YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

dexter.s06e08.1080p.(CM).mp4

1.3 GB 1080p video/mp4 214 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Sister
6.7

ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့… သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်… ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်… သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး… ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်… အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့… အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်… ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား…ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~

Comedy • Drama
6.7 2021 127 mins
My Sister
Clouds of Chernobyl
5.8

1986ခုနှစ် ရိုမေးနီးယားမှာ ကွန်မြူနစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို နောက်ခံထားရိုက်ထားတဲ့ မိသားစုဇာတ်ကားဖြစ်ပါတယ်။ဓာတ်ပေါင်းဖိုကနေယိုစိမ့်လာတဲ့ ရေဒီယိုဓာတ် ရောင်ခြည်တွေက လေကနေတဆင့် ချာနိုဘယ်မြို့ရဲ့ တိမ်တွေထဲမှာစုနေပါတယ်။ ပြည်သူပြည်သားတွေက ကွန်မြူနစ်အစိုးရကြောင့်ဒုက္ခရောက်ကြရတဲ့အထဲ အဆိပ်သင့်ဓာတ်ငွေ့တွေကိုလေကတဆင့်ရှူမိကြလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြပါတယ်။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ဖြစ်ရပ်ဟာ သမိုင်းမှာရှိတဲ့ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုပြီးရင်အထင်ရှားဆုံးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အီရီနာဆိုတဲ့ အမျိုးသမီးဟာ ခေတ်ပျက်ထဲမှာ ကိုယ်ဝန်ရသွားပြီး ဖိအားတွေကြားထဲကနေ အသက်ရှင်ဖို့ရုန်းကန်ရပုံကိုကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်း ဇာတ်လမ်းအေးမယ်လို့ ထင်ရနိုင်ပေမယ့် တစိမ့်စိမ့်နဲ့အရှိန်တက်ပြီးကြည့်လို့ကောင်းတဲ့ကားမျိုးဖြစ်ပါတယ်။ မိဘမေတ္တာနဲ့အဲဒီခေတ်က victimတွေအတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ကားဖြစ်လို့ political drama ကောင်းကောင်းကြည့်ချင်နေသူတွေအတွက် ကွက်တိပါပဲ။ File size…(1.2 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni

Romance • Drama • History
5.8 2022
Clouds of Chernobyl
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
It Shall Not Be Named

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ It shall not be named ဆိုတဲ့ ဇာတ်ကားလေးပဲ​​ဖြစ်ပါတယ်။ ဒီကားလေးထဲမှာ ခရစ်စ်နဲ့ကတ်ဆိုတဲ့ ချစ်သူနှစ်ဦးရှိကြပါတယ်။ တရက်မှာ ကတ်က အပိုဝင်ငွေလေးရအောင်ဆိုပြီး အခန်းဖော်တစ်ယောက်ရှာပြီး သူ့အိမ်ကအခန်းတစ်ခန်းကိုငှားပါတော့တယ်။ အဲ့အခန်းဖော်ရောက်လာပြီးကတည်းက ကတ်တစ်ယောက် နာမ်လောကနဲ့ဆိုင်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာရတာပါ။ သူ့ရည်းစားခရစ်စ်ကိုလည်း အခန်းဖော်သစ် ဂျက်စီနဲ့ အထင်လွဲ သဝန်တိုပြီး ဂျက်စီကိုအကောင်းမမြင်ဖြစ်လာပါတယ်။ နောက်ပြီးခြောက်ခြားစရာတွေလည်းကြုံတွေ့နေရလို့ ကတ်နဲ့ခရစ်စ်တို့နှစ်ယောက်က ဂျက်စီရဲ့အခန်းကိုခိုးဝင်ပြီး ရှာဖွေတဲ့အခါမှာ ဂါထာမန္တန်နဲ့စုန်းအတတ်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။ ဂျက်စီရဲ့သရုပ်မှန်ကဘာလဲ ခရစ်စ်နဲ့ကရော တကယ်ပဲဖောက်ပြန်နေခဲ့သလား ကတ်ကရောဘယ်လိုခြောက်ခြားစရာတွေကြုံတွေ့ရဦးမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးကြပါဦး…… File size…(1.4 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023
It Shall Not Be Named
Snaker in Golden
5.9

