YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dickinson S02E04 720p (CM).mp4

376.7 MB N/A video/mp4 397 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and Grand Canal Dragon
3

ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက် စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာ စီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်က လူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးက တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေက နိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းက ဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားက အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

3 2023 70 mins
Detective Dee and Grand Canal Dragon
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Of an Age
7.5

IMDb Rating - 7.2/10 Rotten Tomatoes - 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ... ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.5 GB) / (955 MB) / (511 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......May Thet Khine Soe Encoder..........Zin Phyo Aung

Drama
7.5 2023 100 mins
Of an Age
Ditto
7.2

" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု လွဲနေပေမဲ့ ဘာက သူတို့ ကြား လွဲနေတာလဲ သတိမထားမိခဲ့ကြဘူး တကယ်တမ်း လွဲနေတာကတော့ ဆိုအွန်းက ၁၉၇၉ ခုနှစ်မှာ နေထိုင်တာ ဖြစ်ပြီးတော့ ဂျီအင်းက ၂၀၀၀ ခုနှစ်မှာ ရောက်နေခဲ့တာပါ... ကဲ ဒီလောက်ဆို ဒီဇတ်လမ်းကို ဆက်ကြည့်ဖို့ လုံလောက်ပါပြီ အချိန်ကွဲပြားမှုကို စပွိုင်လာလုပ်တယ် ထင်ရင် မှားပါလိမ့်မယ် ဒီဇတ်လမ်းထဲ ကျနော် မပြောပြထားတဲ့ အကြောင်းအရာ တစ်ခုက ရှိနေတုန်းပါပဲ သင်က စိတ်ဓါတ်မာသူ တစ်ယောက်ဆို ဒီဇတ်လမ်းကို ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ မဟုတ်ရင်တော့ တစ်ရှုးလေး ဆောင်ထားပေါ့ ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားတာကတော့ "နွေးထွေးအောင်" ဖြစ်ပြီး Thit San Khant မှ အညွှန်း ရေးပေးပေးထားပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 3.2GB | 1.2GB | 526MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nway Htwe Aung Encoder ..... August

Comedy • Drama
7.2 2000 112 mins
Ditto
Good Will Hunting
8.1

ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ.. ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကို ဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ... သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams က အကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ - ------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့ သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက် အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့် သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာ သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်... လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ် ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကို Field's Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်.. ..ဖြစ်နိုင်ရင်အညွှန်းကိုတစ်လုံးမှမရေးဘဲတင်လိုက်ချင်တာ.... ဘာလို့ဆို ဒီကားရဲ့ရသတွေဟာ ကျွန်တော့်ရဲ့ခပ်ညံညံရေးသားချက်အောက်မှာ မှေးမှိန်သွားမှာစိုးလို့ပါ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Sherlockဖြစ်ပါတယ်.... File Size…(5.23GB) and (1.27GB) Quality…BluRay 720p Format…mp4 Duration…02:06:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sherlock

8.1 1997 127 mins
Good Will Hunting
Through My Window
7.4

ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။ စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို နီးစပ်သွားစေတာကတော့ Wifi လိုင်းလေးပဲ ဖြစ်ပါတယ်။ စာရေးဝါသနာပါတဲ့ မနူးမနပ်‌ကောင်မလေး Raquel နဲ့ အချစ်ဆိုတာကြီးက စီးတဲ့ဖိနပ်တစ်ရံလောက်တောင် တန်ဖိုးမရှိတဲ့ လူချမ်းသာ အသိုင်းအဝိုင်းက Ares တို့ ဘယ်လို နီးစပ်သွားကြမှာလဲ ဆိုတာ ခံစားချက်ရသ အပြည့်အ၀နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းဆိုတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီး crushနေခဲ့တဲ့ Raquel တို့ရဲ့ Wifi Password တစ်ခုအကြောင်းပြုရင်းဖြစ်တည်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကို ဖော်ကျူးထားတဲ့ ကားလေးပါ။ လူငယ်တို့ရဲ့ အချစ် အလွမ်းအဆွေး တွေကို လူငယ်ဆန်ဆန်ရိုက်ကူးထားတဲ့ စပိန်အချစ် ဒရမ်မာ ဟာသကားလေးဆိုတော့ ကြည့်ရှုရင်း မိမိရဲ့ wifi ကို ခိုးသုံးနေတဲ့ကောင်လေးချောချောရှိနေမလားကြည့်ကြပါဦး လို့။ လူငယ်ဇာတ်ကားဆန်ဆန် nude scene တွေ ခပ်ပါးပါးပုတ်ထားတဲ့ sex scene လေးတွေတော့ ပါ‌တာမို့ မိသားစုနဲ့အတူ ကြည့်ရှူရမယ့် ဇာတ်ကားမဟုတ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Chuck Chuck တို့ဖြစ်ပါတယ်။) File Size - (1.21 GB) / (605.24 MB) / (272.7 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 56min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Chit Tee, Chuck Chuck Encoder – San Win Maung

