YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Die Alone 2024 - 1080p HEVC Webrip [RMC].mp4

1.49 GB N/A video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Extraction
7.4

သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိ ကြမ်းပြနိုင်တာ အားရစရာပါပဲ။ Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်း တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီး အိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကို ကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ ကြိုးစားပါတော့တယ်။ ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့ တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။ File size…(5.5 GB)/(1.9 GB)/ (850 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….TSK/Ka Naung Translated by Littleneo

Documentary
7.4 2020 116 mins
Extraction
Sid is Dead
6.2

High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက် American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။ ၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေ ကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။ သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။ အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေ ဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။ *** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်*** အညွှန်း နဲ့ ဘာသာပြန်ကဗတာ့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Dram Quality…. 1080p | 720p | 480p File size… 1.4GB | 690MB | 337MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
6.2 2023 90 mins
Sid is Dead
Girl in the Closet
7.3

"အိမ်တွင်း အကြမ်းဖက်မှု" ဆိုတာ ကြောက်စရာကောင်းပါတယ် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီး လူသားတွေဟာဒီလောက်တောင်ရက်စက်တတ်ကြပါလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေဟာဆိုရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာတတ် နေနိုင်စားနိုင်သူတွေအများစု ဖြစ်နေကြပါတယ်။ နောက်ပိုင်းမှာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေဖွဲ့ပြီး ပညာပေးလုပ်ဆောင်နေကြရပါတယ်။ ဒါဟာလူတွေရဲ့ကိုယ်ကျင့်တရားပျက်ပြားလာမှုတွေဖြစ်ပြီး တချို့တွေအတွက် တွေးတောင်မတွေးရဲလောက်တဲ့ အမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ နိုင်ငံခြားထွက်ပြီအလုပ်လုပ်တဲ့သူတွေ များလာတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲ ဆိုတဲ့ ကိစ္စအတွက် ကူညီပေးမဲ့အာဏာပိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေမှပညာပေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ပြီး နိုင်ငံတကာ မှလူမှုကူညီရေးအဖွဲ့များရဲ့ အကူညီရယူနိုင်ရန်ပညာပေးဖို့ပိုမိုလိုအပ်လာနေပါပြီ။ ယခုဒီကားလေးမှာလဲ အိမ်တွင်းအကြမ်းဖက်မှုရဲ့အကြောင်းတွေ ကလေးငယ်တွေကို ဘယ်လိုအသုံးချပြီး လုပ်စားကြလဲဆိုတာတွေ လူတွေရဲ့ အမှောင်ခြမ်းကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက မီယာဆိုသူ မိန်းမတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ကလေးငယ်တွေကို သွေးဆောင်ပြီး လေဝင်လေထွက်မရှိ အိမ်သာမရှိ ရေချိုးစရာမရှိ တဲ့မြေအောက်ခန်းလေးထဲမှာပိတ်လှောင်ပြီး နှိပ်စက် အစာရေစာ မကျွေး မိန်းကလေးငယ်လေးတွေကိုပြည့်တန်ဆာလုပ်ငန်းပါ အတင်းကျပ်ခိုင်းစေတဲ့ သူတစ်ယောက် ဖြစ်ပြီး အဖမ်းခံထားရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ရိုက်ပြထားပြီး ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးစားကြသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ အတွက် ကလေးငယ်တွေအတွက် ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုတာ သတိချပ်စေလိူပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 586MB | 275MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Comedy • Drama
7.3 2023 88 mins
Girl in the Closet
Soulmate
7.2

“အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ” အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့ မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကို ဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။ Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Our Beloved Summer ထဲက Kim Dami, Our Blooming Youth ထဲက Jeon SoNee နဲ့ 20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 799MB | 394MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Comedy
7.2 2023 124 mins
Soulmate
The Guardians of the Galaxy Holiday Special
7.2

IMDb Rating - 7.9/10 Marvel ရဲ့ Gotg 3 မလာခင်မှာ ခရစ်စမတ် အထူး အပိုင်းတစ်ခုအနေနဲ့  Holiday Special ထွက်လာပါတယ်။ Gotg အဖွဲ့သားတွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ ပီတာကွေး (စတားလော့ဒ်) ရဲ့ ဂါမိုရာကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ ပူဆွေးဝမ်းနည်းနေမှုကို နှစ်သိမ့်ပေးဖို့အတွက် Gotg အဖွဲ့သားတွေ ကမ္ဘာမြေက ခရစ်စမတ်ပွဲတော်ကို အလည်လာကြတဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။ Gotg ရဲ့ထုံးစံအတိုင်း ရယ်စရာဟာသတွေနဲ့အတူ ခရစ်စမတ်ရဲ့ အငွေ့ အသက်တွေကိုပါ ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naingမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(3.16 GB) / (1.21 GB) / (400 MB) Quality............WEB-DL 4K HEVC, 1080p, 720p Duration.........46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......CM Team Encoder..........SWM

