YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Detective.Knight.Redemption.2022.720p.AMZN.WEB-DL[CM].mp4

496.97 MB N/A video/mp4 1687 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) In the Realm of Sex
2.5

သူငယ်ချင်းနှစ်‌ယောက် တိုကျိုကိုသွားရင်းလမ်းမှာ ကိုယ့်ကိုကိုယ်‌သတ်သေဖို့လုပ်တဲ့မိန်းကလေးတစ်ယောက်ကို ဝင်ရောက်ကယ်ဆယ်ခဲ့ပုံနဲ့ဇာတ်လမ်း‌ေလးကစတယ် အဲဒီ့ကောင်မလေးကို နောက်ထပ်မသတ်သေအောင်ဘယ်လိုတွေတားမလဲ သူငယ်ချင်းနှစ်ယောက်ကြားမှာကော ရှေ့ဆက်ပြီးအဆင်ပြေနိုင်ပါ့မလား ကောင်မလေးဟာကောနောက်ဆုံးဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦး File Size__(300MB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:00:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Action • Adventure • Comedy • Science Fiction
2.5 1977 86 mins
(18+) In the Realm of Sex
Teen Wolf: The Movie
7.7

ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။ အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ သမန်းဝံပုလွေဖြစ်ပြီး စီးရီးအဆုံးမှာတော့ အီလိုင်ဆိုတဲ့ သားတစ်ယောက်နဲ့ အတူနေထိုင်နေပါပြီ။ ဒဲရက်ရဲ့ ညီမကတော့ မာလီရာတိတ် ဖြစ်ပြီး သမန်းမြေခွေးပါပဲ။ နောက်ပြီး ပဲရစ်ရှ်ဆိုတဲ့ ရဲတပ်သားကတော့ ငရဲခွေးဖြစ်ပါတယ်။လစ်ဒီယာရဲ့ သူငယ်ချင်း ဂျက်ဆန်ဝစ်မောကလည်း ကာနီမာဆိုတဲ့ မှော်သတ္တဝါအဖြစ် ပါဝင်ထားပါတယ်။ စကော့မက်ကောကနေ သမန်းဝံပုလွေအဖြစ်ပြောင်းပေးထားတဲ့ လီယမ်လည်း ပါလာပါတယ်။ ဒီရုပ်ရှင်အစမှာတော့ Teen Wolf တွေဟာ Adult Wolf တွေဖြစ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် အခြားမှာ အခြေကျနေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးကို လက်စားချေချင်နေတဲ့ ရန်သူဟောင်းတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ ဂျပန်နတ်ဘုရားမိစ္ဆာနိုဂစ်ဆူနဲကို လွှတ်ပေးလိုက်ပြီး တိုက်ခိုက်ခိုင်းလာပါတော့တယ်။ သူတို့တစ်ယောက်ချင်းစီအနေနဲ့ ရန်သူကို မယှဉ်နိုင်တော့မို့ ဘီကွန်ဟေးလ်ရဲ့ မှော်သတ္တဝါတွေနဲ့ မုဆိုးတွေပူးပေါင်းပြီး ပြန်ရင်ဆိုင်ကြရတဲ့အခါ... File size…(3.22GB)  / (1.33B) / 857MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Action / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Drama • History
7.7 2023 140 mins
Teen Wolf: The Movie
The Sisters Brothers
6.8

ဒီတစ်ခါတော့ The Sisters Brothers ဆိုတဲ့ အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချာလီနဲ့ အီလိုင်လို့ခေါ်တဲ့ ညီအကိုနှစ်ယောက်ဟာ အော်ရီဂွန်မြို့က တပ်မှူးအားကိုးရတဲ့ တိုက်ခိုက်ရေးသမားတွေပဲ ဖြစ်ပါတယ်။ ခိုင်းစေသမျှတာဝန်မှန်သမျှကို ဘယ်တော့မှ လွဲလျော်လေ့မရှိပဲ အောင်မြင်ခဲ့တာကြောင့် Sisters Brothers ဆိုပြီး နာမည်ကျော်ကြားသူတွေလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့တပ်မှူးက ရွှေတူးတာကို ဖော်မြူလာတစ်ခုတီထွင်နိုင်ခဲ့တဲ့ လူတစ်ယောက်ကို လိုက်ရှာခိုင်းတဲ့အခါမှာတော့ တိုက်တိုင်းအောင် ညီအကိုတွေရဲ့ ဒီတစ်ခေါက် စစ်ဆင်ရေးက ဘယ်လိုတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကောင်းဘွိုင်ခေတ် အငွေ့အသက်တွေနဲ့ အက်ရှင်ကားကောင်းတစ်ကောင်းကို တင်ဆက်ပေးလိုက်တာမို့လို့ အားပေးကြပါဦးဗျာ File Size : (965 MB) and (260MB) Quality : Web DL 720p Running Time :2hr 01 min Format : Mp4 Genre : Adventure  , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tar Tee Poe Encoded by Moe Myint Lwin

