YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dhootha.S01E02.1080p.AMZN.WEB-DL.YK(CM).mp4

772.19 MB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lust Stories 2
5.7

Lust Stories 2 (2023) IMDb-6.2/10 (Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ) 2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီး‌တွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့ ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။ အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့လက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ သူတို့ကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။ ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။ အိမ်ထောင်ရေးမှာ လိင်စိတ်ကအဓိကကျတာမျိုးဟုတ်မနေပေမယ့် loveနဲ့ sexနှစ်မျိုးလုံးယှဉ်တွဲမှသာ အိမ်ထောင်ရေးတခုတည်မြဲနိုင်ကြောင်းကို ဇာတ်လမ်းတိုလေးပုဒ်နဲ့ တပုဒ်ချင်းရသတွေပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ထားတာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Voldemort,Moon,Zwe,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.9GB / 736MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Voldemort~ Moon ~ Zwe ~ ThaikSan

Horror • Mystery • Thriller
5.7 2023 132 mins
Lust Stories 2
Michael Collins
6.9

သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီ မင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။ Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိ Michael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။ သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေ Dublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။ သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်း လွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာ ထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy
6.9 1996 132 mins
Michael Collins
Raincoat
7.1

ဒိဇာတ်ကားလေးကတော့ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ယောက်လို့ တင်စားခံရတဲ့ အက်ရှ်ဝါးရိယားရွိုင်နဲ့ မင်းသားကြီး အာဂျေးဒေ့ဗ်ဂန်းဒ်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.7အထိ ရရှိထားပါတယ်။ ဇာတ်လမ်း အကျဉ်း မာနိုးဂ်ျနဲ့ နီရူးတို့ဟာ တစ်ချိန်က တစ်ယောက်နဲ့ ‌တစ်ယောက်ချစ်ခင်စုံမက်ခဲ့ကြတဲ့ သမီးရည်းစားတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ နီရူးဟာ ပစ္စည်းဥစ္စာ ပေါကြွယ်ဝတဲ့သူတစ်ယောက်နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်းနဲ့ သူ့ကို မေ့လိုက်ဖို့အတွက် မာနိုးဂ်ျကို ဖွင့်ပြောလာပါတော့တယ်။ အချိန်အတော်အတန် ကြာပြီးတဲ့နောက်မာနိုးဂ်ျနဲ့ နီရူးတို့ ပြန်လည်ဆုံတွေ့ကြရာဝယ်.... လွမ်းစွတ်တမ်းတမှုတွေ နောင်တတွေနဲ့ ပြန်ဆုံကြရတဲ့သူတို့နှစ်ယောက်ရဲ့ ဘဝကဘယ်လိုတွေဖြစ်နေပြီလဲ ပြန်ရောပြောင်းလဲနိုင်ဦးမှာလား... အရမ်းနောက်ကျသွားပြီလား... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ... သရုပ်ပေါ်လွန်းလှတဲ့သူတို့ရဲ့ သရုပ်ဆာင်မှုတွေနဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကြောင့် ကြည့်ဖူးသမျှ လူတွေမမေ့နိုင်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.9GB / 830MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ Intelligence ~ Soe Kalayar

Comedy • Drama • Fantasy
7.1 2004 120 mins
Raincoat
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
One for the Road
10

" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။ မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။ အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။ "လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်" ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One For The Road" ။ နေပြက္ခဒိန်အဆက်ဆက်မှာ ပလေတိုပြန်မရောက်ခဲ့တဲ့ တောထဲက ပန်းကလေးကို ငါပေးထားတဲ့နာမည်က " One For The Road"။ နိဗ္ဗာန်ဘုံ မျက်ရည်စက်၊ New York Sourတစ်ခွက်၊ အဲဒီလမ်းကျဉ်းကလေးက ငါ့ကိုကျောခိုင်းသွားချိန်က ကော့တေးတစ်ခွက်ဟာ အဲဒီလမ်းကျဉ်းကလေးကို ငါ‌ပြန်ရောက်မယ့်အချိန်မှာ သောက်မယ့် ကော့တေးတစ်ခွက်ပေါ့။ သစ်ရွက်လိုကြွေဖူးတဲ့ တို့ရဲ့နေ့အဆက်ဆက်ရဲ့ " One For The Road". ဝေါင်ကာဝေးပရိုဂျူဆာလုပ်ထားပြီး ဝေါင်ကာဝေးကားတွေဖြန့်ခဲ့တဲ့ Jet Tone Filmsကပဲ‌ ထုတ်ဝေပေးထားပါတယ်။ ဒါရိုက်တာကတော့ သူ့နှစ်က highest-grossingရုပ်ရှင်ဖြစ်ခဲ့တဲ့ Bad Genius ဒါရိုက်တာ Nattawut Poonpiriya ရိုက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ထိုင်းကားပရိသတ်တွေမစိမ်းတဲ့ Thanapob Leeratanakajorn နဲ့ Bad Genius မင်းသမီးတို့လို နာမည်ကြီးတွေပါပဲ။ 2021 Sundanceပွဲမှာ ပွဲဦးထွက်ပြသခဲ့ပြီး World Cinematic Dramatic Special Jury Award ကို ရရှိထားပါတယ်။ ဝေါင်ကာဝေး ပရိုဂျူဆာလုပ်ထားတယ်ဆိုပေမဲ့ The Mediumမှာ Na Hong Jinအငွေ့ အပြည့်လွှမ်းနေသလိုတော့ဖြစ်မနေပါဘူး။ ဝေါင်ကာဝေး အငွေ့သိပ်မပါဘဲ ဇာတ်ကောင်တွေကတော့ ပမာဏတစ်ခုအထိ ဝေါင်ကာဝေးဆန်ပါတယ်။ Chungking Expressနဲ့ ဘာမှမတူပေမဲ့ Chungking Expressကို သဘောကျရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲတော့ ကြည့်ပြီးရင်သိမှာပါ။ ထိုင်းရုပ်ရှင်တွေကို တခြားအာရှရှင်ရှင်ဂုရုကြီးတွေက Support တော်တော်လုပ်လာတယ် ပဲ ပြောရမှာပါပဲ။ မနှစ်ကတော့ ကိုရီးယားက Horror ဆရာကြီး Na Hong Jin က The Mediumကို ထုတ်ပေးခဲ့ပြီး ဒီနှစ်တော့ ဟောင်ကောင် ရိုမန့်ဆရာကြီး ဝေါင်ကာဝေးက ဒီရုပ်ရှင်ကို ထုတ်ပေးခဲ့ပါတယ်။ ထိုင်းရုပ်ရှင်တွေအတွက် အရွေ့ကောင်းလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီကားတွေ အောင်မြင်ခဲ့ကြတော့ ပိုကောင်းတဲ့ရုပ်ရှင်တွေကိုလည်း ထုတ်လာဖို့ရှိလောက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 900MB and 300MB Format…mp4 Duration…. 2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • Thriller
10 2021 15 mins
One for the Road
The Half of It
7.1

IMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့ မေလ (၁)ရက်နေ့က Netflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော ..... ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊ သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေ အတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်က အကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ ....... IMDb Rating ကလည်း 7.2/10 ရထားပါတယ်။ Rotten Tomatoes ကတော့ 95% ရထားပါတယ်။ အချစ်ကား၊ ကျောင်းသား ကို နည်းနည်း Deep ဖြစ်တာလေး ခံစားချင်ရင်တော့ ကြည့်ကြည့်ကြပါ။ ရင်ထဲမှာ တစ်မျိုးတော့ ခံစားရပါလိမ့်မယ်။ (ဒီဇာတျလမျးရဲ့ အညှှနျးနဲ့ ဘာသာပွနျရေးသားပေးသူကတော့ August ပဲဖွဈပါတယျ။) Quality – 720p  Web-Rip Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Romance Source : 1080p.WEB-RIP Translator – August Encoder – San Win Maung