Drama • Family
7.4 2022 112 mins
Through My Window
Invisible Tattoo
1

Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ.... သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင် ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကို တင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်း အဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည် ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲ ပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါ ဝင်ရောက်လာခဲ့တယ်... ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီး ချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့ သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့ တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်း သက်သေမပြနိုင်ခဲ့ပါဘူး.... ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလား ချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာ မြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်.... Quality : WEB-DL 1080p Format : mp4 Genres : Drama , Action Duration : 1h 44min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu Encoded by LK

Action • Drama • History • War
1 2022 104 mins
Invisible Tattoo
Skyscraper
6.3

unicode Blu-Ray 1080p 5.1 CH x264 အက်ဖ်ဘီအိုင်အေးဂျင့် ဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ပြန်တစ်ယောက်လည်းဖြစ်တဲ့ ဝီလ်ဆောယားဟာ စစ်ဆင်ရေး တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ခြေ ထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ ခြေတုနဲ့ လှုပ်ရှားနေသူပါ။ နောက်တော့ ဝီလ်ဟာ ဟောင်ကောင်မှာရှိတဲ့ အမြင့်ဆုံး မိုးထိတိုက်ကို လုံခြုံရေးကြီးကြပ် ဖို့ အလုပ်ခန့်အပ်ခံရပြီး သူတာဝန် ယူရမယ့် အမြင့်ဆုံးနဲ့ လုံခြုံရေး စနစ် အကောင်းဆုံး မိုးထိတိုက် ကြီးမှာ သူ့မိသားစုနဲ့အတူ ပြောင်း ရွှေ့နေထိုင်ခဲ့ပါတယ်။ The Pearl လို့ အမည်ရတဲ့ အဲဒီမိုးထိတိုက်ကြီးရဲ့ အလွှာတိုင်းမှာ ကိုယ်ပိုင်လုံခြုံရေးစနစ်ရှိပြီး ဝီလ်က အဆောက်အအုံတစ်ခု လုံးရဲ့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူရတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ The Pearlမိုးထိတိုက်ဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခြင်းခံရ ပြီး ဝီလ်တစ်ယောက် အဆောက် အအုံ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာ သိထားသော်ငြားလည်းအခြေအနေတွေ ပိုပြီးရှုပ်ထွေး လာကာ သူကိုယ်တိုင်တောင် ပစ်မှတ်တစ်ခုလိုဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ ရပါတယ်။ အကြမ်းဖက်အဖွဲ့တွေက ဝီလ်ကို နှိပ်စက်ညှဉ်းပန်းခဲ့သလို သူ့မိသားစုကို ဓားစာခံလုပ်ပြီး သူ တို့ဖြစ်ချင်တာတွေကို အတင်းအ ကျပ်ခိုင်းစေခဲ့ပါတယ်။ နောက်တော့ မိုးထိတိုက် ကြီးရဲ့ အလယ်ပိုင်းလောက်ကို အကြမ်းဖက်အဖွဲ့တွေက မီးရှို့ဖျက် ဆီးခဲ့ပြီး ဝီလ်ရဲ့ မိသားစုဟာ မီး လောင်နေတဲ့အလွှာမှာ ပိတ်မိနေ ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေက ဘာကြောင့် The Pearl ကို ပစ် မှတ်ထားခဲ့တာလဲ။ ဝီလ်တစ် ယောက် မိသားစုကို ဘယ်လိုတွေ သက်စွန့်ဆံဖျားကယ်တင်ရမလဲ ဆိုတာ သည်းထိတ်ရင်ဖို အက်ရှင် ပြကွက်တွေနဲ့ ဆက်ကြည့်ရ အောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ နီဗီကမ့်ဘဲလ်၊ ချင်းဟန်၊ ရိုလန်မို လာ၊ နိုအာတေလာ၊ ဘိုင်ရွန်မန်း စတဲ့သရုပ်ဆောင်များစွာ ပါဝင် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြထားပါတယ်) (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : 1.7 GB Quality : Blu-Ray 1080p 5.1 CH x264 Running Time : 1hr 42min Format : Mkv Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw

Action & Adventure • Crime • Drama • Sci-Fi & Fantasy
6.3 2018 102 mins
Skyscraper
Oh My School!
6.9

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူ တွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလို့ရပါပြီ…. ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းက အဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်း ကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး…. ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကို အရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်… ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ် တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်…. ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ… ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား… ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ… ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်….