Action • Thriller
7.2 2022 45 mins
The Guardians of the Galaxy Holiday Special
Heaven
5.9

Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ် ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni

Mystery • Thriller
5.9 2019 90 mins
Heaven
1: Nenokkadine
6.2

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ဝန်ကြီးချုပ်မင်းသား မဟေရှ်ဘာဘူရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.... ဒီဇာတ်ကားမှာတော့ ပုံရိပ်တွေကို မြင်ယောင်နေတဲ့ ရော့ခ်စတားတစ်ယောက်ပေါ့... အပြင်မှာတကယ်မရှိတာကို ရှိနေသလို သူက မြင်ယောင်နေရတယ်... သူ့မိဘတွေကို လူသုံးယောက်က သတ်သွားတယ် သတ်သွားတဲ့ လူတွေကို သူက လိုက်သတ်တယ် ဒါပေမဲ့ အဲ့ဒါဟာ တကယ်မဟုတ်ဘဲ သူ့စိတ်ကူးသက်သက်သာဖြစ်တယ်လို့ လူတွေက ပြောကြတယ်.... ငယ်ငယ်လေးကတည်းက မိဘမရှိ တစ်ကောင်ကြွက်လို့ လူတွေကပြောကြပေမယ့် သူလက် မခံခဲ့ဘူး သူ့မှာမိဘတွေရှိတယ် သူ့မိဘတွေအသတ်ခံခဲ့ရတယ်လို့ပဲ ယုံကြည်ထားတယ်.... ဒီတော့ အဲ့ဒီလူသုံးယောက်ကို လက်စားချေရမယ်ပေါ့.... စိတ်ကူးနဲ့လက်တွေ့ကြားဝေခွဲရခက်နေတဲ့သူဟာ တကယ်ပဲ မိဘတွေအသတ်ခံခဲ့ရတာလား.... ဒါမှမဟုတ် သူ့မှာမိဘတွေရော ရှိရဲ့လား.... ရှိတယ်ဆိုရင်ရော လက်စားချေနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားထဲမှာ လှည့်ကွက်ပေါင်းများစွာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်.... File size…3.4GB  / 1.76GB Quality…1080p BluRay UNCUT / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Romance
6.2 2014 176 mins
1: Nenokkadine
Valiyor Silar
9

ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။ မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။ နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့ သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့ အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေ တစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။ အခြေအနေက ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းရမယ့် အာဂျွန်တစ်ယောက် လုပ်မိလုပ်ရာတွေ လုပ်လိုက်ပါတော့တယ်။ မပြေလည်တဲ့ မိဘနှစ်ပါးကိုလည်း အကြောင်းရင်းစုံကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်။ ညီမလေးရဲ့ လက်ထပ်ပွဲကိုလည်းအပျက်ခံလို့မဖြစ်။ ဒီလို ရွေးစရာမရှိတဲ့ကြားထဲမှာ အာဂျွန်ဘယ်လိုမျိုး ထွက်ပေါက်ရှာမလဲ။ ဒါတွေကို ရိုးရှင်းတဲ့ဇာတ်အိမ်မှာ ညိမ့်ညိမ့်ညောင်းညောင်းဆွဲယူသွားမယ့် သဲလွန်စတွေနဲ့ အခုပဲ ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ File size…1.3Gb / 650MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM

Action • Comedy • Science Fiction
9 2021 75 mins
Valiyor Silar
A Turtle's Tale: Sammy's Adventures
6

လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ဆိုထားတဲ့ "Ain't no sunshine" အပြင် "California dreamin", "Love will find a way" တို့လို နာမည်ကြီးသီချင်းတွေ ပါဝင်မှာဖြစ်လို့ ကြည့်ရှုရတန်စေမှာပါ။ 2010 ခုနှစ်က ထွက်ရှိခဲ့တာဆိုပေမဲ့ animation တွေက လန်းနေဆဲဖြစ်ပြီးတော့ plot ကလည်း အရိုးလေး အဆန်းဆုံးလေးဖြစ်လို့ ခံစားကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါ‌ရစေနော်။ File size…2.1GB / 1GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet

Horror • Mystery • Thriller
6 2010 88 mins
A Turtle's Tale: Sammy's Adventures
Forgotten
8

ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။ သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။ တစ်ညမှာတော့ သူ့အကိုနဲ့သူ လေညှင်းခံထွက်ရင်း သူ့အကိုပြန်ပေးဆွဲခံခဲ့ရတယ်။ အဲ့ဒီနောက် ၁၉ ရက်မြောက်အကြာမှာ သူ့အကိုပြန်ရောက်လာခဲ့ပြီး ထူးဆန်းတဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့တယ်။ ဒါကို ဂျင်ဆော့တစ်ယောက် သဲလွန်စကနေတဆင့် လိုက်လံအဖြေရှာရင်း လုံးဝမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ ဒီလောက်ပဲပြောပြတော့မယ် ။ ဘယ်လို အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးသည်ထိကြည့်ချင်အောင် ဆွဲဆောင်သွားမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။ ထိပ်လန့်ခြောက်ခြားစရာ၊ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြိုက်တဲ့သူများအတွက် အရမ်းကြည့်ရတန်မယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Atn Htet ပါ) File Size : (850 MB) Quality : HD Rip 720p Running Time : 1hr 48min Format : Mp4 Genre :Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : HDRip 720p H264 AAC-Unknown Translated by Atn Htet Encoded by Thanhtike Zaw

Comedy
8 2017 108 mins
Forgotten
Bhoothnath Returns
6.6

Bhoothnath Return (2014) ************************* ဒီဇာတ်ကားလေးကတော့ 2008က ထွက်ရှိထားတဲ့ Bhoothnathဆိုတဲ့ ဇာတ်ကားရဲ့ အဆက် Comedy/Drama အမျိုးအစား ဟင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.6အထိ ရရှိထားပါတယ်။ Bhoothnath 2008ထဲမှာဆိုရင် ဘူးသ်နားသ်ဟာ ကလေးတစ်ယောက်ကို ခြောက်ပေမဲ့ အဲ့ကလေးက မကြောက်ခဲ့တာကြောင့် ကလေးတစ်ယောက်ကိုတောင် ကြောက်အော်မခြောက်နိုင်ဘူး ဆိုပြီး တခြားသရဲတွေက လှော်ပြောင်သရော်ကြပါလေရော။ အဲ့လိုနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ရာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီး သရဲအဖြစ် ပြန်လည် ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီလိုနဲ့ ကမ္ဘာမြေကို ရောက်လာပြီးတော့ အက္ကရူးသ် ဆိုတဲ့ ကောင်လေးကို ခြောက်လှန့်ခဲ့ပေမယ့် အက္ကရူးသ်ကမကြောက်ခဲ့ပဲ ဘူးသ်နားသ်နဲ့ သူငယ်‌ချင်းတောင်ဖြစ်သွားကြပြီး သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးတဲ့နေရာတွေမှာ ဆက်မခြောက်တော့အောင် နှစ်ယောက်သား လိုက်လံကူညီကြပြီး အခအကြေးငွေကြေးတွေလည်း ရလာပါတော့တယ်။ တစ်နေ့မှာတော့ ဘောင်းဝ်ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်က သူ့ရဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ ရှိနေတဲ့ သရဲကို ရှင်းထုတ်ပေးနိုင်ရင် ရူပီ သိန်း၂၀ ပေးမယ်လို့ ကမ်းလှမ်းလာရာမှာတော့… ဘယ်လို အရှုပ်အထွေးတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ… ဘူးသ်နားသ်တို့အဖွဲ့ သရဲကို ရှင်းထုတ်နိုင်မှာလား… ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ… ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့… ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.6 2014
Bhoothnath Returns
The Pregnancy Scheme

The Pregnancy Scheme (2023) တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကို ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။ လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။ အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့ အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။ (ဒီရုပ်ရှင်ကို aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Thriller Quality…. 1080p | 720p File size… 1.2GB | 517MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Animation • Romance • Music
0 2023
The Pregnancy Scheme
Silenced
8.1

မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့ အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ —————————————————————– မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာ နှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာ ကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။ . ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့် ဒါဟာ တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကို ဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။ . ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့ နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။ အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဆွံအနားမကြားကျောင်းတစ်ကျောင်းက အဖြစ်ကို အခြေခံထားတာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာ အမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။ Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲ ကားမောင်းရတဲ့နေရာပါ။ ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာ လူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။ သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့ အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။ စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကို တရားသေလွှတ်ပေးခဲ့တယ်။ ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီး တွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။ . အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့ အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ . ၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံး ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ် လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။ ၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေ ကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။ . အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေ မတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီး တရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊ စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ . နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာ အမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။ နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင် တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။ . ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာ ကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့ မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊ အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်း အဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ . အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကို မီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။ . (အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ ဒါပေမယ့် ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်) Credit – Nine Nine Sanay @ နိုင်းနိုင်းစနေ

