YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

dexter.s01e05.1080p.(CM).mp4

1.65 GB N/A video/mp4 998 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dead Man's Shoes
7.1

Old but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။ နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.63 GB) / (1.05 GB) / (569 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Horror Translator.......San Thu Aung Encoder..........SWM

Drama • Fantasy • Horror
7.1 2004 90 mins
Dead Man's Shoes
The Teacher's Diary
7.7

အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ "ဖူးစာ"ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ "ဖူးစာ" ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher's Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။ Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း Song ကိုအရမ်းတွေ့ချင်လာပြန်တယ်။ ရိုးရှင်းလွန်းတဲ့ဇာတ်ကြောင်းကိုမကြည့်ကြည့်ချင်လာအောင်ဆွဲဆောင်သွားတာက ဇာတ်ညွှန်းနဲ့ ဓါတ်ပုံပညာ(Cinematography)။အဓိကဇာတ်ကောင်နှစ်ယောက်ဟာအချိန်ကာလကွာခြားချက်ကြောင့်မတွေ့မဆုံနိုင်ကြပေမယ့် သူတို့ခံစားချက်နဲ့စိတ်စေတနာတွေကြောင့်သူတို့ကိုအမြန်ဆုံစေချင်တဲ့စိတ်ဖြစ်စေလာတဲ့အထိဇာတ်ညွှန်းဟာ smooth ဖြစ်လွန်းခဲ့တာ။ Cinematographer ရဲ့ဆရာကျမှုက ရေပေါ်ကျောင်းနဲ့အဲ့ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်တော့သွားကြည့်ချင်မိစိတ်ကိုဖြစ်စေပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ဆူဆူလောင်လောင်အသံတွေ၊ ကျောင်းဆရာပေါက်စလေးနှစ်ယောက်ရဲ့ကမောက်ကမနိုင်မှုတွေကိုအနောက်ကနေ တီးလုံးသံပါးပါးလေးနဲ့ပံ့ပိုးထားပါသေးတယ်။အနုပညာအရအောင်မြင်မှုအနေနဲ့ ထိုင်းအမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ အပေါ်ကချီးကျူးထားတဲ့ Cinematography နဲ့ နောက်ခံတေးဂီတဆုအပြင် Art Direction,Original song နဲ့ တည်းဖြတ်ဆုဆိုပြီး ၅ ဆုတောင်သိမ်းပိုက်ခဲ့တယ်။ သြဇာသီးမရောင်းတဲ့ဆရာ နဲ့ကျောင်းသားကြားက ၅၂၈ မေတ္တာကိုအခြေခံထားပြီး ကြည်နူးလို့မျက်ရည်ကျတဲ့ခံစားချက်ကိုသဘောကျရင်တော့ Teacher's Diary ဆိုတဲ့ထိုင်းကားလေးကိုကြည့်ပါ။ဒီဇာတ်ကားလေးမှာ ပညာရေးဆိုတာ အမှတ်တွေအဆင့်တွေဆိုတာထက်ကိုယ့်အနီးအနားကအရာတွေဆီကနေ သင်ယူလေ့လာကာ ကိုယ်နားလည်ခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာမျိုးကိုပါ ပါးပါးလေးပြသွားခဲ့တယ်။ အတိအကျပြောနိုင်တာက အချစ်နဲ့ဘဝအဓိပ္ပါယ်အချို့ကိုပုံဖော်ထားတဲ့ Teacher's Diary ကိုပထမအကြိမ် ကြည့်ပြီးသွားတဲ့အခါ သေချာပေါက်နောက်တစ်ခေါက်ထပ်ကြည့်ချင်စိတ်ဖြစ်လာမှာပါ...။ IMDB - 7.9 (ရုပ်ရှင်အညွှန်းကို Ko Aung Myo Naing FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်တင်ဆက်ထားသူကတော့ မယွန်းစန္ဒီ(Meoww Meoww)ဖြစ်ပါတယ်။) File size…(1.2 GB) / (900 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Meoww Meoww

