YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

dexter.newblood S01E02 (CM).mp4

501.17 MB N/A video/mp4 5037 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Voir la Mer
5.5

ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။ တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM

Action • Fantasy • Thriller
5.5 2011 91 mins
Voir la Mer
Devotion
7.2

ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်း ရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ ဒီစစ်ကားကတော့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, War Quality…. 1080p | 720p | 480p File size…2.1GB | 1GB | 491MB Format… mp4 Duration…. 2h 19min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder .....Augyst

Horror • Thriller
7.2 2022 139 mins
Devotion
Rudrangi
7

Rudrangi (2023) IMDb-7.4/10 လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။ ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။ တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။ အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက် သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲ သူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီး ရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့ မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။ အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။ အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်) File size…3GB / 1.57GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni~Cherry~Moon

Action & Adventure • Drama • Sci-Fi & Fantasy
7 2023 142 mins
Rudrangi
Noise
4.8

Noise (2023) 2023 ထွက် ဇာတ်ကား အသစ်ကျပ်ချွတ်လေးပါ။ လေးလေးပင်ပင်ကြီး တွေးစရာမလိုသလို အချိန်အကြာကြီး တသသနဲ့ စိတ်ထဲအောင်းနေမယ့်ကားမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဖျော်ဖြေရေးဆန်ဆန်လေး ရုပ်ရှင်ကြည့်ချိန်မှာ ကြည့်လိုက်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်လို့ရတဲ့ ကားမျိုးပါပဲ။ အားလပ်ချိန်ကို အပျင်းပြေရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ Thriller လေးလည်း မဆိုစလောက်ပါတော့ အတန်အသင့် စိတ်ကျနပ်မှုရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Influencer တစ်ယောက်လည်းဖြစ် မွေးကင်းစ လသားအရွယ် ကလေးလေးရဲ့ ဖခင်လည်းဖြစ်တဲ့ ဇာတ်လိုက်ဟာ သူ့မိသားစုကိုခေါ်ပြီး သူကလေးဘဝတုန်းက နေခဲ့တဲ့ သူ့ဖခင်ရဲ့ အိမ်ကြီးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဖခင်ကြီးကတော့ လူအိုရုံမှာ သွားနေပြီဖြစ်ပြီး ဒီအိမ်ကြီးမှာ အခုဆို သားအမိသားအဖ ၃ယောက်ပဲ နေကြတော့မှာပါ။ ဒီလိုနဲ့ တစ်ရက်မှာ ဖခင်ဖြစ်သူရဲ့ အတိတ်ကို တူးဆွဖို့ဖြစ်လာပြီး မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာခဲ့ပါတယ်။ အတိတ်ဘက် ခြေဦးသန်းရင်း လက်ရှိဘဝရဲ့ ဝတ္တရားတွေက ဖယ်ခွာလာတဲ့ ဖခင်ငယ်လေးရဲ့ နေ့စဉ်ဘဝကရော အဆင်ပြေပါ့မလား… အတိတ်ရဲ့ လျှို့ဝှက်ချက်ကကော ဘာများလဲ... ထုံးစံအတိုင်းပါပဲ... ဒါတွေကတော့ ရုပ်ရှင်ထဲပဲ ဆက်လို့ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Thriller
4.8 2023 90 mins
Noise
I’m No Longer Here
7.3