Comedy • Drama • Sci-Fi & Fantasy
6.8 2018 121 mins
The Sisters Brothers
Scoop
6.6

Scoop (2006) မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။ သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား … မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး … ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။ မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက… တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ဆိုတာကရော တကယ်ပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်ပါ့မလား? ဆိုတာ ဇာတ်လမ်းထဲစီးမျှောခံစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 2.1GB, 886MB, 486MB Quality :1080p Blu-ray, 720p Blu-ray, 480p Format : mp4 Duration : 1hr 36mins Genre : Crime, Comedy, Fantasy Translated by Themes Encoded by Kinnov

6.6 2006
Scoop
Bad Things

Bad Things (2023) တကယ်တမ်း ကျွန်တော့်အမြင်မှာ ဒီကားက Psychological Thriller ပိုဆန်နေတဲ့အပြင် ဇာတ်လမ်းကလည်း အပြနှေးပါတယ်။ ဒါကြောင့်ပဲ Jump scare တွေ၊ တစ်ချိန်လုံး ခြောက်လှန့်နေမှ ကြိုက်တဲ့သူမျိုးအတွက်ဆိုရင် နည်းနည်းပျင်းဖို့ကောင်းတယ်လို့ ခံစားမိပါလိမ့်မယ်။ ဆောင်းတွင်းကြီး ဟိုတယ်တစ်ခုမှာ ဖြစ်တာကို ဇာတ်လမ်းတည်ထားတာမို့ တစ်ချက်တစ်ချက် The Shining ရုပ်ရှင်က vibe လည်း ရနေပါတယ် နည်းနည်း မှီငြမ်းထားတယ် ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းတွင်းတစ်ခုမှာ ရူသီဟာ အဘွားဖြစ်သူဆီကနေ အမွေရတဲ့ စွန့်ပစ်ဟိုတယ် အဟောင်းကြီးကို ရောင်းဖို့အတွက် ရည်းစားဖြစ်သူ ကယ်လ် ၊ သူငယ်ချင်းဖြစ်သူ မက်ဒီရယ်၊ အကြုံလိုက်လာတဲ့ ဖရန်တို့နဲ့အတူ မြို့လေးဆီကို လာခဲ့ပါတယ်။ ဟိုတယ်မှာကလည်း ဘယ်သူမှမရှိတာမို့ ရူသီတို့တွေ လွတ်လွတ်လပ်လပ်နေကြရင်း၊ ဟိုတယ်တွေက သရဲဇာတ်လမ်းတွေကို ပြောပြကြရင်း အေးဆေး အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ဖရန် တစ်ယောက် တကယ်မရှိတာတွေကို ဟိုဟိုဒီဒီ မြင်လာပြီးတော့ ဘယ်လိုတွေ ခြောက်လှန့်ခံရမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2023 83 mins
Bad Things
A Job to Die For

ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖို thriller အမျိုးအစားဖြစ်ပါတယ် ဆေဒီဆိုတဲ့ကောင်မလေးဟာ ကျောင်းသားချေးငွေပြန်ဆပ်ဖို့အတွက်အလုပ်ရှာနေတာပါ ဒါပေမယ့်လူငယ်တွေကြုံရတဲ့ပြဿနာအတိုင်း ကျောင်းပြီးစအတွေ့အကြုံမရှိတော့ဘယ်သူကမှမခန့်ချင် ဘယ်သူမှမခန့်တော့ အတွေ့အကြုံကမရှိနဲ့ သံသရာလည်နေရော ဒီလိုနဲ့တစ်နေ့မှာသူသဘောကျရတဲ့ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ရဲ့ကုမ္ပဏီမှာ လစာအပြင် တခြားအကျိုးခံစားခွင့်မျိုးပါပေးတဲ့လက်ထောက် အလုပ်ရခဲ့ပါတယ် ဒါပေမယ့်ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးမရှိပါဘူး ဒီကုမ္ပဏီရဲ့သူဌေးမနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေတာကို ဆေဒီတစ်ဖြည်းဖြည်းနဲ့သိလာရပါတယ် သူဌေးမကဘာလို့လက်ထောက်တွေခဏခဏပြောင်းနေတာလဲ သူ့အရင်လက်ထောက်တွေကရောဘာလို့ပျောက်သွားတာလဲ သူ့ကိုအလုပ်ထွက်ဖို့ခြိမ်း​ခြောက်စာတွေကရော ဘယ်သူပို့နေတာလဲ ဘာလို့ပို့နေတာလဲ… File size…(1.4 GB)/(707 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Comedy • Drama • Romance
0 2022 86 mins
A Job to Die For
MyCorona (A Wall Away)
5.1