8.1 2011
Silenced
Sweethearts
5.8

ဘင်နဲ့ဂျင်မီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ကိုယ်စီရှိကြတဲ့အနေဝေးချစ်သူတွေကြောင့် ကောလိပ် ကျောင်းသားဘဝဟာ မွန်းကြပ်စရာကောင်းနေတဲ့အတွက် ကျောင်းအားရက်အိမ်ပြန်ချိန်မှာ ချစ်သူတွေနဲ့လမ်းခွဲလိုက်ကြဖို့ အတူတူကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘင်ရဲ့ချစ်သူကလဲရီက ဘင်နဲ့ဂျင်မီကို ကြိုက်နေ ကြတာလို့ပြန်စွပ်စွဲခဲ့ချိန်မှာတော့ ငယ်စဥ်ကတည်းက ဘာလုပ်လုပ်အတူတူလုပ်လာခဲ့ကြတဲ့ဘင်နဲ့ဂျင်မီကြားက သူငယ်ချင်းသံယောဇဥ်က အရောင်ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ယောကျ်ားလေးနဲ့မိန်းကလေးဆိုတာ သူငယ်ချင်းမဖြစ်နိုင်ဘူးလို့ ပြောကြပေမယ့် ဂျင်မီဆိုတဲ့ကောင်မလေးနဲ့ဘင်ဆိုတဲ့ကောင်လေးဟာ တစ်ယောက်အတွက်တစ်ယောက် ချစ်သူမကျ သူငယ်ချင်းထက် ပိုတဲ့ Sweethearts တွေဖြစ်တယ်ဆိုတာသိရှိသွားကြပုံကို ရိုက်ကူးပုံဖော်ပြထားတာဖြစ်ပါတယ်။ File size… (1.45GB) / (757MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Comedy • Drama • Fantasy
5.8 2024 97 mins
Sweethearts
Jeepers Creepers II
5.6

Jepper Creeper-2ဟာဆိုရင် 2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ Horrorဇာတ်ကားမျိုးဖြစ်ပါတယ် 2001မှာ Jeeper Creeper-1ထွက်ခဲ့တာအောင်မြင်ပြီးလူကြိုက်များခဲ့လို့ ၂ဖြစ်တဲ့ဒီကားကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ ပထမပိုင်းကအဆက်လိုပဲ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင် လူသားတွေကိုစားပစ်တဲ့ EastNineလမ်းမကြီးပေါ်က သေမင်းတမန်တော်တစ်ကောင်ရှိပါတယ်။အဲ့ဒီချိန်မှာပဲ ကျောင်းဘတ်စကတ်ဘောအသင်းတစ်ခုဟာ EastNineလမ်းမကြီးပေါ်ကနေဖြတ်လာတဲ့အခါမှာ အဲ့ဒီသေမင်းတမန်တော်နဲ့ တည့်တည့်တိုးပါတော့တယ်။ သူကကျောင်းသားတွေထဲက အကြောက်တရားတွေထဲမှာအနံခံပြီးသူကြိုက်တဲ့လူကိုရွေးပြီးစားမလို့လုပ်ပါတယ်။အဲ့မှာတင်ပဲ ကျောင်းသားတွေဟာ သူ့ကိုရွေးသွားတယ်ငါ့ကိုမရွေးဘူး၊ ဘယ်သူ့ကြောင့်တော့ငါတို့အသေမခံနိုင်ဘူးစသဖြင့် အချင်းချင်းစိတ်ဝမ်းကွဲကုန်ကြပါတယ်၊….. အဲ့လိုအဖြစ်အပျက်လေးတွေနဲ့ ကျောင်းသားတွေအားလုံး သေမင်းတမန်တော်လက်ထဲအလွတ်ပြေးနိုင်ခဲ့ကြလား၊ဒါမှမဟုတ် သေမင်းတမန်တော်က သူရွေးချယ်ထားတဲ့သူတွေကိုပဲအမိအရဖမ်းပြီး သတ်စားနိုင်ခဲ့လားဆိုတာတော့ဒီဇာတ်လမ်းလေးမှာစိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာပဲဖစ်ပါတယ်။ Horrorကြိုက်တဲ့ ပရိတ်တွေအတွက်တော့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

Comedy • Thriller • Crime • Horror
5.6 2003 104 mins
Jeepers Creepers II