ပြန်ရှောင်ယာတို့ရဲ့ ယွိကျန့်ဂိုဏ်းဟာ ခေတ်အဆက်ဆက် မိစ္ဆာဖမ်းခြင်းနဲ့ နာမည်ကြီးတဲ့ဂိုဏ်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ခေါင်း၉လုံးနဲ့ မြွေတစ်ကောင်ဟာ ကိုယ်ပေါ်မှာ ရွှေရောင်တွေ တောက်ပပြီး အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်ပုံအဖြစ်ဖန်ဆင်းပြီး သူ့ကိုယ်သူ ရွှေမြွေသခင်မဆိုပြီး အမည်ခံကာ လူ့လောကကို အန္တရာယ်ပြုလျက်ရှိပါတယ်။ ပြည်သူတွေဟာ ဒုက္ခများစွာရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ မိစ္ဆာဖမ်းသူနန်ဟွာဟာ ရွှေမြွေသခင်မကို အနိုင်ယူပြီး သူမရဲ့ခေါင်းကိုဖြတ်ကာ ငြိမ်းချမ်းမှုကို ရရှိခဲ့ပါတယ်။ဒါပေမဲ့ ရွှေမြွေသခင်မရဲ့ ခန္ဓာကိုယ်က သေဆုံးသွားခဲ့ပေမဲ့လဲ ဝိညာဉ်ကမသေသွားပါဘူး။ မသေခင်မှာ မိစ္ဆာအရှင်လောကထဲ ပြန်လာဦးမယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ နှစ်ထောင်ချီကြာပြီးနောက် ရွှေမြွေသခင်မကို ထိန်းချုပ်ထားတဲ့ မိစ္ဆာသတ်နန်းဆောင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီး ရွှေမြွေသခင်မ တယောက် ပြန်လည်အသက်ဝင်လာတဲ့အခါမှာတော့………

5.9 2023
Snaker in Golden
I’m a Killer
6.9

I’m a Killer (2016) IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ “သွေးစုပ်ဖုတ်ကောင်” ကွင်းဆက်လူသတ်မှု ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေ ဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါ အသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့ သံသယတရားခံတောင် ‌ပေါ်မလာတာကြောင့် ရဲမှူးက စုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကို စုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး “သွေးစုပ်ဖုတ်ကောင်” ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်း ဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက် ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်း ဝဇ်ကောက “သွေးစုပ်ဖုတ်ကောင်” လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၂ ယောက်အတွက်‌ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 2.7 GB / 961 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
6.9 2016
I’m a Killer
The Seven Darks

ဇာတ်လမ်းအစမှာ လူတစ်ယောက်ကို အမည်မသိ အသံဖျက်ထားတဲ့ သူစိမ်းတစ်ယောက် ဖုန်းလှမ်းဆက်ပါတယ် အိမ်က အခန်းထဲမှာ တစ္ဆေသဏ္ဌာန် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရတဲ့အခါမှာ… သူငယ်ချင်းကောင်မလေးကို တွေ့ဖို့ အကူအညီတောင်းရပါတယ် သူခိုင်းတဲ့အတိုင်း အထူးပြုလုပ်ထားတဲ့ အသံဖိုင်ကို နားထောင်ပြီး အိပ်မွေ့ချ မေ့ဖျောက်ဖို့ကြိုးစားတဲ့အခါမှာ… ကြောက်လန့်စရာ အိပ်မက်ဆိုးကို တွေ့ကြုံရပါတော့တယ် လော့အိန်ဂျလိစ်က လူခြေပြတ်တဲ့ လမ်းမတွေမှာ အိမ်ပြန်နောက်ကျတဲ့လူတွေကပါ… အမျိုးမျိုးသော ခြောက်လှန့်မှုတွေကို ကြုံတွေ့လာရတဲ့ အချိန်မှာတော့ …. File size…(900 Mb)/(300 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:03:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2024
The Seven Darks
Aberrance
7.2