ဒီကားကတော့ ကိုဗစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ Romance ကားလေးပဲဖြစ်ပါတယ်။ ကိုဗစ်ကာလဇာတ်ကားဆိုပေမဲ့ တခြားကားတွေလို အနိဌာရုံတွေ၊ စိတ်မချမ်းမြေ့စရာတွေ မပါဝင်ဘဲ ပုံမှန် Romance ကားတစ်ကားလိုပဲ စိတ်အေးလက်အေး ကြည့်ရှုနိုင်မှာပါ။ ကိုဗစ်ကြောင့် အယ်လ်အေက တိုက်ခန်းတစ်ခုအတွင်းမှာ မနေချင်ချင်၊ နေချင်ချင် အတူရှိနေကြရတော့တဲ့ အိမ်နီးချင်းတွေ၊ တစ်အိမ်တည်းနေ မိသားစုတွေနဲ့ ချစ်သူတွေက ပုံမှန်ကာလမှာ မမြင်နိုင်၊ မသိနိုင်တဲ့ အမှန်တရားတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခြင်းရှိမရှိနဲ့ ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ပြီး အဆုံးထိ နားလည်မှုရှိရှိ အတူရှိနေနိုင်သွားကြမလား ဆိုတာကို ကြည့်ရှုခံစားကြရမှာပါ။ အလုံပိတ်အခန်းတွင်း အချိန်ပေါင်းများစွာ နေလာရတဲ့အခါ အရင်ကမတွေးဖူးတာတွေ၊ မသိမမြင်ခဲ့တာတွေကို ကိုယ်ကိုယ်တိုင်အကြောင်းကအစ ကိုယ့်ဘေးကလူရဲ့ အကျင့်စရိုက်အသေးလေးတွေကအထိ မြင်လာကြတာမို့ အသွားအလာတွေ ပိတ်လိုက်တဲ့အခါ နှလုံးသားတံခါးတွေ ပွင့်လာနိုင်၊ မလာနိုင်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(995 Mb)/(471 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.1 2022 89 mins
MyCorona (A Wall Away)
The Wedding Contract
6.2

ဒီဇာတ်ကားက​တော့ သမီးရည်းစားနှစ်​ယောက်မြင်မြင်ချင်း ချစ်ကြိုက်ကြပြီး လက်ထပ်ဖို့စီစဥ်ကြတဲ့ အခါမှာ​သူတို့နှစ်ဦးတွေ့ကြုံရတဲ့ အခက်အခဲ​တွေကိုရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်း​လေးဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင် အလုပ်ကိစ္စ၊ မိဘ​တွေမမြင်မတူတာ နဲ့ တစ်ဦးနဲ့ တစ်ဦး ​သ​ဘောထားချင်းမကိုက်ညီတာ​တွေကို ဘယ်လို​​ကျော်ဖြတ်ကြမလဲဆိုတာကြည့်ရမဲ့အပြင် ဂျူးလူမျိုး​တွေရဲ့ မင်္ဂလာပွဲရိုးရာအ​ကြောင်းကိုပါ​လေ့လာရမဲ့ ဇာတ်ကား​လေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်နှစ်ဦးက ဖြစ်​ပေါ်လာတဲ့အခက်အခဲ​တွေ့ကို ဘယ်လို​ကျော်ဖြတ်မလဲဆိုတာက​တော့ ဇာတ်လမ်းလဲမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…(1.3 GB)/(790 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack

6.2 2023
The Wedding Contract
Line Walker 2 : Invisible Spy
6.3

Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီး မြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာ US $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကို ဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာ စပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်… လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကို ဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီး ရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာ စပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ…. လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့ အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ… ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ.. အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား… ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ ကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ်

