Mary Bailey Story
6.4

သားသမီးဆိုတာ မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီးတွေ ဖြစ်ကြသလို မိဘအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ သားသမီးတွေလဲရှိကြပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Would You Kill for Me? The Mary Bailey Story ဆိုတဲ့ဇာတ်ကားနာမည်အတိုင်း အမေ့အတွက် သမီးလူသတ်ပေးနိုင်မလား ဆိုတဲ့အကြောင်းအရာလေးကို စိတ်ဝင်စားစရာကောင်းအောင် ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာ IMDb Rating 6.3 ရရှိထားပြီး တကယ်လည်းကြည့်လို့အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ အိမ်တစ်အိမ်မှာ ပထွေးနဲ့ မိန်းမနဲ့ သားသမီးတွေကြားက အော်ဟစ်ဆူညံသံတွေကို တွေ့ရမှာဖြစ်ပြီး တစ်ခဏ အကြာမှာတော့ သေနတ်သံတစ်ချက်နဲ့ အတူအရာအားလုံးက ငြိမ်သက် သွားပါတော့တယ်။ခဏအကြာမှာတော့ ရဲတွေရောက်ရှိလာပြီး ပထွေးဖြစ်သူ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရပါတော့တယ်။ အဲ့လို သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဘယ်သူလည်းဆိုတာကို သိဖို့အတွက် မယ်ရီ အပြင် သူ့အမေဖြစ်သူ ဗရော်နီကာနဲ့ အဖွားဖြစ်သူတို့ကို စခန်းမှာ ထိန်းသိမ်းထားခဲ့ပါတော့တယ်။ ဘယ်သူဆိုတာ သဲသဲကွဲကွဲ အဖြေမပေါ်တဲ့အတွက် တရားရုံးတင်ပြီးစစ်ဆေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်ရဲ့ တစ်ယောက်ချင်းစီပြောပြပုံတွေကို နောက်ကြောင်းပြန်တဲ့ အနေနဲ့ကြည့်ရှုပြီး နောက်ဆုံးမှာတော့ တကယ်တမ်းပထွေး ဖြစ်သူကို သတ်ခဲ့တာ ဇာတ်ကားနာမည်အတိုင်း မယ်ရီဖြစ်နေမလားဆိုတာကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 624MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
6.4 2023
Would You Kill for Me? The Mary Bailey Story
61*
7.7

IMDb raing – 7.7/10 အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့…. Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ကိုပါ supporting ကောင်းကောင်းပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်လာပါတယ်။ ဒီလိုနဲ့တစ်ဦးကိုတစ်ဦးဖေးမရာကနေ M&M boys ရာဇဝင်လေးစတင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲက ဘယ်သူက record breaker – most valuable player ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(3.1 GB)/(1.8 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:09:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee

Action • History • Drama • War
7.7 2001 129 mins
61*
Coven
6.4

Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကို အခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်က ခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ် သွားကြပါတယ်။ အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လို ရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာ စတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး‌တွေလည်း ပါတာမို့ ကြည့်ရင်း သဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။ စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ် File size…1.90GB / 0.97GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2020 92 mins
Coven
The Wounded Man
6.6

ပြင်သစ် ဒါရိုက်တာ – Patrice Chéreau ရိုက်ထားတဲ့ BL ပုံစံ လိင်တူ အဖိုးကြီးနဲ့ ဆယ်ကျော်သက်ကောင်လေးတို့ရဲ့ Drama movies ပါ Bl ဆို‌ပေမယ့် love scene တွေ အသားပေးထားတာမဟုတ်ပဲ လူ့ဆက်ဆံရေးအခက်အခဲတွေ , သနားစရာတွေ , လှည့်ကွက်တွေ , ချစ်ချင်းတွေကို ပညာပေးပုံစံရိုက်ကူးထားတာပဲဖြစ်ပါတယ် César Award မှာလည်း Best Screen play ဆုရထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇတ်ကားတစ်ကားဖြစ်လာစေမှာပါ ဇတ်လမ်းအကျဉ်း ဟိရိ ဆိုတဲ့ ကောင်လေးက အိမ်ကမိသားစုနဲ့အဆင်မပြေတဲ့အခါမှာ ရထားဘူတာမှာတွေ့ခဲ့တဲ့ လူတစ်ယောက်ကိုတွေ့တွေ့ချင် သဘောကျသွားပြီးတော့ သူ့နောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့အဲ့လူက လူလိမ်တစ်ယောက်ဖြစ်ပြီး ခြေသလုံးအိမ်တိုင်ဖြစ်နေပါတယ် ဟိရိကသူ့ကိုချစ်မိသွားပေမယ့် ဟိုလူကသူ့ကိုစိတ်ဝင်စားမလား သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ရမယ့် ဒရမ်မာ နဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…(2.7 GB)/(1.8 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre… Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zaw Lin Khant

6.6 1983
The Wounded Man
A Place Called Silence
6.1

CM ချစ်ပရိသတ်တို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်… အမှန်တရားက တူတစ်ချောင်းလိုပဲ… ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့… ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့… ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့… ဟုတ်ပါတယ်… ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာ ဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ… ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲ အထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့… ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့ ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့… ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ.. ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ… ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကို လူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ… တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါ စကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်… နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ… ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား… တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ… နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ…

6.1 2024
A Place Called Silence
Shame
8

နာမည်ကျော်ဒါရိုက်တာ ဘာမန်းရဲ့ တခြားကားတွေလိုပါပဲ ၁၉၆၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပြိုင်ဘက်ကင်းရုပ်ရှင်ကား တစ်ခုပါ …. ဒုတိယ ကမ္ဘာစစ် စစ်ပွဲကာလ ကြောက်မက်ဖွယ် စက်ဆုတ်စရာ အခြေအနေမှာ လူတွေရဲ့ အသက်ရှင်ဖို့ ရုန်းကန်လှုပ်ရှားရပုံ ကိုမြင်တွေ့ရမှာပါ …….. လက်ထပ်ထားတဲ့ ရိုဘတ် လင်မယားနှစ်ယောက် အရင်က ဂီတပညာရှင်လုပ်ခဲ့သူ ဂျန်နဲ့ သူ့ဇနီး အီဗာတို့ဟာ စစ်ပွဲကို ရှောင်ရှားဖို့ မြို့ပေါ်ကနေ ကျေးလက်ဒေသကိုပြောင်းရွေ့လာခဲ့ပါတယ်။ စစ်ပွဲမီးဟာ သူတို့ဆီကို တစ်စ တစ်စစီ ရိုက်ခတ်လာချိန်မှာတော့ ………… အချင်းချင်း မပြေလည်မှုတွေ ကသိကအောက်ဖြစ်မှုတွေ အခြေနေတွေနဲ့ ရွံရှာစက်ဆုတ်ဖွယ်စစ်ပွဲကာလမှာ ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ File size…(2 GB)/(1.8 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

8 1968 103 mins
Shame