I’m No Longer Here (2019) ~ IMDb – 7.3/10, Rotten Tomatoes – 98% ~ မကြာခဏ မြင်ဖူးမှာပါ… အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့ မက္ကဆီကို။ “ ကျွန်တော်တို့… မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ ” တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ကဖို့ သီချင်းအမျိုးအစားကလည်း သက်သက်ရှိပြီး ဒါကိုပဲ နှစ်ခြိုက်မြတ်နိုးတဲ့ လူတစ်စုဟာလည်း သက်သက်ရှိကြတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကိုနိုင်ငံ၊ မွန်တာရေးမြို့ပေါ်က တာကို (Terkos) လို့ခေါ်တဲ့ လမ်းပေါ် လူငယ်ဂိုဏ်လေးတစ်ခုရှိတယ်ပေါ့။ သူတို့ရဲ့ အဓိက ဇာတ်လိုက်ကတော့ အပေါ်က အကနဲ့ဂီတပါပဲ။ ကမ်ဘီယာ (Cumbia) သာ အက၊ ကမ်ဘီယာသာ ဂီတ၊ ကမ်ဘီယာသာ ဘဝလို့ ယူဆတဲ့ လူငယ်တစ်စုပေါ့။ သူတို့ရဲ့ နေ့ရက်တွေကို အကပွဲတွေ သွားရင်း၊ ပါတီတွေတက်ရင်း ကုန်ဆုံးရင်း သူတို့ယူဆထားတဲ့ ကမ်ဘီယာစတိုင် အဝတ်အစား၊ ဆံပင်ပုံံ စတာတွေကို အချင်းချင်း ကြွားလုံးထုတ် ဂုဏ်ယူရင်း ပျော်ရွှင်ကြတဲ့ သူတွေပေါ့။ တစ်ရက်မှာတော့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ မတော်တဆ သွားငြိမိရာကနေ ၁၇နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အူလိစေးစ်ဟာ သူ့မိသားစုရော သူကိုယ်တိုင်ရော အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိလာတဲ့အတွက် အမေရိကကို ထွက်ပြေးခဲ့ရပါတယ်။ အသားကျဖို့ ကြိုးစားပေမယ့် သူ့ဂိုဏ်းကော သူ့မြတ်နိုးရာ ကမ်ဘီယာယဉ်ကျေးမှုရောနဲ့ အဝေး အမေရိကမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရင်း အိမ်ပြန်နိုင်ဖို့ကိုပဲ တမ်းတရင်းနေရှာသတဲ့။ အမေရိကန်တွေထင်နေသလိုမျိုး အားလုံးက အမေရိကန်အိပ်မက် (American Dream) ရှိကြတာမှမဟုတ်ဘဲ။ ဂိုဏ်းခေါင်းဆောင်လေးရဲ့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အမေရိကန်နေ့စွဲများပေါ့။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာလည်း ဒီကားအတွက် သရုပ်ဆောင်ရွေးတုန်းက ဗီဒီယိုလေးတွေကို Credit Scenes အဖြစ် ထည့်သွင်းပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 895MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.3 2019 112 mins
I’m No Longer Here
Yung Libro sa Napanood Ko

Yung Libro sa Napanood Ko (2023) ဒီကားလေးကတော့ ဖိလစ်ပိုင် အချစ်ဒရမ်မာကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူတာတော့ ကြိုပြောထားချင်ပါတယ်။ မင်းသမီးက ဖိလစ်ပိုင်က ရောင်းအားအကောင်းဆုံး စာရေးဆရာမလေး ဖြစ်ပါတယ်။ သူက Kdrama ဖန်ဖြစ်တာမို့ သူ့ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းကို အခြေခံပြီး ရေးသားထားတဲ့ အခန်းနံပါတ် ၁၉ ဆိုတဲ့ စာအုပ်က တအားနာမည်ကြီးပါတယ်။ အဲ့မှာပဲ ကိုရီးယားက အိုပါးတယောက်က သူ့စာအုပ်ကို ဖတ်ပြီး သူ့ပရိသတ် ဖြစ်သွားပြီး စာအုပ်လက်မှတ်ထိုးပွဲမှာ လာပြီး မင်းသမီးရဲ့ လက်မှတ်လာထိုင်းခိုင်းတာကနေ ဇာတ်လမ်းစတာပါပဲ။ အဲ့မှာ ကိုရီးယားဇာတ်ကား ပရိသတ်မို့ သူ့ဖန်လေးက ကိုရီးယားကို အလည်ခေါ်တော့ စာရေးဆရာမလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ တကယ်က စာရေးဆရာမလေးကလည်း အိုပါးမှာ မေရီဆိုတဲ့ ရည်းစားရှိနေမှန်း စတွေ့ကတည်းက သိခဲ့တာပါ။ အဲ့တော့ စာရေးဆရာမလေးနဲ့ ကင်ချီမြေက သူ့ဖန်လေးတို့ ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲ အိုပါးရဲ့ ရည်းစား မေရီက ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ ဆက်ကြည့်ရှုခံစားလိုက်ပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p File size… 956MB | 500MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hetang Encoder ….. Aaron