Fantasy • Mystery • Thriller
7.1 2020 104 mins
The Half of It
Mandy
6.2

နာမည်ကျော် မင်းသားကြီး နီကိုးလက်စ် ကေ့ဂျ်  အကြာကြီးပျောက်နေပြီးမှ ပြန်ပေါ်လာတဲ့ ရုပ်ရှင်ကားလို့ပဲ ပြောရမလား မင်းသားကြီးကို လွမ်းနေတဲ့သူတွေ အတွက် အကောင်းဆုံး သရုပ်ဆောင်ထားပေးပါတယ် ဒီ Mandy ဆိုတဲ့ ရုပ်ရှင်ကားဟာ ဘာသာရေး အစွန်းရောက် တဲ့ ပုံစံမျိုးကို ပြသထားပြီး သွေးထွက်သံယို အခန်းတွေ ၊ ညစ်ညမ်းတဲ့ အခန်းတွေ အတော်များများ ပါဝင်လို့ နှလုံးရောဂါ ရှိသူများ ကလေးသူငယ်များ မကြည့်သင့်ပါ မိသားစု အတူ ကြည့်ရှုရန် မသင့်တော်ပါ ဇတ်လမ်းကို ၁၉၈၃ ခုနှစ် ဝန်းကျင် ပုံစံဖန်တီးထားပြီး ရဒ် နဲ့ မန်ဒီ ဆိုတဲ့ လင်မယား ၂ ယောက် ဟာ လူတွေ နဲ့ ဝေးတဲ့ နေရာတစ်ခုမှာ အိမ်လေး ဆောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့... ဒါပေမယ့် တစ်ရက်မှာတော့ ရဒ် ရဲ့ အမျိုးသမီး မန်ဒီ ကို ဘာသာရေးအစွန်းရောက် ခေါင်းဆောင် တစ်ဦးက လမ်းတစ်နေရာမှာ ဖြတ်ခနဲ မြင်ပြီးနောက် မနေနိုင် မထိုင်နိုင်တွေ ဖြစ်ပြီး သူ့ အနား ခေါ်ထားချင်တာနဲ့ လူသတ် သမား အုပ်စု ကို ရဒ် နဲ့ မန်ဒီ တို့ဆီ လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်... XP Powerbank များကို  —-> ဒီနေရာ မှာ ဈေးသက်သာစွာဝယ်နိုင်ပါပြီ။ ရဒ် နဲ့ မန်ဒီ တို့ဟာ ငရဲခန်း တမျှ ဆိုးရွားလှတဲ့ ဘာသာရေး အရူးတွေလက်က လွတ်မလား သေပဲ သွားကြမလား ဆိုတာတော့ CM Fan တို့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Shain Htet Naing ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်....

6.2 2018 122 mins
Mandy
Steve-O: Guilty as Charged
6.2

Steve-O: Guilty as Charged (2016) ======================== IMDb Rating – 6.2/10 လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ ငယ်စဉ်ကတည်းက ပြဿနာအိုး‌၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့လဲ၊ ပုထုဇဉ်လူသားပီပီ မကောင်းမှုမှာ ဘယ်လိုတွေမွေ့လျော်ခဲ့လဲဆိုတာတွေကို ဟာသနှောပြီး တင်ဆက် ထားပါတယ်။ တစ်ယောက်တည်း စင်ပေါ်တက်ပြောနေလို့ ပျင်းရမယ်တော့ မထင်ပါနဲ့၊ သူ့ရဲ့ တဲ့တိုးဆန်တဲ့ ဟာသစကားလုံးတွေ အမူအရာတွေကြားမှာ တခွီးခွီး ရယ်မောရင်း လိုက်မျောပါသွားမှာ သေချာပါတယ်။ သူဟာ သူများတွေလို ဘယ်နှစ်ယောက်ပေါင်းပြီး လောင်းကျော်တာမျိုးမဟုတ်ပါဘူး၊ သူတစ် ယောက်တည်းနဲ့ကို လောင်းကျော်နေသူပါ။ အဲဒါကြောင့် သူ့ရဲ့ဒီရုပ်ရှင်ဟာ ခဏတာရယ်မောရဖို့ အချိန်ပေးကြည့်ဖို့တန်ပါတယ်။ (18+ ဟာသတွေ တစ်ပြုံကြီးပါတာမို့ မိသားစုအတူမကြည့်သင့်ဘူးဆိုတာ တော့ ကြိုတင်သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.06 GB) / (403 MB) Quality…………WEB-RIP 1080p / 720p Duration………50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….C’mon Encoder……….Zin Phyo Aung