Thriller • Drama
6.9 2023 91 mins
Oh My School!
Stunning Bodyguard
5.8

ရှန်ဟိုင်းဂျက်မကားကောင်းလေးတစ်ကား CMကနေတင်ဆက်ပေးလိုက်ပါတယ်။ အင်အားစုတွေအများကြီးကွဲနေပြီး ဘိန်းကြီးစိုးနေတဲ့ခေတ်ပျက်ကြီးမှာ ဆေးပညာပါရမီရှင်လူငယ်လေးတစ်ယောက်ရှိပါတယ်။ ဒီလူငယ်လေးဟာ အကိုက်အခဲပျောက်ဆေးတီထွင်ဖို့ကြိုးစားနေပါတယ်။ မသမာသူတွေက သူ့ဆေးရဲ့ဖော်မြူလာကို နည်းနည်းပြုပြင်လိုက်ရင် ဘိန်းအစားထိုးလို့ရမယ့် မူးယစ်ဆေးတစ်ခုကိုဖော်စပ်လို့ရတယ်ဆိုတာ သိသွားတဲ့အချိန်မှာ ပါရမီရှင်လေးနဲ့ သူ့ရဲ့ဆေးဖော်မြူလာကိုလုယူဖို့ကြိုးစားပါတော့တယ်။ အလင်းအမှောင်အဖွဲ့အစည်းနှစ်မျိုးလုံးကဒီဆေးကိုတပ်မက်နေပြီးတော့ ပြေးစရာမြေမရှိဖြစ်နေတဲ့အချိန်မှာ ဂျက်မ(၃)ယောက်ဟာ တရားသောဘက်ကနေပြီး အစွမ်းကုန် ပါဝင်တိုက်ခိုက်သွားပါတယ်။ လောကကြီးကိုဒုက္ခပေးမယ့် မူးယစ်ဆေးထုတ်ဖော်ရေးကိုတားနိုင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရမလဲ…… လောကကြီးကို မူးယစ်ဆေးရန်ကနေတကယ်ကယ်တင်နိုင်ပါ့မလား……

5.8 2017
Stunning Bodyguard
Rescue on One’s Own
5.9

ဒါကတော့ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သားကိုကယ်ဖို့တစ်ယောက်ထဲ အစွမ်းကုန်ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်။ ကျိုးတုံးယန်ကတစ်ကိုယ်တည်းသားလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့ ရဲဟောင်းတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာသူ့သားလေးက ကျောင်းနဲ့အတူနွေရာသီခရီးစဉ်အနေနဲ့ ထိုင်းကိုသွားရင်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူကုန်ကူးတဲ့ဂိုဏ်းရဲ့လက်ထဲကနေ သားလေးကိုပြန်ကယ်ဖို့ အစွမ်းကုန်လိုက်စုံစမ်းတဲ့အချိန်မှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ သူနဲ့အရင်ရန်ညှိုးရှိခဲ့ဖူးတဲ့သူဆိုတာသိလိုက်ရပါတယ်။ အရင်ရန်ငြိုးဟောင်းစာရင်းနဲ့ အသစ်ပါပေါင်းပြီး မင်းသားတို့စာရင်းရှင်းတမ်းဖွင့်တဲ့ အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။

Drama
5.9 2024
Rescue on One’s Own
Elevator
7.6

Elevator (2024) ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Romance
7.6 2024
Elevator
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
The Great Escape
8.2