Action • Crime • Drama • Thriller
7.7 2014 109 mins
The Teacher's Diary
American Animals
6.8

ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာက အတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ် ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့ အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ် IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူး အကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်က တကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါ ဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ် ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာ သန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါ သူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေက သူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲ အတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်က ပြန်ပြောပြထားပါတယ်.... ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှ မကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲ ဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံး ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။

Crime • Drama • Thriller
6.8 2018 117 mins
American Animals
Don’t Knock Twice
5.1

Don’t Knock Twice (2016) ဇာတ်ကားနာမည်ကိုက Don’t Knock Twice ..ဒီတံခါးကို နှစ်ခါခေါက်လိုက်မိတာနဲ့ သူမကမင်းတို့နောက်ကို တောက်လျှောက်လိုက်လာလိမ့်မယ် တစ်ခါခေါက်ရင် သူမအိပ်ရာကနိုးထဖို့ နှိုးတာဖြစ်ပြီး နှစ်ခါခေါက်ရင်တော့ သေခြင်းကနှိုးလိုက်တာပဲ … Horror ကြိုက်ကြည့်ရှူသူတွေအတွက် Old But Gold သရဲဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် IMDb 5.1 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ ကြောက်စရာလည်းကောင်းသလို မိဘမေတ္တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်… ဂျက်စ်ဆိုတာကတော့ ကျန်းမာရေးမကောင်းလို့ သမီးဖြစ်သူခလိုဝီကိုမိဘမဲ့ဂေဟာပို့ထားရတဲ့ မိခင်တစ်ယောက်.. သမီးကိုပြန်ခေါ်ဖို့ကြိုးစားပေမယ့် တားဆီးနေသူတွေကြောင့် ၉နှစ်လောက်အဆက်အသွယ်ပြတ်သွားခဲ့သူ။ ခလိုဝီကတော့ လိုအပ်ချိန်မှာရှိမနေခဲ့တဲ့အတွက် မိခင်ဖြစ်သူကိုနာကျည်းရင်းနေ့ရက်တွေကိုဖြတ်သန်းခဲ့ရသူပါ ဒီလိုနဲ့တစ်နေ့ မြို့စွန်ကအိမ်ပျက်ကြီးကို ခလိုဝီနဲ့ သူငယ်ချင်းဖြစ်သူဒန်နီတို့ သွားကြည့်ကြရင်း လူငယ်သဘာဝစူးစမ်းချင်တာကြောင့် တံခါးကိုနှစ်ခါခေါက်လိုက်မိတယ် အစပိုင်းမှာတော့ ကိစ္စတွေက အဆင်ပြေပြေရှိနေပေမယ့် သူတို့အိမ်ပြန်ရောက်ပြီးချိန်မှာတော့ ကြောက်မက်ဖွယ်ခြောက်လှန့်မှုတွေနဲ့ မိတ်ဆက်ခဲ့ရတာကြောင့် မိခင်အိမ်ကိုအားကိုးတကြီးသွားပြီး အကူအညီတောင်းခဲ့ပေမယ့် ခြောက်လှန့်မှုတွေကရပ်တန့်မသွားဘဲ ပိုဆိုးလာတဲ့အခါ… သူမမိခင်က သူမကိုဘယ်လိုကယ်တင်မလဲ ဒီခြောက်လှန့်မှုတွေကနေ သူမတို့လွတ်မြောက်ကြမှာလားဆိုတာ အသည်းယားစရာခြောက်လှန့်မှုတွေကြားထဲ စီးမြောလိုက်ကြပါဦးရှင်

Drama
5.1 2016 93 mins
Don’t Knock Twice
The Taste of Tea
7.6

Taste of Tea (2004) IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။ သူတို့ရဲ့သားဖြစ်သူ “ဟာဂျိမဲ”ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။ သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Horror • Mystery • Thriller
7.6 2004
The Taste of Tea
The War Below
7