0 2023 103 mins
Yung Libro sa Napanood Ko
Monster High 2

Halloween အတွက် 2022က ထွက်ခဲ့တဲ့ Monster High ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့ Monster High 2 ထွက်ရှိလို့လာပါပြီ ဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကလောဒင်းဝုဖ်ဟာ သူမရဲ့ ကျောင်းအသစ်ဖြစ်တဲ့ မွန်းစတားဟိုက်ခ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် အတန်းဖော်တွေဖြစ်တဲ့ ဖကန်ကီစတိန်း၊ ဒရက်ကူလော်ရာတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ကလောဒင်းဝုဖ်ဟာ မွန်းစတားဟိုက်ခ်မှာ မွန်းစတားမျိုးစပ်တွေကို လက်ခံပေးဖို့ရာ ရပ်တည်ခဲ့တာကြောင့် မွန်းစတားဟိုက်ခ်ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Eek Tok မှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါနေသူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာပဲ စံပြကျောင်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ရာလိုင်းစတွိုက်ပ်ဟာ ပြင်သစ်မှာ တစ်နှစ်တာ ကျောင်းသွားတက်ပြီးနောက် မွန်းစတားဟိုက်ခ်ကိုပြန်လာခဲ့ပါတယ်။ စာသင်နှစ်ရဲ့ ကျောင်းသားခေါင်းဆောင် ရွေးချယ်ပွဲမှာ တော်ရာလိုင်းနဲ့ ကလောဒင်းတို့နှစ်ယောက်ဟာ ကျောင်းသားခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ရာ ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းကို အမည်မသိ ခြိမ်းခြောက်မှုတစ်ခုရောက်လာပြီး ဒီခြိမ်းခြောက်မှုဟာ စုန်းတစ်ပိုင်း ဗန်ပိုင်းယားတစ်ပိုင်းဖြစ်တဲ့ ဗန်ပိုင်းယားမင်းသမီး ဒရက်ကူလော်ရာရဲ့ စုန်းအတတ်နဲ့သက်ဆိုင်နေတယ်လို့ တော်ရာလိုင်းတို့အုပ်စုက စွပ်စွဲလာခဲ့တဲ့နောက်မှာတော့… ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲမှာ ဘယ်သူကအနိုင်ရသွားမလဲ၊ ‌ဒရက်ကူလော်ရာအနေနဲ့ရော ဒီခြိမ်းခြောက်မှုနောက်ကွယ်က အဖြစ်မှန်ကိုဖော်ထုတ်ဖို့ရာကို သူငယ်ချင်းတစ်အုပ်နဲ့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို မြူးမြူးကြွကြွ ဇာတ်၀င်တေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Family, Fantasy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Monster High 2
In My End Is My Beginning
5.4

In My End is My Beginning 18+ အညွှန်း အခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက် Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့ Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin) အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ စိတ်ကူးထက်သန်တဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ လက်တွေ့ဆန်ရလောက်အောင် ရေးတတ်ပြီးတော့ ပတ်ဝန်းကျင်ကတောင် ‌မျောပါလောက်အထိ ရေးတတ်ပါတယ်။ သူ့ ဝတ္ထုထဲမှာ‌တာ့ သူ့အနေနဲ့ လက်ရှိမိန်းမဂျောင်းဟာနဲ့ နေရတာ မပျော်ဘဲ နာရူဆိုတဲ့ ကောင်မလေးနဲ့ဖောက်ပြန်ပြီး စိတ်ပျော်အောင် နေတတ်တာပါ။ ဇာတ်လမ်းထဲမှာ မင်းသားမတော်တဆဖြစ်ပြီး သေသွားတဲ့အခါမှာ နာရူလေးက ဂျောင်းဟာအိမ်ကိုရောက်ရှိလာပါတော့တယ်။ အဲမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ မယားကြီးနဲ့ တိတ်တိတ်ပုန်းကောင်မလေးတို့ ဇာတ်လမ်းက ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ ပရိသတ်များကပဲ ဆက်ပြီးကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းထဲမှာ မူစကူဒူးတွေ၊ BDSM တွေ၊ နံပြားရိုက်တာတွေ ပါဝင်တဲ့အတွက် ဘလူးတုစပီကာနဲ့ကြည့်စေချင်ကြောင်း ညွှန်းချင်ပါတယ်)။ အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1GB | 486MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator …..Mr.Kaung Encoder ….. Blank