Horror • Mystery • Thriller
6.2 2016
Steve-O: Guilty as Charged
Harmony
7.5

Harmony(2010) ************** ၂၀၁၀ ကထွက်ရှိထားပြီး Imdb 7.5 ရှိတဲ့ ထောင်တွင်းဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ချောင်းဂျူအမျိုးသမီးအကျဉ်းထောင်မှာဆို ဟုန်ဂျောင်ဟဲနဲ့မင်ဝူးလေးတို့သားအမိကို မသိသူမရှိကြပါဘူး။ ဒီလိုနဲ့ပဲ တစ်ထောင်လုံးရဲ့အချစ်တော်မင်ဝူးလေးလည်း အသက်တစ်နှစ်ပြည့်လို့လာခဲ့ပါပြီ။ တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံအရပ်သားဥပဒေအရ ထောင်ဒဏ်ကျခံနေစဉ် ကိုယ်ဝန်ရှိလို့ ကလေးမွေးလာတဲ့အခါမှာ ကလေးအသက်တစ်နှစ်ခွဲအထိပဲ မိခင်နဲ့အတူနေခွင့်ပေးတာဖြစ်တဲ့အတွက် ခွဲခွာရမယ့် နေ့ရက်တွေက တဖြည်းဖြည်းနီးကပ်လို့လာနေပါတော့တယ်။ ထောင်ထဲမှာပဲမွေး ထောင်ထဲမှာပဲကြီးလာတဲ့သားလေးအတွက် မခွဲခင်မှာ သာမန်သားအမိတွေလိုမျိုး တစ်ရက်လောက်ပဲ အနည်းဆုံးနေကြည့်ချင်မိတာကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဟုန်ဂျောင်ဟဲတစ်ယောက် ထောင်သားတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကြောင်းပြပြီး တစ်ရက်လောက်အပြင်ထွက်ရဖို့ အခွင့်ဖန်စရာတွေ့လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့…. File Size :(998MB) and (433MB) Quality : WEB-DL720P, 480p Format…mp4 Duration…01:55:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