6.3 2019
Line Walker 2 : Invisible Spy
Sector 36
7.4

Sector 36 (2024) “နယ်မြေ ၃၆” IMDb – 7.5/10 12တန်းလည်းတစ်ဘုန်းဘုန်းကျ၊ လက်တစ်ဖက်ပါအဆုံးရှုံးခံပြီး ချစ်တတ်သူကြီးရဲ့ ဇာတ်ကားအသစ်ကို Netflixကနေ ထုတ်လွှင့်လိုက်တာမို့ ဗီခရန့်အချစ်တော်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 2006ခုနှစ်က နီသာရီလူသတ်မှုများလို့ နာမည်ကြီးခဲ့တဲ့ အတွဲလိုက်လူသတ်မှုကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းရုပ်ရှင်။ ရှာဟ်ဒါရာမှာ ကလေးတွေတစ်ယောက်ပြီးတစ်ယောက် ပျောက်ပျောက်နေတဲ့အတွက် မိဘဖြစ်သူတွေရတက်မအေးဖြစ်နေရ။ ပန်ဒေးဆိုတာ အကျင့်ပျက်ခြစားတဲ့ ရဲအရာရှိတစ်ဦး။ အကျင့်တူစခန်းမှူးဖြစ်သူရဲ့ဖိနှိပ်မှုတွေကြောင့် ပန်ဒေးတစ်ယောက် အလုပ်လုပ်ရတာမလွယ်ကူခဲ့။ သူ့ကလေးဖြစ်သူပါ ပျောက်ဆုံးရချိန်မှာတော့ ပန်ဒေးတစ်ယောက် အပူမီးပွားရပါတော့တယ်။ ဒီမှာပဲ တရားခံနောက်ကိုလိုက်ရင်း မထင်မှတ်ထားတာတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Sector 36
[18+] Paluwagan
6.8

မြို့နဲ့အလှမ်းကွာတဲ့ဒေသတစ်ခုရဲ့တောင်တန်းတွေပေါ်မှာ ရွာတစ်ရွာရှိပြီး အဲ့ဒီရွာကအမျိုးသားတွေ အများစုဟာ အနီးအပါးကမြို့နယ်တစ်ခုမှာအကောင်အထည်ဖော်နေတဲ့မြို့တော်ဝန်ရဲ့ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်သွားလုပ်နေကြပြီး တစ်ပတ်ကိုတစ်ခါသာ သူတို့ဇနီးမယားတွေဆီပြန်လာလေ့ရှိပါတယ်။အမျိုးသမီးတွေချည်း ကျန်ခဲ့တဲ့ သူတို့ရွာကိုတော့ မာရီတပ်စ်ဆိုတဲ့ ရေမျောကမ်းတင်အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူတို့ကို ပါလူဝါဂန် ဆိုတဲ့ ဓလေ့တစ်ခုနဲ့မိတ်ဆက်လာပါတယ်။အဲ့ဒီဓလေ့အရ အမျိုးသမီးတွေဟာ တစ်ဦးကိုတစ်ရာစီအပတ်စဉ်ငွေထည့်ဝင်ရပြီး အလှည့်ကျမဲပေါက်တဲ့သူ ငွေတစ်ထောင်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယောက်ျားသားတွေနဲ့ကင်းကွာနေတဲ့ အမျိုးသမီးတွေရဲ့အဓိက လိုအပ်ချက်ကိုသိသွားတဲ့ မာရီတပ်စ်ဟာ ဆုကြေးအဖြစ် ဟက်တာ ဆိုတဲ့ ထန်မြန်သန်မာတဲ့ ကောင်လေးတစ်ယောက်ကိုမိတ်ဆက်ခေါ်ယူလာတဲ့အချိန်မှာတော့..။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:04:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama • Comedy • Action
6.8 2024 64 mins
[18+] Paluwagan
Deep Cover
6.7

IMDb 6.7 / Rotten Tomatoes 93% Deep Cover ကတော့ comedy/ crime ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် Pirates of the Caribbean, The Lord of the Rings စီးရီး စတဲ့ နာမည်ကြီးမင်းသား အော်လန်ဒိုဘလွန်း Ted Lasso ထဲက Nick Mohammed / Bryce Dallas Howard တို့အပြင် Game of Thrones ထဲက Sean Bean တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေက အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်… ဒီဇာတ်ကားမှာ ဒီသုံယောက် ဘယ်လိုအလွဲမျိုးတွေနဲ့ခွီရမလဲဆိုတာကို အက်ရှင်စုံထောက်ဟာသဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်း ++++++++++ ကတ် လို့ခေါ်တဲ့ သရုပ်ဆောင်နည်းပြတစ်ယောက်ဟာ ရဲအရာရှိတစ်ဦးရဲ့ကမ်းလှမ်းချက်နဲ့ ဘိန်းမှောင်ခိုလောကထဲကို ဟန်ဆောင်ဇာတ်ရုပ်ဖြင့်ဝင်ရောက်စစ်ဆေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမနဲ့အတူ အဖော်သရုပ်ဆောင်နှစ်ယောက်ကိုအတူခေါ်ဆောင်လာပြီးနောက် သူတို့သုံးယောက်ရဲ့ ကို့ရို့ကားယားလူမိုက်ဟန်ဆောင်ပုံတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File Size… (6.34 GB) /(1.68 GB) / ( 733 MB) Quality… WEB-DL 4K HEVC /1080p HEVC /720p Format…mkv / mp4 Duration….1h 39m Genre …..Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Senju

6.7 2025 99 mins
Deep Cover