5.4 2009
In My End Is My Beginning
Sinners and Saints
6.1

လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့ အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လို လူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့ ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီး အဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့ ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်း လောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲ ဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကို အဓိကထားရိုက်ကူးထားတာပါ။ IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေ အတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာ တွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက် ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက် မီးရှို့ထားတဲ့ အမှုနဲ့ကြုံတွေ့လာရပါတော့တယ်။အဲ့ဒီမှာ တခြားရဲဌာနကစုံထောက် ဝေလ်ဂန့်ဇ်ဆိုသူနဲ့ တွေ့ခဲ့ကြပြီး ဒီအမှုကိုအတူတူလိုက်ဖို့ဖြစ်လာပါတော့တယ်။ အမှုကိုလိုက်နေတဲ့ကြားက မီးရှို့ခံထားရတဲ့အလောင်းတွေကို ထပ်တွေ့လာရတဲ့အခါမှာ ဒီအမှုက သွေးရိုးသားရိုးမဟုတ်ဘဲ ဒုစရိုက်အဖွဲ့အစည်းတစ်ခုခုနဲ့သက်ဆိုင်နေမယ် ဆိုတာကို သိခဲ့ရပါတော့တယ်။ပိုထူးဆန်းတာက အဲ့ဒီအမှုကရှောင်ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ ပတ်သတ်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေကိုကြုံတွေ့လာရပြီး လျှို့ဝှက်နက်နဲပြီး သေသပ်တဲ့ဒီအမှုကို စုံထောက်ရှောင်နဲ့ ဝေလ်တို့ ဘယ်လိုအတူဖြေရှင်း ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File size…2.01 GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2010
Sinners and Saints
[18+] Room Service

Room Service (2024) ကာရိုးလ်ဆိုတဲ့ကောင်မလေးဟာ ဟိုတယ်တစ်ခုရဲ့ Room Service အနေနဲ့အလုပ်ဝင်လာပါတယ်။ အလုပ်ဝင်စကတည်းက ဟိုတယ်မှာ ပင်တိုင်တည်းလေ့ရှိတဲ့ ခပ်ချောချောဧည့်သည်ကိုအမြဲစောင့်ကြည့်ချောင်းကြည့်လေ့ရှိသလို နေ့လည်စာစားချိန်မှာ ဖုန်းနဲ့ညစ်ညမ်းကားကြည့်နေတဲ့အတွက် အထက်လူကြီးက သတိပေးတာခံရတဲ့အထိ ဖြစ်ဖူးပါတယ်။ တဖြည်းဖြည်းနဲ့ သူ့စောင့်ကြည့်ခံဧည့်သည်က သူ့ကိုသတိထားမိပြီး အခန်းထဲဖိတ်ခေါ်လာတဲ့အချိန်မှာတော့… မိနစ်လေးဆယ်စာ ဇာတ်လမ်းတိုလေးပါ။ မိနစ်လေးဆယ်နဲ့မမျှအောင်ရှယ်ကြမ်းပြထားပါတယ်။ အရင်ဇာတ်ကားတွေမှာ တစ်ခန်းစနှစ်ခန်းစပါခဲ့ဖူးရုံ မင်းသမီးသစ်လေးတွေကို မိတ်ဆက်ထားတဲ့ကားပါ။ Vivamax အနေနဲ့ဒီနှစ်မှာ မင်းသမီးသစ်တွေအများကြီး စာချုပ်ချုပ်ထားတဲ့အတွက် နောက်ကားတွေမှာ အသစ်အသစ်တွေ အများကြီးထပ်မြင်လာရဖို့ရှိပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1GB Quality – 1080p Format – mp4 Duration – 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Fantasy • Action • Comedy
0 2024
[18+] Room Service
I, Daniel Blake

ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီး ဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။ လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနက အလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့် ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲ အွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေး ကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ? အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကို မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ ကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size… 1.7 GB / 710 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo

Documentary
0 2016 100 mins
I, Daniel Blake
The Nightmare
5.7

The Nightmare (2015) ================== တီနာဟာ ဘားသွား၊ကလပ်တက်၊ဆေးချ၊ဘီယာသောက်၊ပါတီကဲ ဘက်စုံတော်တဲ့ကောင်မလေးပါ။ ကျောင်းသူဘဝကို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သူ့နည်းသူ့ဟန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ ပါတယ်။ အဲဒီနေ့မတိုင်ခင်ထိပေါ့…။ တစ်နေ့ကျ ရေကူးကန်ပါတီတစ်ခုကအပြန် ကားတစ်စီးဝင်ကြုံးတာ ခံလိုက်ရပြီး အဲဒီအချိန်ကစလို့ သူ့ဘဝကြီးပြောင်းလဲခဲ့တော့တာပါပဲ။ ခြေကျိုးလက်ကျိုးဒုက္ခိတဖြစ်တယ်လို့မထင်လိုက်ပါနဲ့။ သူနဲ့ စိတ်ချင်း ဆက်သလိုဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို မြင်မြင်နေရတာပါ။ အဲဒီ သတ္တဝါနာရင် သူပါနာတယ်၊ အဲဒီသတ္တဝါသွေးထွက်ရင် သူပါလိုက်ပြီး သွေးထွက်တယ်။ အဲဒီသတ္တဝါကို တခြားလူတွေကလည်းမမြင်ရတော့ သူ့ရဲ့ပြောင်းလဲ လာတဲ့ရူးကြောင်ကြောင် အပြုအမူတွေကြောင့် စိတ်ကျန်းမာရေး ဆေးရုံကိုပါ ပို့ခံထိတော့မလိုပါ။ တီနာတစ်ယောက် အဲဒီထူးဆန်းတဲ့ သတ္တဝါနဲ့ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။ (ပါဝင်သောဇာတ်ဝင်ခန်းတချို့ကြောင့်ကလေးသူငယ်များကြည့်ရှုရန်မသင့်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.56 GB) / (557 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Horror Translator…….Ngwe Zin Encoder……….SWM

5.7 2015 90 mins
The Nightmare
From Hilde with Love In Liebe, Eure Hilde
7

From Hilde with Love (2024) IMDb Rating (7.0) / Rotten Tomatoes (80%) ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီဝါဒဟာ သူ့လူမျိုးအတွက် ဦးတည်လို့ ဘယ်လိုပဲဆိုဆို နာဇီဝါဒကို ဂျာမန်ပြည်တွင်းထဲမှာပဲ လက်ခံသူတွေရှိခဲ့သလို လက်မခံသူတွေလည်း ရှိခဲ့တယ်။ ဒီကာလက ဝါဒရေးရာတွေ အမြင်က ရှင်းမယောင်နဲ့ အသေးစိတ်ကြည့်ရင် တော်တော်ရှုပ်ထွေးတာတော့ အားလုံးသိပြီးကြသလိုပါပဲ။ အာရင်ဘတ်စာတွေထဲကလိုပဲ စစ်ပွဲကာလနဲ့ လူ့အမြင်တွေ လူသားဆန်မှုတွေက ရှင်းမရတဲ့ချည်ခင်တွေလိုပါပဲ။ ဒီဇာတ်လမ်းကတော့ အဲဒီလိုဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်ကတော့ Hildeဆိုတဲ့ ဂျာမန်မလေးအကြောင်းပါ။ သူက ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီဝါဒါကိုဆန့်ကျင်ပြီး ကွန်မြူနစ်ဝါဒကို အားပေးပြီး ရုရှတွေနဲ့ ဆက်သွယ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့သူပါပဲ။ ၁၉၄၂ နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေတုန်း ဂတ်စတာပိုတွေဖမ်းခေါ်သွားတာခံခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမွေးခဲ့ပြီး ၁၉၄၃နှစ်ကုန်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ ကွပ်မျက်မခံရရင် ဒီသနားစရာ မိန်းကလေးက ဟစ်တာလာဆီ အသနားခံစာ တင်ခဲ့ပေမဲ့ ဟစ်တလာက ပယ်ချခဲ့ပါတယ်။ ရုပ်ရှင်ထဲတော့ စစ်ရေးကို ထည့်မပြောသွားပေမဲ့လည်း ၁၉၄၃နှစ်စပိုင်းမှာ ‌အရှေ့ပိုင်းစစ်မျက်နှာမှာ စတာလင်ဂရက်တိုက်ပွဲမှာ ဂျာမန်တွေရှုံးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့တဲ့ တိုက်ပွဲလို့လည်းဆိုကြတယ်။ ဒီတိုက်ပွဲမှာ ဆိုဗီယက်နိုင်ပြီးဂျာမန်‌တွေအားလျော့သွားပြီးနောက်မှ မဟာမိတ်တွေက ဆက်တိုက်ခဲ့တယ်လည်း ဆိုကြတယ်။ ဒါက ထည့်စဉ်းစားရမယ့်အချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သမိုင်းက ဘယ်တော့မှ တစ်လမ်းတည်းမသွားခဲ့သလိုပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size… (5.5 GB) / (3.7 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Biography, Drama, History Duration….02:05:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

