YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dhevaprom_JaiPiSut S01E09 1080p CM.mp4

872.93 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
Restless
6.1

အခုတစ်ခေါက်မှာတော့ Netflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ ပြင်သစ်အက်ရှင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ အမြဲတမ်း ဖြောင့်မတ်တဲ့ရဲတွေကိုပဲ ဇာတ်လိုက်နေရာက မြင်နေရတာ ရိုးသွားပြီလား ဒါဆိုရင် ဒီကားလေးကို ကြည့်လိုက်ပါ။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဘလင်းဟာ ပုံမှန်မြင်နေကျဇာတ်ကောင်တွေလို ရိုးသားဖြောင့်မတ်တဲ့ရဲမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်ပြီး အကျင့်ပျက်ခြစားတဲ့ရဲပဲဖြစ်ပါတယ်။ ဘလင်းတစ်ယောက် သူ့မိခင်ဆုံးပြီး အခေါင်းသွင်းတော့မှာဖြစ်တဲ့အတွက် ဆေးရုံကို အလောတကြီးသွားရမဲ့ အချိန်မှာပဲ ပြည်တွင်းလုံ​​ခြုံ​​ ရ​ဌာနက သူတို့စခန်းကို ရှောင်တခင်ဝင်စစ်ဆေးပါတော့တယ်။ မောင်ဘလင်းတစ်ယောက် လောလောနဲ့ ဗျာများပြီး ကားမောင်းရာကနေ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ်။ အကျင့်ပျက်ခြစားရုံတင်မက ကားနဲ့လူပါတိုက်လိုက်မိတဲ့ ဘလင်းဟာ ဒီယာဥ်တိုက်မှုကို ခြေရာလက်ရာဖျောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ထူးဆန်းတဲ့ မျက်မြင်သက်သေတစ်ယောက်ဆီကနေ ခြိမ်းခြောက်မှုတွေရရှိလာတဲ့ခါ.... ဘလင်းတစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ..?? သူရဲ့လာဘ်စားမှုတွေကရော ပေါ်လွင်သွားမှာလား..?? မျက်မြင်သက်သေကရော ဘာလို့ခြိမ်း ခြောက်နေရတာလဲ.. ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တာမလို့ အားလုံးအကြိုက်တွေ့ကြမယ့် Action, Crime, Thriller ကားသစ်လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.2 GB) / (585 MB) / (385 MB) Quality – WebDL 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Crime, Drama Translator – CM Team Encoder – SWM

Drama
6.1 2022 95 mins
Restless
Prisoner's Daughter
6.1

Prisoner's Daughter (2023) လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ဘိုင်ပြတ်သွားပါတယ်။ ဒါနဲ့ပဲ သူ့အဖေကိုသူပြန်ခေါ်ပေးမယ် ဒါပေမဲ့ အိမ်ကိုအငှားလာနေတဲ့သဘောနဲ့ အိမ်လစာပေးရင် ခေါ်ထားမယ်ဆိုပြီး သဘောတူထားလိုက်ပါတယ်။ ဒီလို ၁၂ နှစ်လောက် သမီးကိုပစ်ထားခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် သူ့သမီးနဲ့ပြန်ဆုံရတဲ့အခါ သူမှားခဲ့တဲ့အမှားတွေအတွက် ဘယ်လိုပြန်အဖက်ဆယ်မလဲ။ ဒီလို အဆင်မပြေဘဝကိုရုန်းကန်နေတဲ့ သားမိနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ Family Drama feel အပြည့်နဲ့ ခံစားကြည့်လို့ရမဲ့ မိသားစုကားလေးပါ။ ခုလိုအကျင့်စာရိတ္တတွေပျက်နေတဲ့ ခေတ်ကြီးမှာ ငွေရောင်အနားသတ်လေးတွေ ရှိသေးပါလားဆိုပြီး ကြည်နှုးခံစားကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

Crime • Romance • Thriller
6.1 2023 98 mins
Prisoner's Daughter
Brooklyn’s Finest
6.7

IMDb – 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက် သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။ File size…1.72GB / 636.8MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 12m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