The War Below(2020) ******************** World war 1 ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့် 1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့ အင်္ဂလိပ်တို့တိုက်နေရချိန်ပါ… ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ.. လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့ အဂ်လိပ်တို့ရဲ့အခြေအနေပါ.. ဘာလင်ကိုသိမ်းဖို့ ဝေးစွ ….ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက် အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်.. ဒါကြောင့် British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် .. အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကို မြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ .. သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ .. ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီ နဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာ သူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…. File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

7 2020
The War Below
The Believer
7.1

The Believer (2001) ~ IMDb – 7.1/10, Rotten Tomatoes – 82% ~ ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။ အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။ ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။ ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.1 2001 98 mins
The Believer
Third Suspect
5.9

CM ချစ်ပရိသတ်တို့အတွက် တရုတ် မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ဘယ်သူမှန်းမသိတဲ့ အလောင်းပေါ်လာခဲ့တယ်… ဒါပေမယ့်လည်း အလောင်းတွေ့တဲ့နေရာက အခင်းနေရာမဟုတ်ဘဲ အလောင်းပစ်တဲ့နေရာဖြစ်နေခဲ့တယ်… ဒီလိုနဲ့ ရဲတွေ အမှုစစ်ဆေးတဲ့အခါမှာ သဲလွန်စ ပျောက်နေတာပေါ့… ဒီအန်အေစစ်ဆေးချက်တွေကြောင့်သာ သေဆုံးသူကို သိနိုင်ခဲ့ပေမယ့်လည်း… ဘယ်သူသတ်တယ်ဆိုတဲ့ ကွင်းဆက်က ပျောက်နေပြန်တယ်… ဒီလိုနဲ့ သေဆုံးသာက ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြန်တာမို့ သူ့ကို သတ်ချင်သူကများတာနဲ့ သံသယရှိသူလည်း များလာတာကြောင့် ရဲတပ်ဖွဲ့လည်း အတော်လေး ခေါင်းကိုက်ခဲ့ရပါတယ်… သံသယရှိသူတွေကတော့ ကွက်ကျော်အရိုက်ခံခဲ့ရတဲ့ ပြိုင်ဖက်ကုမ္ပဏီပိုင်ရှင်ရယ် အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ သူ့ဇနီးသည် တစ်ရွာလုံးကို ဂျင်းထည့်ခဲ့တာကြောင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်နေတဲ့ ရွာကလူမိုက်ကြီးရယ် ဘာကြောင့်မှန်းမသိ သူ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သူ့ဇနီးရဲ့ ညီမရယ် ကဲ ဒီလေးယောက်မှာ ဘယ်သူက တရားခံအစစ်လဲဆိုတာကတေ ာ့ CM ရဲ့ မှုခင်းကားတွေကို မပြတ်ကြည့်နေတဲ့ စုံထောက်လေးတွေကိုပဲ အဖြေဖော်ထုတ်လိုက်ကြပါတော့

Animation • Adventure • Fantasy
5.9 2024
Third Suspect
My Life Without Me
7.4

ဘဝမှာ နေရတော့မဲ့ အချိန်သိပ်မကျန်တော့ဘူးဆိုရင် ဘာလုပ်ကြမလဲ။ ဒီမေးခွန်းက ဖြေရခက်ပါတယ်။ လုပ်ချင်တာတွေများပြီး အချိန်မကျန်တော့ရင်… အန်းဆိုတဲ့ အမျိုးသမီးဟာ သမီးနှစ်ယောက်အမေပါ။ အလုပ်ကိုအရမ်းကြိုးစားပြီး တစ်နေ့ နေမကောင်းဖြစ်လို့ ဆေးရုံသွားပြရာမှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ကျန်ရှိတဲ့ အချိန်နှစ်လမှာ ထားခဲ့ရမယ့် သူတွေအတွက် အစီအစဥ်တွေ တိတ်တဆိတ် ပြင်ဆင်ပါတော့တယ်။ မိသားစုကို မပြောပြဖို့ ဆရာဝန်ကိုလဲ မှာထားပါသေးတယ်။ ကျန်ရစ်ခဲ့မယ့်သူတွေ အတွက် သတင်းစကားတွေ အသံသွင်းရင်း လက်ကျန်အချိန်ကို အစီအစဥ်တကျ ဖြစ်အောင်ပြင်ဆင်သွားခဲ့ပါတယ် File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bommer