Aberrance (2022) 2022 တုန်းကထွက်ရှိထားတဲ့ မွန်ဂိုလီးယားက Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB မှာလဲ 7.3 အထိရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ လတ်လတ်ဆတ်ဆတ် 83% တောင်ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း မြင်နေကျပုံစံမဟုတ်ဘဲ Thriller ဆိုတိုင်း အမှောင်ကားတွေလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ လင်းလင်းချင်းချင်းကြီးမှာတင် ရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်သွားကလဲ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့ပေါ်ကနေ ကျန်းမာရေးအတွက် တောရွာလေးတစ်ခုကို ခဏပြောင်းလာတဲ့ လင်မယားနှစ်ယောက် ဆရာဝန်အကြံပေးတဲ့အတိုင်းပြောင်းရွေ့လာခဲ့ကြပါတယ်။ အိမ်နီးချင်းဘေးအိမ်ဆိုလို့လဲ တစ်အိမ်ထဲရှိပါတယ်။ ဒါပေမဲ့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်က သိပ်မမူမမှန်ဘဲ ယောက်ျားဖြစ်သူက မိန်းမကိုအမြဲတစေ နှိပ်စက်နေတတ်ပါတယ်။ ဒါကို ဘေးအိမ်ကလူက မသင်္ကာတာကြာနေပါပြီ။ နောက်ဆုံး ဘေးအိမ်က အိမ်နီးချင်းက မနေနိုင်တဲ့အဆုံး လင်မယားနှစ်ယောက်အကြောင်းကို စောင့်ကြည့်နေရာမှ လင်မယားနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာဖြစ်မလဲ အိမ်နီးချင်လူကကော ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာကနေဝင်ပြီး ပါဝင်ပတ်သက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 679MB Format… mp4 Duration…. 1h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.2 2022
Aberrance
[18+] The Diary of a Teenage Girl
6.8

မီနီဆို တဲ့ ကာတွန်းရေးဆွဲသူအဖြစ်ဆန္ဒပြင်းပြတဲ့ ၁၅ နှစ်အရွယ်ကောင်မလေးက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုရှိလာတဲ့ အချိန် သူမ အမေရဲ့ ရည်းစားဖြစ်သူနဲ့ပက်သက်မိတဲ့အချိန်မှာတော့ …….. ဒီဇာတ်ကားကတော့ ကာတွန်းရေးဆွဲသူလည်းဖြစ် တဲ့ စာရေးဆရာမ Phoebe Gloeckner ရဲ့ ၂၀၀၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်၊ ကဗျာရော ကာတွန်းရော နှစ်မျိုးစပ်ထားလို့ ထင်ရှားတဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။ အချိန်က ၁၉၇၆ ခုနှစ် ဆန်ဖရန်စစ္စကို ကယ်လဖိုးနီးယားမှာနေထိုင်တဲ့ ၁၅ နှစ်အရွယ် မီနီ ဆိုတဲ့ကောင်မလေးက သူ့ အပျိုစင်ဘဝကို သူမအမေရဲ့ရည်းစားဆီမှာဆုံးရှုံးလိုက်တဲ့ အချိန်မှာတော့ သူမကိုယ်တိုင် ခံစားချက်တွေ, အတွေ့အကြုံတွေ/ ဆယ်ကျော်သက်ကောင်မလေး တယောက်ရဲ့ စိတ်အတက်အကျ တွေ တိတ်ခွေဒိုင်ယာရီ နဲ့ အသံသွင်းပြောပြထားတာကို တင်ဆက်ပြသထားပါတယ် ….. File size…(1.5 GB)/(650 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Comedy • Action
6.8 2015 103 mins
[18+] The Diary of a Teenage Girl
Chilli Chicken
7.2