၁၉၄၄ ခုနှစ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး ထွက်ပြေးလွတ်မြောက်ဖိုလုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ ဂျာမန်အကျဉ်းစခန်းကနေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မဟာမိတ်တပ်ဖွဲ၀င်စစ်သားတွေဟာ ထွက်ပြေးဖို ကြိုးစားခဲ့ကြတယ်။ ထွက်ပြေးမယ့်သူကလည်း တစ်‌ယောက်နှစ်ယောက် တစ်ဒါဇင်လောက်တောင်မဟုတ်ဘဲ အယောက် ၂၅၀ ‌ထွက်ပြေးကြမှာ။ ၃ နှစ်ကျော် အကျဉ်းချခံထားတဲ့သူတိုဟာ လိုက်ခေါင်း ၃ ခုတူးပြီး မရရအောင် ထောင်ဖောက်ပြေးကြဖို စီစဉ်ခဲ့ကြတယ်။ ဇာတ်ကောင်တွေ အချိန် နေရာ‌တွေကို အနည်းငယ်ပြုပြင်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်ရေးအစီအစဉ်ကတောာ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း အသေးစိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို စိတ်လှုပ်ရှားဖို အတော်လေးကောင်းပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးတဲ့ ထောင်ဖောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကလည်း လက်လွှတ်ခံလိုမဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:52:00 Genre… Adventure, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Horror • Thriller • Drama
8.2 1963 173 mins
The Great Escape
Guilty Pleasure
6.4

Guilty Pleasure (2024) ************************ “အမှားလုပ်ခဲ့တဲ့သူက သူပဲလေ ကျွန်မက ဘာလို့ ရှက်နေရမှာလဲ” “တရားမျှတမှုဆိုတာက တရားရုံးမှာပဲ ရှိတာမဟုတ်ဘူးလေ” ဒီဇာတ်လမ်းမှာ အချစ်၊ သစ္စာဖောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုတွေကြားထဲကနေ တက်ကြွစွာ လုပ်ကိုင်နေကြတဲ့ ရှေ့နေတွေရဲ့အကြောင်းကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** နာမည်ကြီး Atticus ဥပဒေရုံးမှာ အလုပ်လုပ်နေတဲ့ မိန်းမချောလေး အလက်စစ်မီရန်ဒါ။ သူမရဲ့ ရှေ့နေဘဝအစကတော့ အခက်အခဲ စိန်ခေါ်ချက်တွေလည်း များနေခဲ့ပါတယ်။ ဒီအခြေအနေမှာ သူ့အပေါ် နားလည်စာနာ ကူညီပေးတတ်သူ ရှေ့နေ အာဒမ်လူဆဲရို ဆိုတဲ့သူနဲ့ မေတ္တာမျှခဲ့ကြတယ်။ ရှေ့နေ အလက်စစ်ဟာ ဘဝရည်မှန်းချက်အိပ်မက်တွေ အောင်မြင် ပြည့်ဝအောင် ကြိုးစားနေသူဖြစ်တဲ့အလျောက် သူလိုက်သမျှ အမှုတိုင်း အောင်မြင်သူအဖြစ် နာမည်ရလာခဲ့ပါတယ်။ ဒီလိုအောင်မြင်နေချိန်မှာပဲ သူဟာ အဲဒီဥပဒေရုံးကနေ ထွက်ပြီး ဥပဒေရုံးခန်းဖွင့်လှစ်ကာ သီးခြားရပ်တည်ခဲ့ပါတယ်။ တစ်နေ့မှာတော့ နာမည်ကြီး influencer ဖြစ်သူ ဇက်ခရီချူအာဆိုတဲ့ အမျိုးသားကို သူ့ချစ်သူမက်ဒီဆွန်ဗလန်ရှာက မုဒိမ်းမှုအဖြစ် ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ခဲ့ပါတယ်။ ဇက်ခရီရဲ့ မန်နေဂျာက အလက်စစ်ဆီ အမှုအပ်လာတာကြောင့် တရားပြိုင်အနေနဲ့ ခုခံချေပဖို့ လက်ခံလိုက်ပါတော့တယ်။ တရားလိုဘက်ကတော့ သူမအရင်အလုပ်လုပ်ခဲ့တဲ့ Atticus ဥပဒေရုံးက ရှေ့နေလည်းဖြစ် သူမကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့ဖူးသူ မက်သရူးပါ။ ချစ်သူတွေအချင်းချင်း ဘာကြောင့် တရားစွဲခဲ့တာလဲ… တရားပြိုင်ရှေ့နေအနေနဲ့ အလက်စစ် ဘယ်လိုတွေ ခုခံချေပသွားမလဲ… ချစ်သူ ရှေ့နေအာဒမ်နဲ့ရော အလက်စစ် လက်တွဲသွားနိုင်ပါ့မလား… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.35GB / 612MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Romance, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo, Char Ou & Mary Encoded by AHtet

Drama
6.4 2024 119 mins
Guilty Pleasure