6.7 2009 133 mins
Brooklyn’s Finest
88

88 (2022) အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။ အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။ ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ… ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message တွေ လူမျိုးရေးစစ်ပွဲဖန်တီးဖို့ အကြမ်းဖက်အစီအစဉ်တွေပါ သိလိုက်ရတဲ့အခါ… ဒီကိစ္စတွေက ကိုယ်စားလှယ်လောင်း ဟာရိုနဲ့ ဘယ်လိုပတ်သက်နေလဲ… သူကရော ကိုယ့်ဒူးကိုယ်ချွန် ဒီနေရာထိရောက်လာခဲ့တာ မှန်ရဲ့လား သူတို့အကြံအစည် ထမြောက်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ လူမည်းတွေ ခေတ်အဆက်ဆက် ကျွန်ပြုခံရ၊ ဖိနှိပ်ခံရတာတွေ တန်းတူအခွင့်အရေးမရတာ‌တွေ၊ အမေရိကရဲ့ ရွေးကောက်ပွဲကမ်ပိန်းတွေ နိုင်ငံရေးလှည့်ကွက်တွေပါ Talk Show သဘောမျိုးထည့်သွင်း ရိုက်ကူးထားတာမို့ ဗဟုသုတရစေမှာ အမှန်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 885MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 2H 2Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022
88
Taxi 4
5.6

Taxi 4 (2007) IMdb Rating (5.6) / Rotten Tomatoes (42%) Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။ Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ… ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။ Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။ ၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်… ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။ (Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=taxi မှာ ကြည့်လို့ရပါတယ်။ )

5.6 2007
Taxi 4
All Dirt Roads Taste of Salt
5.9

All Dirt Roads Taste of Salt (2023) ~ IMDb – 5.9/10, RT – 90%, Meta – 86% ~ A24 ရဲ့ ကားအသစ်ပါ။ ပုံမှန်ဆို A24က သူတို့ထုတ်လုပ်ထားတဲ့ကားတွေတင်မဟုတ်ဘဲ ဖြန့်ချိရေးသက်သက်လည်းလုပ်တတ်ပေမဲ့ ဒီကားကိုတော့ A24 က ထုတ်လည်းထုတ် ဖြန့်လည်းဖြန့်ထားပါတယ်။ လုံးဝ A24 လက်ထွက်ကားစစ်စစ်လို့ပြောရပါမယ်။ ရုပ်ရှင်ကတော့ Independent Film ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Independent Film ၁၀ကားထဲက တစ်ကားအဖြစ် ဝေဖန်ရေးသမားတွေက သတ်မှတ်ထားတယ်။ A24 ဟာ ဒါရိုက်တာတွေကို သူတို့ငယ်ဘဝအကြောင်း ရိုက်စေချင်ခဲ့ဖူးတဲ့ စတူဒီယိုပီသစွာပဲ ဒီကားကလည်း Raven Jackson ရဲ့ ငယ်ဘဝနဲ့မကင်းတဲ့ ရုပ်ရှင်အဖြစ်အသက်သွင်းထားတယ်။ ဇာတ်ကတော့ လူမဲအမျိုးသမီးတစ်ယောက်ရဲ့ ငယ်ဘဝကနေ ကြီးလာတဲ့အထိ ဘဝတစ်ခုအကြောင်းရိုက်ပြထားရုံပါပဲ။ ဒီလိုရိုက်ပြတာမှာ သူ့မျှော်လင့်ချက် သူ့အချစ် နောက် အဲဒီအရာတွေရဲ့ ပျက်သုဉ်းရခြင်းတွေကို ထည့်သွင်းထားတယ်။ အချိန်တွေရဲ့ဇာတ်လို့ပြောရမယ်။ 2023 Sundance Film Festival မှာ ပွဲဦးထွက်ပြခဲ့ပြီး နောက်ပိုင်းမှာ A24 က ပြန်ဖြန့်ပေးထားတယ်။ လူတိုင်းကြိုက်မယ့်ကားမျိုးတော့မဟုတ်ပေမဲ့ အင်ဒီဖလင်တွေကိုကြိုက်တဲ့လူတွေ A24 ဖန်တွေတော့ သဘောကျမယ့်ကားပါပဲ။ Rotten Tomatoes ၉၀ ရာခိုင်နှုန်းနဲ့ Meta ၈၆ရာခိုင်နှုန်း ရထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.9 2023
All Dirt Roads Taste of Salt
His Secret Life (aka) The Ignorant Fairies
7.3

ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ဖြစ်ပြီး ဒီပန်းချီကနေတဆင့် Massimo က အိမ်​ထောင်​ရေးဖောက်ပြန်နေတဲ့အပြင် သူနဲ့​ဖောက်ပြန်​နေတဲ့လူက အမျိုးသား​တစ်ဦးဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။ ဇာတ်လမ်း​ဇာတ်​အိမ်​က ရိုး​ရှင်း​ပြီး Character-driven ဇာတ်လမ်း​မျိုး​ဖြစ်​တာနဲ့အညီ အချိန်​ယူပြီးကြည့်ရှုသင့်တဲ့ ရုပ်ရှင်​မျိုး​ဖြစ်​ပါတယ်။ Massimo ရဲ့ နောက်​ကြောင်း​ကိုစုံစမ်းရင်းနဲ့ Antonio တစ်ယောက်​ သူ့ခင်ပွန်းဖြစ်သူမှာ အမျိုးသား​ချစ်သူအပြင် နောက်ထပ်ဘဝတစ်ခုရှိနေတာကိုပါ သိလိုက်ရပြီး သူကိုယ်တိုင် အဲဒီကမ္ဘာထဲ တဖြည်းဖြည်း​ရောက်​ရှိသွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်​လည်​ရှာဖွေ​တဲ့ theme မျိုးကို​ဖော်ညွှန်း​ထားပါတယ်။ ဥရောပ​ရုပ်ရှင်​တွေ​ကိုနှစ်သက်သူများဆိုရင် ၂၀၀၀ ခုနှစ်​ကျော်က ဒီရုပ်ရှင်လေးကိုကြည့်ရှုသင့်ပါတယ်။ စိတ်​အနှောက်​အယှက်​ဖြစ်​စရာ​ 18+ ဇာတ်​ဝင်​ခန်း​တွေမပါဝင်တဲ့အတွက်လည်း စိတ်​ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.3GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Animation • Family • Comedy • Fantasy • Mystery
7.3 2001 106 mins
His Secret Life (aka) The Ignorant Fairies
Once Upon a Time in China I
7.2

ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇဝင်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ဝမ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်… အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ဝင်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ…. File size…(3.3 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre… Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jin Jin

7.2 1991
Once Upon a Time in China I
Trespassers
5

လူတွေရဲ့စိတ်ဆိုတာတစ်ခါတစ်လေမှာ ဖြောင့်မတ်တည်ကြည်မူ့တွေရှိနေတတ်ပေမယ့် တစ်ခါ‌တစ်လေကျတော့လည်း မြစ်တစ်စင်းလိုကောက်ကွေ့ကြစမြဲပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ Kanae San သူငယ်ချင်း OGAWA နဲ့ TANAKA တိုသုံးယောက်က ကုမ္ပဏီတစ်ခုထဲမှာ အရမ်းကိုခင်ကြတဲ့သူငယ်ချင်းသုံးယောက်ပါ။သုံးယောက်လုံးက သွားအတူ လာအတူ စားအတူနဲ့အရမ်းကိုခင်မင်ကြပါတယ်။ တစ်နေ့မှာတော့ သူတိုရဲ့ကုမ္ပဏီက လစာငွေပေးတာအရမ်းနည်းတဲ့အတွက် သူတိုအတွက်အခက်အခဲတွေအရမ်းဖြစ်လာပါတော့တယ်။အဲ့ဒီတော့ အဲ့ဒီကိစ္စကိုသုံးယောက်သားတိုင်ပင်ပြီး သူဌေးအိမ်ကို ဖောက်ထွင်းဖိုကြံပါတော့တယ်။ သူတိုရဲ့လုပ်ရပ်က ရက်စက်ရာကြတယ်ဆိုပေမယ့် သူ‌တိုရဲ့မသိစိတ်မှာတော့ လူတစ်ဖတ်သားကိုအာနာမိတဲ့အသိစိတ်လေးဝင်လာတာကြောင့် သူတိုလုပ်ရပ်ကို ချက်ချင်းဘဲရပ်လိုက်ပါတော့တယ်။နောက်ဆုံး သူတိုရဲ့လုပ်ရပ်တွေအားလုံး သူဌေးသိသွားတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးမူ့တွေနဲ့ ထပ်ပြီးရင်ဆိုင်ရမလဲဆိုတာ…. File size_(1.1GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Blank