Chilli Chicken (2024) “ပူစပ်စပ် ဘ၀ခါးခါး” အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို စိတ်၀င်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “Chilli Chicken” ဆိုတာ အိန္ဒိယမှာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်ဟင်းကို ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းနာမည်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကို အဲဒီလို မတူညီတဲ့အရာ‌တွေ ပေါင်းစပ်မှုအဖြစ် တင်စားမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ‌ဇာတ်လမ်းကတော့ ဒေသခံတစ်ယောက်ပိုင်တဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ကြတဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀အဖုံဖုံ၊ နေ့စဉ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို အခြေခံရိုက်ကူးထားတာပါ။ လုပ်သားတွေရဲ့ဘ၀ ခက်ခဲရတဲ့ကြားထဲ သူတို့လုပ်နေတဲ့ဆိုင်ကလည်း အခြေအနေသိပ်ကောင်းလှတာမဟုတ်ပါဘူး။ ရှေ့ဆက်ဖို့ အတော်လေးရုန်းကန်နေရတဲ့ အနေအထားပါ။ အဲဒါကြောင့် အခက်အခဲကြားကနေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အလှည့်အ‌ပြောင်းတွေနဲ့ ဒရာမာဇာတ်လမ်းဆိုပေမဲ့ ဟာသလေးတွေပါ နှောထားတာမို့ ပျင်းစရာမဟုတ်ဘဲ ခပ်မြူးမြူးလေး ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Drama • Romance
7.2 2024
Chilli Chicken
Majhail
6.7

Majhail (2025) “မတ်ဂျိုင်မိသားစုရဲ့ကံကြမ္မာ” ============================ ဒုစရိုက်-အက်ရှင်ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် အခုနှစ်ဆန်းမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်‌ဆက်ပေးပါရစေ။ မာ့ဂ်ျဟာဆိုတဲ့ဒေသမှာ ခေတ်အဆက်ဆက် သမိုင်းကြောင်းကြီးခဲ့တဲ့ မတ်ဂျိုင်မိသားစုဆိုတာ ရှိပါတယ်။ ဟိုးရှေးရှေးက စစ်သည်သူရဲကောင်းတွေထွက်ခဲ့ပြီး အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ကို ဆက်ခံလာတဲ့ မတ်ဂျိုင်မိသားစုဟာ ခုအချိန်ထိ မာ့ဂ်ျဟာ‌ဒေသမှာ ကြီးစိုးဆဲပါ။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့မကင်းဘဲ ထင်တိုင်းကျဲနေတာကြောင့် သူတို့မိသားစုကို ဒေသခံတိုင်းက ကြောက်ရွံ့ရပါတယ်။ အဲဒီမိသားစုရဲ့သားဖြစ်သူဆတ်ဒါကလည်း သူ့အဖေနဲ့မိသားစုအရှိန်အဝါကြောင့် ဆိုးသွမ်းနေတဲ့ ဆေးသမားတစ်ယောက်ပါ။ ကိုယ်တိုင်ကအသုံးမကျဘဲ အဖေဖြစ်သူရဲ့လူယုံတော် ဘာ့သ်ကိုလည်း သူ့နေရာလုထားတယ်ဆိုပြီး မကြည်ပါဘူး။ တစ်နေ့တော့ အဲဒီလိုမတ်ဂျိုင်မိသားစုကြီးစိုးထားတဲ့ နေရာကို ဘာစန့်ဆိုတဲ့ ခပ်ချောချောရဲအရာရှိမလေး ပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာပါတယ်။ ဘာစန့်ကလည်း ချောချောလှလှမိန်းမငယ်တစ်ယောက်ဖြစ်ပေမဲ့ ခေသူတော့မဟုတ်ပါဘူး။ ၀န်ကြီးရဲ့တူကို ဘာကိုမှအမှုမထားဘဲ အပြစ်ပေးမိရာကစလို့ ခုလို ကြမ်းတမ်းတဲ့ဒေသဆီ ပြောင်းရွှေ့ခံလိုက်ရသူပါ။ အဲဒီလိုနဲ့ မတ်ဂျိုင်မိသားစုနဲ့ ဒုစရိုက်လောကအရှုပ်အထွေးတွေကြားမှာ ဘာစန့်တစ်ယောက် ဘယ်လိုပါ၀င်လာမလဲ၊ လူယုံတော်ဘာ့သ်ရဲ့စရိုက်မှန်ကရော ဘာဖြစ်မလဲ၊ ဆတ်ဒါက ဘယ်လိုတွေမွှေဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~Star~Zwe Yan~ToMo ပါ။)