7.5 2010
Harmony
The Ambush
6.3

Original Title: Al Kameen Genre – Action, Drama, War IMDB – 6.3/10 စစ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် အာရေဗျစကားပြော ယဲမန်နိုင်ငံရေးထဲ UAE စစ်ကူတွေရဲ့ ကင်းပတ်ရင်း ကြုံရတဲ့ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံ ရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ တခြားနိုင်ငံကကားဆိုပြီး အထင်မသေးလိုက်ပါနဲ့ ဒါရိုက်တာကြီးက ပြင်သစ်နာမည်ကြီး Parkour ကားဖြစ်တဲ့ B-13 တို့ Liam Neeson ရဲ့နာမည်ကြီး Taken တို့ John Travolta ရဲ့ From Paris with love တို့လို Action အလန်းစားတွေကို ရိုက်ထားတဲ့ ပြင်သစ် ဒါရိုက်တာ Pierre Morel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၀၁၈ ခုနှစ်ဝန်းကျင်လောက်မှာ ယဲမန်နိုင်ငံ ပြည်တွင်းစစ် ဖြစ်တော့ သမ္မတကနေ မဟာမိတ်နိုင်ငံတွေ ကုလတွေကို စစ်ကူတောင်းခဲ့ပါတယ်။ အဲဒီထဲမှာ UAE နိုင်ငံလည်း အပါ အဝင်ပေါ့၊ သူတို့ကတော့ ပြည်သူလူထုတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးရင်း တစ်နေ့ တစ်နေ့ ကင်းပတ်တဲ့ တာဝန်ယူရ ပါတယ်။ အဲဒီမှာပဲ တစ်ရက်ကျ ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့က ယဲမန်သူပုန်တွေရဲ့ အလစ်ခြုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ရန်သူတွေကြား ပိတ်မိသွားပြီး စစ်ကူစောင့်နေရတဲ့ အနေအထားပါ။ အဲဒီမှာ သူတို့ ကပ္ပတိန်ကြီးက အလျင်အမြန် တုံ့ပြန်ရေးတပ် ဖွဲ့စည်းလိုက်ပြီး ရဲဘော်တွေကို ရန်သူ့နယ်မြေကြား သက်စွန့်ဆံဖျား သွားကယ်တင်ပေးတဲ့အကြောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ရိုးပါတယ် ဒီနေရာမှာပဲ တစ်ကားလုံး ပြီးသွားတယ်ဆိုပေမဲ့ သူတို့ ဟမ်းဗီးတွေရဲ့ စပါယ်ရှယ် အကြမ်းခံနိုင်တာတွေ မြေပြင် ဝေဟင် စစ်ကူမိုက်တာတွေ လက်နက်ကိရိယာမိုက်တာတွေကို ချပြနိုင်ခဲ့ပါတယ်။ ဒီလိုပြောလို့ သူပုန်တွေဖက်ကလည်း ရှိတာနဲ့ ပြောက်ကျား အသေတွယ်ချက်တွေကိုလည်း ကြည့်ရမှာပါ။ File size…6.15GB / 2.35GB / 1.04GB Quality…Blu-Ray 4K HEVC / 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Thriller • Drama
6.3 2021 110 mins
The Ambush
The Marvels
5.9

မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ဒါကြောင့် သူတို့သုံးယောက်ခွဲမရတော့ဘဲ အတူပေါင်းပြီး ခရီးဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ခရီးဥသျှောင် ဒါဘန်းရဲ့အကြံက စကြဝဠာတစ်ခုလုံးပါ ပျက်စီးသွားနိုင်ကြောင်းသိရတဲ့အခါ မာဗယ် ၃ ယောက် တားဆီးဖို့ ကြိုးစားကြပါတော့တယ်။ File size…(4 GB)/(2 GB)/(1.1 GB) Quality….Webrip 4K/1080P/720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

5.9 2023 105 mins
The Marvels
Sharathulu Varthisthai

Sharathulu Varthisthai 2024 (ပိရမစ်စနစ်MLM) IMDb – 7.4/10 Honeymoon Express သရုပ်ဆောင် Chaitanya Raoရဲ့ ပညာပေးကားလေးပါ။ ဒီနေ့ခေတ်မှာ ရေပန်းစားတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစား၊ ထိပ်ပိုင်းကလူတွေပဲ ကြီးပွားပြီး အောက်ခြေကလူတွေဒုက္ခပင်လယ်ဝေရတဲ့ Chain networking business ခေါ် Multi-Level Marketing (MLM) အကြောင်းပညာပေးကားလေးပါ။ ချီရမ်ဂျီဗီက အစိုးရဝန်ထမ်း၊ သားကြီး။သူ့အောက်က မောင်နှမနှစ်ယောက်နဲ့ အမေမုဆိုးမကြီးကို ရှာကျွေးနေရတဲ့သူ။ သူ့ပခုံးပေါ်က တာဝန်ကလေးလွန်းလို့ အိမ်ထောင်ပြုမယ့်အကြောင်း မစဥ်းစားရဲသေးတဲ့သူပေါ့။ ညီနဲ့ညီမအခြေကျမှ သူ့ဆီမှာလည်းတင့်တောင်းတင့်တယ်ဖြစ်မှ လက်ထပ်မယ်စဥ်းစားထားတဲ့သူပါ။ သူကငယ်တုန်းက ပညာသိပ်မတတ်ပေမယ့် စာဖတ်တယ်။ လေ့လာတယ်။ ဒီလိုနဲ့ သူတို့လူလတ်တန်းစားနေရာကို MLMစီးပွားရေးတစ်ခုက ရောက်လာရော။ အဲဒီစီးပွားရေးကလည်း ပေါ့ပေါ့သေးသေးမဟုတ်ဘူး။ သူတို့ရပ်ရွာရဲ့ အားကိုးခံယုံကြည်ရတဲ့ ရွေးကောက်ခံအမတ်ကိုယ်တိုင် အာမခံပြီးသူကိုယ်တိုင် ပါဝင်ထားတဲ့စီးပွားရေးဖြစ်နေရော။ အဲဒီတော့နေရာတစ်ခုလုံးက လူတွေပါလိုက်ကြတာသောက်သောက်လဲ။ ဒ ါပေမယ့်ချီရမ်ဂျီဗီကတော့မပါဘူး။ စိတ်မယိုင်ဘူး။ ကျန်လူတွေပါ မပါဖို့ဆွယ်လိုက်သေးတယ်။ ဒီလိုသူမယုံကြည်တဲ့ စီးပွားရေးကို သူ့ရဲ့ချစ်ရသူလေးနဲ့ အမေ ဖြစ်သူက ယုံကြည်ပြီးမန်ဘာဝင်လိုက်တဲ့အခါ….. ဘာတွေဆက်ဖြစ်မလဲ။ လူလတ်တန်းစားတွေရဲ့ဘဝကို မြင်ရမယ့်အပြင် MLMစနစ်ကြောင့် အောက်ခြေကမန်ဘာဝင်တွေရဲ့ဘဝ ဘယ်လိုဖြစ်သွားလဲ ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ဒီဇာတ်လမ်းလေးကို CMမှာ ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Suri ~ Cyrah ဖြစ်ပါတယ်)