Animation • Fantasy • Family
7.4 2003 106 mins
My Life Without Me
Chalti Rahe Zindagi

Chalti Rahe Zindagi (2024) “ဘ၀အဖုံဖုံ” လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကို ဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ ၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲက လင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။ မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်း ကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Comedy • Horror
0 2024
Chalti Rahe Zindagi
It’s for Your Own Good / Es Por Su Bein

ပေါ့ပေါ့ပါးပါး မက္ကဆီကန်/စပိန် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် သက်လတ်ပိုင်းအရွယ် ယောင်းမသုံးယောက် Clara, Matis နဲ့ Nena တို့မှာ တူညီတဲ့အချက်ကတော့ တစ်ဦးတည်းသော သားတစ်ယောက်စီ ကိုယ်စီပိုင်ဆိုင်ကြတာပါပဲ Clara ရဲ့ သားဖြစ်သူဟာ မဟုတ်မခံတဲ့ အမျိုးသမီးဝါဒီ feminist ကောင်မလေးနဲ့ တွဲတာကို အမေဖြစ်သူ Clara က တစ်စက်လေးမှ သဘောမကျပါဘူး Matis ရဲ့ သားဖြစ်သူကလည်း အသက်ပိုကြီးတဲ့ တစ်ခုလပ်မိခင်တစ်ယောက်နဲ့ တွဲနေတာဖြစ်ပြီး Nena ရဲ့ ဆယ်ကျော်သက် သားလေးကတော့ သူ့ရည်းစားကောင်မလေးကို အိမ်ခေါ်ပြီး လူလစ်တိုင်း တဂျိန်းဂျိန်းလုပ်နေတာ ဖြစ်ပါတယ် ဒါကြောင့် အမေသုံးယောက်သား တိုင်ပင်ပြီး သားတွေရဲ့ ကောင်မလေးတွေနဲ့ ဝေးအောင်လို့အစွမ်းကုန်ကြိုးစားကြရာမှာတော့ … File size…(1.8 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
It’s for Your Own Good / Es Por Su Bein
The Platform 2
6.2