Romance • Drama
6.7 2025 160 mins
Majhail
Return to Office
6.7

Return to Office (2025) IMDb Rating (6.7) ဒီဇာတ်လမ်းကတော့ Hallmark movie တွေရဲ့ ထုံးစံအတိုင်း ချစ်စရာကောင်းတဲ့ ဇာတ်အိမ်တွေနဲ့ rom-com ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ Tom နဲ့ Liv တိုက ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့ အလုပ်လုပ်တဲ့ ရက်တွေမတူကြဘူး။ Liv က တနင်္လာနေ့မှာ ရုံးကိုလာပြီး Tom က အင်္ဂါနေ့မှာ လာရတဲ့ ဝန်ထမ်းဖြစ်တယ်။ ဒါကြောင့် သူတိုနှစ်ယောက်က အလုပ်ခုံ တစ်ခုံတည်းထိုင်နေပေမဲ့ အပြင်မှာမတွေ့ဖူးကြဘဲ အချင်းချင်း မှတ်စုစာလေးတွေ ချန်ထားရင်း စကားပြောဆက်သွယ်ကြတယ်။ သူတိုနှစ်ယောက်ရဲ့ သရုပ်မှန်ကို ထုတ်မပြောဘဲ Ms Monday နဲ့ Mr Tuesday ဆိုပြီး လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ စာပိုနေကြရင်း ကြာလာတော့ အချင်းချင်းအပေါ် ခံစားချက်တွေပေါက်ဖွားလာပြီး လူချင်းတွေ့ချင်လာကြတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:24:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Comedy • Drama
6.7 2025 84 mins
Return to Office
First Snow
6.2

First Snow က 2006 ခုနှစ်က ရိုက်ကူးခဲ့တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ်ပညာဆန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ Guy Pearce ရဲ့ အထူးချွန်ဆုံး သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး ကံကြမ္မာနဲ့ လူသားရဲ့ ရွေးချယ်မှုတွေအကြောင်း စဉ်းစားဖို့ ဖိတ်ခေါ်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ရရှိခဲ့တဲ့ ဆုများ – Sitges Film Festival 2006 – Official Fantastic Selection – Fangoria Chainsaw Awards – Best Actor (Guy Pearce) အတွက် ဆန်ကာတင်စာရင်းဝင် သရုပ်ဆောင်များ – Guy Pearce (Jimmy Starks အဖြစ်) – Piper Perabo (Deirdre အဖြစ်) – William Fichtner (နိမိတ်ဖတ်အကြားမြင်ဆရာအဖြစ်) – J.K. Simmons (Vincent အဖြစ်) ဇာတ်လမ်းအကျဉ်း ++++++++++++ Jimmy Starks (Guy Pearce) ဆိုတဲ့လူဟာ ကားပျက်တဲ့အချိန်မှာ လမ်းဘေး အကြားမြင်ဆရာတစ်ယောက်ဆီ သွားမိပါတယ်။ အဲဒီမှာ “ပထမဆုံးနှင်းကျပြီးတဲ့အခါ မင်းသေလိမ့်မယ်” ဆိုတဲ့ ကြောက်စရာကောင်းတဲ့ ဟောကိန်းကို ကြားလိုက်ရပါတယ်။ ဒီအချိန်ကစပြီး Jimmy ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ သူဟာ ဒီဟောကိန်းကို မှန်မမှန်စမ်းသပ်ရင်း သူ့အတိတ်က အမှားတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ First Snow ဟ ကြည့်ပြီးရင် စဉ်းစားစရာတွေ များများစားစားကျန်ခဲ့စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကံကြမ္မာဆိုတာ တကယ်ရှိလား၊ လူတွေရဲ့ ရွေးချယ်မှုတွေက ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ ဆိုတာတွေကို ဇာတ်ကားကြည့်ရင်းနဲ့ တွေးမိလာပါလိမ့်မယ်။ Jimmy ရဲ့ဘဝက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ ❄️ File size… (1.27 GB) / (672 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 41m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Comedy • Romance
6.2 2006 101 mins
First Snow
A Civil Action