0 2024 140 mins
Sharathulu Varthisthai
Steve Jobs
7.2

၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး ၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ ပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။ IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိ ရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။ သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့ လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။ သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ် သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။ File size… 2.3 GB / 948 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Drama / Biography Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Romance • Comedy • Drama
7.2 2015
Steve Jobs
Like Mike
5.4

Like Mike (2002) IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။ အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘ တွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။ တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီး ကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။) File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Family,Fantasy Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

5.4 2002 99 mins
Like Mike
The Safari Duk dum dui

Duk dum dui (Aka) The Safari ဒီကားက ပေါက်ကရတွေချည်းရိုက်ထားတဲ့ ထိုင်းဟာသဇာတ်ကားပါ။ ထိုင်းကားဆိုပေမယ့် အာဖရိက ဆာဖာရီတောထဲ ရောက်သွားတဲ့ပုံနဲ့ ရိုက်ကူးထားတာမလို့ အာဖရိကလူမျိုးတွေရော တောတွင်းလူသားစ-ားလူရိုင်းတွေရော သရဲတွေရော ဘီလူးတွေရော လူပုလေးတွေရော မင်းသမီးလေးတွေရော ဘုန်းကြီးတွေရောနဲ့ တကယ့်ဗြုတ်ဇဗျင်းတောင်းဇာတ်ကားပါ။ ပိုက်ဆံရမယ်ဆိုလို့ အထူးအဆန်းလူသေမှုတွေဖြစ်နေတဲ့ ရွာကိုသွားစုံစမ်းကြမယ့် ဇာတ်လိုက်ကျော် ၄ ယောက်ဟာ ဇာတ်ကားစတာနဲ့ ကားပျက်သွားလို့ လမ်းဆင်းလျှောက်ကြရင်း ဘာမှန်းမသိတဲ့တောထဲရောက်သွားကြပြီး အထူးအဆန်းပေါင်းစုံနဲ့ တလွဲပေါင်းစုံကို ကြုံတွေ့ရပါတော့တယ်… တချိန်လုံးမရပ်မနား တလွဲတွေနဲ့ နင်းကန်ကြမ်းကြလို့ အခွီသက်သက်ကြိုက်တဲ့လူတွေတော့ကြိုက်ကြမှာပါ။ ဒီကားက ကြည်တောက်ရှင်း Quality တအားရှားတာမလို့ အတော်ကြည်တဲ့ Version ကို မနည်းရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။

Thriller
0 2003 102 mins
The Safari Duk dum dui