5 2024
Trespassers
Litrato
5

Lola Edna ကတော့ သက်ကြီးရွယ်အိုများအတွက် အဆောက်အဦတစ်ခုမှာ အချိန်ကုန်ခံရင်း သူမရဲ့ အားနည်းနေတဲ့မှတ်ဥာဏတွေနဲ့ ပြိုင်ဆိုငနေရတာပေါ့ သူမက အချိန်အတော်ကြာ ပျောက်ဆုံးသွားသော သမီးနှင့် မြေးကို သတိရတဲ့ မျှော်လင့်ချက်ဖြင့် ရံဖန်ရံခါ လာရောက်လည်ပတ်သူတွေထံမှ ဓာတ်ပုံများကို စုဆောင်နေတပေါ့ တစ်နေ့ သူမရဲ့အပြုအမူကို မကြိုက်တဲ့ ပြုစုစောင့်ရှောက်သူအသစ်ဖြစ်သော အိန်ဂျယ်နှင့် တွေ့တဲ့အခါမှတော့… File size_(2.9GB) Quality_Blu-Ray 1080p Format_mp4 Duration_01:41:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Moe Sett

5 2023 100 mins
Litrato
GTMAX
5.5

အက်ရှင်ကားကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားလေးကို ညွှန်းပေးပါရစေ .. ဇာတ်လမ်းအကျဉ်း +++++++++ ရတနာပစ္စည်းတွေ လုယက်တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ကျွမ်းကျင်တဲ့ ဆိုင်ကယ်သမား တစ်ယောက်ကို ငှားဖို့ လိုက်ရှာနေပါတယ်။ အဲဒီမှာ ဆိုင်ကယ်ပြိုင်သမား မောင်နှမ နှစ်ယောက်နဲ့ ချိတ်ဆက်မိပြီး မောင်ဖြစ်သူကို လူဆိုး ဂိုဏ်းခေါင်းဆောင်က လူသတ်မှုနဲ့ အကြပ်ကိုင်ပါတော့တယ်။ အဲဒီမှာ အစ်မဖြစ်သူက မောင်ဖြစ်သူနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် လုယက်မှုတစ်ခုမှာ မဖြစ်မနေ ပါဝင်ပေးရပါတော့တယ်။ ဒီလို လုယက်မှုတွေ စီစဉ်ကြရင်း ဘယ်လို စိတ်လှုပ်ရှားစရာ အက်ရှင်တွေကို ကြည့်ရမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါတော့။ ( ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ် ) File size… (1.43GB) / (823MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Thriller • Drama
5.5 2024 100 mins
GTMAX
Time of EVE: The Movie
7.2

Time of Eve (2010) ———————– IMDB – 7.2/10, MyAnimeList – 7.9/10 ဒီကားလေးကတော့ လုံးဝကို Underated ဖြစ်ပြီးတော့ Sci-fi ပိုင်းတွေကိုကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် Recommended ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့ အကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့ အနာဂတ်မှာ စက်ရုပ်တွေကိုအကျယ်အပြန့် အသုံးပြုလာကြတယ်။ ဒီလိုမျိုး လူသားတွေဟာ စက်ရုပ်တွေကို လိုလေသေးမရှိ အသုံးပြုလာနိုင်တဲ့အတွက် ဖြစ်သလိုဆက်ဆံလာကြပြီး တစ်ဖက်မှာလည်း စက်ရုပ်တွေကို သက်ရှိလူတစ်ယောက်လို ဆက်ဆံပြီး နားလည်သဘောပေါက်ပေးတဲ့သူတွေလည်း ရှိလာတယ်။ ဒါပေမဲ့ ဒီလိုစက်ရုပ်တွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံမှုတွေကို ပတ်ဝန်းကျင်မှာ အထင်သေးကဲ့ရဲ့ခြင်းခံရတယ်။ အဲဒီမှာ ဇာတ်ကားလေးရဲ့ MC ဖြစ်သူ Rikuo ကလည်း ပတ်ဝန်းကျင်အတိုင်း ကြီးပြင်းလာလို့ စက်ရုပ်တွေကိုလိုသလိုခိုင်းစေအသုံးပြုရတယ်လို့ပဲ အမြင်ရှိတာပေါ့။ တစ်နေ့မှာသူ့ရဲ့စက်ရုပ် Sammy ဟာ ထူးဆန်းစွာပြုမူနေတာကို သူသတိထားမိလာတယ်။ Sammy ရဲ့လှုပ်ရှားမှုမှတ်တမ်းကို ပြန်စစ်ပြီး သူဘယ်တွေသွားခဲ့လဲဆိုတာကို Rikuo ဟာ သူ့သူငယ်ချင်း Masaki နဲ့အတူခြေရာခံရင်း Time of Eve ဆိုတဲ့ ထူးဆန်းတဲ့ ကော်ဖီဆိုင်လေးကိုရောက်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1 GB / 506 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Animation, Drama, Romance, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn

Horror • Thriller
7.2 2010 106 mins
Time of EVE: The Movie