The Platform 2 (2024) 2019 ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင် The Platform ရဲ့ အဆက် ဒုတိယရုပ်ရှင် ထွက်လာပါပြီ။ အဆက်ထွက်တဲ့ ရုပ်ရှင်တွေဟာ ပေါသွားတတ်တယ်ဆိုပေမဲ့ ဒီတစ်ခါမှာတော့ ပထမရုပ်ရှင်ကို ပိုပြီး ပြီးပြည့်စုံစေတဲ့ ဇာတ်လမ်းအနေနဲ့ထွက်ရှိလာပါပြီ။ ပထမကားဒါရိုက်တာဖြစ်တဲ့ Galder Gaztelu-Urrutia ပဲ ရိုက်ကူးထားတာပါ။ ဒုတိယကားဆိုပေမဲ့ Trimagasi နဲ့ Goreng တို့ရဲ့စကားအရ ပလက်ဖောင်း-၁ (၂၀၁၉) မစခင် ရှေ့နှစ်ပိုင်းကာလကို ရိုက်ကူးထားတယ်လို့ ယူဆရပါတယ်။ ဇာတ်လမ်းအကျဉ်း (၁ ရော ၂ ရော မကြည့်ရသေးတဲ့သူတွေ ဖတ်ဖို့ပါ) ဇာတ်လမ်းရဲ့ သဘောတရားကတော့ ထောင်တစ်ခုရှိတယ်။ ထောင်ထဲမှာ အကျဉ်းခန်းတွေကို တစ်ထပ်တစ်ခန်းဆီ မျှော်စင်ကြီးလိုတည်ဆောက်ထားတယ်။ နေ့တိုင်း အဲဒီ အထပ်တွေကို အပေါ်ဆုံးကနေ အောက်ဆုံးအထိ စားစရာတွေပါတဲ့ ပလက်ဖောင်းဆိုတဲ့ အခင်းပြားကြီးကို ချပေးတယ်။ တစ်ထပ်မှာ စားသောက်ချိန် မိနစ်ပိုင်းပဲရပြီး စားစရာတွေကို သိမ်းထားခွင့်လည်းမရှိဘူး။ ဒီတော့ အပေါ်ဆုံးကလူတွေက စားချင်တာတွေကို အားရပါးရစားတယ်။ အောက်ရောက်လေလေ ရွံစရာအကြွင်းအကျန်တွေပဲ ရှိလေလေပဲ။ အောက်ဆုံးထပ်ကလူတွေဆိုရင် ငတ်မွတ်ပြီး အချင်းချင်းပါ သတ်စားရတဲ့အခြေအနေဖြစ်လာတယ်။ ဒါပေမဲ့ ဒါက တသမတ်တည်းမဟုတ်ဘူး။ တစ်လကို တစ်ခါ အကျဉ်းသားတွေကို မေ့ဆေးပေးပြီး အထပ်တွေကို ကျပမ်းပြန်လဲပစ်တဲ့အတွက်၊ အပေါ်ဆုံးရောက်တဲ့လူတွေက အောက်ကလူတွေကို တဖန် အကျင့်ပြန်ယုတ်ပြီး သံသရာလည်နေတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီသံသရာကို ချိုးဖျက်ပြီး လူတွေအားလုံး တန်းတူစားနိုင်ဖို့ ကြိုးစားတဲ့လူတစ်ယောက်အကြောင်းနဲ့ လူတွေရဲ့ စိတ်ရိုင်းနဲ့ စရိုက်တွေကို ဖော်ပြထားတဲ့ ရုပ်ရှင်ကို ကြည့်ရမှာပါ။ ဒုတိယရုပ်ရှင်ကတော့ အဲဒီ ပထမဇာတ်လမ်းရဲ့ နောက်ဆက်တွဲတွေကို ရိုက်ကူးပြထားတာပါ။ The Platform 2 ဇာတ်လမ်းအကျဉ်း (၁ ကြည့်ပြီးသူများသာ ဖတ်ပါ) ဒီရုပ်ရှင်က ပထမဆုံး ရုပ်ရှင်ကို ဘာလို့ ပြီးပြည့်စုံသလဲဆိုရင် ပထမရုပ်ရှင်ကို ကြည့်ခဲ့တဲ့လူအားလုံးရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေပေးလို့ပါပဲ။ လူတွေအကုန် မျှမျှတတစားကြမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာပေါ့။ ဒုတိယရုပ်ရှင်မှာတော့ ပထမဆုံးရုပ်ရှင်ရဲ့ မင်းသား ကြိုးစားခဲ့သလိုပဲ မျှတစွာစားသုံးရေး နည်းလမ်းကို ယုံကြည်သူတွေ ရှိနေပါတယ်။ သူတို့ကိုယ်သူတို့ သစ္စာရှင်တွေလို့ ခေါ်ကြတယ်။ အဲဒီလူတွေက ဒီနည်းလမ်းကို စပြီးဖော်ဆောင်ခဲ့တဲ့ ပရောဟိတ်ကို ဘုရားလို ကိုးကွယ်ပြီး ထောင်တစ်ခုလုံးကို ဥပဒေထုတ်ထားပါတယ်။ ကိုယ်မှာခဲ့တဲ့ အစားအစာပဲ စားရမယ်။ သူများဟာကိုမစားရဘူး။ သေသွားတဲ့လူဟာကိုတောင် မစားရဘူးစသဖြင့်ပေါ့။ စည်းကမ်းဖောက်တဲ့လူရှိရင်လည်း အပေါ်ထပ်တွေကနေ လူစုပြီး လာသတ်ကြတယ်။ ထောင်တစ်ခုလုံးကို တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ကြိုးစားတယ်။ အဲဒီတော့ ထိန်းချုပ်မှုထဲမှာ ပါလာတဲ့ မတရားတာတွေ အစွန်းရောက်တာတွေကို မခံနိုင်တဲ့လူတွေက အရင်အတိုင်း နိုင်ရာစားအခြေအနေကို ပြန်သွားနိုင်ဖို့ တော်လှန်ကြပြန်တယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာပေါ်က နိုင်ငံရေးသဘောတရားမျိုးစုံ အားပြိုင်နေပုံနဲ့ ဘယ်သဘောတရားမဆို အစွန်းရောက်နေသရွေ့ လူဆိုတဲ့အမျိုးရဲ့ မကောင်းတဲ့သဘာဝတွေပါနေသရွေ့ ချို့ယွင်းချက်တွေရှိနေမှာပဲဆိုတာ မီးမောင်းထိုးပြထားသလိုပါပဲ။ (အားလုံးသေမှအေးမယ်) ပြီးတော့ ပလက်ဖောင်းထောင်ဟာ အဖြေမရှိတဲ့ ငရဲတွင်းတစ်ခုလိုပဲဆိုတာကို မြင်ရမှာပါ။ အဲဒီထက်ပိုပြီး မသိမသာ မက်ဆေ့ပေးချင်တာကတော့ အထပ်အရေအတွက်နဲ့ လူအရေအတွက်ပါပဲ။ ၃၃၃ ထပ်မှာ ၂ ယောက်စီ နေတာကြောင့် စုစုပေါင်း အကျဉ်းသား ၆၆၆ ယောက်ရှိပါတယ်။ ဒါဟာ ငရဲကို ကိုယ်စားပြုတဲ့နံပါတ်ပါပဲ။ ကျန်တဲ့မက်ဆေ့တွေကတော့ ကိုယ့်အတွေးနဲ့ကိုယ်တွေးရင် ဆက်ကြည့်လို့ရတာမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB, 655MB Quality – 1080p HEVC, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 39Min Genre – Horror, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.2 2024 101 mins
The Platform 2
Sumotherhood
4.6