Horror • Fantasy • Drama
7 2024 124 mins
From Hilde with Love In Liebe, Eure Hilde
Endless Journey of Love
6.6

” ဇာတ်ကားတိုင်းက အစရှိသလို အဆုံးသတ်ရှိတယ်…တွေ့ဆုံမှုတိုင်းရဲ့ အဆုံးသတ်က ခွဲခွာခြင်းတဲ့…ဒါပေမယ့် ရုပ်ရှင်လေး ဇာတ်သိမ်းသွားမှာကို မကြောက်မိဘူး…ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်ကို အတူကြည့်နေတဲ့သူက မင်းဖြစ်နေလို့ပဲ…” ဒီကားလေးကိုလေ ဘယ်လိုညွှန်းရမယ်ကိုမသိဘူး… ဇာတ်လမ်းအစက ဇာတ်သိမ်းဖြစ်သလို ဇာတ်သိမ်းက ဇာတ်လမ်းအစလို့ပဲပြောပါရစေ…. အချိန်ခရီးသွားကို အခြေခံတဲ့ ဇာတ်လမ်းတွေအားလုံးထဲမှာ တော်တော်ငိုရတဲ့ ကားလေးလို့ပြောရမယ်…. ဒီကားလေးမှာ တံငှာရွာလေးထဲ ဘဝကို အေးဆေးဖြတ်သန်းရတာကို ဝမ်းနည်းပူဆွေးနေတဲ့ ချန်ရှောင်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…. ဒါကြောင့်လည်း သူက သူ့ကို ကယ်တင်ထားတဲ့ အဖိုးကြီးမသိအောင် ခိုးထွက်ဖို့ပဲ ကြိုးစားနေတာပေါ့… ဒီလိုနဲ့တစ်နေ့မှာ ခိုးထွက်လို့အောင်မြင်ပြီး သင်္ဘောတစ်ခုနဲ့ ခိုးလိုက်ပြီးချိန်မှာတော့… သူလည်း သွားချင်တဲ့ တတုံးဟွေ့ (မြို့ကြီး)ကိုရောက်လာပြီးတော့ ထူးထူးခြားခြား ဝရမ်းပြေးလေး ရှီချီနဲ့ဆုံတာပေါ့… တစ်ချိန်တည်းမှာပဲ ထူးထူးခြားခြား ခရုခွံပုံနဲ့ ရွှေပြားလေးကိုလည်း ရလိုက်သေးတယ်… အဲ့ခရုခွံလေးက အချိန်တွေကို ရပ်ပေးနိုင်သလို သာမန်ထက်မြန်တဲ့ မြန်နှုန်းနဲ့လည်း သွားလာနိုင်တယ်တဲ့…ကဲကဲကဲ… ဒီခရုခွံလေးနဲ့ ချန်ရှောင်းတစ်ယောက် ဘာတွေလုပ်မှာလဲ…ရှီချီး ဝရမ်းပြေးဖြစ်တာကရော ဒီခရုခွံလေးနဲ့ဘယ်လိုပတ်သက်နေတာလဲ… နောက်တော့ သူတို့ ၂ ယောက်ရော ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ကြပါတော့ကွယ်…

Romance
6.6 2025
Endless Journey of Love