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ဥပဒေနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်…1998 ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ အော်စကာဆုနှစ်ခုအတွက် nomination ဝင်ခဲ့ပါတယ်….အဓိကဇာတ်ဆောင်တွေအနေနဲ့ Pulp Fiction နဲ့နာမည်ကြီးတဲ့မင်းသားကြီး John Travolta နဲ့မင်းသားကြီး Robert Duvell တို့ပါဝင်ပါတယ် ဇာတ်လမ်းကတော့ ဂျန်ရှလစ်မန်းဟာအောင်မြင်တဲ့၊အလျှော့မပေးတတ်တဲ့ရှေ့နေတစ်ဦးပါ….သူဟာသူတရားစွဲတဲ့ကုမ္ပဏီတွေကိုငွေပေးပြီးကျေအေးချင်လာအောင်ဖိအားပေးပြီးတော့ အနိုင်ရအောင်ယူတတ်သူပါ….ဒီတော့ သူတို့ရှေ့နေလုပ်ငန်းဆီကိုအန်းအန်ဒါဆန်ဆိုတဲ့မိန်းမကအမှုအပ်လာပါတယ်….အမှုကတော့အန်းအန်ဒါဆန်ရဲ့သားအပါအဝင် Woburn ဆိုတဲ့မြို့ငယ်လေးက ကလေးတော်တော်များများဟာသွေးကင်ဆာရောဂါကိုခံစားနေရပြီးတော့ အန်းအန်ဒါဆန်တို့ကသူတို့မြို့ရဲ့သောက်သုံးရေကြောင့်လို့ထင်လို့ပါ…. သောက်သုံးရေဟာစက်ရုံတွေကထုတ်တဲ့ဓာတုပစ္စည်းတွေနဲ့ညစ်ညမ်းနေခဲ့လို့ စက်ရုံတွေကိုတရားစွဲချင်တာပါ…..အစကတော့အကျိုးရှိမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့ ဂျန်ရှလစ်မန်းတစ်ယောက် စည်းကမ်းမရှိလုပ်ကိုင်နေတဲ့စက်ရုံတွေကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ အမှုကိုလက်ခံလိုက်ပါတယ်….ဒီလိုနဲ့ဂျန်ရှလစ်မန်းက Beatrice ကုမ္ပဏီနဲ့ W. R. Grace ကုမ္ပဏီတို့ကိုတရားစွဲပါတော့တယ်….ထိုအခါသက်သေပြဖို့ကလည်းခဲယဉ်းပြီးတော့ အမှုကြာလေလေငွေကုန်ကြေးကျများလေလေဖြစ်လာတဲ့အခါမှတော့…ဂျန်ရှလစ်မန်းတစ်ယောက်အမှုကိုအနိုင်ရရှိသွားမလားဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(1.4 GB)/(788 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

Family • Fantasy
0 1998
A Civil Action