Sumotherhood (2023) IMDb Rating (4.6) / Rotten Tomatoes (42%) အူတက်အောင်ရယ်ရမယ့် လန်ဒန်က ဂိုဏ်းစတားဟာသကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ရီကို နဲ့ ကိန်း ဆိုတဲ့သူငယ်ချင်း၂ယောက်ဟာ လမ်းဘေးမှာကြုံရာကျပန်းဂိုဏ်းစတားအလုပ်တွေလုပ်ကိုင်ပါတယ်။ ပင်ကီဆိုတဲ့လူကိုတင်နေတဲ့ အကြွေးတွေပေးနိုင်ဖို့ ဘဏ်ကိုဓားပြတိုက်ရင်း လီယိုဆိုတဲ့ဂိုဏ်းစတားတစ်ဦးကို မတော်တဆသတ်မိရင်း ပြဿနာတွေတက်သွားကြပါတယ်။ ဒီတော့လီယိုရဲ့ ညီ ဂိုဏ်းကလည်းသူတို့၂ယောက်ကိုလိုက်နေကြတာပေ့ါ။ ဒီသတင်းကို ပြိုင်ဘက်ဂိုဏ်းဖြစ်တဲ့ ရှော့တီတို့ကြားသွားရာ သူတို့နဲ့ပူပေါင်းလိုက်ပါတယ်။ ရှော့တီတို့ဂိူဏ်းကိုရောက်သွားတဲ့ သူတို့သူငယ်ချင်း၂ယောက် ပိုက်ဆံရှာရင်း ဘယ်လိုတလွဲလုပ် ဘယ်လိုအကြွေးဆပ်ကြမလဲဆိုတာ ကြည့်ရှုကြပါဦး။ အဆိုတော် Ed Sheeran လဲပါဝင်အားဖြည့်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(1.4 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime Duration….01:38:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan

4.6 2023 97 mins
Sumotherhood
Crispy
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီး Luke Ryan, Saoirse Tiernan, Colson Branum စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့ တောအုပ်ထဲကို ရတနာရှာပုံ‌တော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့ လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်က ဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါ သွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကို သွားကြဖို့ ဖြစ်လာခဲ့ပါတယ်။‌ ‌‌‌‌မွေးရာပါ‌‌ဝေဒနာကိုခံစားနေရပြီး ဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အ‌ကောင် အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲရောက်တော့မှ ‌မြေပုံကအမှန်မဟုတ်တာ သိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေ စတက်ပါတော့တယ်။ တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကို ကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ… ‌‌တောထဲကရော လွတ်မြောက်သွားနိုင်မလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။ File size… (1.25GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Animation • Family • TV Movie • Mystery • Fantasy
5 2024 75 mins
Crispy
Aachari Baa
6.7

Aachari Baa (2025) (အချရီဘွားဘွား) ရိုးရာလုပ်ငန်းဖြစ်တဲ့ အချဉ်ဖောက်လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိတဲ့ ဂျိုင်ရှင်နဗီဟာ တစ်ကိုယ်တည်းထဲလုပ်ကိုင်စားသောက်လျက်ရှိပါတယ်။ သူ့မှာ သားတစ်ယောက်ရှိပေမဲ့ မြို့မှာ အိမ်ထောင်ကျပြီး အဆက်အသွယ်မရဖြစ်နေပါတယ်။ အဲဒီအတွက်နဲ့ သူဟာ သားဖြစ်သူကို ဒေါသထွက်လျက်ရှိပါတယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာ ၁၀နှစ်ကြာပြီးတော့မှ အဆက်အသွယ်ပြန်လုပ်လိုက်တော့လည်း အမေတစ်ယောက်ဖြစ်တဲ့ထုံးစံအတိုင်း သားအသံလေးကိုကြားလိုက်တာနဲ့တင် ပြန်ပြီး စိတ်ဆိုးပြေသွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဂျိုင်ရှင်နဗီဟာ သားဖြစ်သူဆီကို သွားရောက်နေဖို့အတွက် ဖြစ်လာပါတော့တယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာလည်း အကြံနဲ့ အမေကို ခေါ်လိုက်တာဖြစ်ပါတယ်။ သူတို့မိသားစု အပန်းဖြေခရီးထွက်တုန်း အိမ်မှာ အမေဖြစ်သူကို အစောင့်ထားခိုင်းခဲ့ပြီးတော့ အိမ်မှာရှိတဲ့ ခွေးလေး ဂျွန်နီကို ကြည့်ရှုပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သားနဲ့ မြေးကို လွမ်းလို့လာခဲ့တဲ့အမေကို ပစ်ထားခဲ့ပြီး အပန်းပြေခရီးထွက်သွားကာ အိမ်မှာတော့ အမေနဲ့ ခွေးလေး ဂျန်နီကို ထားခဲ့ပါတော့တယ်။ ငယ်ငယ်လေးတုန်းက ခွေးကိုက်ခံရလို့ ခွေးဆိုရင်ကြောက်တတ်တဲ့ ဂျိုင်ရှင်နဗီတစ်ယောက် ခွေးလေးဂျန်နီနဲ့အတူ အိမ်မှာအတူရှိရင်း ဘာတွေဖြစ်ကြမလဲ ….. ဂျိုင်ရှင်နဗီတစ်ယောက် သားဖြစ်သူဆီကနေ သူလွမ်းနေတဲ့ ချစ်ခြင်းတွေရော ရလာပါ့မလား …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym ~ STAR တို့ပဲဖြစ်ပါတယ်)

War • Drama
6.7 2025 99 mins
Aachari Baa